Skip to main content

Posts

Showing posts from March 23, 2015

ပွေး၊ညှင်း၊၀က်ခြံ၊တင်းတိတ်များအတွက် အလွယ်ဆုံးနည်း

ပွေး၊ ညှင်း၊ တင်းတိတ်၊ ဝက်ခြံဖုများအတွက် အလွန်ရိုးရှင်းလွယ်ကူပြီး တစ်ပတ်အတွင်း မှာ ပျောက်ကင်း သွားစေမည့် မြန်မာ့ရိုးရာ လိမ်ဆေးနည်းလေးကို ရေးသား မျှဝေ ပေးလိုက်ပါတယ်။ (၁) ကြက်သွန်နီတစ်လုံးကို အခွံခွါပြီး ရေမဆေးပဲ ထုထောင်းပါ။ ဘရန်ဒါကြိတ်စက်ရှိက ကြိတ်ပါ။ (၂) ကြွေပုဂံတစ်လုံးထဲ ထည့်ပါ၊ သံပုရာသီးတစ်လုံးကို ညှစ်ထည့်ပါ။ (၃) ပွေး၊ ၀ဲ၊ ညှင်း၊ ၀က်ခြံ၊ တင်းတိပ် ပေါက်တဲ့နေရာပေါ်ကို တစ်နေ့(၂)ကြိမ် လိမ်းပေးပါ။ (၄) မျက်စိနဲ့နီးတဲ့နေရာဆိုလျှင် မျက်စိထဲမ၀င်အောင် သတိထားပါ။ (၅) ညပိုင်းအိပ်ခါနီးမှာ မျက်နှာကို ရေနွေးနွေးလေးနဲ့ သန့်စင်ပြီး သနပ်ခါးအမြှစ်ကို သွေးလိမ်းပြီး အိပ်ပါ။ ရိုးရှင်းလွယ်ကူတဲ့ ဒီဆေးနည်းကို ကိုယ်တိုင်ရော သူငယ်ချင်းများပါ လက်တွေ့စမ်းသပ်ပြီး တစ်ပတ်အတွင်း ပျောက်ကင်းခဲ့၍ တဆင့် မျှဝေပေးလိုက်ပါတယ်။ သင်လည်း လက်တွေ့လုပ်ကြည့်ပြီး အဆင်ပြေတယ်ဆိုရင် သင့်မိတ်ဆွေများကိုလည်း ပြန် Share ပေးဖို့ မမေ့နဲ့နော်။ စောနွဲ့ နေဆိုင်(ပူတာအို) ကိုးကား ။ ။ မြန်မာတို့အတွက်မြန်မာ့ဆေးမြီးတိုများ ကျန်းမာရေးသတင်းများ from သစ်ထူးလွင် (ကျန်းမာရေး) - Thit Htoo Lwin http://ift.tt/1Htn5Pi

