Skip to main content

Posts

Showing posts from April 14, 2014

THINGYAN MINI MUSIC CONCERT @ MYAING HAY WON PARK

# ဇော်ဝင်းထွဋ် နှင့် အခြားတေးသံရှင်များစွာ ပါဝင်ဆင်နွှဲကြမယ့် (၈) မိုင် မြိုင်ဟေ၀န်ပန်းခြံထဲမှ မြန်မာ့ရိုးရာ ရေသဘင်ပျော်ပွဲရွှင်ပွဲ စာနယ်ဇင်းရှင်းလင်းပွဲ # This is the video of the Press Conference of Thingyan Festival Funfair & Mini Music Concert of Myaing Hay Won Park, was held at the Friendship restaurant in Yangon on April 7, 2014. Myaing Hay Won Park Thingyan Festival Concert is organized by well-known rock singer Zaw Win Htut and will be held during Myanmar Thingyan Festival, from April 13 to 16. THINGYAN MINI MUSIC CONCERT @ MYAING HAY WON PARK, Youtube! THINGYAN MINI MUSIC CONCERT @ MYAING HAY WON PARK, Vimeo! from Myanmar Celebrity: Gossip, News, Video, Photo, Fashion, Entertainment http://ift.tt/1iOm3Bo

ယခုနှစ်ရန်ကုန် မဟာသင်္ကြန် အကျနေ့တွင် ပြည်လမ်း၊ ကန်တော်ကြီး ကန်ပတ်လမ်းနှင့် ကမ္ဘာအး...

ယခုနှစ်ရန်ကုန် မဟာသင်္ကြန် အကျနေ့တွင် ပြည်လမ်း၊ ကန်တော်ကြီး ကန်ပတ်လမ်းနှင့် ကမ္ဘာအးဘုရားလမ်း တို့တွင်စည်ကား ၂၀၁၄ ခုနှစ် သင်္ကြန်အကျနေ့ (ဧပြီ ၁၄ရက်) တွင် ဖျော်ဖြေရေးမဏ္ဍပ်များနှင့် ရေကစားမဏ္ဍပ်များ တည်ရှိသည့် ပြည်လမ်း၊ ကန်တော်ကြီး ကန်ပတ်လမ်းနှင့် ကမ္ဘာအးဘုရားလမ်းတို့တွင် ရေကစားသူများဖြင့်စည်ကား ခဲ့သည်ကိုတွေ့ရသည်။ သင်္ကြန်အကျနေ့တွင် ကမ္ဘာအေးဘုရား လမ်းပေါ်ရှိ မဏ္ဍပ်အများစုတွင် ရေကစားသူများ များပြားသော်လည်း ယခင်နှစ်လောက် ကားလမ်းပိတ်ဆို့မှု မဖြစ်ခဲ့သည်ကို တွေ့ရသည်။ ထို့ပြင်ယခင်နှစ်များကဲ့သို့ ယာဉ်ထိန်းရဲ အများအပြားဖြင့် လမ်းရှင်းမှုများ မပြုလုပ်ခဲ့ဘဲ ကားပေါ်မှ လူငယ်အချို့ကမူ လမ်းလယ်ဘလောက်စ်တုံးများကို ရွှေ့ပြောင်းမှုများ ပြုလုပ်ခဲ့သည်ကို တွေ့ရသည်။ "မနှစ်ကဆိုရင် ဒီနေရာမှာ လမ်းတွေ ပိတ်ဆို့နေပြီ။ အခုက တော်တော် ရှင်းတယ်။ ဘာကြောင့်လဲတော့ မသိဘူး" ဟု စက်မှု (၁) လမ်းမပေါ်ရှိ အငှားယာဉ်မောင်း တစ်ဦးက ပြောကြားသည်။ ရန်ကုန်မြို့ ပြည်လမ်းရှိ မဏ္ဍပ်အများစုတွင်မူ ညနေပိုင်းတွင် အလွန်စည်ကားမှုများ ရှိခဲ့သည်ကို တွေ့ရသည်။ အထူးသဖြင့် Iron Cross အဖွဲ့ ဖျော်ဖြေသည့် Air Bagan မဏ္ဍပ်တွင် သင်္ကြန်လည်ပတ်သူများဖြင့် အလွန်စည်ကားခဲ့ပြီး ကြ

သင်္ကြန်ကာလအတွင်းတွင် ၀မ်းရေး အတွက် ဖြေရှင်းကြရသူများ မဇ္စျိမသတင်းအဖွဲ့ သင်္ကြန်ကာလ...

