Skip to main content

၂၀၁၅ မကုန်မီ ကျူးကျော်များ နေရာပေးရန် ဆောင်ရွက်မည် မောင်သင်တုန်း| ကြာသပတေးနေ့၊...



၂၀၁၅ မကုန်မီ ကျူးကျော်များ နေရာပေးရန် ဆောင်ရွက်မည်



မောင်သင်တုန်း| ကြာသပတေးနေ့၊ ဇွန်လ ၁၂ ရက်၊ ၂၀၁၄ ခုနှစ်



မြန်မာနိုင်ငံရှိကျူးကျော်များကို မြို့သစ်ကွက်များ ဖော်ထုတ်ပြီး ယာယီနေရာချထားပေးနိုင်ရန် အစီအမံများကို ၂၀၁၅ ခုနှစ် မကုန်မီအပြီး ဆောင်ရွက်ပေးသွားမည်ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးစိုးတင့်က ပြည်သူ့လွှတ်တော်ဒသမပုံမှန် အစည်းအဝေး ဇွန် ၁၁ ရက်တွင် ပြောကြားလိုက်သည်။



၂၀၁၁ ခုနှစ် ဒီမိုကရေစီအစိုးရသစ်လက်ထက်တွင် အများဆုံးကြုံတွေ့ရသည့် ပြဿနာများအနက် အင်အား သုံးပြီး ကျူးကျော်အိမ်ရာများဖယ်ရှားခြင်းလည်း တစ်ခုအပါအ၀င်ဖြစ်သည်ဟု ပြည်သူ့ လွှတ်တော်ကိုယ်စား လှယ် သူရဦးအောင်ကို က မေးခွန်းမေးမြန်းရာတွင်ပြောသည်။



“ကျူးကျော်ကိစ္စရပ်များကို ဖြေရှင်းဆောင်ရွက်နိုင်ဖို့အတွက် မြို့သစ်များမှာ ယာယီနေရာချထားပေးရေးအ တွက် တိုင်းဒေသကြီးများ၊ ပြည်နယ်အစိုးရများနှင့် ညှိနှိုင်းပေါင်းစပ်ပြီးတော့ ၂၀၁၅ ခုနှစ် မကုန်ခင်ဆောင် ရွက်သွားမှာဖြစ်ပါတယ်” ဟု ဒုတိယ၀န်ကြီးဦးစိုးတင့်က ကတိပြုပြောကြားလိုက်သည်။



“အစိုးရဌာနဆိုင်ရာနဲ့ တပ်ပိုင်မြေတွေပေါ်မှာ ကျူးကျော်နေထိုင်တဲ့ ပြည်သူတွေကို အင်အားသုံး ဖယ်ရှားတဲ့ သတင်းကတော့ အများပြည်သူကြားမှာ ပျံ့နှံ့လျက်ရှိပါတယ်။ ရန်ကုန်တိုင်းဆိုရင် အင်းစိန်မီးရထားဝင်းအ တွင်းမှာ နှစ်ပေါင်း ၂၀ လောက် နေထိုင်ခဲ့တဲ့ ကျူးကျော်တွေကို ဖယ်ရှားခြင်း၊ မိကျောင်းကန်ဒေသနေအိမ် တွေဖယ်ရှားခြင်း၊ လှည်းကူးမြို့နယ် သမီးကလေးကျေးရွာ ကျူးကျော်တွေကိုဖယ်ရှားခြင်းနဲ့ တခြား ပုဂ္ဂလိက ပိုင်တွေမှာလည်း ဖယ်ရှားနေပါတယ်။



“ကျူးကျော်အိမ်ထောင်စုတွေကို အတုအစစ်မခွဲခြားဘဲ အင်အားသုံးဖယ်ရှားတာကတော့ နိုင်ငံလူ့အဖွဲ့အ စည်းကို မမျှော်မှန်းနိုင်တဲ့ အကျိုးဆက်တွေသက်ရောက်လာနိုင်ပါတယ်”ဟု ပြည်သူ့လွှတ်တော် ကိုယ်စား လှယ် သူရဦးအောင်ကိုက ပြောသည်။



