Skip to main content

Posts

Showing posts from January 27, 2015

လေဖြတ်ထားခြင်းရှိမရှိ ဘယ်လိုသိနိုင်မလဲ

တစ်နေ့ မိမိသည် စားသောက်ဆိုင်တစ်ဆိုင်မှာ နေ့လည်စာ စားသုံးနေခိုက် ဆိုင်ရှေ့လမ်းပေါ်မှာ အမျိုးသမီးတစ်ဦး ရုတ်တရက် ချော်လဲ၍ လူနှစ်ဦး သုံးဦးမှ ၀ိုင်းဝန်းကူညီပြီး ပြန်ဆွဲထူးပေးနေတာကို တွေ့လိုက်ရလို့ သွားကြည့်လိုက်တော့ မိမိအသိမိတ်ဆွေတစ်ဦး၏ ဇနီးသည် ဖြစ်နေကြောင်း သိလိုက်ရတာနဲ့ ဘာကူညီပေးရမလဲလို့ မေးလိုက်တော့ သူမက " ရပါတယ်အကို၊ ဘာမှမဖြစ်ဘူး၊ ဖိနပ်အသစ်မို့ အခန့်မသင့်ပဲ ချော်သွားတာပါ၊ ကားဒရိုင်ဘာလည်း ပါပါတယ်" ဟု ပြောဆို၍ ကားပေါ်တက်၍ ပြန်သွားကြပါသည်။ နောက်တစ်နေ့ မိတ်ဆွေထံမှ ဖုန်းဝင်လာပါသည်။ သူ့ဇနီး လေဖြတ်၍ ဆေးရုံပို့လိုက်ရာ အချိန်မီမပို့နိုင်ခဲ့၍ အသက်ဆုံးရှုံးသွားကြောင်း စိတ်မကောင်းစွာ ကြားလိုက်ရသည်။ သူ့ဇနီးလေဖြတ်ထားသည်ကို မည်သူမှ မသိထားကြောင်း၊ အခြေအနေ ဆိုးသထက်ဆိုးလာ၍ အသက်ပင် မရှူနိုင်သည့်အခြေအနေရောက်မှ အကုန်လုံးက အရေးပေါ်ကားခေါ်၍ ဆေးရုံကို ပို့ခဲ့ပေမယ့် အသက်ကို အချိန်မီ မကယ်တင်နိုင်လိုက်သည့်အတွက် ယူကျုံးမရဖြစ်နေကြောင်း မိမိ၏ မိတ်ဆွေမှ နောင်တကြီးစွာဖြင့် ပြောပြလာပါသည်။ ထို့ကြောင့် လူတစ်ယောက် လေဖြတ်ထားခြင်း ရှိမရှိကို သိရှိရန် အလွန်ပင် လိုအပ်လှပါသည်။ ထိုသို့ သရှိထားမှသာလျှင် အရေးပေါ်ကြုံလာ

