Skip to main content

Posts

Showing posts from July 8, 2014

နက်ဖြန် ဇူလိုင်၉ရက် နံနက်စောစောထွက်ရှိမည့် Popular news ဂျာနယ် အတွဲ၆ အမှတ်၂၇ မျက...

နက်ဖြန် ဇူလိုင်၉ရက် နံနက်စောစောထွက်ရှိမည့် Popular news ဂျာနယ် အတွဲ၆ အမှတ်၂၇ မျက်နှာဖုံး from Popular Myanmar News Journal's Facebook Wall http://ift.tt/TQaxyj

နက်ဖြန် ဇူလိုင်၉ရက် နံနက်စောစောထွက်ရှိမည့် Popular news ဂျာနယ် အတွဲ၆ အမှတ်၂၇ နော...

နက်ဖြန် ဇူလိုင်၉ရက် နံနက်စောစောထွက်ရှိမည့် Popular news ဂျာနယ် အတွဲ၆ အမှတ်၂၇ နောက်ကျောဖုံး from Popular Myanmar News Journal's Facebook Wall http://ift.tt/TQayT7

ဂျပန်နိုင်ငံ တောင်ပိုင်း ကျွန်းစုတွေကို နီရိုဂရီ Neoguri တိုင်ဖွန်း မုန်တိုင်း...

ဂျပန်နိုင်ငံ တောင်ပိုင်း ကျွန်းစုတွေကို နီရိုဂရီ Neoguri တိုင်ဖွန်း မုန်တိုင်း ဝင်ရောက် တိုက်ခတ်ခဲ့ တာကြောင့် အဲဒီ ဒေသက လူ ၅ သိန်းကျော်လောက်ကို နေအိမ် စွန့်ခွာပြီး ဘေးကင်းရာ ရွှေ့ပြောင်းကြဖို့ အာဏာပိုင်တွေက တိုက်တွန်းထားပါတယ်။ တစ်နာရီ ကီလိုမီတာ ၂၀ဝ ကျော်နှုန်း ရှိတဲ့ လေပြင်းတွေ အိုကီနာဝါ ကျွန်းစုကို တိုက်ခိုက်ခဲ့ပြီး မိုးသည်းထန်စွာ ရွာသွန်းနေပါတယ်။ ဂျပန် တောင်ပိုင်းကို Neoguri တိုင်ဖွန်း ဝင်ရောက် - သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin www.thithtoolwin.com မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။ from Myanmar News Now's Facebook Wall http://ift.tt/1ss5EIf

ဇွန်လအကုန် ဇူလိုင်လထဲ ရောက်တာနဲ့ နော်ဝေးနဲ့ အနောက်ကမ္ဘာမှာ နွေရာသီ ဟောလီးဒေး Holi...

ဇွန်လအကုန် ဇူလိုင်လထဲ ရောက်တာနဲ့ နော်ဝေးနဲ့ အနောက်ကမ္ဘာမှာ နွေရာသီ ဟောလီးဒေး Holiday သို့မဟုတ် နှစ်ပတ်လည် Vacation ရာသီစပါပြီ။ အတိအကျ ပြောရ မယ်ဆိုရင် ဇူလိုင်လ ဒုတိယ သတင်း ပတ်အစ ၇ ရက်နေ့ကနေ တတိယ သတင်းပတ် အကုန် ၂၅ ရက်နေ့အထိ၊ ဒီကအခေါ်တိုင်း ဆိုရင်တော့ သတင်းပတ်အမှတ် ၂၈ ကနေ ၃၀ အထိ သတင်း ၃ ပတ်ကို နွေရာသီဟောလီးဒေး ကာ လအဖြစ် သတ်မှတ်ထား တာပါ။ အစိုးရရုံးတွေ၊ ကျောင်းတွေအပါဝင် လုပ်ငန်းဌာန အတော်များများ ပိတ်ပြီး ၀န်ထမ်းတွေ အားလုံးနီးပါး အပန်းဖြေ ခရီးထွက် ကြပါတယ်။ အခွန်လွတ် ဟောလီးဒေးနှင့် ဆက်ကြေး ကောက်ဆဲ မြန်မာပြည် - သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin www.thithtoolwin.com မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။ from Myanmar News Now's Facebook Wall http://ift.tt/1ss5zUL

တိုင်းရင်းသားဒုက္ခသည်များ၏ အခွင့်အရေးချိုးဖောက်ခံရမှုများ ဖော်ထုတ်ထားသည့် အစီရင်ခံ...

