Skip to main content

Posts

Showing posts from January 22, 2015

လေးဖက်နာနှင့် အဆစ်မြစ်နာအတွက် သဘာဝဆေးနည်း

လေးဖက်နာ၊ အဆစ်မြစ်နာ၊ အကြောတက်၊ ခြေလက်ကိုက်ခဲ၊ ဇက်ကျောတက်ရောဂါများအတွက် လက်တွေ့ ပျောက်ကင်းစေမည့် သဘာဝဆေးနည်းလေးကို မျှဝေပေးလိုက်ပါတယ်။ ၁။ တောရှောက်သီး ခေါ် ရှောက်ခါးသီး (၄) လုံးခန့်ကို အလုံးလိုက်ကို ဆားဖြင့်နယ်၍ ၃ မိနစ်ခန့်ထားပြီးလျှင် ရေဆေးလိုက်ပါ။ ၂။ အခွံနဲ့အတူ အကွင်းလိုက် ပါးပါးလှီးပါ။ ၃။ နနွင်း (၁၀)သားခန့် ထည့်ပါ။ ၄။ ၄င်း(၂)မျိုးကို အတူရောပြီး တောအရက်ဦးရည်နှင့်အတူ ပုလင်းထဲထည့်ကာ အခိုးလုံနေအောင် အဖုံးကို သေချာစွာ ပိတ်ထားပါ။ (ပုလင်းကို ငှက်ပျောဖူး ကဲ့သို့သောပုလင်းဆိုလျှင် ပိုကောင်းပါသည်) ၅။ စိမ်ထားသော ဆေးကို (၅)ရက်ခန့် ထားပြီးလျှင် ၄င်းအရည်ဖြင့် အဆစ်မြစ်နာ၊ အကိုက်အခဲဖြစ်သည့်နေရာများကို စပြီးလိမ်းပေးနိုင်ပါပြီ။ တစ်လခန့်အထိ စိမ်ထားပြီး လိမ်းနိုင်ပါသည်။ ရောဂါဝေဒနာများ သက်သာပျောက်ကင်းနိုင်ကြပါစေ။ ဦးစောနွဲ့ နေဆိုင် (ပူတာအို) ကိုးကား ။ ။ မြန်မာ့ဆေးကျမ်းများ၊ ရိုးရာဆေးမြီးတိုများ ကျန်းမာရေးသတင်းများ from သစ်ထူးလွင် (ကျန်းမာရေး) - Thit Htoo Lwin http://ift.tt/1GDStyJ

အသည်းနှင့်ကျောက်ကပ်ကို သန့်စင်ပေးတဲ့ သစ်သီးစိမ်ရေ

အခုတလော နိုင်ငံတကာ ကျန်းမာရေးစာမျက်နှာများမှာ အလွန်ခေတ်စားနေတဲ့ Detox Water အကြောင်းကို မျှဝေပေးချင်ပါတယ်။ Detox Water ဆိုတာ သစ်သီးများကို ရေဖြင့် စိမ်ထားတဲ့ သစ်သီးစိမ်ရေကို ဆိုလိုတာ ဖြစ်ပါတယ်။ သစ်သီးစိမ်ရေကို သောက်ခြင်းအားဖြင့် လူတို့နေ့စဉ် စားသောက်ထားတဲ့ အစားအစာများကို စစ်ထုတ်ပေးနေတဲ့ အသည်းနှင့် ကျောက်ကပ်တို့မှ အဆိပ်အတောက်များကို သန့်စင်ရှင်းလင်းပေးပြီး အသည်းနှင့်ကျောက်ကပ်ကို ရောဂါကင်းစင်စေကာ သန်မာလာစေတယ်လို့ ဆိုပါတယ်။ Detox Water ပြုလုပ်နည်းများထဲမှ နည်းလမ်းအချို့ကို ကိုယ်တိုင်အလွယ်တကူ ပြုလုပ်၍ သောက်သုံးနိုင်ရန် မျှဝေပေးလိုက်ပါတယ်။ (၁) Cucumber Lemon Mint Detox Water ပုံထဲမှာပါသည့်အတိုင်း ဖန်ခွက်၊ ရေခရား၊ အ၀ကျယ်ပုလင်းပု တစ်ခုခုထဲကို သောက်ရေထည့်ပါ။ ပြီးလျှင် သခွါးသီးကွင်း၊ သံပယိုသီးကွင်းနှင့် ပူစီနံရွက်တို့ကို ရေနှင့်ချိန်ဆ၍ အနေတော်ထည့်ပြီး (၅)နာရီခန့် ရေခဲသေတ္ထာထဲ ထည့်ထားပြီး သောက်ပါ။ (၂) Apple Cinnamon Detox Water ပန်းသီးစိတ်နှင့် သစ်ဂျပိုးမှုန့် အနည်းငယ်ကို သောက်ရေထဲ ထည့်စိမ်ပြီး သောက်ပါ။ (၃) Apple Cider Vinegar Detox Water ACV လို့ခေါ်တဲ့ ပန်းသီးအရည်ကို သောက်ရေခွက်ထဲ အနည်းငယ် ထည