ပန်းနာရင်ကျပ်ရောဂါအတွက် ဆေးမြီးတိုများ

ပန်းနာရင်ကျပ်ရောဂါကိုခံစားနေရသော ဝေဒနာရှင်များမှ ကျန်းမာရေးသတင်းများကို သဘာဝဆေးနည်းဖြင့် ကုသနိုင်ဖို့ မကြာခဏ တောင်းဆိုလာကြသည့်အတွက် jမြန်မာ့ရိုးရာ ဆေးမြီးတိုနည်းများကို ပြန်လည်မျှဝေပေးလိုက်ပါသည်။ မြန်မာဆေးမြီးတိုများ ------------------------ (၁) ပင်စိမ်းရွက်အခြောက်ကိုမီးမြှိုက်၍ ရှုရှိုက်ပေးပါ။ ထိုရနံ့ က လူကို လန်းဆန်း ပေါ့ပါးစေကာ၊ အာရုံစူးစိုက်မှုအား ကောင်းလာ စေပါတယ်။ (၂) ပဲစဉ်းငုံ တစ်နေ့ နို့ ဆီဗူး ၁-ဗူးဆားခတ်၍ပြုတ်စားပါ။ သိသိသာသာ ပန်းနာရင်ကျပ်သက်သာစေပါတယ်။ ထို နည်းအတိုင်း ၄-လကြာ စားပေးပါက၊ လုံးဝပျောက်ကင်းစေပါတယ်။ (၃) အမှုန့်ကြိတ်ထောင်းထားသော နတ်ဆေးဂမုန်း ၂-ကျပ် သားကို ပျားရည် ၁ပုလင်း ရောစပ်မွှေ၍ ၃-ရက်နေလှန်းပါ၊ ထောပတ် ၂၀-ကျပ်သား ရောထည့်ပြီး နာနာမွှေကာ နောက်ထပ် ၄-ရက် နေဆက်လှန်းပေးပါ၊ စုစုပေါင်း ၇-ရက်တိတိနေလှန်းပြီးပါက၊ လ္ဘက်ရည်ဇွန်းနှင့် နံနက်-ည တစ်ဇွန်းကျ တနေ့ နှစ်ကြိမ်စား ပြီး ရေနွေးအဖန်ရည်သောက်ပေးပါ၊ (၄) ရှောက်သီးတစ်လုံးနှင့်အတူ လင်းနေမြစ်/ဒန့်ဒလွန်မြစ်/သဘောင်္ဖိုမြစ်(ထိုအမြစ် ၃-မျိုး ကို ရှောက်သီးတစ် လုံးအလေးတူ)တို့ ကို မြေအိုးထဲထည့် လုံအောင်ပိတ်ပြီး၊ ကျွမ်းအောင်ဖုတ်၍ အမှုန့် ကြိတ်ပါ။ ထ

မျက်စိစွံခြင်းကို ကာကွယ်ရန်

(၁)မျက်ခွံကို ဆေးကြောခြင်း မကြာခဏ မျက်စိစွံတတ်သူတို့ သည် အထူးသဖြင့် ဘက်တီးရီးယား ကူးစက်ပေါက်ပွားမှုကို ဖြစ်လွယ်သူ များဖြစ်သည်။ မျက်နှာသုတ်ပဝါ သန့်သန့်နှင့်အပျော့စား ခေါင်းလျှော် ရေ ဥပမာ ကလေးသုံးခေါင်းလျှော် ရေသုံး၍ အညစ်အကြေးများကို သာသာလေးပွတ်ပြီး မျက်ခွံမှ ဆဲလ် သေများကို ဖယ်ပစ်ပါ။ ပြီးလျှင် ရေ နွေးနှင့်ဆေးပါ။ (၂)သန့်ရှင်းသောလက်များ ဖြစ်လေ့ဖြစ်ထရှိသော အ ကြောင်းရင်းမှာ လက်မှ ဘက်တီး ရီးယားများက မျက်လုံးကို ကူးစက် ခြင်းဖြစ်သည်။ လက်များကို မကြာ ခဏဆေးပေးပါ။ အထူးသဖြင့် အိမ် သာသုံးပြီးချိန်၊ အစာမစားမီ၊ စားပြီး ချိန်များတွင် ဆေးကြောပါ။ မျက်လုံး ကိုပွတ်ခြင်း၊ ထိခြင်း ရှောင်ပါ။ (၃)မျက်ကပ်မှန် မျက်ကပ်မှန်ကိုထိသော လက် များကို စင်ကြယ်အောင် အထူးဂရု စိုက်ပါ။ မျက်ကပ်မှန်ချည်းသက် သက်၌ပင် ဘက်တီးရီးယား ကူးစက် တတ်သည် ဖြစ်ရာ ယင်းတို့ကို နေ့စဉ် မျက်ကပ်မှန်ဆေးရည်နှင့် ဆေးပေး ပါ။ လစဉ်တပ်ရပါက (၄)ပတ် တစ် ခါ မျက်ကပ်မှန်အသစ်ပြောင်းပါ။ ည အိပ်လျှင် မတပ်ပါနှင့်။ မည်သို့ပင် စိတ်ချရအောင် လုပ်ထားသည့်မျက် ကပ်မှန်မျိုးဖြစ်စေ မျက်စိစွံခြင်းကို ဖြစ်စေသည်။ (၄)မျက်လုံးဆိုးလိုင်နာရည်နှင့် ရှဲဒိုးများ မျက်ခွံတွင် လိုင်နာနှင်