တိုင်းရင်းသားဒုက္ခသည်များ၏ အခွင့်အရေးချိုးဖောက်ခံရမှုများ ဖော်ထုတ်ထားသည့် အစီရင်ခံစာထွက်ရှိ ဖနိဒါ ချင်းမိုင်၊ ဇူလိုင် ၈ တိုင်းရင်းသားဒေသအချို့က နေရပ်စွန့်ခွာရသည့် ဒုက္ခသည်များ၏ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများကို မေးမြန်းဖော်ထုတ်ထားသည့် “တရားမျှတမှုကို ခြေရာကောက်ခြင်း (မြန်မာနိုင်ငံ၏ အတိတ်ကို ရောင်ပြန်ဟပ်ခြင်းနှင့် အနာဂတ်ကို မျှော်ကြည့်ခြင်း)” အမည်ရှိ အစီရင်ခံစာ တစ်စောင်ကို မွန်ပြည် လူ့အခွင့်အရေး ဖေင်ဒေးရှင်းက ဇူလိုင်လ ၇ ရက်က ထုတ်ပြန်လိုက်သည်။ “လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်လို့ နစ်နာသူ ကာယကံရှင်တွေရဲ့ သဘောထား ဆန္ဒကို ကျွန်တော်တို့ ကွင်းဆင်းပြီးတော့ နားထောင်ဖြစ်တယ်။ သူတို့အသံတွေကို စုပြီးတော့ သူတို့ ဘာဖြစ်ချင်တယ်။ တစ်ချို့ဆိုရင် IDP တွေဗျာ။ သူတို့ ရပ်ရွာတွေကို ပြန်ချင်လား၊ ဘာအခက်အခဲ ရှိလဲဆိုတာကို သူတို့က ပြောချင်တယ်။ အဲဒီရည်ရွယ်ချက်နဲ့ ထုတ်တာပါ”ဟု မွန်လူ့အခွင့်အရေး ဖောင်ဒေးရှင်း၏ လူ့အခွင့်အရေးဆိုင်ရာ အချက်အလက် စုဆောင်းရေးနှင့် သတင်းထုတ်ပြန်ရေး တာဝန်ခံ နိုင်အဲမွန်က မဇ္ဈိမကို ပြောသည်။ တိုင်းရင်းသား လူနည်းစုဒေသခံများကို ယခင်စစ်အစိုးရမှ လူ့အခွင့်အရေးချိုးဖောက်မှုများဖြစ်သည့် မြေယာသိမ်း
ဘရာဇီးနှင့် ဂျာမနီ အကြိုဗိုလ်လုပွဲ ပွဲကြိုခန့်မှန်း http://ift.tt/WeDLUX ဘရာဇီးအသင်းအနေနဲ့ ဒီပွဲမှာ နေမာ မပါတဲ့အတွက် နည်းနည်းနိမ့်သွားသလို ဖြစ်နေတယ်။ နောက်ထပ် ထိုးနှက်ချက်တစ်ခုက အသင်းခေါင်းဆောင် သီယာဂိုဆေးလ်ဗားလည်း မပါနိုင်ဘူး။ from The Voice Weekly's Facebook Wall http://ift.tt/1lQJtGa

စစ်သား၏ အဓမ္မကျင့်ခြင်း ခံရသည့် ချင်းအမျိုးသမီးအရေး ဆန္ဒပြသူများ တရားစွဲဆိုခံရမှု ပ...

စစ်သား၏ အဓမ္မကျင့်ခြင်း ခံရသည့် ချင်းအမျိုးသမီးအရေး ဆန္ဒပြသူများ တရားစွဲဆိုခံရမှု ပျက်ပြယ်သည်အထိ တောင်းဆိုမည် ခင်မြတ်မြတ်ဝေ ရန်ကုန်၊ ဇူလိုင် ၈ရက် ချင်းပြည်နယ်တောင်ပိုင်း မတူပီမြို့နယ် ရေဇွာမြို့နယ်ခွဲမှ အမျိုးသမီးတစ်ဦးကို စစ်တပ်က အဓမ္မပြုကျင့်၍ ဆန္ဒထုတ်ဖော်သူများအနက် ခေါင်းဆောင်အမျိုးသမီး ၄ဦးကို ပုဒ်မ ၁၈ဖြင့် တရားစွဲဆိုထားခြင်းကို ပျက်ပြယ်သည်အထိ အမျိုးသမီးအဖွဲ့အစည်းများက တောင်းဆိုသွားမည်ဟု အမျိုးသမီးများလက် မြန်မာဖောင်ဒေးရှင်းက ဒါရိုက်တာ မိုင်တီဆွီလျန်းက မဇ္ဈိမကို ပြောသည်။ "ကျွန်မတို့ တရားစွဲတာကို ရုပ်သိမ်းသွားတဲ့အထိ ဆက်လက်တောင်းဆိုမယ်။ အထက်ကို စာတင်မယ် မရဘူးဆိုရင် ရတဲ့နည်းနဲ့တော့ တောင်းဆိုသွားမယ်။ မြန်မာနိုင်ငံလူအခွင့်အရေး ကောင်စီကို စာတင်သွားမယ်" ဟုပြောသည်။ ဇွန်လ ၂၃ ရက်က ရေဇွာမြို့နယ်ခွဲတွင် ပြုလုပ်ခဲ့သည့် အမျိုးသမီးအကြမ်းဖက်မှု ဆန့်ကျင်ရေးနှင့် အမျိုးသမီး ဘ၀လုံခြုံရေး အတွက် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ပွဲမှ ခေါင်းဆောင် (၄)ဦးဖြစ်သည့် မငွန်ချင်းပါရ်၊ မဆွေးဆွေးကြည်၊ ဒေါ်ကော်ထွေး၊ ဒေါ်တင်တင်ရီတို့အား ရေဇွာရဲစခန်းမှ ပြည်နယ်အမိန့်ဟုဆိုကာ ပုဒ်မ (၁၈)ဖြင့် ဇူလိုင် ၄ရက်က တရားစွဲထားပြီး မတူ

ဇူလိုင်လ ၁ ရက်နေ့ကစလို့ ထိုင်း-မြန်မာ နယ်စပ်ရှိ ဒုက္ခသည်စခန်းတွေကို ၀င်ထွက်သွား...