အချိုကြိုက်သူ တို့အတွက် ကျန်းမာရေးနှင့်အညီ အစားထိုး စားသင့်သည်များ

အချိုကြိုက်သူ တို့အတွက် ကျန်းမာရေးနှင့်အညီ အစားထိုး စားသင့်သည်များလူအများစုဟာ ချောကလက်ချောင်း၊ ကွက်ကီး၊ ရေခဲ့မုန့်နဲ့ သကြားများတဲ့ အချိုရည် စတာတွေကို တစ်ချိန်မဟုတ် တစ်ချိန်မှာ စားချင်စိတ် ပြင်းပြတတ်ကြပါတယ်။ အဲဒီအချိန်မှာ လျှာက ရသာခံ အဖုတွေ စိတ်ကျေနပ်ပြီးရော သဘောမျိုးနဲ့ တွေ့ကရာ အစားအသောက်တွေအစား ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်တွေကို စားသင့်ပါတယ်။ သကြားများသော အချိုရည်အစား သစ်သီးအချိုရည် သောက်ပါ ချိုတဲ့ အရည်စွဲလမ်းမှုကို မဖြတ်နိုင် ဖြစ်နေသလား။ သဘာဝအပင်ထွက် ပစ္စည်းပါတဲ့ အချိုရည်ကို သောက်ပါ။ လိမ္မော်ရည်၊ ဂရိတ်ဖရုဖျော်ရည်နဲ့ ပန်း သီးဖျော်ရည်တွေမှာ ဗီတာမင်အေနဲ့ ဗီ တာမင်စီတို့ ပါဝင်နေပါတယ်။ ချိုမြိန်အေး မြတဲ့ အရသာရရှိစေဖို့ သကြားမထည့်ဘဲ ရေခဲတုံးထည့်သောက်ပါ။ Hint- အဆင်သင့် သစ်သီးဖျော်ရည် တွေမှာ သကြား သိသာတဲ့ ပမာဏ ပါ ဝင်နေတတ်ပါတယ်။ ဒါကြောင့် သဘာဝ သစ်သီးဖျော်ရည်ကို သကြားမထည့်ဘဲ အသင့်အတင့် သောက်သင့်ပါတယ်။ ချိုသော မုန့်များအစား သစ်သီးခြောက်စားပါ မပျစ်သီးခြောက်နဲ့ ဆီးသီးခြောက် တွေအပြင် ကီဝီသီးခြောက်၊ နာနတ် သီး ခြောက်၊ မက်မွန်သီးခြောက်၊ သရက်သီး ခြောက် စတာတွေကိုလည်း စားပါ။ ဒီ သစ်သီးခြောက်တွေဟာ သကြ

