Skip to main content

Fainting မူးမေ့ခြင်း (သို့) အမျိုးသမီးစစ်ရေးပြရောဂါ







၁။ ၂ဝ၁၅ မြန်မာ့လွတ်လပ်ရေးနေ့ စစ်ရေးပြပွဲမှာ ချီတက်အလေးပြုရတဲ့ အမျိုးသမီးတချို့ မူးမေ့လဲကျတဲ့သတင်းတွေ ဖတ်ရပါတယ်။

၂။ ကျတော့်အမျိုးသမီး အသက်က (၂၄) နှစ်ပါ၊ (၂၂) နှစ်တုန်းက ကိုယ်ဝန်ပျက်ကျလို့ သားအိမ်ခြစ်ဘူးပါတယ်။ သားအိမ် ခြစ်ပြီး နောက်ပိုင်းမှာ ထိခိုက်ရှနာ တစ်ခုခုဖြစ်လို့ သွေးထွက်လာတာမြင်ရင် ခေါင်းမူး ခေါင်းကိုက်ချင်သလို ဖြစ်နေပြီး ပျို့ပြီး အန်ချင်လာသလို ဖြစ်နေပါတယ်။ အဲဒါ ဘယ်လိုကြောင့်ဖြစ်တာ၊ ဘယ်လိုပြုမူနေထိုင်ရမယ်ဆိုတာကို ညွှန်ကြားပေးပါဦး။


ဒေလီမှာ ယမုန်နာအခမဲ့ဆေးခန်းလေးဖွင့်တော့ ဗမာစကားလဲတတ်တဲ့ ပညာအခြေခံလဲ အတော်အတန်ရှိတဲ့ ဒုက္ခသည် မိန်းကလေးတွေကို စည်းရုံးရတယ်။ ထောက်ပံ့ကြေးတော့ မပေးနိုင်ပါ၊ ဆေးခန်းမှာ ဆရာမလာလုပ်ပါလား။ အချိန်လဲပေးနိုင်၊ ဝါသနာလဲပါ၊ ဒါနဲ့မရသေးတာက သွေးမြင်ရင်မမူးချင်မှ ဆရာမလုပ်လို့ရမယ်။


လူကောင်းပကတိကနေ ရုတ်တရက်မူးပြီး သတိမေ့တာဟာ Shock ပါဘဲ။ (ရှော့ခ်) တွေက အမျိုးအစားများတယ်။ နှလုံးနဲ့ သွေးကြောတွေက လိုသလောက် အလုပ်မလုပ်နိုင်တာကနေ ဖြစ်တယ်။ လူ့ကိုယ်က အရေးပါတဲ့အင်္ဂါတွေတွက် မရှိမဖြစ်တဲ့ အောက်စီဂျင် မလုံလောက်လို့ ဖြစ်လာစေတယ်။ အသက်ဆုံးပါးတဲ့အထိ ဖြစ်နိုင်တယ်။


(၁) စိုးရိမ်စိတ်တွေဖြစ်လာ၊ ဂနာမငြိမ်ဖြစ်လာ၊ မူးလဲမယ်။

(၂) ပျို့ချင်-အန်ချင်လာမယ်။

(၃) ရေငတ်လာမယ်။

(၄) မျက်စိကဝေဝါး၊ သူငယ်အိမ် ကျယ်လာမယ်။

(၅) အသက်ရှူတာ တိမ်-မြန်-မမှန်ဖြစ်မယ်၊

(၆) အရေပြား အေးလာ၊ ဖြူရော်လာ၊ စိုထိုင်းလာမယ်၊

(၇) လက်ကောက်ဝတ် သွေးခုန်တာ မြန်မယ်၊ စမ်းမရဖြစ်မယ်။


• Hypovolemic Shock သွေးထုထည် နည်းလို့ဖြစ်တဲ့ (ရှော့ခ်)၊ ထိခိုက်ဒဏ်ရာရလို့ အတွင်းထဲဖြစ်ဖြစ် အပြင်ကို ဖြစ်ဖြစ် သွေးယိုထွက်တာ၊ မီးလောင်လို့ အရည်တွေ ခမ်းခြောက်တာ၊ အန်လို့-ဝမ်းလျှောလို့ ရေနဲ့ ဓါတ်ဆားတွေ နည်းတာကြောင့် ဖြစ်တယ်။


• Neurogenic Shock အာရုံကြောကြောင့်ဖြစ်တဲ့ (ရှော့ခ်)၊ သွေးကြောတွေ ပုံမှန်မဟုတ် ဖေါင်းလာလို့ သွေးတွေ လိုရာမရောက် ဖြစ်လာမယ်။ (အော်တိုနောမစ်) အာရုံကြောစနစ်ကို သက်ရောက်လို့ ဖြစ်တယ်။ သွေးဖိအား ကျမယ်၊ တခါတလေ နှလုံးခုန် နှေးတတ်တယ်။ ဦးနှောက်ကို သွေးပြန်ရောက်ရင် ပြန်ကောင်းမယ်။ ဦးနှောက် ထိခိုက်တာ၊ ခါးဆစ်ရိုးထဲက အာရုံကြောစနစ် ထိခိုက်တာတွေ ကြောင့်လဲ ဖြစ်တယ်။ အတွင်း အင်္ဂါတွေကို ထိခိုက်လာမယ်။


