Skip to main content

Posts

Showing posts from May 31, 2014

မြစ်သားတွင် မင်္ဂလာဆောင်မှကျွေးသည့် နတ်သုဒ္ဓါစားရာမှ လူ ၁၈၀ ကျော် အစာအဆိပ်သင့် မန္တ...

မြစ်သားတွင် မင်္ဂလာဆောင်မှကျွေးသည့် နတ်သုဒ္ဓါစားရာမှ လူ ၁၈၀ ကျော် အစာအဆိပ်သင့် မန္တလေး၊ မေ ၃၁ မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် မြစ်သားမြို့နယ် ငါးဆူကျေးရွာတွင် မေလ ၃၁ ရက်နေ့ နံနက်ပိုင်းက မင်္ဂလာဧည့်ခံပွဲတွင် ကျွေးသော နတ်သုဒ္ဓါ စားရာမှ ဧည့်ခံပွဲလာသူ ၁၈၀ ကျော် အစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့ကြောင်း မြစ်သားမြို့နယ် ရဲတပ်ဖွဲ့စခန်းနှင့် မြစ်သားမြို့နယ် ပြည့်သူ့ဆေးရုံ ကူမဲတိုက်နယ် ဆေးရုံတို့မှ စုံစမ်းသိရှိရသည်။ အဆိုပါ နတ်သုဒ္ဓါကို စားပြီးနောက် အော့အန်ကာမူးမောခြင်း၊ ဝမ်းလျှော ၀မ်းပျက်ခြင်းများ ဖြစ်ပွားခဲ့ပြီး ယင်းအစာ အဆိပ်သင့်သူများအနက် မြစ်သားဆေးရုံနှင့် ကူမဲတိုက်နယ် ဆေးရုံတို့တွင် သွားရောက် ဆေးကုသမှု ခံယူသူများ ရှိသကဲ့သို့ မြို့နယ် ကျန်းမာရေး ဦးစီးဌာနက သွားရောက်၍ ငါးဆူဘုန်းတော်ကြီး ကျောင်းဝင်း အတွင်းတွင် လိုအပ်သည့် ဆေးဝါးကုသမှုများ ပြုလုပ်ပေးခဲ့ကြောင်း မြစ်သားမြို့နယ် ရဲတပ်ဖွဲ့စခန်းမှ နယ်ထိန်း ဒုရဲအုပ် မောင်မောင်လေးက The Voice သို့ ပြောကြားသည်။ “အကုန်လုံးကတော့ အစာဆိပ်သင့် ဖြစ်ပြီး ရောက်လာတာပဲ။ အခြေအနေကတော့ ကောင်းတယ်။ စိုးရိမ်စရာ မရှိဘူး။ အစာကိုတော့ ဓာတ်ခွဲစစ်ဆေးနေဆဲ ဖြစ်တယ်” ဟု ကူမဲတိုက်နယ်ဆေးရုံမှ တာ

ဧရာဝတီတိုင်း အင်အန်လ်ဒီ လူငယ်ညီလာခံ ကျင်းပပြီးစီး စည်သူမောင်မောင် ပုသိမ်၊ မဇ္ဈ...

ဧရာဝတီတိုင်း အင်အန်လ်ဒီ လူငယ်ညီလာခံ ကျင်းပပြီးစီး စည်သူမောင်မောင် ပုသိမ်၊ မဇ္ဈိမ။ ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဧရာဝတီတိုင်းလူငယ်ညီလာခံကို မေလ ၃၁ရက်က ပြုလုပ်ခဲ့ပြီး တက်ရောက်လာသည့် အင်အန်လ်ဒီ လူငယ်များထဲမှ လူငယ်လုပ်ငန်းတာဝန်ခံအဖွဲ့ကို မဲစနစ်ဖြင့် ရွေးချယ်ခဲ့သည်ဟု ဧရာဝတီတိုင်း လူငယ်ညီလာခံ ကျင်းပရေးကော်မရှင် အတွင်းရေးမှူး ဦးအောင်ကျော်စိုးက မဇ္ဈိမကို ပြောသည်။ “ညီလာခံက ရွေးချယ်ပေးလိုက်တယ် လူငယ်လုပ်ငန်းတာဝန်အဖွဲ့ ဝင်တွေပေါ့၊ ကျေနပ်ပါတယ်၊ နောင်တစ်ချိန်မှာ သူတို့ ခေါင်းဆောင်နေရာကို ယူလာရမယ့်လူငယ်တွေဖြစ်တယ်၊ ကျွန်တော်တို့ NLDပါတီအနေနဲ့  ဒီမိုကရေစီစနစ်အတိုင်း မဲစနစ်နဲ့ ရွေးချယ်ခဲ့တာဖြစ်တယ်၊ သူတို့ အားလုံးဟာ ဦးဆောင်နိုင်တဲ့ အရည်အချင်းရှိတဲ့သူတွေပါ သံသရာဖြစ်စရာမရှိပါဘူး”ဟု ဧရာဝတီတိုင်းဒေသကြီး ညီလာခံကျင်းပရေးကော်မရှင် အတွင်းအရေးမှူး ဦးအောင်ကျော်စိန်က ပြောသည်။ ဇွန်လတွင် ကျင်းပမည့် အင်အန်လ်ဒီ ဗဟိုညီလာခံသို့ ဧရာဝတီတိုင်းအတွင်းမှ ကိုယ်စားလှယ် ၁၅ဦး တက်ရောက်ရမည်ဖြစ်ရာ တိုင်းလူငယ်လုပ်ငန်းတာဝန်ခံအဖွဲဝင် ၁၉ဦးနှင့် အရံအဖွဲ့ ဝင် ၅ဦးကို ရွေးချယ်ခဲ့သည်။ “ကျွန်တော်တို့ လုပ်ခွင့်ရတဲ့နေရာ တိုင်းပြည်အတွက် ကို

သုံးနှစ်အရွယ် ကလေးငယ်တစ်ဦးကို ခွေးတစ်အုပ် ကိုက်ချီ ထားဝယ်၊ မေ ၃၁ တနင်္သာရီတိုင်...

သုံးနှစ်အရွယ် ကလေးငယ်တစ်ဦးကို ခွေးတစ်အုပ် ကိုက်ချီ ထားဝယ်၊ မေ ၃၁ တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့ ကြက်စားပြင်ရပ်ကွက်ရှိ မြလေးလမ်းတွင် သုံးနှစ်အရွယ် ကလေးငယ်တစ်ဦးကို ခွေးတစ်အုပ်က ဝိုင်းကိုက်ကာ စားရန်အတွက် ချီသွားခဲ့ကြောင်း ကလေး၏ မိသားစုများထံမှ သိရသည်။ ဖြစ်စဉ်မှာ မေလ ၂၇ ရက်နေ့ မွန်းလွဲ ၂ နာရီ ဝန်းကျင်တွင် ယင်းလမ်း မူလတန်းကျောင်းဘေးရှိ နေအိမ်တစ်အိမ်မှ သုံးနှစ်အရွယ် ကလေးတစ်ဦးနှင့် ငါးနှစ်အရွယ် ကလေးတစ်ဦးသည် လမ်းပေါ်ထွက်ကာ မိုးရေချိုးနေစဉ် အဆိုပါ ကျောင်းဝင်းအတွင်းမှ ခွေး လေး၊ ငါးကောင်ခန့် ပြေးထွက်လာကာ သုံးနှစ်အရွယ် ကလေးတစ်ဦးကို ကိုက်ချီသွားကြောင်း ကလေး၏ မိခင်ဖြစ်သူက ပြောကြားသည်။ “ကိုက်သွားတော့မှ သူ့အစ်ကိုက အိမ်ကိုလာပြီး ပြောတယ်။ လူကြီးတွေ လိုက်သွားတော့ ကလေးမှာ ဒဏ်ရာတွေ ရနေပြီ။ အဲဒီခွေးက လူကြီးတွေကိုတောင် ရန်ရှာသေးတယ်။ ဘေးက လူတွေလာမှ ပြေးသွားတာ” ဟု ကလေးငယ်၏ ဦးလေးတော်စပ်သူက ပြောဆိုသည်။ လက်ရှိတွင် ခွေးကိုက်ချီခံရသည့် ကလေးငယ်မှာ ထားဝယ်ပြည်သူ့ဆေးရုံတွင် ကုသမှု ခံယူနေရကြောင်း ကလေးငယ်၏ မိသားစုဝင်များထံမှ သိရသည်။ ယင်းခွေးများမှာ အထက်ပါ ရပ်ကွက်ရှိ မူလတန်းကျောင်းတွင် ပြီးခဲ့သည့် နှစ်ကတည်းက အုပ်စု

