Skip to main content

Posts

Showing posts from May 15, 2014

လားရှိုးမြို့ ကမ္ဘောဇဘဏ်ရှေ့ဗုံးကွဲ

မေလ ၁၆ ရက် ၂၀၁၄ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့ ကမ္ဘောဇဘဏ် ရှေ့တွင် ယနေ့မနက်ပိုင်းက ဗုံးပေါက်ကွဲမှုဖြစ်ပွါးခဲ့သည်။ မေလ ၁၆ ရက်မနက် ၃ နာရီကျော်တွင် လားရှိုးမြို့ရပ်ကွက် ၃ ဗလီရှေ့ရှိ ကမ္ဘောဇဘဏ် ရှေ့ ထရန်စ်ဖော်မာအနီး ဗုံးထောင်ရာမှ ပေါက်ကွဲမှု ၂ ကြိမ်ဖြစ်ပွါးခဲ့ခြင်းဖြစ်ပြီး ထရန်စဖော်မာ ပျက်စီးခဲ့ကြောင်း၊ ထိခိုက်ဒဏ် ရာရမှုနှင့်ဆုံးရှုံးမှုကာလတန်ဖိုး တော့မသိရသေးကြောင်း လားရှိုးမြို့ခံ များကပြောပါသည်။ ယနေ့မနက်ပိုင်း ဌာနဆိုင်ရာများသွားရောက်စစ်ဆေးခဲ့သော်လည်း လက်သည်ကိုမူ မသိရသေးဟုဆိုပါသည်။ သျှမ်းသံတော်ဆင့် from သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin http://ift.tt/1lnpb8o

ကျောင်းမုန့်ဈေးတန်းများနှင့် ဈေးကွက်အတွင်း၌ ရောင်းချနေသော အစားအသောက်ကိုးမျိုးမှ...

ကျောင်းမုန့်ဈေးတန်းများနှင့် ဈေးကွက်အတွင်း၌ ရောင်းချနေသော အစားအသောက်ကိုးမျိုးမှာ သုံးစွဲရန် ခွင့်မပြုသော ဆိုးဆေးများပါဝင်ပြီး စားသုံးရန် မသင့်သောကြောင့် အများပြည်သူတို့သိရှိစေရန် ကျန်းမာရေးဝန်ကြီးဌာနက မေလ ၁၅ ရက်တွင် အသိပေးချက်ထုတ်ပြန်ခဲ့သည်။ ‘‘လက်ရှိမှာ တိုင်းဒေသကြီး နဲ့ ပြည်နယ်တွေမှာရှိတဲ့ အစား အသောက်ကြီးကြပ်ရေးအဖွဲ့က နေ အရေးယူတာတွေပြုလုပ်နေပါ တယ်။ အခုလို အသိပေးလိုက်တဲ့ အတွက် စားသုံးသူတွေအနေနဲ့ လည်း ဝယ်ယူအသုံးပြုမှာ မဟုတ် တော့ပါဘူး’’ဟု အစားအသောက် နှင့် ဆေးဝါးကွပ်ကဲရေးဌာန (F-DA)မှ ညွှန်ကြားရေးမှူး ဒေါက် တာဒေါ်ခင်ချစ်က ဆိုသည်။ အစားအသောက်ကိုးမျိုး စားသောက်ရန် မသင့်ကြောင်း ကြေညာ - သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin www.thithtoolwin.com မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။ from Myanmar News Now's Facebook Wall http://ift.tt/1jkOUS9

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့ ကမ္ဘောဇဘဏ် ရှေ့တွင် ယနေ့မနက်ပိုင်းက ဗုံးပေါက...

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့ ကမ္ဘောဇဘဏ် ရှေ့တွင် ယနေ့မနက်ပိုင်းက ဗုံးပေါက်ကွဲမှုဖြစ်ပွါးခဲ့သည်။ မေလ ၁၆ ရက်မနက် ၃ နာရီကျော်တွင် လားရှိုးမြို့ရပ်ကွက် ၃ ဗလီရှေ့ရှိ ကမ္ဘောဇဘဏ် ရှေ့ ထရန်စ်ဖော်မာအနီး ဗုံးထောင်ရာမှ ပေါက်ကွဲမှု ၂ ကြိမ်ဖြစ်ပွါးခဲ့ခြင်းဖြစ်ပြီး ထရန်စဖော်မာ ပျက်စီးခဲ့ကြောင်း၊ ထိခိုက်ဒဏ် ရာရမှုနှင့်ဆုံးရှုံးမှုကာလတန်ဖိုး တော့မသိရသေးကြောင်း လားရှိုးမြို့ခံ များကပြောပါသည်။ လားရှိုးမြို့ ကမ္ဘောဇဘဏ်ရှေ့ဗုံးကွဲ - သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin www.thithtoolwin.com မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။ from Myanmar News Now's Facebook Wall http://ift.tt/1jkOScX

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေကို ထောက်ခံသော်လည်း ပုဒ်မ ၅၉ (စ) မပြင်ဆင်ရေးအတွက...

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေကို ထောက်ခံသော်လည်း ပုဒ်မ ၅၉ (စ) မပြင်ဆင်ရေးအတွက် ဇလွန်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီဝင်များက ဦးဆောင်၍ လူဦးရေ ၅၀၀၀ ကျော်ဖြင့် မေလ ၁၅ ရက်နေ့ နံနက်က ဆန္ဒထုတ်ဖော်ခဲ့ကြောင်း ယင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အတွင်းရေးမှူး ဦးချိုမြင့်ခိုင်က ပြောကြားသည်။ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင် ၂၀၀၀ နှင့်အတူ ဆန္ဒထုတ်ဖော်ပွဲသို့ ဇလွန်မြို့နယ် အတွင်းရှိ ကျေးရွာအုပ်စု ၇၁ အုပ်စုမှ ဒေသခံ ၃၅၀၀ ခန့်က ထော်လာဂျီ ၁၈၅ စီး၊ မော်တော် ၆ စီးဖြင့် ပူပေါင်း ပါဝင်ခဲ့သည်ဟု ၎င်းက ပြောဆိုသည်။ ပုဒ်မ ၅၉ (စ) မပြင်ဆင်ရေး လူဦးရေ ၅၀၀၀ ကျော်ဖြင့် ဇလွန်မြို့နယ် ပြည်ခိုင်ဖြိုးပါတီက ဦးေ� www.thithtoolwin.com မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။ from Myanmar News Now's Facebook Wall http://ift.tt/1jkOUBv

အရပ်သားအစိုးရ လက်ထက်တွင် ဒုတိယအကြိမ်မြောက် ပြုလုပ်မည့် ကြားဖြတ်ရွေးကောက်ပွဲကို ဒ...

