Skip to main content

Posts

Showing posts from October 7, 2014

စစ်ကိုင်းတိုင်း ဒေသကြီး ၌ ယခုနှစ် ဇန်န၀ါရီလ ၁ ရက်မှ စက်တင်ဘာလ ၃၀ ရက်အထိ ကိုးလာတာ...

စစ်ကိုင်းတိုင်း ဒေသကြီး ၌ ယခုနှစ် ဇန်န၀ါရီလ ၁ ရက်မှ စက်တင်ဘာလ ၃၀ ရက်အထိ ကိုးလာတာ ကာလအတွင်း ယာဉ်တိုက်မှု များကြောင့် သေဆုံးသူ ၂၉၀ ဦး ရှိခဲ့ကြောင်း စစ်ကိုင်းတိုင်း ဒေသကြီး ၀န်ကြီးချုပ် ဦးသာအေး ၏ ပြောကြားချက် အရ သိရသည်။ http://ift.tt/10Nj2yv စစ်ကိုင်းတိုင်းဒေသကြီး ၌ ကိုးလတာကာလအတွင်း ယာဉ်တိုက်မှုများကြောင့် သေဆုံးသူ ၂၉၀ ဦးရှိ www.thithtoolwin.com မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။ from Myanmar News Now's Facebook Wall http://ift.tt/1CTyirc

ဒီအမှုနဲ့ပတ်သက်ပြီး ထိုင်းရဲတပ်ဖွဲ့ရဲ့ စစ်ဆေးမေးမြန်းပုံတွေဟာ တရားနည်းလမ်းမကျကြော...

ဒီအမှုနဲ့ပတ်သက်ပြီး ထိုင်းရဲတပ်ဖွဲ့ရဲ့ စစ်ဆေးမေးမြန်းပုံတွေဟာ တရားနည်းလမ်းမကျကြောင်း စွပ်စွဲပြောဆိုမှုတွေ ကျယ်ကျယ်ပြန့်ပြန့် ပေါ်ထွက်နေသလို၊ ဒီအမှု မြန်မြန်ပြီးပြတ် အောင်ဆောင်ရွက်ဖို့လည်း ထိုင်းရဲတပ်ဖွဲ့အပေါ် ဖိအားပေးခံနေရတယ်လို့ ရိုက်တာသတင်းက ဖေါ်ပြပါတယ်။ http://ift.tt/1CTyir4 ထိုင်း လူသတ်မှုစစ်တဲ့ကိစ္စ ရဲချုပ် ကာကွယ်ပြောဆို - သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin www.thithtoolwin.com မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။ from Myanmar News Now's Facebook Wall http://ift.tt/10Nj2yj

ဗြိတိန်နိုင်ငံသား နှစ်ဦးကို သတ်ပစ်ကြောင်း ဖျောက်ချက်ပေးဖို့ မြန်မာနိုင်ငံသား နှ...

ဗြိတိန်နိုင်ငံသား နှစ်ဦးကို သတ်ပစ်ကြောင်း ဖျောက်ချက်ပေးဖို့ မြန်မာနိုင်ငံသား နှစ်ဦးကို ထိုင်းရဲက နှိပ်စက်ပြီး အတင်းဝန်ခံမှု ပြုခိုင်းတယ်ဆိုတဲ့ ပြောဆိုမှုကို ထိုင်းရဲချုပ်က အကြောက်အကန် ငြင်းဆိုလိုက်ပါတယ်။ http://ift.tt/1CTyfMa မြန်မာနှစ်ဦးကို နှိပ်စက်တာ မလုပ်ရဘူးလို့ ထိုင်းဆို - သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin www.thithtoolwin.com မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။ from Myanmar News Now's Facebook Wall http://ift.tt/10Nj2hG

ဗြိတိသျှ လူမျိုး နှစ်ဦးကို မြန်မာ ရွှေ့ပြောင်း အလုပ်သမားတွေ သတ်ခဲ့တယ်လို့ ထိုင်း...

ဗြိတိသျှ လူမျိုး နှစ်ဦးကို မြန်မာ ရွှေ့ပြောင်း အလုပ်သမားတွေ သတ်ခဲ့တယ်လို့ ထိုင်းရဲက စွပ်စွဲနေတဲ့ ထိုင်းနိုင်ငံ ကော့တောင်ကျွန်းက အခင်းဖြစ်ပွားခဲ့ရာ နေရာကို ရွှေ့ပြောင်း အလုပ်သမားများ ကူညီစောင့်ရှောက်ရေး အဖွဲ့နဲ့အတူ မြန်မာသံရုံး ဝန်ထမ်းတွေ အင်္ဂ࿿ါနေ့က သွားရောက်ခဲ့ပြီး ဓါတ်ပုံရိုက်၊ အချက်အလက် စုဆောင်းတာတွေ လုပ်ခဲ့ကြပါတယ်။ http://ift.tt/1sb9NDD ကော့တောင်ကျွန်းက လူသတ်မှု ဖြစ်ပွားခဲ့ရာ နေရာကို မြန်မာအဖွဲ့ သွားကြည့် - သစ်ထူးလွင် (နေ့� www.thithtoolwin.com မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။ from Myanmar News Now's Facebook Wall http://ift.tt/1qef7zz