ဇူလိုင်လ ၁ ရက်နေ့ကစလို့ ထိုင်း-မြန်မာ နယ်စပ်ရှိ ဒုက္ခသည်စခန်းတွေကို ၀င်ထွက်သွား လာခွင့် မပြု တော့ပဲ ပိတ်ထားလိုက်ပြီး ဒုက္ခသည်တွေ အနေနဲ့ အပြင်ထွက်ရင် ရိက္ခာဖြတ်တာနဲ့ ဒုက္ခသည် အဖြစ်က နေ ပယ်ဖျက်ပစ်မယ်လို့ ထိုင်းအာဏာပိုင်တွေက အမိန့်ထုတ်ထား ပါတယ်။ ထိုင်းနိုင်ငံမှာ စစ်အာဏာ သိမ်းပြီးနောက်ပိုင်း ဒုက္ခသည်တွေကို စခန်းအ၀င်အထွက် ခုလို တင်းကျပ်လိုက် တာဖြစ်ပါတယ်။ ဒုက္ခသည်များ စခန်းအပြင်ထွက်ရင် အရေးယူမည်ဟု အမိန့်ထုတ် - သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin www.thithtoolwin.com မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။ from Myanmar News Now's Facebook Wall http://ift.tt/1qRunI4
ကြံ့ခိုင်ရေးပါတီ နိုင်ကိုနိုင်ရမယ်လို့ ဘာ့ကြောင့် ဦးရွှေမန်းပြောတာလဲ (Video) http://ift.tt/WeDLUX ၂ဝ၁၅ အထွေထွေရွေးကောက်ပွဲတွေမှာ ကြံ့ခိုင်ရေးပါတီ ရှုံးမှာစိုးလို့ အချိုးကျကိုယ်စားပြုတဲ့ ရွေးကောက်ပွဲစနစ် PR ကို ကျင့်သုံးတယ်လို့ ယူဆရင် မှားမယ်လို့ သူရဦးရွှေမန်းက ပြောခဲ့ပါတယ်။ ပြီးတော့ ၂ဝ၁၅မှာ သူဦးဆောင်တဲ့ ကြံ့ခိုင်ရေးပါတီ နိုင်ကိုနိုင်ရမယ်လို့ ဆိုပါတယ်။ တကယ်ပဲ ကြံ့ခိုင်ရေး ပြန်နိုင်ဦးမှာလား။ ပြည်… from The Voice Weekly's Facebook Wall http://ift.tt/1jkSug7

အင်တာနက်လူမှုရေး စာမျက်နှာ ဖေ့စ်ဘွတ်ကနေ လူမျိုးရေး ဘာသာရေး တိုက်ခိုက် ရေးသားမှုတေ...

အင်တာနက်လူမှုရေး စာမျက်နှာ ဖေ့စ်ဘွတ်ကနေ လူမျိုးရေး ဘာသာရေး တိုက်ခိုက် ရေးသားမှုတွေ လျော့နည်း သွားအောင် Facebook တာဝန်ရှိသူတွေက မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ ရေးသားချက်တွေကို ၂၄ နာရီပတ်လုံး စိစစ်စောင့်ကြည့် သွားမယ်လို့ နိုင်ငံတော် သမ္မတရုံးက ပြောပါတယ်။ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ ရေးသားချက်တွေကို Facebook တာဝန်ရှိသူတွေ ၂၄ နာရီ စောင့်ကြည့်မယ် -. www.thithtoolwin.com မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။ from Myanmar News Now's Facebook Wall http://ift.tt/1rMcVVK

ခွင့်ပြုချက်မဲ့ ဆောက်လုပ် သော ကန်ထရိုက်တိုက်များ တည် ဆောက်မှုတွင် လိုင်စင်ရကန်ထ...

ခွင့်ပြုချက်မဲ့ ဆောက်လုပ် သော ကန်ထရိုက်တိုက်များ တည် ဆောက်မှုတွင် လိုင်စင်ရကန်ထ ရိုက်များလည်း ပါဝင်နေကြောင်း စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူတစ်ဦးက ယနေ့ပြုလုပ် သောသတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။ ယင်းသို့ဆောင်ရွက်လျက်ရှိ သောကန်ထရိုက်များကို အရေးယူ မှုဆောင်ရွက်ရာတွင် လိုင်စင်ရ ကန်ထရိုက်များသည် လက်ရှိအချိန် ၌ လိုင်စင်မဲ့ကန်ထရိုက်များအား ပေးဆောင်စေသော ဒဏ်ကြေး အတိုင်းသာပေးဆောင်ရသော်လည်း လိုင်စင်ရကန်ထရိုက်များသည် စပေါ်တင်ထားသော ငွေများရှိ သည့်အတွက် ၄င်းတို့ ထပ်မံ ကျူးလွန်ပါက စပေါ်ငွေကို ထုတ် ပေးခြင်းမပြုဘဲ လိုင်စင်ကိုပြန် လည် သိမ်းဆည်းသည်အထိ အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။ တရားမဝင် ကန်ထရိုက် ဆောက်လုပ်မှုတွင် လိုင်စင်ရ ကန်ထရိုက်များလည်း ပါဝင်လျက်ရှိ - သစ်ထူး� www.thithtoolwin.com မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။ from Myanmar News Now's Facebook Wall http://ift.tt/1rMcWca

မန္တလေးမြို့ မဟာအောင်မြေမြို့ နယ်တွင် အမျိုးသမီးတစ်ဦးက ယုံ ကြည်အောင် ပြောဆို၍ေ...