အရပ်သားအစိုးရ လက်ထက်တွင် ဒုတိယအကြိမ်မြောက် ပြုလုပ်မည့် ကြားဖြတ်ရွေးကောက်ပွဲကို ဒီဇင်ဘာ ပထမပတ်အတွင်း ကျင်းပမည် ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦတင်အေးက ပြောကြားသည်။ မေလ ၁၅ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ် Sky Star ဟိုတယ်တွင် ပြုလုပ်သော ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်နှင့် နိုင်ငံရေးပါတီများ တွေ့ဆုံပွဲတွင် ရွေးကောက်ပွဲ ကျင်းပမည့် ရက်နှင့် ပတ်သက်ပြီး ၎င်းက အထက်ပါအတိုင်း ပြောကြားခြင်း ဖြစ်သည်။ “ကြားဖြတ်ရွေးကောက်ပွဲကို နိုဝင်ဘာ နောက်ဆုံးပတ် ဒါမှမဟုတ် ဒီဇင်ဘာ ပထမပတ်အတွင်း ကျင်းပပေးနိုင်မှာပါ။ သေချာမယ့် ရက်ကို ထုတ်ပြန်ပေးပါမယ်” ဟု ၎င်းကဆိုသည်။ ကြားဖြတ်ရွေးကောက်ပွဲ ဒီဇင်ဘာ ပထမပတ်အတွင်း ကျင်းပမည် - သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin www.thithtoolwin.com မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။ from Myanmar News Now's Facebook Wall http://ift.tt/1jkORFX

ဝပြည်သွေးစည်း ညီညွတ်ရေး တပ်မတော် တပ်မဟာ ၄၆၈ နယ်မြေ အတွင်း ၀ တပ်ဖွဲ့ဝင်ကားများအား...

ဝပြည်သွေးစည်း ညီညွတ်ရေး တပ်မတော် တပ်မဟာ ၄၆၈ နယ်မြေ အတွင်း ၀ တပ်ဖွဲ့ဝင်ကားများအား ဒေသခံပြည် သူလူထုကားများမှ လမ်းရှောင်မပေးလျှင် ကားဆရာများ မကြာခဏ ရိုက်နှက် ထိုးကြိတ်ခြင်း ခံရသည်ဟု ဒေသခံ များက ပြောသည်။ ၀ ပြည်သွေးစည်း ညီညွတ်ရေး တပ်မတော် တပ်မဟာ ၄၆၈ ထိန်းချုပ်နယ်မြေ မိုင်းပေါက် ဒေသအတွင်း လမ်းပေါ်မှ လမ်းဘေးသို့ အထူးရှောင်ပေးခြင်း မရှိသည့် မိုင်းခတ်မြို့နယ် မိုင်းငျဲန်း ကျေးရွာအုပ်စု ဝင် ဒေသခံများ၏ကားများကို မေလ ၁၁ ရက်က လိုက်လံတားဆီးကာ အဆိုပါကားဆရာများအား ၀ တပ်ဖွဲ့ အရာရှိငယ်များက ရိုက်နှက်ထိုးကြိတ်သည်ဟု ကား ဆရာ အိုက်ပန်း ကပြောသည်။ လမ်းရှောင်မပေးသည့် ကားဆရာများအား ဝ တပ်ဖွဲ့ဝိုင်းရိုက် - သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin www.thithtoolwin.com မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။ from Myanmar News Now's Facebook Wall http://ift.tt/QP3Kn4

အန္တရာယ်ရှိဆိုးဆေး ပါဝင်သော အစားအသောက် ၉ မျိုး စာရင်းထုတ်ပြန် ရန်ကုန်၊ မေ ၁၅ ပြ...

အန္တရာယ်ရှိဆိုးဆေး ပါဝင်သော အစားအသောက် ၉ မျိုး စာရင်းထုတ်ပြန် ရန်ကုန်၊ မေ ၁၅ ပြည်တွင်းဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချနေသော အန္တရာယ်ရှိ ဆိုးဆေးပါဝင်သော ကုန်ပစ္စည်းတံဆိပ် ၉ မျိုးကို စားသုံးရန်မသင့်ကြောင်း မေလ ၁၅ ရက်နေ့တွင် ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန် ကြေညာသည်။ အဆိုပါ ကုန်ပစ္စည်းများတွင် ယိုစုံ၊ မုန့်ပွကြော်၊ ငရုတ်သီး အကြမ်းမှုန့်နှင့် အရောင်တင်မှုန့်၊ ငါးပိထောင်းတို့ ပါဝင်ပြီး အဝတ်အထည်များတွင် သုံးစွဲသည့် အရောင်ဆိုးဆေးများ ထည့်သွင်းထားသည့်အတွက် မစားသုံးရန် ကြေညာခြင်း ဖြစ်ကြောင်း အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန ဓာတ်ခွဲခန်း တာဝန်ရှိသူတစ်ဦးက The Voice သို့ ပြောကြားသည်။ မစားသုံးသင့်သော ကုန်တံဆိပ်တွင် မီးအိမ်ရှင်ယိုစုံ (သရက်ပြား)၊ စတိုင်ယိုစုံ (သရက်ပြား)၊ ကောင်းဆက်သာ မုန့်ပွကြော်၊ သွယ်သွယ်အေး ငရုတ်သီးအကြမ်းမှုန့်နှင့် အရောင်တင်မှုန့်၊ နှင်းပုလဲ ငရုတ်သီး အရောင်တင်မှုန့်နှင့် နနွင်းမှုန့်၊ သိန်းကမ္ဘာ ငရုတ်သီးအရောင်တင်မှုန့်၊ အမေထား ငါးပိထောင်းတို့ ပါဝင်သည်။ စစ်ဆေးတွေ့ရှိထားသော ကုန်ပစ္စည်းများအနက် သိန်းကမ္ဘာနှင့် နှင်းပုလဲ ငရုတ်သီး အရောင်တင်မှုန့်များကို တမူးနယ်စပ်ဘက်မှ ရရှိခြင်းဖြစ်ပြီး ယိုစုံ

ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ(၄၃၆)ပြင်ဆင်ရေး လူထုဟောပြောပွဲသို့ နိုင်ငံရေးအကျဉ်းသာ...

ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ(၄၃၆)ပြင်ဆင်ရေး လူထုဟောပြောပွဲသို့ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့အပြာရောင် တူညီဝတ်စုံများ ၀တ်ဆင်ပြီး တက်ရောက်မည် ရန်ကုန်-မေ၁၆ မနက်ဖြန် မေ ၁၇ ရက် နံနက် (၈း၃၀)နာရီ၊ ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်၊ ဗိုလ်စိန်မှန်ကွင်းတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နှင် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းတို့ ပူးပေါင်းကျင်းပမည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ(၄၃၆)ပြင်ဆင်ရေး လူထုဟောပြောပွဲ ( ရန်ကုန်တိုင်း)သို့ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့အနေဖြင့် တူညီဝတ်စုံအပြာရောင်တီရှပ်များဝတ်ဆင်ပြီး ထောက်ခံတက်ရောက် မည်ဖြစ်ကြောင်းသိရသည် ။ မြို့နယ်အသီးအသီးရှိ နိုင်ငံရေးအကျဉ်းသားဟောင်းများ အားလုံး အနေဖြင့်ပူးပေါင်းပါဝင်တက်ရောက်ကြပါရန်နိုင်ငံရေးအကျဉ်း သားဟောင်းများအဖွဲ့မှဖိတ်ကြားထားပြီး(တာမွေအ၀ိုင်းထိပ်၊ Ocean Center အနီး)ဗဟန်းမြို့နယ်၊ရန်ကုန်တိုင်း တွင်နံနက် (၇)နာရီစုရပ်အဖြစ်သတ်မှတ်ထားကြောင်းသိရသည်။ from Popular Myanmar News Journal's Facebook Wall http://ift.tt/1myCs0G

ပုဒ်မ ၅၉ (စ) မပြင်ဆင်ရေး လူဦးရေ ၅၀၀၀ ကျော်ဖြင့် ဇလွန်မြို့နယ် ပြည်ခိုင်ဖြိုးပါတ...