ကြက်ဥဘဲဥတို့မှ ပေးစွမ်းနိုင်သော ကျန်းမာရေးအကျိုးကျေးဇူးများ

ကြက်ဥ၊ ဘဲဥနှင့် ဥအမျိုးမျိုးတို့မှ ရရှိနိုင်သော ကျန်းမာရေးအကျိုးကျေးဇူးများကို ကျန်းမာရေးသတင်းများမှ ဖော်ပြပေးလိုက်ပါတယ်။ လူတိုင်းကျန်းမာစွာ အသက်ရှည်နိုင်ကြပါစေ။ ၁။ ကြက်ဥ၊ ဘဲဥနှင့် ဥအမျိုးမျိုးတို့မှာ ပါဝင်တဲ့ ပရိုတင်းဓါတ်တွေကြောင့် လူ၏ ခန္ဓာကိုယ်ကိုလည်း သန်မာထွားကြိုင်းလာစေနိုင်သလို ကြွက်သားများကိုလည်း ပို၍ သန်မာစေနိုင်ပါတယ်။ ၂။ ဥအမျိုးမျိုးတို့၏ အနှစ်ထဲမှာ ပါဝင်တဲ့ ဗီတာမင်ဘီကိုလင်းဓါတ်ဟာ ဦးနှောက်နှာ့ဗ်ကျောတို့၏ လှုပ်ရှားမှုများကို သန်မာစေပြီး အားကောင်းစေသည့်အတွက် ဦးနှောက်အာဟာရကို ဖြစ်စေပါတယ်။ အထူးသဖြင့် ကိုယ်ဝန်ဆောင်မိခင်များ ဥအမျိုးမျိုးကို များများစားပေးသင့်ပါတယ်။ ၃။ ကြက်ဥ၊ ဘဲဥတို့ကို နံနက်စာအဖြစ် စားသုံးပေးပါက ကိုယ်အလေးချိန်ကိုလည်း ထိန်းပေးနိုင်ပါတယ်။ ၄။ ကြက်ဥမှာပါဝင်တဲ့ ဆာလဖာဓါတ်ဟာ ကော်လာဂျင်၊ ကီလာတင်တို့ကို ထုတ်လုပ်ပေးနိုင်တာမို့ အသားအရေကို လှပစေပါတယ်။ လက်သည်း၊ ဆံပင်စသည်တို့ကိုလည်း ပိုမိုကောင်းမွန်စေပါတယ်။ ရင်သားကင်ဆာကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ ၅။ ကြက်ဥ၊ ဘဲဥ စတဲ့ဥအမျိုးမျိုးတို့မှာပါဝင်တဲ့ လူတင်နဲ့ ဇီဇန်သင်းပရိုတင်းဓါတ်တွေဟာ Macular Degeneration လို့ခေါ်တဲ့ အသက်အရွယ်ရလာတာနှင်

အဖု၊ အကြိတ်၊ အသားသီးများအတွက် သဘာဝဆေးနည်းများ

အရေပြားပေါ်မှ အသားသီးများကို အောက်ပါ သဘာဝဆေးနည်းများဖြင့် ပျောက်ကင်းအောင် ကုသနိုင်ကြပါတယ်။ ဆေးနည်း (၁) ကြက်ဆူဆီ ၁။ ကြက်ဆူဆီကို မုန့်ဖုတ်သည့် ဆော်ဒါရည်အနည်းငယ်နှင့် ရောစပ်ကာ ခပ်ပျစ်ပျစ်လေး အနှစ်ရအောင် ရောသမမွှေပါ။ ၂။ သံပုရာဆီအနည်းငယ် ထည့်၍ ရောမွှေပါ။ ၃။ ၄င်းဆေးအနှစ်ကို အသားသီး၊ အဖု၊ အကြိတ်ပေါ်ကို သုတ်လိမ်း၍ အ၀တ်ပါးပါးဖြင့် စည်းထားပါ။ အနည်းငယ် စပ်ဖျင်းဖျင်းလေး ခံစားရမည်။ စိုးရိမ်စရာမလိုပါ။ ၃ ပတ်မှ ၄ ပတ်ခန့်ထိ နေ့စဉ် လိမ်းပေးပါက အဖုအကြိတ်နှင့် အသားသီးများ ပျောက်ကွယ်သွားမည်။ ဆေးနည်း (၂) ပန်းသီးရှာလကာရည် ပန်းသီးရှာလကာရည်ကို ဂွမ်းစဖြင့် အနည်းငယ်ဆွတ်ပြီး အသားသီးပေါ်ကို တိုက်ရိုက်သုတ်လိမ်းပေးပါ။ ဆေးလိမ်းပြီး ၃ မိနစ်ခန့်အကြာမှာ စပ်ဖျင်းဖျင်း ဖြစ်လာမည်။ ခဏနဲ့ ပြန်ပျောက်ပါမည်။ ၃ ပတ်ခန့် နေ့စဉ် လိမ်းပေးပါက အသားသီးများ အမြစ်ပြတ် ပျောက်ကွယ်သွားပါမည်။ ဆေးနည်း (၃) လက်ဖက်ဆီ လက်ဖက်ပင်မှ ဆီကို ၀ါဂွမ်းဖြင့် ဆွတ်ယူပြီး အသားသီးပေါ်ကို လိမ်းပေးပါ။ တစ်နေ့ကို ၂ ကြိမ်နဲ့ ၃ ပတ်ခန့် လိမ်းပေးပါက အသားသီးများ ပျောက်ကင်းသွားပါမည်။ စောနွဲ့နေဆိုင် (ပူတာအို) ကိုးကား ။ ။ ရိုးရာဆေးမြီးတိုများနှင့် Good Health ကျန်းမာရေးသတင်း