မန္တလေးမြို့ မဟာအောင်မြေမြို့ နယ်တွင် အမျိုးသမီးတစ်ဦးက ယုံ ကြည်အောင် ပြောဆို၍ နေပြည် တော်ရှိ မြေကွက်ပေါင်း ၃၂ ကွက် ကို လိမ်လည် ရောင်းချမှု ဖြစ်ပွားခဲ့ သည်။ မန္တလေးမြို့မဟာအောင်မြေမြို့ နယ် ရဲမွန်တောင်ရပ်ကွက် ၄၂x ၄၃၊ ၅၂x၅၃ လမ်းကြား၊ အိမ် အမှတ် (၃၉/၇+၁ဝ)နေ ဒေါ်နီ(ခ) ဒေါ်နီနီလွင်(၅၈နှစ်)သည် ယခုလ ၁ ရက် မွန်းတည့် ၁၂ နာရီက ယုံကြည်အောင်ပြောဆို၍ နေပြည် တော်ရှိ မြေကွက် ၃၂ ကွက်(စုစု ပေါင်းငွေကျပ် ၄၈၄၅ဝဝဝ)ကို လိမ်လည်ပြောဆို ရောင်းချခဲ့သူ ဒေါ်မြတ်မြတ်စိုး(စိစစ်ဆဲ) အမှတ် ၁ဝ၂/သုံးလွှာ၊ သီရိ ၄လမ်း၊ လှိုင် မြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ဦးညီညီလွင်(စိစစ်ဆဲ) ဒုဦးစီးမှူး အမျိုးသားလွှတ်တော်ကော်မတီ (၁)၊ ဌာနခွဲ(၄)၊ နေပြည်တော်တို့ ကို အရေးယူပေးပါရန်တိုင်တန်း မှုအရ မဟာအောင်မြေ မြို့မရဲ စခန်းက (ပ)၃၈၁/၂ဝ၁၄၊ ပြစ်မှု ပုဒ်မ ၄၂ဝ အရ အမှုဖွင့်ပြီး ဖမ်း ဆီးရမိရေး ဆောင်ရွက်လျက်ရှိ ကြောင်းသိရသည်။ နေပြည်တော်ရှိမြေကွက်ပေါင်း ၃၂ ကွက် လိမ်လည်ရောင်းချမှုဖြစ်ပွား - သစ်ထူးလွင် (နေ့စဉ်သတင်� www.thithtoolwin.com မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။ from Myanmar News N

ဆီမီးဖိုင်နယ် ပထမပွဲစဉ်အဖြစ် ဘရာဇီး နှင့် ဂျာမနီ အသင်းတို ယှဉ်ပြိုင်ကစားမည်။ ယေ...

ဆီမီးဖိုင်နယ် ပထမပွဲစဉ်အဖြစ် ဘရာဇီး နှင့် ဂျာမနီ အသင်းတို ယှဉ်ပြိုင်ကစားမည်။ ယနေ့ မြန်မာစံတော်ချိန် နံနတ် ၂ နာရီ ၃၀မီနစ်တွင် ဆီမီးဖိုင်နယ် ပွဲစဉ်ဖြစ်တစ်ပွဲဖြစ်သည့် ဘရာဇီး နှင့် ဂျာမနီ အသင်းတို ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ အုပ်စု၊ ရှုံးထွက်၊ ကွာတား ပွဲများကစားခဲ့သည့်အသင်းရလဒ်အနေအထားအရ နောက်တန်းခံစစ် အမှားများလွန်းပြီး ပြိုင်ပွဲကနေထွက်သွားရလှနီပါးဖြစ်ခဲ့သလို ပွဲကြည့်ပရိသတ်များအားနှလုံးရောဂါ ရရှိစေခဲ့သော ဘရာဇီးအသင်းကို နောက်တန်းခံစစ် ကွင်းလယ်နှင့် တန်းပြန်တိုက်စစ်အား ချိတ်ဆက်မှုကောင်းလွန်းလှသည့် ဂျာမနီအသင်းက ဂိုးပြတ်အနိုင်ရမည် ဖြစ်သော်လည်း တိုက်စစ်မှူး နေမာ မပါဝင်တော့သည့်ပွဲထွက်လူစာရင်းနှင့် နည်းပြစကိုလာရီ၏ နည်းဗျူးဟာသစ် ချမှတ်၍ တည်ငြိမ်ပြီးဇွဲကောင်းကောင်းခံကစားတတ်သည့် ဂျာမနီအသင်းအားအနိုင်ယူ ဗိုလ်လုပွဲပို့ဆောင်ပေးမည်ကလည်း စိတ်ဝင်စားစရာဖြစ်သည်။ HUMMELS KHEDIRA SCHWEINSTEIGER ÖZIL MÜLLER LAHM KLOSE တို့၏ ခံစစ်ကွင်းလယ် ချိတ်ဆက် ကစားအားကောင်းပြီး တန်ပြန်တိုက်စစ်ဆင်ထိုးဖေါက်ဂိုးသွင်းနိုင်မှု အခြေအနေ ယခင်ပွဲများထက် ဟန်ချက်ညီစွာဘောလုံးဖြန့်ဝေ ကစားနိုင်အားသာလွန်းကောင်းမွန်မှသာလျှင် ဘရာဇီးအသင်းအား ၂-၁

ဦးဝင်းတင် ဖောင်ဒေးရှင်းကို လူ့အခွင့်ရေးဆု ချီးမြှင့်

ဦးဝင်းတင် ဖောင်ဒေးရှင်းကို လူ့အခွင့်ရေးဆု ချီးမြှင့် ဦးဝင်းတင်ဖောင်ဒေးရှင်းကိုလူ့အခွင့်ရေးဆုချီးမြှင့်ွှတောင်ကိုးရီးယားနိုင်ငံဆိုးလ်မြို့အခြေစိုက် The Truth Foundation က ကွယ်လွန်သွားပြီဖြစ်တဲ့ သတင်းစာဆရာကြီး ဟံသာဝတီဦးဝင်တင်နှင့်တကွ ဦးဝင်းတင်ဖောင်ဒေးရှင်းကို ... from Mizzima - News in Burmese's Facebook Wall http://ift.tt/1qRqX8h

ပဲခူးတိုင်း ဒေသကြီး၊ ပြည်ခရိုင် ပေါက်ခေါင်းမြို.၊အမှတ်(၃)ရပ်ကွက် (မြို.နယ် အားက...