ပုဒ်မ ၅၉ (စ) မပြင်ဆင်ရေး လူဦးရေ ၅၀၀၀ ကျော်ဖြင့် ဇလွန်မြို့နယ် ပြည်ခိုင်ဖြိုးပါတီက ဦးဆောင်၍ ဆန္ဒထုတ်ဖော် ဟင်္သာတ၊ မေ၁၅ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေကို ထောက်ခံသော်လည်း ပုဒ်မ ၅၉ (စ) မပြင်ဆင်ရေးအတွက် ဇလွန်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီဝင်များက ဦးဆောင်၍ လူဦးရေ ၅၀၀၀ ကျော်ဖြင့် မေလ ၁၅ ရက်နေ့ နံနက်က ဆန္ဒထုတ်ဖော်ခဲ့ကြောင်း ယင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အတွင်းရေးမှူး ဦးချိုမြင့်ခိုင်က ပြောကြားသည်။ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင် ၂၀၀၀ နှင့်အတူ ဆန္ဒထုတ်ဖော်ပွဲသို့ ဇလွန်မြို့နယ် အတွင်းရှိ ကျေးရွာအုပ်စု ၇၁ အုပ်စုမှ ဒေသခံ ၃၅၀၀ ခန့်က ထော်လာဂျီ ၁၈၅ စီး၊ မော်တော် ၆ စီးဖြင့် ပူပေါင်း ပါဝင်ခဲ့သည်ဟု ၎င်းက ပြောဆိုသည်။ ဇလွန်မြို့ အဒါလမ်းတွင် စုရပ်လုပ်ခဲ့ပြီး ဒူးယားလမ်း၊ ဆန်တန်းရပ်ကွက်၊ လမ်းမတော်ရပ်ကွက်၊ ဗိုလ်ချုပ်လမ်း၊ ဇလွန်ပြည်တော်ပြန် ဘုရားကြီး လမ်းထောင့်အထိ စီးတန်း လမ်းလျှောက်ကာ ပြည်ထောင်စုသားစစ်စစ် ဒီမိုကရေစီအရေး တို့အရေး၊ ပြည်ထောင်စုသား ဒီမိုကရေစီအရေး ၅၉ (စ) ထောက်ခံပေးရေး တို့အရေး၊ အမျိုးဘာသာ သာသနာ တိုးတက်စေဖို့ ယဉ်ကျေးမှုနှင့် အညီ ဆေ

အိုင်တီပညာရှင်များ စီးပွားရေးလုပ်ငန်းလုပ်ကိုင်နိုင်ရန် မြန်မာနိုင်ငံ ကွန်ပျူတာအသ...

အိုင်တီပညာရှင်များ စီးပွားရေးလုပ်ငန်းလုပ်ကိုင်နိုင်ရန် မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်နှင့် ဂျပန်တို့ ပူးပေါင်းကူညီမည် မောင်မန်း အိုင်တီပညာရှင်များအတွက် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်နိုင်ရန်အတွက် အထောက်အကူဖြစ်စေရန်နှင့် စွန့်ဦးတီထွင်သူ လူငယ်များအတွက် ပြည်တွင်းပြည်ပမှ ရင်းနှီးမြှုပ်နှံသူများပေါ်ထွက်လာစေရန် ရည်ရွယ်ပြီး မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်နှင့် ဂျပန်နိုင်ငံ CIESF အဖွဲ့တို့ပူးပေါင်းပြီး IT Business Plan ပြိုင်ပွဲများ ကျင်းပပြီး ဆုရရှိသူများကို ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံသူများနှင့် ချိတ်ဆက်လုပ်ကိုင်နိုင်ရန် အကူအညီများပေးသွားမည်ဟု မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဒေါ်သန်းသန်းတင့်က မဇ္ဈိမကို ပြောသည်။ ဒေါ်သန်းသန်းတင့်က“အိုင်တီပညာရှင်တွေအနေနဲ့ စီးပွားရေးလုပ်ငန်းတွေနဲ့ ပတ်သက်ပြီး အတွေ့အကြုံတွေရလာအောင် IT Business Plan ပြိုင်ပွဲတွေ ကျင်းပပေးတာပါ။ ပြည်တွင်းပြည်ပက ရင်းနှီးမြှုပ်နှံသူတွေနဲ့ ချိတ်ဆက်လုပ်ကိုင်နိုင်အောင်ပါ”ဟု ဆိုသည်။ ပြိုင်ပွဲဝင်များ တင်သွင်းယှဉ်ပြိုင်သည့် Project အများအနက်မှ အကဲဖြတ်အဖွဲ့မှ ရွေးချယ်သည့် Project များကို ပြင်ဆင်နိုင်ရန်အတွက် သင်တန်းပေးသွာ

ကျပ်သန်းပေါင်း ကိုးသိန်းကျော် အကုန်ကျခံဆောက်ခဲ့သည့် အမြန်လမ်း ရှစ်လမ်းသွားချဲ့ရန...

ကျပ်သန်းပေါင်း ကိုးသိန်းကျော် အကုန်ကျခံဆောက်ခဲ့သည့် အမြန်လမ်း ရှစ်လမ်းသွားချဲ့ရန် ငွေပမာဏဆတူ ထပ်ကုန်မည် ---------- ကျပ်သန်းပေါင်း ကိုးသိန်းကျော် အကုန်ကျခံတည်ဆောက်ခဲ့သည့် အမြန်လမ်းမကြီးသည် ရှစ်လမ်းသွားအဖြစ် တည်ဆောက်ပြီးမှသာ အမြန်လမ်း အင်္ဂါရပ်နှင့် ပြည့်စုံမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးစိုးတင့်ကပြောကြားသည်။ သတင်းအပြည့်အစုံ... http://ift.tt/1myvh8V ကျပ်သန်းပေါင်း ကိုးသိန်းကျော် အကုန်ကျခံဆောက်ခဲ့သည့် အမြန်လမ်း ရှစ်လမ်းသွားချဲ့ရန်ေ� 7daydaily.com ကျပ်သန်းပေါင်း ကိုးသိန်းကျော် အကုန်ကျခံတည်ဆောက်ခဲ့သည့် အမြန်လမ်းမကြီးသည် ရှစ်လမ်းသွားအဖြစ် တည်ဆောက်ပြီးမှသာ အမြန်လမ်း အင်္ဂါရပ်နှင့် ပြည့်စုံမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးစိုးတင့်ကပြောကြားသည်။ ‘‘ပြီးသလောက် အသုံးချလို့ ရအောင် အကျိုးဖြစ်ထွန်းမယ်ဆိုတဲ့ လမ်းညွှန်ချက်များအရ ဖွင့် ပေး… from 7Day News Journal's Facebook Wall http://ift.tt/1sUhY4w

အာရှတွင် ဒုက္ခသည် အများဆုံးနိုင်ငံစာရင်း မြန်မာဒုတိယချိတ် ---------- အာရှတိုက်၏ အ...

