Skip to main content

Posts

Showing posts from November 4, 2014

ဧရာဝတီအောက်ပိုင်းဒေသ မိုးများပြီး စပါးနှံပျက်စီး၊ လယ်ရေလွှမ်း

ဧရာဝတီတိုင်း အောက်ပိုင်း ဒေသတွေ ဖြစ်တဲ့ ဖျာပုံ၊ ဒေးဒရဲ၊ ကျိုက်လတ် စတဲ့ဒေသတွေမှာ အခုရက်ပိုင်း ချိန်ခါမဟုတ်ရွာတဲ့ မိုးကြောင့် စပါးနှံတွေ ပျက်စီးကုန်ပြီး လယ်တွေ ရေလွှမ်းနေ တယ်လို့ ဒေသခံ လယ်သမား ဦးသိန်းအောင်က ပြောပါတယ်။ လယ်သမားတွေ မိုးစပါး ရိတ်သိမ်း နေချိန်မှာ အခုလို မိုးရွာချ လိုက်တာကြောင့် ပျက်စီးကုန်တာလို့ သူက ပြောပါတယ်။ “စပါးပင်ပျက်တာ မဟုတ်ဘူး။ အနှံပျက်တာ။ ဦးလေးတို့ လယ်သမားတွေလောကမှာ မျိုးစေ့ အပျက်အစီးနဲ့ ပထမကြုံရတယ်။ ဒီနှစ်ဆို မျိုးစေ့ကြဲတဲ့အချိန်မှာ ကြွက်အလွန်ပေါလို့ ကြွက်ဒဏ် ခံရတယ်။ မအောင်မြင် အောင်မြင်အောင်လုပ်တယ်။ အပင်ဖြစ်လာတယ်။ စပါးပင်ဖြစ်လာတဲ့ အခါ မြေနိမ့်ပိုင်းတွေမှာ မိုးများတဲ့အခါ အပင် တလသား နှစ်လသား ရေမြုပ်တဲ့ဘေး ကြုံရတယ်။ စပါးလုံးလာတဲ့အခါ ဖုံးလာတဲ့အခါ ကြွက်ကိုက်တဲ့ဘေး ကြုံရပြန်တယ်။ ကြွက်ကိုက်တဲ့ဘေးက လွတ်တဲ့ကျန်တဲ့ စပါးက အခု အနှံမှည့်ပြီ။ ဒါ ရိတ်ပြီးရင် ပါးစပ်ထဲရောက်ပြီ ဆိုပါတော့။ ဒီလိုအချိန်မှာ မိုးရွာတော့ အခု ကောက်လှိုင်းတွေမှာ အစို့ပေါက်သွားပြီ။ ရေမြုပ်သွားပြီဆိုတော့ ဒီစပါး ပျက်ပြီပေါ့ဗျာ။” မိုးအဆက်မပြတ် ရွာနေတာ ၄-၅ ရက်လောက် ရှိသွားပြီဖြစ်ပြီး ဧရာဝတီအောက်ပိုင်း ဒေသတွေမှာ မ