ပဲခူးတိုင်း ဒေသကြီး၊ ပြည်ခရိုင် ပေါက်ခေါင်းမြို.၊အမှတ်(၃)ရပ်ကွက် (မြို.နယ် အားကစားကွင်း အနီး) တွင် ဦးချိုနိုင် ပိုင် လိုင်စင်ရှိ သားသတ်လုပ်ငန်း(အမဲ) သည် ရပ်ကွက်အတွင်း လုပ်ဆောင်လျက်ရှိပါသည်။ ထိုသို့  ရပ်ကွက်အတွင်း ဆောင်ရွက် နေသဖြင့် (၁)။ အချိန်မတော်(နံနက် ၂း၀၀ နာရီမှ ၆း၀၀ ခန်.) အထိ သားသတ်လုပ်ငန်း အသံများ ကြောင့် ရပ်ကွက် တွင်းနေ အများပြည်သူများ စိတ်အနှောက်အယှက် များစွာဖြစ်ရခြင်း၊ ရပ်ကွက်အတွင်းမှ သားသတ်လုပ်ငန်းပြောင်းရွေ.ပေးပါရန် - သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin www.thithtoolwin.com မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။ from Myanmar News Now's Facebook Wall http://ift.tt/1k1W61x

၂၀၁၄ ဂျူလိုင် ၈ ရက် နေပြည်တော် အစိုးရ ပြည်ထောင်စု ငြိမ်းချမ်းရေး လုပ်ငန်း ဖေါ်ဆေ...

၂၀၁၄ ဂျူလိုင် ၈ ရက် နေပြည်တော် အစိုးရ ပြည်ထောင်စု ငြိမ်းချမ်းရေး လုပ်ငန်း ဖေါ်ဆောင်ရေး ကော် မတီ UPWC ဒုဥက္ကဌ(၂) ဦးသိန်းဇော် ဖိတ်ခေါ်မှုကြောင့် သျှမ်းပြည်တိုးတက်ရေး ပါတီ သျှမ်းပြည် တပ် မတော် SSPP/SSA အထွေထွေ အတွင်းရေးမှူး ဗိုလ်မှူးကြီး ခွန်ဆိုင် ဦးဆောင်သော ၁၁ ဦး အဖွဲ့ နေပြည် တော်သို့ ရောက်ရှိနေကြောင်း သိရှိရပါသည်။ SSPP/SSA ခေါင်းဆောင်ပိုင်းအား ဦးသိန်းဇော် ဖိတ်ခေါ်တွေ့ဆုံ - သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin www.thithtoolwin.com မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။ from Myanmar News Now's Facebook Wall http://ift.tt/1k1W61h

ရခိုင်ပြည်နယ် မင်းပြားမြို့နယ်တွင် စစ်တပ်က ပြန်ပေးသော လယ်မြေများကို မင်းပြားမြိ...

ရခိုင်ပြည်နယ် မင်းပြားမြို့နယ်တွင် စစ်တပ်က ပြန်ပေးသော လယ်မြေများကို မင်းပြားမြို့နယ် သက်ဆိုင် ရာ တာဝန်ရှိသူများမှ မူလပိုင်ရှင် ရခိုင် လယ်သမားများအား ပြန်မပေးဘဲ ဘင်္ဂလီကျေးရွာ သားများကို တစ်ဧက ကျပ် (၅၀၀၀၀) နုန်းဖြင့် ဌားစားနေသည်ဟု ဒေသခံ လယ်သမားများက ပြောသည်။ မင်ပြားမြို့နယ်တွင် စစ်တပ် ပြန်ပေးသောမြေများကို တာဝန်ရှိသူများက မူလပိုင်ရှင်ကိုမပေ� www.thithtoolwin.com မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။ from Myanmar News Now's Facebook Wall http://ift.tt/1rM8WZa

ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းမိုင်မြို့က ရွှေ့ပြောင်း အလုပ်သမား တန်းလျားနဲ့ အ...

ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းမိုင်မြို့က ရွှေ့ပြောင်း အလုပ်သမား တန်းလျားနဲ့ အန်ဂျီအို ရုံးခန်းတချို့ကို ထိုင်းစစ်တပ်နဲ့ ရဲလုံခြုံရေး တွေက ရှောင်တခင် ၀င်ရောက် စစ်ဆေးခဲ့ ပါတယ်။ စစ်တပ်၊ ရဲနဲ့ ရပ်ကွက်အုပ် ချုပ်ရေးမှူးတွေ ပါတဲ့အင်အား ၁၀၀ လောက်ဟာ ဇူလိုင် ၈ ရက် ဒီနေ့ မနက် ၆ နာရီလောက်က ချင်းမိုင်မြို့ ဆုထိပ်ရပ်ကွက် ဟွေ့ဆိုင်းအိမ်ရာမှာ ရှိတဲ့ အလုပ်သ မားတန်းလျားကို လာစစ်သွားတယ်လို့ အဲဒီမှာနေထိုင်သူ ရှမ်းရွှေ့ပြောင်း အလုပ်သမား ထောင်းန်ခမ်းက ပြောပါတယ်။ ချင်းမိုင် ရွှေ့ပြောင်းအလုပ်သမားတန်းလျားနှင့် အန်ဂျီအိုရုံးတချို့ စစ်ဆေးခံရ - သစ်ထူးလ www.thithtoolwin.com မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။ from Myanmar News Now's Facebook Wall http://ift.tt/1k1W35R

[ Opinion ] ခေါင်းမဆောင်နိုင်သော ခေါင်းရှောင်များသို့ ကျွန်တော့်မိတ်ဆွေ မူလတန...