• Psychogenic Shock စိတ်ကြောင့် ဖြစ်တဲ့ (ရှော့ခ်)၊ ကြောက်စိတ်များ၊ အပျော်လွန်၊ ဒေါသကြီး၊ ပူပန်မှုလွန်ကဲရာကနေ ဖြစ်တယ်။ သွေးကြောတွေ ကျယ်လာတယ်။ ဦးနှောက်ကို သွေးအရောက်နည်းတယ်။ သွေးဖိအားကျမယ်၊ အရေပြား အေးစက်နေမယ်။ ချွေးပြန်မယ်။ နှလုံးခုန်မြန်မယ်။ သတိတဝက်တပျက်မရတာနဲ့ လုံးဝသတိမရတာဖြစ်မယ်။


• Anaphylactic Shock (အနာဖလက်တစ်-ရှော့ခ်)၊ မတည့်တာနဲ့ ထိတွေ့ရာကနေဖြစ်တယ်။ ယားယံလာမယ်၊ အနီပိန့်တွေထွက်မယ်၊ အသက်ရှူခက်လာမယ်၊ ဆီးသွားချင်-ဝမ်းသွားချင်ဖြစ်လာမယ်။ ပူလောင်လာသလို ခံစားရမယ်၊ အသံပျောက်မယ်။ ဆေး၊ အဆိပ်၊ အင်းဆက်၊ အမှုံအမွှား၊ အစားအသောက်၊ စတာတွေကနေ ဖြစ်စေတယ်။


Shock ဖြစ်ပြီဆိုရင် ဘာလုပ်မလဲ -

ရုတ်တရက် ချက်ချင်းဖြစ်တာမို့ ရှေးဦးသူနာပြု လုပ်ဘို့ အလွန့်အလွန် အရေးကြီးပါတယ်။ အသက်ကို ကယ်နိုင်တယ်။ ဆရာဝန်တွေ၊ ဆေးရုံတွေဆီ ရောက်မှဆိုရင် နောက်ကျတတ်တယ်။ ပြုစုမဲ့သူက တည်ငြိမ်ရမယ်။ တတ်ထားရမယ်။


(၁) အသက်ရှူလမ်း စစ်ရ၊ ပြင်ရမယ်။ ပိတ်ဆို့နေတာ မရှိစေနဲ့။ လည်ပင်းဆန့်၊ မေးကိုပင့်ပါ။

(၂) သွေးယိုတဲ့နေရာကို သွေးမထွက်အောင်လုပ်ပါ။ ဖိထားပေးပါ။ မြှင့်ထားပေးပါ။ ပတ္တီး-ကြိုးနဲ့ စည်းထားပေးပါ။ Artery forceps သွေးကြောညှပ် ရှိရင်-လိုရင် သုံးပါ။

(၃) ခြေထောက်ပိုင်းကို ခေါင်းအထက်မှာ မြှင့်ထားပါ။ အန်နေရင် ခေါင်းတဖက် စောင်းထားပါ။ ခေါင်း-လည်ပင်း ကျိုးရင်-ကျိုးတယ် ထင်ရင် ပက်လက်အနေအထားမှာသာ ထားပါ။

(၄) အရိုးကျိုးရင် အမာတခုခုနဲ့ ကြပ်စည်းပါ။ ဆွဲမဆန့်ပါနဲ့။

(၅) သက်တောင့်သက်သာ နေပါစေ။ အေးနေရင် စောင်စတာနဲ့ နွေးအောင် ခြုံပေးပါ။ စို-အေး နေတာတွေ ဖယ်ရှားပါ။ သဘာဝမဟုတ်တဲ့ အနွေးပေးတာမျိုး မသုံးပါနဲ့။

(၆) လူနာကို စိတ်ငြိမ်အောင် အားပေးနှစ်သိမ့်ပါ။ သူ့အနာဒဏ်ရာကို မမြင်စေပါနဲ့။

(၇) အန်နေလျှင်၊ အဆိပ်စတာ မသေခြာလျှင် ပါးစပ်က ဘာမှမတိုက်ပါနဲ့။

(၈) လေသန့်ရပါစေ။ ခေါင်းကိုအောက်ချလိုက်ပါ။ အာခေါင်ခြောက်-ရေဆာရင် နှုတ်ခမ်းကိုသာ ရေဆွတ်ပေးပါ။ ဦးနှောက်ထဲသွေးရော်တာနဲ့ ပြန်ကောင်းမယ်။ အားနည်းနေလိမ့်မယ်။