ပုဒ်မ ၁၇ (၁) ဖြင့် တရားစွဲ ခံထားရသည့် SNLD တာဝန်ခံ ပြန်လည် လွတ်မြောက် ကျိုင်းတု...

ပုဒ်မ ၁၇ (၁) ဖြင့် တရားစွဲ ခံထားရသည့် SNLD တာဝန်ခံ ပြန်လည် လွတ်မြောက် ကျိုင်းတုံ၊ မေ ၃၁ ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)၊ ရှမ်းပြည်နယ်တောင်ပိုင်း တပ်မတော် (SSA) နှင့် ဆက်သွယ်သည်ဟု ဆိုကာ မတရားအသင်း ဆက်သွယ်မှု အက်ဥပဒေ ပုဒ်မ ၁၇ (၁) ဖြင့် တရားစွဲ ခံထားရသည့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) နမ့်လင်းမိုင်ကျေးရွာ တာဝန်ခံ စိုင်းအိုက်ကျိန်း (ခ) အိုက်ကျိမ်းကို မေလ၂၉ ရက်နေ့ ညနေပိုင်းက ပြန်လွှတ်ပေးခဲ့ကြောင်း ကျိုင်းတုံမြို့နယ် ရဲတပ်ဖွဲ့မှူးနှင့် SNLD ပါတီ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်တို့က ပြောကြားသည်။ စိုင်းအိုက်ကျိန်း (ခ) အိုက်ကျိမ်းကို ကျိုင်းတုံမြို့နယ် ရဲစခန်းမှူးက မေလ ၂၂ ရက်နေ့တွင် ပုဒ်မ ၁၇ (၁) ဖြင့် တရားစွဲဆိုခဲ့ခြင်း ဖြစ်ရာ ယင်းမြို့နယ် ရဲတပ်ဖွဲ့စခန်းမှူးကပင် အမှုပြန်လည် ရုပ်သိမ်းပေးခဲ့ခြင်းကြောင့် အပြီးအပြတ် ပြန်လည်လွတ်မြောက်ခဲ့ခြင်း ဖြစ်ကြောင်း ကျိုင်းတုံမြို့နယ် ရဲတပ်ဖွဲ့မှူး ခင်မောင်သိန်းက ပြောဆိုသည်။ “တရားမစွဲတင်မီ ကျေအေးလွှာ တင်ပေးလိုက်လို့ လွတ်မြောက်လာတာပါ။ ကျေအေးလွှာ တင်ပေးဖို့လည်း ညွှန်ကြားထားတာ ရှိပါတယ်။ နိုင်ငံတော်သမ္မတကြီးနဲ့ SNLD ဘက်က တာဝန်ရှိတဲ့သူတွေ ညှိနှို

တစ်သောင်းတန် ငွေစက္ကူအတု အမှုစစ်ဆေးရာမှ တပ်သားတစ်ဦး ပါဝင်ကြောင်း ပေါ်ပေါက် မန္တလေး...

တစ်သောင်းတန် ငွေစက္ကူအတု အမှုစစ်ဆေးရာမှ တပ်သားတစ်ဦး ပါဝင်ကြောင်း ပေါ်ပေါက် မန္တလေး၊ မေ ၃၁ အမရပူရမြို့နယ် မြစ်ငယ်မြို့ မြို့မဈေးအတွင်း မေလ ၂၈ ရက်နေ့က ဈေးလာဝယ်သူ အမျိုးသမီးနှစ်ဦးထံမှ ကျပ်တစ်သောင်းတန် ငွေစက္ကူအတု ဖမ်းဆီးရမိမှုနှင့် ပတ်သက်ပြီး ၎င်းတို့ကို စစ်ဆေးရာမှ တပ်သားတစ်ဦး ပါဝင်နေကြောင်း မြစ်ငယ်မြို့နယ် ရဲတပ်ဖွဲ့စခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ စစ်ကိုင်းမြို့ မင်းဝံတောင်တက်လမ်းရှိ ခြင်္သေ့ကြီးနှစ်ကောင် အနီးတွင် အသားခြောက် ရောင်းချသည့် အမျိုးသမီးနှစ်ဦးသည် ငွေစက္ကူအတု ကိုင်ဆောင်ကာ မြစ်ငယ်မြို့မဈေးတွင် တစ်သောင်းတန် ငွေစက္ကူအတု ခုနစ်ရွက်ဖြင့် ဈေးဝယ်ခဲ့ကြောင်း၊ ဈေးသူဈေးသားများက မသင်္ကာ၍ သက်ဆိုင်ရာသို့ အကြောင်းကြားခဲ့ရာ ၎င်းတို့ကို မြစ်ငယ်မြို့မ ရဲတပ်ဖွဲ့စခန်းတွင် စစ်ဆေးခဲ့စဉ် တစ်သောင်းတန် ငွေစက္ကူအတု ခြောက်ရွက်ကို ထပ်မံသိမ်းဆည်း ရမိခဲ့ကြောင်း အဆိုပါရုံးမှ တာဝန်ရှိသူက ထပ်မံပြောကြားသည်။ အဆိုပါ အမျိုးသမီးနှစ်ဦးကို ဗဟိုဘဏ် ဥပဒေပုဒ်မ ၁၀၅ ဖြင့် အမှုဖွင့်ပြီး ယင်းငွေများကို ခင်ပွန်းဖြစ်သူနှင့် ဖခင်ဖြစ်သူတို့ထံမှ ရရှိခဲ့ကြောင်း ထွက်ဆိုသဖြင့် ၎င်းတို့နှစ်ဦးကို ထပ်မံစစ်ဆေးရာ ကျောက်ဆည်မြို့နယ် သံရွာ လက်နက

နိုင်ငံသားအမည်ခံ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို ဖော်ထုတ် အရေးယူမည်