ဆီးရီးယားနိုင်ငံ ကိုဘာနီမြို့အနီးရှိ မြို့သုံးမြို့ကို ISIS စစ်သွေးကြွများ သိမ်းပိုက်

ဒမတ်စကတ် ၊ ၈-၁၀-၂၀၁၄ ISIS အစ္စလာမ္မစ် စစ်သွေးကြွ များသည် ဆီးရီးယား မြောက်ပိုင်းရှိ အဓိက ကျသည့် ကာ့ဒ်မြို့ကြီး တစ်မြို့ ဖြစ်သော ကိုဘာနီမြို့ အနီးရှိ မြို့သုံးမြို့ကို သိမ်းပိုက် လိုက်ပြီ ဖြစ်ကြောင်း ဆီးရီးယား လူ့အခွင့်အရေး လေ့လာ စောင့်ကြည့်ရေး အဖွဲ့ကြီးက အောက်တိုဘာ ၆ ရက်တွင် ပြောကြား လိုက်သည်။ အဆိုပါ ISIS အစ္စလာမ္မစ် စစ်သွေးကြွ များသည် ကိုဘာနီမြို့ အရှေ့ပိုင်းရှိ ကာ့ဒ် ပြည်သူ့ ကာကွယ်ရေး ညီညွတ်မှုအဖွဲ့ (YPG) မှ တပ်ဖွဲ့ဝင် များနှင့် တိုက်ပွဲများ အကြီးအကျယ် ဖြစ်ပွား ခဲ့ပြီးနောက် ကာနီအာရာဘန် စက်မှုဇုန် မြို့ကြီးနှင့် မက်တာလာအယ်လ် ဂျာဒီဒါ မြို့များကို သိမ်းပိုက် ခဲ့ခြင်း ဖြစ်သည်။ အဆိုပါ တိုက်ခိုက်မှု များကြောင့် ဒေသခံ ပြည်သူ ရာပေါင်း များစွာမှာ တူရကီ နယ်စပ် အနီးသို့ ထွက်ပြေး တိမ်းရှောင် ခဲ့ရကြောင်း နှင့် ကာ့ဒ်တပ်ဖွဲ့ဝင် များနှင့် ISIS အစ္စလာမ္မစ် စစ်သွေးကြွ များအကြား ကိုဘာနီမြို့အနောက် တောင်ပိုင်းရှိ ဝင်ပေါက် အနီးတွင် တိုက်ပွဲများ အပြင်းအထန် ဆက်လက် ဖြစ်ပွားလျက် ရှိကြောင်း သိရသည်။ ယခုအခါ ရာပေါင်း များစွာသော ကာ့ဒ် တိုက်ခိုက်ရေး သမားများသည် တူရကီမှ တစ်ဆင့် ဆီးရီးယား နိုင်ငံအတွင်းသို့ ဝင်ရောက်၍ ISIS အစ္စလ

စစ်ကိုင်းတိုင်းဒေသကြီး ၌ ကိုးလတာကာလအတွင်း ယာဉ်တိုက်မှုများကြောင့် သေဆုံးသူ ၂၉၀ ဦးရှိခဲ့

မုံရွာ ၊ ၈-၁၀-၂၀၁၄ စစ်ကိုင်းတိုင်း ဒေသကြီး ၌ ယခုနှစ် ဇန်န၀ါရီလ ၁ ရက်မှ စက်တင်ဘာလ ၃၀ ရက်အထိ ကိုးလာတာ ကာလအတွင်း ယာဉ်တိုက်မှု များကြောင့် သေဆုံးသူ ၂၉၀ ဦး ရှိခဲ့ကြောင်း စစ်ကိုင်းတိုင်း ဒေသကြီး ၀န်ကြီးချုပ် ဦးသာအေး ၏ ပြောကြားချက် အရ သိရသည်။ စစ်ကိုင်းတိုင်း ဒေသကြီး အတွင်း၌ ခရိုင်မြို့ ၉ မြို့ ၊ မြို့နယ် ၃၇ ခု ၊ မြို့နယ်ခွဲ ၈ ခုရှိပြီး ကျေးရွာပေါင်း ၆၁၀၅ ရွာနှင့် ရပ်ကွက်ပေါင်း ၁၉၄၆ ရပ်ကွက် ရှိသည်။ လူဦးရေ အနေဖြင့် ၅၉၀၁၂၇၄ ဦးခန့် ရှိပြီး ယာဉ်အစီးရေ ၄၈၇၆၉၂ စီးရှိသည့် အတွက် ပျမ်းမျှ ၁၂ ဒသမ ၁၀ ဦးလျှင် ယာဉ် အသုံးပြုမှုမှာ တစ်စီးခန့် ဖြစ်ကြောင်း အမှတ် (၁၄) မုံရွာ ယာဉ်ထိန်း ရဲတပ်ဖွဲ့မှူးရုံး ၏ မှတ်တမ်းများ အရ သိရသည်။ စစ်ကိုင်းတိုင်း ဒေသကြီး ၌ ဖော်ပြပါ ကိုးလတာ ကာလအတွင်း ယာဉ်တိုက်မှု များနှင့် ပတ်သက်၍ ပြန်လည် သုံးသပ်ရာတွင် တစ်လလျှင် ပျမ်းမျှ ယာဉ်တိုက်မှု ၁၁၆ ဒသမ ၆၆ မှု ရှိသည်။ ထို့ကြောင့် တစ်နေ့လျှင် ပျမ်းမျှ ယာဉ်တိုက်မှု အနည်းဆုံး ၃ ဒသမ ၈၆ ကြိမ်ခန့် ဖြစ်ပွားလျက် ရှိကြောင်း သိရသည်။ အဆိုပါ ယာဉ်တိုက်မှု များကြောင့် ဒဏ်ရာ ရရှိသူ တစ်လလျှင် ပျမ်းမျှ ၂၂၀ ဒသမ ၇၇ ဦး ၊ သေဆုံးသူ တစ်လလျှင် ပျမ်းမျှ ၃၃ ဒသမ ၂၂ ဦး ရ

