Skip to main content

Junction Square ၏ ကြော်ငြာဆိုင်းဘုတ်အား ဖြုတ်ချစဉ် ကရိန်းကား၏ Boom တံကျိုး၍ 33 K...



Junction Square ၏ ကြော်ငြာဆိုင်းဘုတ်အား ဖြုတ်ချစဉ် ကရိန်းကား၏ Boom တံကျိုး၍ 33 KV ဓာတ်အားလိုင်းပေါ်သို့ ဆိုင်းဘုတ်ပြုတ်ကျခဲ့ပြီး ဓာတ်တိုင် ၉ တိုင်ကျိုးပဲ့ပျက်စီး၊ ကမာရွတ်၊ စမ်းချောင်းနှင့် ဗဟန်းမြို့နယ်တို့၌ လျှပ်စစ်ဓာတ်အား ခေတ္တပြတ်တောက်ခဲ့



Junction Square Shopping Mall ၏ ကြော်ငြာဆိုင်းဘုတ်အား ကရိန်းကားဖြင့် ဖြုတ်ချစဉ် ကရိန်းကား၏ Boom တံ ကျိုးကျ၍ 33 KV ဓာတ်အားလိုင်းပေါ်သို့ ပြုတ်ကျခဲ့ပြီး ကမာရွတ်မြို့နယ် ကျွန်းတောလမ်းမပေါ်ရှိ ဓာတ်တိုင် ၉ တိုင် ကျိုးပဲ့ပျက်စီးခဲ့ကြောင်း သတင်းရရှိပါသည်။



ယင်းကဲ့သို့ ဓာတ်တိုင်များကျိုးပဲ့ ပျက်စီးမှုကြောင့် ကမာရွတ်၊ စမ်းချောင်းနှင့် ဗဟန်းမြို့နယ်တို့တွင် လျှပ်စစ်ဓာတ်အား ခေတ္တပြတ်တောက်ခဲ့ကြောင်း သိရသည်။



ဧပြီလ ၁၄ ရက်နေ့(သင်္ကြန်အကျနေ့) နေ့လည် ၁ နာရီ မိနစ် ၃၀ ခန့်က ရွှေတောင်ကုမ္ပဏီပိုင် Junction Square Shopping Mall ၏ အလျားပေ ၄၀၊ အနံ ပေ ၂၀ရှိ ကြော်ငြာဆိုင်းဘုတ်အား ကရိန်းကားဖြင့် ဖြုတ်ချခဲ့ရာတွင် ကြော်ငြာဆိုင်းဘုတ်၏ ၀န်အားနှင့် ကရိန်းကား၏ ခံနိုင်ဝန် မျှ တမှုမရှိဘဲ ကရိန်းကား၏ Boom တံကျိုးကျ၍ 33KV ဓာတ်အားလိုင်းပေါ်သို့ ပြုတ်ကျခဲ့သည်။ ယင်းသို့ပြုတ်ကျမှုကြောင့် ကမာရွတ်မြို့နယ်၊ ကျွန်းတောလမ်းပေါ်ရှိ 33KV နှစ်ထပ်ဓာတ်အားလိုင်း သွယ်တန်းထားသည့် ဓာတ်တိုင် ၉ တိုင် ကျိုးပဲ့ပျက်စီးခဲ့သည်။



ရွှေတောင်ကုမ္ပဏီမှ ယင်းကဲ့သို့ Junction Square Shopping Mall ၏ ကြော်ငြာဆိုင်းဘုတ် ဖြုတ်ချမည်ဖြစ်ကြောင်းအား ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးအဖွဲ့ လက်အောက်ရှိ မြို့နယ်အုပ်ချုပ်ရေးမှူး ရုံးများသို့ အသိပေး အကြောင်းကြားခြင်း မရှိဘဲ သင်္ကြန်ကာလ ရုံးပိတ်ရက်အတွင်း ဖြုတ်ချခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။