နေပြည်တော်၊ မေ ၃၁ နိုင်ငံတော်နှင့် နိုင်ငံသားများ၏ ရေရှည်အကျိုးစီးပွားကို ဖော်ဆောင်နိုင်ရန် နိုင်ငံသားအမည်ခံ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများကို မြန်မာ့ရင်းနှီးမြှုပ်နှံမှု ကော်မရှင်က ဖော်ထုတ် အရေးယူသွားမည် ဖြစ်ကြောင်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က ပြောကြားသည်။ မေလ ၃၀ ရက်နေ့က ပြုလုပ်သော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ကန်ပက်လက် မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် သူရဦးအောင်ကိုက နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံမှု စီးပွားရေး လုပ်ငန်းများတွင် မြန်မာနိုင်ငံသား အမည်ခံ နိုင်ငံခြားသားများကို ဖော်ထုတ် အရေးယူပေးရန် ပါဝင် ပတ်သက်သော တာဝန်ရှိသူများကို အရေးယူပေးရန် မေးမြန်းခြင်းနှင့် ပတ်သက်ပြီး ပြည်ထောင်စုဝန်ကြီးက အထက်ပါအတိုင်း ပြန်လည် ဖြေကြားခဲ့ခြင်း ဖြစ်သည်။ ၂၀၁၁ ခုနှစ်တွင် ထုတ်ပြန်ခဲ့သော နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေအရ နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံသူများကို အစိုးရထံမှဖြစ်စေ၊ ပုဂ္ဂလိကထံမှဖြစ်စေ မြေငှားရမ်းကာ ရင်းနှီးမြှုပ်နှံမှု ပြုခဲ့ခြင်းကြောင့် နိုင်ငံသားအမည်ခံ ရင်းနှီးမြှုပ်နံမှု ၂၉ ခုမှာ နိုင်ငံခြားရင်းနှီးမြှုပ်မှု အဖြစ် ကူးပြောင်းခဲ့ကြောင်း၊ အထည်ချုပ်လု

ထန်းဇလုပ် အပန်းဖြေစခန်းကို ပုဂ္ဂလိကသို့ လွှဲပြောင်း လုပ်ကိုင်ခွင့်ပြုမည် မုံရွာ၊...

ထန်းဇလုပ် အပန်းဖြေစခန်းကို ပုဂ္ဂလိကသို့ လွှဲပြောင်း လုပ်ကိုင်ခွင့်ပြုမည် မုံရွာ၊ မေ ၃၁ ပြည်တွင်းဘုရားဖူးများနှင့် မုံရွာမြို့ခံများ သွားရောက်ဖူးမြော်မှု များသည့် ကျောက္ကာရွှေဂူနီ ဘုရားအနီးမှ ထန်းဇလုပ် အပန်းဖြေစခန်းကို အဆင့်မြှင့်တင်နိုင်ရန် ပုဂ္ဂလိကသို့ နှစ်ရှည် ငှားရမ်းလွှဲပြောင်း လုပ်ကိုင်ခွင့် ပေးသွားမည် ဖြစ်ကြောင်း မုံရွာမြို့နယ် စည်ပင်သာယာရေး ကော်မတီ၏ ကြော်ငြာချက်များအရ သိရသည်။ “လက်ရှိကတော့ ထန်းဇလုပ်ချောင်း အပန်းဖြေစခန်းက စည်ပင်ပိုင်ပေါ့။ ဒါကို အဆင့်မြှင့်တင်နိုင်ဖို့ ပုဂ္ဂလိကကို လွှဲပြောင်း လုပ်ကိုင်စေမှာပါ။ စည်းမျဉ်း စည်းကမ်းတွေကတော့ လက်ရှိအချိန်အထိ ရေးနေဆဲ ဖြစ်ပါတယ်၊ နှစ်ရှည်ဆိုတော့ ၁၀ နှစ် သို့မဟုတ် ၁၅ နှစ်လောက်အထိ ငှားရမ်း လုပ်ကိုင်ခွင့် ပြုမှာပါ” ဟု မုံရွာမြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးမောင်မောင်က ပြောကြားသည်။ ထန်းဇလုပ်ချောင်း အပန်းဖြေစခန်းတွင် ချောင်းကို ဖြတ်သန်း တည်ဆောက်ထားသည့် ကြိုးတံတားများမှာလည်း ပျက်စီးနေပြီး ထန်းဇလုပ်ချောင်း တစ်လျှောက်တွင် အပန်းဖြေစရာ နေရာနည်းပါးပြီး ချောင်းကမ်းပါးများပေါ်တွင် ဒေသခံများ ဖွင့်လှစ်ထားသည့် စားသောက်ဆိုင် တန်းများတွင်သာ ချောင်းအလှကိုကြည့်ရင်း

လိုင်စင်အတုဖြင့် အဝေးပြေး ခရီးသည်တင် ယာဉ်မောင်းနှင်သူ တစ်ရက်အတွင်း သုံးဦး ဖမ်းဆ...

လိုင်စင်အတုဖြင့် အဝေးပြေး ခရီးသည်တင် ယာဉ်မောင်းနှင်သူ တစ်ရက်အတွင်း သုံးဦး ဖမ်းဆီး ရန်ကုန်၊ မေ ၃၁ ယာဉ်မတော်တဆမှုများကြောင့် လူသေဆုံးမှု မကြာခဏ ဖြစ်ပေါ်နေသည့် ရန်ကုန်-မန္တလေး အမြန်လမ်းမပေါ်တွင် ပြေးဆွဲနေသော အဝေးပြေး ခရီးသည်တင် ယာဉ်များတွင် ယာဉ်မောင်းလိုင်စင် အတုဖြင့် ခရီးသည်တင်ယာဉ် မောင်းနှင်နေသူများကို ဖော်ထုတ် ဖမ်းဆီးလျက် ရှိရာ မေလ ၂၅ ရက်နေ့ တစ်ရက်တည်းတွင် ခရီးသည်တင် ယာဉ်မောင်းသုံးဦးကို ဖမ်းဆီးရမိခဲ့ကြောင်း အမြန်လမ်း ရဲတပ်ဖွဲ့မှူး ရုံးထံမှ စုံစမ်းသိရှိရသည်။ ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ်ရှိ မြို့ဝင်ကြေး ပေးဆောင်သည့် ဂိတ်တွင် မေလ ၂၅ ရက်နေ့က အဆိုပါ လိုင်စင်အတု ကိုင်ဆောင်ထားသည့် ခရီးသည်တင် ယာဉ်မောင်းသုံးဦးကို အမြန်လမ်း ပူးပေါင်း ယာဉ်စစ်အဖွဲ့က စစ်ဆေးစဉ် ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း အမြန်လမ်း ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။ ရန်ုကုန်မှ ကလေးသို့ ထွက်ခွာမည့် တက်လမ်းယာဉ်လိုင်း ယာဉ်ပေါ်တွင် င/ ၂၅၅၀၉ / ၁၂ နံပါတ်လိုင်စင် အတုကိုင်ဆောင်ထားသူ အကူယာဉ်မောင်း ဦးဇော်မျိုးအောင်ကို ဖမ်းဆီးရမိခဲ့ပြီး င/ ၀၀၃၁၁ / ၁၂ နံပါတ်လိုင်စင် အတုကိုင်ဆောင်ထားသူ ယာဉ်မောင်းအကူ ဦးအောင်သူကို မန်းရွှေလီ ယာဉ်ပေ

နိုင်ငံတော်နှင့် နိုင်ငံသားများ၏ ရေရှည်အကျိုးစီးပွားကို ဖော်ဆောင်နိုင်ရန် နိုင်...