ဥရောပတိုက်မှာ အီဘိုလာပိုး မပျံ့နှံ့အောင် လုပ်ဆောင်ဖို့ မလွယ်တော့ဘူးလို့ ကမ္ဘာ့ကျန...

ဥရောပတိုက်မှာ အီဘိုလာပိုး မပျံ့နှံ့အောင် လုပ်ဆောင်ဖို့ မလွယ်တော့ဘူးလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ပြောပါတယ်။ အာဖရိကကို မသွားပဲ စပိန် သူနာပြု တစ်ဦး ရောဂါ ကူးစက် ခံရသလို တခြား လူလေးဦး ကိုလည်း ဆေးရုံ တင်ထားရပြီးနောက် ကမ္ဘာ့ကျန်းမာရေး အဖွဲ့က ပြောလိုက် တာပါ။ http://ift.tt/1vRPA3z အီဘိုလာပျံ့နှံ့မှုကို အီးယူ မရှောင်နိုင်တော့ဘူး -WHO - သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin www.thithtoolwin.com မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။ from Myanmar News Now's Facebook Wall http://ift.tt/1uZpFu7

သူရဲ့ကိုယ်ရေးကိုယ်တာ ဓာတ်ပုံတွေကို ဖောက်ထွင်းခိုးယူပြီး အွန်လိုင်းပေါ် အမှုဟာ လိ...

သူရဲ့ကိုယ်ရေးကိုယ်တာ ဓာတ်ပုံတွေကို ဖောက်ထွင်းခိုးယူပြီး အွန်လိုင်းပေါ် အမှုဟာ လိင်ပိုင်းဆိုင်ရာ ရာဇ၀တ်မှု မြောက်တယ်လို့ အော်စကာ ဆုရှင် ဂျနီဖာ လော့ရင့်က ပြောပါတယ်။ တခြား ရုပ်ရှင်မင်းသမီးတွေ၊ မော်ဒယ်တွေ၊ ထင်ပေါ်ကျော်ကြားသူတွေလိုပဲ ကိုယ်ရေးကိုယ်တာ ဓာတ်ပုံတွေ ဖော်ထွင်း ခိုးယူတာ ခံရပြီးနောက်မှာ ပထမဆုံးအနေနဲ့ ဟမ်းဂါးဂိမ်း ဇာတ်လမ်းတွဲနဲ့ နာမည်ကျော်လာတဲ့ မင်းသမီးက ပြောဆိုလိုက်တာပါ၊ http://ift.tt/1uZpFdp ဓာတ်ပုံ ခိုးယူပြီး အွန်လိုင်းပေါ်တင်မှု လိင်ပိုင်းဆိုင်ရာ ရာဇ၀တ်မှုဖြစ်ဟု ဂျနီဖာပြော - သ� www.thithtoolwin.com မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။ from Myanmar News Now's Facebook Wall http://ift.tt/1uZpDSR

သြစတြေးလျနိုင်ငံ ဘရစ်ဗိန်းမြို့မှာ အင်ဒိုနီးရှား အမျိုးသမီးတဦး သေဆုံးမှုကို ရဲတေ...

သြစတြေးလျနိုင်ငံ ဘရစ်ဗိန်းမြို့မှာ အင်ဒိုနီးရှား အမျိုးသမီးတဦး သေဆုံးမှုကို ရဲတွေက ဆက်လက်စုံစမ်း နေပါတယ်။ လိင်အင်္ဂါ ပြောင်းလဲ ထားသူ အသက် ၂၄ နှစ်အရွယ် မာယံပရာစီယိုရဲ့ အလောင်းကို စနေနေ့ညပိုင်းမှာ အာဏာပိုင်တွေက တွေ့ရှိခဲ့ရတယ်လို့ မီဒီယာတွေမှာ ဖော်ပြပါတယ်။ http://ift.tt/1vRPwAK လိင်အင်္ဂါပြောင်းထားသူ အင်ဒိုနီးရှား အမျိုးသမီး အသတ်ခံရမှု ရဲတပ်ဖွဲ့ စုံစမ်း - သစ်ထူးလွင� www.thithtoolwin.com မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။ from Myanmar News Now's Facebook Wall http://ift.tt/1uZpEWS

ပဲခူးတိုင်း သဲကုန်းမြို့နယ်မှာ သိမ်းဆည်းခံထားရတဲ့ လယ်ယာမြေတွေထဲ ၀င်ရောက်ထွန်ယက်မ...

