Skip to main content

Posts

Showing posts from April 2, 2014

ထိုင်းလက်ဝှေ့ သမားကန်ချက်ကြောင့် မြန်မာ့လက်ဝှေ့သမား နောက်စေ့ ဒဏ်ရာရပြီးသေဆုံး မ...

ထိုင်းလက်ဝှေ့ သမားကန်ချက်ကြောင့် မြန်မာ့လက်ဝှေ့သမား နောက်စေ့ ဒဏ်ရာရပြီးသေဆုံး မဇ္ဈိမသတင်းဌာန။ ။ မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် မြန်မာနှင့်ထိုင်း ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲကျင်းပရာမှ ထိုင်းလက်ဝှေ့သမား၏ ပြင်းထန်သော ကန်ချက်ကြောင့် မြန်မာနိုင်ငံရှိ တိုင်းနှင့်ပြည်နယ် ရွှေတံဆိပ်ဆုရှင်ဖြစ်သူ ပဲပြားမောင်မောင်မှာ နောက်စေ့ဒဏ်ရာများရရှိပြီး သေဆုံးသွားသည်ဟု မတ်လ ၃ ရက်က နိုင်ငံပိုင်သတင်းစာတွင် ဖေါ်ပြထားသည်။ ရေးမြို့နယ်အတွင်းရှိ ဟံဂံကျေးရွာ မရမ်းကျောင်းဦးစီးပဓာနနာယကဆရာတော်၏ အန္တိမအဂ္ဂိဈာပနပူဇော်ပွဲတွင် ငါးချီအထူးလက်ဝှေ့စိန်ခေါ်ပွဲကို ဧပြီလ ၁ ရက် မွန်းလွှဲပိုင်းက ကျင်းပခဲ့ခြင်းဖြစ်ပြီး ဆေးကုသရန် ရေးဆေးရုံသို့ အသွား လမ်းတွင် သေဆုံးသွားခြင်းဖြစ်သည်။ အထူးငါးချီစိန်ခေါ်ပွဲတွင် ထိုင်းလက်ဝှေ့သမား၏ ကန်ချက်ကြောင့် ပထမအချီတွင်ပင် မြန်မာလက်ဝှေ့သမား ပဲပြားမောင်မောင်မှာ ဒဏ်ရာရရှိခဲ့သည်ဟု နိုင်ငံပိုင်သတင်းစာတွင် ရေးသားထားသည်။ from Mizzima - News in Burmese's Facebook Wall http://ift.tt/1pSKj9P

ဘိုးဘိုးကြီး ‘မ’ စပါ --------------------- တိုက်ပုံအဖြူရောင်ဝတ်ထားသည့် အသက်ခြော...

ဘိုးဘိုးကြီး ‘မ’ စပါ --------------------- တိုက်ပုံအဖြူရောင်ဝတ်ထားသည့် အသက်ခြောက်ဆယ်ကျော် အမျိုးသားကြီးတစ်ဦး၏ တိုင်တည်ရေရွတ်သံတွင် အခန်းတွင်းရှိနေသူတွေ ခေတ္တမျှငြိမ်နေသည်။ မောင်းထုသံ တဒူဒူ၊ မြင်းချူဆွဲသံ တချွင်ချွင်ကလည်း ၁၅ ပေ အကျယ်ရှိမည့် အခန်းထဲကနေ ဆက်တိုက်ထွက်ပေါ်လာပြန်သည်။ မြို့ခံအများစုက တစ်မြို့လုံးကို စောင့်ရှောက်ပေးနေသည်ဟု ယူဆထားသည့် မန္တလေးဘိုးဘိုးကြီးအား ရှင်ပြုအလှူမလှည့်မီ လှူမည့်သားသမီး၊ ဆွေမျိုးများအား လာပြနေကြသည့်မြင်ကွင်းပင် ဖြစ်သည်။ သတင်းဆောင်းပါးအပြည့်အစုံ..... http://ift.tt/1pSGd1k ဘိုးဘိုးကြီး ‘မ’ စပါ | 7Day News Journal - ၇ ရက် သတင်းဂျာနယ် 7daynewsjournal.com တိုက်ပုံအဖြူရောင်ဝတ်ထားသည့် အသက်ခြောက်ဆယ်ကျော် အမျိုးသားကြီးတစ်ဦး၏ တိုင်တည်ရေရွတ်သံတွင် အခန်းတွင်းရှိá... from 7Day News Journal's Facebook Wall http://ift.tt/1sb3lub

