Skip to main content

Posts

Showing posts from December 24, 2014

ရာသီအေးလာ ဆောင်းအခါ သတိထားစရာ

အေးလာသည့် ရာသီဥတုမျိုးတွင် မိမိကျန်းမာရေးအတွက် ကျန်းမာစွာနေထိုင်နိုင်ရန် မိမိ ခန္ဓာကိုယ့်အပူချိန်ကို ထိန်းသိမ်းဖို့ လိုအပ်ပါသည် ။ အဓိကသည်လို့ ဥတုမျိုးတွင် သွေးတိုးရောဂါ အခံရှိသူများ အထူးသတိထားနေထိုင်ရန် လိုအပ်ပါသည် ။ တစ်ချို့ ငယ်ရွယ်သူများအနေဖြင့် မိမိတွင် သွေးတိုးနေသည့် အနေအထားလည်း မသိ မရှိဘူးထင်ပြီး ခေါင်းလျှော်ခြင်း ၊ ရေချိုးခြင်းကို အလေးအနက်မထားဘဲ ပေါ့ပေါ့လေးတွေးပြီး လုပ်ဆောင်ကျလို့  လေဖြတ်ခြင်း ၊ လေဖြန်းခြင်း အဖြစ် ပါးတွေရွဲခြင်း မျက်ခွံတစ်ဖက် ပိတ်မရခြင်း အဖြစ်ကို ရောက်ရှိတက်ပါသည် ။ ကျန်းမာရေးကိုယ်လက်လှုပ်ရှားခြင်း အဖြစ် ရာသီဥတုအေးချမ်းသော နံနက်ခင်းစောစောထပြီး လမ်းလျှောက်ခြင်း ၊ ပြေးခြင်း လုပ်ဆောင်သည့် အခါတွင် အအေးမပတ်အောင် ကြိုတင်ကာကွယ်ဝတ်ဆင်ပြီးမှသာ ကိုယ့်လက်လှုပ်ရှားဆောင်ရွက်သင့်ပါသည် ။ အအေးပတ်ခြင်းကြောင့် သွေးတိုးခြင်း ၊ ချောင်းဆိုးခြင်း ၊ နားစည်ရောင်ခြင်း ၊ မူးတက်ခြင်း ၊ အစာမကြေ အော့အန်တက်ခြင်း နှင့် ခြေလက်ကိုက်ခဲနေခြင်း များဖြစ်တက်ပါသည် ။အဓိက ကျန်းမာရေးအလျင်အမြန် ဆိုးရွားသွားစေနိုင်သည့်ကတော့ သွေးတိုးခြင်းဖြစ်ပါတယ် ။ သွေးတိုးနုန်း မြင့်မားလာတာကို မသိရှိလိုက်ပါက မိမိ အသက်အန္တရ