မျက်နှာအသားရည်များ မခြောက်သွေ့ စေရန်

မိန်းကလေးများသည့် တစ်နေ့ တာအတွက် မနက်ခင်းမှ စပြီးအသုံးပြု့ ခဲ့သည့် မိတ်ကပ်များ ၊ ခရင်မ်များကို ညပိုင်းရောက်သည့်နှင့် မျက်နှာကိုစင်ကြယ်အောင်သန့် စင်အောင်ပြု့ လုပ်ပြီးမှ အိပ်ယာဝင်သင့်ပါတယ် ။ တစ်ချို့ မိန်းကလေးများတွင် လိမ်းထားသည့်မျက်နှာကို နှမြောပြီး မျက်နှာကို စင်ကြယ်အောင် မလုပ်ဘဲ ဒီအတိုင်းထားခဲ့သည့် ကြိမ်ဖန်များစွာ ရှိလာခဲ့လျှင် မိန်းကလေးများတွင် တင်းတိပ်များ စွဲလာတက်ပါသည် ။ မျက်နှာစင်ကြယ်အောင် ပြု့ လုပ်ပြီး အိပ်ယာဝင်ခြင်းသည့် မိန်းကလေးများတွင် မဟုတ်ဘဲ ယောင်္ကျားလေးများပင် မဖြစ်မနေ လုပ်ဆောင်သင့်သော မျက်နှာသစ်ခြင်းပင်ဖြစ်ပါသည် ။ မျက်နှာမသစ်ခင် မိမိလက်များကိုဆပ်ပြာဖြင့် သန့် ရှင်းအောင် ဆေးကြောပြီးမှသာ မျက်နှာသစ်ခြင်းကို လုပ်ဆောင်ပါ မျက်နှာသစ်သည့်အခါတွင် လက်သည်များနှင့် မျက်နှာသစ်အရေပြားများကို ကုတ်ဖဲ့ခြင်းလုံးဝ မလုပ်ရပါ ။ လက်ချောင်းများနဲ့ သည် မျက်နှာပြင် အရေပြားကို နှိပ်နယ်ခြင်း ပုံစံမျို့ ဖြင့် မျက်နှာပြင်တစ်ခုလုံးကို ညင်သာစွာလုပ်ဆောင်ပါ ။ ထို့ ကဲ့သို့ မျက်နှာသစ်သည့် စနစ်မျိုးကို မလုပ်ဆောင်မိခဲ့ပါက သင့်သည် ယနေ့ မှ စပြီး လုပ်ဆောင်ပါလိုက်ပါ ။ လုပ်ဆောင်ချက်များကြောင့် Dead cells (ဆဲလ်) မ

အမျိုးသမီးများ အတင်းပြောခြင်းဖြင့် ပျော်ရွှင်မှုရရှိနိုင်

သိပ္ပံပညာရှင်များ၏ လေ့လာသုံးသပ်ချက်အရ အမျိုးသမီးများသည် တစ်ဦးနှင့်တဦး အတင်းပြောခြင်းဖြင့် ပိုမိုကျန်းမာပျော်ရွှင်မှု ဖြစ်စေနိုင်ကြောင့် လေ့လာတွေ့ ရှိခဲ့သည်။ သုတေသီများက အမျိုးသမီးများသည် အတင်းပြောခြင်းကြောင့် ပရိုဂျက်စတုန်း ဟိုမုန်းများ ဖြစ်ပေါ်စေပြီး ယင်းဟိုမုန်းသည် စိတ်သောက နှင့် ဖိစီးမှုများကိုလျှော့ချစေနိုင်သည့် ဟိုမုန်းတမျိုးဖြစ်သည့် အတွက် အတင်းပြောသူများမှာ စိတ်ဖြေလျှော့မှုဖြစ်စေကြောင့်ဆိုခဲ့သည်။ အတင်းပြောခြင်းသည် အမျိုးသမီးများအတွက် လှုမှုဆက်ဆံရေးနယ်ပယ်တွင် အရေးကြီးသည့် ဖြစ်စဉ်တခုဖြစ်ပြီး အမျိုးသမီးများကို ပျော်ရွှင်စေသည့် ကိစ္စဖြစ်ကြောင့် သိရသည် ။ New Mg Mandalay http://ift.tt/1rx2wd4 from သစ်ထူးလွင် (ကျန်းမာရေး) - Thit Htoo Lwin http://ift.tt/1y1uChH