Skip to main content

Posts

Showing posts from March 26, 2015

အစာအိမ်အောင့်ခြင်း နာခြင်း များအတွက် အစွမ်းထက် ဆန်ဆေးရည်

အစာအိမ်ရောဂါခံစားရသူများသည် အစားစာလောင်ခြင်း မဖြစ်စေရန်အတွက် စားစရာများကိုကိုယ့်နှင့်မကွ ဆောင်ထားကြသည်မှာများကြပါသည် …သင်သည် ယခုဆန်ဆေးရည်ကို နေ့ စဉ်ပုံမှန်သောက်သုံးပါက အစားအစာဆောင်ရခြင်းနှင့် အစာအိမ်အောင့်ခြင်း နာခြင်းများ မရှိတော့ပါ ။ ကျောင်းတက်စဉ်က သူငယ်ချင်းများနှင့် မိတ်ဆွေများထဲ့မှ အစာအိမ်ဖြစ်သောသူများကို ပြောပြပြီး သောက်ခိုင်းခဲ့လို့  အစာအိမ်သမား တော်တော်များများပျောက်ကင်းသက်သာခဲ့ပြီး ကောင်ညှင်းပေါင်းတောင် မစားရဲသူများတောင် စားလို့ ရလာနိုင်သော ဆန်ဆေးရည်ဖြစ်ပါသည်… အစာအိမ်သမားများအတွက် ဆန်ဆေးရည်ကို အောက်ပါအတိုင်းလုပ်ဆောင်သောက်သုံးလိုက်ပါ မနက်အိပ်ယာထထခြင်း မနက်ဆန်ဆေးရည်ကို မက်ခွက်တခွက်လောက်ကို အမြဲသောက်ပေးပါ ..ရောဂါပေါ်မှုတည်ပြီး သောက်ပေးရပါမည် အချိန်ကိုတော့ လပိုင်းထိမနက်တိုင်းမနက်တိုင်းသောက်ပေးပါ လုပ်ဆောင်နည်း ......... မနက်ထမင်းချက်ဖို့ ဆန်ဆေးသည့်အခါ ပထမ ဆန်ဆေးရေကို အလျှင်အမြန်ဆေးပါ ပထမရေသည် ဆန်တွင်ပါဝင်သော သဲအမှုန့် များ ကို ဆေးကြောခြင်းဖြစ်ပါသည် ဒုတိယအကြိမ်တွင် ဆေးသောဆန်ဆေးရေကို လက်ဖြင့် ကျကျနန ပွတ်သက်ဆေးကြောပြီး ရရှိလာသော ဆန်ဆေးရေကို မနက်အိပ်ယာထထခြင်း မက်ခွက်ကြီး တခွက်စာ သောက်

တနေရာ တထိုင်တည်း ကြာကြာ ထိုင်နေရင် ကျန်းမာရေး ထိခိုက်နိုင်

တစ်ခါထိုင်ရင် သုံးလေး နာရီကျော် ကြာတဲ့သူ တွေကို လေ့လာ ခဲ့ရာ စောစော စီးစီး သေဆုံး နိုင်ခြေ မြင့်မား နေတယ်လို့ လေ့လာမှု နှစ်ခု အရ သိရပါတယ်။ အမေရိကန် လေ့လာမှုအရတစ်နေ့ ခြောက်နာရီထက် ပိုမိုထိုင်ပြီး လေ့ကျင့်ခန်း မလုပ်တဲ့ အမျိုးသမီးတွေက အချိန်မတိုင်မီ စောစောသေဆုံးနိုင်ခြေ ၇၀ရာခိုင်နှုန်းကျော် ပိုမို မြင့်မားကြောင်း၊ အမျိုးသား တွေမှာတော့ အချိန်မတိုင်မီ စောစောသေဆုံး နိုင်ခြေ ၅၀ ရာခိုင်နှုန်း ပိုမို မြင့်မားကြောင်း လေ့လာ တွေ့ရှိ ရပါတယ်။ သြစတြေးလျ လေ့လာမှု အရ လူတွေက အထိုင်များ လေလေ၊ ဘ၀ သက်တမ်းတိုဖို့ အခွင့်အလမ်း ပိုများလေလေ ဖြစ်တာကို တွေ့ရ ပါတယ်။ အထိုင်များသူတို့ အတွက် ဖြေရှင်းနည်း အထိုင်များတဲ့ အလုပ်လုပ်ရသူတွေ အနေနဲ့ နာရီဝက်ကြာ ထိုင်ပြီးတိုင်း မတ်တပ်ရပ် ပေးဖို့ လိုပါတယ်။ ခန္ဓာကိုယ်ကို လှုပ်ရှားလိုက်ပါ။ ဖုန်းကိုရပ်ပြီး ပြောတာ၊ လက်ကိုင်ဖုန်းကို လမ်းလျှောက်ပြီး ပြောတာမျိုး လုပ်ပါ။ လုပ်ဖော်ကိုင်ဖက် တွေနဲ့ စကားပြောရာမှာ အီးမေး၊ ချက်တင်တွေနဲ့ ပြောမယ့်အစား သူတို့ဆီကို သွားရောက်ပြီး ပြောပါ။ နာရီများစွာ ကြာကြာ ထိုင်ပြီး အလုပ်လုပ်မယ့်အစား မကြာခဏ ရေသောက်လိုက်၊ အိမ်သာ သွားလိုက် (ဆီးသွားလိုက်) လုပ်ပေးပါ။ မြ၀တီ