သင်္ကြန်ကာလအတွင်းတွင် ၀မ်းရေး အတွက် ဖြေရှင်းကြရသူများ မဇ္စျိမသတင်းအဖွဲ့ သင်္ကြန်ကာလအတွင်းတွင် ၀မ်းရေးအတွက် လှည့်လည် တောင်းရမ်းကာ စားသောက်ဖြေရှင်းကြရသည့် သက်ကြီးရွယ်အိုများကို ၂၀၁၄ခုနှစ် သင်္ကြန်ကာလတွင် တွေ့မြင်ရမှုသည် ပိုမို များပြားလာသည်။ အဆိုပါသက်ကြီးရွယ်အိုများသည် ယင်းကာလအတွင်း၌ ၀မ်းရေးအတွက် ဖြေရှင်းကြရာတွင် လာရောက်လှူဒါန်းကြသည့်သူများသည် များပြားကြခြင်းကြောင့် ၀င်ငွေများပြားသည်ဟု ဆိုကြသည်။ from Mizzima - News in Burmese's Facebook Wall http://ift.tt/1iO9iGS

သင်္ကြန်အတွင်း အရက်မရောင်းချရန် တားမြစ်ထားသော်လည်း ဘီယာများနှင့် အရက်များ ရောင်းချ...

သင်္ကြန်အတွင်း အရက်မရောင်းချရန် တားမြစ်ထားသော်လည်း ဘီယာများနှင့် အရက်များ ရောင်းချ သင်္ကြန်အတွင်း အရက်များမရောင်းချရန် အစိုးရပိုင်းအနေဖြင့် တားမြစ်ထားသော်လည်း ဘီယာများနှင့် အရက်များကို လက်တွင်ကိုင်ကာ ရောင်းချသူတချို့သည် လှည်လည်ရောင်းချလျက်ရှိသည်။ ယင်းကဲ့သို့ရောင်းချမှုများကို ကမ္ဘာအေးဘုရားလမ်းရှိ မဏ္ဍာပ်များတွင် ရောင်းချသူများကို တွေ့မြင်ရခြင်းဖြစ်သည်။ အဆိုပါရောင်းချသူများသည် အရွယ်ရောက်သူများနှင့် အရွယ်မရောက်သေးသည့် ကလေးသူငယ်များကိုယ်တိုင် ရောင်းချနေကြခြင်းဖြစ်သည်။ from Mizzima - News in Burmese's Facebook Wall http://ift.tt/1iO9hmc

http://ift.tt/1hERqSi...

http://ift.tt/1hERqSo သင်္ကြန်တွင်း အစားအစာများ ပိုမိုဈေးတင်ကာ ရောင်းချ http://ift.tt/OTcCHv သင်္ကြန်တွင်း အစားအစာများရောင်းချမှုသည် ယခင်နေ့များထက် ပိုမိုဈေးတင်ကာရောင်းချကြသည်ဟု မဏ္ဍာပ်များတွင် ဈေးရောင်းချနေသည့် ဈေးသည်များက မဇ္စျိမသို့ပြောသည် from Mizzima - News in Burmese's Facebook Wall http://ift.tt/1hERqSq
သင်္ကြန်အကျနေ့ညနေပိုင်း ပြည်လမ်းပေါ်ရှိ မဏ္ဍပ်များ၏ဖျော်ဖြေမှုမြင်ကွင်း from Eleven Media Group's Facebook Wall http://ift.tt/1m2cmSI
သင်္ကြန်အကျနေ့ ညနေပိုင်း ကန်တော်ကြီးကန်ပတ်လမ်း မြင်ကွင်း from Eleven Media Group's Facebook Wall http://ift.tt/1iipsue

ထိုင်းနိုင်ငံမှ နာမည်ကြီးအမျိုးသမီး အကအဖွဲ့ မြန်မာ့သင်္ကြန်တွင် လာရောက် ဖျော်ဖြေ...