ဘာကြောင့် သွားဖုံးသွေးယိုရတာလဲ

(၁) ခံတွင်းသန့်ရှင်းရေး လုပ် ဆောင်မှုနည်းခြင်းကြောင့် အစာအ ကြွင်းအကျန်တွေက သွားဖုံးမှာ စုပုံ ပြီး ယင်းကတစ်ဆင့် သွားဖုံတွေနီရဲ၊ ရောင်ရမ်း၊ နာကျင်တာတွေ ဖြစ်နိုင် ပါတယ်။ (၂) သွားအနေအထား မမှန်ခြင်း၊ သွားများအနေအထား မမှန်လျှင် သွားသန့်ရှင်းရေး လုပ်ရခက်ခဲပြီး ယင်းသွားကြားမှာ အစားအကြွင်း အကျန်တွေ ကပ်ကျန်ကာ ယင်းမှ တစ်ဆင့် သွားဖုံးသွေးယိုနိုင်ပါတယ်။ (၃) သွားဖုံးတွင် ဒဏ်ရာရခြင်း သွားတိုက်လျှင် အလွန်အကျွံဖိတိုက် ခြင်းနဲ့ သွားပွတ်တံအမာတွေ ကြောင့် သွားဖုံးမှာ ဒဏ်ရာရပြီး သွားဖုံး သွေးယိုနိုင်ပါတယ်။ (၄) ဗီတာမင်စီ ချို့တဲ့လျှင် သွားဖုံး သွေးယိုနိုင်ပါတယ်။ (၅) ဗီတာမင်ကေချိုတဲ့လျှင် သွား ဖုံး သွေးယိုနိုင်ပါတယ်။ ခန္ဓာကိုယ်က ဗီတာမင်ကေအဓိကရနိုင်တဲ့ အရင်း အမြစ်တွေမှာ အူတွင်းမှသဘာဝပိုး မွှားများမှဖြစ်ပြီး ကာလကြာရှည် ပဋိ ဇီဝ ပိုးသတ်ဆေးသောက်နေရသူများ တွင် ယင်းပိုးမွှားများ ပျက်စီးကုန် ကာ ဗီတာမင်ကေလျောနည်းဓာတ် ဖြစ်ပြီး သွားဖုံးသွေးယိုနိုင်ပါတယ်။ (၆) အမျိုးသမီးတွေမှာ ဟော်မုန်း အပြောင်းအလဲတွေကြောင့် သွားဖုံး သွေးယိုနိုင်ပါတယ်။ ဥပမာ အရွယ် စတင်ရောက်ချိန် ကိုယ်ဝန်ဆောင် ချိန်၊ သွေးဆုံးချိန်၊ ရာသီလာချိန်နှင့် ကိုယ်ဝန်တာ