အာရှတွင် ဒုက္ခသည် အများဆုံးနိုင်ငံစာရင်း မြန်မာဒုတိယချိတ် ---------- အာရှတိုက်၏ အိုးအိမ်မဲ့ ပြည်တွင်းဒုက္ခသည် အများဆုံး နိုင်ငံစာရင်းတွင် မြန်မာနိုင်ငံက ဒုတိယနေရာ၌ ရပ်တည်နေ ကြောင်း အိုးအိမ်မဲ့ပြည်တွင်းဒုက္ခ သည်များ စောင့်ကြည့်ရေးဌာန (IDMC)၏ ထုတ်ပြန်ချက်အရ သိရသည်။ သတင်းအပြည့်အစုံ... http://ift.tt/1myvjxl from 7Day News Journal's Facebook Wall http://ift.tt/1sUhZWf

ပုဂ္ဂလိကဘဏ်များ နိုင်ငံခြားငွေစာရင်းနှင့် ပတ်သက်၍ ဗဟိုဘဏ် ထပ်မံဖြေလျှော့ --------...

ပုဂ္ဂလိကဘဏ်များ နိုင်ငံခြားငွေစာရင်းနှင့် ပတ်သက်၍ ဗဟိုဘဏ် ထပ်မံဖြေလျှော့ ---------- ဟွန်ဒီစနစ်ဖြင့် ငွေလဲလှယ် ရောင်းချသည့်စနစ် ပပျောက်ရန်နှင့် နိုင်ငံခြားဘဏ်ခွဲများ ဖွင့်လှစ်နိုင်ရန် ပထမခြေလှမ်းဖြစ်စေမည့် ခွင့်ပြုချက်တစ်ခုကို မေလ ၁၉ ရက်တွင် စတင်ခွင့်ပြုတော့မည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ထုတ်ပြန်သော ညွှန်ကြားချက်တွင် ဖော်ပြပါရှိသည်။ သတင်းအပြည့်အစုံ... http://ift.tt/1sUhZFJ from 7Day News Journal's Facebook Wall http://ift.tt/1sUhZVX

အခြေခံဥပဒေပြင်ဆင်ရေးနှင့် ရွေးကောက်ပွဲကိစ္စကြောင့် တိုင်းပြည်ဆူဆူပူပူဖြစ်မည်ကို စ...

အခြေခံဥပဒေပြင်ဆင်ရေးနှင့် ရွေးကောက်ပွဲကိစ္စကြောင့် တိုင်းပြည်ဆူဆူပူပူဖြစ်မည်ကို စိုးရိမ်ဟု သမ္မတပြော ---------- ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ရွေးကောက်ပွဲ ကိစ္စများကြောင့် တိုင်းပြည်ဆူဆူ ပူပူဖြစ်မည်ကို စိုးရိမ်မိကြောင်း နိုင်ငံတော်သမ္မတဦးသိန်းစိန်က ပြောကြားသည်။ သတင်းအပြည့်အစုံ... http://ift.tt/1sUhZFz from 7Day News Journal's Facebook Wall http://ift.tt/1myvgSd

မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့မှုအချို့ အိုဘားမား သက်တမ်းထပ်တိုး ၀ါရှင်တန်...

မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့မှုအချို့ အိုဘားမား သက်တမ်းထပ်တိုး ၀ါရှင်တန်၊ မေ ၁၆ မြန်မာနိုင်ငံအပေါ်စီးပွားရေးပိတ်ဆို့ထားမှုအချို့ကို အမေရိကန်သမ္မတ အိုဘားမားက နောက်ထပ်တစ်နှစ် ထပ်မံ သက်တမ်းတိုးလိုက်ကြောင်းသိရသည်။ "မြန်မာနိုင်ငံအနေနဲ့ ပြုပြင်ပြောင်းလဲမှုတွေကို ကြိုးပမ်းဆောင်ရွက်နေတယ်ဆိုပေမယ့်၊ နိုင်ငံတွင်းမှာဖြစ်နေတဲ့ စိုးရိမ်ရတဲ့အခြေအနေတွေကတော့ အမေရိကန်နိုင်ငံရဲ့ အမျိုးသားလုံခြုံရေးနဲ့ နိုင်ငံခြားရေးမူဝါဒတွေအပေါ် ပုံမှန်မဟုတ်တဲ့ ခြိမ်းခြောက်မှုတစ်ခုဆီကို ဦးတည်နေတာကိုတွေ့ရပါသေးတယ်"ဟု အိုဘားမားကပြောသည်။ "နိုင်ငံရေးအရဖွင့်ပေးတာတွေကတော့ခုမှအခြေတည်စရှိသေးပြီး၊ လူ့အခွင့်အရေးဆိုင်ရာချိုးဖောက်မှုတွေရယ် တိုင်းရင်းသားလူမျိုးစုဒေသတွေမှာအနိုင်ကျင့်မှုတွေကဆက်ဖြစ်ပွားနေပါသေးတယ်။ အထူးသဖြင့် ရခိုင်ပြည်နယ်က ကိစ္စမျိုးတွေပေါ့ ပြီးတော့ နိုင်ငံရေးနဲ့ စီးပွားရေးတွေမှာ စစ်တပ်ရဲ့ ပါဝင်မှုကလဲ ဆက်ပြီးတည်ရှိနေပါသေးတယ်"ဟု အိုဘားမားကပြောပါသေးသည်။ PP ref: Reuters from Popular Myanmar News Journal's Facebook Wall http://ift.tt/RXB9xe

ပြုပြင် ပြောင်းလဲမှုများ လုပ်နေသော်လည်း မြန်မာနိုင်ငံ အပေါ် ချမှတ်ထားသောအချို့ပိတ်...