သင့် ကျန်းမာရေး (မျက်လုံး)

မျက်စိသည် အလွန်နုနယ်သော အရေးကြီး ကိုယ်အင်္ဂါ အစိတ်အပိုင်း တစ်ခုဖြစ်သည်။ မျက်စိနှစ်ကွင်း အလင်း မရလျှင် တစ်ကိုယ်ရည် စိတ်ဆင်းရဲမှုများ ဖြစ်ပေါ်ကာ ပတ်ဝန်းကျင် အပေါ်၌ မှီခိုရမှု၊ လုပ်အား ဆုံးရှုံးမှုများကို ဖြစ်ပေါ်စေသည်။ မြန်မာ နိုင်ငံတွင် မျက်ခမ်းစပ် ရောဂါ၊ ဗီတာမင်အေ ချို့တဲ့၍ ဖြစ်ပွားသော ကြက်မျက်သင့် ရောဂါ၊ မျက်စိ မတော်တဆ ထိခိုက်ဒဏ်ရာ ရခြင်းများ အဖြစ်များလျက် ရှိသည်။ ထို့ကြောင့် မျက်စိ ကျန်းမာရေး အတွက် အောက်ပါတို့ကို လိုက်နာသင့် ပါသည်- (၁) အလင်းရောင် နည်းသော အချိန်များနှင့် နာလန်ထ အားနည်း နေချိန်တွင် မျက်စိအားစိုက်ရသော အလုပ်များ ကို ရှောင်ပါ။ (၂) စာကြည့်စဉ်နှင့် အလုပ်လုပ်စဉ် အလင်းရောင်ကို မျက်စိထဲသို့ တိုက်ရိုက် မဝင်အောင် အကာအကွယ်ဖြင့် နေပါ။ အလင်းရောင်ကို နောက်ကျောမှ လာစေလျှင် ပိုကောင်းပါ၏။ (၃) အနီးကြည့်စဉ် ကြည့်သော အရာဝတ္ထုနှင့် မျက်စိကို သာမန်အားဖြင့် တစ်ပေမျှ ကွာသင့်သည်။ နီးပါက မျက်စိ အားစိုက်ရ တတ်သည်။ (၄) နာရီဝက်၊ တစ်နာရီ တစ်ခါ စာဖတ်ပြီးတိုင်း ၅ မိနစ် ၁ဝ မိနစ်ခန့် မျက်စိကို အနားပေးပါ။ (၅) နေရှိန်ပြင်းသော နေရာများနှင့် တံလျှပ်များ ထနေသော နေရာများတွင် ခရမ်းလွန်ရောင်ခြည်ကို ကာကွယ်ရန် နေကာ မျက်မ