ဆီးကျောက်တည်ရောဂါအတွက် သဘာဝဆေးနည်း

မိန်းမမှာမီး ယောကျာ်းမှာဆီး ဆိုသည့်စကားအတိုင်း အမျိုးသမီးတို့အတွက် မီးနေချိန်သည် အလွန်အရေးကြီးသလို အမျိုးသားများအတွက် ဆီးရောဂါသည် အလွန်အရေးကြီးလှပါသည်။ ဆီးနှင့်ပတ်သက်သော ရောဂါများမှာလည်း အမျိုးမျိုးရှိနေပါသည်။ ဆီးကျောက်တည်ခြင်းသည် အလွန်အန္တရာယ်ကြီးသော ရောဂါတစ်ခု ဖြစ်နေပါသည်။ ထို့ကြောင့် ဆီးကျောက်တည်သူများအတွက် သဘာဝဆေးနည်းကောင်းတစ်ခုကို မျှဝေပေးလိုက်ပါသည်။ ဆေးနည်း(၁) (၁) ကြက်သွန်နီဥ အလယ်အလတ်တစ်လုံးကို အခွံခွါပါ။ (၂) လေးစိတ်(သို့) ရှစ်စိတ်ဖြစ်အောင် ခွဲလိုက်ပါ။ (၃) ရေကျက်အေး(သို့မဟုတ်) ရေသန် မတ်တစ်ခွက်ထဲကို ထည့်၍ အဖုံးအုပ်ပြီး စိမ်ထားပါ။ (၄) တစ်နာရီခန့်စိမ်ပြီးလျှင် ၄င်းကြက်သွန်နီဥစိမ်ရေကို ကုန်အောင်သောက်ပါ။ ဆီးများသွားသည့်အခါ အနယ်ထိုင်နေသောကျောက်များ ပါသွားစေလိမ့်သည်။ ဆေးနည်း(၂) သိန္ဓော+ဆားပုပ်+ဇ၀က်သာတို့ကို မန်ကျည်းစေ့ခန့်ဖြင့် မြင်းခွါရွက်ပြုတ်ရည်နှင့် ညအိပ်ခါနီး သောက်ပါ။ ကျောက်များကို ကြေစေ၍ မနက်ဆီးသွားသည့်အခါ ပါသွားပါလိမ့်မည်။ ဆီးကျောက်တည်ခြင်းဝေဒနာကို ခံစားနေရသောဝေဒနာရှင်များအတွက် ဒီပို့စ်လေးကို Share ပေးခြင်းဖြင့် ကူညီပေးနိုင်ကြပါတယ်။ ရောဂါဝေဒနာများ သက်သာပျောက်ကင်း၍ အားလုံးကျန်းမာခ

မြန်မာ့ဆေးဖက်ဝင် ဖန်ခါးသီးပင်

Item Name --------- Myrobalan (ဖန်ခါးသီး) Category ------------ Raw Material Botany Term ------- Terminalia chebula Retz Species Family----- Combretaceae မြန်မာ နိုင်ငံ အလယ် ပိုင်းနှင့် တောင်ပေါ် ဒေသ များတွင် ပေါက်ရောက်သည်။သဘာဝ အလျောက် ပေါက်ရောက် သည်။မြန်မာနိုင်ငံအနှံႚအပြားတွင် စိုက်ပျိုးနိုင်သည်။ မြန်မာ နိုင်ငံ အလယ်ပိုင်း ဒေသတွင် သဘာဝအလျောက် ပိုမို ဖြစ်ထွန်း ပေါက်ရောက်သည် Appearance : အပူပိုင်းအရိပ်ရ အပင်ကြီးမျိုးဖြစ်သည်။ ပင်စည်ဖြောင့်မတ်သည်။ အခေါက်ထူသည်။ ရွက်လွှဲ ထွက်သည်။ရွက်ကြောများထင်ရှားပြီး ဘဲဥပုံဖြစ်သည်။ ရွက်ထိပ်ချွန်သည်။ ပွင့်ညှာမဲပန်းခိုင်ဖြစ်ပြီး ဖြူဝါရောင် ရှိသည်။ အသီးမှာ ဘဲဥပုံဆန်၍ ညိုဝါရောင် ရှိပြီးမာကျောသည်။ ခြောက်သွေ့သော အခါတွင် မြောင်းများဖြစ်လာသည်။ အသားထူ၍ အစေ့တစ်စေ့သာ ရှိသည်။ အစေ့မှာ အ၀ါဖျော့ရောင် ဖြစ်သည်။ အပင် ရွက်ကြွေ ပင်ကြီးမျိုး ဖြစ်၍ ပေ ၇၀-၈၀ ထိ မြင့်၏။ ပင်စည် ရှည်၍ ဖြောင့်မတ်၏။ အခေါက် ထူ၏။ အပွေး အနက် ရောင် ရှိ၏။ အက်ကြောင်း များ သေးငယ် သည်။ အရွက် ရွက်ဆိုင် နီးပါး ထွက်သည်။ ရှည်မျော မျော ဘဲဥပုံ ရှိ၍ ရွက်ထိပ် ချွန်ပြီး ရွက်ရင်း ၀ိုင်း၏။ ရွက်ပြား ၃ လက်မ ၄ လက်မ ခန့် က