အိန္ဒိယတွင် မျောက်နှစ်ကောင် အခမ်းအနားဖြင့် မင်္ဂလာဆောင်

အိန္ဒိယ နိုင်ငံ မြောက်ဘက်ပိုင်းတွင် မျောက်နှစ်ကောင်အား ပိုင်ရှင်ဖြစ်သူက လက်ထပ် မင်္ဂလာပွဲ ကျင်းပပေးရာ လူပေါင်း ၂၀၀ ကျော် တက်ရောက်ခဲ့သည်ဟု BBC online တွင် ဖေါ်ပြသည်။ လက်ထပ်ပွဲကို စီစဉ်ပေးသူမှ မျောက်သတိုးသားမှာ “ သူရဲ့ မွေးစားသားလိုပါဘဲ” ဟု ပြောကြားသည်။ ယင်းမျောက်နှစ်ကောင် လက်ထပ်ပွဲအား လွန်ခဲ့သော တနင်္လာနေ့ ညနေပိုင်းက အိန္ဒိယနိုင်ငံ Bettiah ခရိုင်၊ ဘီဟာခရိုင် တွင် ကျင်းပပေးခဲ့ပြီး မျောက်သတိုးသမီးအား လိမ္မော်ရောင် အကျီင်္ပွရှည်အား ၀တ်ဆင်ပေးပြီး မျောက်သတိုးသားမှာ အ၀ါရောင် တီရှပ်ကို ၀တ်ဆင်ထားသည်ဟု ဆိုသည်။ အိန္ဒိယနိုင်ငံတွင် ဒဏ္ဍာရီအရ မျောက်ကို မြတ်နိုးကြည်ညိုသော ကိုးကွယ်သော အလေ့အထ ရှိကြောင်းသိရသည်။ မျောက်သတိုးသားမှာ အသက် ၁၃ နှစ်ရှိပြီး အမည်မှာ ရာမူး (Ramu) ဟုခေါ်ပြီး ပိုင်ရှင် ဖြစ်သူက လွန်ခဲ့သော ၇ နှစ်က နီပေါနိုင်ငံက ယူဆောင်လာခဲ့ကြောင်း၊ မျောက်သတိုးသမီးအမည်မှာ ရမ်ဒူလာရီ ( Ramdulari) ဖြစ်ပြီး သူ့ကို ကျေးရွာတစ်ခုရဲ့ ပွဲတစ်ခုမှ ယူဆောင်လာခဲ့ကြောင်း ပိုင်ရှင် ဖြစ်သူက ပြောကြားသည်။ အစပိုင်းတွင် ယင်းမျောက်နှစ်ကောင်မှာ သိပ်အနီးကပ် မနေကြကြောင်း၊ နောက်ပိုင်းတွင် တစ်ကောင်နှင့် တစ်ကောင် ကြိုက်နှစ်သက်ပြီး ချစ်ကျွမ်းဝ

ယူကရိန်း အရှေ့နဲ့တောင်ကို အစိုးတပ်တွေ လွှတ်မယ်

ယူကရိန်းနိုင်ငံ အရှေ့ပိုင်းနဲ့ တောင်ပိုင်းကို ရုရှား လိုလားတဲ့ ခွဲထွက်ရေး သူပုန်တွေက ထိုးစစ်ဆင် တိုက်ခိုက် လာဘွယ် ရှိတာမို့ တန်ပြန် ကာကွယ်တဲ့ အနေနဲ့ စစ်တပ်ဖွဲ့ဝင်တွေ စေလွှတ်ဖို့ အမိန့်ပေးထားကြောင်း ယူကရိန်း သမ္မတ ပက်ထရို ပိုရို ရှန်ကို က ထုတ်ဖော် ပြောကြားလိုက်ပါတယ်။ လွတ်လပ်တဲ့ နယ်မြေတွေအဖြစ် ကိုယ့်သဘောနဲ့ ကိုယ် ကြေညာထားတဲ့ ဒိုညက်စ်ခ်နဲ့ လူဟဲန်စ်ခ် မြို့တွေမှာ ခွဲထွက်ရေး သူပုန်တွေက ပြီးခဲ့တဲ့ တနဂင်္နွေနေ့က ရွေးကောက်ပွဲတွေ ကျင်းပခဲ့အပြီးမှာ သမ္မတ ပက်ထရို ပိုရို ရှဲန်ကိုက အခုလို တပ်ဖွဲ့ဝင်တွေ စေလွှတ်ဖို့ ညွှန်ကြားလိုက်တာပါ။ ယူကရိန်း အစိုးရနဲ့ အနောက်အုပ်စု နိုင်ငံတွေက ဒီ ရွေးကောက်ပွဲတွေဟာ တရား မဝင်ဘူး ဆိုပြီး ကန့်ကွက် ရှုတ်ချ ထားပေမယ့် ရုရှား အစိုးရကတော့ ထောက်ခံ ခဲ့ပါတယ်။ အဲဒီ နေရာ နှစ်ခုအတွက် အထူး အခွင့်အရေး ပေးထားတဲ့ ဥပဒေကို ပါလီမန်အနေနဲ့ ပြန်ရုတ်သိမ်းပေးဖို့ သမ္မတ ပိုရို ရှန်ကိုက လိုလားနေပါတယ်။ ဘီဘီစီ (မြန်မာပိုင်း) http://ift.tt/1utfD5c သူပုန်တွေ ထိုးစစ်ဆင်လာမှာကို ကာကွယ်တဲ့ အနေနဲ့ တပ်တွေ စေလွှတ်တာလို့ ယူကရိန်း သမ္မတ ပြော from သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin http://ift.tt/1utfD

