Skip to main content

Posts

Showing posts from January 28, 2015

ဒူးဆစ်ရောင်နာပျောက်လိုသော

ဒူးဆစ်ရောင်ဝေဒနာသည် လူလတ်ပိုင်းနှင့် သက်ကြီးရွယ်အိုတို့ကို ဒုက္ခပေးတတ်သော နာတာရှည်ရောင်ရမ်းနာ ဝေဒနာတစ်မျိုးဖြစ်ပါသည်။ ဝဖြိုးသည့် သက်ကြီးရွယ်အို အမျိုးသမီးတို့သည် ဒူးဆစ်ရောင် ဝေဒနာပို၍ စွဲကပ်တတ်ပါသည်။ အောက်ဖော်ပြပါ နှိပ်နယ်နည်းများမှာ ဒူးဆစ်ရောင်ဝေဒနာအား သက်သာစေနိုင်ပါသည်။ ၁။ လက်ဖဝါးဖြင့် ခုံညင်းရိုးအား နှိပ်နယ်ပေးခြင်း ခုတင်ပေါ်တွင် ခြေဆန့်၍ ထိုင်ပြီး သို့မဟုတ် ထိုင်ခုံပေါ်ထိုင်ပြီး ခုံညင်းရိုး (ဒူးခေါင်းရိုး) ပေါ်လက်ဖဝါးထားကာ လက်ယာရစ်၍ နှိပ်ပေးပါ။ နှစ်မိနစ်မှ သုံးမိနစ်ထိ တဖြည်းဖြည်းနှင့် အားစိုက်၍ နှိပ်ပေးပါ။ ၂။ ဒူးဆစ်အနီးတစ်ဝိုက် အာရုံကြော အချက်အချာနေရာများအား နှိပ်နယ်ပေးခြင်း ထိုင်ခုံပေါ်တွင် ထိုင်၍ လက်မထိပ်ပိုင်းဖြင့် အပြင်ဘက် ဒူးဆစ်ချိုင့်ခွက်တို့ကို နှိပ်နယ်ပေးပါ။ ထို့ပြင် တံကျင်ရိုး (Fibula) ထိပ်ပိုင်းရှိ ချိုင့်ခွက်နှင့် ညို့သကျည်းရိုး ထိပ်ပိုင်းရှိ ချိုင့်ခွက်တို့ကိုလည်း နှိပ်နယ်ပေးပါ။ ဒူးခေါင်းရိုးနာကျင်သည့်နေရာကိုလည်း လက်မထိပ်ပိုင်းဖြင့် နှိပ်နယ်ပေးနိုင်ပါသည်။ အဆိုပါ အာရုံကြောအချက်အချာနေရာများကို တစ်မိနစ်စီ နှိပ်နယ်ပေးပါ။ တဖြည်းဖြည်းအားစိုက်၍ နှိပ်နယ်ပေးပါ။ ထုံလာ၊ ကျဉ်လာ၊ နာလာ၊

ဒူးနာ အဆစ်နာ

အသက်ငယ်စဉ်အရွယ်တွင်မသိပေမဲ့ အသက်အရွယ်ရလာသောအခါတွင် အကြောတက် အဆစ်နာ ဆိုသည်အရွယ်အရ စကားပြောလာပါသည် ။ မိမိ၏ ကိုယ်ခန္ဓာအလေးချိန်ဝိတ်ကို မထိန်းနိုင်လျှင် ဒူးနာ ခါးနာ ပိုမိုဖြစ်ပွားလေ့ရှိပါသည် ။ ခန္ဓာကိုယ်အထက်ပိုင်းကိုယ်အလေးချိန်များကို ကြာရှည်ဖိထားခြင်းကြောင့် ထိုင်နေရာမှ ထလျှင်ဖြစ်ဖြစ် သွားလာနေရင်းဖြစ်ဖြစ် ဒူးနာလာခြင်း ၊ ခါးနာလာခြင်း သိသိသာသာနာကျင်နေမှု့ ဖြစ်ပေါ်လာသည် ။ တစ်သက်လုံး ခိုင်းသမျှ လုပ်ဆောင်ခဲ့သမျှ ဒဏ်တွေကြောင့် ဖြစ်ပေါ်လာသည် ရောဂါလည်းဖြစ်ပါသည် ။အမျိုးသားများရော အမျိုးသမီးများတွင် ဖြစ်ပွားပါသည် ။ လှုပ်ရှားလျှင် ဒူးခေါင်း အဆစ်နေရာတွင် အသံတွေမြည်ပြီး နာကျင်ပါသည် ။ လူတစ်ယေက်ဒူးနာရောဂါစွဲကပ်နေပြီဆိုပါက ပုဆစ်တုပ်လည်း ထိုင်မရ ၊ ထိုင်နေရာမှ ထရမှာကိုတောင် ကြောက်နေမိပါတယ် အိမ်သာသွားလည်း ထိုင်လိုတောင် အစဉ်မပြေဖြစ်တက်ပါသည် ။ အဆစ်အမြစ်တွေနာနေပြီဆိုလျှင်တစ်ချို့ က လေးဖက်နာဆိုပြီး အလွယ်တစ်ကူ အမည်ပေးတက်ကြပါသည် ။အဆစ်နာခြင်းလား အဆစ်ရောင်ခြင်းဆိုတာကို မသိကြပါ ။ အဆစ်ရောင်ခြင်းတွင်ယူရစ်အက်စစ်များခြင်းကြောင့် အဆစ်အတွင်း အနည်ကျသဖြင့် နာသောဂေါက်ပါ ဌင်း ရောဂါဆိုလျှင်ရုတ်တရပ်နာကျင်လာတက်ပါသည်။ နာနေစဉ် အလွ