"ဆိုင်းဘုတ်ရဲ့ အလေးချိန်ကို တွက်ချက်မှုမရှိဘဲ ၀န်အားမမျှတဲ့ ကရိန်းကားနဲ့ ဆိုင်းဘုတ်ကို ဖြုတ်ချပုံရပါတယ်။ အောက်မှာ ဓာတ်အားလိုင်းရှိတာကို သူတို့သိတော့ သိပါလိမ့်မယ်။ ဒါပေမယ့် ခုလိုဆိုင်းဘုတ် ဖြုတ်ချမယ်ဆိုတာကို ကျွန်တော်တို့ သက်ဆိုင်ရာ EPC ရုံးတွေကို အသိပေးအကြောင်း ကြားခြင်းမရှိဘဲ သူတို့ဘာသာ ဖြုတ်ချတဲ့အခါ ကရိန်းကားရဲ့ Boom တံကျိုးကျပြီး ကြော်ငြာဆိုင်းဘုတ်ကြီးက 33 KV ဓာတ်အားလိုင်းပေါ် ပြုတ်ကျပြီး ဓာတ်တိုင်တွေကို ဆွဲချိုးသလိုဖြစ်ပြီး ဓာတ်တိုင်တွေ အကုန်ကျိုးကုန်တာပါ။ တိုင်အားလုံးပေါင်း ၉ တိုင်ရှိပါတယ်။ ဓာတ်အား ပြတ်တောက်မှုကတော့ များပါတယ်။ ကမာရွတ် မြို့နယ်မှာဆိုရင် သုံးပုံနှစ်ပုံလောက် ဓာတ်အားပြတ်တောက် ခဲ့ပါတယ်။ ဒါ့အပြင် စမ်းချောင်းနဲ့ ဗဟန်းမြို့နယ် တွေမှာလည်း လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်" ဟု ကမာရွတ်မြို့နယ်မှ မြို့နယ်လျှပ်စစ် အင်ဂျင်နီယာ ဦးရဲမာန်ဦးက The Daily Eleven သတင်းစာသို့ ပြောပြခဲ့သည်။



"ဒီမတော်တဆမှုကို ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေး အဖွဲ့အနေနဲ့ အရေးပေါ် အခြေအနေအဖြစ် သတ်မှတ်ပြီး မြို့နယ် ၈ မြို့နယ်က လျှပ်စစ်ဝန်ထမ်းတွေနဲ့ လျှပ်စစ်ဓာတ်အား ပြန်လည်ရရှိအောင် လုပ်ဆောင်နေပါတယ်။ ခုလို ဓာတ်တိုင် ၉ တိုင်ကျိုးသွားတဲ့အတွက် လျှပ်စစ်မီးပြတ် ဧရိယာဖြစ်တဲ့ မြို့နယ်တွေကို အခြားမြို့နယ်ဓာတ်အားခွဲ ရုံတွေကနေ လျှပ်စစ်ဓာတ်အား ခွဲဝေပေးပြီး လျှပ်စစ်မီး ပြန်လည်ရရှိအောင် လုပ်ဆောင်ပေးခဲ့ပါတယ်" ဟု ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေး အဖွဲ့မှ အင်ဂျင်နီယာချုပ် ဦးရန်လင်းက The Daily Eleven သတင်းစာသို့ ပြောပြခဲ့သည်။



ယင်းကဲ့သို့ ဓာတ်တိုင်များ ကျိုးကျပြီး ဓာတ်အားပြတ်တောက်မှုအတွက် လျှပ်စစ်ဓာတ်အား ပြန်လည်ပေးဝေနိုင် ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေး အဖွဲ့သည် တန် ၅၀ ရှိ ကရိန်းကား တစ်စီး၊ ၁၀ တန် ကရိန်းကား တစ်စီးနှင့် ၃ တန် ကရိန်းကားတစ်စီး၊ လျှပ်စစ်ဝန်ထမ်း ၈၀ ခန့်ဖြင့် လျှပ်စစ်မီးပြတ်ဧရိယာများ လျှပ်စစ်ဓာတ်အား ပြန်လည်ရရှိရန် လုပ်ဆောင်နေကြောင်း သိရသည်။



နေ့လည် ၁ နာရီခွဲလောက် ကတည်းက မီးပြတ်သွားတာ။ အစကတော့ ဘာဖြစ်မှန်း မသိဘူး။ ညနေကျ ရေကစားဖို့ အပြင်ထွက်တော့မှ ကျွန်းတောလမ်းပေါ်မှာ ဓာတ်တိုင်တွေ အကုန်ကျိုးနေတာကို မြင်ရပြီး ဆိုင်းဘုတ်ပြုတ်ကျမှန်း သိတာ။ ကျွန်းတောလမ်း တစ်လမ်းလုံးက ဓာတ်တိုင်တွေ အကုန်ကျိုးပြီး သစ်ပင်ကြီးတွေပါ ကျိုးနေတာကို မြင်ရတာ နာဂစ်မုန်တိုင်းတိုက်ပြီး နောက်နေ့ မနက်အပြင်ထွက်တဲ့ မြင်ကွင်းအတိုင်းပဲ။ စိတ်ထဲမှာထင်လိုက်တာ မီးဘယ်နှစ်ရက် ပျက်မလဲလို့။ ဒါပေမယ့် ညနေ ၆ နာရီခွဲ တော့ မီးပြန်လာတယ်။ အဲလောက်မြန်မယ်တောင် မထင်ထားဘဲ မီးပြန်လာလို့ တော်တော်လေးကို ၀မ်းသာရပါတယ်" ဟု စမ်းချောင်းမြို့နယ်၊ ကျွန်းတောမြောက်ရပ်ကွက်၊ အောင်သပြေလမ်းတွင် နေထိုင်သူ မလဲ့လဲက ပြောပြခဲ့သည်။





