Skip to main content

အချိုကြိုက်သူ တို့အတွက် ကျန်းမာရေးနှင့်အညီ အစားထိုး စားသင့်သည်များ






အချိုကြိုက်သူ တို့အတွက် ကျန်းမာရေးနှင့်အညီ အစားထိုး စားသင့်သည်များလူအများစုဟာ ချောကလက်ချောင်း၊ ကွက်ကီး၊ ရေခဲ့မုန့်နဲ့ သကြားများတဲ့ အချိုရည် စတာတွေကို တစ်ချိန်မဟုတ် တစ်ချိန်မှာ စားချင်စိတ် ပြင်းပြတတ်ကြပါတယ်။ အဲဒီအချိန်မှာ လျှာက ရသာခံ အဖုတွေ စိတ်ကျေနပ်ပြီးရော သဘောမျိုးနဲ့ တွေ့ကရာ အစားအသောက်တွေအစား ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်တွေကို စားသင့်ပါတယ်။

သကြားများသော အချိုရည်အစား သစ်သီးအချိုရည် သောက်ပါ


ချိုတဲ့ အရည်စွဲလမ်းမှုကို မဖြတ်နိုင် ဖြစ်နေသလား။ သဘာဝအပင်ထွက် ပစ္စည်းပါတဲ့ အချိုရည်ကို သောက်ပါ။ လိမ္မော်ရည်၊ ဂရိတ်ဖရုဖျော်ရည်နဲ့ ပန်း သီးဖျော်ရည်တွေမှာ ဗီတာမင်အေနဲ့ ဗီ တာမင်စီတို့ ပါဝင်နေပါတယ်။ ချိုမြိန်အေး မြတဲ့ အရသာရရှိစေဖို့ သကြားမထည့်ဘဲ ရေခဲတုံးထည့်သောက်ပါ။


Hint- အဆင်သင့် သစ်သီးဖျော်ရည် တွေမှာ သကြား သိသာတဲ့ ပမာဏ ပါ ဝင်နေတတ်ပါတယ်။ ဒါကြောင့် သဘာဝ သစ်သီးဖျော်ရည်ကို သကြားမထည့်ဘဲ အသင့်အတင့် သောက်သင့်ပါတယ်။


ချိုသော မုန့်များအစား သစ်သီးခြောက်စားပါ


မပျစ်သီးခြောက်နဲ့ ဆီးသီးခြောက် တွေအပြင် ကီဝီသီးခြောက်၊ နာနတ် သီး ခြောက်၊ မက်မွန်သီးခြောက်၊ သရက်သီး ခြောက် စတာတွေကိုလည်း စားပါ။ ဒီ သစ်သီးခြောက်တွေဟာ သကြားလုံးစား ချင်စိတ်ကို လျော့ပါးစေပြီး စွမ်းအင်ပေး နိုင်ပါတယ်။ Hint- ဟင်းရွက် သုပ်ထဲကို သစ်သီး ခြောက်တွေ ထည့်စားပါ။


ဒိန်ချဉ်သောက်ပါ


ရေခဲမုန့် အစား အဆီမပါတဲ့ ဒိန်ချဉ် က အရသာရှိသလို ကျန်းမာရေးနဲ့ ညီညွတ်မှု ရှိပါတယ်။ ဒိန်ချဉ်ကို ပျားရည် အနည်းငယ်၊ စတော်ဘယ်ရီသီး စတာ တွေနဲ့ စားပေးရင် အရသာကောင်းမွန် သလို ကျန်းမာစေပါတယ်။


Hint - အဆီမပါတဲ့ ဒိန်ချဉ်အေးမှာ အဆီနည်း ဒိန်ချဉ်အေးမှာထက် သကြား နဲ့ ကယ်လိုရီ ပိုမို ပါဝင်ပါတယ်။


အဆင်သင့် ရေခဲချောင်းအစား ကိုယ်တိုင်ပြုလုပ်ပြီး စားပါ


ပှုပြင်းတဲ့ နွေကာလတွေမှာ အေးခဲနေတဲ့ ရေခဲချောင်းကို စားလိုက်ရရင် လန်းဆန်း အေးမြသွားစေပါတယ်။ ရေခဲချောင်းကို မိမိဘာသာ ပြုလုပ်ပါ။ အေး ခဲနေတဲ့ သစ်သီးစိတ်နှစ်ခွက်ကို အရည် ဖျော်ပြီး ဒိန်ချဉ်နဲ့ ဆတူရောပါ။ ပြီးရင် ပျားရည် ထမင်းစားဇွန်းတစ်ဇွန်းခန့် ထည့်ပြီး ရေခဲချောင်းပုံစံခွက်ထဲ ထည့် ကာ အေးခဲအောင် ထားပါ။ံ