ထိုင်းနိုင်ငံမှ နာမည်ကြီးအမျိုးသမီး အကအဖွဲ့ မြန်မာ့သင်္ကြန်တွင် လာရောက် ဖျော်ဖြေ မဇ္စျိမသတင်းအဖွဲ့ ထိုင်းနိုင်ငံမှနာမည်ကြီး အမျိုးသမီးအဖွဲ့(Bangkok Dancer Group) သည် ဂျွန်လွင်(Star & Model )၏ ဖိတ်ကြားချက်ဖြင့် ဧပြီ ၁၃ရက်မှစတင်ကာ သင်္ကြန်ကာလပြီးသည့်အထိ ကပြဖျော်ဖြေနေကြသည်။ ယင်းအကအဖွဲ့တွင် Chompoo၊ Nidta၊Oata၊ Puifai၊ Deardy၊ Ninew၊ Numpueng၊ Yinggy ရှစ်ယောက်အဖွဲ့ဖြင့် ပါဝင်ဖွဲ့စည်းထားခြင်းဖြစ်သည်။ from Mizzima - News in Burmese's Facebook Wall http://ift.tt/1eEZhcJ

Junction Square ၏ ကြော်ငြာဆိုင်းဘုတ်အား ဖြုတ်ချစဉ် ကရိန်းကား၏ Boom တံကျိုး၍ 33 K...

Junction Square ၏ ကြော်ငြာဆိုင်းဘုတ်အား ဖြုတ်ချစဉ် ကရိန်းကား၏ Boom တံကျိုး၍ 33 KV ဓာတ်အားလိုင်းပေါ်သို့ ဆိုင်းဘုတ်ပြုတ်ကျခဲ့ပြီး ဓာတ်တိုင် ၉ တိုင်ကျိုးပဲ့ပျက်စီး၊ ကမာရွတ်၊ စမ်းချောင်းနှင့် ဗဟန်းမြို့နယ်တို့၌ လျှပ်စစ်ဓာတ်အား ခေတ္တပြတ်တောက်ခဲ့ Junction Square Shopping Mall ၏ ကြော်ငြာဆိုင်းဘုတ်အား ကရိန်းကားဖြင့် ဖြုတ်ချစဉ် ကရိန်းကား၏ Boom တံ ကျိုးကျ၍ 33 KV ဓာတ်အားလိုင်းပေါ်သို့ ပြုတ်ကျခဲ့ပြီး ကမာရွတ်မြို့နယ် ကျွန်းတောလမ်းမပေါ်ရှိ ဓာတ်တိုင် ၉ တိုင် ကျိုးပဲ့ပျက်စီးခဲ့ကြောင်း သတင်းရရှိပါသည်။ ယင်းကဲ့သို့ ဓာတ်တိုင်များကျိုးပဲ့ ပျက်စီးမှုကြောင့် ကမာရွတ်၊ စမ်းချောင်းနှင့် ဗဟန်းမြို့နယ်တို့တွင် လျှပ်စစ်ဓာတ်အား ခေတ္တပြတ်တောက်ခဲ့ကြောင်း သိရသည်။ ဧပြီလ ၁၄ ရက်နေ့(သင်္ကြန်အကျနေ့) နေ့လည် ၁ နာရီ မိနစ် ၃၀ ခန့်က ရွှေတောင်ကုမ္ပဏီပိုင် Junction Square Shopping Mall ၏ အလျားပေ ၄၀၊ အနံ ပေ ၂၀ရှိ ကြော်ငြာဆိုင်းဘုတ်အား ကရိန်းကားဖြင့် ဖြုတ်ချခဲ့ရာတွင် ကြော်ငြာဆိုင်းဘုတ်၏ ၀န်အားနှင့် ကရိန်းကား၏ ခံနိုင်ဝန် မျှ တမှုမရှိဘဲ ကရိန်းကား၏ Boom တံကျိုးကျ၍ 33KV ဓာတ်အားလိုင်းပေါ်သို့ ပြုတ်ကျခဲ့သည်။ ယင်းသို့ပြုတ်ကျမှုကြောင့် ကမာရွတ်မြို့နယ်

သင်္ကြန်အကြိုနေ့တွင် မျှော်စင်ကျွန်းရှိ Grand Royal မဏ္ဍာပ်တွင်ဖျော်ဖြေကြသူများ၏ ၀တ်...

