Skip to main content

Posts

Showing posts from June 11, 2014

ညံ့ဖျင်းသော ဘ၀နေထိုင်မှုပုံစံကြောင့် ဆယ်ကျော်သက်ဆီးချိုဝေဒနာရှင်များ ထိခိုက် ----...

ညံ့ဖျင်းသော ဘ၀နေထိုင်မှုပုံစံကြောင့် ဆယ်ကျော်သက်ဆီးချိုဝေဒနာရှင်များ ထိခိုက် ------- ဆီးချိုရောဂါရှိနေသည်ဟုသိရှိပြီး နောက်ပိုင်းနှစ်များတွင် ယင်းရောဂါကို ထိန်းချုပ်ရေးလူမှုရေးနှင့် စိတ်ပိုင်းဆိုင်ရာဖိအားများနှင့် ရုန်းကန်နေရသော ဆယ်ကျော်သက်များမှာ ရောဂါထိန်းချုပ်ရေး ပိုမိုညံ့ဖျင်းလာသည်ဟု အမေရိကန်လေ့လာမှုအသစ် တစ်ရပ်က ဖော်ပြသည်။ သတင်းအပြည့်အစုံ... http://ift.tt/1q6iu0m ညံ့ဖျင်းသော ဘ၀နေထိုင်မှုပုံစံကြောင့် ဆယ်ကျော်သက်ဆီးချိုဝေဒနာရှင်များ ထိခိုက် 7daydaily.com ဆီးချိုရောဂါရှိနေသည်ဟုသိရှိပြီး နောက်ပိုင်းနှစ်များတွင် ယင်းရောဂါကို ထိန်းချုပ်ရေးလူမှုရေးနှင့် စိတ်ပိုင်းဆိုင်ရာဖိအားများနှင့် ရုန်းကန်နေရသော ဆယ်ကျော်သက်များမှာ ရောဂါထိန်းချုပ်ရေး ပိုမိုညံ့ဖျင်းလာသည်ဟု အမေရိကန်လေ့လာမှုအသစ် တစ်ရပ်က ဖော်ပြသည်။ from 7Day News Journal's Facebook Wall http://ift.tt/1uapMOi
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် ပြည်ပ ကုမ္ပဏီပူးပေါင်းမှု ဆွေးနွေးဆဲအဆင့်သာဖြစ် myanmar.mmtimes.com မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် ဂျပန်နိုင်ငံမှ KDDI ကုမ္ပဏီတို့ အကျိုးတူပူးပေါင်းလုပ်ကိုင်ရန် ပြီးခဲ့သည့်မေလကုန်ပိုင်းတွင် သဘာတူလက်မှတ်ရေးထိုးမည်ဟု ကြေညာခဲ့သော်လည်း အသေး စိတ်ဆွေးနွေးဆဲ အဆင့်သာရှိသေးကြောင်း တာဝန်ရှိသူများကပြောသည်။ from The Myanmar Times's Facebook Wall http://ift.tt/1oQURH7

ငါးပစ်လောင်းကစား ဂိမ်းရုံများကို အရေးယူမည် ကျိုင်းတုံ၊ ဇွန် ၁၁ ရွှေတြိဂံဒေသ ရှမ...

ငါးပစ်လောင်းကစား ဂိမ်းရုံများကို အရေးယူမည် ကျိုင်းတုံ၊ ဇွန် ၁၁ ရွှေတြိဂံဒေသ ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့ရှိ ငါးပစ်လောင်းကစား ဂိမ်းရုံများတွင် မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲမှုများ ရှိကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် ငါးပစ်ဂိမ်းရုံများကို ဇွန်လ ၁၁ ရက်မှ စ၍ ရှာဖွေဖမ်းဆီး အရေးယူမည် ဖြစ်ကြောင်း မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး ရဲမှူး ခင်မောင်သိန်းက ပြောကြားသည်။ “အခုဆို ကျိုင်းတုံမှာ မူးယစ်ဆေးဝါး ဖမ်းဆီးရတာ အရမ်းများလာတယ်။ ဖမ်းမိလို့ စစ်လိုက်ရင် ဂိမ်းရုံတွေမှာ ရောင်းဝယ်ကြတယ်လို့ သိရတယ်။ မူးယစ်မှုနဲ့ ပတ်သက်ပြီး ဒီနှစ်ထဲမှာ ၁၆ နှစ်အောက် ကလေးခြောက်ဦးကို ထိန်းသိမ်းထားတယ်။ ဂိမ်းရုံတွေက ဘယ်သူ့ခွင့်ပြုချက်နဲ့ ဖွင့်ထားတာလဲတော့ မသိဘူး။ ရဲတပ်ဖွဲ့အနေနဲ့က ခွင့်ပြုထားတာ မရှိလို့ နောက်ဆက်တွဲ မှုခင်းတွေ မဖြစ်ပေါ်အောင် ရှာဖွေဖမ်းဆီးပြီး အရေးယူမှာပါ” ဟု ၎င်းကဆိုသည်။ ယင်းကဲ့သို့သော မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲမှု၊ လောင်းကစားမှုနှင့် လူကုန်ကူးမှု စသည့် အမှုအခင်းများတွင် ဒေသခံလူငယ်နှင့် ကလေးများ ပါဝင် ပတ်သက်မှု မရှိစေရန် နယ်မြေခံရဲ၊ ယာဉ်ထိန်းရဲ၊ မူးယစ်အဖွဲ့နှင့် လူကုန်ကူးမှု တားဆီးရေးအဖွဲ့များ စုပေါင်း၍ စာသင်ကျောင်း၊ ရပ်ကွ

ကမ္ဘာ့ဖလားပြိုင်ပွဲ ကျင်းပရန် အသင့်ဖြစ်နေပြီ ဖြစ်ကြောင်းနှင့် ဆန့်ကျင် ဆန္ဒပြသူမျာ...

ကမ္ဘာ့ဖလားပြိုင်ပွဲ ကျင်းပရန် အသင့်ဖြစ်နေပြီ ဖြစ်ကြောင်းနှင့် ဆန့်ကျင် ဆန္ဒပြသူများသည် အဆိုးမြင်ဝါဒီများဟု ဘရာဇီးသမ္မတ ပြောကြား ဆာပေါ်လို၊ ဇွန် ၁၁ ကမ္ဘာ့ဖလားပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပရာ၌ မြို့နေလူတန်းစား အချို့၏ ကန့်ကွက်ဆန္ဒပြမှုများ အရှိန်မြင့်တက်လာသော်လည်း ကမ္ဘာ့ဖလား ပြိုင်ပွဲကို ကျင်းပရန် အသင့်ဖြစ်နေပြီ ဖြစ်ကြောင်းနှင့် ပြိုင်ပွဲကို ဆန့်ကျင် ဆန္ဒပြသူများသည် အဆိုမြင်ဝါဒီများသာ ဖြစ်ကြောင်း ဘရာဇီး မီဒီယာများမှ တစ်ဆင့် ဘရာဇီးသမ္မတ ဒီလ်မာရော့စ်ဆဖ်က ပြောဆိုခဲ့သည်။ “ဖြစ်ပျက်နေတာတွေနဲ့ ကြားနေရတာတွေဟာ စိတ်မချမ်းမြေ့စရာပါ။ ဒါဟာ နိုင်ငံကို အကျပ်အတည်း တစ်ခုဆီ ပို့နေသလိုပါပဲ။ သို့သော်လည်း ကမ္ဘာ့ဖလားပြိုင်ပွဲ ကျင်းပဖို့ အားလုံးအသင့် ဖြစ်နေပါပြီ” ဟု ဘရာဇီးသမ္မတက ဆိုသည်။ သို့သော်လည်း ဆာပေါ်လိုမြို့တွင် ကျင်းပမည့် ဖွင့်ပွဲအခမ်းအနားနှင့် ရီယိုဒီဂျနီရိုးမြို့တွင် ကျင်းပမည့် ပိတ်ပွဲ အခမ်းအနားများကို မြို့နေ ဆန္ဒပြသမားများက ဆန့်ကျင်ဆန္ဒပြရန် ခြိမ်းခြောက်မှုများ ရှိနေသည်။ ကမ္ဘာ့ဖလားပြိုင်ပွဲ ဖြစ်မြောက်ရေး ကော်မတီဝင် ရီကာဒိုသည် ကြောက်မက်ဖွယ်ရာ ကောင်းသည့် အနေအထားဟု သုံးနှုန်းထားပြီး တာဝန်ရှိသူများအနေနှင့် ကွင်းတ

ကမ္ဘာ့ဖလားပြိုင်ပွဲ မစတင်မီ နာမည်ကျော်ပုဂ္ဂိုလ်များ၏ ပြောစကားများ ----------------...