ကချင်ရွာသား ၂ ဦးကို စွပ်စွဲထောင်ချမှု အစိုးရတပ် ပြန်လည်ရှင်းလင်း

ကချင်ပြည်နယ် ၀ိုင်းမော် မြို့နယ်က ရွာသား ၂ ဦးကို အစိုးရတပ်က ဖမ်းဆီးနှိပ်စက် ထောင်ချမှုနဲ့ ပတ်သက်ပြီး ကာယကံရှင် မိသားစုနဲ့ ရှေ့နေတွေက မြစ်ကြီးနားမြို့မှာ နိုဝင်ဘာလ ၄ ရက်နေ့က လူထု ရှင်းလင်းပွဲ ကျင်းပ ခဲ့ပါတယ်။ လူထုရှင်းလင်းပွဲကို ကချင်ရှေ့နေအဖွဲ့က ကမကထပြု ကျင်းပခဲ့တာဖြစ်ပြီး ဒီလိုဖြစ်ရပ်တွေ အပေါ်မှာ အများပြည်သူ သိရှိနားလည်ဖို့၊ နောက်ထပ် ဒီဖြစ်ရပ်မျိုးတွေ မဖြစ်စေဖို့၊ အပြစ် မရှိသူတွေ အချောင်ပြစ်ဒဏ်ပေးခံရတာတွေ ကာကွယ်ဖို့၊ သူတို့တွေအတွက် ဆုတောင်းပေးခြင်း စတဲ့ ရည်ရွယ်ချက်တွေနဲ့ ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။ အွမ်ပေါင်ရွာသား ဦးလဖိုင်ဂမ် ၅၄ နှစ်နဲ့ ဦးဘရန်ရုန်း ၂၆ နှစ်တို့ ၂ ဦးဟာ လွန်ခဲ့တဲ့ ၂၀၁၂ ခုနှစ်က တာလော့ကြီးရွာဘက်မှာ အလုပ်သွားလုပ်နေတုန်း အစိုးရတပ် ခလရ ၃၇ က ဖမ်းဆီး နှိပ်စက် ညှဉ်းပန်းခဲ့တယ်လို့ မြစ်ကြီးနား ရွှေစက်ရပ်ကွက် နှစ်ချင်း ခရစ်ယာန်ဘုရားရှိခိုးကျောင်း က သင်းအုပ်ဆရာ ဦးပေါင်မ်ခွန်နော်က ဒီဗွီဘီကို ပြောပါတယ်။ “သူတို့ ၂ ယောက်က ကျနော်တို့ အသင်းတော်ကို ရောက်လာတဲ့ စစ်ပြေးဒုက္ခသည် ရွာသားတွေ ထဲကပါ။ စစ်သား မဟုတ်ပါဘူး။ တာလော့ကြီးဘက်မှာ နွားကုန်သည်တွေကို နွားမောင်းပေးရင်း စစ်တပ်က ကေအိုင်အေ လို့ ပြော

မေတ္တာမြို့နယ်တွင် အမျိုးသမီးငယ် ၂ ဦး အဓမ္မပြုကျင့်ခံရ

တနင်္သာရီတိုင်း ရေဖြူမြို့၊ မေတ္တာမြို့နယ်နေ အမျိုးသမီးငယ် ၂ ဦးကို စစ်မှုထမ်းဟောင်းတဦးနဲ့ အရပ်သား တဦးက အဓမ္မပြုကျင့် ခဲ့တယ်လို့ ကရင်ဘာသာနဲ့ ရေးသားတဲ့ ကွယ်ကလူ သတင်းမှာ ဖော်ပြထားပါတယ်။ အဓမ္မပြုကျင့်ခံရသူ အမျိုးသမီးငယ် ၂ ဦးဟာ အသက် ၁၂ နဲ့ ၁၃ နှစ်သာရှိပြီး အောက်တို ဘာလ ၃၁ ရက်နေ့က သူတို့ဟာ မေတ္တာမြို့နယ် ရွှေ့ပြောင်း အိုင်ဒီပီစခန်းကနေ သူတိုရဲ့မူလနေ ထိုင်ခဲ့တဲ့ ကလယ်ကီရွာကို အပြန်မှာ အဓမ္မပြုကျင့်ခံခဲ့ရတာလို့ ဆိုပါတယ်။ လက်ရှိမှာ ကျူးလွန်သူကို မေတ္တာမြို့နယ်ခွဲ ရဲတပ်ဖွဲ့က ဖမ်းဆီးထားတယ်လို့လည်း ကွယ်ကလူ သတင်းမှာ ဖော်ပြထားပါတယ်။ By ဒီဗွီဘီ http://ift.tt/1x2ymVB from သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin http://ift.tt/10tlf1w