ပဲခူးတိုင်း သဲကုန်းမြို့နယ်မှာ သိမ်းဆည်းခံထားရတဲ့ လယ်ယာမြေတွေထဲ ၀င်ရောက်ထွန်ယက်မှုနဲ့ တရားစွဲခံထားရတဲ့ လယ်သမား ငါးဦးအမှုအတွက် ပြည်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်နဲ့ သဲကုန်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးစိုးအောင်တို့ကို သက်သေအဖြစ် စစ်ဆေးပေးဖို့ လယ်သမားတွေဖက်က တင်ပြတာကို သဲကုန်းမြို့နယ် တရားရုံးက ဒီနေ့ ပယ်ချခဲ့ပါတယ်။ http://ift.tt/1uZpD5e လယ်သမားတွေဖက်က တင်ပြချက် သဲကုန်းမြို့နယ် တရားရုံးပယ်ချ - သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lw www.thithtoolwin.com မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။ from Myanmar News Now's Facebook Wall http://ift.tt/1vRPybQ

အလုပ်သမားတွေကို နစ်နာကြေးမပေးပဲ စက်ရုံ ပိတ်လိုက်တဲ့ ရန်ကုန်တိုင်း ဒေသကြီး လှိုင်သ...

အလုပ်သမားတွေကို နစ်နာကြေးမပေးပဲ စက်ရုံ ပိတ်လိုက်တဲ့ ရန်ကုန်တိုင်း ဒေသကြီး လှိုင်သာယာ စက်မှုဇုန် (၃) က Master Sports ဖိနပ်စက်ရုံပိုင် ပစ္စည်းတွေကို လေလံဆွဲဖို့ ဒီကနေ့အထိ ကြိုတင်ငွေ ကျပ်သိန်း ၁၀၀ စီ ပေးသွင်းထားတဲ့ လုပ်ငန်းရှင်အယောက် ၅၀ ရှိတယ်လို့ သိရပါတယ်။ http://ift.tt/1vRPvgn ဖိနပ်စက်ရုံပိုင် ပစ္စည်းတွေ လေလံတင်ရောင်းချမည် - သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin www.thithtoolwin.com မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။ from Myanmar News Now's Facebook Wall http://ift.tt/1uZpE9k

အင်္ဂါနေ့က သမ္မတအမိန့်နဲ့ လွတ်ငြိမ်းချမ်းသာခွင့် ပြုလိုက်တဲ့ အကျဉ်းသား ၃၀၀၀ ကျော်မှ...

အင်္ဂါနေ့က သမ္မတအမိန့်နဲ့ လွတ်ငြိမ်းချမ်းသာခွင့် ပြုလိုက်တဲ့ အကျဉ်းသား ၃၀၀၀ ကျော်မှာ လက်ရှိစာရင်းတွေအရ ကုလသမဂ္ဂက လွှတ်ပေးဖို့ တောင်းဆိုထားတဲ့ နိုင်ငံရေးအကျဉ်းသား စာရင်းတွေထဲက တဦး အပါအ၀င် အမှုတွဲ ၂ ဦး၊ AAPP က သတ်မှတ်ထားတဲ့ နိုင်ငံရေးအကျဉ်းသား ၁ ဦး စုစုပေါင်း ၄ ဦးပဲ ပါဝင်ပါတယ်။ http://ift.tt/1vRPwRa နိုင်ငံရေးအကျဉ်းသားအားလုံး ခြွင်းချက်မရှိ ပြန်လွှတ်ပေးဖို့ အမေရိကန်တောင်းဆို - သစ်ထူး www.thithtoolwin.com မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။ from Myanmar News Now's Facebook Wall http://ift.tt/1uZpC1k

ပြည်တွင်း အခွန်ဦးစီးဌာန အိမ်ခြံမြေ ကာလတန်ဖိုးစိစစ်ရေးအဖွဲ့က နေ ရန်ကုန်တိုင်းဒေသြ...

ပြည်တွင်း အခွန်ဦးစီးဌာန အိမ်ခြံမြေ ကာလတန်ဖိုးစိစစ်ရေးအဖွဲ့က နေ ရန်ကုန်တိုင်းဒေသကြီး မြို့နယ်အလိုက် တစ်စတုရန်းပေ အကျယ်အဝန်း မြေကွက်ဈေးနှုန်း တွေကို အရင်ကထက် ထက်ဝက်လောက် တိုးမြှင့်သတ်မှတ်မယ်ဆိုပြီး အိမ်ခြံမြေ လုပ်ငန်းရှင် တွေကို အကြောင်းကြားခဲ့တာ ဖြစ်ပါတယ်။ http://ift.tt/1uZpAGI ရန်ကုန်အိမ်ခြံမြေ အခွန်တိုးကောက်ဖို့ ပြင် - သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin www.thithtoolwin.com မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။ from Myanmar News Now's Facebook Wall http://ift.tt/1vRPusz