ကမ္ဘာ့ဖလားပြိုင်ပွဲ မစတင်မီ နာမည်ကျော်ပုဂ္ဂိုလ်များ၏ ပြောစကားများ ---------------- သတင်းအပြည့်အစုံ... http://ift.tt/1lgyIRr ကမ္ဘာ့ဖလားပြိုင်ပွဲ မစတင်မီ နာမည်ကျော်ပုဂ္ဂိုလ်များ၏ ပြောစကားများ 7daydaily.com စကိုလာရီ လက်ရှိဘရာဇီး အသင်းသည် (၂၀၀၂)ခုနှစ်က ကမ္ဘာ့ချန်ပီယံ ဖြစ်ခဲ့သည့် အသင်းကဲ့သို့ အဆင့်အတန်းမျိုး ရှိနေကြောင်း နည်းပြ လူးဝစ်ဖိလစ် စကိုလာရီက ပြောကြားခဲ့သည်။ from 7Day News Journal's Facebook Wall http://ift.tt/1pKwJ8G

ဖားကန့်ဒေသမှ ကျောက်စိမ်းလုပ်ငန်းများ ဇွန်လ ၁၂ ရက်နေ့ အပြီးဖယ်ရှားရမည် မြစ်ကြီးန...

ဖားကန့်ဒေသမှ ကျောက်စိမ်းလုပ်ငန်းများ ဇွန်လ ၁၂ ရက်နေ့ အပြီးဖယ်ရှားရမည် မြစ်ကြီးနား၊ ဇွန် ၁၁ ကချင်ပြည်နယ် ဖားကန့်ဒေသတွင် ကျောက်စိမ်းလုပ်ငန်း လုပ်ကိုင်ကြသူများနှင့် ရေမဆေး ကျောက်ရှာသူများ အားလုံး ဇွန်လ ၁၂ ရက် နောက်ဆုံးထား ဖယ်ရှားပေးရမည်ဟု ဖားကန့်ဒေသ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး ကြီးကြပ်မှု ကော်မတီက ကြေညာချက် ထုတ်ပြန်ထားကြောင်း ဖားကန့်ဒေသခံများနှင့် ကျောက်စိမ်းလုပ်ငန်း လုပ်ကိုင်ကြသူများထံမှ စုံစမ်း သိရှိရသည်။ အဆိုပါ ထုတ်ပြန်ချက်တွင် မိုးကာလ ရောက်ပြီဖြစ်၍ ကျောက်စိမ်း ထုတ်လုပ်ခွင့်ရ လုပ်ကွက် ဧရိယာများအတွင်း တရားမဝင် ကျောက်စိမ်းတူးဖော်ခြင်း၊ ရွှေ မျှောတိုက်ခြင်း၊ ရေပန်းထိုးခြင်းများကြောင့် သဘာဝဘေးအန္တရာယ် ကျရောက်နိုင်သဖြင့် လုပ်ကွက် ဧရိယာများတွင် တရားမဝင် နေထိုင်ခြင်းနှင့် ဆောက်လုပ်ထားသော အဆောက်အအုံများကို ဇွန်လ ၁၂ ရက်နေ့တွင် နောက်ဆုံးထား ဖယ်ရှားပေးရမည် ဖြစ်ကြောင်းနှင့် လိုက်နာခြင်း မရှိပါက သတ္တုတွင်း ဝန်ကြီးဌာန ကျောက်မျက် ဥပဒေ၊ တည်ဆဲဥပဒေများအရ ထိရောက်စွာ အရေးယူမည်ဟု ဖော်ပြပါရှိကြောင်း ဖားကန့်ဒေသခံ ကျောက်စိမ်း လုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။ ဖားကန့်ဒေသရှိ နယ်မြေခံ တပ်ကလည်း ဖားကန့်ဒေသ တစ်ဝ

ကမ္ဘာ့ဖလားပြိုင်ပွဲကို အားပေးချင်ပေမယ့် အသက်အရွယ်နဲ့ ကျန်းမားရေး အရအပြင်ကို ထွက်...

ကမ္ဘာ့ဖလားပြိုင်ပွဲကို အားပေးချင်ပေမယ့် အသက်အရွယ်နဲ့ ကျန်းမားရေး အရအပြင်ကို ထွက် မကြည့်တဲ့ ပရိသတ်တွေကလဲ အခမဲ့ရုပ်သံလိုင်းတွေ live မပြနိုင်ရင်တောင် Delay သဘောမျိုး ပြန်ပြတာကို မျှော်လင့် နေကြပါတယ်။ myanmar.mmtimes.com myanmar.mmtimes.com from The Myanmar Times's Facebook Wall http://ift.tt/1mKM7y1

"အခုနေ လယ်တွေပြန်ပေးလိုက်လည်း အရင်အတိုင်းဖြစ်အောင် ပြန်လုပ်နိုင်တယ်။ ခွန်အားတွေ...

"အခုနေ လယ်တွေပြန်ပေးလိုက်လည်း အရင်အတိုင်းဖြစ်အောင် ပြန်လုပ်နိုင်တယ်။ ခွန်အားတွေ ရှိသေးတယ်" မနောမြေက စိုက်ခင်းတွေကို ဒို့ပြန်ရချင်တယ် myanmar.mmtimes.com ၂၀၁၄ ခုနှစ်၊ မတ်လ ၂၄ ရက်နေ့တွင် ကချင်အမျိုးသား ဦးကွမ်းထပ်ဂွမ်ဂျာတစ်ယောက် ရန်ကုန်မြို့ သို့ ရောက်ရှိလာခဲ့သည်။ from The Myanmar Times's Facebook Wall http://ift.tt/1l3pSYy

http://ift.tt/1lgvf5l ကာတွန်းများ ဖတ်ရန်

http://ift.tt/1lgvf5l ကာတွန်းများ ဖတ်ရန် from 7Day News Journal's Facebook Wall http://ift.tt/1lgvf5u

ပြည်ပရောက်လုပ်သားများအားကာကွယ်မည့်ဥပဒေပြုရေးအဆို ရှုံးနိမ့်ခြင်းအတွက် လွှတ်တော်ကို...