Hint - ပါဝင်ပစ္စည်းနည်းနည်းနဲ့ ရေခဲ ချောင်းပြုလုပ်လိုရင် ပုံစံခွက်ထဲမှာ သစ် သီးဖျော်ရည်ကို အေးအောင် လုပ်ပြီး စား သင့်ပါတယ်။


ချော်ကလက် မုန့်ချောင်းအစား Granola Bar စားပါ


ကယ်လိုရီပါဝင်မှု မြင့်မားတဲ့ ချော ကလက်မုန့်ချောင်းအစား စွမ်းအင်များ များ ပေးနိုင်တဲ့ သရေစာမုန့်ကို စားလို ရင် Granola Bar ကို ရွေးချယ်ပါ။ ချောကလက်မှာထက် ကယ်လိုရီပါဝင်မှု နည်းကာ အာဟာရတန်ဖိုး ပိုရှိပါတယ်။ ကျန်းမာရေးနဲ့ ညီတဲ့ ပါဝင် ပစ္စည်းတွေ ပါဝင်တဲ့ Granola Bar ကို ရွေးချယ်စားသုံးပါ။


ကြယ်စင်


By Good Health





from သစ်ထူးလွင် (ကျန်းမာရေး) - Thit Htoo Lwin http://ift.tt/1GDSvGT

Comments

Popular posts from this blog

(ဂရင်ဂျီနာ) ဖြစ်ပွားပါက ကုသနည်းနှင့် ကာကွယ်နည်းများ

ဂရင်ဂျီနာဟာ လိပ်ခေါင်းတစ်မျိုးဖြစ်ပြီး ကာလရှည်ကြာစွာ ဖြစ်တတ်တဲ့ ရောဂါတစ်မျိုး ဖြစ်ပါတယ်။ ဂရင်ဂျီအနာ ပေါက်ဟာ နီရဲတဲ့ သွေးလိုအရည်ကျတတ်တယ်။ ဆီးသွားတဲ့ အကြောနဲ့ယှဉ်တွဲနေလို့ ဆီးကျန်၊ ဆီးကျဉ်၊ဆီးပူခြင်းတို့ဖြစ်တတ်ပါတယ်။ စအိုပတ်လည်မှာ အဖုအပိမ့်များထွက်လာခြင်း၊ ယားယံခြင်း၊ ရောင်ခြင်း၊ နာကျင်ခြင်း၊ ကိုက်ခဲခြင်း၊ အနာနဲ့ အနာပေါက်လေးများ ထွက်ပေါ်လာရင် ဂရင်ဂျီနာ ဖြစ်လာ ပါတယ်။ ဂရင်ဂျီနာဖြစ်ခဲ့ရင် စအိုနှုတ်ခမ်း ဘေးပတ်လည်၊ ပေါင်၊ တင်ပါး၊ ဆီးခုံဝန်းကျင်မှာ ယားယံခြင်း၊ ရောင်ခြင်း၊ ဝမ်းချုပ်ခြင်း၊ ဆီးချုပ်ခြင်း၊ ဆီးနည်းခြင်းတွေ ဖြစ်တတ်တယ်။ လိင်အင်္ဂါဝန်းကျင် တစ်ဝိုက်မှ တင်ပါးအထိ ဖြစ်တတ်တယ်။ ဝမ်းချုပ်ခြင်း၊ အညောင်းထိုင်လွန်းခြင်း၊ အညှော်နံ့ခံရခြင်း၊ ရေချိုးမမှန်ခြင်း၊ တစ်ကိုယ်ရေ ကျန်းမာရေး မလိုက်စားသူတွေဟာ ဆီးခုံအစပ်မှာ အဖုငယ်များ ထွက်ပေါ်ကာ သွေးရည်ကြည်လို ကျနေတတ်သလို တချို့ကာလရှည်စွာ ပြည်ပုပ်များ ကျနေတတ်ပါတယ်။ ဂရင်ဂျီနာ၊ မြစ်ခြောက်နာက မြစ်စိုနာနဲ့ တွဲပြီး သားနံရေအနည်းငယ် သာကျကာ ချွေးပေါက်ပိတ်ဆို့ပြီး ကျစ်လျစ်မာကျောတဲ့ အမျှင်များနဲ့ ဖွဲ့စည်း ထားတတ်ပါတယ်။ အချိန်ကြာလာတာနဲ့အမျှ တစ်ဆင့်ပြီးတစ်ဆင့် အသားထဲ ထိုးဖေ

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က

TOP TEN of Miss Universe Myanmar 2014 Finalist

# TOP TEN of Miss Universe Myanmar 2014 Finalist # The 20 finalists of Miss Universe Myanmar 2014 are vying for the crown of Beauty Pageant, which will be held at the National Theater in Yangon on July 26. Here are MC's TOP TEN Selection ,,,, from Myanmar Celebrity: Gossip, News, Video, Photo, Fashion, Entertainment http://ift.tt/1q8GOM3