[ Opinion ] ခေါင်းမဆောင်နိုင်သော ခေါင်းရှောင်များသို့ ကျွန်တော့်မိတ်ဆွေ မူလတန်း ကျောင်းအုပ်ဆရာကြီး ကိုချစ်မောင်ခင်က ကျွန်တော့်ထံကို ပညာရေး ဝန်ကြီးထံ အိတ်ဖွင့်ပေးစာဆိုပြီး ပို့ပေးလိုက်တာကြောင့် The Voice Daily ကို တစ်ဆင့် ပို့ပေးလိုက်ပါတယ်။ အဲဒီကတစ်ဆင့် ဇူလိုင်လ ၄ ရက်နေ့ထုတ် သတင်းစာမှာ ဖော်ပြခဲ့တာ ဖတ်လိုက်ရပါတယ်။ ကိုချစ်မောင်ခင်အကြောင်း နည်းနည်း ပြောချင်တယ်။ ကျောင်းတွေမှာ ကျူရှင်ပြန်သင်ပြီး တပည့်တွေဆီက ငွေကောက်ကာ၊ ဆရာတွေ ဆရာမတွေကို ပြန်ခွဲပေးရမယ် ဆိုပြီး အမိန့်တွေ ထုတ်ခဲ့တုန်းက ကျွန်တော်တို့မြို့နယ်မှာ အဲဒီအမိန့်ကို ရဲရဲတောက် ဆန့်ကျင်ပြီး ခင်ဗျားတို့ အချိန်ပိုသင်ဆိုရင် သင်ပေးမယ်။ ပိုက်ဆံမကောက်ဘူး။ ဆရာတွေ၊ ဆရာမတွေကိုလည်း ကျောင်းသားတွေဆီက ပိုက်ဆံကို အပိုငွေအဖြစ် မကောက်ရဘူး။ ငါ့ကျောင်းမှာ အဲဒါကို ခွင့်မပြုဘူး။ မကျေနပ်ရင် ကြိုက်တဲ့ဆီ တိုင်နိုင်တယ် ဆိုပြီး ဆန့်ကျင်ခဲ့တဲ့ ကျောင်းအုပ်ကြီးတစ်ယောက် ဖြစ်ပါတယ်။ ကိုချစ်မောင်ခင်ကို ကျူရှင်လည်း မသင်၊ ပိုက်ဆံလည်း မကောက်ဘူးဆိုပြီး ဆန့်ကျင်နေတာကြောင့် ချမ်းသာတယ် ထင်ရင် မှားလိမ့်မယ်။ ကိုချစ်မောင်ခင်က မိသားစု ငါးယောက်ကို ကျောင်းအုပ်လစာနဲ့ မလောက်လို့၊ ညဘက်

ကိုကာကိုလာ (Coca-Cola) ကုမ္ပဏီက မြန်မာအမျိုးသမီးတွေကို အခွင့်အလမ်းအသစ်တွေ ပေးပြီး...

ကိုကာကိုလာ (Coca-Cola) ကုမ္ပဏီက မြန်မာအမျိုးသမီးတွေကို အခွင့်အလမ်းအသစ်တွေ ပေးပြီး စီးပွားရေးလောကမှာ ပါဝင်စေတော့မှာ ဖြစ်ပါတယ်။ ကိုကာကိုလာရဲ့ အခွင့်အလမ်းသစ် တွေက ဘာတွေများပါလဲ။ ကိုကာကိုလာရဲ့ မြန်မာအမျိုးသမီးတွေ အတွက် ‘စွမ်းရည်’ http://ift.tt/WeDLUX ကိုကာကိုလာ (Coca-Cola) ကုမ္ပဏီက မြန်မာအမျိုးသမီးတွေကို အခွင့်အလမ်းအသစ်တွေ ပေးပြီး စီးပွားရေးလောကမှာ ပါဝင်စေတော့မှာ ဖြစ်ပါတယ်။ အမေရိကန် အချိုရည်ကုမ္ပဏီြ... from The Voice Weekly's Facebook Wall http://ift.tt/VE5ouK

မကွေးတိုင်း ဒေသကြီး မင်းဘူးခရိုင် ပွင့်ဖြူမြို့နယ် လယ်ကိုင်းမြို့ဟောင်းမှ မလှမ်...

