Skip to main content

တိုင်းရင်းသားဒုက္ခသည်များ၏ အခွင့်အရေးချိုးဖောက်ခံရမှုများ ဖော်ထုတ်ထားသည့် အစီရင်ခံ...



တိုင်းရင်းသားဒုက္ခသည်များ၏ အခွင့်အရေးချိုးဖောက်ခံရမှုများ ဖော်ထုတ်ထားသည့် အစီရင်ခံစာထွက်ရှိ



ဖနိဒါ



ချင်းမိုင်၊ ဇူလိုင် ၈



တိုင်းရင်းသားဒေသအချို့က နေရပ်စွန့်ခွာရသည့် ဒုက္ခသည်များ၏ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများကို မေးမြန်းဖော်ထုတ်ထားသည့် “တရားမျှတမှုကို ခြေရာကောက်ခြင်း (မြန်မာနိုင်ငံ၏ အတိတ်ကို ရောင်ပြန်ဟပ်ခြင်းနှင့် အနာဂတ်ကို မျှော်ကြည့်ခြင်း)” အမည်ရှိ အစီရင်ခံစာ တစ်စောင်ကို မွန်ပြည် လူ့အခွင့်အရေး ဖေင်ဒေးရှင်းက ဇူလိုင်လ ၇ ရက်က ထုတ်ပြန်လိုက်သည်။



“လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်လို့ နစ်နာသူ ကာယကံရှင်တွေရဲ့ သဘောထား ဆန္ဒကို ကျွန်တော်တို့ ကွင်းဆင်းပြီးတော့ နားထောင်ဖြစ်တယ်။ သူတို့အသံတွေကို စုပြီးတော့ သူတို့ ဘာဖြစ်ချင်တယ်။ တစ်ချို့ဆိုရင် IDP တွေဗျာ။ သူတို့ ရပ်ရွာတွေကို ပြန်ချင်လား၊ ဘာအခက်အခဲ ရှိလဲဆိုတာကို သူတို့က ပြောချင်တယ်။ အဲဒီရည်ရွယ်ချက်နဲ့ ထုတ်တာပါ”ဟု မွန်လူ့အခွင့်အရေး

ဖောင်ဒေးရှင်း၏ လူ့အခွင့်အရေးဆိုင်ရာ အချက်အလက် စုဆောင်းရေးနှင့် သတင်းထုတ်ပြန်ရေး တာဝန်ခံ နိုင်အဲမွန်က မဇ္ဈိမကို ပြောသည်။



တိုင်းရင်းသား လူနည်းစုဒေသခံများကို ယခင်စစ်အစိုးရမှ လူ့အခွင့်အရေးချိုးဖောက်မှုများဖြစ်သည့် မြေယာသိမ်းမှု၊ အဓမ္မလုပ်အားပေး ခိုင်းစေမှု၊ အမျိုးသမီးများကို အဓမ္မပြုကျင့်မှုများနှင့် ရိုက်နှက်ညှဉ်းပန်းမှု၊ သတ်ဖြတ်မှုများ အနည်းဆုံး ၂၀မှုခန့် ထည့်သွင်းဖော်ပြထားသည်ဟု သိရသည်။



နှစ်ပေါင်း ၅၀ ကျော်ကြာ အစိုးရခေတ် အဆက်ဆက်က လူ့အခွင့်အရေးချိုးဖောက်မှုတွင် မြေယာများသိမ်းယူမှု အများဆုံးဖြစ်ပြီး မွန်ပြည်နယ် ရေးနှင့် ရေဖြူမြို့နယ်များတွင် အစိုးရ စစ်တပ်

အင်အားတိုးချဲ့လာကာ စစ်အခြေစိုက် စခန်းများနှင့် စစ်တန်းလျားများ တည်ဆောက်ရန်အတွက် မြေယာများ တရားလက်လွတ် သိမ်းယူခြင်း၊ ဥယျာဉ်ခြံမြေများကို သိမ်းယူခြင်း ဒေသခံ ရွာသူရွာသားများ ထံမှ ငွေကြေးကောက်ခံခြင်းများ ချိုးဖောက်ခဲ့သည်ဟု အစီရင်ခံစာ တွင် ဖော်ပြထားသည်။