ကီးဘုတ်ဖြင့် သတ်ဖြတ်နေသူများအတွက် ပန်းစကား ------------------------- မွှေးပျံ့သန...

ကီးဘုတ်ဖြင့် သတ်ဖြတ်နေသူများအတွက် ပန်းစကား ------------------------- မွှေးပျံ့သန့်ရှင်းနေသော စံပယ်ပန်းများက လူတိုင်းလက်ထဲ၊ အချို့အမျိုးသမီးများ၏ ဆံကေသာထက်တွင် ပန်ဆင်ထားလျက်ရှိသည်။ ထိုစဉ် လူငယ်တစ်ဦးက ယင်းစံပယ်ပန်းများကို ရုတ်တရက် စွတ်တောင်းယူလိုက်ပါသည်။ ထိုအပြစ်မဲ့ပန်းလေးများကို သူက ကွန်ပျူတာကီးဘုတ်ဖြင့် နာနာကြည်းကြည်းထုရိုက်သည်။ သတင်းဆောင်းပါးအပြည့်အစုံ.... http://ift.tt/1pSGaCH ကီးဘုတ်ဖြင့် သတ်ဖြတ်နေသူများအတွက် ပန်းစကား | 7Day News Journal - ၇ ရက် သတင်းဂျာနယ် 7daynewsjournal.com မွှေးပျံ့သန့်ရှင်းနေသော စံပယ်ပန်းများက လူတိုင်းလက်ထဲ၊ အချို့အမျိုးသမီးများ၏ ဆံကေသာထက်တွင် ပန်ဆင်ထားလျက်ရ... from 7Day News Journal's Facebook Wall http://ift.tt/1pSGaCJ

စားသုံးသူဈေးကွက် ဖွံ့ဖြိုးရေးဆိုင်ရာ ဆွေးနွေးမည် ရန်ကုန်၊ ဧပြီ ၁ မြန်မာနိုင်...

စားသုံးသူဈေးကွက် ဖွံ့ဖြိုးရေးဆိုင်ရာ ဆွေးနွေးမည် ရန်ကုန်၊ ဧပြီ ၁ မြန်မာနိုင်ငံအတွင်းမှ စားသုံးသူဈေးကွက် ဖွံ့ဖြိုးရေးအတွက် ပြည်တွင်း၊ ပြည်ပ စားသောက်ကုန်၊ လျှပ်စစ်ပစ္စည်း၊ မိုဘိုင်းလ်ဖုန်း စသည့် လူသုံးကုန်ပစ္စည်း ထုတ်လုပ်သူများ တက်ရောက် ဆွေးနွေးကြမည့် 2nd Myanmar Consumer Summit ကို လာမည့် ဇွန်လ ၁၈ နှင့် ၁၉ ရက်နေ့တို့တွင် ရန်ကုန်မြို့၌ ကျင်းပသွားမည် ဖြစ်ကြောင်း ပွဲစီစဉ်သည့် စင်ကာပူအခြေစိုက် CMT Events ထံမှ သိရသည်။ ဒုတိယအကြိမ်အဖြစ် ကျင်းပမည့် အဆိုပါပွဲတွင် နိုင်ငံတကာနှင့် ပြည်တွင်းမှ စားသောက်ကုန်များ (FMCG)၊ လူသုံးနှင့် အိမ်သုံးလျှပ်စစ်ပစ္စည်းများ (Electronic)၊ မိုဘိုင်းလ်ဖုန်းနှင့် နည်းပညာ ထုတ်ကုန် ထုတ်လုပ်သူများ (Device Makers) က မြန်မာနိုင်ငံ၏ ဈေးကွက် အခွင့်အလမ်းများကို အသေးစိတ် ဆွေးနွေးကြမည်ဟု ဆိုသည်။ ယင်းအပြင် မြန်မာဈေးကွက်မှ စားသုံးမှုပုံစံများကို နိုင်ငံတကာရှိ အဓိက စားသုံးသူ ဈေးကွက်ကြီးများနှင့် နှိုင်းယှဉ် သုံးသပ်မည် ဖြစ်ပြီး မြန်မာနိုင်ငံအတွင်း စီးပွားရေးပိုင်းဆိုင်ရာ အောင်မြင်မှု အခြေအနေ၊ လက်ရှိ ပြည်တွင်းဈေးကွက် အခြေအနေ၊ စိန်ခေါ်မှုများ၊ မြန်မာစားသုံးသူ ဈေးကွက်များ၏ အလားအလာများကိ