from Eleven Media Group's Facebook Wall http://ift.tt/1gvZF16

Comments

Popular posts from this blog

(ဂရင်ဂျီနာ) ဖြစ်ပွားပါက ကုသနည်းနှင့် ကာကွယ်နည်းများ

ဂရင်ဂျီနာဟာ လိပ်ခေါင်းတစ်မျိုးဖြစ်ပြီး ကာလရှည်ကြာစွာ ဖြစ်တတ်တဲ့ ရောဂါတစ်မျိုး ဖြစ်ပါတယ်။ ဂရင်ဂျီအနာ ပေါက်ဟာ နီရဲတဲ့ သွေးလိုအရည်ကျတတ်တယ်။ ဆီးသွားတဲ့ အကြောနဲ့ယှဉ်တွဲနေလို့ ဆီးကျန်၊ ဆီးကျဉ်၊ဆီးပူခြင်းတို့ဖြစ်တတ်ပါတယ်။ စအိုပတ်လည်မှာ အဖုအပိမ့်များထွက်လာခြင်း၊ ယားယံခြင်း၊ ရောင်ခြင်း၊ နာကျင်ခြင်း၊ ကိုက်ခဲခြင်း၊ အနာနဲ့ အနာပေါက်လေးများ ထွက်ပေါ်လာရင် ဂရင်ဂျီနာ ဖြစ်လာ ပါတယ်။ ဂရင်ဂျီနာဖြစ်ခဲ့ရင် စအိုနှုတ်ခမ်း ဘေးပတ်လည်၊ ပေါင်၊ တင်ပါး၊ ဆီးခုံဝန်းကျင်မှာ ယားယံခြင်း၊ ရောင်ခြင်း၊ ဝမ်းချုပ်ခြင်း၊ ဆီးချုပ်ခြင်း၊ ဆီးနည်းခြင်းတွေ ဖြစ်တတ်တယ်။ လိင်အင်္ဂါဝန်းကျင် တစ်ဝိုက်မှ တင်ပါးအထိ ဖြစ်တတ်တယ်။ ဝမ်းချုပ်ခြင်း၊ အညောင်းထိုင်လွန်းခြင်း၊ အညှော်နံ့ခံရခြင်း၊ ရေချိုးမမှန်ခြင်း၊ တစ်ကိုယ်ရေ ကျန်းမာရေး မလိုက်စားသူတွေဟာ ဆီးခုံအစပ်မှာ အဖုငယ်များ ထွက်ပေါ်ကာ သွေးရည်ကြည်လို ကျနေတတ်သလို တချို့ကာလရှည်စွာ ပြည်ပုပ်များ ကျနေတတ်ပါတယ်။ ဂရင်ဂျီနာ၊ မြစ်ခြောက်နာက မြစ်စိုနာနဲ့ တွဲပြီး သားနံရေအနည်းငယ် သာကျကာ ချွေးပေါက်ပိတ်ဆို့ပြီး ကျစ်လျစ်မာကျောတဲ့ အမျှင်များနဲ့ ဖွဲ့စည်း ထားတတ်ပါတယ်။ အချိန်ကြာလာတာနဲ့အမျှ တစ်ဆင့်ပြီးတစ်ဆင့် အသားထဲ ထိုးဖေ

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က

TOP TEN of Miss Universe Myanmar 2014 Finalist

# TOP TEN of Miss Universe Myanmar 2014 Finalist # The 20 finalists of Miss Universe Myanmar 2014 are vying for the crown of Beauty Pageant, which will be held at the National Theater in Yangon on July 26. Here are MC's TOP TEN Selection ,,,, from Myanmar Celebrity: Gossip, News, Video, Photo, Fashion, Entertainment http://ift.tt/1q8GOM3