ပြည်ပရောက်လုပ်သားများအားကာကွယ်မည့်ဥပဒေပြုရေးအဆို ရှုံးနိမ့်ခြင်းအတွက် လွှတ်တော်ကိုရှုတ်ချမည် -------- ပြည်ပရောက်မြန်မာ အလုပ်သမားများအား အကာအကွယ်ပေးနိုင်သည့် နိုင်ငံခြား ရောက်မြန်မာအလုပ်သမားများ ဆိုင်ရာ အထူးဥပဒေပြဋ္ဌာန်းရေး အဆိုကို ပြည်သူ့လွှတ်တော်က ပယ်ချလိုက်သောကြောင့် မြန်မာလုပ်သားများအများစုသွားရောက်လုပ်ကိုင်သောထိုင်းနိုင်ငံရောက် မြန်မာလုပ်သားများနှင့် မလေးရှားနိုင်ငံရောက် မြန်မာလုပ်သားများက ဆန္ဒပြရှုတ်ချသွားမည်ဖြစ်ကြောင်းသတင်းရရှိသည်။ သတင်းအပြည့်အစုံ... http://ift.tt/1lgvduk ပြည်ပရောက်လုပ်သားများအားကာကွယ်မည့်ဥပဒေပြုရေးအဆို ရှုံးနိမ့်ခြင်းအတွက် လွှတ်တော်ကိုရ� 7daydaily.com ပြည်ပရောက်မြန်မာ အလုပ်သမားများအား အကာအကွယ်ပေးနိုင်သည့် နိုင်ငံခြား ရောက်မြန်မာအလုပ်သမားများ ဆိုင်ရာ အထူးဥပဒေပြဋ္ဌာန်းရေး အဆိုကို ပြည်သူ့လွှတ်တော်က ပယ်ချလိုက်သောကြောင့် မြန်မာလုပ်သားများအများစုသွားရောက်လုပ်ကိုင်သောထိုင်းနိုင်ငံရောက် မြန်မာလုပ်သားများနှင့် မလေးရှားနိုင်ငံရောက် မြန်မာလုပ်သားများက ဆန္ဒပြရ… from 7Day News Journal's Facebook Wall http://ift.tt/1lgveOM

(၂၅)ဒေါ်လာတန် စမတ်ဖုန်းကို မကြာမီ ရောင်းချမည်ဟု Mozillaကြေညာ -------- Mozilla ကုမ...

(၂၅)ဒေါ်လာတန် စမတ်ဖုန်းကို မကြာမီ ရောင်းချမည်ဟု Mozillaကြေညာ -------- Mozilla ကုမ္ပဏီက လာမည့်လအနည်းငယ်အတွင်း တန်ဖိုးနည်း စမတ်ဖုန်းသစ် တစ်မျိုးကို စတင်မိတ်ဆက် ရောင်းချသွားမည်ဟု ကြေညာလိုက်သည်။ သတင်းအပြည့်အစုံ... http://ift.tt/1lgvbmm (၂၅)ဒေါ်လာတန် စမတ်ဖုန်းကို မကြာမီ ရောင်းချမည်ဟု Mozillaကြေညာ 7daydaily.com Mozilla ကုမ္ပဏီက လာမည့်လအနည်းငယ်အတွင်း တန်ဖိုးနည်း စမတ်ဖုန်းသစ် တစ်မျိုးကို စတင်မိတ်ဆက် ရောင်းချသွားမည်ဟု ကြေညာလိုက်သည်။ from 7Day News Journal's Facebook Wall http://ift.tt/1lgvcXh

ကမ္ဘာ့ဖလားပြိုင်ပွဲ အကြိုပြင်ဆင်မှုအတွက် ဝေဖန်မှုများရှိသော်လည်း ပြိုင်ပွဲကျင်းပရန်...

ကမ္ဘာ့ဖလားပြိုင်ပွဲ အကြိုပြင်ဆင်မှုအတွက် ဝေဖန်မှုများရှိသော်လည်း ပြိုင်ပွဲကျင်းပရန် အသင့်ဖြစ်နေပြီဟု ဘရာဇီးလ်သမ္မတ ပြောကြား ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ကြိုတင်ပြင်ဆင်မှုများပြုလုပ်ရာတွင် အဆင်မပြေမှုများကြောင့် ဝေဖန်မှုများစွာရှိခဲ့သော်လည်း လက်ရှိအချိန်တွင် ယင်းပြိုင်ပွဲကို စတင်ကျင်းပရန် အသင့်ဖြစ်နေကြောင်း ဘရာဇီးလ်သမ္မတ ဒီလ်မာရူဆက်ဖ်က ပြောကြားခဲ့သည်။ ဘရာဇီးလ်အစိုးရအနေဖြင့် ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ဒေါ်လာ ၁၁ ဘီလျံအထိ အကုန်အကျခံကာ ပြင်ဆင်မှု၊ ပြည်သူများ၏ သယ်ယူပို့ဆောင်ရေးစရိတ်များကို တိုးမြှင့်ကောက်ခံမှု၊ ပြိုင်ပွဲကျင်းပရန် နီးကပ်လာချိန်အထိ အားကစားကွင်းများပြင်ဆင်မှု အပြီးသတ်မပြီးစီးမှုများကြောင့် ဝေဖန်မှုများစွာ ထွက်ပေါ်ခဲ့ပြီး နိုင်ငံတစ်ဝန်း ဆန္ဒပြပွဲများလည်း ဖြစ်ပွားခဲ့သည်။ သို့သော် ရူဆက်ဖ်က မိမိတို့အနေဖြင့် အခက်အခဲများကိုကျော်ဖြတ်ပြီး ပြိုင်ပွဲကျင်းပရန် အသင့်ဖြစ်နေပြီဟု ပြောကြားခဲ့ခြင်းဖြစ်သည်။ "ဘရာဇီးလ်အနေနဲ့ အဓိကအတားအဆီးအနှောင့်အယှက်တွေကို ကျော်ဖြတ်ပြီးတဲ့အချိန်မှာ ပြိုင်ပွဲကိုစတင်ကျင်းပဖို့ အသင့်ဖြစ်နေပါပြီ။ ပြိုင်ပွဲတစ်ခုကို လက်ခံကျင်းပရတယ်ဆိုတာ ကစားပွဲတစ်ခု ကစားရသလိုပါပဲ။ ပင်ပန်းဆင်းရဲမှုနဲ့ နာကျ

ကမ္ဘာ့ဖလားဖွင့်ပွဲတွင် အားကစားနှင့် အနုပညာရှင် ၆၀၀ ပါဝင်တင်ဆက်မည် ဘရာဇီးလ်နိုင်င...

ကမ္ဘာ့ဖလားဖွင့်ပွဲတွင် အားကစားနှင့် အနုပညာရှင် ၆၀၀ ပါဝင်တင်ဆက်မည် ဘရာဇီးလ်နိုင်ငံ၌ ယနေ့ စတင်ကျင်းပမည့် ၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားတွင် အားကစားသမားနှင့် အနုပညာရှင် ၆၀၀ က ပါဝင်တင်ဆက်သွားမည်ဖြစ်ကြောင်း သိရသည်။ ယင်းအနုပညာရှင် ၆၀၀ က ၂၅ မိနစ်ကြာ အနုပညာတင်ဆက်မှုကို ကြီးကျယ်ခမ်းနားစွာ ပြုလုပ်သွားမည်ဖြစ်ပြီး ဘရာဇီးလ်ရိုးရာ အနုပညာများနှင့် ခေတ်မီနည်းပညာကိုပေါင်းစပ်ကာ တင်ဆက်ပြသသွားမည်ဖြစ်ကြောင်း သိရသည်။ ထို့ပြင် မူလက ပါဝင်ဖျော်ဖြေခြင်းမရှိဟု သတင်းများထွက်ပေါ်ခဲ့သည့် နာမည်ကြီးအဆိုတော် ဂျနီဖာလိုပက်ဇ်ကလည်း Pitbull ၊ ကလော်ဒီယာလိုင်တီနှင့်တွဲဖက်၍ ကမ္ဘာ့ဖလားသီချင်းဖြစ်သည့် We Are One ကို သီဆိုဖျော်ဖြေသွားမည်ဖြစ်ကြောင်း သိရသည်။ ယင်းအခမ်းအနားကို ဆော်ပေါ်လိုမြို့ရှိ Arena Corinthians ကွင်းတွင် ကျင်းပသွားမည်ဖြစ်ပြီး လူ ၆၀၀၀၀ ကျော် လာရောက်ကြည့်ရှုမည်ဟု ခန့်မှန်းထားကြောင်း သိရသည်။ ထို့ပြင် ဖွင့်ပွဲအခမ်းအနားကို ကမ္ဘာတစ်ဝန်းမှ ပရိသတ်တစ်ဘီလျံခန့် ကြည့်ရှုဖွယ်ရှိကြောင်းလည်း သိရသည်။ from Eleven Media Group's Facebook Wall http://ift.tt/1v1P6Ze

၅၉(စ)ကို ပြင်သင့်ကြောင်း အမျိုးသားဒီမိုကရေစီအင်အားစု ပါတီဆို မြတ်မင်း| ကြာသပတေး...