ယနေ့ထုတ် #7DayDaily သတင်းစာ

ယနေ့ထုတ် #7DayDaily သတင်းစာ from 7Day News Journal's Facebook Wall http://ift.tt/1pSuos4

April 03, 2014 edition of #Mizzima Business Weekly. Get this issue at Innwa Book...

April 03, 2014 edition of #Mizzima Business Weekly. Get this issue at Innwa Bookstore or subscribe at www.mzineplus.com from Mizzima - News in Burmese's Facebook Wall http://ift.tt/1pTuRs7

အိမ်သုံး ထင်းလောင်စာများ လိုအပ်မှု သစ်တောဦးစီးဌာနများက ဖြန့်ဝေပေးရန် လိုအပ်ဟုဆို...

အိမ်သုံး ထင်းလောင်စာများ လိုအပ်မှု သစ်တောဦးစီးဌာနများက ဖြန့်ဝေပေးရန် လိုအပ်ဟုဆို ဟင်္သာတ၊ ဧပြီ ၂ ရခိုင်ရိုးမနှင့် နီးစပ်သည့် ဒေသများတွင် မြေပဲနှင့် အခြားသီးနှံများကို စီးပွားရေးအရ ဦးစားပေး စိုက်ပျိုး ထုတ်လုပ်ခဲ့မှုကြောင့် မီးဖိုချောင်အတွက် အိမ်သုံး ထင်းလောင်စာများ လိုအပ်မှုကို သက်ဆိုင်ရာ သစ်တောဦးစီးဌာန များက ထင်းလောင်စာ ဖြန့်ဝေပေးရန် လိုအပ်ကြောင်း ဒေသခံများက ပြောကြားသည်။ ကြံခင်းမြို့နယ်တွင် ကျွန်းသစ်တောများနှင့် နီးစပ်ပြီး တရားမဝင် သစ်ထုတ်လုပ်သူများ၊ မီးသွေး ထုတ်လုပ်သူများ ရှိသော်လည်း ကျေးလက်ဒေသနေ လက်လုပ်လက်စားများမှာ ထင်းလောင်စာ လိုအပ်လျက် ရှိနေကြောင်း ၎င်းတို့က ဆိုသည်။ မြန်အောင်မြို့နယ်ရှိ ကျေးလက်ဒေသနေ လူတန်းစားများက ထင်းလောင်စာ အတွက် အပင်များကို ခုတ်လှဲ အသုံးပြုလေ့ရှိပြီး ပြန်လည်စိုက်ပျိုးမှု အားနည်းခြင်းကြောင့် ထင်းလောင်စာ လိုအပ်မှု မြင့်မားကြောင်း မြန်အောင်မြို့ခံ ဦးတင်ရွှေက ပြောကြားသည်။ သစ်တောဦးစီးဌာန အနေနှင့် သစ်တောစိုက်ခင်း တည်ထောင်ခြင်းများကို ရှေးယခင်ကတည်း စိုက်ပျိုးခဲ့သော်လည်း ၁၉၇၇- ၁၉၇၈ ခုနှစ်မှစ၍ ထင်းအစားထိုး သစ်ပင်များကို စိုက်ပျိုးတည်ထောင်ခဲ့ပြီး လက်ရှိ အချိန်၌လည်း နေရာဒေသကို

