Skip to main content

Posts

Showing posts from January 5, 2015

မျက်နှာပေါ်က အလှပျက်စေသည့် ဝက်ခြံ ...ဝက်ခြံ .....

ဝက်ခြံ ဟာ မာယာသိပ်များပါသတဲ့။ ဝက်ခြံစဖြစ်ပြီဟေ့ဆိုရင်.. တစ်လုံးပျောက်မယ် မကျန်သေး.. ဟောနောက်တစ်လုံး နောက်တစ်လုံး ဆိုသလို ထွက်လာပါတော့တယ်... စစ်ပွဲတစ်ပွဲ တိုက်နေတာနဲ့ အလားတူပါသတဲ့။ ဝက်ခြံဟာ ခန္ဓာကိုယ်ထဲက ဟော်မုန်းဓာတ်အပြောင်းအလဲ နဲ့ တော်တော်လေးကို သက်ဆိုင်နေပြီး ဆယ်ကျော်သက်လေးတွေမှာ အတွေ့ရအများဆုံးဖြစ်ပါတယ်။ ဒါပေမဲ့လဲ အသက်အရွယ်မရွေး၊ ကျားမ မရွေး ဝက်ခြံပေါက်တတ်ပါတယ်။ ဥပမာ.. အရွယ်ရောက်ပြီး အမျိုးသမီးတွေဆိုရင်တော့ ကိုယ်ဝန်ဆောင်ချိန်၊ ဓမ္မတာလာနေချိန် နဲ့ ကိုယ်ဝန်တားဆေးသုံးစွဲချိန်တွေမှာ တွေ့ကြုံရတတ်ပါတယ်။ ဆယ်ကျော်သက်နဲ့ အရွယ်ရောက်ပြီးသူတွေမှာ ပေါက်တတ်တဲ့ ဝက်ခြံဟာ အချို့ဆိုရင် လပေါင်းများစွာကြာအောင် အမြစ်ပြတ်စေဖို့ ကုယူကြရပါတယ်။ ဘာပဲပြောပြော .. ဝက်ခြံပေါက်ရင် စိတ်ပိုင်းဆိုင်ရာ ခံစားမှုနဲ့အတူ အနာရွတ်တွေ ထင်ကျန်ရစ်စေနိုင်တာ သူ့ရဲ့ဆိုးကျိုးတွေပါပဲ။အလှပကြိုက်တတ်သူ လှချင်သူ ပျိုမေများအတွက်တော့ စိတ်ပိုင်းဆိုင်ရာပိုဆိုးကြပါသည် ။ ကောင်းသတင်းလေးကတော့ ဝက်ခြံပျောက်ကင်းအောင် ကုသဖို့ နည်းလမ်းလေးတွေ ရှိပါသတဲ့။ ဝက်ခြံ အနုစားတွေဆိုရင် တစ်ကိုယ်ရည်သန့်ရှင်းမှု ဂရုပြုရင်း သန့်စင်အောင် ဆေးကြောပြီး ဝက်ခြံပျောက်

Pregnancy test ကိုယ်ဝန် ရှိ-မရှိ စမ်းသပ်နည်း

ဆရာ သမီးတို့ဇနီးမောင်နှံက အသက် ၃၂ အိမ်ထောင်သက် ၇ လရှိပါပြီ။ ဒါပင်မဲ့ဝန်ထမ်းတွေမို့ တယောက်တနယ် နေကြပါတယ်။ တစ်လတစ်ကြိမ်တော့တွေ့ပါတယ်။ ကလေးယူဖို့ တားဆေးမာသုံးပါ။ ရာသီက အမြဲလိုတပါတ် နောက်ကျလေ့ရှိပါတယ်။ သမီးခုထိရာသီမပေါ်တာ ၂ လနီးပါးမို့ ဆီးစစ်ကြည့်တော့လည်း အဖြေတကြောင်းပဲ ပေါ်ပါတယ်ဆရာ။ ပို့တိကျတဲ့ စမ်းသပ်နည်းရှိပါလားဆရာ။ ဒါမှမဟုတ်အိုဂျီပြသင့်လား ဆီးထပ်စစ်သင့်လားဆိုတာ ကျေးဇူးပြု၍ လမ်းညွှန်ပေးပါရှင့်။ • ကိုယ်ဝန်ရှိပြီဆိုတာနဲ့ အဲဒီအမျိုးသမီးရဲ့သွေးထဲမှာရှိလာ၊ ဆီးထဲမှာပါလာတဲ့ Human Chorionic Gonadotropin (HCG) ဟော်မုန်းကို စမ်းသပ်တာကို ကိုယ်ဝန် ရှိ-မရှိ စမ်းသပ်နည်းလို့ခေါ်တယ်။ Urine pregnancy test ကိုဆေးဆိုင်တွေမှာ အလွယ်ဝယ်လို့ရပါတယ်။ • မ-မျိုးဥနဲ့ ကျားသုက်ပိုးတို့ ပေါင်းစပ်ပြီးနောက် ၆ ရက်အကြာမှာ သန္ဓေက သားအိမ်အတွင်းဆုံးအလွှာမှာ လာကပ်မယ်။ အဲဒီအချိန်ကစပြီး HCG ဟော်မုန်း ထွက်လာပြီ။ သန္ဓေကပ်ပြီးနောက် ၁ဝ ရက်ဆိုရင် စမ်းလို့ရပါပြီ။ • HCG ဟော်မုန်းက ကိုယ်ဝန် ပဌမ ၃ လအတွင်းမှာ တရက်ပြီးတရက် များများလာတယ်။ နောက်တော့ ကျသွားတယ်။ • ဆေးသောက်လို့ဖြစ်ဖြစ်၊ သားအိမ်ခြစ်လို့ဖြစ်ဖြစ် ကိုယ်ဝန်ပျက်သွားရင်လဲ ဒီဟော်မုန်းက သေ