၅၉(စ)ကို ပြင်သင့်ကြောင်း အမျိုးသားဒီမိုကရေစီအင်အားစု ပါတီဆို မြတ်မင်း| ကြာသပတေးနေ့၊ ဇွန်လ ၁၂ ရက်၊ ၂၀၁၄ ခုနှစ် အမျိုးသားဒီမိုကရေစီအင်အားစုပါတီ NDF က ၅၉( စ)ကို ပြင်ဆင်သင့်ကြောင်း၊ NDF ပါတီ မန္တလေးတိုင်းဥက္ကဋ္ဌ ဦးလှကိုက မဇ္ဈိမကို ပြောသည်။ ၅၉ (စ)မပြင်ရေးနှင့် ပတ်သက်၍အမျိုးသားလွှတ်တော်ကိုယ်စာလှယ် ဒေါ်ခင်ဝိုင်းကြည်၏ ပြောကြားချက်များ သည်ပါတီ၏ သဘေားထားမဟုတ်ဘဲ ပုဂ်္ဂိုလ်တစ်ဦးခြင်း၏သဘေားထားသာဖြစ်ကြောင်းNDF ပါတီမန္တလေး တိုင်းဥက္ကဋ္ဌဦးလှကိုက မဇ္ဈိမ ကို ပြောသည်။ “ကျွန်တော်တို့ပါတီက လွှတ်တော်ကိုတရားဝင်တင်တဲ့အထဲမှာ မကန့်ကွက်ဘဲ ၅၉(စ)ကို ပြင်ပေးဖို့ပဲ တင်ခဲ့ တာ။နောက်ကျမှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည်ဆီကနေ ဖြစ်လာတာ။ ဒေါ်ခင်ဝိုင်း ကြည်က သူပုဂ်္ဂိုလ်ရေးအရ ပြောတာပြောခွင့်ရှိပါတယ်။ ပါတီက ကန့်ကွက်တာမဟုတ်ပါဘူး။ အယူအဆကွဲ လွဲ ခွင့်ရှိပါတယ်”ဟု ဦးလှကိုက ပြောသည်။ “ဒေါ်အောင်ဆန်းစုကြည်တို့နဲ့ သဘောထားချင်း မတူတာတွေမရှိပါဘူး။ လွှတ်တော်မှာဖွဲ့စည်းပုံပြင်ဖို့အချက် တွေတောင်းဆိုကတည်းက ၅၉(စ)ကို ပြင်ဖို့ တင်ထားပြီဟု ၎င်းက ပြောသည်။ from Mizzima - News in Burmese's Facebook Wall http://ift.tt/1v1O8ft

စားသုံးသူသမ၀ါယမအသင်းဥက္ကဋ္ဌကို အသင်းသားများက တရားစွဲမည် အောင်ကိုဦး| ကြာသပတေးနေ့၊...

စားသုံးသူသမ၀ါယမအသင်းဥက္ကဋ္ဌကို အသင်းသားများက တရားစွဲမည် အောင်ကိုဦး| ကြာသပတေးနေ့၊ ဇွန်လ ၁၂ ရက်၊ ၂၀၁၄ ခုနှစ် မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ် အနှိမ့်တော်ရပ်ကွက်ရှိ အမှတ်(၁)၊ စားသုံးသူသမ၀ါယအသင်းမှ အသင်းသူအသင်းသားများသည် အသင်းပိုင်သ/မမြေ ပြန်လည်ရရှိရေးအတွက် နန်းဦးသမလီမိတက် ဥက္ကဋ္ဌ ဦးကျော်မင်းကို တရားစွဲဆိုမည်။ အဆိုပါ ဥက္ကဋ္ဌသည် အသင်းပိုင်မီးခံသေတ်္တာကို ဖောက်၍စာချုပ်များ၊ အသင်း နှင့် သက်ဆိုင်သောစာရွက် စာတမ်းများနှင့် အသင်းပိုင်ငွေများကို ယူဆောင်ခဲ့သည်ဟု အသင်းသားများအားလုံးကပြောသည်။ ထို့ပြင် အဆိုပါအသင်းပိုင်နေရာကို ဆိုင်ခန်းများငှားရမ်းထားသော်လည်း ၎င်းမှရသော ငွေကြေးအကျိုးအမြတ်ကို ရှင်း လင်းပေးခြင်းမရှိသည့်အပြင် နန်းဦးလွင် သ/မလီမိတက်ကို အသင်းဝင်နာယကများ၊ အဖွဲ့ဝင်များနှင့် အသင်းသားများထံ အသိပေးခြင်းမရှိဘဲ ဖွဲ့စည်းခဲ့သည်။ “ကျွန်တော်တို့ နာယကတွေ အဖွဲ့ဝင်တွေ အသင်းသားတွေကို အသိမပေးဘဲဖွဲ့ခဲ့တယ်။ ပြီးတော့ ဆိုင်ခန်း တွေ ငှားတယ်။ လျှပ်စစ်မီးပေးတယ်။ အဲဒီရတဲ့ငွေတွေလည်း စာရင်းရှင်းတာတစ်ခုမှမရှိတဲ့အပြင် အသင်း ၀င်တွေကိုလည်း အကျိုးအမြတ်ဘာမှမပေးဘူး။ ဒါတွေကိုလည်း ရပ်ကွက်သူ၊ ရပ်ကွက်သားအသင်းဝင်တွေ က မကျေနပ်ကြဘူး”ဟု အသ

လစ်လပ်နေသော အာရှကစားသမားနေရာအတွက် ယူကီဖူဂျီမိုတို ကို မကွေး ခေါ်ယူ .................

လစ်လပ်နေသော အာရှကစားသမားနေရာအတွက် ယူကီဖူဂျီမိုတို ကို မကွေး ခေါ်ယူ ....................................................... “အသင်းအတွက် အကောင်းဆုံးဖြစ်မယ်ထင်တဲ့ ကစားသမားတစ်ဦးကို ရွေးချယ်ခေါ်ယူခဲ့တာပါ။ ကျွန်တော်တို့အသင်းအနေနဲ့ ရှုံးထွက်ပြိုင်ပွဲမှာ အောင်မြင်မှုရဖို့ မျှော်လင့်ထားသလို အမှတ်ပေးပြိုင်ပွဲမှာလည်း အဆင့် ၃ အတွင်းဝင်ဖို့မျှော်လင့်ထားပါတယ်။” (သတင်းအပြည့်အစုံကို ဒီနေရာမှာ ၀င်ရောက်ဖတ်ရှုနိုင်ပါပြီ) Mizzima Sport News အားကစားသတင်းမှန်သမျှ.....ဒီမှာ ရနေပြီ....။ from Mizzima - News in Burmese's Facebook Wall http://ift.tt/1v1O5Ab

ဘရာဇီးကို ဂိုးပြတ်မရှုံးနိုင်တဲ့ ခရိုအေးရှားကို ကြိုက်တယ် (ဟန်စိုးသွေး) ............