ပဲပိစပ် (Soybean) ၏ ကောင်းကျိုးများ

ပဲပိစပ်တွင် ပရိုတင်းဓာတ်များ စွာပါဝင်သောကြောင့် ကိုယ်ခံအား စနစ်ကို ကောင်းစေသည်။ အသား တွင် ပါဝင်သောပရိုတင်းထက်သာ သည်မှာ ၄င်းတွင်ပါဝင်သော ပရို တင်း၌ Cholesterol ပါဝင်မှုမရှိ သော အချက်ပင်ဖြစ်သည်။ ပဲပိစပ်တွင် ပါဝင်သော Phytosterols ၌ ပါဝင်သည့် Lecithin ကြောင့် ဥာဏ်ရည်ဥာဏ်သွေး မှတ် ဥာဏ်ကို ကောင်းစေသည့်အပြင် အယ်ဇိုင်းမားရောဂါကိုလည်း ကာ ကွယ်ပေးသည်။၎င်း တွင် Wednesday, July 31, 2013 ပါဝင်သော Lecithin သည် အဆီ၌ ပျော်ဝင်သော Vitamin များကို စုပ်ယူရန် အားပေး သည်။ တစ်ရှူးနှင့်ကိုယ်တွင်း organ များကို ခွန်အားဖြစ်စေသည်။ မကောင်းသော cholesterol ကို ကျစေသည့်အတွက် နှ လုံးသွေးကြောရောဂါကို ကာကွယ် ပေးသည်။ ကောင်းသောအဆီကိုမူ မကျစေပါ။၎င်းတွင်ပါဝင်သော Plant oestrogen အမျိုးအ စားဖြစ်သော Soy isoflavone ကြောင့် အရွယ် တင် နုပျိုစေသည့်အပြင် သွေးဆုံးချိန် ၌လည်း သွေးဆုံးခြင်း လက္ခဏာများ ကိုလျော့စေသည်။ ၄င်းတွင်ပါဝင်သော Protease မှ ပရိုတင်းများကို ပြိုကွဲစေသောအင် ဇိုင်းများကို တားပေးသဖြင့် ရင်သား ကင်ဆာကို သိသိသာသာ ကာကွယ် ပေးသည်။ ၄င်း၌ Anti-oxidant ဖြစ် သော Saponin ပါဝင်သဖြင့် ကင်ဆာဆဲလ်များ ကြီးထွားမှုကို တားမြစ်ပေးသည်။ပဲပု

ကျန်းမာရေးနှင့် ပတ်သက်ပြီး ဇက်ကြော တက်ခြင်း၏ အံ့ဩဖွယ်ရာ အချက်များ

ဇက်လေ့ကျင့်ခန်း ပြုလုပ်ပါ အသက်ရှူ သွင်းပြီး အသက်ရှူ ထုတ်စဉ်မှာ သင်ရဲ့ညာဘက် နားရွက်ကို ဘယ်ဘက် ပခုံးထိ ရောက်အောင် ဖြည်းဖြည်းနှိမ့်ချ လာပါ။ အသက်ရှူ သွင်းရင်း ဦးခေါင်းကို မူလ နေရာ ပြန်ထားပေးပါ။ အသက်ပြင်းပြင်းနဲ့ ဖြည်းဖြည်း ရှူထုတ်ကာ မကြာခဏ ပြုလုပ် ပေးပါ။ တခြား တစ်ဘက် ပြောင်းလုပ်ပါ။ လည်ပင်း ရွေ့လျားမှု ပြုလုပ်ပါ ဇက်ကြော တက်တာဟာ လည်ပင်းရဲ့ ကြွက်သားတွေ တင်းမာမှုကြောင့်ဖြစ်တာ ပါ။ ထိုင်ခုံ တစ်ခုပေါ်မှာ သက်သောင့် သက်သာထိုင်ပြီး သင့်လည်ပင်းကို ရွေ့လျားမှု ပြုလုပ်နိုင်သမျှ ပြုလုပ်ပေးပါ။ ကြွက်သား Spasm ရတာ လျော့ကျသွားနိုင်ပြီး သူ့ ကြောင့်ဖြစ်တဲ့ နာကျင်မှုဝေဒနာ သက်သာနိုင် ပါတယ်။ ဆွဲဆန့်ပါ ဇက်ကြော တက်သူတွေ အနေနဲ့ အသက်ရှူသွင်းပြီး အသက်ရှူ ထုတ်စဉ်မှာ မေးစေ့ ကို ရင်ဘတ်အောက် ထိရောက်အောင် တဖြည်းဖြည်း နှိမ့်ချလာပါ။ အဲသလို နှိမ့်ချလာ စဉ်မှာ လည်ပင်းနောက်ပိုင်းမှာ တဖြည်းဖြည်းဆွဲဆန့်လိုက်သလိုမျိုးဖြစ်လာပါမယ်။ ပြင်း ပြင်းနဲ့ ဖြည်းဖြည်း အသက်ရှူထုတ်ကာ မေးစေ့နှိမ့်ချတဲ့လေ့ကျင့်ခန်းကို မကြာခဏ ပြုလုပ်ပေးပါ။ အသက်ရှူသွင်းနေစဉ်မှာ သင့်ဦးခေါင်းကို နဂိုနေရာပြန်ရောက်အောင် ပြန်လည်ပင့်တင်ပါ။ လည်ပင်လှည့် လေ့ကျင့်ခန်း နားရွက်တစ်