မြန်မာ့ တောဆင်ရိုင်း မျိုးတုန်းမဲ့ အခြေအနေ

နေပြည်တော်မှာ ကျင်းပ ခဲ့တဲ့ တောဆင် ထိန်းသိမ်းရေးနဲ့ ဆိုင်တဲ့ ဆွေးနွေးပွဲမှာ၊ မြန်မာနိုင်ငံမှာ ကျက်စားနေတဲ့ ဆင်ရိုင်းတွေ၊ မျိုးတုန်းဖို့ အခြေအနေ ကြုံနေရတယ် ဆိုပြီး သစ်တောဌာနက ပြောခဲ့ပါတယ်။ မြန်မာ့ တောတောင်တွေ ထဲမှာ၊ ဆင်ရိုင်းတွေ အန္တရာယ်တွေနဲ့ ကြုံနေရပုံ တွေ ဆွေးနွေးကြပါတယ်။ အစိုးရရဲ့ သဘာဝ ပတ်ဝန်းကျင်နဲ့ သားငှက် တိရိစ္ဆာန် ထိန်းသိမ်းရေး ဌာန က ညွှန်ကြားရေးမှုး ဦးဝင်းနိုင်သော် က တောဆင်ရိုင်းတွေ သတ်ဖြတ်ခံ ရမှု အကြောင်းရင်း ထဲမှာ ဆင်စွယ် လိုချင်ကြ ရာက၊ ဈေးကွက် လိုအပ်ချက် အရ သတ်ဖြတ်မှု များလာ တဲ့ အကြောင်းရှင်းပြ ပါတယ်။ တောဆင်ရိုင်းတွေ ဟာ သစ်တော ကြိုးဝိုင်းတွေ ရှိရာ ဧရာဝတီ တိုင်း၊ ပဲခူးရိုးမ၊ စစ်ကိုင်းတိုင်း နဲ့ ကချင် ပြည်နယ် မှာ အများဆုံးရှိပုံ၊ အခုနှစ်ပိုင်း တွေ အတွင်းမှာ ဆင်တွေ အသတ်ခံရမှု ပိုပြီး တိုးပွားလာတဲ့ အကြောင်း လည်း ရှင်းပြပါတယ်။ ဒါ့အပြင် တောဆင်ရိုင်းတွေ မျိုးတုန်း စေတဲ့ အချက်တွေ ထဲမှာ စားကျက်မြေ ရှားပါးမှု လည်း ပါဝင် ပါတယ်။ စိုက်ခင်းတွေ တိုးလာမှု၊ ရေကာတာ စီမံကိန်း၊ လမ်းသစ် တွေ ဖေါက်ရာမှာ ဆင်တွေ ရဲ့ စားကျက်မြေ ပျောက်ဆုံးရပါတယ်။ အစိုးရရဲ့ သဘာဝ ပတ်ဝန်းကျင်နဲ့ သားငှက် တိရိစ္ဆာန် ထိန်းသိမ်းရေး