Fainting မူးမေ့ခြင်း (သို့) အမျိုးသမီးစစ်ရေးပြရောဂါ

၁။ ၂ဝ၁၅ မြန်မာ့လွတ်လပ်ရေးနေ့ စစ်ရေးပြပွဲမှာ ချီတက်အလေးပြုရတဲ့ အမျိုးသမီးတချို့ မူးမေ့လဲကျတဲ့သတင်းတွေ ဖတ်ရပါတယ်။ ၂။ ကျတော့်အမျိုးသမီး အသက်က (၂၄) နှစ်ပါ၊ (၂၂) နှစ်တုန်းက ကိုယ်ဝန်ပျက်ကျလို့ သားအိမ်ခြစ်ဘူးပါတယ်။ သားအိမ် ခြစ်ပြီး နောက်ပိုင်းမှာ ထိခိုက်ရှနာ တစ်ခုခုဖြစ်လို့ သွေးထွက်လာတာမြင်ရင် ခေါင်းမူး ခေါင်းကိုက်ချင်သလို ဖြစ်နေပြီး ပျို့ပြီး အန်ချင်လာသလို ဖြစ်နေပါတယ်။ အဲဒါ ဘယ်လိုကြောင့်ဖြစ်တာ၊ ဘယ်လိုပြုမူနေထိုင်ရမယ်ဆိုတာကို ညွှန်ကြားပေးပါဦး။ ဒေလီမှာ ယမုန်နာအခမဲ့ဆေးခန်းလေးဖွင့်တော့ ဗမာစကားလဲတတ်တဲ့ ပညာအခြေခံလဲ အတော်အတန်ရှိတဲ့ ဒုက္ခသည် မိန်းကလေးတွေကို စည်းရုံးရတယ်။ ထောက်ပံ့ကြေးတော့ မပေးနိုင်ပါ၊ ဆေးခန်းမှာ ဆရာမလာလုပ်ပါလား။ အချိန်လဲပေးနိုင်၊ ဝါသနာလဲပါ၊ ဒါနဲ့မရသေးတာက သွေးမြင်ရင်မမူးချင်မှ ဆရာမလုပ်လို့ရမယ်။ လူကောင်းပကတိကနေ ရုတ်တရက်မူးပြီး သတိမေ့တာဟာ Shock ပါဘဲ။ (ရှော့ခ်) တွေက အမျိုးအစားများတယ်။ နှလုံးနဲ့ သွေးကြောတွေက လိုသလောက် အလုပ်မလုပ်နိုင်တာကနေ ဖြစ်တယ်။ လူ့ကိုယ်က အရေးပါတဲ့အင်္ဂါတွေတွက် မရှိမဖြစ်တဲ့ အောက်စီဂျင် မလုံလောက်လို့ ဖြစ်လာစေတယ်။ အသက်ဆုံးပါးတဲ့အထိ ဖြစ်နိုင်တယ်။ (၁) စိုးရိမ်စိတ်တွေဖြစ်လာ၊