ပြုပြင် ပြောင်းလဲမှုများ လုပ်နေသော်လည်း မြန်မာနိုင်ငံ အပေါ် ချမှတ်ထားသောအချို့ပိတ်ဆို့မှုများကို အိုဘားမားသက်တမ်းတိုး ဝါရှင်တန် (ရိုက်တာ) မေ ၁၆ ယခင် ဘားမားဟု အမည်တွင်ခဲ့သော မြန်မာနိုင်ငံတွင် ပြုပြင် ပြောင်းလဲမှုများ တိုးတက်နေသည့်တိုင်အောင် အဆင့်တစ်ခု အနေဖြင့်လိုအပ်သောကြောင့်ဟု အမေရိကန်သမ္မတ အိုဘားမားက ကွန်ဂရက်တွင် ပြောဆိုပြီး မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော စီးပွားပိတ်ဆို့မှု အချို့ကို ကြာသပတေးနေ့က တစ်နှစ်သက်တမ်း ထပ်မံတိုးမြှင့်လိုက်ကြောင်း Chicago Tribune မှ သိရသည်။ အမျိုးသား အရေးပေါ်အက်ဥပဒေဆိုသည့် _ National Emergencies Act ကို တစ်နှစ်ထပ်မံ သက်တိုးလိုက်သည်ဟု ကွန်ဂရက်ခေါင်းဆောင်များထံ သမ္မတအိုဘားမားက အသိပေးလိုက်သည်။ ၄င်း ဥပဒေ၌ အမေရိကန် နိုင်ငံသားများနှင့် အမေရိကန် စီးပွားရေးလုပ်ငန်းများအား ၁၉၉ဝ နှစ်လယ်များက ဒီမိုကရေစီ လှုပ်ရှားမှုများကို ဖိနှိပ်ရာတွင် ပါဝင်ခဲ့သော မြန်မာခေါင်းဆောင်များနှင့် စီးပွားရေး လုပ်ငန်း အတူတကွ ရင်းနှီးမြှပ်နှံမှု မလုပ်ရန် တားမြစ်ထားသည်။ နိုင်ငံရေးအကျဉ်းသား ၁၁ဝဝကျော်ကို လွှတ်ပေးခြင်း၊ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်ဆဲနိုင်ရန် လုပ်ဆောင်ရာတွင် တိုးတက်မှုရှိခြင်း၊ သမဂ္ဂများကို တရားဝင်

အလုပ်အကိုင်ပြပွဲများ ပြုလုပ်သော်လည်း အခြေခံ အလုပ်သမားများ ခန့်ထားနိုင်ခြင်းမရှိဟ...

အလုပ်အကိုင်ပြပွဲများ ပြုလုပ်သော်လည်း အခြေခံ အလုပ်သမားများ ခန့်ထားနိုင်ခြင်းမရှိဟု ဝေဖန် ဇာနည်အောင်| သောကြာနေ့၊ မေလ ၁၆ ရက် ၂၀၁၄ ခုနှစ် အလုပ်အကိုင်အခွင့်အလမ်းဆိုင်ရာ ပြပွဲများ ကျင်းပသော်လည်း အခြေခံအလုပ်သမားများအတွက် ခန့်အပ်ပေးနိုင်သော စက်ရုံအလုပ်ရုံများနှင့်ကုမ္ပဏီ အလုပ်ခန့်ထားမှုများ မရှိသလောက်အားနည်းသည်ဟု အလုပ်သမားဆိုင်ရာ အဖွဲ့အစည်းများက ဝေဖန်ပြောဆိုလိုက်သည်။ “အခြေခံလုပ်သားတွေအတွက်တော့ လုပ်ကိုင်ရရှိမှုက အရမ်းအားနည်းနေပါတယ်။ သူတို့တွေအတွက် ဦးစားပေးစဉ်းစားပေးမှုလည်း မရှိဘူး။ အဆိုးရွားဆုံး အချက်ကတော့ ပြပွဲလုပ်ပြီးသွားရင် အလုပ်အကိုင် ဘယ်လောက်ခန့်အပ်ခဲ့သလဲဆိုတဲ့ ထုတ်ပြန်ပေးမှု မရှိတာပါဘဲ”ဟု မြန်မာနိုင်ငံအလုပ်သမားသမဂ္ဂအဖွဲ့ချုပ် (ယာယီ)ဥက္ကဋ္ဌ ဦးအောင်လင်းက မဇ္ဈိမကို ပြောသည်။ အဆိုပါပြပွဲများကို ကျပ်ငွေသိန်းချီ အကုန်အကျခံကာ ပြုလုပ်ရသည့်အတွက် အလုပ်အကိုင်အမျိုးအစား ဘယ်လောက်မှာ အလုပ်သမားမည်မျှခန့်အပ်သွားမည်ကို ကြိုတင်ပြင်ဆင်ထားဖို့ လိုအပ်သည်ဟု အဖွဲ့အစည်းများက အကြံပြုပြောသည်။ အထက်ပါပြပွဲများတွင် ဘွဲ့ရအလုပ်အကိုင်များအပြင် အခြေခံလုပ်သားများ လုပ်ကိုင်နိုင်သော အမျိုးအစားများကို ပြုလုပ်ပေးရန် လိုအပ်သည်။ စက်ရုံအ

ဗီယက်နမ်တွင် တရုတ်ဆန့်ကျင်ရေး ဆန္ဒပြမှု များကြောင့် လူ ၂၀ ကျော်သေဆုံး ဟနွိုင်း၊ေ...

ဗီယက်နမ်တွင် တရုတ်ဆန့်ကျင်ရေး ဆန္ဒပြမှု များကြောင့် လူ ၂၀ ကျော်သေဆုံး ဟနွိုင်း၊ မေ ၁၅ တရုတ်ဆန့်ကျင်ရေး ဆန္ဒပြသူများက ဗီယက်နမ်နိုင်ငံ တောင်ပိုင်းရှိ စက်မှုဇုန်တွင် တရုတ်စက်ရုံများကို မီးရှို့တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် ယခုအခါ ဗီယက်နမ် အလယ်ပိုင်းရှိ သံမဏိစက်ရုံကို တိုက်ခိုက်ခဲ့ခြင်းကြောင့် လူ ၂၀ ကျော် သေဆုံးသွားကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။ ဗီယက်နမ်အလယ်ပိုင်း ဟာတင်း ပြည်နယ်တွင် တရုတ်ဆန့်ကျင်ရေး ဆန္ဒပြသူများက တရုတ်လူမျိုး ပိုင်သည့် စက်ရုံဟုယူဆသည့် သံမဏိစက်ရုံကို တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး ဟာတင်း ပြည်နယ်ဆေးရုံသို့ လူနာ ၁၀၀ ခန့် တင်ပို့ကုသခံရပြီး အများစုမှာ တရုတ်လူမျိုးများ ဖြစ်ကြောင်း၊ ယနေ့ နံနက်ပိုင်းတွင်လည်း လူနာများ ထပ်မံရောက်ရှိလာကြောင်း ဆေးရုံတာဝန်ကျ ဆရာဝန်တစ်ဦးက ရိုက်တာ သတင်းဌာနကို တယ်လီဖုန်းဖြင့် ပြောကြားသည်။ ဗီယက်နမ်တို့၏ ဆန္ဒပြတိုက်ခိုက်မှု များကြောင့် ဗီယက်နမ်ရှိ တရုတ်လူမျိုးများမှာ ဗီယက်နမ်မှ လေယာဉ်ဖြင့် အိမ်နီးချင်း ကမ္ဘောဒီးယားနိုင်ငံသို့ ထွက်ပြေးလျက် ရှိသည်။ ဗီယက်နမ် ဆန္ဒပြသူများ ဖျက်ဆီးခဲ့သည့် ဟာတင်းပြည်နယ်ရှိ သံမဏိစက်ရုံသည် အမှန်တကယ်တွင် လက်ရှိ ဗီယက်နမ်နှင့် ရေပိုင်နက

ကလေးဝ ကျောက်မီးသွေးထုတ်လုပ်ငန်းမှ တရုတ်နိုင်ငံသားများကို နေရပ်ပြန်ပို့ ကိုတိုြး...