မကွေးတိုင်း ဒေသကြီး မင်းဘူးခရိုင် ပွင့်ဖြူမြို့နယ် လယ်ကိုင်းမြို့ဟောင်းမှ မလှမ်းမကမ်းတွင် ရှေးဟောင်း သမိုင်းဝင် စန္ဒကူးနံ့သာ ကျောင်းတော်ရာစေတီ ကိန်းဝပ်စံပယ်တော်မူပြီး နှစ်စဉ်ဝါတွင်း ကာလများ၌ မုန်းချောင်းအတွင်းသို့ ဘုရားဖူးငါးများ လာရောက်လေ့ရှိသည်။ ထိုဘုရားဖူးငါးများကို အနယ်နယ် အရပ်ရပ် မှ ရောက်ရှိလာသည့် ဘုရားဖူးများက ငါးစာများ ကျွေးကြသဖြင့် အလွန်စည်ကားသော ပွဲတော် တစ်ခု ဖြစ်ပါသည်။ မုန်းချောင်းထဲမှ ဘုရားဖူးငါးကြီးများအား ကြိုဆိုမည် - သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin www.thithtoolwin.com မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။ from Myanmar News Now's Facebook Wall http://ift.tt/1qGueWo

ကယားပြည်နယ်၊ ဖရူဆိုမြို့နယ် ကေကော ကျေးရွာ အုပ်စု ထီးဝါခေါကျေး ရွာနေ မောင်စောလူေ...

ကယားပြည်နယ်၊ ဖရူဆိုမြို့နယ် ကေကော ကျေးရွာ အုပ်စု ထီးဝါခေါကျေး ရွာနေ မောင်စောလူဝေ(ဘ) ဦးဝါးသိုး အသက် (၁၂)နှစ်ရှိ ၅ တန်း ကျောင်းသားလေး သည် ပညာသင်ကြားရာ ဖရူဆိုမြို့၊ လောဘူးဒါး ရပ်ကွက် တွင် အစ်ကိုဖြစ်သူနှင့် အတူ လာရောက် နေထိုင်ပြီး မိမိအိမ်တွင် သုံးစွဲရန် ရေခပ်ရာမှ ရေလှောင်ကန် အတွင်း ပြုတ်ကျ သေဆုံးမှု ဖြစ်ပွားကြောင်း သိရသည်။ ၅ တန်း ကျောင်းသားလေး ရေလှောင်ကန်ထဲပြုတ်ကျသေဆုံး - သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin www.thithtoolwin.com မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။ from Myanmar News Now's Facebook Wall http://ift.tt/1qGuc0O

တက်တူးထိုးရာမှာ မြန်မာနိုင်ငံ မြေပုံကို ဂုဏ်ကျက်သရေ ပျက်ပြားအောင် ရည်ရွယ်ထိုးပါ...

တက်တူးထိုးရာမှာ မြန်မာနိုင်ငံ မြေပုံကို ဂုဏ်ကျက်သရေ ပျက်ပြားအောင် ရည်ရွယ်ထိုးပါက အရေးယူနိုင် တယ်လို့ တိုင်းဥပဒေချုပ်က ပြောပါတယ်။ အခုအခါ မြန်မာနိုင်ငံတော် မြေပုံကိုပါ တက်တူးရုပ်ပုံ အလှအနေနဲ့ ထိုးလာတာကြောင့် ဂုဏ်ကျက်သရေ ပျက်စေမယ့် ခန္ဒာအောက်ပိုင်း ထိုးပါက ဥပဒေအရ ဘယ်လို အရေးယူ ဆောင်ရွက်မလဲလို့ ပြည်ကြီးတံခွန် မြို့နယ် မဲဆန္ဒနယ်အမှတ် ၁ တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးသိန်းလွင်က မေးမြန်း အဆိုပြု ခဲ့တာပါ။ မြန်မာနိုင်ငံမြေပုံကို ဂုဏ်ပျက်အောင် တက်တူးထိုးရင် အရေးယူနိုင် - သစ်ထူးလွင် (နေ့စဉ်သတ� www.thithtoolwin.com မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။ from Myanmar News Now's Facebook Wall http://ift.tt/1qGubdf

Biမွန်းတည့်နေ ဂျာနယ်ကို အရေးယူရန်ရှိဟု အစိုးရထုတ်ပြန်ခြင်းသည် မီဒီယာကို ခြိမ်ြးေ...

Biမွန်းတည့်နေ ဂျာနယ်ကို အရေးယူရန်ရှိဟု အစိုးရထုတ်ပြန်ခြင်းသည် မီဒီယာကို ခြိမ်းခြောက်သလိုဖြစ်နေဟု စာနယ်ဇင်း ကောင်စီပြော ဖိုးစိုးသူ၊ မျိုးသန့် “ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်းရင်းသား ဒီမိုကရေစီအင်အားစု များအား ကြားဖြတ် အစိုးအရအဖြစ် ပြည်သူများက တင်မြှောက်ကြောင်း MDCF ထုတ်ပြန်" ဟူသော သတင်း ခေါင်းစဉ်ဖြင့် Bi မွန်းတည့်နေ ဂျာနယ်က မျက်နှာဖုံးတွင် ဖော်ပြခဲ့မှုအပေါ် အစိုးရက အရေးယူဆောင်ရွက်သွားမည်ဟု ဇူလိုင်လ ၈ ရက်နေ့ထုတ် သတင်းစာများတွင် ထုတ်ပြန်ခဲ့သည်။ ထိုကဲ့သို့ ထုတ်ပြန်မှုနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ (ယာယီ)အတွင်းရေးမှူး ဦးကျော်မင်းဆွေက “တရားဥပဒေအရ အရေးယူဆောင်ရွက်တယ်ဆိုရင် ဥပဒေနဲ့အညီ ဖြစ်ဖို့လိုတယ်။ တဖက်နဲ့တဖက် ယုံကြည်မှု၊ နားလည်မှု တည်ဆောက်တဲ့နေရာမှာ အစိုးရဘက်က ဒီလိုလုပ်တာတွေဟာ မီဒီယာတွေကို တစ်ဖြည်းဖြည်း ခြိမ်းခြောက် လာသလိုမြင်မိတယ်” ဟု ၎င်းကပြောသည်။ ဆက်လက်ပြီး ၎င်းက သတင်းမီဒီယာ ကိစ္စတစ်ခုခုဖြစ်ပါက သက်ဆိုင်ရာအစိုးရတာဝန်ရှိသူများဘက်က မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) သို့ ကြိုတင် အသိပေးရန်အတွက် ကြေငြာချက်များ၊ မေတ္တာရပ်ခံချက်များ ထုတ်ပြန် ပေးပို့ထားသော်လည်း ယခုတလြော ဖစ်ပွားနေသည့် သ
ဦးဝင်းတင်ရရှိခဲ့သော လူ့အခွင့်အရေး ဆုကြေးငွေကို နိုင်ငံရေးအကျဉ်းသားများအား ကူညီထောက� myanmar.mmtimes.com တောင်ကိုးရီးယားနိုင်ငံ၊ The Truth ဖောင်ဒေးရှင်းမှ ပေးအပ်ချီးမြှင့်ခဲ့သည့် လူ့အခွင့်အရေးဆု အတွက် ချီးမြှင့်ငွေသား ဒေါ်လာ ၁၀၀၀၀ အား နိုင်ငံရေးအကျဉ်းသားများနှင့် ၎င်းတို့၏ မိသားစုများ ကို ထောက်ပံ့ကူညီပေးသွားမည်ဖြစ်ကြောင်း ဟံသာဝတီ ဦးဝင်းတင်ဖောင်ဒေးရှင်းမှ အတွင်းရေးမှူး ဦးကျော်အောင်က ပြောကြားခဲ့သည်။ from The Myanmar Times's Facebook Wall http://ift.tt/1lQqz1Y