ထိုင်း လူသတ်မှုစစ်တဲ့ကိစ္စ ရဲချုပ် ကာကွယ်ပြောဆို

ထိုင်းနိုင်ငံ ကော့တောင်းကျွန်းမှာ ဗြိတိသျှ ခရီးသွားနှစ်ယောက်ကို သတ်ဖြတ်မှုနဲ့ ဖမ်းဆီးခံထားရတဲ့ မြန်မာနိုင်ငံသားနှစ်ယောက်အပေါ် ထိုင်းရဲတပ်ဖွဲ့အနေနဲ့ ခြိမ်းခြောက်အကြပ်ကိုင် အနိုင်အထက်ပြုပြီး အဓမ္မ ၀န်ခံခိုင်း ခဲ့တာမျိုး မရှိခဲ့ကြောင်း ထိုင်းရဲချုပ်က မနေ့က ခုခံကာကွယ် ပြောဆို ခဲ့ပါတယ်။ ဒီအမှုနဲ့ပတ်သက်ပြီး ထိုင်းရဲတပ်ဖွဲ့ရဲ့ စစ်ဆေးမေးမြန်းပုံတွေဟာ တရားနည်းလမ်းမကျကြောင်း စွပ်စွဲပြောဆိုမှုတွေ ကျယ်ကျယ်ပြန့်ပြန့် ပေါ်ထွက်နေသလို၊ ဒီအမှု မြန်မြန်ပြီးပြတ် အောင်ဆောင်ရွက်ဖို့လည်း ထိုင်းရဲတပ်ဖွဲ့အပေါ် ဖိအားပေးခံနေရတယ်လို့ ရိုက်တာသတင်းက ဖေါ်ပြပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်က မြန်မာနိုင်ငံသားနှစ်ယောက်က သူတို့ လူသတ်မှုကျူးလွန်ခဲ့ကြောင်း ၀န်ခံထွက်ဆိုခဲ့ကြသလို၊ အလောင်းတွေမှာတွေ့ရတဲ့ DNA ခေါ် မျိုးဗီဇတွေနဲ့ သူတို့ရဲ့ မျိုးဗီဇတွေ တူညီနေတာလည်း ငြင်းလို့မရကြောင်း ထိုင်းရဲတပ်ဖွဲ့က ပြောခဲ့ပါတယ်။ မနေ့ကကျင်းပခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာလည်း ထိုင်းအမျိုးသား ရဲချုပ်ဗိုလ်ချုပ်ကြီး ဆွန်ယွတ်က ဒီအမှုမှာပါဝင်ဆောင်ရွက်နေကြတဲ့ ရဲဝန်ထမ်းအားလုံးဟာ သူတို့တာဝန်ကို တကယ်ပဲ ကောင်းကောင်းမွန်မွန် ဆောင်ရွက်ခဲ့ကြတယ်ဆိုတာ အတိအလင်း ပြောချင်တယ်လို့ေ

နိုင်ငံရေးအကျဉ်းသားအားလုံး ခြွင်းချက်မရှိ ပြန်လွှတ်ပေးဖို့ အမေရိကန်တောင်းဆို

မြန်မာနိုင်ငံမှာ နိုင်ငံရေး အကျဉ်းသား အားလုံး ခြွင်းချက်မရှိ အမြန်ဆုံး လွှတ်ပေးဖို့ အမေရိကန်အစိုးရ အပါအ၀င် နိုင်ငံတကာ လူ့အခွင့်အရေး လှုပ်ရှားနေတဲ့ အဖွဲ့တွေက မနေ့က တောင်းဆို လိုက်ပါတယ်။ အင်္ဂါနေ့က သမ္မတအမိန့်နဲ့ လွတ်ငြိမ်းချမ်းသာခွင့် ပြုလိုက်တဲ့ အကျဉ်းသား ၃၀၀၀ ကျော်မှာ လက်ရှိစာရင်းတွေအရ ကုလသမဂ္ဂက လွှတ်ပေးဖို့ တောင်းဆိုထားတဲ့ နိုင်ငံရေးအကျဉ်းသား စာရင်းတွေထဲက တဦး အပါအ၀င် အမှုတွဲ ၂ ဦး၊ AAPP က သတ်မှတ်ထားတဲ့ နိုင်ငံရေးအကျဉ်းသား ၁ ဦး စုစုပေါင်း ၄ ဦးပဲ ပါဝင်ပါတယ်။ အပြည့်အစုံကို မအင်းကြင်းနိုင်က တင်ပြထားပါတယ်။ အင်္ဂါနေ့က လွှတ်ပေးလိုက်တဲ့ အကျဉ်းသားတွေထဲမှာ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Ms. Yanghee Lee ကနေ လွှတ်ပေးဖို့ တောင်းဆိုထားတဲ့ MSF နယ်စည်းမထား ဆရာဝန်များအဖွဲ့ ၀န်ထမ်းဟောင်း ရှေ့နေ ဦးကျော်လှအောင်နဲ့ အမှုတွဲဖြစ်တဲ့ ဦးကျော်မြင့်နဲ့ သားအဖလည်း ပါဝင်ပါတယ်။ ဒါ့အပြင် KIA နဲ့ ဆက်သွယ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးခံထားရတဲ့ တိုင်းရင်းသား ကိုမာလဟာ မြစ်ကြီးနားထောင်ကနေ လွတ်မြောက်လာတယ်လို့ AAPP နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း ကိုဘိုကြည်က ပြောပါတယ်။ ဒီတကြိမ် သမ္မတလ