ဓားကိုင် လူလေးဦးက ငွေများနှင့် ဟန်းဆက်များကို လုယူထွက်ပြေး

ရန်ကုန် နိုဝင်ဘာ ၄ ရန်ကုန်မြောက်ပိုင်းခရိုင် အင်းစိန် မြို့နယ်ရှိ စားသောက်ဆိုင် တစ်ဆိုင်ကို မိုးရွာနေစဉ် နိုဝင်ဘာ ၃ ရက် နံနက် ၂ နာရီ ၁၅ မိနစ်က ဆိုင်တွင်းဗီရို အံဆွဲထဲရှိငွေကျပ် ၃၂ သိန်းကို လုယူထွက်ပြေးခဲ့သဖြင့် အင်းစိန်မြို့မ ရဲစခန်းက အမှုဖွင့် အရေးယူ ထားသည်။ ဖြစ်စဉ်မှာ အင်းစိန်မြို့နယ် စဥ့်ငူရပ်ကွက် ပုလဲလမ်းရှိ ရော်ဘာပစ္စည်း စက်ရုံဝင်းရှေ့ရှိ ဆုံဆည်းရာ စားသောက်ဆိုင်အတွင်း၌ အမျိုးသားကြီးသုံးဦး၊ အမျိုးသမီးသုံးဦးနှင့် လူငယ်ငါးဦးတို့ရှိနေစဉ် လူလေးဦးသည် ဓားများကိုင်ဆောင်၍ ဆိုင်ရှင်ဦးကျော်သူမိုးကို မျက်လုံး၊ လက်၊ ပါးစပ်တို့ကို တိပ်အဝါရောင် (အဝတ်)ဖြင့် ပတ်ချည်နှောင်ကာ ဆိုင်အလုပ်သမားများအား ဆိုင်အတွင်း၌ ထိုင်စေပြီး စားပွဲအံဆွဲအတွင်းမှ ငွေကျပ် ၃၂ သိန်းနှင့်ဟန်းဆက်ငါးလုံး တန်ဖိုးစုစုပေါင်းငွေကျပ် ၃၆ သိန်း ၈ သောင်းခန့်ကို ယူဆောင်သွားခဲ့ကြသည်။ အမှုနှင့်ပတ်သက်၍ ပြစ်မှုကျူးလွန်သူများကို အမြန်ဆုံးဖမ်းဆီးနိုင်ရေးအတွက် လိုက်လံစုံစမ်းလျက်ရှိကြောင်း သိရသည်။ မြင့်ဦး-အင်းစိန် Myanmaalinn http://ift.tt/1xK4A5u from သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin http://ift.tt/1piy9Lr

ပြည်သာယာ ရွာတံတား အနီးတွင် လမ်းလျှောက်နေသူ တစ်ဦး ကားကြိတ်မိ၍ သေဆုံး

ကသာ၊ နိုဝင်ဘာ ၄ ကသာခရိုင် ကသာမြို့နယ်၊ပြည် သာယာရွာ တံတား အနီးတွင် နိုဝင် ဘာ ၃ ရက် နံနက် ၈နာရီခန့်ကလမ်း လျှောက်နေသူ ဦးထွန်းရွှေ အသက် ၅၈နှစ်၊ ပြည်သာယာ ရွာနေသူသည် ကားကြိတ်မိ၍ သေဆုံး သွားကြောင်း သိရသည်။ ကသာမြို့ရဲစခန်းမှ ရဲအုပ်သိန်းနိုင် နှင့် အဖွဲ့က သက်သေများနှင့်အတူ စစ်ဆေးခဲ့ရာ ယာဉ်မောင်းအောင်မိုး ဆွေ(ခ)မိုးဆွေ မောင်းနှင်သည့် ၁ဝ ဘီးကားသည် ပြည်သာယာရွာ တံတားအနီးအရောက် လမ်းလျှောက် လာသူ ဦးထွန်းရွှေအား ကားယာဘက် နောက်ဘီးဖြင့် ကြိတ်မိရာ ဦးထွန်းရွှေမှာ ဦးခေါင်းကွဲ ကြေ၊ ဦးနှောက်ပွင့်ထွက်ဒဏ်ရာ၊ယာ ဘက်တံတောင်ဆစ်နှင့်ရင်ဘတ်တို့ တွင်ပွန်းပဲ့ဒဏ်ရာရရှိပြီး သေဆုံးနေ ကြောင်းတွေ့ရသဖြင့် ၁ဝ ဘီးကား မောင်းနှင်သူ အောင်မိုးဆွေအား အရေးယူဆောင်ရွက်လျက်ရှိသည်။ ခရိုင်ပြန်/ဆက် The Mirror Daily http://ift.tt/1n2DVIZ from သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin http://ift.tt/1piybmJ

လူတစ်ဦးသေဆုံးသော ယာဉ်တိုက်မှုကျူးလွန်ကာ တိမ်းရှောင်နေသော ယာဉ်မောင်းနှင့်ယာဉ်အား စစ်ဆေးရှာဖွေလျက်ရှိ