ဘရာဇီးကို ဂိုးပြတ်မရှုံးနိုင်တဲ့ ခရိုအေးရှားကို ကြိုက်တယ် (ဟန်စိုးသွေး) ........................................................ "ဘရာဇီးနှင့် ခရိုအေးရှားတို့ ယှဉ်ပြိုင်ရမည့် ယခုပွဲစဉ်မှာ အုပ်စုမှတက်ခွင့်ရရှိဖို့အတွက် အဆုံး အဖြတ်တိုက်ပွဲမျိုးမဟုတ်ဘဲ ကမ္ဘာဖလားပြိုင်ပွဲကြီး၏ အဖွင့်ပွဲစဉ်၊ အုပ်စု(က)အဖွင့်ပွဲဖြစ်သည်။ ဆိုလို တာက ဂိုးပြတ်အနိုင်ရဖို့ မလိုအပ်ဘဲ အနိုင်(၃)မှတ်ရဖို့သာ အရေးကြီးသောပွဲစဉ်မျိုးဖြစ်သည်.." (ပွဲကြို ဆရာ ဟန်စိုးသွေး၏ ခန့်မှန်းချက်အပြည့်အစုံကို ဒီနေရာမှာ ၀င်ရောက်ဖတ်ရှုနိုင်ပါပြီ) Mizzima Sport News အားကစားသတင်းမှန်သမျှ.....ဒီမှာ ရနေပြီ....။ from Mizzima - News in Burmese's Facebook Wall http://ift.tt/1v1O5jD

၂၀၁၅ မကုန်မီ ကျူးကျော်များ နေရာပေးရန် ဆောင်ရွက်မည် မောင်သင်တုန်း| ကြာသပတေးနေ့၊...

၂၀၁၅ မကုန်မီ ကျူးကျော်များ နေရာပေးရန် ဆောင်ရွက်မည် မောင်သင်တုန်း| ကြာသပတေးနေ့၊ ဇွန်လ ၁၂ ရက်၊ ၂၀၁၄ ခုနှစ် မြန်မာနိုင်ငံရှိကျူးကျော်များကို မြို့သစ်ကွက်များ ဖော်ထုတ်ပြီး ယာယီနေရာချထားပေးနိုင်ရန် အစီအမံများကို ၂၀၁၅ ခုနှစ် မကုန်မီအပြီး ဆောင်ရွက်ပေးသွားမည်ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးစိုးတင့်က ပြည်သူ့လွှတ်တော်ဒသမပုံမှန် အစည်းအဝေး ဇွန် ၁၁ ရက်တွင် ပြောကြားလိုက်သည်။ ၂၀၁၁ ခုနှစ် ဒီမိုကရေစီအစိုးရသစ်လက်ထက်တွင် အများဆုံးကြုံတွေ့ရသည့် ပြဿနာများအနက် အင်အား သုံးပြီး ကျူးကျော်အိမ်ရာများဖယ်ရှားခြင်းလည်း တစ်ခုအပါအ၀င်ဖြစ်သည်ဟု ပြည်သူ့ လွှတ်တော်ကိုယ်စား လှယ် သူရဦးအောင်ကို က မေးခွန်းမေးမြန်းရာတွင်ပြောသည်။ “ကျူးကျော်ကိစ္စရပ်များကို ဖြေရှင်းဆောင်ရွက်နိုင်ဖို့အတွက် မြို့သစ်များမှာ ယာယီနေရာချထားပေးရေးအ တွက် တိုင်းဒေသကြီးများ၊ ပြည်နယ်အစိုးရများနှင့် ညှိနှိုင်းပေါင်းစပ်ပြီးတော့ ၂၀၁၅ ခုနှစ် မကုန်ခင်ဆောင် ရွက်သွားမှာဖြစ်ပါတယ်” ဟု ဒုတိယ၀န်ကြီးဦးစိုးတင့်က ကတိပြုပြောကြားလိုက်သည်။ “အစိုးရဌာနဆိုင်ရာနဲ့ တပ်ပိုင်မြေတွေပေါ်မှာ ကျူးကျော်နေထိုင်တဲ့ ပြည်သူတွေကို အင်အားသုံး ဖယ်ရှားတဲ့ သတင်းကတော့ အများပြည်သူကြားမှာ ပ

အချိုးကျ ကိုယ်စားပြု ပီအာရ်စနစ်ကို အမျိုးသားလွှတ်တော် အတည်ပြု အောင်သူရထွန်း| ကြာ...

အချိုးကျ ကိုယ်စားပြု ပီအာရ်စနစ်ကို အမျိုးသားလွှတ်တော် အတည်ပြု အောင်သူရထွန်း| ကြာသပတေးနေ့၊ ဇွန်လ ၁၂ ရက်၊ ၂၀၁၄ ခုနှစ် အချိုးကျကိုယ်စားပြုစနစ် PR ကို အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ၂၆ ဦး သုံးရက်ကြာ အချိန်ပေးဆွေးနွေးခဲ့ပြီး မဲခွဲဆုံးဖြတ်ရာတွင် ထောက်ခံသူ ၁၁၇ ဦး၊ ကန့်ကွက်သူ တပ်မတော်ကိုယ်စားလှယ်များအားလုံး အပါအ၀င် ၈၅ ဦးသာရှိသည့် အတွက် လာမည့်ရွေးကောက်ပွဲများတွင် ယင်းစနစ်ကျင့်သုံးရန် ရွေးကောက်ပွဲကော်မရှင်ကို တိုက်တွန်းကြောင်း အဆို အနိုင်ရရှိခဲ့သည်။ “ကော်မရှင်တစ်ရပ်ဖွဲ့စည်း ဆောင်ရွက်ပြီး ဒီကော်မရှင်မှာ ငြင်းကြ၊ ခုန်ကြဦး၊ ကော်မရှင်ရဲ့ အစီရင်ခံစာ တင်ပြီးတော့ ဘယ်နည်းလမ်းနဲ့ လုပ်သင့်လဲ၊ ဒါရွေးကောက်ပွဲကော်မရှင်နဲ့ တိုင်ပင်ပြီးလုပ်ရမှာ ဖြစ်ပါတယ်”ဟု အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ပြောသည်။ ယင်းစနစ် ကျင့်သုံးနိုင်ရန် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များနှင့် ပြင်ပမှပညာရှင် သုံးဦးအပါအ၀င် ၄၄ ဦးက လေ့လာသုံးသပ်ပြီး ရေးဆွဲရေးကော်မတီတစ်ခု ဖွဲ့စည်းကာ ဦးဇော်မြင့်ဖေက ဥက္ကဋ္ဌတာဝန် ယူ ဆောင်ရွက်ရန် အမျိုးသားလွှတ်တော်က ဆုံးဖြတ်ပေးလိုက်သည်။ အချိုးကျကိုယ်စားပြုစနစ်ကို ပြောင်းလဲကျင့်သုံးမည်ဆိုလျှင် ပြည်သူလူထုကို

ဂျီတီစီ ကျောင်းသားကို ကျောင်းထုတ် မည်ဟု မြို့နယ်အုပ်ချုပ်ရေးမှူး ဆို ဖိုးစိုးသူ...