သွားနာခြင်းကိုပျောက်စေမည့် နည်းလမ်းအသွယ်သွယ်

အနာမျိုး (၉၆)ပါးထဲမှာ ခံစားရ ခက်ခဲတဲ့ သွားရောဂါဝေဒနာလည်း တစ်ခု အပါအဝင်ဖြစ်ပါတယ်။ သွားပိုးစား၍ သွားကိုက်တာမျိုးမဟုတ်ဘဲ အပူကန်ခြင်း၊ ဝမ်းချုပ်ခြင်း၊ သွားဖုံးနာခြင်း၊ သွားဖုံး ပြည်ယိုခြင်း၊ သွားဖုံးသွေးယိုခြင်း၊ သွားနဲ့ ခြင်း၊ မှက္ခရုနာများ၊ ရေခဲတုံး (သို့မဟုတ်) အစာမာမာ ဖိကိုက်မိခြင်းစတဲ့ ခံတွင်း ရောဂါအမျိုးမျိုးတို့ကြောင့် သွားနာရောဂါ ဖြစ်တတ်ပေရာ အောက်ပါရိုးရှင်းလွယ်ကူ တဲ့ အိမ်တွင်းကုထုံးလေးများဖြင့် သက်သာ ပျောက်ကင်းစေနိုင်ပါတယ်။ (၁) ရေနွေးနွေးလေးထဲမှာ ဆားနည်း နည်းခပ်၊TeaTree Oil (ခေါ်) လက်ဖက် စိမ်းရွက်အဆီထည့်ပြီး အာလုတ်နာနာ ကျင်းပေးပါ။ (Tea Tree Oil ကို City Mart ဆိုင်တွေမှာ အလွယ်တကူဝယ်ယူ ရရှိနိုင်ပါတယ်) လက်ဖက်ခြောက် ရေ နွေးကြမ်း ငုံပေးခြင်းကလည်း သွားနာ၍ ထုံကျဉ်ခြင်းကို သက်သာလာစေပါတယ်။ (၂) ကြက်သွန်ဖြူနဲ့ လေးညှင်းပွင့်များ ကလည်း သွားနာခြင်းကို သက်သာစေပါ တယ်။ ကြက်သွန်ဖြူကို ညက်ညက် ထောင်း၍ နာနေတဲ့သွားပေါ်အုံပေးပါ (သို့မဟုတ်) လေးညှင်းပွင့်ငုံထားပါ။ (၃) နာနေတဲ့သွားရဲ့ပါးပြင်ကို အပေါ် ကနေ ရေခဲအိတ်ကပ်ပေးပါ။ ဒီနည်းက သွားနာခြင်းကို သက်သာစေတဲ့အပြင် ရောင်ကိုင်းမှုကိုပါ ပြေလျော့စေပါတယ်။ (၄) သစ်ကြံပိုး

မြင်းခွာရွက် အသက်ရှည်ဆေး

ရှေးက ဆေးကျမ်းများတွင် အာယုဝဍ္ဎန ခေါ် အသက်ရှည်ဆေး အကြောင်း ပါရှိသည်။ အသက်ရှည်ဆေး သည် အားတိုးဆေး နှင့်မတူပေ။ ရသာယန ခေါ် သက်စောင့်ဆေးများ၊ ဝါဇီကရဏ ခေါ် ခွန်အားတိုး ဆေးများသည် လောကီခွန်အား ဖြည့်ရန် သုံးစွဲသော ဆေးများ ဖြစ်သည်။ အချို့သော ဆေးများတွင် ရွှေ၊ ကတိုး၊ ကုံကမံ၊ ငှက်သိုက်၊ ငါးကြီးအန်ဖတ် စသည့် တန်ဖိုးကြီး ဆေးမယ်များ ပါသည့်အပြင် အချို့ တန်ဖိုးကြီးသော ဆေးများတွင် ပုလဲ၊ သန္တာ၊ ဂေါ်မိတ်၊ ပယင်း စသည့် ရတနာများ ကိုပင် ထည့်၍ ဆေးဖော်သည်ကို ဆေးညွှန်းစာများ အရ သိရသည်။ အသက်ရှည်ရန် ဓာတ်ခုနစ်ပါး တိုးစေသည့် ရသာယန ဆေးနှင့် အာယုဝဍ္ဎန ဆေးများကို ဖော်စပ် သုံးစွဲခြင်း၊ ရဟန်း သံဃာများ၊ လူကြီး သူမများကို လှူဒါန်းခြင်း ပြုအပ် သော်လည်း ဝါဇီကရဏ ခေါ် အားတိုးဆေးမျိုး မှာကား သူတော်စင်၊ ဥပုသ်သည်များ မသုံးစွဲသင့် ဟု အဆိုရှိ သည်။ အသက်အရွယ် ငယ်ရွယ်နုပျို သူများသည်လည်း အားတိုးဆေး များကို မလိုအပ်ဘဲ မမှီဝဲသင့်ဟု ဆိုသည်။ မလိုအပ်ဘဲ ဆေးမှီဝဲလျှင် ကောင်းကျိုး မဖြစ်သည့် အပြင် အကြော ပိတ်ဆို့သည့် ဆိုးကျိုးများ နောက်ဆက်တွဲ ဖြစ်ပေါ် လာနိုင်သည်။ လူ၏ သက်တမ်းမှာ အသက် ၁ဝဝ နှစ်ဖြစ်သည်။ ဗုဒ္ဓစာပေများ အရ ပထမ အရွယ်သည် အသက် ၃၃ နှစ်အထိ ဖြစ်သည်။ ဒုတ