နိုင်ငံတော်နှင့် နိုင်ငံသားများ၏ ရေရှည်အကျိုးစီးပွားကို ဖော်ဆောင်နိုင်ရန် နိုင်ငံသားအမည်ခံ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများကို မြန်မာ့ရင်းနှီးမြှုပ်နှံမှု ကော်မရှင်က ဖော်ထုတ် အရေးယူသွားမည် ဖြစ်ကြောင်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က ပြောကြားသည်။ မေလ ၃၀ ရက်နေ့က ပြုလုပ်သော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ကန်ပက်လက် မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် သူရဦးအောင်ကိုက နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံမှု စီးပွားရေး လုပ်ငန်းများတွင် မြန်မာနိုင်ငံသား အမည်ခံ နိုင်ငံခြားသားများကို ဖော်ထုတ် အရေးယူပေးရန် ပါဝင် ပတ်သက်သော တာဝန်ရှိသူများကို အရေးယူပေးရန် မေးမြန်းခြင်းနှင့် ပတ်သက်ပြီး ပြည်ထောင်စုဝန်ကြီးက အထက်ပါအတိုင်း ပြန်လည် ဖြေကြားခဲ့ခြင်း ဖြစ်သည်။ နိုင်ငံသားအမည်ခံ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို ဖော်ထုတ် အရေးယူမည် - သစ်ထူးလွ www.thithtoolwin.com မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။ from Myanmar News Now's Facebook Wall http://ift.tt/1mYsDss

မြန်မာ-ဘင်္ဂလား ဒေ့ရှ်နယ်စပ်တစ်လျှောက် RSO သောင်းကျန်းသူ လက်နက်ကိုင် များနှင့် မြ...

မြန်မာ-ဘင်္ဂလား ဒေ့ရှ်နယ်စပ်တစ်လျှောက် RSO သောင်းကျန်းသူ လက်နက်ကိုင် များနှင့် မြန်မာနယ်စပ်လုံခြုံရေး တပ်ဖွဲ့ဝင်များအကြား တိုက်ပွဲ များဖြစ်ပွားနေ၍ ဘင်္ဂလားဒေ့ရှ်နယ်စပ်အနီးရှိ ကျေးရွာများမှ ရွာခံများမှာ မောင်တောမြို့ပေါ်သို့ ပြောင်းရွှေ့လာကြကြောင်း သတင်းရရှိသည်။ ပြောင်းရွှေ့လာသည့် ကျေး ရွာမှာ မောင်တောမြို့နယ်မြောက် ပိုင်း ဘင်္ဂလားဒေ့ရှ်နယ်စပ်အနီး ရချင်းချောင်းကျေးရွာမှ အိမ် ထောင်စုများဖြစ်ပြီး မေလ ၂၉ ရက်က အိမ်ထောင်စုလေးစု၊ လူဦးရေ ၁၈ ဦးမှာ ဝေသာလီ၊ ကန်ပြင်သာစည်နှင့် သရေကုန် ဘောင်ကျေးရွာများရှိ ဆွေမျိုးများ နေအိမ်တွင် ယာယီနေထိုင်နေကြကြောင်း သိရသည်။ နယ်စပ်တိုက်ပွဲများကြောင့် ဘင်္ဂလားဒေ့ရှ်နယ်စပ်ကျေးရွာခံများ မြို့ပေါ်သို့ပြောင်းရွှေ့� www.thithtoolwin.com မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။ from Myanmar News Now's Facebook Wall http://ift.tt/1mYsDbY

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်ခြားမျဉ်းကို ကာကွယ်စောင့်ရှောက်နေသည့် မြန်မာ...

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်ခြားမျဉ်းကို ကာကွယ်စောင့်ရှောက်နေသည့် မြန်မာ နယ်ခြားစောင့်ရဲတပ်ဖွဲ့၏ နောက် တွင် တပ်မတော်က အသင့်ရှိနေ ပြီး မည်သည့်ကျူးကျော်လာသော ရန်ကိုမဆို ပြန်လည်တုံ့ပြန်နိုင် သည့် အင်အားအပြည့်အ၀ရှိ ကြောင်း ကာကွယ်ရေးဝန်ကြီးဌာန မှ တာဝန်ရှိသူတစ်ဦးက ပြော ကြားသည်။ ‘‘အင်အားကို နာရီပိုင်းအ တွင်း တိုးမြှင့်နိုင်တဲ့အနေအထား ရှိပါတယ်။ အခြေအနေကတော့ သူတို့အပေါ်မှာပဲ မူတည်ပါတယ်။ သူတို့ ရိုးသားလို့ရှိရင်တော့ အဆင်ပြေမှာပါ။ သူတို့ဘက်က နိုင်ငံရေးအမြတ်ထုတ်ရင်တော့ တစ်မျိုးပေါ့’’ဟု ကာကွယ်ရေးဝန်ကြီးဌာနမှ ဗိုလ်မှူးကြီး အဆင့်တာဝန်ရှိသူအရာရှိကြီး တစ်ဦးက7 Day Daily အား ပြောကြားသည်။ ကျူးကျော်လာသော ရန်သူကို ပြန်လည်တုံ့ပြန်ရန် အင်အားအပြည့်အ၀ရှိဟု တာဝန်ရှိသူတစ်ဦးပြေ� www.thithtoolwin.com မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။ from Myanmar News Now's Facebook Wall http://ift.tt/1kdH4tX

အကျဉ်းသားလဲလှယ်မှုတွင် ကန်စစ်သားတစ်ဦးနှင့် တာလီဘန်ငါးဦးလွတ်မြောက်လာ -----------...

အကျဉ်းသားလဲလှယ်မှုတွင် ကန်စစ်သားတစ်ဦးနှင့် တာလီဘန်ငါးဦးလွတ်မြောက်လာ ------------ ဝါရှင်တန်- အာဖဂန်နစ္စတန်နိုင်ငံတွင် လွန်ခဲ့သော ငါးနှစ်ခန့်ကတည်းက အဖမ်းခံထားရသည့် အမေရိကန်စစ်သားတစ်ဦးသည် ကာတာအစိုးရကြားဝင်ညှိနှိုင်းပေးသော အမေရိကန်နှင့်တာလီဘန်တို့အကြား အကျဉ်းသားလဲလှယ်မှု သဘောတူညီချက်အရ မေလ ၃၁ ရက်တွင် ပြန်လည်လွတ်မြောက်လာသည်။ သတင်းအပြည့်အစုံ... http://ift.tt/1pImGjZ အကျဉ်းသားလဲလှယ်မှုတွင် ကန်စစ်သားတစ်ဦးနှင့် တာလီဘန်ငါးဦးလွတ်မြောက်လာ 7daydaily.com ဝါရှင်တန်- အာဖဂန်နစ္စတန်နိုင်ငံတွင် လွန်ခဲ့သော ငါးနှစ်ခန့်ကတည်းက အဖမ်းခံထားရသည့် အမေရိကန်စစ်သားတစ်ဦးသည် ကာတာအစိုးရကြားဝင်ညှိနှိုင်းပေးသော အမေရိကန်နှင့်တာလီဘန်တို့အကြား အကျဉ်းသားလဲလှယ်မှု သဘောတူညီချက်အရ မေလ ၃၁ ရက်တွင် ပြန်လည်လွတ်မြောက်လာသည်။ from 7Day News Journal's Facebook Wall http://ift.tt/1rwAiTY

အာရှပစိဖိတ် အလှမယ်ဆုရ မေမြတ်နိုး ဇွန်လ ၆ ရက်တွင် ပြန်လာမည် -------- ရန်ကုန်- အာရ...