ပျားရည်နှင့်မတည့်သော အစားအစာများ

ပျားရည်သည် အလွန်ဆေးဖက်ဝင်သော သဘာဝဆေးတစ်မျိုးဖြစ်ပါသည်။ သို့သော် ဘယ်အရာမဆို အကောင်းအဆိုး၊ အကြောင်းအကျိုး ဒွန်တွဲနေတတ်သည့်အတွက် ပျားရည်မှာလည်း အတူတွဲစား၍မရသော အစားအစာအချို့ ရှိနေပါသည်။ ၄င်းအစားအစာများနှင့် အတူတကွ တွဲစားမိလျှင် အော့အန်ခြင်း၊ ခေါင်းမူး၊ ခေါင်းထိုး စသည်တို့ကို ဖြစ်ပေါ်စေတတ်ပါသည်။ သတိထားနိုင်ကြစေရန် စေတနာဖြင့် မျှဝေပေးလိုက်ပါတယ်။ (၁) ရှားစောင်း (၂) အုန်းနို့၊ အုန်းသီး၊ အုန်းထန်းလျက် (၃) သြဇာသီး (၄) ပိန္နဲသီး (၅) ဥသျှစ်သီး (၆) မယ်ဇလီရွက် (၇) တမာရွက် (၈) ဆူးပန်းရွက် (၉) ပိတ်ချင်းရွက် (၁၀) ကြာစေ့ (၁၁) မိုးရေ (၁၂) သင်္ကန်းဖွယ် ငှက်သား (၁၃) ကင်းပိတ်ရွက် အသက်အန္တရာယ်အထိ ဒုက္ခမပေးသော်လည်း အခန့်မသင့်လျှင် ဒုက္ခရောက်နိုင်တာမို့ အရာရာတိုင်းမှာ သတိလေးကိုဆောင်ပြီး အန္တရာယ်များကို ရှောင်နိုင်ကြပါစေ။ စောနွဲ့နေဆိုင်(ပူတာအို) ကိုးကား ။ ။ တွဲဖက်၍မစားသင့်သောအစားအစာများ ကျန်းမာရေးသတင်းများ from သစ်ထူးလွင် (ကျန်းမာရေး) - Thit Htoo Lwin http://ift.tt/1Htn3Hq

သွေးတိုးမဖြစ်စေရန်ဆားလျှော့စားနည်းများ

သွေးတိုးမဖြစ်အောင်ကာကွယ်တဲ့အနေနဲ့အစားအသောက်ကိုမှန်ကန် အောင်စားဖို့လိုအပ်ပါတယ်။ပြည့်ဝဆီ(Saturated Fat)ရှောင်ပါ။ကာဗိုဟိုက် ဒရိတ်ကိုလျော့စားပါ။အသီးအနှံဟင်းသီးဟင်းရွက်ကိုများများစားပါ။သွေး တိုးဖြစ်စေတဲ့အစားအသောက်ထဲမှာအဓိကပါနေတာကဆားပဲဖြစ်ပါတယ်။ ဆားများရင်ခန္တာကိုယ်ထဲမှာရေစုဆောင်းမှုများပြီးသွေးတိုးဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့်ဆားမှီဝဲမှုကိုလျော့စားဖို့နည်းလမ်းတွေကိုဖော်ပြလိုက်ရပါတယ်။ -အစားအသောက်ကိုပြင်ဆင်တဲ့အခါမှာဆားကိုလျှော့ထည့်သင့်ပါတယ်။အ စားအသောက်ကိုပြင်ဆင်ချက်ပြုတ်တဲ့အခါဆား၊အချိုမှုန့်တွေများများ ထည့်မယ့်အစားဟင်းခတ်ပစ္စည်းတွေဖြစ်တဲ့အမွှေးအကြိုင်(ကြက်သွန်ဖြူ၊ နံနံပင်၊ကြက်သွန်နီ၊ရှာလကာရည်၊သံပုရာရည်၊ဟင်းမွှေးမဆလာ၊ချင်း၊ ကြက်သွန်မိတ်)တွေထည့်လိုက်ရင်အရသာရှိသွားပါတယ်။ -ထမင်းစားပွဲပေါ်မှာဆားဗူးမတင်ထားပါနဲ့။ထမင်းစားတဲ့အခါဆားဖြူပြီး စားတဲ့အကျင့်ကိုရှောင်ပါ။ -အစားအသောက်တွေမှာအငန်ဓာတ်ပါတဲ့အစားအသောက်(ငါးပိ၊ငါး ခြောက်၊ငံပြာရည်၊လက်လုပ်ချဉ်၊ငန်တဲ့ဆော့စ်၊ခရုဆီ၊စည်သွပ်ဗူး၊အာလူး ကြော်၊သရက်သီးသနပ်)စတာတွေကိုရှောင်ပါ။ဆိုဒီယမ်နဲ့အချိုမှုန့်(MSG)နည်းတဲ့ အဆင်သင့်အစာကိုပဲစားပါ။ -ဆားကိုတစ်နေ့မှာလက်ဖက်စားဇွန်းသုံးပုံေ