လားရှိုး၊ နိုဝင်ဘာ (၄) ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့ ၌ လားရှိုး-မူစယ် မြို့ အထွက်တွင် ၂၀၁၄ ခုနှစ် နိုဝင်ဘာလ (၂)ရက်နေ့ (၁၈း၃၀) အချိန်ခန့်က စစ်သည်တစ်ဦးယာဉ်တိုက်မှုဖြစ်၍ သေဆုံးခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်မှာ ၂၀၁၄ နိုဝင်ဘာ ၂ရက်နေ့ညနေ (၆း၃၀) အချိန်ခန့်က လားရှိုးမြို့ အထွက် ဟိုပိတ်ကျေးရွာ (AWC) အကျော် ကုန်းမြင့် (၁)အရှေ့ တွင် စစ်သည်တစ်ဦးယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ ရဲအုပ်စောဝင်း (အမှတ် ၆၅) ယာဉ်ထိန်းတပ်ဖွဲ့မှ သွားရောက်စစ်ဆေးရာ သိန်းနီဘက်မှ လားရှိုးဘက်သို့ သိန်းနီ ခလရ (၂၄၀) တပ်(မိခင်တပ်ရင်း) မှ ရိက္ခာထုတ်ပြန်လာသော တ/၁၇၇၁၃၅ ဒုတက စိုးမိုးသောင်းမှ ဆိုင်ကယ်အမှတ်မပါ လော်ကျား (၁၁၀) အစိမ်းပုတ်ရောင်ဆိုင်ကယ်ဖြင့် (ခလရ (၆၈) လက်ဝှေ့ တွဲ) နောက်မှ တပ်တစ်တပ်တည်း အတူနေ (တ/၄၁၂၉၉၂) တသ စိုးစိုးအားတင်၍ စီးနင်းမောင်းနှင်လာစဉ် ကုန်းမြင့် (၁)အရှေ့ မိုင်တိုင် အမှတ် (၁၇၉/၅) အရှေ့ အရောက် အနောက်မှ မော်တော်ယာဉ်တစ်စီးက ၀င်တိုက်မိခဲ့ပြီး လားရှိုးဘက်သို့  ဆက်လက် မောင်းနှင်သွားခဲ့ကြောင်း စုံစမ်းသိရှိခဲ့ခြင်း ဖြစ်သည်။ ယာဉ်တိုက်မှုကြောင့် ဒုတက စိုးမိုးသောင်းတွင် ဒါဏ်ရာရရှိမှုမရှိဘဲ တသစိုးစိုးတွင် ယာနားတွင်းသွေးယ

ရန်ကုန်မြို့ ယာဉ်ပိတ်ဆို့မှုပြဿနာ ၆ လအတွင်း ဖြေရှင်းမယ်လို့ စည်ပင်ဌာနပြော

ရန်ကုန်မြို့တော်မှာ နေ့စဉ်ယာဉ်ကြော ပိတ်ဆို့မှုပြဿနာ ကို ဖြေရှင်းနိုင်ဖို့ ရန်ကုန်တိုင်း ဒေသကြီး အစိုးရက ၆ လအတွင်း လမ်းတွေတိုးချဲ့ ဖောက်လုပ်မှာဖြစ်သလို မီးပွိုင့်စနစ်တွေကို ပြုပြင်သွားမယ်လို့ ရန်ကုန်မြို့ ကုန်သည်များနဲ့ စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် UMFCCI မှာ ဒီကနေ့ကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲ မှာ ပြောပါတယ်။ ရန်ကုန်မြို့မှာရှိတဲ့ မီးပွိုင့်တွေကို တစ်နေရာထဲကနေ ယာဉ်ကြောအခြေအနေကို ကြီးကြပ် နိုင်အောင် ဆောင် ရွက်သွားမယ်လို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ လမ်းတံတားဋ္ဌာန ညွှန်ကြား ရေးမှူး ဦးတင်မောင်ကြည်က ပြောပါတယ်။ "ရန်ကုန်မြို့မှာ မီးပွိုင့် ၁၆၉ ပွိုင့်ရှိတယ်၊ အဲဒီ့မီးပွိုင့်တွေ ၁ဝ မိုင်ကုန်းကနေ မြို့လယ်အထိ ရေတွက်မယ်ဆိုရင် ၇၅ ပွိုင့်ရှိမယ်၊ အဲဒီ့ ၇၅ ပွိုင့် မဖြစ်မနေ synchronize လုပ်ဖို့လိုပါတယ်၊ နောက်ထပ် commend center လုပ်ဖို့လိုပါတယ်၊ ဒီမီးပွိုင့်တွေအကုန်လုံး ခေတ်မီစနစ်ပြောင်းပြီးတာနဲ့ CCTV အားလုံးပါပါတယ်၊ ကားတွေ နဲ့ပတ်သက်လို့ ပြစ်မှုကျူးလွန်တာလည်း ဖမ်းလို့ရပါတယ်" ရန်ကုန်မြို့တော်အတွင်း ယာဉ်ကြောပိတ်ဆို့မူဖြစ်ရတဲ့ အကြောင်းအရင်းတွေထဲမှာ ကားရပ်နားစရာနေရာတွေ နည်းပါးလွန်