အာရှပစိဖိတ် အလှမယ်ဆုရ မေမြတ်နိုး ဇွန်လ ၆ ရက်တွင် ပြန်လာမည် -------- ရန်ကုန်- အာရှပစိဖိတ်အလှမယ်ဆုရရှိခဲ့သော မြန်မာအလှမယ် မေမြတ်နိုးသည် ဇွန်လ ၆ ရက်တွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာမည် ဖြစ်ကြောင်း သတင်းရရှိသည်။ သတင်းအပြည့်အစုံ... http://ift.tt/1rwAiDr အာရှပစိဖိတ် အလှမယ်ဆုရ မေမြတ်နိုး ဇွန်လ ၆ ရက်တွင် ပြန်လာမည် 7daydaily.com ရန်ကုန်- အာရှပစိဖိတ်အလှမယ်ဆုရရှိခဲ့သော မြန်မာအလှမယ် မေမြတ်နိုးသည် ဇွန်လ ၆ ရက်တွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာမည် ဖြစ်ကြောင်း သတင်းရရှိသည်။ from 7Day News Journal's Facebook Wall http://ift.tt/1rwAkeI

တောင်ကိုရီးယားနိုင်ငံတွင်ကျင်းပနေသည့် Miss Asia Pacific World 2014 ပြိုင်ပွဲတွင်...

တောင်ကိုရီးယားနိုင်ငံတွင်ကျင်းပနေသည့် Miss Asia Pacific World 2014 ပြိုင်ပွဲတွင် မြန်မာ အလှမယ် မေမြတ်နိုးသည် ပြိုင်ပွဲ၏ပထမဆုဖြစ်သည့်Miss Asia Pacific အလှမယ်ဆုကို ဆွတ်ခူး သွားခဲ့သည်။ ပြိုင်ပွဲ၏အစောပိုင်းတွင်လူကြိုက်အများဆုံးဆုကိုလည်းဆွတ်ခူးထားခဲ့သည့် အသက်၁၈နှစ်အရွယ် မေမြတ်နိုးသည်နောက်ဆုံးအဆင့်ပြိုင်ပွဲတွင်အိမ်ရှင်ကိုရီးယားအလှမယ်ကိုအနိုင်ယူကာဆုတံဆိပ် ဆွတ်ခူးခဲ့ခြင်းဖြစ်သည်။ Miss Asia Pacific World အလှမယ်အရွေးခံရသည့် မေမြတ်နိုး - သစ်ထူးလွင် (ကျန်းမာရေးနှင့် အနုပညာ) -... http://ift.tt/1czkJ7l from Myanmar News Now's Facebook Wall http://ift.tt/1pwmlUe

လတ်တလောမှာ မင်းသွေးရဲ့ Connection ဆိုတဲ့ ဇာတ်ကား ထွက်ရှိလာပါတယ်။ ဇာတ်ကားမှာ ပရိသ...

လတ်တလောမှာ မင်းသွေးရဲ့ Connection ဆိုတဲ့ ဇာတ်ကား ထွက်ရှိလာပါတယ်။ ဇာတ်ကားမှာ ပရိသတ် အတွက် အတွေး တစ်ခုပေး ထားခဲ့သလို၊ နောက်ထပ် Connection ဇာတ်ကား အဆက်ကိုလည်း ထပ်မံ ရိုက်ကူးဖို့ စဉ်းစားနေတယ်လို့ ပြောပြတဲ့ မင်းသွေးက ... “ကျွန်တော် ဇာတ်ကားတွေ ပုံမှန်လေး ရိုက်တယ်။ ထွက်ဖြစ်နေတယ်။ သာမန်ချစ်၊ကြိုက်၊ ညား၊ ကွဲ ထဲကနေ ခွဲထွက်ပြီးတော့ ရွေးရိုက် ဖြစ်တယ်။ အခု ထွက်ထားတဲ့ Connection ဆိုတဲ့ဇာတ်ကားကို ပေးတဲ့အချိန်ကတည်း က စိတ်ဝင်စားခဲ့တယ်။ သည်ခေတ်နေနဲ့ကလည်း ပထမဆုံး ဆုံတဲ့ကား။ ဒါရိုက်တာက အသစ် ဆိုပေမယ့် သူ့ဆီမှာရှိတဲ့ အနုပညာတွေ လုပ်တာ စေတနာပါတယ်။ Connection ဇာတ်ကားအဆက် ထပ်ရိုက်ဖို့ စီစဉ်နေတဲ့ မင်းသွေး - သစ်ထူးလွင် (ကျန်းမာရေးနှင့် အနုပညာ) -. http://ift.tt/1czkJ7l from Myanmar News Now's Facebook Wall http://ift.tt/1pwmlU4

ဟစ်ဟော့ပ်အဆိုတော် ကြက်ဖက ယနေ့ မေ ၃၁ ရက်မှာကျင်းပမယ့် Hip Hop Show Time မှာသီချင်...

ဟစ်ဟော့ပ်အဆိုတော် ကြက်ဖက ယနေ့ မေ ၃၁ ရက်မှာကျင်းပမယ့် Hip Hop Show Time မှာသီချင်းအသစ် ၄ ပုဒ် သီဆိုမှာဖြစ်ပြီး ကြက်ဖရဲ့ ၂ဝ၁၄ ခုနှစ် ဂီတ လှုပ်ရှားမှုအခြေအနေကို မေးမြန်းဖြစ်ရာ... ”ကျွန်တော် သီချင်း အသစ် ၄ ပုဒ် လုပ်ထားတယ်။ အဲဒါကို “Hip Hop Show Time” ပွဲမှာ ဆိုဖို့ ရှိပါတယ်။ ဒီနှစ် အပြောင်းအလဲတစ်ခုမှာ ကျွန်တော့် ရဲ့တစ်ကိုယ်တော် Official ပဲဖြစ်ဖြစ်၊ Online ကနေ ရောင်းတာ ပဲဖြစ်ဖြစ် လုပ်ဖို့ ရှိပါတယ်။ ကျွန်တော် တစ်ယောက်တည်းရယ်၊ ပြီးတော့တွဲဆိုဖို့တွေက လည်း ကြားထဲမှာ ဖြစ်လာမှာပါ” လို့ ကြက်ဖက ပြောပါတယ်။ ကြက်ဖပြောတဲ့ ပြောင်းလဲလာတဲ့ ဟစ်ဟော့ပ်လောက - သစ်ထူးလွင် (ကျန်းမာရေးနှင့် အနုပညာ) - Thit Htoo Lwin http://ift.tt/1czkJ7l from Myanmar News Now's Facebook Wall http://ift.tt/1mYqb5j

ဇွန်တွင်ထွက်ရှိမည့် PlayBoy တစ်ကိုယ်တော်ခွေကာ ဗာပုံကို အနုပညာအရဖြစ်ချင် သောဆန္ဒတစ...