ဂျီတီစီ ကျောင်းသားကို ကျောင်းထုတ် မည်ဟု မြို့နယ်အုပ်ချုပ်ရေးမှူး ဆို ဖိုးစိုးသူ| ကြာသပတေးနေ့၊ ဇွန်လ ၁၂ ရက်၊ ၂၀၁၄ ခုနှစ် ကျောင်းသားလူထု လက်မခံနိုင်သော အမျိုးသားပညာရေးဥပဒေမူကြမ်းကို ကန့်ကွက်ဆန္ဒပြရန်အတွက် ခွင့်ပြုချက်တောင်းခံခဲ့သော စစ်ကိုင်းတိုင်းဒေသကြီးကန့် ဘလူမြို့ နည်းပညာတက္ကသိုလ် (GTC)မှ ကျောင်းသားခေါင်းဆောင်အား မြို့နယ်အုပ်ချုပ်ရေးမှူးက ကျောင်းထုတ်ပစ်မည်ဟု ခြိမ်းခြောက်ခဲ့ကြောင်း ကျောင်းသားခေါင်းဆောင်က ပြောသည်။ “မနက်ပိုင်းမှာ ဆန္ဒပြခွင့်သွားတင်တယ်။ ညနေပိုင်းမှာ မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ သမ၀ါယမဥက္ကဋ္ဌ ရောက်လာပြီး အဖေနဲ့အမေကို ကျွန်တော်က ဆန္ဒပြတယ်ဆိုရင် ကျောင်းက ထုတ်ပစ်မယ်လို့ ခြိမ်းခြောက်သွားတယ်” ဟု ကျောင်းသားခေါင်းဆောင် ကိုရဲမျိုးဆွေက ဇွန်လ ၁၁ ရက်တွင်ပြောသည်။ အဆိုပါကိစ္စနှင့်ပတ်သက်ပြီး ကန့်ဘလူ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးဖုန်းကို ဆက်သွယ်မေးမြန်းရာ မြို့နယ်အုပ်ချုပ်ရေးမှူးမှာ ခရီးထွက်သွားကြောင်း ဖုန်းလက်ခံသူက ဖြေသည်။ အမျိုးသားပညာရေး ဥပဒေမူကြမ်းတွင် ဗဟိုချုပ်ကိုင်မှုစနစ် ပါဝင်နေ၍ လွတ်လပ်သော ပညာရေးစနစ် မရှိနိုင်ခြင်းတို့ကြောင့် ကိုရဲမျိုးဆွေဦးဆောင်သည့် ကျောင်းသားလူငယ်များက ဆန္ဒပြရန် ဇွန်လ ၁၀ ရ

ရေနေသတ္တ၀ါများ ဖမ်းဆီးခံရမှု အစီရင်ခံစာထုတ်ပြန်ပွဲ ဒေါ်စု တက်မည် ဟိန်းကိုစိုး| ကြာ...

ရေနေသတ္တ၀ါများ ဖမ်းဆီးခံရမှု အစီရင်ခံစာထုတ်ပြန်ပွဲ ဒေါ်စု တက်မည် ဟိန်းကိုစိုး| ကြာသပတေးနေ့၊ ဇွန်လ ၁၂ ရက်၊ ၂၀၁၄ ခုနှစ် ကမ္ဘာအနှံ့ရှိ အပူပိုင်းဇုန်ဒေသများတွင် နေထိုင်သော ရေနေသတ္တ၀ါများ ဖမ်းဆီးမှု လျင်မြန်စွာ မြင့်တက်လာမှုနှင့် ပတ်သက်ပြီး လေ့လာမှုတစ်ခုကို သြစတြေးလျနိုင်ငံ၊ ဂျိမ်းစ်ကွတ်တက္ကသိုလ်အပါအ၀င် ကမ္ဘာအနှံ့မှ တက္ကသိုလ်ပေါင်း ၁၁ ခုက ပြုလုပ်ခဲ့သည်။ ၎င်းလေ့လာမှုမှရရှိသော အစီရင်ခံစာထုတ်ပြန်ပွဲကို ရန်ကုန်မြို့၌ ဇွန်လ ၂၉ ရက်တွင် စတင်မိတ်ဆက်မည်ဖြစ်ရာ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် တက်ရောက်မည်ဖြစ်သည်ဟု State of the Tropics အဖွဲ့၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ အဖွဲ့၏လေ့လာမှုအတွက် တက္ကသိုလ်နှစ်ခုက ပါဝင်ပူးပေါင်းခဲ့ခြင်းဖြစ်ပြီး ထုတ်ပြန်ချက်ကို ဇွန်လ ၉ ရက် နေ့စွဲဖြင့် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ သို့သော် “အဲဒီကိစ္စကို ကျွန်တော်တို့ မသိသေးပါဘူး”ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ သတင်းပြန်ကြား ရေးတာဝန်ခံ ဦးကြည်တိုးက ပြောသည်။ “Wild Marine Catch” ဟု အမည်ပေးထားသော အဆိုပါအစီရင်ခံစာတွင် ၁၉၅၀ မှ ၂၀၁၀ ခုနှစ်များအ တွင်း ကမ္ဘာအနှံ့တွင် ရေနေသတ္တ၀ါများဖမ်းဆီးမှုမှာ တန်ပေါင်း ၁၆ သန်းမှ ၇၉ သန်းအထိ တိုးမြင့်လာကြောင်း ဖော်ပြထား

ဘင်္ဂလီ ဒုက္ခသည်များက အခွင့်အရေးဆုံးရှုံးခြင်းများကို ကုလသမဂ္ဂ ဒုတိယအကြီးအကဲကို တင်ပြ...

ဘင်္ဂလီ ဒုက္ခသည်များက အခွင့်အရေးဆုံးရှုံးခြင်းများကို ကုလသမဂ္ဂ ဒုတိယအကြီးအကဲကို တင်ပြမည် ကေဇူး ရန်ကုန်၊ မဇ္ဈိမ။ ။ ရခိုင်ဒုက္ခသည်များက ဒုက္ခသည်စခန်းများတွင် လွတ်လပ်စွာ သွားလာခွင့်နှင့် ပညာသင်ကြားခွင့်ရရှိရေး လိုအပ်ချက်များကို ကမ္ဘာ့ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ဒုတိယအကြီးအကဲကို တင်ပြရန် စီစဉ်ထားသည်ဟု စစ်တွေမြို့ ဘင်္ဂလီ ဒုက္ခသည် စခန်းမှ တာဝန်ခံ ဦးအောင်ဝင်းက မဇ္ဈိမကိုပြောသည်။ လူသားချင်းစာနာမှုဆိုင်ရာ လက်ထောက်အထွေထွေ အတွင်းရေးမှူး မစ္စ ခွင်ဝါခန်းသည် ဇွန် ၁၀ ရက်မှ ၁၄ အထိ လေးရက်ကြာမည့် မြန်မာနိုင်ငံခရီးတွင် စစ်တွေသို့ သွားရောက်မည်ဖြစ်ပြီး ဘင်္ဂလီများနှင့် တွေ့ဆုံရန်လည်း စီစဉ်ထားသည်။ “ပဋိပက္ခဖြစ်တာ နှစ်နှစ်ပြည့်ပြီ ဒုက္ခသည်စခန်းက လွတ်လာစွာ သွားလာခွင့်နဲ့ ပညာသင်ကြားခွင့်မရှိဘူး ဒုက္ခသည် စခန်းမှာ ရှိတဲ့ သူတွေ ပညာရေးကို ပိတ်ပင်ခံနေရပြီ”ဟု ကင်းချောင်း ဘင်္ဂလီဒုက္ခသည်စခန်းမှ တာဝန်ခံ ဦးအောင်ဝင်းက မဇ္ဈိမကိုပြောသည်။ ၂၀၁၂ ခုနှစ်မှ စ၍ ယခု အခြေအနေအထိ တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီး ဆက်လက်ပညာသင်ကြားခွင့်မရသည့် ဒုက္ခသည် ဦးရေ ၆၀၀ ကျော်ရှိသည်ဟု လည်းသူကဆိုသည်။ အဆိုပါ ဒုက္ခသည် စခန်းများက်ု ပြည်ထောင်စုအစိုးရ နှင့် UNHCR ပူးပေါင်း၍

