ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ(၄၃၆)ပြင်ဆင်ရေး လူထုဟောပြောပွဲသို့
နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့အပြာရောင် တူညီဝတ်စုံများ ၀တ်ဆင်ပြီး တက်ရောက်မည်
ရန်ကုန်-မေ၁၆
မနက်ဖြန် မေ ၁၇ ရက် နံနက် (၈း၃၀)နာရီ၊ ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်၊ ဗိုလ်စိန်မှန်ကွင်းတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နှင် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းတို့ ပူးပေါင်းကျင်းပမည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ(၄၃၆)ပြင်ဆင်ရေး လူထုဟောပြောပွဲ ( ရန်ကုန်တိုင်း)သို့ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့အနေဖြင့်
တူညီဝတ်စုံအပြာရောင်တီရှပ်များဝတ်ဆင်ပြီး ထောက်ခံတက်ရောက်
မည်ဖြစ်ကြောင်းသိရသည် ။
မြို့နယ်အသီးအသီးရှိ နိုင်ငံရေးအကျဉ်းသားဟောင်းများ အားလုံး
အနေဖြင့်ပူးပေါင်းပါဝင်တက်ရောက်ကြပါရန်နိုင်ငံရေးအကျဉ်း
သားဟောင်းများအဖွဲ့မှဖိတ်ကြားထားပြီး(တာမွေအ၀ိုင်းထိပ်၊
Ocean Center အနီး)ဗဟန်းမြို့နယ်၊ရန်ကုန်တိုင်း တွင်နံနက် (၇)နာရီစုရပ်အဖြစ်သတ်မှတ်ထားကြောင်းသိရသည်။
from Popular Myanmar News Journal's Facebook Wall http://ift.tt/1myCs0G
Comments
Post a Comment