Skip to main content

Posts

Showing posts from November 22, 2014

လမ်းဘေးမှလမ်းလျှောက်သွားနေသူတစ်ဦး ယာဉ်တိုက်ခံရသဖြင့် သေဆုံး

ရန်ကုန်၊နိုဝင်ဘာ ၂၂ ၂၁.၁၁.၂၀၁၄ရက်နေ့ ၂၂၃၀အချိန် အင်းစိန်မြို့နယ်၊ မင်းကြီးလမ်းအတိုင်း ပြည်တော်သာဘက်မှ အင်းစိန်ပန်းခြံဘက်သို့ အင်းစိန်မြို့နယ်နေ ယာဉ်မောင်း ကိုနေဝင်းထွန်း (၃၈)နှစ်မောင်းနှင်လာသော 4E---AD ဗင် ကိုယ်ပိုင်ယာဉ်သည် ဟိုက်ဘတ်မှတ်တိုင်အနီး အရောက် လမ်း၏ယာဘက်ဘေးတွင် လမ်းလျှောက် သွားနေသော အင်းစိန်မြို့နယ်နေ ကိုသက်ထွန်းအောင်အား ဝင်ရောက်တိုက်မိ ခဲ့ပါသည်။ ယာဉ်တိုက်မှုကြောင့် ကိုသက်ထွန်းအောင်တွင် ဝဲချိုစောင်းဖူးရောင်၊ မျက်နှာ၊ ဝဲ/ယာတံတောင်၊ ဝဲ/ယာ ခြေသလုံးတို့တွင် ပွန်းပဲ့ဒဏ်ရာများ ရရှိခဲ့သဖြင့် အင်းစိန်ဆေးရုံသို့ တင်ပို့ကုသစဉ် သေဆုံးသွားခဲ့ပါသည်။ ယင်းသို့ ယာဉ်မဆင်မခြင်မောင်းနှင်သူ ကိုနေဝင်းထွန်းအား အင်းစိန်မြို့မရဲစခန်း ယာဉ်(ပ)၁၄၅/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၄-ကဖြင့် အမှုဖွင့် အရေးယူဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိပါသည်။ Yangon Police http://ift.tt/1oASl5N from သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin http://ift.tt/1qNxh25