ငြိမ်းချမ်းရေး တည်ဆောက်ရာတွင် အရေးကြီးဆုံး အချက် ၃ ချက်မှာ ယုံကြည်မှုတည်ဆောက်ရေး၊ အမျိုးသား ရင်ကြားစေ့ရေးနှင့် တရားမျှတမှုဆိုင်ရာ အသွင်ကူးပြောင်းရေးတို့ကို အစိုးရက စတင်ရမည်ဟု အစီရင်ခံစာတွင် တိုက်တွန်းထားသည်။



ထိုအစီအရင်ခံစာ ဖြစ်ပေါ်ရေး သတင်းအချက်အလက်များ ကောက်ခံရာတွင် ကံယံကံရှင်၏ စိုးရိမ်မှုများရှိနေသလို၊ အချို့နေရာများတွင် သက်ဆိုင်ရာ အာဏာပိုင်၊ ကျေးရွာလူကြီးများ၏ ကန့်သတ်ချက်များ၊ ရွာသားများနှင့် မတွေ့နိုင်ရန် အနှောက်အယှက်များ ကြုံတွေ့ခဲ့ရသည်ဟု နိုင်အဲမွန်က ပြောသည်။



“အတိတ်ကာလနဲ့ပတ်သက်လို့ ပြောရမယ်ဆိုရင် ဒီလိုအပြောင်းအလဲမှာ မပြောချင်ကြဘူး၊ တစ်ချို့ကာယကံရှင်ဘက်ကို ကြည့်မယ်ဆိုရင်လည်း သူတို့အတွက် ဖြစ်ချင်တယ်။ အကြောက်တရားတွေက လွမ်းမိုးမှုတွေ ကြီးထွားနေတယ်။ တကယ်တန်းပြောရမယ် ဆိုရင် မျှော်လင့်ထားတဲ့အတိုင်း ဖြစ်မလာဘူး။ အချိန်ပေးရတယ်”ဟု သူက ပြောသည်။



လက်ရှိ အစိုးရနှင့် စပ်နွယ်သည့် ပုဂ္ဂိုလ်များ၏ လူ့အခွင့်အရေးချိုးဖောက်မှုများ၊ ကျူးလွန်ခြင်းများကို အရေးယူမှုမရှိဘဲ အပြစ်မှ ကင်းလွတ်ခွင့်ပေးထားဆဲဖြစ်၍ “သူတို့ကို ကျူးလွန်ထားတဲ့ ပုဂ္ဂိုလ်တွေကို တစ်စုံတရာ အရေးယူပေးမှုတွေ မြင်စေချင်တယ်။ သို့သော် လက်ရှိ အခြေအနေက စစ်သားတွေကို အရေးယူပေးတာမျိုးမတွေ့ရဘူး။ အဲဒီလို အနေအထားတွေရှိတယ်။ အဲဒီလိုအသံတွေကို စုစီးပြီး အစီရင်ခံစာကို ထုတ်တာ”ဟု နိုင်အဲမွန်က ပြောသည်။



မွန်ပြည် လူ့အခွင့်အရေးဖောင်ဒေးရှင်း မြန်မာနိုင်ငံကို မွန်ကျောင်းသား လူငယ်များနှင့် လူထုခေါင်းဆောင်များက ၁၉၉၅ ခုနှစ် ဇွန်လက ထိုင်းနိုင်ငံတွင် တည်ထောင်ခဲ့ပြီး မြန်မာနိုင်ငံတောင်ပိုင်းတွင် လူ့အခွင့်အရေး ချိုးဖောက်မှုများကို ဖော်ထုတ်နေသည့် အဖွဲ့ဖြစ်သည်။







from Mizzima - News in Burmese's Facebook Wall http://ift.tt/1rMrXuF

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...