မြန်မာ့ဆေးဖက်ဝင် သစ်ကြံပိုးပင်

Item Name -------- Ceylon Cinnamon (သစ်ကြံပိုးပင်) Category ----------- Raw Material Botany Term ------- Cinnamomum tamala F.Nees Species Family ----- Lauraceae တနင်္သာရီ ၊ ချင်းတွင်း အထက် ပိုင်း ရှမ်းပြည်နယ် မြောက်ပိုင်း ၊ ဗန်းမော် ၊ ရခိုင်ပြည်နယ် တို့ တွင် ပေါက်ရောက် သည်။ မြေနှင့် ရာသီဥတု ကို အလွန် ရွေးချယ် သည်။ မိုးရေချိန် ၈၀ လက်မ ထက် မနည်းသော အပူပိုင်း ရာသီ ဥတု မျိုးတွင် စိုက်ပျိုး ဖြစ်ထွန်း သည်။ စိုက်ပျိုးပင် ဖြစ်သည်။နုန်းတင် မြေနုမျိုး သည် အကောင်းဆုံး ဖြစ်သည်။ ဂ၀ံဆန်သော မြေတွင်စိုက်ပျိုး နိုင်သော် လည်း သဲနုမြေ လောက် အရည်အချင်း မကောင်းပေ။အပင်ကို ကြီးသည် အထိ ထားမည် ဆိုပါက တစ်ပင် နှင့် တစ်ပင် ၁၅ ပေ ၂၀ ပေ အကွာ ထား၍ စိုက်ရမည်။ အပင်ငယ် တွင် ခုတ်ယူလို ပါက မြေကို အချင်း ၄ ပေရှိ စက်ဝိုင်း ပုံဖော်ပြီး တစ်စေ့ နှင့် တစ်စေ့ ၈ လက်မ ကွာ ထား၍ ပတ်လည် စိုက်သွား ရမည်။ စက်ဝိုင်း တစ်ခု နှင့် တစ်ခု ဗဟို ချင်း ၁၀ ပေ အကွာ ထားသင့်သည်။ အစေ့ကို စိုက်မည့် အစား အကိုင်း ကို အမြစ် ဖောက်၍ လည်း စိုက်နိုင်သည်။ အစေ့မှ အညှောက် ပေါက်ရန် သုံးပတ် ကြာသည်။ အပင်ငယ် များ နေရာတွင် ဂရုစိုက်၍ အစား ထိုး စိုက်ရမည်။ ပေါင်းပင်မျ

ရင်တုန်မူးဝေ နေသူများ သတိရှိပါ

မေး။ ။ဒေါက်တာစွမ်းရှင့်... သမီးမှာ မကြာခဏ ဆိုသလို ရင်တုန်ပြီး မူးဝေတတ် ပါတယ်။ အဲဒီလိုမူးဝေပြီးတိုင်း ပင်ပ်ပန်းမှုကို ခုခံ စံစားရပါတယ်။ ဒီလို မဖြစ်အောင် ဘယ်လိုလုပ်ရမလဲ။ သီတာခင်(စမ်းချောင်း) ဖြေ။ ။ခန္ဓာကိုယ် ပိန်ပါးပြီး ရောဂါ ကာကွယ်နိုင်စွမ်း အားနည်းတဲ့ ပိုးဟပ်ဖြူလေးလို မိန်းကလေးတွေမှာ ရင်တုန်ပြီး မူးဝေတာ မျိုးတွေ ဖြစ်တတ်ပါတယ်။ ဒီလို ဖြစ်ရခြင်းဟာ သွေးအားနည်းခြင်း၊ အလုပ်ပင်ပန်းခြင်း၊ အိပ်ရေးပျက်ခြင်းစတဲ့ အကြောင်းအချက် များကြောင့်ပါ။ လူတစ်ဦးချင်းရဲ့ ရောဂါ ကာကွယ်နိုင်စွမ်း အားက မတူညီတာ ဖြစ်လို့ သာမန် မိန်းကလေး လုပ်တဲ့ အလုပ်မျိုးဟာ သမီးသီတာခင် အတွက်တော့ အားထုတ်ရတဲ့ အလုပ်ကြီး တစ်ခုဖြစ်ကောင်း ဖြစ်နေ မှာပါ။ ဒါကြောင့် မိမိဟာ မကြာခဏ ဖျားနာတတ်သူ၊ ကျန်းမာရေး ချူချာသူ၊ ခန္ဓာကိုယ် Body resistance အားနည်းသူ ဆိုရင် မိမိရဲ့ကျန်းမာရေးကို အထူးဂရုစိုက်ဖို့ လိုအပ်ပါတယ်။ နောက်တစ်ချက် တိုက်တွန်းလိုတာ ကတော့ ကျွမ်းကျင် ပညာရှင် (ဆရာဝန်)နဲ့ တိုင်ပင်ပြီး အားဆေး သောက်သုံးဖို့ပါ။ ဆရာက တော်တန်ရုံ ဆေးမပေး တတ်သူဆိုပေမဲ့ သမီး သီတာခင်တို့လို ရင်တုန်မူးဝေ တတ်တဲ့ ပိုးဟပ်ဖြူလေး တွေကတော့ အစားလည်းကူ၊ ဆေးလည်း ယူရပါတယ်။ အားရှိ