တပ်မတော် အရာရှိနှင့် တပ်ဖွဲ့ဝင်များကို တရားစွဲမှု ပလပ်ခံရ

ဟင်္သာတ၊ ဇွန် ၁၀ အင်္ဂပူမြို့နယ် ကွင်းကောက်ဒေသ ရေဖြူစမ်းကွင်းတွင် တောင်သူများ စိုက်ပျိုးထားသည့် သီးနှံများနှင့် ခြံစည်းရိုးများကို မီးရှို့ ဖျက်ဆီးခဲ့သည့် အမှတ် (၅) တပ်မတော် တန်းမြင့်ကျောင်းက ဗိုလ်မှူးအဆင့် အရာရှိတစ်ဦးနှင့် တပ်ဖွဲ့ဝင် ၂၀ ကို ယင်းမြို့နယ် တရားရုံး၌ မေလ ၂၈ ရက်နေ့က ဦးတိုက် လျှောက်ထားခဲ့ရာ ပလပ်ခံခဲ့ရကြောင်း တောင်သူ အဖွဲ့ခေါင်းဆောင် ဦးသန်းဌေးက ပြောကြားသည်။ တောင်သူများ စိုက်ပျိုးထားသည့် ဆောင်းစပါးသီးနှံများ ရိတ်သိမ်းရတော့မည့် အချိန်တွင် အမှတ် (၅) တပ်မတော် တန်းမြင့် လေ့ကျင့်ရေးကျောင်းက ဗိုလ်မှူး ဇာနည်ထွန်းနှင့် တပ်မတော်သား ၂၀ ခန့်က မေလ ၁၄ ရက်နေ့နှင့် မေလ ၁၆ ရက်နေ့တွင် ယူနီဖောင်းများ ဝတ်ဆင်လျက် သီးနှံများကို ဖျက်ဆီးကာ ခြံစည်းရိုးများကို ဖျက်ဆီးမီးရှို့ခဲ့ကြောင်း၊ ယင်းကြောင့် မေလ ၂၈ ရက်နေ့က အင်္ဂပူ မြို့နယ်တရားရုံးတွင် တောင်သူဦးလှကျော်က တရားလို ပြုလုပ်၍ ဦးတိုက် လျှောက်ထားရာ မေလ ၃၀ ရက်နေ့တွင် ကွင်းကောက် နယ်မြေရဲတပ်ဖွဲ့စခန်းကို ပြန်လည် စစ်ဆေးခိုင်းခဲ့ပြီး ရဲတပ်ဖွဲ့၏ ပြန်လည် တင်ပြချက်အရ ခိုင်လုံခြင်း မရှိဟုဆိုကာ ပလပ်ခံရသည်ဟု ၎င်းကပြောဆိုသည်။ တောင်သူများ စိုက်ပျိုးထားသည့် သီးနှံများနှင့်

သတ္တမတန်းကျောင်းသူ ကားနှင့်ချိတ်ပါသေဆုံးမှု ရဲနှင့် ဒေသခံများ ရုန်းရင်းဆန်ခတ်ဖြစ်

မန္တလေး၊ ဇွန် ၁၀ စည်းကမ်းမဲ့ ယာဉ်မောင်းနှင်မှုများကြောင့် လူသေဆုံးမှုများ ဖြစ်ပေါ်လျက်ရှိသော မန္တလေးမြို့တော်တွင် ဇွန်လ ၉ ရက်နေ့ ည ၉ နာရီကျော်ခန့်က ၆၂ လမ်းပေါ်ရှိ ခုတင် ၃၀၀ ဆံ့ အထူးကု ဆေးရုံကြီးရှေ့၌ မြောက်မှတောင်သို့ အရှိန်ပြင်းစွာ မောင်းနှင်လာသော မော်တော်ယာဉ် တစ်စီးသည် ဆိုင်ကယ်တစ်စီးကို ဝင်တိုက်ပြီး မောင်းနှင် ထွက်ပြေးစဉ် ဆိုင်ကယ်ပေါ်မှ သတ္တမတန်း ကျောင်းသူမှာ ယင်းကားနှင့် ချိတ်ပါသွားကာ ပွဲချင်းပြီး သေဆုံးခဲ့ရာ အဆိုပါ ယာဉ်တိုက်မှုကို တွေ့မြင်၍ ဒေါသတကြီး လိုက်ပါလာသော ဒေသခံများနှင့် ရဲတပ်ဖွဲ့ဝင်များ ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ကြောင်း အဆိုပါ အမှုကို မျက်မြင် တွေ့ရှိသူများက ပြောကြားသည်။ အဆိုပါ Tiger 4wheel ကား နံပါတ် ygn 6f 5237 သည် ကျူရှင်ကြို ပြန်လာသော သားအမိ ဆိုင်ကယ်ကို ဝင်တိုက်ခဲ့ပြီး ယာဉ်ကို ရပ်တန့်ခြင်းမပြုဘဲ မောင်းနှင်ထွက်ပြေးရာ ဆိုင်ကယ်နောက်တွင် လိုက်ပါလာသော သတ္တမတန်း ကျောင်းသူမှာ ယာဉ်နှင့် ၁၅ ပေနီးပါးခန့်အထိ ငြိပါသွားခဲ့ပြီး ဖြစ်ပွားရာ နေရာတွင် ပွဲချင်းပြီး သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း အဆိုပါအမှု မျက်မြင်သက်သေများထံမှ သိရသည်။ “ကားက ဆိုင်ကယ်ကို တိုက်မိလိုက်ပြီး ဆိုင်ကယ် ခါယမ်းသွားတာကို မြင်တော့

အဝေးသင်တက္ကသိုလ် နောက်ကျကျောင်းအပ်နှံသူများကို ဇွန်လ ၂၀ ရက်နေ့အထိ ပြန်လက်ခံ ရန်က...

အဝေးသင်တက္ကသိုလ် နောက်ကျကျောင်းအပ်နှံသူများကို ဇွန်လ ၂၀ ရက်နေ့အထိ ပြန်လက်ခံ ရန်ကုန်၊ ဇွန် ၁၀ ရန်ကုန်နှင့် မန္တလေး အဝေးသင် တက္ကသိုလ်တို့တွင် သတ်မှတ်ထားသော ကျောင်းအပ်ရက် ကျော်လွန်သွားသူ ပထမနှစ် ကျောင်းသား၊ ကျောင်းသူများကို အကြောင်းပြချက် ခိုင်လုံပါက ယခုပညာသင်နှစ်အတွက် ပြန်လည် လက်ခံပေးရန် စီစဉ်ထားပြီး ဇွန်လ ၂၀ ရက်နေ့ နောက်ဆုံးထား ကျောင်းအပ်ရမည် ဖြစ်ကြောင်း ရန်ကုန် အဝေးသင် တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ လှတင့်က The Voice သို့ ပြောကြားသည်။ ကျောင်းအပ်နှံရက် ကျော်လွန်သွားသူများ စုစည်းကာ အဝေးသင် တက္ကသိုလ် ပါမောက္ခချုပ်များထံ စုစည်းတင်ပြသည့်အတွက် ၎င်းတို့ကို ပြန်လည် လက်ခံပေးခြင်း ဖြစ်ကြောင်း ၎င်းကထပ်လောင်း ပြောကြားသည်။ ရန်ကုန် အဝေးသင်တက္ကသိုလ်၊ ဒဂုံတက္ကသိုလ် ဌာနခွဲတွင် ကျောင်းအပ်ခွင့် မရသော ကျောင်းသား၊ ကျောင်းသူ တစ်ထောင်ဝန်းကျင် ရှိသော်လည်း ကျောင်းပြန်အပ်နှံခွင့် လျှောက်ထားသူ ၆၀ ဦးခန့်သာ ရှိသေးကြောင်း ဒဂုံတက္ကသိုလ် အုပ်ချုပ်ရေး တာဝန်ရှိသူက ပြောကြားသည်။ “၁၀ ရက်နေ့က စလက်ခံတယ်။ ဇွန်လ ၂၀ ရက်က နောက်ဆုံးဖြစ်တဲ့အတွက် ရက်ကျော်ပြီးမှ လာအပ်ရင် လုံးဝလက်ခံမှာ မဟုတ်ဘူး” ဟု ၎င်းက ထပ်လောင်း ပြောဆိုသည်။ မူလကျောင်းအပ်နှံ ခွင့်ြ

" Education for All ပညာရေးဟောပြောပွဲ ကျင်းပ" (ရန်ကုန်။ ဇွန်-၁၁) ဗစ်တိုးရီးယား...