မော်လမြိုင်မြို့ လှိုင်ရပ်ကွက်၌ နေအိမ်တစ်လုံးမီးလောင်

မော်လမြိုင် နိုဝင်ဘာ ၄ မွန်ပြည်နယ် မော်လမြိုင်မြို့ လှိုင်ရပ်ကွက် နရာစင်လမ်းရှိ ဒေါ်တင်တင်ဝင်း (၅၈) နှစ်၏ သွပ်မိုး၊ ပျဉ်ကာ၊ ကွန်ကရစ်ခင်းနေအိမ်၌ နိုဝင်ဘာ ၄ ရက် ညနေ ၃ နာရီခန့်က မီးလောင်မှုဖြစ်ပွားခဲ့သည်။ ယင်းမီးလောင်မှုဖြစ်ပွားရာသို့ ပြည်နယ်မီးသတ်ဦးစီးမှူး ဦးမြကြိုင်၊ ခရိုင်မီးသတ်ဦးစီးမှူး ဦးဇော်ဝင်းနှင့်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်နေပြည်သူများ၊ မော်လမြိုင်မြို့နယ် ရဲတပ်ဖွဲ့မှူးနှင့် တပ်ဖွဲ့ဝင်များ၊ ဒိုင်းဝန်ကွင်းနယ်မြေရဲစခန်းမှ စခန်းမှူးနှင့်တပ်ဖွဲ့ဝင်များ၊ မီးသတ်ယာဉ်သုံးစီးဖြင့် မီးငြှိမ်းသတ်ခဲ့ရာ ညနေ ၃ နာရီ မိနစ် ၂ဝ တွင် ငြိမ်းသွားခဲ့သည်။ မီးသတ်ဦးစီးဌာန၏စစ်ဆေးချက်အရ လျှပ်စစ်ရေနွေးအိုး အပူမှတစ်ဆင့်အနီးရှိ ဖိနပ်အသစ်အရန် ၅ဝ ခန့်ကို မီးကူးစက်လောင်ကျွမ်း ကြောင်းသိရသည်။ မီးလောင်မှုနှင့်ပတ်သက်၍ တစ်ဦးတစ်ယောက်မျှ ဒဏ်ရာမရရှိကြောင်း သိရသည်။ Myanmaalinn http://ift.tt/1xK4A5u from သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin http://ift.tt/10jz4z8

