လတ်တလောမှာ မင်းသွေးရဲ့ Connection ဆိုတဲ့ ဇာတ်ကား ထွက်ရှိလာပါတယ်။ ဇာတ်ကားမှာ ပရိသတ် အတွက် အတွေး တစ်ခုပေး ထားခဲ့သလို၊ နောက်ထပ် Connection ဇာတ်ကား အဆက်ကိုလည်း ထပ်မံ ရိုက်ကူးဖို့ စဉ်းစားနေတယ်လို့ ပြောပြတဲ့ မင်းသွေးက ...
“ကျွန်တော် ဇာတ်ကားတွေ ပုံမှန်လေး ရိုက်တယ်။ ထွက်ဖြစ်နေတယ်။ သာမန်ချစ်၊ကြိုက်၊ ညား၊ ကွဲ ထဲကနေ ခွဲထွက်ပြီးတော့ ရွေးရိုက် ဖြစ်တယ်။
အခု ထွက်ထားတဲ့ Connection ဆိုတဲ့ဇာတ်ကားကို ပေးတဲ့အချိန်ကတည်း
က စိတ်ဝင်စားခဲ့တယ်။ သည်ခေတ်နေနဲ့ကလည်း ပထမဆုံး ဆုံတဲ့ကား။ ဒါရိုက်တာက အသစ် ဆိုပေမယ့် သူ့ဆီမှာရှိတဲ့ အနုပညာတွေ လုပ်တာ စေတနာပါတယ်။
ဒီဇာတ်ကားကို ပရိသတ်တွေ ကြိုက်ကြတာ ကြိုးစားရကျိုးနပ်တဲ့ ဇာတ် ကားလေးပေါ့။ ပရိသတ်တွေလည်း အမြင်တစ်ခုခုလေးတော့ ဆန်းမယ် ထင်ပါတယ်။ ပရိသတ်တွေဘက်က ပြန် ခံစားကြည့်ရင် ဘယ်လို ဇာတ်မျိုး ပဲဖြစ်ဖြစ် သေသေသပ်သပ်လေး ရိုက်ပြနိုင်ရင် ပရိသတ်လည်း ကြိုက်မှာ ပါ။ ဒီကားထဲမှာ ဝေဖန်မှုတွေလည်း ရှိတယ်။ ဒါက ဖြစ်လာလိမ့်မယ်ဆိုတာ ကြိုတွက်ပြီးသားပါ။ ဇာတ်ထဲမှာရဲမပါဘူး။ အဖေကို ဖမ်းမိလား၊ မဖမ်းမိဘူးလား မပါဘူးပေါ့။ ဒါ ပရိ သတ်တွေတွေး စရာ လေး တစ်ခုဖြစ်တာပေါ့။ နောက်ထပ် ကား ကို ဆက်ရိုက်ဖို့လည်း အတွေး ရှိခဲ့တော့နောက်ဆုံးမှာ အတွေးလေး
တစ်ခု ထားခဲ့တယ်။ ရိုက်ဖို့လည်း စဉ်းစားနေတယ်။
ဒီကားထက် ပိုပြီး ကျော်နိုင်ဖို့လည်း စဉ်းစားရမယ်လေ”လို့ ပြောပြပါတယ်။ ဇာတ်ကားတစ်ကား ရိုက်ကူးတဲ့အခါ စေတနာနဲ့ ရိုက်ကူး သလို၊ ရိုက်ခဲ့သမျှ ကားတိုင်းအားရတယ်ဆိုတဲ့ မင်းသွေးက ..
“ဇာတ်လမ်းတစ်ခုကို သရုပ်ဆောင်ပိုင်းက အနုပညာ၊ ဒါရိုက်တာရဲ့
အားစိုက်မှု ၊စေတနာ ထည့်မှု၊စက် အဖွဲ့သားတွေ အားလုံး ကကောင်းကောင်းလေး နဲ့ရိုက်ဖြစ်နေတယ်။ ကျွန်တော်လုပ်ခဲ့တဲ့
အနုပညာကို ဒီနေ့ဒီအချိန်ထိ လိပ်ပြာသန့်တယ်။ ကျွန်တော်ပေးချင်တဲ့
တစ်ခုခုပါမှသာ ကျွန်တော်ရိုက်ဖြစ်တယ်” လို့ ပြောပြခဲ့ပါတယ်။
မေမွန်မောင်
Popular Journal
from သစ်ထူးလွင် (ကျန်းမာရေးနှင့် အနုပညာ) - Thit Htoo Lwin http://ift.tt/1u3uKOK
Comments
Post a Comment