ကြားဖြတ်အစိုးရအဖွဲ့ သတင်းဖော်ပြမှုနဲ့ ပတ်သက်ပြီး မွန်းတည့်နေ အယ်ဒီတာ အဖွဲ့ကို မေ...

ကြားဖြတ်အစိုးရအဖွဲ့ သတင်းဖော်ပြမှုနဲ့ ပတ်သက်ပြီး မွန်းတည့်နေ အယ်ဒီတာ အဖွဲ့ကို မနေ့ည ၁၂ နာရီခွဲကတည်းက ခေါ်ယူ စစ်ဆေးနေပြီး ရုံးက ကွန်ပျူတာ အချို့ကိုလည်း သိမ်းဆည်း သွားတယ်လို့ မွန်းတည့်နေဂျာနယ် သတင်းထောက်ချုပ် ဦးအောင်အောင်က ဒီဗွီဘီကို ပြောပါတယ်။ ဒီမိုကရေစီအရေးစဉ် ဆက်မပြတ်လူပ်ရှားမှု အင်အားစု (အမ်ဒီစီအက်ဖ်) ရဲ့ ဒေါ်အောင်ဆန်း စုကြည် နဲ့ တိုင်းရင်းသား ဒီမိုကရေစီအင်အား စုတွေကို ကြားဖြတ်အစိုးရ အဖြစ် ပြည်သူတွေက တင်မြှောက်ကြောင်း ထုတ်ပြန်ချက်ကို ဇူလိုင် ၇ ရက်နေ့ထုတ် မွန်းတည့်နေဂျာနယ်မှာ ထည့်သွင်းဖော်ပြခဲ့မှုနဲ့ပတ်သက်ပြီး ခေါ်ယူစစ်ဆေးနေတာပါ။ ကြားဖြတ်အစိုးရ သတင်းဖော်ပြသည့် မွန်းတည့်နေ အယ်ဒီတာအဖွဲ့ကို ခေါ်စစ်နေ - သစ်ထူးလွင် (နေ့စ www.thithtoolwin.com မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။ from Myanmar News Now's Facebook Wall http://ift.tt/1muPehb

၂၀၁၄ ခုနှစ်၊ ဇူလိုင်လ ၇ ရက်နေ့ ည ၇ နာရီခွဲအချိန် မကွေးတိုင်း ဒေသကြီး၊ ပေါက်မြိ...

၂၀၁၄ ခုနှစ်၊ ဇူလိုင်လ ၇ ရက်နေ့ ည ၇ နာရီခွဲအချိန် မကွေးတိုင်း ဒေသကြီး၊ ပေါက်မြို့နယ်၊ ၀န်တင် ကျေးရွာ နေသူများ ဖြစ်ကြသည့် မနီနီအောင်၏သားဖြစ်သူ မောင်ပီတိအေး(၅)နှစ်နှင့် မခင်မြင့်ရီ၏သား မောင်ဝင်းထက်အောင်(၄)နှစ်တို့(၂)ဦး ရန်ဖြစ်သည့် ကိစ္စနှင့် ပတ်သက်၍ ဒေါ်ခင်မြင့်ရီနှင့် မနီနီအောင်တို့ စကားများကြစဉ် မောင်ပီတိအေး၏ဖခင် အောင်ဘိုဆင့်(၂၅)နှစ်မှ မခင်မြင့်ရီ(၄၂)နှစ်အား အရှည်(၄) ပေခွဲ၊ လုံးပတ်(၆)လက်မခန့်ရှိ သန်းသားတုတ်ဖြင့် (၃)ချက်ရိုက်ခဲ့သည်။ တုတ်ဖြင့်ရိုက်၍ သေဆုံး - သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin www.thithtoolwin.com မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။ from Myanmar News Now's Facebook Wall http://ift.tt/1sryaJV