ဘာကြောင့် ဝရတာလဲ လို့ သင်သိချင်ပါသလား

ဝရတဲ့အကြောင်းရင်းကို တိုတိုရှင်းရှင်းပြရရင်တော့ အစာကို အလွန်အမင်းစားခြင်းနဲ့ ကိုယ်လက်လှုပ်ရှားမှု မလုံလောက်ခြင်းတို့ကြောင့်ပဲ ဖြစ်ပါတယ်။ ကိုယ်အလေးချိန် ကျဖို့ဆိုရင်တော့ ကိုယ်လက်လှုပ်ရှားမှု များများလုပ်ပြီး အစားအသောက်လျှော့စားကာ ကယ်လိုရီပမာဏ လျှော့ချဖို့လိုပါတယ်။ ဒီလိုပြောတော့ လွယ်ပေမယ့် လက်တွေ့မှာ လိုက်နာဖို့ကျတော့ ခက်လှပါတယ်။ ဒီနေ့ခေတ်အလုပ်တွေဟာ အထိုင်များပြီး လှုပ်ရှားမှုနည်းတဲ့ အလုပ်တွေဖြစ်လာတာကြောင့်နဲ့ အစားအသောက် စားသောက်တဲ့ အလေ့အထကြောင့် ဖြစ်ပါတယ်။ အစားအသောက်စားတဲ့နေရာမှာ ဟင်းသီးဟင်းရွက်နဲ့ အသီးအနှံများများ၊ ထမင်း အသင့်အတင့်နဲ့ အသား၊ ငါး အသင့်အတင့်ကိုပဲ စားသင့်တာဖြစ်ပေမယ့် ဝတဲ့သူ အများစုဟာ ထမင်းအများအပြား၊ ဟင်းသီးဟင်းရွက်နဲ့ အသီးအနှံနည်းနည်းကိုပဲ စားလေ့ရှိတာကြောင့်ပါ။ ဒါ့အပြင် အလုပ်လုပ်ချိန်ပိုရဖို့အတွက် အစာကိုခပ်မြန်မြန် စားသောက်တဲ့အကျင့်ကလည်း အစာကို ပိုမိုစားဖြစ်စေတဲ့အချက်ပါပဲ။ ဒီနေ့ခေတ်မှာ အားကစားလုပ်ဖို့ အချိန်မပေးနိုင်ဘူးဆိုတဲ့ အကြောင်းပြချက်ကြောင့်လည်း ဝစေပါတယ်။ အားကစားခန်းမ (Gym) သွားပြီး အားကစားကို တကူးတကမလုပ်နိုင်ရင်တောင် အိမ်မှာပဲ ရေမချိုးခင် လမ်းလျှောက်တာ၊ ထိုင်ထ လုပ်တာ၊

Common Oral Mucosal Lesions ခံတွင်း-ပါးစပ်မှာ ဖြစ်တတ်တဲ့ ရောဂါတွေ

၁။ ဆရာရှင့် ကျွန်မက ပါးစောင်လေးဖက်လုံးမှာ မှိုတွေလိုဖြူဖြူတွေ (အနီရောင်ရော) ဖြစ်နေတာ တစ်နှစ်လောက်ရှိပါပြီ။ အပူအစပ်စားရင် အပူနာလိုမျိုး ဖြစ်သွားပါတယ်။ အခု Fame ကထုတ်တဲ့ Tomatac နဲ့ Completet သောက်နေပါတယ်။ လိမ်းဆေးကတော့ miconarzole cream လိမ်းရပါတယ်။ ကြာရင် ကင်ဆာဖြစ်သွားမယ်ပြောပါတယ်။ ကျွန်မက သူများ ပြောတာတွေနဲ့ စာအုပ်မှာဖတ်ရလို့ မင်းဂွတ်သီးကို အစေ့အခွံအားလုံးကြိတ်ပြီးတော့ လုံးလုံးလေးလုပ်ပြီး အေးခဲခန်းမှာ သိမ်းထားပါတယ်။ အဲ့ဒါကိုလည်းသောက်ပါတယ်။ ကင်ဆာပျောက်တယ်ဆိုလို့ပါ။ သောက်လို့ရပါသလား။ ကျွန်မအနာဟာ ဘာကြောင့်ဖြစ်ပြီး ပျောက်ကင်းဖို့ ကြာဦးမှာလားသိချင်ပါတယ်ဆရာ။ ဆေးသောက်နေတာ လေးလ ရှိပါပြီ။ ၂။ ကျွန်မအမျိုးသားကအသက် ၃၃ နှစ်ရှိပါပြီ။ သူ့ရဲ့အောက်နှုတ်ခမ်းအတွင်းဖက်မှာအဖုလေးတဖုပေါက်လာတာ ၂ လလောက်ရှိပါပြီ။ အဲဒိအဖုက အအေးသောက်ရင် မသိသာပေမဲ့အပူနဲ့ထိမိရင် စတော်ပဲစေ့လောက် ကြီးလာပါတယ်။ အရည်အိတ်လိုပုံစံမျိုးပါပဲ။ တခါလဲအရည်ပေါက်ထွက်ပါတယ်။ ပြီးတော့ အကျိတ်ပြန်ဖြစ်ပါတယ်။ ဆေးခန်းတော့ မပြဖြစ်သေးပါဘူးဆရာ။ အသိဆရာဝန်တယောက်ကိုမေးကြည့်တော့ ကင်ဆာလက္ခဏာနဲ့ တူတယ်ဆိုလို့ ကျွန်မတို့ နှစ်ယောက်လုံးစိုးရိမ်မိပါတယ်ဆရာ။ နာတာကျင်

