Skip to main content

ကျန်းမာရေးနှင့် ပတ်သက်ပြီး ဇက်ကြော တက်ခြင်း၏ အံ့ဩဖွယ်ရာ အချက်များ





ဇက်လေ့ကျင့်ခန်း ပြုလုပ်ပါ

အသက်ရှူ သွင်းပြီး အသက်ရှူ ထုတ်စဉ်မှာ သင်ရဲ့ညာဘက် နားရွက်ကို ဘယ်ဘက် ပခုံးထိ ရောက်အောင် ဖြည်းဖြည်းနှိမ့်ချ လာပါ။ အသက်ရှူ သွင်းရင်း ဦးခေါင်းကို မူလ နေရာ ပြန်ထားပေးပါ။ အသက်ပြင်းပြင်းနဲ့ ဖြည်းဖြည်း ရှူထုတ်ကာ မကြာခဏ ပြုလုပ် ပေးပါ။ တခြား တစ်ဘက် ပြောင်းလုပ်ပါ။


လည်ပင်း ရွေ့လျားမှု ပြုလုပ်ပါ


ဇက်ကြော တက်တာဟာ လည်ပင်းရဲ့ ကြွက်သားတွေ တင်းမာမှုကြောင့်ဖြစ်တာ ပါ။ ထိုင်ခုံ တစ်ခုပေါ်မှာ သက်သောင့် သက်သာထိုင်ပြီး သင့်လည်ပင်းကို ရွေ့လျားမှု ပြုလုပ်နိုင်သမျှ ပြုလုပ်ပေးပါ။ ကြွက်သား Spasm ရတာ လျော့ကျသွားနိုင်ပြီး သူ့ ကြောင့်ဖြစ်တဲ့ နာကျင်မှုဝေဒနာ သက်သာနိုင် ပါတယ်။


ဆွဲဆန့်ပါ


ဇက်ကြော တက်သူတွေ အနေနဲ့ အသက်ရှူသွင်းပြီး အသက်ရှူ ထုတ်စဉ်မှာ မေးစေ့ ကို ရင်ဘတ်အောက် ထိရောက်အောင် တဖြည်းဖြည်း နှိမ့်ချလာပါ။ အဲသလို နှိမ့်ချလာ စဉ်မှာ လည်ပင်းနောက်ပိုင်းမှာ တဖြည်းဖြည်းဆွဲဆန့်လိုက်သလိုမျိုးဖြစ်လာပါမယ်။ ပြင်း ပြင်းနဲ့ ဖြည်းဖြည်း အသက်ရှူထုတ်ကာ မေးစေ့နှိမ့်ချတဲ့လေ့ကျင့်ခန်းကို မကြာခဏ ပြုလုပ်ပေးပါ။ အသက်ရှူသွင်းနေစဉ်မှာ သင့်ဦးခေါင်းကို နဂိုနေရာပြန်ရောက်အောင် ပြန်လည်ပင့်တင်ပါ။


လည်ပင်လှည့် လေ့ကျင့်ခန်း


နားရွက်တစ်ဖက်ကို ပခုံးပေါ် ရောက်အောင် နှိမ့်ချပြီး မေးစေ့ကို အခြားတစ်ဖက်မှ ရင်ဘတ်ပေါ်ရောက်အောင် လှည့်ပြီးနှိမ့်ချသွားပါ။ အသက်ရှူသွင်းပြီး အသက်ရှူ ထုတ်စဉ်မှာ မေးစေ့ကို ရင်ဘတ်ပေါ်မှ ဖြတ်ပြီး တခြားတစ်ဖက်ရောက်အောင် လှည့်ပြီး နှိမ့်ချပေးပါ။


အနှိပ်ခံပါ


ဇက်ကြောတက်ခဲ့ရင် ဇက်နေရာကို ပရုတ်ဆီလိမ်းပြီး အသာအယာ နှိပ်နယ်ပေး ပါ။ နာကျင်မှုဝေဒနာသက်သာပြီး သွေးလှည့်ပတ်မှု ကောင်းမွန်စေပါတယ်။


ကြွက်သားတင်းမာမှု လျော့အောင်


အသက်ရှုသွင်းပြီး သင့်ပခုံးကို နားရွက်ဆီသို့ ရောက်အျောင် မြှင့်တင်သွားပါ။ မြင့်နိုင်သလောက် မြင့်အောင် မြှင့်ပါ။ " အား" လို့အော်ပြီး မှုလာနေရာရောက်အောင် လျှော့ချပါ။ ကြွက်သားတင်းမာမှုလျော့အောင် မကြာခဏ ပြုလုပ်ပေးပါ။