လက်ရှိ ရန်ကုန်တိုင်းတွင် ကျူးကျော်နေထိုင်သူ အိမ်ခြေပေါင်းခြောက်သောင်း ကျော်ရှိပြီး ငါးထောင်ကျော် ကို ဖယ်ရှားရှင်းထားပြီးဖြစ်သည်။ တိုင်းဒေသကြီး၏ လူဦးရေ ၁၀ ရာခိုင်နှုန်းခန့် လူဦးရေအားဖြင့် ခြောက် သိန်းခန့် ကျူးကျော်အဖြစ်နေထိုင်လျက်ရှိကြောင်း တိုင်းလွှတ်တော်အစီရင်ခံစာအရ သိရသည်။



“ဖျက်ရှင်းမှုအစားဖြေရှင်းမှုဖြင့်ဆောင်ရွက်သင့်တယ်”ဟု သူရဦးအောင်ကို က လွှတ်တော်တွင် ပြောဆို သည်။



ကျူးကျော်ပြဿနာများကို ဖြေရှင်းဆောင်ရွက်ရာတွင် ကျူးကျော်အတုဟုတ်မဟုတ် စိစစ်ပြီး မြေနေရာရောင်း ချရန် ဆောင်ရွက်သူများကို တည်ဆဲဥပဒေအရထိရောက်စွာ အရေးယူဆောင်ရွက်သင့်ပြီး နောက်ကွယ်မှ ပံ့ပိုးပေးသော ငွေရှင်ကြေးရှင်များကိုလည်း ဖော်ထုတ်အရေးယူရ မည်ဖြစ်သည်။



အချိန်ကာလအားဖြင့် ငါးနှစ်မှ နှစ် ၂၀ ကျော်အထိ ကြာမြင့်အောင်နေထိုင်လာသည့် ကျူးကျော်များကို နေ ရာသစ်တစ်ခုမှာ အသက်မွေးကျောင်းလုပ်ငန်းများနှင့် ချိတ်ဆက်၍ ပြန်လည်နေရာချထားပေးရန် လိုအပ် သည်ဟု ဆိုသည်။



“ကျူးကျော်များနေရာချထားခြင်းကိစ္စနဲ့ပတ်သက်ပြီး ရန်ကုန်မြို့၊ ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ် အမှတ် ၆၂ နဲ့ ၆၇ ရပ်ကွက် ဧရာဝဏ် ရတနာအိမ်ရာစီမံကိန်း အတွင်းရှိ ကျူးကျော်နေထိုင်သူ ၄၅၅ လုံးနဲ့ ဒဂုံမြို့သစ်အ ရှေ့ပိုင်း ၁၅၅ ရပ်ကွက်တွင် ၆၀၀ စတုရန်းပေမြေကွက်တွေမှာ ယာယီနေထိုင်ခွင့်များ ဆောင်ရွက်ပေးခဲ့ပါ တယ်” ဟု ဒုတိယ၀န်ကြီးဦးစိုးတင့်က ပြောသည်။



မြန်မာနိုင်ငံသည် ကျူးကျော်နေထိုင်သူများကို ၁၉၅၈ ခုနှစ်၊ ၁၉၆၇ ခုနှစ်၊ ၁၉၈၉ ခုနှစ်များတွင် မြို့သစ်ကွက် များဖော်ထုတ်ပြီး နေရာချထားပေးမှုများဆောင်ရွက်ခဲ့သည်။လူဦးရေတစ်သိန်းအထက်ရှိသည့် စီးပွားရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာ အရေးပါသော မြို့ကြီး ၅၆ မြို့ကို မြို့ပြစီမံကိန်းများ ရေးဆွဲလျက်ရှိသည်ဟု ဒု-၀န်ကြီး က ပြောသည်။