သင်္ကြန်အကြိုနေ့တွင် မျှော်စင်ကျွန်းရှိ Grand Royal မဏ္ဍာပ်တွင်ဖျော်ဖြေကြသူများ၏ ၀တ်စားဆင်ယင်မှု ဝေဖန်ချက်ကို ဂျွန်လွင်(Star & Model ) မှ ပြန်လည်ပြောကြား ကြည်ဆုသာ| တနင်္လာနေ့၊ ဧပြီလ ၁၄ရက်၊ ၂၀၁၄ ခုနှစ် ဧပြီ၁၃ရက်သင်္ကြန်အကြိုနေ့တွင် မျှော်စင်ကျွန်းရှိ Grand Royal ၏ Foam party မဏ္ဍာပ်တွင် ဖျော်ဖြေကြသူများ၏ ၀တ်စားဆင်ယင်မှု ဝေဖန်ချက်များနှင့်ပက်သက်ပြီး ဂျွန်လွင်(Star & Model) မှ မဇ္စျိမသို့ ပြန်လည်ပြောကြားခဲ့သည်။ "ပထမရက်က ဖျော်ဖြေမှုနဲ့ပက်သက်ပြီးတော့ ဝေဖန်သံတွေကြားရပေမယ့် ကျွန်တော် မဖြေရှင်းချင်ပါဘူး။ ခေတ်တွေကလည်း ပြောင်းနေပြီလေ။ သပြေခတ်နဲပက်တဲ့ ခေတ်လည်း မဟုတ်တော့ပါဘူး။ ဒါပေမယ့်ကျွန်တော်က ဘန်ကောက်က အကသမားတွေကိုခေါ်တာ လူစိတ်ဝင်စားစေချင်တဲ့ သဘောမျိုးပါ။ ဒါကို အကောင်းမြင်တဲ့သူရှိသလို အကောင်းမမြင်တဲ့သူတွေလည်း ရှိပါတယ်။ ပြောချင်တဲ့သူတွေကလည်း ပြောနေမှာပါပဲ။ ယိုးဒယား အကသမားတွေရဲ့ ၀တ်စားဆင်ယင်မှု အနည်းငယ်ပေါ်သွားတာကိုပဲ ရိုက်ပြီးတင်ကြတာပါ။ တစ်ပွဲလုံးလည်းကြည့်စေချင်ပါတယ်။ အခုကလည်း ဒီမိုကရေစီခေတ်ဆိုတော့ ဝေဖန်ချင်သလို ဝေဖန်ခွင့်ရှိပါတယ်။ ကျွန်တော်က မကောင်းတာလုပ်တာ မဟုတ်ပါဘူး။ မြန်မာသင်္ကြန်ကို အရုပ်ဆိုးအော

သင်္ကြန်အကျနေ့ လိုင်ဇာမြို့ မြင်ကွင်း Photo by Hkun Latt

သင်္ကြန်အကျနေ့ လိုင်ဇာမြို့ မြင်ကွင်း Photo by Hkun Latt from Popular Myanmar News Journal's Facebook Wall http://ift.tt/1iihWje

http://ift.tt/1iNMhDZ...

http://ift.tt/1gvOo0U အနုပညာရှင်များ၏ သင်္ကြန်ပျော်ရွှင်မှုများနှင့်အတူ စိုးရိမ်စိတ်များ http://ift.tt/OTcCHv ဧပြီ၁၄ရက်တွင် ကျရောက်သည့်သင်္ကြန်အကျနေ့ တွင် အနုပညာရှင်များ သည်နေရာ အနှံ့ သွားရောက်ဖျော်ဖြေကြသည်။ အနုပညာရှင်များအနေဖြင့်နေရာ အနှံ့ သွားရောက်ဖျော်ဖြေကြသော်လည်း ၄င်းတို့၏ ရင်တွင်း ကိုယ်ဆီ၌ စိုးရိမ်စိတ်များဖြင့် သွားရောက်ကာ ဖျော်ဖြေ နေကြရသည် ဟု ၄င်းတို့ကမဇ္စျိမသို့ပြောသည်။ from Mizzima - News in Burmese's Facebook Wall http://ift.tt/1iNMhE5

ကန်တော်ကြီးမျှော်စင်ကျွန်း သင်္ကြန်အကျနေ့မြင်ကွင်းများ (ဓာတ်ပုံ - ဟိန်းထက်)

ကန်တော်ကြီးမျှော်စင်ကျွန်း သင်္ကြန်အကျနေ့မြင်ကွင်းများ (ဓာတ်ပုံ - ဟိန်းထက်) from Mizzima - News in Burmese's Facebook Wall http://ift.tt/1t0giYj