မိုဘိုင်းလ်ဖုန်းဖြင့် သုံးနိုင်သည့် ကုတ်နံပါတ်သုံး ဘဏ်စနစ် စမ်းသပ်ပြီးဖြစ်ဟုဆို...

မိုဘိုင်းလ်ဖုန်းဖြင့် သုံးနိုင်သည့် ကုတ်နံပါတ်သုံး ဘဏ်စနစ် စမ်းသပ်ပြီးဖြစ်ဟုဆို ရန်ကုန်၊ ဧပြီ ၂ သမဝါယမဘဏ်က အကောင်အထည် ဖော်ထားသော Easi မိုဘိုင်းလ်ဘဏ် စနစ်တွင် USSD (ကုတ်နံပါတ်သုံး ဘဏ်စနစ်) ဖြင့် ငွေလွှဲပြောင်းခြင်းများ၊ ငွေလက်ကျန် စစ်ဆေးနိုင်ခြင်းများ ပြုလုပ်နိုင်ရန် စမ်းသပ်ဆောင်ရွက်မှု ပြီးစီးပြီ ဖြစ်ကြောင်း အဆိုပါဘဏ်၏ နည်းပညာဆိုင်ရာ အရာရှိတစ်ဦးက ပြောကြားသည်။ မိုဘိုင်းလ်ဘဏ်စနစ်တွင် ဖုန်းစာတိုပို့ခြင်း၊ USSD ကုတ်စနစ်ဖြင့် ငွေလွှဲခြင်းများ ပါဝင်ပြီး ယင်းစနစ်ဖြင့် ငွေလွှဲပြောင်းနိုင်ရန် စမ်းသပ်ခြင်းအဆင့် (UAT− User Acceptance Test) ပြီးစီးပြီ ဖြစ်၍ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် လက်မှတ်ရေးထိုးရန်သာ ကျန်ရှိတော့ကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။ ပြည်တွင်းတွင် မိုဘိုင်းလ်ဘဏ်စနစ် အောင်မြင်နိုင်ရန် ဆက်သွယ်ရေးလိုင်းများ ကောင်းမွန်ရန် လိုအပ်ကြောင်း ဘဏ်လုပ်ငန်းရှင်များက ပြောဆိုသည်။ ဘဏ်ဝန်ဆောင်မှုများနှင့် အလှမ်းဝေးသော ကျေးလက်နေလူထုများ အသုံးပြုနိုင်ရန် ပြည်တွင်းဘဏ်များကို မိုဘိုင်းလ်ဘဏ်စနစ် လုပ်ကိုင်ခွင့် ပေးလျက်ရှိကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးစိုးမင်းက မတ်လ ၁၉ ရက်နေ့က ကျင်းပသော ပြည်ေ

" သက်ရှိ လူမမယ်ကလေးပါဆယ် ဤအရပ်တွင် မည်သူမဆို ကားဖြင့်သယ်ပို့နိုင်သည် " ပူကျစ်နေ...