ဇွန်တွင်ထွက်ရှိမည့် PlayBoy တစ်ကိုယ်တော်ခွေကာ ဗာပုံကို အနုပညာအရဖြစ်ချင် သောဆန္ဒတစ်ခုအား အကောင်အ ထည်ဖော်ထားခြင်းဖြစ်သည်ဟု အေသင်ချိုဆွေကပြောသည်။ ‘‘အခွေ နာမည်ကလည်း PlayBoy လို့ပေးထား။ အေသင့် ပုံစံက အစကတည်းက မိန်းကလေးသိပ်မဆန်ဘူး။ နည်းနည်းခပ်ကြမ်းကြမ်း၊သူများနဲ့မတူတဲ့ပုံစံမျိုးတွေ လုပ်ချင်တာ။ စိတ်ထဲမှာ တကယ် လုပ်ချင်နေတဲ့ပုစံမျိုးကို အရင် တုန်းကမလုပ်ဖြစ်ခဲ့တော့ အခုမှ အကောင်အထည်ဖော်ခွင့်ရတာ။ ဓာတ်ပုံရိုက်ခါနီးမှ အ၀တ်အစား နဲ့ ဒီပုံစံလိုက်မယ်ထင်လို့ရိုက် လိုက်တာ’’ဟု အေသင်ချိုဆွေက ပြောသည်။ တစ်ကိုယ်တော်ခွေကာဗာကို စိတ်ကြိုက်ဓာတ်ပုံနဲ့ပုံဖော်ခဲ့တဲ့ အေသင်ချိုဆွေ - သစ်ထူးလွင်... http://ift.tt/1czkJ7l from Myanmar News Now's Facebook Wall http://ift.tt/1pwmlDC

ဇွန်တွင်ထွက်ရှိမည့် PlayBoy တစ်ကိုယ်တော်ခွေကာ ဗာပုံကို အနုပညာအရဖြစ်ချင် သောဆန္ဒတစ...

ဇွန်တွင်ထွက်ရှိမည့် PlayBoy တစ်ကိုယ်တော်ခွေကာ ဗာပုံကို အနုပညာအရဖြစ်ချင် သောဆန္ဒတစ်ခုအား အကောင်အ ထည်ဖော်ထားခြင်းဖြစ်သည်ဟု အေသင်ချိုဆွေကပြောသည်။ ‘‘အခွေ နာမည်ကလည်း PlayBoy လို့ပေးထား။ အေသင့် ပုံစံက အစကတည်းက မိန်းကလေးသိပ်မဆန်ဘူး။ နည်းနည်းခပ်ကြမ်းကြမ်း၊သူများနဲ့မတူတဲ့ပုံစံမျိုးတွေ လုပ်ချင်တာ။ စိတ်ထဲမှာ တကယ် လုပ်ချင်နေတဲ့ပုစံမျိုးကို အရင် တုန်းကမလုပ်ဖြစ်ခဲ့တော့ အခုမှ အကောင်အထည်ဖော်ခွင့်ရတာ။ ဓာတ်ပုံရိုက်ခါနီးမှ အ၀တ်အစား နဲ့ ဒီပုံစံလိုက်မယ်ထင်လို့ရိုက် လိုက်တာ’’ဟု အေသင်ချိုဆွေက ပြောသည်။ တစ်ကိုယ်တော်ခွေကာဗာကို စိတ်ကြိုက်ဓာတ်ပုံနဲ့ပုံဖော်ခဲ့တဲ့ အေသင်ချိုဆွေ - သစ်ထူးလွင်... http://ift.tt/1czkJ7l from Myanmar News Now's Facebook Wall http://ift.tt/1pwmlDw

ပြင်ဦးလွင်မှာ ဇာတ်ကား ၃ကား သွားရိုက်ခဲ့တဲ့ ချစ်သုဝေက ဒီ တစ်ခေါက် ပြင်ဦးလွင်ကိ...

ပြင်ဦးလွင်မှာ ဇာတ်ကား ၃ကား သွားရိုက်ခဲ့တဲ့ ချစ်သုဝေက ဒီ တစ်ခေါက် ပြင်ဦးလွင်ကို သွားရတာ ကံကောင်းပြီး ဇာတ်ကားတွေက ထူးခြားသလို သရုပ် ဆောင်ရတာလည်း ကျေနပ်အားရမှုရှိခဲ့ကြောင်း ချစ်သုဝေက ပြောပါတယ်။ ရန်ကုန်ကို ပြန်ရောက်တဲ့ အချိန်မှာတော့ ဇေရဲထက် နဲ့ဒါရိုက်တာ ဝင်းထွန်းထွန်း ရိုက်ကူးတဲ့ စိတ်စေရာဆိုတဲ့သည်းထိတ်ရင်ဖို ဇာတ်ကားကို ရိုက်ကူးခဲ့ပါတယ်။ ဇာတ်ရုပ်နှစ်မျိုးကို သရုပ်ဆောင်ရပြီး စိတ်ခံစားချက်ကို ဝှက်ကာမျက်နှာအမူအရာနဲ့ လုပ်ရတာ ဖြစ်တဲ့အတွက် သရုပ်ဆောင် ရတာအားရ ကြောင်း ပြောပါတယ်။ ဒုတိယ တစ်ကိုယ်တော်အခွေအတွက် ပြင်ဆင်နေပြီဖြစ်တဲ့ ချစ်သုဝေ - သစ်ထူးလွင် (ကျန်းမာရေးနှင်� http://ift.tt/1czkJ7l from Myanmar News Now's Facebook Wall http://ift.tt/1mYq9KP

• ခြေထောက်ကို မေ့မေ့လျော့လျော့ထားရာကနေဖြစ်တာများတယ်။ စိုစံပ်မှုနည်းလို့ဆက်ဖြစ်တာပ...

• ခြေထောက်ကို မေ့မေ့လျော့လျော့ထားရာကနေဖြစ်တာများတယ်။ စိုစံပ်မှုနည်းလို့ဆက်ဖြစ်တာပါ။ အပေါ်ယံသာ ကွဲအက်တာနဲ့ အတွင်းနက်တာအထိရှိတယ်။ နာလာမယ်။ ပိုးဝင်တာ၊ သွေးထွက်တာဆက်ဖြစ်လာနိုင်တယ်။ ဘေးကားလာမယ်။ Zinc သွပ်ဓါတ်နဲ့ Omega-3 fatty acid အိုမီဂ်-သရီးနည်းလို့လဲဖြစ်တယ်။ Xerosis အရေပြားခြောက်တဲ့ရောဂါကနေဆက်ဖြစ်တာလဲရှိတယ်။ • စိုးရိမ်စရာမရှိပါ။ နာတာရှည်ရောဂါတခုခုရှိနေရင်၊ HIV နဲ့ ဆီးချိုရှိနေရင်တာ သတိထားရမယ်။ ပျောက်ခဲတယ်။ အသက်ကြီးရင် ပျောက်ခဲတယ်။ Cracked Heels ဖနောင့်ကွဲခြင်း - သစ်ထူးလွင် (ကျန်းမာရေးနှင့် အနုပညာ) - Thit Htoo Lwin http://ift.tt/1czkJ7l from Myanmar News Now's Facebook Wall http://ift.tt/1hnXiAv

ကိုယ်ဝန်ဆောင်စ အစောပိုင်းလတွေမှာ ပျို့တာ၊ အန်တာကို Morning sickness ကိုယ်ဝန်ရှိစ...