ရေးကူးပါ


ဇက်ကြော တက်တာအတွက် အကောင်းဆုံး လေ့ကျင့်ခန်းက ပက်လက်လှန်ပြီး ရေကူးတာပါ။ ရေက လည်ပင်းပေါ်မှာ ဖိအားသက်ရောက်မှုမရောက်အောင် ခေါင်း ကို ထောက်ပံ့ထားနိုင် တာကြောင့်ပါ။


ပခုံးလှည့်လေ့ကျင့်ခန်း ပြုလုပ်ပါ


ပခုံးကို မြှင့်တင်ပြီး အနောက်ဘက်ကို လှည့်ကာ အောက်ဘက်သို့ ပြန်ချပါ။ ပြီးရင် အရှေ့ဘက်ကို လှည့်ပြီး မြှင့်တင်ပါ။ မကြာခဏ ပြုလုပ်ပေးပြီး နောက်တစ် ဖက်ပြောင်းလုပ်ပါ။


ရောဂါလက္ခဏာ အတွက် သတိထားပါ


နေမကောင်းတဲ့ ခံစားမှုနဲ့ တွဲဖက်ပြီးဖြစ်ပေါ်ရင် ဆရာဝန်နဲ့ ချက်ချင်းပြပါ။ ကျန်းမာရေး ပြဿနာ တစ်ခုခုဖြစ် နေတာကြောင့် ဇက်ကြော တက်နေတာ ဖြစ်နိုင်တာ မို့ပါ။


Good Health





from သစ်ထူးလွင် (ကျန်းမာရေး) - Thit Htoo Lwin http://ift.tt/1yfTEvr

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...

ဖုန်းပြော သူများ သတိထား၊ ကြာရှည်စွာ ဖုန်းပြောလျှင် နားကို ဒုက္ခ ပေးရာရောက်

ခေတ်မီ တိုးတက် လာသည့် အလျောက် ဆန်းပြားသော လျှပ်စစ် ပစ္စည်း များနှင့် လူ့အသုံး အဆောင် ပစ္စည်း များမှာ လည်း တစ်ခု ထက် တစ်ခု ပိုမို ကောင်းမွန် လာသည့် အတွက် လူအများ မှာလည်း အသစ် အဆန်း ဘက်ကို ဦးစားပေး ရွေးချယ် လာကြသည်။ ယခုခေတ်မြို့နေ လူငယ် အများစုဖုန်းကိုင် လာနိုင်ပြီး ဆွေ မျိုး သားချင်း၊ ချစ်သူ သမီးရည်းစား များ နှင့် ဖုန်းပြော သည့်အခါ ပုံမှန် အသံ dv (decivel) ထက်ပိုသော အသံကို ကြားလျှင်ဖြစ်စေ၊ နေ့စဉ် ရက်ဆက် အချိန်ကြာမြင့်စွာ ဖုန်းပြော လျှင်ဖြစ် စေ နားကို မထိခိုက် နိုင်သော်လည်း ပုံမှန် အသံထက် ကျယ်သော စကား ပြောသံ နှင့် အချိန်ကြာသော အခါ နား ထိခိုက် နိုင်ကြောင်း နား၊နှာခေါင်း၊ လည်ချောင်း ဆေးရုံမှ အထူးကု ဆရာ ၀န် ဒေါက်တာ ၀င်းထိုက် ကြည်က ပြောကြားသည်။ ဖုန်းကို တစ်နေ့တည်း ဆက် တိုက် ခြောက်နာရီ နှင့် အထက်ပြော ပြီး ဖုန်းပြောသံမှာ လည်း သတ်မှတ် ထား သော dv (decivel) အသံထက် ကျယ်ရင် နားအူ၍ ထုံတတ် ကြောင်း၊ ပုံမှန် နားထောင် နိုင်စွမ်း ရှိသော အသံ နှင့် ပြောလျှင် နားကို မထိခိုက် နိုင် သော်လည်း ကြာရှည် လာချိန်တွင် နားလေး သွားနိုင် ကြောင်း၊ ထို့ကြောင့် ကြာရှည်စွာ ဖုန်းပြော တတ်သည့်လူ ငယ်များ၊ ဖုန်းပြော လျှင် အော်...