" သက်ရှိ လူမမယ်ကလေးပါဆယ် ဤအရပ်တွင် မည်သူမဆို ကားဖြင့်သယ်ပို့နိုင်သည် " ပူကျစ်နေသော နေရောင်အောက်တွင် အသက် ၆ဝ ခန့် အမျိုးသမီး တစ်ယောက်က သူ့အသက်အရွယ်နှင့်မလိုက်အောင်ပင် ခြေလှမ်း ခပ်သွက်သွက်နှင့် လျှောက်နေသည်။ သူအမည်က ဒေါ်ဖွားမေ။ အသက်အရွယ်နှင့် နေပူဒဏ်ကိုမမှုဘဲ ဤမျှသွက်လက်စွာ လှုပ်ရှားနေခြင်းတွင် အကြောင်းရင်းရှိပါသည်။ တခြားတော့မဟုတ် ရွာ အခေါ်အပေါ် (ဘန်ကောက်ကိုဆိုလိုသည်) တွင် အလုပ်လုပ်နေသည့် သမီးအကြီးက ပို့လိုက်သည့်ပါဆယ်ထုပ်ကို ကားဂိတ်တွင် အချိန်မီယူရမည့်အတွက်ဟု သူက ပြောသည်။ နည်းနည်းမှ နောက်ကျလို့မဖြစ်၊ အရေးကြီးသည်။ နောက် ကျနေပြီ လားဆိုသည့် စိုးရိမ်စိတ်က သူ့မျက်နှာပေါ်တွင် အထင်းသား။ ငှားလာသော ဆိုင်ကယ်မောင်းနှင်အားကိုသာ ပါးစပ်မှ ပွစိပွစိရေရွတ်ရင်း လက်ထဲ တွင်ကိုင်ထားသည့်စာရွက်ကို ကြည့်ကာ ကားကိုရှာနေသည်။ ဘာပို့လိုက်လဲဆိုသည်ကို သူမှလွဲ၍ အခြားသူသိမည်မဟုတ်၊ ကွဲရှတတ်သည့် ပစ္စည်းမျိုးဆိုလျှင်တောင် ဒီလောက်စိတ်သော ကရောက်စရာမလိုဟု ဒေါ်ဖွားမေက ဆိုသည်။ အခုတော့ အချိန်မီရွေးယူရမည့် ထိုအရာက သက်မဲ့ရုပ်ဝတ္ထုပစ္စည်း မဟုတ်သည့် သက်ရှိ။ တိတိကျကျဆိုရပါလျှင် ပို့လိုက်သော ပါဆယ်ထုပ်မှာ သူ့သမီးကမွေးသည့် မြေးအရင်းခေါက

ဧပြီလအတွက် မြန်မာ့ခရီးသွား လမ်းညွှန်မြေပုံစောင်ရေ သုံးသောင်း သင်္ကြန်မတိုင်မီ အခမဲ့...

ဧပြီလအတွက် မြန်မာ့ခရီးသွား လမ်းညွှန်မြေပုံစောင်ရေ သုံးသောင်း သင်္ကြန်မတိုင်မီ အခမဲ့ယူနိုင်မည် ရန်ကုန်၊ ဧပြီ ၂ နိုင်ငံခြားသား ခရီးသွားများနှင့် ပြည်တွင်းခရီးသွားများ မြန်မာနိုင်ငံတွင် ခရီးသွားရာ၌ အဆင်ပြေစွာ သွားလာနိုင်ရန် ရည်ရွယ်၍ Design Printing Services ကုမ္ပဏီက လစဉ် မြန်မာ့ခရီးသွားလမ်းညွှန် မြေပုံစောင်ရေ သုံးသောင်းကို အခမဲ့ ဖြန့်ချိလျက်ရှိရာ ဧပြီလအတွက် မြန်မာ့ခရီးသွားလမ်းညွှန် မြေပုံစောင်ရေ သုံးသောင်းကို သင်္ကြန်မတိုင်မီ အခမဲ့ရယူနိုင်မည် ဖြစ်ကြောင်း ယင်းကုမ္ပဏီ၏ အချက်အလက် မန်နေဂျာ ဒေါ်ခိုင်သီရိအောင်က ပြောကြားသည်။ ကုမ္ပဏီက ဖြန့်ချိသည့် မြန်မာ့ခရီးသွား လမ်းညွှန်မြေပုံ (TMM-၃၈) ကို ဟိုတယ်များ၊ ခရီးသွားလုပ်ငန်းများနှင့် သက်ဆိုင်သော လုပ်ငန်းများ၊ ဧည့်လမ်းညွှန်များအနေနှင့် ကုမ္ပဏီ မှတ်ပုံတင်မိတ္တူနှင့် ကိုယ်စားလှယ် လွှဲစာဖြင့် မြန်မာ့ခရီးသွားလုပ်ငန်း (ဆူးလေ) နှင့် Design Printing Services (D.P.S) တွင် ရုံးချိန်အတွင်း အခမဲ့ ထုတ်ပေးခဲ့ပြီး ဧပြီလအတွက် မြန်မာ့ခရီးသွား လမ်းညွှန်မြေပုံ (TMM- ၃၉) ကို သင်္ကြန်မတိုင်မီ အခမဲ့ ထုတ်ပေးသွားမည် ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။ “တစ်လနဲ့တစ်လ ဒီဇိုင်းနဲ့ အချက်အလက် မတူဘူး။