ကလေးဝ ကျောက်မီးသွေးထုတ်လုပ်ငန်းမှ တရုတ်နိုင်ငံသားများကို နေရပ်ပြန်ပို့ ကိုတိုးကြီး| သောကြာနေ့၊ မေလ ၁၆ ရက် ၂၀၁၄ ခုနှစ် ကလေးဝမြို့နယ်အတွင်း ကျောက်မီးသွေးစမ်းသပ်တူးဖော်နေသည့် တရုတ်နိုင်ငံသား၂၀ဦးကို မေလ ၁၄ရက် နောက်ဆုံးထားကာ နေရပ်ပြန်သွားရန် မြို့နယ် အုပ်ချုပ်ရေးမှူးအဖွဲ့က အကြောင်းကြားထားရာ ယင်းနေ့မှာပင် အဆိုပါဒေသမှ ထွက်ခွာသွားပြီဖြစ်ကြောင်း ကိုးကန့်ရွှေနဂါးသတ်္တုစမ်းသပ်တူးဖော်ရေးကုမ္ပဏီ၏ တရုတ်စကားပြန် ကျန်တာချန်း(ခ)ကိုကျော်ထွေးက ပြောသည်။ စစ်ကိုင်းတိုင်းအထက်ပိုင်း ကလေးခရိုင်၊ ကလေးဝမြို့နယ်၊ ပလူစ၀ကျေးရွာ၊ ပလူစ၀ချောင်းဆုံအနီးရှိ ကျောက်မီးသွေးလုပ်ကွက်များအတွင်း ရောက်ရှိနေသည့် ကိုးကန့်နဂါးကုမ္ပဏီဝန်ထမ်း တရုတ်နိုင်ငံသား ၂၀ဦး၊ စကားပြန် သုံးဦးနှင့် မြန်မာအမျိုးသမီးတစ်ဦးကို မုံရွာ-ယာကြီး-ကလေးဝ ကားလမ်းအတိုင်း ကားလေးစီးဖြင့် နေရပ်များသို့ ပြန်ရန် မန္တလေးမြို့သို့ ပို့ဆောင်လိုက်သည်ဟု ၎င်းက ဆိုသည်။ “ဒီလ၁၂ရက်မှာ အကြောင်းကြားခဲ့တာပါ။ နိုင်ငံခြားသား အလုပ်သမားခေါ်ယူလုပ်ကိုင်ခွင့် ပါမစ်ခွင့်ပြုမိန့်မရခင် ကြားကာလမှာ နေရပ်ကို ခေတ္တပြန်နေပေးဖို့ ဖြစ်ပါတယ်”ဟု ကျန်တာချန်း (ခ) ကိုကျော်ထွေးက ဆက်ပြောသည်။ အဆိုပါ တရုတ်လူမျ

နေပြည်တော်လမ်း အမြန်လမ်းအင်္ဂါရပ်နှင့်မညီဟု ၀န်ခံ ၀င်းကိုကိုလတ်၊ အောင်သူရထွန်း|ေ...

နေပြည်တော်လမ်း အမြန်လမ်းအင်္ဂါရပ်နှင့်မညီဟု ၀န်ခံ ၀င်းကိုကိုလတ်၊ အောင်သူရထွန်း| သောကြာနေ့၊ မေလ ၁၆ ရက် ၂၀၁၄ ခုနှစ် ကျပ်သန်းပေါင်း ကိုးသိန်းကျော်ကုန်ကျခဲ့သည့် ရန်ကုန်-နေပြည်တော်-မန္တလေး အမြန်လမ်းမကြီးသည် အမြန်လမ်းအင်္ဂါရပ်နှင့် မပြည့်စုံသေးကြောင်း အစိုးရတာဝန်ရှိသူများက မေလ ၁၅ ရက်တွင် ၀န်ခံလိုက်သည်။ တစ်မိုင်လျှင် ကျပ် ၂ ဒသမ ၅ ဘီလီယံ (သန်းပေါင်း ၂,၅၀၀) ကုန်ကျခဲ့ပြီး အရှည် ၃၆၆ မိုင်ရှိသည့် အဆိုပါလမ်းမကြီးသည် ရှစ်လမ်းသွားအထိ ဖောက်လုပ်ပြီးစီးမှသာ အမြန်လမ်းအင်္ဂါရပ်များနှင့် ပြည့်စုံမည်ဟု ပြောဆိုလိုက်ခြင်းဖြစ်သည်။ “နိုင်ငံတကာ အမြန်လမ်းမကြီးတွေနဲ့ နှိုင်းယှဉ်ရင် အမြန်လမ်းအင်္ဂါရပ် ၁၀ ရာခိုင်နှုန်းလောက်ပဲ ပြည်စုံပါသေးတယ်”ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယ၀န်ကြီး ဦးစိုးတင့်က ဆိုသည်။ နေပြည်တော်ရှိ ရထားပို့ဆောင်ရေးဝန်ကြီးဌာနတွင် မေလ ၁၅ ရက်က ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် ၎င်းက အထက်ပါအတိုင်း ပြောကြားလိုက်ခြင်းဖြစ်သည်။ ရထားပို့ဆောင်ရေးဝန်ကြီး ဦးသန်းဌေးကလည်း အမြန်လမ်းမကြီးကို ဘဏ္ဍာရေးအကန့်အသတ်၊ နည်းပညာအကန့်အသတ်များရှိခဲ့သော်လည်း မဖြစ်မနေလိုအပ်သည်ဟု ယူဆလျက် ယခင်တပ်မတော်အစိုးရက ဖောက်လုပ်ခဲ့သည်ဟု ဆိုသည်။ “လမ်းအရည်အေ
သာကေတတွင် လမ်းဖြတ်ကူးသူအား ကွန်တိန်နာယာဉ်တိုက်၍ ပွဲချင်းပြီးသေ from Popular Myanmar News Journal's Facebook Wall http://ift.tt/1jkDUnG
သာကေတတွင် လမ်းဖြတ်ကူးသူအား ကွန်တိန်နာယာဉ်တိုက်၍ ပွဲချင်းပြီးသေ from Popular Myanmar News Journal's Facebook Wall http://ift.tt/1jkDU7d
သာကေတတွင် လမ်းဖြတ်ကူးသူအား ကွန်တိန်နာယာဉ်တိုက်၍ ပွဲချင်းပြီးသေ from Popular Myanmar News Journal's Facebook Wall http://ift.tt/1lGhzj7

" ယနေ့ မနက် လားရှိုးမြို့ ကမ္ဘောဇဘဏ်နှင့် CB ဘဏ်တို့ဘေး ဗုံးနှစ်လုံး နှစ်နေရာ ဆက်တ...