" Education for All ပညာရေးဟောပြောပွဲ ကျင်းပ" (ရန်ကုန်။ ဇွန်-၁၁) ဗစ်တိုးရီးယား ယူနီဗာစတီ ကောလိပ်မှ Education for All အစီအစဉ် အဖြစ် ပညာရေးဟောပြောပွဲတစ်ခုကို ဇွန်လ ၁၁ ရက်နေ့က ဆူးလေ-ရှန်ဂရီလာ ဟိုတယ်တွင်ကျင်းပခဲ့သည်။ အဆိုပါပွဲတွင် UK မှ Pearson ပညာရေး အဖွဲ့၏ လှုပ်ရှားမှုများနှင့် Higher National Diploma (HND) အကြောင်းကို Business and Technology Education Council Edexcel မှ အာရှတိုက်ဆိုင်ရာ မန်နေဂျာ Ms. Bon Teen ကပြောကြားပေးခဲ့သည်။ ဆက်လက်၍ ဗစ်တိုးရီးယား ယူနီဗာစတီတွင် သင်ကြားပေးနေသည့် ဘာသာရပ် များနှင့် ပတ်သက်၍ လက်ရှိတွင် တက္ကသိုလ်ဝင်တန်းအောင်မြင် ထားသည့် ကျောင်းသူ၊ ကျောင်းသားများအနေနှင့် မိမိရွေးချယ် တက်ရောက် လိုသည့် ပညာရပ်များအပေါ်သေသေချာချာ စဉ်းစား၍ ရွေးချယ်သင့်ကြောင်း ကို ဗစ်တိုးရီးယားယူနီဗာစတီ၏ နာယကဖြစ်သူ ဒေါက်တာ နေ၀င်းနိုင်က ပညာရေး ပထမ၊ ပညာရေး ဒုတိယ၊ ပညာရေး တတိယ ခေါင်းစဉ်ဖြင့် အကြံပြုဟောပြောခဲ့သည်။ ခိုင်သဇင်ဦး from Popular Myanmar News Journal's Facebook Wall http://ift.tt/1qsRINa

ကချင်ပြည်နယ် ဖားကန့်ဒေသမှာ ရေမဆေး ကျောက် ကောက်သူတွေနဲ့ တနိုင်တပိုင် ကျောက်တူး သ...

ကချင်ပြည်နယ် ဖားကန့်ဒေသမှာ ရေမဆေး ကျောက် ကောက်သူတွေနဲ့ တနိုင်တပိုင် ကျောက်တူး သမားတွေအနေနဲ့ လာမယ့် ဇွန်လ ၁၃ ရက်နေ့ နောက်ဆုံးထားပြီး ကျောက်လုပ်ကွက် တွေကနေ ထွက်ခွာဖို့ အာဏာပိုင်တွေက အမိန့်ထုတ်လိုက်ပါတယ်။ လုံးခင်း၊ ကုဋေမော်၊ လေးအိမ်စု၊ မော်ဆီဇာ၊ ဆိုင်းတောင်၊ ကရင်ချောင်း၊ ဆိတ်မူ အစရှိတဲ့ နေရာအနှံ့အပြားမှာ ပြီးခဲ့တဲ့ ရက်ပိုင်းလောက်က သတိပေးဆိုင်းဘုတ်တွေ ကပ်ထားပြီး ညွှန်ကြားချက်လိုက်မနာရင် တရားဥပဒေအရ အရေးယူအပြစ်ပေးခံရမယ်လို့ အာဏာပိုင်တွေက သတိပေးထားတယ်လို့ ဖားကန့်ဒေသခံတွေ က ပြောပါတယ်။ ဒီအမိန့်ကြောင့် မြန်မာပြည်အရပ်ရပ်က ရောက်လာတဲ့ ကျောက်တူးသမားတချို့ ပြန်ကုန်ကြပြီး တချို့က အိမ်ပြန်စရိတ်မရှိလို့ မပြန်နိုင်သေးကြောင်း မကွေးတိုင်း ပေါက်မြို့နယ် ငဖဲရွာကနေ ရောက်လာသူ ကိုမောင်ပွင့်က ဒီဗွီဘီကို ပြောပါတယ်။ ဇွန် ၁၃ ရက် နောက်ဆုံးထား ထွက်ခွာရန် ကျောက်တူးသမားများကို အမိန့်ထုတ် - သစ်ထူးလွင် (နေ့စဥ� www.thithtoolwin.com မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။ from Myanmar News Now's Facebook Wall http://ift.tt/1pFDBV0

ဒီနေ့မနက် ၁ နာရီက တာမွေမြို့နယ် နတ်ချောင်းမှာရှိတဲ့ မဟာသန္တိသုခကျောင်းက ဝေယျာဝစ္စ...

ဒီနေ့မနက် ၁ နာရီက တာမွေမြို့နယ် နတ်ချောင်းမှာရှိတဲ့ မဟာသန္တိသုခကျောင်းက ဝေယျာဝစ္စဆောင်ရွက်တဲ့ အမျိုးသား ၁၇ ဦးနဲ့ အမျိုးသမီး ၁၅ ဦးတို့ကို တာမွေရဲစခန်းကို ခေါ်ဆောင်သွားခဲ့ပြီး မနက် ၉ နာရီဝန်းကျင်လောက်မှာ ပြန် လွှတ်ပေးလိုက်တယ်လို့ တာမွေရဲစခန်း တွဲဖက်တာဝန်မှူးထွန်းအောင်က ပြောပါတယ်။ မဟာသန္တိသုခကျောင်း ဝေယျာဝစ္စဆောင်ရွက်သူ ၃၂ ဦးကို ပြန်လွှတ် - သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Hto www.thithtoolwin.com မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။ from Myanmar News Now's Facebook Wall http://ift.tt/1pFDxo0
ဒလ၌ အိမ်များသို့ ရေပိုက်သွယ်တန်းမှု ဇူလိုင်လအပြီး ဆောင်ရွက်ပေးမည် myanmar.mmtimes.com ဒလမြို့နယ်ရှိ ရေရှားပါးသော ရပ်ကွက်များ၌ အများသုံး အုတ်ကန်များမှတစ်ဆင့် နံနက်ပိုင်းတွင် ငါးနာရီ၊ ညနေပိုင်းတွင် ငါးနာရီခန့် အခမဲ့ အကန့်အသန့်မရှိ ပေးဝေလျက်ရှိနေပြီး အိမ်များသို့ ရေပိုက်လိုင်းသွယ်တန်းရန် လျှောက်ထားမှုများအား ဇူလိုင်လအတွင်း အပြီးဆောင်ရွက်ပေးမည် ဖြစ်သည်။ from The Myanmar Times's Facebook Wall http://ift.tt/1l8HYHk