သင်္ကြန်အပြီး မန်းရတနာပုံ လေကြောင်းလိုင်း လေယာဉ်သစ်ဖြင့် ခရီးစဉ်သစ် ပြေးဆွဲမည် ရန...

သင်္ကြန်အပြီး မန်းရတနာပုံ လေကြောင်းလိုင်း လေယာဉ်သစ်ဖြင့် ခရီးစဉ်သစ် ပြေးဆွဲမည် ရန်ကုန်၊ ဧပြီ ၂ သင်္ကြန်အပြီးတွင် မန်းရတနာပုံ လေကြောင်းလိုင်းက ဝယ်ယူထားသော ဒုတိယမြောက် လေယာဉ်သစ် ATR 72-600 (MSN 1137) ဖြင့် မြစ်ကြီးနား၊ လားရှိုး၊ ထားဝယ်၊ မြိတ်၊ စစ်တွေနှင့် ကော့သောင်း ခရီးစဉ်သစ်များ တိုးချဲ့ပြေးဆွဲမည် ဖြစ်ကြောင်း အဆိုပါ လေကြောင်းလိုင်း အမှုဆောင်အရာရှိချုပ် ဦးကျော်မျိုးက ပြောကြားသည်။ အဆိုပါ ခရီးစဉ်များအတွက် လေယာဉ်သစ် ATR 72-600 (MSN 1137) သည်၂၀၁၄ ခုနှစ် ဧပြီလ ၁ ရက်နေ့က ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ဆိုက်ရောက်ခဲ့ပြီး လေယာဉ် ပျံသန်းခွင့်နှင့် လေယာဉ် စစ်ဆေးခြင်းကို လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနက ပြုလုပ်ရန် ရှိသည့်အတွက် သင်္ကြန်ပြီး နောက်ပိုင်းမှ ပြေးဆွဲသွားမည် ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။ မန်းရတနာပုံ လေကြောင်းလိုင်းသည် ရန်ကုန်၊ ညောင်ဦး၊ မန္တလေး၊ ဟဲဟိုး၊ ကျိုင်းတုံနှင့် တာချီလိတ် ခရီးစဉ်များကို တစ်ရက်လျှင် နှစ်ကြောင်း ဖေဖော်ဝါရီလ ၂၇ ရက်နေ့မှ စ၍ ပြေးဆွဲလျက် ရှိကြောင်း မန်းရတနာပုံ လေကြောင်းလိုင်းထံမှ သိရှိရသည်။ “လေယာဉ် နှစ်စင်းရဲ့ ပုံမှန် ခရီးစဉ်နဲ့ မကိုက်တဲ့ အချိန်မှာ အဆင်ပြေမယ့်

ဆန်းသစ်သည့် မိုက်ကယ်ဂျက်ဆင် အယ်လ်ဘမ် ထွက်မည် နယူးယောက်၊ ဧပြီ ၁ ကွယ်လွန်သွားပြီ...