" ယနေ့ မနက် လားရှိုးမြို့ ကမ္ဘောဇဘဏ်နှင့် CB ဘဏ်တို့ဘေး ဗုံးနှစ်လုံး နှစ်နေရာ ဆက်တိုက်ပေါက်ကွဲ " ရန်ကုန်၊ မေ ၁၆ လားရှိုးမြို့ ကမ္ဘောဇဘဏ်နှင့် CB ဘဏ်ဘေးတို့တွင် ဗုံးနှစ်လုံး ဆက်တိုက်ပေါက်ကွဲမှု ယနေ့ မနက် ၃နာရီခန့်က ဖြစ်ပွားခဲ့ကြောင်း လားရှိုးမြို့ နယ် သတင်းရဲတပ်ဖွဲ့မှူး ရုံးမှသိရသည်။ ဘဏ်နှစ်ခုတွင်ငါးမီးနစ်ခန့်သာခြားကာ ပေါက်ကွဲခဲ့ကြောင်း ပေါက်ကွဲမှု အသေးစိပ်အား ရဲနှင့် စစ်တပ် ပူးပေါင်းစစ်ဆေးနေကြောင်း လားရှိုးမြို့နယ် သတင်းတပ်ဖွဲ့မှူးရုံးမှ တာဝန်မှူးက ပြောသည်။ “ဗုံးပေါက်တာတော့ ဟုတ်တယ်။ အသေးစိပ်အချက်အလက်တော့ မပြောနိုင်သေးဘူး။ အခုမှ စစ်ဆေး တုန်းပါ။ သေချာရင် သတင်းချက်ချင်းထုတ်ပြန်ပေးပါ့မယ်” ဟု အဆိုပါ တာဝန်ကျ ရဲမှူးက ပြောသည်။ ဘဏ်နှစ်ခုဘေးတွင် ပေါက်ကွဲသည်ဟုသာ ယင်းကဲ့သို့ အတည်ပြုနိုင်သေးပြီး အသေးစိတ်အချက်အလက် များ ကိုမူ ပေါ်ပြူလာနယူးစ်မှ ဆက်လက်စုံစမ်းနေဆဲဖြစ်၍ ရရှိသည့် အခြေအနေများကို ဆက်လက်တင်ပြပေးသွားမည်ဖြစ်သည်။ ဖိုးလပြည့် from Popular Myanmar News Journal's Facebook Wall http://ift.tt/1jkDWfq

၂၀၁၄ မေလ ၁၆ ရက်နေ့ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့အာဘော် #emg_editorial...

၂၀၁၄ မေလ ၁၆ ရက်နေ့ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့အာဘော် #emg_editorials တာဝန်ခံမှုများ ပျောက်ဆုံးနေသည့် လူမှုကွန်ရက် မိုဘိုင်းဖုန်း နည်းပညာများ ပြောင်းလဲတိုးတက် လာသည်နှင့်အမျှ မြန်မာနိုင်ငံတွင် အင်တာနက်သည် နှစ်အနည်းငယ်အတွင်း လူတိုင်းအတွက် လက်လှမ်းမီလာနိုင်သည့် အရာတစ်ခု ဖြစ်လာခဲ့သည်။ ကမ္ဘာ့အရှေ့ဘက်ခြမ်းတွင် နေထိုင်သောသူသည် မိမိနှင့်လက်တစ်ကမ်း အနေအထားတွင် ကမ္ဘာ့အနောက်ဘက်ခြမ်း၌ ဖြစ်ပျက်နေသည့် အရာများကို သိမြင်နိုင်စွမ်း ရှိလာသည်။ အင်တာနက်အသုံးပြုမှု တိုးတက်လာမှုနှင့်ထပ်တူ လျင်လျင်မြန်မြန် ဖွံ့ဖြိုးလာသည့်အရာမှာ လူမှုကွန်ရက်များပင် ဖြစ်သည်။ လူမှုကွန်ရက်များသည် ကမ္ဘာတစ်ဝန်းလုံးက အင်တာနက် အသုံးပြုသူတွေကို ဖမ်းစားနိုင်ခဲ့သလိုပင် မြန်မာနိုင်ငံမှ အင်တာနက် အသုံးပြုသူများကိုလည်း ဖမ်းစားနိုင်ခဲ့သည်။ ယခင်က သတင်းတစ်ပုဒ်ကို သိရှိနိုင်ရန် သတင်းမီဒီယာများကို စောင့်ကြည့်ဖတ်ရှုရန်သာရှိသည်။ ယခုနောက်ပိုင်းတွင်တော့ လူတိုင်းသည် မိမိတို့၏ လူမှုကွန်ရက် အကောင့်များမှတစ်ဆင့် သတင်းများ၊ ထင်မြင်ယူဆချက်များနှင့် အတွေးအခေါ်များကို ထိုင်ရာမထ သိရှိလာနိုင်သည့်၊ ဖြန့်ဖြူးပေးလာနိုင်သည့် အခွင့်အရေးများပင် ရှိလာသည်။ မြန်မာနိုင်

မေလ ၁၆ ရက်နေ့ထုတ် The Daily Eleven သတင်းစာ မျက်နှာဖုံး (Yangon Edition) #thedai...

မေလ ၁၆ ရက်နေ့ထုတ် The Daily Eleven သတင်းစာ မျက်နှာဖုံး (Yangon Edition) #thedailyelevencover from Eleven Media Group's Facebook Wall http://ift.tt/1nQoXf8

ဒေါ်လာ တစ်ဘီလျံနီးပါး အကုန်အကျခံ ဖောက်လုပ်ခဲ့သည့် အမြန်လမ်းမကြီးသည် အမြန်လမ်းအင်္ဂါ...