ကော့တောင်ကျွန်းက လူသတ်မှု ဖြစ်ပွားခဲ့ရာ နေရာကို မြန်မာအဖွဲ့ သွားကြည့်

ဗြိတိသျှ လူမျိုး နှစ်ဦးကို မြန်မာ ရွှေ့ပြောင်း အလုပ်သမားတွေ သတ်ခဲ့တယ်လို့ ထိုင်းရဲက စွပ်စွဲနေတဲ့ ထိုင်းနိုင်ငံ ကော့တောင်ကျွန်းက အခင်းဖြစ်ပွားခဲ့ရာ နေရာကို ရွှေ့ပြောင်း အလုပ်သမားများ ကူညီစောင့်ရှောက်ရေး အဖွဲ့နဲ့အတူ မြန်မာသံရုံး ဝန်ထမ်းတွေ အင်္ဂ࿿ါနေ့က သွားရောက်ခဲ့ပြီး ဓါတ်ပုံရိုက်၊ အချက်အလက် စုဆောင်းတာတွေ လုပ်ခဲ့ကြပါတယ်။ အခင်း ဖြစ်ပြီးတဲ့နောက်ပိုင်း ကော့တောင်ကျွန်းမှာ ရှိနေတဲ့ မြန်မာနိုင်ငံသားတွေ အနေနဲ့ ဘဝ မလုံခြုံ မှု အန္တရာယ်တွေ ရှိနေတယ် ဆိုတဲ့ စိုးရိမ်မှုတွေ ထွက်ပေါ်နေတာကြောင့် သူတို့ကို ဥပဒေဘောင်အတွင်းကနေ အကာအကွယ် ပေးဖို့ ထိုင်းအာဏာပိုင် အဖွဲ့အစည်းတွေကို ပြောပြခဲ့သလို မြန်မာနိုင်ငံသား တွေကိုလည်း အားပေး စကားတွေ ပြောခဲ့တယ်လို့ ဘန်ကောက် မြန်မာ သံရုံး ဒုတိယ အတွင်းဝန် ဦးထွန်းအေးက ဘီဘီစီကို ပြောပါတယ်။ ဒီလူသတ်မှုကို မြန်မာတွေ ကျူးလွန်ခဲ့တာ မဖြစ်နိုင်ဘူးလို့ အဲဒီမှာ ရှိတဲ့ မြန်မာတွေက ယူဆနေကြပေမယ့် လောလောဆယ်မှာ အခြေအနေမှန်ကို သိရဖို့ ကြိုးပမ်းနေဆဲ ဖြစ်တာကြောင့် မှန်တယ် မှားတယ် ဆိုတာကို သူ့အနေနဲ့ တပ်အပ် မပြောနိုင်သေးဘူးလို့ ဦးထွန်းအေးက ပြောပါတယ်။ ကော့တောင်ကျွန်းမှာ ရဲစခန်း ဒုစခန်းမှူးနဲ့ တွေ့ဆုံခဲ့သလိ

ရန်ကုန်အိမ်ခြံမြေ အခွန်တိုးကောက်ဖို့ ပြင်

ရန်ကုန်တိုင်းဒေသကြီး အတွင်း မြို့နယ် အလိုက် တစ်စတုရန်းပေ အကျယ်အဝန်း မြေကွက် ဈေးနှုန်းတွေရဲ့ တန်ဖိုး ကို အရင်ထက် တိုးပြီး သတ်မှတ်ဖို့ ရန်ကုန်တိုင်း အခွန်ဦးစီးဌာန အိမ်ခြံမြေ ကာလတန်ဖိုး စိစစ်ရေး အဖွဲ့က ပြင်ဆင်နေပါတယ်။ ပြည်တွင်း အခွန်ဦးစီးဌာန အိမ်ခြံမြေ ကာလတန်ဖိုးစိစစ်ရေးအဖွဲ့က နေ ရန်ကုန်တိုင်းဒေသကြီး မြို့နယ်အလိုက် တစ်စတုရန်းပေ အကျယ်အဝန်း မြေကွက်ဈေးနှုန်း တွေကို အရင်ကထက် ထက်ဝက်လောက် တိုးမြှင့်သတ်မှတ်မယ်ဆိုပြီး အိမ်ခြံမြေ လုပ်ငန်းရှင် တွေကို အကြောင်းကြားခဲ့တာ ဖြစ်ပါတယ်။ အခု ထုတ်ပြန်မယ်လို့ ပြင်ဆင် နေတဲ့ အိမ်ခြံမြေ ဈေးနှုန်းတွေ အရ တစ်စတုရန်းပေ မြေအကျယ်အဝန်း ဟာ ဗဟန်း၊ ကမာရွတ် ၊ စမ်းချောင်း မြို့နယ်တွေ မှာ ငွေကျပ် (၄)သိန်းလောက် အထိ ဈေးပေါက် နေတာပါ။ ဒီလို လုပ်တာ ဟာ အိမ်ခြံမြေ ရောင်းဝယ် နေသူတွေ အနေနဲ့ အခွန်လိမ်လို့ မရအောင်လုပ်တာဖြစ်ပြီး ဒါကြောင့်လည်း အိမ်ခြံမြေ ဈေးနှုန်း မြင့်တက်လာမှာ မဟုတ်ဘူးလို့ ဘဏ္ဍဍာရေး ဝန်ကြီးဌာန ပြည်ထောင်စု ဒုတိယ ဝန်ကြီး ဒေါက်တာ မောင်မောင်သိမ်းက ပြောပါတယ်။ တကယ်တမ်း ပြည်တွင်း အိမ်ခြံမြေ ဈေးကွက် မှာ အရောင်းအဝယ် လုပ်တဲ့သူတွေ ဟာ ကြိုက်ရောင်း ကြိုက်ဝယ်ဈေးနဲ့ လုပ်နေတာ ဖြစ်ပြီး အခု သတ