ဆန်းသစ်သည့် မိုက်ကယ်ဂျက်ဆင် အယ်လ်ဘမ် ထွက်မည် နယူးယောက်၊ ဧပြီ ၁ ကွယ်လွန်သွားပြီဖြစ်သည့် ကမ္ဘာကျော် အဆိုတော်မိုက်ကယ်ဂျက်ဆင်၏ အောင်မြင်ကျော်ကြားခဲ့သည့် တေး သီချင်းများကို ပြန်လည်ဆန်းသစ်ထားသည့် တေးသီချင်းများ ထွက်ရှိလာတော့မည်ဖြစ်သည်။ ယင်းတေးသီ ချင်းအယ်လ်ဘမ်သည် မေလ ၁၃ ရက်တွင် ထွက်ရှိမည်ဖြစ်ပြီး တမိုသီတင်ဘာလန်၏ ကြိုက်နှစ်သက်သည့် အတိုင်း ဆန်းသစ်ဖန်တီးထုတ်လုပ်ထားသည့်သီချင်းရှစ်ပုဒ် ပါဝင်မည်ဖြစ်သည်။ “မိုက်ကယ်ဂျက်ဆင် ချန်ထားခဲ့တဲ့ အနုပညာပြကကွက်အချို့ကို တေးထုတ်လုပ်သူတွေအမြင်နဲ့ ပေါင်းစပ်ပြု ပြင်ဖန်တီးထားတာ အရမ်းကိုပဲကောင်းပါတယ်”ဟု ရိက ပြောကြားခဲ့သည်။ ၎င်းသည် ဂျက်စတင်တင်ဘားလိတ်၊ စတားဂိတ်တို့နှင့် လက်တွဲလုပ်ကိုင်ခဲ့ဖူးသူဖြစ်ပြီး ရီဟားနားနှင့် ဘီယွန်း ဆေးတို့၏ တေးအယ်လ်ဘမ်များကိုလည်း ထုတ်လုပ်ခဲ့ဖူးသူဖြစ်သည်။ ယင်းသီချင်းများ၏အယ်လ်ဘမ်ကို"Xscape" ဟု ခေါင်းစီးပေးထားပြီးEpic Recordsအနုပညာဝက်ဘ်ဆိုဒ် ပိုင်ရှင်ဥက္ကဋ္ဌ ရိက နားထောင်ရွေးချယ်ခဲ့ခြင်းဖြစ်သည်။ from Mizzima - News in Burmese's Facebook Wall http://ift.tt/1ieOIiJ

ရတနာမြစည်းခုံဘုရားပွဲတော်ရန်ပုံငွေ အနုပညာရှင်များ ဖျော်ဖြေမည် မေနှင်းကြည် ရန်က...