ကိုယ်ဝန်ဆောင်စ အစောပိုင်းလတွေမှာ ပျို့တာ၊ အန်တာကို Morning sickness ကိုယ်ဝန်ရှိစ အိပ်ရာထရောဂါလို့ ခေါ်ပြီး ဆေးစာနဲ့ Nausea gravidarum လို့ ခေါ်ပါတယ်။ မနက်ခင်းမှာ အဖြစ်များလို့ ဒီနာမယ် ပေးတာဖြစ်မယ်။ နေ့ခင်းရော ညပိုင်းမှာပါ ဖြစ်တတ်တာပါဘဲ။ ကိုယ်ဝန်ဆောင်တိုင်းလိုလို ကိုယ်ဝန်ဆောင် ၇ဝ-၈၅% ဖြစ်တတ်။ တဝက်လောက်က ဆေးကုသမှု ခံယူကြရတယ်။ အများအားဖြင့် ကိုယ်ဝန် ၆ ပတ်မှာ စတတ်ပြီး၊ ၁၂ ပတ်ရောက်ရင် သက်သာသွားကြတယ်။ ပျို့-အန်နယိ၊ ရင်သားနာမယ်၊ အစာအိမ်ပြဿနာပေးမယ်၊ အားယုတ်မယ်၊ မကြာခဏ ဆီးသွားမယ်၊ မောပမ်းမယ်၊ သွေးအနည်းငယ် ဆင်းနိုင်တယ်၊ အားအင်ပြည့်ပြီး အလေးချိန် တိုးလာမယ်။ အနေအထိုင် ခက်ခဲလာမယ်။ အရေပြား ပြောင်းလဲမှုတွေရှိမယ်၊ သွင်ပြင်လက္ခဏာများ နဲ့ စိတ်ပိုင်းဆိုင်ရာလည်း ပြောင်းလာမယ်။ Morning sickness ကိုယ်ဝန်ရှိစ အိပ်ရာထရောဂါ - သစ်ထူးလွင် (ကျန်းမာရေးနှင့် အနုပညာ) - Thit Htoo Lwin http://ift.tt/1czkJ7l from Myanmar News Now's Facebook Wall http://ift.tt/1hLApl0

မိတ္ထီလာမြို့၊ ပြည်သာယာ(တောင်) ရပ်ကွက်၊ (၃) လမ်းရှိ ဒေါ်မြင့်မြင့်စိုး၏ အိမ်အမှတ...

မိတ္ထီလာမြို့၊ ပြည်သာယာ(တောင်) ရပ်ကွက်၊ (၃) လမ်းရှိ ဒေါ်မြင့်မြင့်စိုး၏ အိမ်အမှတ် (157) တွင် မေလ (၃၀) ရက်နေ့ နံနက်က အိမ်အတွင်းရှိ ဖက်လုံး၊ ခေါင်းအုံးနှင့် မွေ့ယာများ ထူးဆန်းစွာအလိုအလျှောက် မီးလောင်မှုဖြစ်ပွားနေသဖြင့် ဒေါ်မြင့်မြင့်စိုးအဖြစ် လူအများလာရောက် ၀ိုင်းအုံကြည့်ရှုနေကြသည်။ မိတ္ထိလာမြို့ အိမ်တစ်အိမ်တွင် ပုဏ္ဏကတိုက်ပြီး ထူးဆန်းစွာအလိုအလျှောက် မီးလောင်မှုဖြစ်ပ� www.thithtoolwin.com မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။ from Myanmar News Now's Facebook Wall http://ift.tt/1hnXik5

Connection ဇာတ်ကားအဆက် ထပ်ရိုက်ဖို့ စီစဉ်နေတဲ့ မင်းသွေး

လတ်တလောမှာ မင်းသွေးရဲ့ Connection ဆိုတဲ့ ဇာတ်ကား ထွက်ရှိလာပါတယ်။ ဇာတ်ကားမှာ ပရိသတ် အတွက် အတွေး တစ်ခုပေး ထားခဲ့သလို၊ နောက်ထပ် Connection ဇာတ်ကား အဆက်ကိုလည်း ထပ်မံ ရိုက်ကူးဖို့ စဉ်းစားနေတယ်လို့ ပြောပြတဲ့ မင်းသွေးက ... “ကျွန်တော် ဇာတ်ကားတွေ ပုံမှန်လေး ရိုက်တယ်။ ထွက်ဖြစ်နေတယ်။ သာမန်ချစ်၊ကြိုက်၊ ညား၊ ကွဲ ထဲကနေ ခွဲထွက်ပြီးတော့ ရွေးရိုက် ဖြစ်တယ်။ အခု ထွက်ထားတဲ့ Connection ဆိုတဲ့ဇာတ်ကားကို ပေးတဲ့အချိန်ကတည်း က စိတ်ဝင်စားခဲ့တယ်။ သည်ခေတ်နေနဲ့ကလည်း ပထမဆုံး ဆုံတဲ့ကား။ ဒါရိုက်တာက အသစ် ဆိုပေမယ့် သူ့ဆီမှာရှိတဲ့ အနုပညာတွေ လုပ်တာ စေတနာပါတယ်။ ဒီဇာတ်ကားကို ပရိသတ်တွေ ကြိုက်ကြတာ ကြိုးစားရကျိုးနပ်တဲ့ ဇာတ် ကားလေးပေါ့။ ပရိသတ်တွေလည်း အမြင်တစ်ခုခုလေးတော့ ဆန်းမယ် ထင်ပါတယ်။ ပရိသတ်တွေဘက်က ပြန် ခံစားကြည့်ရင် ဘယ်လို ဇာတ်မျိုး ပဲဖြစ်ဖြစ် သေသေသပ်သပ်လေး ရိုက်ပြနိုင်ရင် ပရိသတ်လည်း ကြိုက်မှာ ပါ။ ဒီကားထဲမှာ ဝေဖန်မှုတွေလည်း ရှိတယ်။ ဒါက ဖြစ်လာလိမ့်မယ်ဆိုတာ ကြိုတွက်ပြီးသားပါ။ ဇာတ်ထဲမှာရဲမပါဘူး။ အဖေကို ဖမ်းမိလား၊ မဖမ်းမိဘူးလား မပါဘူးပေါ့။ ဒါ ပရိ သတ်တွေတွေး စရာ လေး တစ်ခုဖြစ်တာပေါ့။ နောက်ထပ် ကား ကို ဆက်ရိုက်ဖို့လည်း အတွေး ရှိခဲ

Morning sickness ကိုယ်ဝန်ရှိစ အိပ်ရာထရောဂါ

။ နေ့ခင်းရော ညပိုင်းမှာပါ ဖြစ်တတ်တာပါဘဲ။ ကိုယ်ဝန်ဆောင်တိုင်းလိုလို ကိုယ်ဝန်ဆောင် ၇ဝ-၈၅% ဖြစ်တတ်။ တဝက်လောက်က ဆေးကုသမှု ခံယူကြရတယ်။ အများအားဖြင့် ကိုယ်ဝန် ၆ ပတ်မှာ စတတ်ပြီး၊ ၁၂ ပတ်ရောက်ရင် သက်သာသွားကြတယ်။ ပျို့-အန်နယိ၊ ရင်သားနာမယ်၊ အစာအိမ်ပြဿနာပေးမယ်၊ အားယုတ်မယ်၊ မကြာခဏ ဆီးသွားမယ်၊ မောပမ်းမယ်၊ သွေးအနည်းငယ် ဆင်းနိုင်တယ်၊ အားအင်ပြည့်ပြီး အလေးချိန် တိုးလာမယ်။ အနေအထိုင် ခက်ခဲလာမယ်။ အရေပြား ပြောင်းလဲမှုတွေရှိမယ်၊ သွင်ပြင်လက္ခဏာများ နဲ့ စိတ်ပိုင်းဆိုင်ရာလည်း ပြောင်းလာမယ်။ မိခင်လောင်းမှာ အတော်အနေရခက်တယ်။ အန်တာက အတော်အသင့် ဆိုးတာနဲ့ လက်ထိုးအန်တာ ဖြစ်နိုင်တယ်။ တခြား အန်တဲ့ရောဂါတွေလို ဆေးကုစရာ မလိုပါ။ ကလေးကိုလဲ မထိခိုက်စေပါ။ ဆိုးရင်တော့ ရေဓါတ်-ဆားဓါတ် ခန်းခြောက်တာ ဖြစ်နိုင်တယ်။ ကိုယ်အလေးချိန် ကျမယ်။ Alkalosis (အယ်လ်ကာလီ) ဓါတ်များတာ နဲ့ Hypokalemia (ပိုဆက်ဆီယမ်) နည်းတာတွေ ဖြစ်မယ်။ ဆေးကုဘို့လိုပြီ။ ဘာလို့ဖြစ်သလဲ- အနံ့အသက်တချို့ကို မကြိုက်ဖြစ်တာကြောင့်လား ထင်ရတယ်။ (အီစထိုဂျင်) ဟော်မုန်း များလာလို့ထင်ကြတယ်။ အရင်ကထက် အဆ ၁ဝဝ အထိများလာတယ်လို့ တချို့ကဆိုတယ်။ အသေအခြာ ဒါကြောင့်လို့ မပြောနိုင်ပါ။ သကြားဓါတ်နည်း