ရွှေလီမြို့တွင် ဓားခုတ်ကျူးလွန်ပြီး မြန်မာနိုင်ငံသို့ ထွက်ပြေးလာသူများကို ဖမ်းဆီး

မူဆယ် အောက်တိုဘာ ၇ တရုတ်နိုင်ငံ ရွှေလီမြို့တွင် ဓားခုတ်မှု ကျူးလွန်ပြီး မြန်မာနိုင်ငံ ဘက်သို့ ထွက်ပြေး လာသူများအား ဖမ်းဆီးအရေးယူ ပေးပါရန် ရွှေလီရဲတပ်ဖွဲ့က မူဆယ်မြို့မ ရဲစခန်းသို့ အောက်တိုဘာ ၆ ရက်တွင် အကြောင်း ကြားစာပေးပို့ခဲ့ရာ မူဆယ်မြို့မရဲစခန်းက ပြစ်မှု ကျူးလွန်သူနှစ်ဦး အနက်တစ်ဦးကို နာရီပိုင်းအတွင်း ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်မှာ စက်တင်ဘာ ၁၈ ရက် ည ၁၁ နာရီခွဲခန့်က ရွှေလီမြို့နောင်လာပန်းခြံအနီးတွင် ဓားခုတ်မှု ဖြစ်ပွားခဲ့ရာ ယူနန်ပြည်နယ် ပေါက်ဆန်းခရိုင် လုံလင်ကျန်အမ်းမြို့ ပန်ဖိုက်ကျေးရွာနေ တရုတ်နိုင်ငံသား လီကြားဟွေ(၂၅နှစ်)တွင်ပြတ်ရှ ဒဏ်ရာများရရှိခဲ့ကာ ရွှေလီမြို့သို့ခေတ္တရောက်နေသူ ကွတ်ခိုင်မြို့နယ် မော်ဟန်ကျေးရွာနေ မြန်မာနိုင်ငံသူ မမာပန်(ခ) တောင်းရှန်ဖင့်(၂၁နှစ်)တွင် ပြတ်ရှဒဏ်ရာများရရှိခဲ့ပြီး ရွှေလီဆေးရုံတွင်တက်ရောက်၍ဆေးဝါးကုသမှုခံယူခဲ့ရသည်။ အခင်းဖြစ်နေရာတွင် အရိုးအသွား ၂ဝ လက်မခန့်ရှိ ဓားရှည် နှစ်လက်၊ သံပိုက်ချောင်းတစ်ချောင်း၊ လက်ကိုင်ဖုန်းနှစ်လုံး၊ အနက်ရောင်ကျောပိုးအိတ်တစ်လုံးနှင့် အင်္ကျီ၊ ဖိနပ် တို့ကိုတွေ့ရှိသိမ်းဆည်းခဲ့သည်။ စုံစမ်းဖော်ထုတ်ချက်အရ ပြစ်မှုကျူးလွန်သူများမှာ မြန်မာနိုင်ငံသ

