မွန်ပြည်နယ် မော်လမြိုင်မြို့ လှိုင်ရပ်ကွက် နရာစင်လမ်းရှိ ဒေါ်တင်တင်ဝင်း (၅၈) နှစ်၏ သွပ်မိုး၊ ပျဉ်ကာ၊ ကွန်ကရစ်ခင်းနေအိမ်၌ နိုဝင်ဘာ ၄ ရက် ညနေ ၃ နာရီခန့်က မီးလောင်မှုဖြစ်ပွားခဲ့သည်။
ယင်းမီးလောင်မှုဖြစ်ပွားရာသို့ ပြည်နယ်မီးသတ်ဦးစီးမှူး ဦးမြကြိုင်၊ ခရိုင်မီးသတ်ဦးစီးမှူး ဦးဇော်ဝင်းနှင့်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်နေပြည်သူများ၊ မော်လမြိုင်မြို့နယ် ရဲတပ်ဖွဲ့မှူးနှင့် တပ်ဖွဲ့ဝင်များ၊ ဒိုင်းဝန်ကွင်းနယ်မြေရဲစခန်းမှ စခန်းမှူးနှင့်တပ်ဖွဲ့ဝင်များ၊ မီးသတ်ယာဉ်သုံးစီးဖြင့် မီးငြှိမ်းသတ်ခဲ့ရာ ညနေ ၃ နာရီ မိနစ် ၂ဝ တွင် ငြိမ်းသွားခဲ့သည်။
မီးသတ်ဦးစီးဌာန၏စစ်ဆေးချက်အရ လျှပ်စစ်ရေနွေးအိုး အပူမှတစ်ဆင့်အနီးရှိ ဖိနပ်အသစ်အရန် ၅ဝ ခန့်ကို မီးကူးစက်လောင်ကျွမ်း ကြောင်းသိရသည်။
မီးလောင်မှုနှင့်ပတ်သက်၍ တစ်ဦးတစ်ယောက်မျှ ဒဏ်ရာမရရှိကြောင်း သိရသည်။
Myanmaalinn
http://ift.tt/1xK4A5u
from သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin http://ift.tt/10jz4z8
Comments
Post a Comment