အသားအရေ ကောင်းခြင်းအတွက် သခွားသီး

သခွားသီးဟာ မြန်မာလူမျိုးတွေ ကြိုက်နှစ်သက်တဲ့ အသီးလို့ပြောရင် လည်းမမှားပါဘူး။ သခွားသီး အစိမ်းကို သုပ်စား ကြသလို၊ ထမင်းဝိုင်းမှာ ငါးပိရည်နဲ့ တွဲဖက်ပြီး တို့စရာ အနေနဲ့လည်း စားသုံးတတ်ကြပါတယ်။ အကင်ဆိုင်တွေမှာ သခွားသီးကို အရှည်လိုက်လေးတွေ လှီးထားပြီး အချဉ်ရည်နဲ့ တို့လို့ စားသုံးလာတတ်ကြပါတယ်။ တချို့အိမ်ရှင်မတွေကတော့ သခွားသီးကို အသားဟင်းချက်တဲ့ အထဲမှာထည့် ပြီးချက်တာပဲဖြစ်ဖြစ်၊ မြေပဲမှုန့်၊ ပဲမှုန့် တို့နဲ့လည်း သခွားသီးသုပ် သုပ်လို့ပဲဖြစ်ဖြစ် စားတတ်ကြပါတယ်။ သခွားသီးဟာ စားသုံးလို့ကောင်းတဲ့ အသီးတစ်မျိုးဖြစ်သလို အသားအရေ ကောင်းမွန်ဖို့ အတွက်လည်း အထောက်အကူ ပေးတဲ့ အသီးတစ်မျိုးပါ။ သခွားသီးမှာ Vitamin A.B.C နဲ့ ရေဓာတ် များစွာ ပါဝင်တာမို့ ပါးပါးလေး လှီးထားတဲ့ သခွားသီး လေးတွေကို မျက်နှာပြင်အနှံ့ ကပ်ပေးရင် အသားအရေကို တင်းရင်းစေပြီး မျက်နှာလည်း ကြည်လင်စေပါတယ်။ သဘာဝတရားက ပေးစွမ်း တဲ့ ပေါင်းတင်ဆေး ဖြစ်တာမို့ တစ်ပတ်ကို နှစ်ကြိမ်လောက် သခွားသီးကို မျက်နှာမှာ ကပ်ပေး သင့်ပါတယ်။ လေနဲ့ ရေကြောင့် အသားအရေ ပျက်စီးတာ တွေကိုလည်း ကာကွယ်ပေး ပါတယ်။ ဂျုံမှုန့် အနည်းငယ်၊ ကြက်ဥအကာ အနည်းငယ်၊ သခွားသီးရည် အနည်းငယ်နဲ့ သံပရာသီးရည်