ထမင်းပေါင်းအိုးအပူလွန်ကဲရာမှ မီးလောင်

ပျဉ်းမနား နိုဝင်ဘာ ၄ နေပြည်တော်ကောင်စီနယ်မြေ ဒက္ခိဏခရိုင် ပျဉ်းမနားမြို့နယ် ကင်ပွန်းတန်းအုပ်စု ကင်ပွန်းတန်းကျေးရွာ၌ ယနေ့နံနက် ၁ဝ နာရီခွဲက မီးလောင်မှုဖြစ်ပွားခဲ့သည်။ ဖြစ်စဉ်မှာ ကင်ပွန်းတန်းကျေးရွာ (၄)လမ်းနှင့်(၅)လမ်းကြားရှိ ဒေါ်အေးအေးဝင်း၏ အိမ်အပေါ်ထပ်၌ ထမင်းပေါင်းအိုးအပူလွန်ကဲပြီး မီးပလပ်ခုံရှော့ခ်ဖြစ်၍ အရည်ပျော်ကျရာမှတစ်ဆင့် စတင်လောင်ကျွမ်းခဲ့သည်။ မီးလောင်မှုကြောင့် လူတိရစ္ဆာန် အသေအပျောက် မရှိသော်လည်း ဒေါ်အေးအေးဝင်း၏ နေအိမ်အပေါ်ထရံလေးချပ်နှင့်အိမ်နီးချင်း ဦးတင်စိုး၏နေအိမ် အပေါ်ထပ်ထရံလေးချပ်ကို မီးကူးစက်လောင်ကျွမ်းခဲ့ပြီး နေအိမ်နှစ်လုံး အပေါ်ထပ်ပတ်လည်ထရံများ ဆုံးရှုံးခဲ့သည်။ အမှုဖွင့်စစ်ဆေးလျက်ရှိ မီးလောင်ရာသို့ နေပြည်တော် မီးသတ်ဦးစီးဌာန ညွှန်ကြားရေးမှူး၊ ပျဉ်းမနားအထွေထွေအုပ်ချုပ်ရေးမှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်အဆင့်တာဝန်ရှိသူများ၊ မြို့နယ်မီးသတ်ဦးစီးဌာနနှင့်မီးသတ်တပ်ဖွဲ့ဝင်များရောက်ရှိ၍ ကျေးရွာနေပြည်သူများနှင့်ပူးပေါင်းငြှိမ်းသတ်ခဲ့ပြီး အိမ်ရှင်ဒေါ်အေးအေးဝင်းကို ပျဉ်းမနားမြို့မရဲစခန်းက အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း သိရသည်။ သတင်း-မျိုးဇေယျာ(ပျဉ်းမနား) ဓာတ်ပုံ-ဇော်ထွန်းဝင်း Myanmaalinn htt

နိုဝင်ဘာလ (၅)ရက်နေ့ ထုတ် မြန်မာ့အလင်း နေ့ စဉ် သတင်းစာ

နိုဝင်ဘာလ (၅)ရက်နေ့ ထုတ် မြန်မာ့အလင်း နေ့ စဉ် သတင်းစာ နိုဝင်ဘာလ (၅)ရက်နေ့ ထုတ် မြန်မာ့အလင်း နေ့ စဉ် သတင်းစာ သတင်းစာ ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။ from သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin http://ift.tt/1sebThe

နိုဝင်ဘာလ (၅)ရက်နေ့ ထုတ် ကြေးမုံ နေ့ စဉ် သတင်းစာ

နိုဝင်ဘာလ (၅)ရက်နေ့ ထုတ် ကြေးမုံ နေ့ စဉ် သတင်းစာ နိုဝင်ဘာလ (၅)ရက်နေ့ ထုတ် ကြေးမုံ နေ့ စဉ် သတင်းစာ သတင်းစာ ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။ from သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin http://ift.tt/1sebTOp

နိုဝင်ဘာလ (၅)ရက်နေ့ ထုတ် ပြည်ထောင်စု နေ့ စဉ် သတင်းစာ

နိုဝင်ဘာလ (၅)ရက်နေ့ ထုတ် ပြည်ထောင်စု နေ့ စဉ် သတင်းစာ နိုဝင်ဘာလ (၅)ရက်နေ့ ထုတ် ပြည်ထောင်စု နေ့ စဉ် သတင်းစာ သတင်းစာ ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။ from သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin http://ift.tt/1ohyGMT

နိုဝင်ဘာလ (၆)ရက်နေ့ ထုတ် Venus News Journal Vol 6 No 13 (6-11-2014)

နိုဝင်ဘာလ (၆)ရက်နေ့ ထုတ် Venus News Journal Vol 6 No 13 (6-11-2014) နိုဝင်ဘာလ (၆)ရက်နေ့ ထုတ် Venus News Journal Vol 6 No 13 (6-11-2014) ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။ from သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin http://ift.tt/1ohyE7S

နိုဝင်ဘာလ (၂)ရက်နေ့ ထုတ် Digital Life နည်းပညာဂျာနယ် အတွဲ ၃ အမှတ် ၂၈

နိုဝင်ဘာလ (၂)ရက်နေ့ ထုတ် Digital Life နည်းပညာဂျာနယ် အတွဲ ၃ အမှတ် ၂၈ နိုဝင်ဘာလ (၂)ရက်နေ့ ထုတ် Digital Life နည်းပညာဂျာနယ် အတွဲ ၃ အမှတ် ၂၈ ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။ from သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin http://ift.tt/1uqXJQk