6666

Sorry, the page you were looking for in this blog does not exist. Sorry, the page you were looking for in this blog does not exist. Subscribe to: Posts ( Atom ) from သစ်ထူးလွင် (ကျန်းမာရေး) - Thit Htoo Lwin http://ift.tt/1rgGUGH

နေ့စဉ်ကော်ဖီသောက်ခြင်းက ဆီးချိုရောဂါအမှတ်(၂)ကိုကာကွယ်ရာရောက်တယ်

ကော်ဖီကြိုက်သူများအတွက်သတင်းကောင်းလေးပါ။ ''ကော်ဖီကို ရံဖန်ရံခါမှသောက်သူတွေထက်စာရင်၊ ကော်ဖီကို နေ့စဉ်ပုံမှန်သောက်သူများဟာ ဆီးချိုရောဂါအမှတ်(၂) ဖြစ်နိုင်ခြေ အလားအလာနည်းပါးနိုင်တယ်''လို့ ပြင်သစ်နိုင်ငံအခြေစိုက် AFP သတင်းဌာနမှ ဧပြီ ၂၄ ရက်မှာ သတင်း ထုတ်ပြန်သွားခဲ့ပါတယ်။ ဆီးချိုရောဂါအမှတ်(၂)ဆိုတာ ခန္ဓာကိုယ်ထဲမှာ အင်ဆူလင်ကိုတုံ့ ပြန်နိုင်အားကျဆင်းလာတဲ့အတွက် အင်ဆူလင် မလိုအပ်ဘဲ အင်ဆူလင်ကို တုံ့ပြန်ပေးနိုင်စွမ်းသော ဆေးဝါးများလိုအပ်ခြင်းကြောင့်ဖြစ်တဲ့ရောဂါတစ်မျိုးပါ။ ပျမ်းမျှ အသက်(၃၅)အထက်မှာ စဖြစ်လေ့ရှိပြီး သွေးတိုး၊နှလုံးရောဂါတို့နဲ့ ဆက်စပ်နေပါတယ်။ သက်ကြီးပိုင်းဖြစ်လေ့ရှိတဲ့ ဆီးချိုရောဂါ၏ ၉ဝ ရာခိုင်နှုန်းခန့်က ထိုဆီးချို ရောဂါအမှတ်(၂)ပဲဖြစ်ပါတယ်။ ယခုလို ကော်ဖီနှင့်ဆီးချို ရောဂါ ဆက်စပ်မှုသုတေသနကီုငဘေနအသူသါငေ အသင်းအဖွဲ့မှ စေတနာရှင် ကျန်းမာရေးဝန်ထမ်း ဦးရေ ၁၂ဝဝဝဝကျော်နှင့် လေ့လာ စမ်းစစ်ခဲ့ပါတယ်တဲ့။ လေးနှစ်ကြာ မျှကော်ဖီစွဲသောက် လာခဲ့ကြသူများ ဖြစ်ကြသော ထိုကျန်းမာရေးဝန်ထမ်းများကို အုပ်စုနှစ်စုခွဲ၍ လေ့လာကြည့်တဲ့အခါမှာ (က) တစ်နေ့ကို ကော်ဖီပျမ်းမျှတစ်ခွက် (သို့မဟုတ်)တစ်ခွက်ခွဲ သောက်လေ့ရှ