တောင်နဲ့ မြောက်ကိုရီးယား အပြန်အလှန် သတိပေးပစ်ခတ်

မြောက်နဲ့ တောင်ကိုရီးယား ၂ နိုင်ငံကြား ဆက်ဆံရေး တိုးတက်ဖို့ ရည်ရွယ်တဲ့ အဆင့်မြင့် ဆွေးနွေးပွဲတွေ ကျင်းပဖို့ နှစ်ဘက် သဘောတူခဲ့ကြပြီး ရက်ပိုင်း အတွင်းမှာပဲ မြောက်နဲ့ တောင်ကိုရီးယားရဲ့ စစ်သင်္ဘော တွေ အပြန်အလှန် သတိပေး ပစ်ခတ်ခဲ့ပါတယ်။ အနောက်ဘက် ကမ်းရိုးတန်းအကျော်က မြောက်ပိုင်း ကန့်သတ်မျဉ်း ဆိုတဲ့နေရာကို မြောက်ကိုရီးယား သင်္ဘော ဖြတ်ကျော် ခဲ့တာကြောင့် တောင်ကိုရီးယား ရေတပ်သင်္ဘောက သတိပေး ပစ်ခတ်ခဲ့တယ်လို့ တောင်ကိုရီးယား ကာကွယ်ရေး အရာရှိတွေက ပြောပါတယ်။ မြောက်ကိုရီးယား သင်္ဘောက ပြန်မဆုတ်ဘဲ ပြန်လည် ပစ်ခတ်ခဲ့တာပါ။ အင်္ဂါနေ့အစောပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်အတွင်း နှစ်ဘက်စလုံးက တဘက်နဲ့တဘက် ထိအောင် ပစ်ခတ်တာမဟုတ်ဘဲ ထိခိုက်ဒဏ်ရာရမှုသတင်း မကြားရဘူးလို့ နာမည်မပြောချင်တဲ့ အရာရှိက ပြောပါတယ်။ တောင်ကိုရီးယား သင်္ဘောက ၁၀ မိနစ်လောက်အတွင်းမှာ ကျည်အချက် ၉၀ လောက် ပစ်ခတ်ခဲ့တယ်လို့ သူတို့က ပြောပါတယ်။ မြောက်ကိုရီးယားက ဒီ ပင်လယ်ဝါထဲက အလွတ်သဘော သတ်မှတ်ထားတဲ့ ရေနယ်နမိတ်မျဉ်းကို ဘယ်တော့မှ အသိအမှတ် မပြုတာကြောင့် ဒီလို ထိပ်တိုက် ရင်ဆိုင်မှုတွေ မကြာခဏ ဖြစ်လေ့ရှိပါတယ်။ ဒါပေမဲ့လည်း တောင်ကိုရီးယားနိုင်ငံမှာ စနေနေ့က ပြုလုပ် အာရှအားကစားပြ

သုတစုံလင် အမေရိကန်တခွင် (DV ကံစမ်းမဲအစီအစဉ်)

အမေရိကန် ပြည်ထောင်စုမှာ အခြေချ ရွှေ့ပြောင်း နေထိုင်ခွင့်ရမယ့် အမေရိကန် အစိုးရရဲ့ DV ကံစမ်းမဲအစီအစဉ်အတွက် လျှောက်လွှာတွေကို စတင်လက်ခံနေပါပြီ။ DV ကံစမ်းမဲနဲ့ ပါတ်သတ်လို့ သိလိုသူတွေအတွက်တော့ မြန်မာပြည် ရန်ကုန်နဲ့ မန္တလေးမြို့တွေမှာ ဟောပြောပွဲတွေ ကျင်းပသွားမယ့် အကြောင်း ရန်ကုန်မြို့ အမေရိကန်သံရုံးက ကြေညာချက် ထုတ်ပြန်ထားပါတယ်။ ခုတပါတ် သုတစုံလင် အမေရိကန်တခွင် အစီအစဉ်မှာ DV ကံစမ်းမဲနဲ့ ပါတ်သတ်လို့ ကိုအောင်အောင်က မအင်ကြင်းနိုင်နဲ့အတူ ပူးတွဲ တင်ပြ ထားပါတယ်။ from သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin http://ift.tt/1uyXh0e

သေဆုံးသူ နှစ်ဦးမှာ အမျိုးသား တစ်ဦးနှင့် အမျိုးသမီး တစ်ဦးဖြစ်ပြီး ယင်းတို့ မှာ...

သေဆုံးသူ နှစ်ဦးမှာ အမျိုးသား တစ်ဦးနှင့် အမျိုးသမီး တစ်ဦးဖြစ်ပြီး ယင်းတို့ မှာ ချစ်သူသမီး ရည်းစားဖြစ်ပြီး ယင်းတို့ မှာ ချစ်သူသမီး ရည်းစားဖြစ်ကြောင်း၊ ၄င်းတို့ နှစ်ဦးမှာ ပျဉ်းမနားမြို့  တောင်သာ ရပ်ကွက်အုပ်စု၌ နေထိုင်ကြသူများ ဖြစ်ကြောင်း သေဆုံးသူ အမျိုးသားမှာ အသက်(၃၉)နှစ်နှင့် အမျိုးသမီးမှာ အသက်(၃၂)နှစ်ရှိ ပြီဖြစ်ကြောင်း သိရသည်။ သေဆုံး သူနှစ်ဦး အနက် အမျိုးသား ရုပ်အလောင်းမှာ ပြတ်ကျလျက် ရှိသော ဓာတ်အားပေး လိုင်းကြိုးကို ၀ဲဘက်လက်ဖြင့် ဆွဲကိုင်ကာ သေဆုံးနေခြင်း ဖြစ်ကြောင်း၊ http://ift.tt/1vR5vz0 နေပြည်တော်မှာ ချစ်သူနှစ်ဦး ဓာတ်လိုက် သေဆုံးမှု ဖြစ်ပွား - သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo L www.thithtoolwin.com မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။ from Myanmar News Now's Facebook Wall http://ift.tt/10Mwkv4