ဒေါ်လာ တစ်ဘီလျံနီးပါး အကုန်အကျခံ ဖောက်လုပ်ခဲ့သည့် အမြန်လမ်းမကြီးသည် အမြန်လမ်းအင်္ဂါရပ်နှင့် ညီညွတ်ခြင်းမရှိသေးဘဲ အရည်အသွေးပိုင်း လိုအပ်နေဆဲဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ၀န်ခံပြောကြား ဒေါ်လာ တစ်ဘီလျံနီးပါးအကုန်အကျခံ ဖောက်လုပ်ခဲ့သည့် ရန်ကုန်-မန္တလေး အမြန်လမ်းသည် အမြန်လမ်းအင်္ဂါရပ်နှင့် ညီညွတ်ခြင်း မရှိသေးဘဲ အရည်အသွေးပိုင်းဆိုင်ရာများ လိုအပ်နေဆဲဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးတင့်က မေ ၁၅ ရက်တွင် ရထားပို့ဆောင်ရေးဝန်ကြီးဌာန၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ “အမြန်လမ်းဆိုတာကတော့ ရှစ်လမ်းသွားမှ အမြန်လမ်းအင်္ဂါရပ်နဲ့ ပြည့်စုံမှာပါ။ အခုဟာက လမ်းဖွင့်လိုက်ပေမယ့် လမ်းအင်္ဂါရပ်နဲ့ ပြည့်စုံခြင်း မရှိသေးပါဘူး။ မော်တော်ယာဉ်တွေ သွားလာနိုင်ဖို့ ဖွင့်လှစ်ခဲ့တာပါ။အမြန်လမ်းအင်္ဂါရပ်နဲ့ ညီညွတ်ဖို့ ဆက်လက်ဆောင်ရွက်ဆဲပါ”ဟု ဒုတိယဝန်ကြီးဦးစိုးတင့်က ပြောကြားသည်။ အမြန်လမ်းဖောက်လုပ်ရာတွင် ကွန်ကရစ်လမ်းတစ်မိုင်အတွက် မြေသားလုပ်ငန်းဆောင်ရွက်ခြင်းများ အပါအဝင် လမ်းတစ်မိုင်အတွက် ၂ ဒသမ ၅ ဘီလျံ ကျပ်ကုန်ကျကြောင်း ဒုတိယဝန်ကြီးကပြောကြားခဲ့ရာ ၃၆၆ မိုင် ၃ ဖာလုံအတွက် ဆိုပါက ကျပ်ဘီလျံ

KIO နှင့် NCCT တို့ ကချင်လူထုနှင့် မြစ်ကြီးနားမြို့ မနောကွင်း၌ တွေ့ဆုံ ကချင်ပြ...

KIO နှင့် NCCT တို့ ကချင်လူထုနှင့် မြစ်ကြီးနားမြို့ မနောကွင်း၌ တွေ့ဆုံ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မနောကွင်းတွင် ကချင်လူထုနှင့် ဗိုလ်ချုပ်ဂွမ်မော် အပါအဝင် NCCT ခေါင်းဆောင်များ တွေ့ဆုံခဲ့ပြီး တစ်နိုင်လုံးအပစ်အခတ်ရပ်စဲရေး လုပ်ငန်းစဉ်များကို ချပြခဲ့သည်။ ယင်းတွေ့ဆုံပွဲသို့ ကချင်လူထု နှစ်သောင်းဝန်းကျင် တက်ရောက်ခဲ့ပြီး ဖယ်ဒရယ်အရေး၊ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး နှင့်နိုင်ငံရေးဆွေးနွေးပွဲများ ဆက်လက်လုပ်ဆောင်နိုင်ရေးတို့ကို ဆွေးနွေးတင်ပြခဲ့သည်။ ယင်းဆွေးနွေးပွဲတွင် ဗိုလ်ချုပ်ဂွမ်မော်က သန်းခေါင်စာရင်းကိစ္စအား ကချင်လူထုကြားတွင် အငြင်းပွားတွေဝေမှုများ ဖြစ်ပေါ်ခဲ့ပြီး မိမိမှာ ဝန်ကြီးဦးခင်ရီနှင့် သီးခြားတွေ့ဆုံပြီး မျိုးနွယ်စုအရေးနှင့် တိုင်းရင်းသားအရေးကို ဆွေးနွေးခဲ့ကြောင်း ကချင်မျိုးနွယ်စုများ ပေါင်းလိုက်ပါက ကချင်စာရင်းအောက်တွင်သာ ရောက်ရှိသွားမည်ဖြစ်သည့်အတွက် စိတ်ပူစရာအကြောင်း မရှိကြောင်း ပထမဆုံး ပြောကြားခဲ့သည်။ ထို့နောက် ဗိုလ်ချုပ်ဂွမ်မော်က တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးနှင့် ပတ်သက်ပြီး “ယနေ့ ကျွန်တော်တို့ ကေအိုင်အိုအနေနဲ့ စိတ်ခံစားမှုကိုပြောတာထက် လုပ်သင့်လုပ်ထိုက်တာကို ရှေ့တန်းတင်ပြီး ပြောဆိုတာ

မြန်မာနိုင်ငံသို့ ထွက်ခွာမည့် မလေးရှားလေကြောင်းလိုင်းလေယာဉ် ကွာလာလမ်ပူလေဆိပ်၌ ရပ...

မြန်မာနိုင်ငံသို့ ထွက်ခွာမည့် မလေးရှားလေကြောင်းလိုင်းလေယာဉ် ကွာလာလမ်ပူလေဆိပ်၌ ရပ်ထားစဉ် ကားဝင်တိုက်မိ၍ ခရီးစဉ်ရွှေ့ပြောင်း မေ ၁၅ ရက်တွင် မြန်မာနိုင်ငံသို့ ထွက်ခွာမည့် မလေးရှားလေကြောင်းလိုင်း လေယာဉ်သည် ကွာလာလမ်ပူလေဆိပ်၌ ရပ်ထားစဉ် လေယာဉ်၏ ကိုယ်ထည်ပိုင်းကို ကားတစ်စီးက ဝင်တိုက်မိသောကြောင့် ခရီးစဉ်ရွှေ့ပြောင်းလိုက်ရကြောင်း မလေးရှားလေကြောင်းလိုင်းက ပြောကြားခဲ့သည်။ မလေးရှားလေကြောင်းလိုင်း ခရီးစဉ်အမှတ် MH 370 လေယာဉ် ပျောက်ဆုံးခဲ့ပြီးနောက် မလေးရှားလေကြောင်းလိုင်း၏ နောက်ဆုံးမတော်တဆမှုတစ်ခု ဖြစ်လာခဲ့သည်။ ယခု ကားတိုက်ခံရသည့် ဘိုးအင်း ၇၃၇-၈ဝဝ အမျိုးအစားလေယာဉ်ကို အသေအချာစစ်ဆေးမှုများ ဆောင်ရွက်နေရသောကြောင့် မြန်မာနိုင်ငံသို့သွားမည့် ခရီးသည်များကို အခြားလေကြောင်းခရီးစဉ်သို့ ရွှေ့ပြောင်းပေးလိုက်ရကြောင်း သိရသည်။ အဆိုပါလေယာဉ်သည် ကွာလာလမ်ပူ နိုင်ငံတကာလေဆိပ်၌ ရပ်ထားစဉ် လေယာဉ်၏ ကိုယ်ထည်အောက်ပိုင်းကို ကားတစ်စီးက ဝင်တိုက်မိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ “ကျွန်တော်တို့အင်ဂျင်နီယာတွေက အပျက်အစီးကို စစ်ဆေးဖို့ အဲ့ဒီနေရာမှာ ရှိနေပါတယ်။ အကြိုစစ်ဆေးချက်တွေအရ လေယာဉ်ရဲ့ ဖွဲ့စည်းပုံအပိုင်းကို ထိခိုက်မှု တစ်စုံတစ်ရာမရှိပါဘူး။ ဒါ