Cracked Heels ဖနောင့်ကွဲခြင်း

• ခြေထောက်ကို မေ့မေ့လျော့လျော့ထားရာကနေဖြစ်တာများတယ်။ စိုစံပ်မှုနည်းလို့ဆက်ဖြစ်တာပါ။ အပေါ်ယံသာ ကွဲအက်တာနဲ့ အတွင်းနက်တာအထိရှိတယ်။ နာလာမယ်။ ပိုးဝင်တာ၊ သွေးထွက်တာဆက်ဖြစ်လာနိုင်တယ်။ ဘေးကားလာမယ်။ Zinc သွပ်ဓါတ်နဲ့ Omega-3 fatty acid အိုမီဂ်-သရီးနည်းလို့လဲဖြစ်တယ်။ Xerosis အရေပြားခြောက်တဲ့ရောဂါကနေဆက်ဖြစ်တာလဲရှိတယ်။ • စိုးရိမ်စရာမရှိပါ။ နာတာရှည်ရောဂါတခုခုရှိနေရင်၊ HIV နဲ့ ဆီးချိုရှိနေရင်တာ သတိထားရမယ်။ ပျောက်ခဲတယ်။ အသက်ကြီးရင် ပျောက်ခဲတယ်။ • ရပ်နေတာ၊ သွားလာတာကြာရင်ဖြစ်နိုင်တယ်။ မာတဲ့အောက်ကြမ်းပေါ် ဖနပ်မပါဘဲ သွားလာ လုပ်ကိုင်သူတွေမှာလဲ ဖြစ်နိုင်တယ်။ ဖိနပ်အဆင်မပြေလဲဖြစ်နိုင်တယ်။ • Athlete’s foot အားကစားသမားခြေထောက် မှိုရောဂါ၊ Psoriasis ဆိုရီယေးဆစ်ရောဂါ၊ Eczema နှင်းကူနာနဲ့ Thyroid disease လညပ်ပင်းကြီးရောဂါတွေနဲ့ဆက်စပ်နေတတ်တယ်။ ရေထဲကြာကြာ ခြေထောက်ထားရရင်လဲ ဖြစ်တယ်။ • Shortening or hydrogenated vegetable oil ခြေထောက်ကိုဆေးကြောပြီးနောက် သဘာဝအသီးအနှံက ထုတ်တဲ့ဆီတခုခုလိမ်းပါ။ ပြီးရင် ခြေအိပ်ထူထူဝတ်ထားပါ။ နောက်နေ့ဆေးပစ်ပါ။ • Pulp of a ripe banana ငှက်ပျောသီးမှည့်အခွံဖုံးအုပ်ထားပေးပါ။ ၁ဝ မိနစ်ထားပါ။ ဆေးပစ်ပါ။

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသများ ဖွံ့ဖြိုးရေး ကျပ် ၁၈ ဘီလီယံကျော် သုံးမည် ရန်က...

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသများ ဖွံ့ဖြိုးရေး ကျပ် ၁၈ ဘီလီယံကျော် သုံးမည် ရန်ကုန်၊ မေ ၃၁ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် လုပ်ငန်းများတွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ခြောက်ခုအတွက် ကျပ် ၁၈ ဘီလီယံကျော် သုံးစွဲမည် ဖြစ်ကြောင်း မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက မေလ ၃၀ ရက်နေ့တွင် ထုတ်ပြန်သည်။ တိုင်းနှင့်ပြည်နယ် ၁၄ ခု၊ နေပြည်တော်ကောင်စီ နယ်မြေနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသများအတွက် ကျေးလက်ဖွံ့ဖြိုးရေး ကျပ် ၂၈၆ ဘီလီယံကျော် သုံးစွဲရန် လျာထားပြီး အဆိုပါ အသုံးစရိတ်များထဲမှ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ခြောက်ခုအတွက် ကျပ် ၁၈ ဘီလီယံကျော် သုံးစွဲမည် ဖြစ်ကြောင်း အဆိုပါ ထုတ်ပြန်ချက်များအရ သိရသည်။ “အဲဒီ ဘတ်ဂျက်တွေကို ကျေးလက် လမ်း၊ ရေ၊ မီးနဲ့ တခြား အသက်မွေးဝမ်းကျောင်း လုပ်ငန်းတွေ လုပ်ကိုင်နိုင်ဖို့ သုံးစွဲမှာ ဖြစ်ပါတယ်” ဟု ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး တစ်ဦးက ဆိုသည်။ ပလောင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအတွက် ကျပ် ၃၀၅၃ သန်း၊ ဓနု ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအတွက် ကျပ် ၃၂၈၁ သန်း၊ ကိုးက

နိုင်ငံသားအမည်ခံ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို ဖော်ထုတ် အရေးယူမည် နေပြည...

နိုင်ငံသားအမည်ခံ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို ဖော်ထုတ် အရေးယူမည် နေပြည်တော်၊ မေ ၃၁ နိုင်ငံတော်နှင့် နိုင်ငံသားများ၏ ရေရှည်အကျိုးစီးပွားကို ဖော်ဆောင်နိုင်ရန် နိုင်ငံသားအမည်ခံ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများကို မြန်မာ့ရင်းနှီးမြှုပ်နှံမှု ကော်မရှင်က ဖော်ထုတ် အရေးယူသွားမည် ဖြစ်ကြောင်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က ပြောကြားသည်။ မေလ ၃၀ ရက်နေ့က ပြုလုပ်သော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ကန်ပက်လက် မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် သူရဦးအောင်ကိုက နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံမှု စီးပွားရေး လုပ်ငန်းများတွင် မြန်မာနိုင်ငံသား အမည်ခံ နိုင်ငံခြားသားများကို ဖော်ထုတ် အရေးယူပေးရန် ပါဝင် ပတ်သက်သော တာဝန်ရှိသူများကို အရေးယူပေးရန် မေးမြန်းခြင်းနှင့် ပတ်သက်ပြီး ပြည်ထောင်စုဝန်ကြီးက အထက်ပါအတိုင်း ပြန်လည် ဖြေကြားခဲ့ခြင်း ဖြစ်သည်။ ၂၀၁၁ ခုနှစ်တွင် ထုတ်ပြန်ခဲ့သော နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေအရ နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံသူများကို အစိုးရထံမှဖြစ်စေ၊ ပုဂ္ဂလိကထံမှဖြစ်စေ မြေငှားရမ်းကာ ရင်းနှီးမြှုပ်နှံမှု ပြုခဲ့ခြင်းကြောင့် နိုင်ငံသားအမည်ခံ ရင်းနှီးမြှုပ်နံမှု ၂၉