(၉) ဆေးပညာတတ်ကျွမ်းသူ အကူအညီခေါ်ပါ။


အင်္ဂလန်မှာ (ဗီတိုရီးယား) ခေတ်တုံးက အမျိုးသမီးတွေ ဒီလိုဖြစ်ကြတာက Corsets ကိုယ်ကြပ် အဝတ်အစားတွေကြောင့် အသက်ရှူကြပ်တာလဲပါနိုင်တယ်။ တခြား မူယာမာယာလဲပါမယ်။ ခဏခဏမူးလဲကြလို့ Fainting game လို့ ခေါ်ရလောက်အောင် လူစည်စည်မှာ လှလှပပလေး လဲကြတာများတယ်။ အမေရိကားမှာဖြစ်ရင် Choking game လို့ ခေါ်တယ်။ မြန်မာပြည်မှာ အမျိုးသမီးစစ်ရေးပြရောဂါလို့ ခေါ်ရတော့မယ်။


ဓါတ်ပုံ = အင်ဒိုနီးရှား ၆၇ ကြိမ်မြောက်လွတ်လပ်ရေးနေ့စစ်ရေးပြအခန်းအနားမှာ မူးလဲကျနေတဲ့ အမျိုးသမီးစစ်သည်တဦး


Dr. တင့်ဆွေ

http://ift.tt/1rGO2aq





from သစ်ထူးလွင် (ကျန်းမာရေး) - Thit Htoo Lwin http://ift.tt/1Dc8EAt

Comments

Popular posts from this blog

(ဂရင်ဂျီနာ) ဖြစ်ပွားပါက ကုသနည်းနှင့် ကာကွယ်နည်းများ

ဂရင်ဂျီနာဟာ လိပ်ခေါင်းတစ်မျိုးဖြစ်ပြီး ကာလရှည်ကြာစွာ ဖြစ်တတ်တဲ့ ရောဂါတစ်မျိုး ဖြစ်ပါတယ်။ ဂရင်ဂျီအနာ ပေါက်ဟာ နီရဲတဲ့ သွေးလိုအရည်ကျတတ်တယ်။ ဆီးသွားတဲ့ အကြောနဲ့ယှဉ်တွဲနေလို့ ဆီးကျန်၊ ဆီးကျဉ်၊ဆီးပူခြင်းတို့ဖြစ်တတ်ပါတယ်။ စအိုပတ်လည်မှာ အဖုအပိမ့်များထွက်လာခြင်း၊ ယားယံခြင်း၊ ရောင်ခြင်း၊ နာကျင်ခြင်း၊ ကိုက်ခဲခြင်း၊ အနာနဲ့ အနာပေါက်လေးများ ထွက်ပေါ်လာရင် ဂရင်ဂျီနာ ဖြစ်လာ ပါတယ်။ ဂရင်ဂျီနာဖြစ်ခဲ့ရင် စအိုနှုတ်ခမ်း ဘေးပတ်လည်၊ ပေါင်၊ တင်ပါး၊ ဆီးခုံဝန်းကျင်မှာ ယားယံခြင်း၊ ရောင်ခြင်း၊ ဝမ်းချုပ်ခြင်း၊ ဆီးချုပ်ခြင်း၊ ဆီးနည်းခြင်းတွေ ဖြစ်တတ်တယ်။ လိင်အင်္ဂါဝန်းကျင် တစ်ဝိုက်မှ တင်ပါးအထိ ဖြစ်တတ်တယ်။ ဝမ်းချုပ်ခြင်း၊ အညောင်းထိုင်လွန်းခြင်း၊ အညှော်နံ့ခံရခြင်း၊ ရေချိုးမမှန်ခြင်း၊ တစ်ကိုယ်ရေ ကျန်းမာရေး မလိုက်စားသူတွေဟာ ဆီးခုံအစပ်မှာ အဖုငယ်များ ထွက်ပေါ်ကာ သွေးရည်ကြည်လို ကျနေတတ်သလို တချို့ကာလရှည်စွာ ပြည်ပုပ်များ ကျနေတတ်ပါတယ်။ ဂရင်ဂျီနာ၊ မြစ်ခြောက်နာက မြစ်စိုနာနဲ့ တွဲပြီး သားနံရေအနည်းငယ် သာကျကာ ချွေးပေါက်ပိတ်ဆို့ပြီး ကျစ်လျစ်မာကျောတဲ့ အမျှင်များနဲ့ ဖွဲ့စည်း ထားတတ်ပါတယ်။ အချိန်ကြာလာတာနဲ့အမျှ တစ်ဆင့်ပြီးတစ်ဆင့် အသားထဲ ထိုးဖေ

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က

TOP TEN of Miss Universe Myanmar 2014 Finalist

# TOP TEN of Miss Universe Myanmar 2014 Finalist # The 20 finalists of Miss Universe Myanmar 2014 are vying for the crown of Beauty Pageant, which will be held at the National Theater in Yangon on July 26. Here are MC's TOP TEN Selection ,,,, from Myanmar Celebrity: Gossip, News, Video, Photo, Fashion, Entertainment http://ift.tt/1q8GOM3