အ၀လွန်ရောဂါသောက်ဆေးက လေ့ကျင့်ခန်းတွေအစား နေရာယူလာနိုင်

မကောင်းတဲ့ အဆီပိုတွေကို ကောင်းမွန်တဲ့အဆီအဖြစ် ပြောင်းလဲပစ်ပေးနိုင်တဲ့ အ၀လွန်ရောဂါသောက်ဆေးတွေဟာ ကိုယ်အလေးချိန်လျှော့ချဖို့နဲ့ ဆီးချိုရောဂါအဆင့်နှစ်၊ နှလုံး ရောဂါနဲ့ ကင်ဆာရောဂါ အန္တရာယ် တွေကို ကာကွယ်ပေးနိုင်ကြောင်း လေ့လာမှုတွေအရ သိရှိရတယ်။ အဲဒီတွေ့ရှိမှုမှာ လေ့ကျင့်ခန်းကို အပြင်းအထန်ကြိုးပမ်းနေရတာကို အစားထိုးနိုင်မယ့် ပထမဆုံးခြေလှမ်းဖြစ်ကြောင်း သိပံ္ပပညာရှင်တွေ က ပြောကြားခဲ့တယ်။ ဟားဗတ်က Harvard Stem Cell Institute နဲ့ မန်ဆာချူးဆက် အထွေထွေဆေးရုံတို့မှ သုတေသနပညာရှင်တွေက မကောင်းတဲ့ အဖြူရောင်အဆီဆဲလ် တွေကို ကောင်းမွန်တဲ့ အညိုရောင် အဆီဆဲလ်တွေအဖြစ် ပြောင်းလဲပေး နိုင်မယ့် မော်လီကျူးနှစ်မျိုးကို လေ့ လာတွေ့ရှိခဲ့ကြတာဖြစ်တယ်။ လူကို ၀လာစေတဲ့ အဖြူရောင် အဆီဆဲလ်တွေကို အညိုရောင်ဆဲလ် တွေအဖြစ် ပြောင်းလဲပစ်နိုင်တဲ့ မော် လီကျူးငယ်နှစ်ခုကို သုတေသနပြု တွေ့ရှိခဲ့တာဖြစ်တယ်။ အညိုရောင် ဆဲလ်တွေဟာ စွမ်းအင်ကို ကောင်းမွန်စွာလောင်ကျွမ်းနိုင်ပြီး အဖြူရောင် ဆဲလ်တွေရဲ့ အရွယ်အစားနဲ့ ပမာဏ ကို လျှော့ချပေးနိုင်မှာဖြစ်ကြောင်း သိရတယ်။ အဲဒီနည်းလမ်းမှာ ဆီးချိုရောဂါ အဆင့်နှစ်နဲ့ တခြားသော အဆီပို များခြင်းနဲ့ဆက်စပ်နေတဲ့ ရောဂါမျိုး ဖြ

ယာဉ်ကျောကျပ်ကျပ်ကိုဖြတ်သန်းပြီး ရုံးတက်ရုံးဆင်း လုပ်ရသူတွေ လုပ်နိုင်စွမ်း သိသိသာသာ ကျဆင်း

ရုံးတက် ရုံးဆင်းချိန်တွေမှာ ဘတ်စ်စကားကျပ်ကျပ်တိုးစီးပြီး ပူအိုက်ချွေးနံ့ရှူနေရသူတွေ၊ ယာဉ် ကျောကျပ်လို့ ကားပေါ်မှာ ငုတ်တုတ် ထိုင် အချိန်ကုန်နေရသူတွေဟာ အလုပ်ထဲမှာပါ စွမ်းဆောင်ရည်ကျ ဆင်းနိုင်ကြောင်း လေ့လာမှုစစ်တမ်း တစ်ရပ်က သတိပေးရေးသားလိုက်တယ်။ ရုံးသွားရုံးပြန်ကို လမ်းပေါ်မှာ အချိန်ကုန်ရတာများလေ ဘ၀အပေါ် ကျေနပ်ပျော်ရွှင်နှုန်းလည်း ကျလေ ဖြစ်ကြောင်း စစ်တမ်းကဆိုတယ်။ ရုံး သွားရုံးပြန်လမ်းပေါ်မှာ အချိန်များ များကုန်နေရသူတွေဟာ ကျန်းမာရေး လေ့ကျင့်ခန်း၊ ၀ါသနာပါရာ လိုက် စားခွင့်ရချိန်တွေ ဆုံးရှုံးသဖြင့် အချိန် ဖိအားရင်ဆိုင်ရတာ ဘ၀ကိုငြီးငွေ့ စိတ်ပျက်မှု ပိုများကြောင်းလည်း သိ ရတယ်။ လေ့လာမှုစစ်တမ်းကို ကနေဒါ နိုင်ငံ ၀ါတာလူးတက္ကသိုလ်မှ လက် တွေ့အသုံးချ ကျန်းမာရေးသိပ္ပံပညာ ပါမောက္ခ မာဂိုဟဲဘရတ်နဲ့အဖွဲ့က ပြုလုပ်ထားတာဖြစ်တယ်။ လေ့လာမှု ရလဒ်တွေကို World Lesiure ဂျာ နယ်မှာ ထည့်သွင်းဖော်ပြထားတယ်။ စစ်တမ်းအတွက် အချက်အလက်တွေ ကို ကနေဒါ စာရင်းအင်းဌာနမှ ယူ တယ်။ ပြည်သူတွေရဲ့ နေ့စဉ် ရုံးတက် ရုံးဆင်းလမ်းပေါ်မှာ အချိန်ကုန်မှု စာရင်းတွေနဲ့ဘ၀ကို ကျေနပ်ရောင့်ရဲ နှုန်းများစာရင်းတွေကို တိုက်ဆိုင်လေ့ လာခဲ့ရာ လမ်းပေါ်မှာအချိန်ကုန်ရ တာများသူတွေဟ