from Mizzima - News in Burmese's Facebook Wall http://ift.tt/1oQLPdr

Comments

Popular posts from this blog

(ဂရင်ဂျီနာ) ဖြစ်ပွားပါက ကုသနည်းနှင့် ကာကွယ်နည်းများ

ဂရင်ဂျီနာဟာ လိပ်ခေါင်းတစ်မျိုးဖြစ်ပြီး ကာလရှည်ကြာစွာ ဖြစ်တတ်တဲ့ ရောဂါတစ်မျိုး ဖြစ်ပါတယ်။ ဂရင်ဂျီအနာ ပေါက်ဟာ နီရဲတဲ့ သွေးလိုအရည်ကျတတ်တယ်။ ဆီးသွားတဲ့ အကြောနဲ့ယှဉ်တွဲနေလို့ ဆီးကျန်၊ ဆီးကျဉ်၊ဆီးပူခြင်းတို့ဖြစ်တတ်ပါတယ်။ စအိုပတ်လည်မှာ အဖုအပိမ့်များထွက်လာခြင်း၊ ယားယံခြင်း၊ ရောင်ခြင်း၊ နာကျင်ခြင်း၊ ကိုက်ခဲခြင်း၊ အနာနဲ့ အနာပေါက်လေးများ ထွက်ပေါ်လာရင် ဂရင်ဂျီနာ ဖြစ်လာ ပါတယ်။ ဂရင်ဂျီနာဖြစ်ခဲ့ရင် စအိုနှုတ်ခမ်း ဘေးပတ်လည်၊ ပေါင်၊ တင်ပါး၊ ဆီးခုံဝန်းကျင်မှာ ယားယံခြင်း၊ ရောင်ခြင်း၊ ဝမ်းချုပ်ခြင်း၊ ဆီးချုပ်ခြင်း၊ ဆီးနည်းခြင်းတွေ ဖြစ်တတ်တယ်။ လိင်အင်္ဂါဝန်းကျင် တစ်ဝိုက်မှ တင်ပါးအထိ ဖြစ်တတ်တယ်။ ဝမ်းချုပ်ခြင်း၊ အညောင်းထိုင်လွန်းခြင်း၊ အညှော်နံ့ခံရခြင်း၊ ရေချိုးမမှန်ခြင်း၊ တစ်ကိုယ်ရေ ကျန်းမာရေး မလိုက်စားသူတွေဟာ ဆီးခုံအစပ်မှာ အဖုငယ်များ ထွက်ပေါ်ကာ သွေးရည်ကြည်လို ကျနေတတ်သလို တချို့ကာလရှည်စွာ ပြည်ပုပ်များ ကျနေတတ်ပါတယ်။ ဂရင်ဂျီနာ၊ မြစ်ခြောက်နာက မြစ်စိုနာနဲ့ တွဲပြီး သားနံရေအနည်းငယ် သာကျကာ ချွေးပေါက်ပိတ်ဆို့ပြီး ကျစ်လျစ်မာကျောတဲ့ အမျှင်များနဲ့ ဖွဲ့စည်း ထားတတ်ပါတယ်။ အချိန်ကြာလာတာနဲ့အမျှ တစ်ဆင့်ပြီးတစ်ဆင့် အသားထဲ ထိုးဖေ

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က

TOP TEN of Miss Universe Myanmar 2014 Finalist

# TOP TEN of Miss Universe Myanmar 2014 Finalist # The 20 finalists of Miss Universe Myanmar 2014 are vying for the crown of Beauty Pageant, which will be held at the National Theater in Yangon on July 26. Here are MC's TOP TEN Selection ,,,, from Myanmar Celebrity: Gossip, News, Video, Photo, Fashion, Entertainment http://ift.tt/1q8GOM3