ရတနာမြစည်းခုံဘုရားပွဲတော်ရန်ပုံငွေ အနုပညာရှင်များ ဖျော်ဖြေမည် မေနှင်းကြည် ရန်ကုန်၊ ဧပြီ ၁ ရတနာမြစည်းခုံစေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်တွင် မန္တလာထိပ်ခေါင်ဇာတ်အဖွဲ့နှင့်အတူ နာမည် ကြီးအနုပညာရှင်များက ဘုရားပွဲရန်ပုံငွေအဖြစ် မတ်လ ၃၁ ရက်မှ ဧပြီ ၂ ရက်အထိ ဖျော်ဖြေ တင်ဆက်ကြ မည်ဖြစ်သည်။ “ဒီနှစ်တပေါင်းလပြည့်နေ့မှာ ဘုရားကြီးထီးတင်ပွဲကို ပြုလုပ်ခဲ့တယ်။ ဘုရားထီးတင်ပွဲ အောင်မြင်တဲ့အထိမ်း အမှတ်အဖြစ် ရုပ်ရှင်အနုပညာရှင်တွေရဲ့ ဖျော်ဖြေမှုကို ထည့်သွင်းခြင်းဖြစ်တယ်”ဟု ကျောင်းထိုင် ဆရာတော် ဦးတေဇနက မဇ္ဈိမသို့ပြောသည်။ အဆိုပါဘုရားပွဲသည် ပထမဆုံးအကြိမ်ကျင်းပခြင်းဖြစ်ပြီး နောင်နှစ်များ တွင်လည်း ကျင်းပသွားမည်ဖြစ်သည်။ ယင်းဖျော်ဖြေပွဲကို မန္တလေးတိုင်းဒေသကြီး တံတားဦးမြို့နယ်၊ အမှတ်(၃) နယ်မြေ တံတော်ရာရပ်ရှိ ရှေးနှစ် ပေါင်း ၇၀၀ ခန့်က တည်ထားကိုးကွယ်ခဲ့သည့် ရတနာမြစည်းခုံ စေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော် ဖြစ်သည်။ အဆိုပါရုပ်ရှင်ဂီတဖျော်ဖြေပွဲမှ ရရှိလာသည့်အလှူငွေများကို ဘုရားကြီးပြုပြင်ရန် အသုံးပြုသွားမည်ဖြစ်ကာ လက်မှတ်များကို ကျပ် ၂,၅၀၀ ဖြင့် ၀ယ်ယူနိုင်သည်။ ဖျော်ဖြေပွဲတွင် ဟဲလေး၊ ဇင်မင်းခန့်၊ ဖြိုးကျော်ကျော်မြတ်၊ သားည

လက်ထပ်လက်စွပ်ချွတ်သော်လည်း ပိုမိုရင်းနှီးနေဟန်ရှိသည့် ပဲလ်ထရိုတို့ဇနီးမောင်နှံ...

လက်ထပ်လက်စွပ်ချွတ်သော်လည်း ပိုမိုရင်းနှီးနေဟန်ရှိသည့် ပဲလ်ထရိုတို့ဇနီးမောင်နှံ နယူးယောက်၊ ဧပြီ ၁ ဂိုင်နက်သ်ပဲလ်ထရိုနှင့် ခရစ္စမာတင်တို့ ဇနီးမောင်နှံသည် ၎င်းတို့၏ ၁၀ နှစ်တာ အိမ်ထောင်သက်ကာလကို အဆုံးသတ်ရန် ဆုံးဖြတ်ထားကြောင်း မကြာသေးမီက ကြေညာခဲ့သည်။ ဂိုင်နက်သ်ပဲလ်ထရိုသည် လက်ထပ်လက်စွပ်ကို ချွတ်ထားလိုက်ပြီဖြစ်သော်လည်း ၎င်းနှင့်ခရစ္စမာတင်တို့ သည် ယခင်ကထက်ပင် ပို၍တွဲမိနေဟန်ရှိလေသည်။ ၎င်းတို့နှစ်ဦးသည် ပြီးခဲ့သည့်မတ် ၂၉ ရက် ညနေက ဘာဟစ်မက်ခ်ရှိ Eleuthera ကျွန်းပေါ်တွင် မိတ်ဆွေအပေါင်းအသင်းများနှင့် အတူညစာစားခဲ့ကြသည်။ ညစာစားပွဲတွင် ၎င်းတို့နှစ်ဦးသည် စိတ်လက်ပေါ့ပါးစွာ ရယ်မောပျော်ရွှင်နေကြသည်ကို တွေ့မြင်ရကြောင်း မေးလ်အွန်လိုင်းတွင် ဖော်ပြထားသည်။ သူတို့နှစ်ဦးသည် လမ်းခွဲတော့မည်ဟု ကြေညာပြီးကတည်းက ကလေးနှစ်ဦးနှင့်အတူ ပရိသတ်မျက်ကွယ် တွင် ပုန်းအောင်းနေခဲ့ကြသည်။ “သူတို့တွေ လမ်းခွဲပြီးစ ပုံစံလားဆိုတာကို မြင်တဲ့လူတွေကတော့ ဘယ်တော့မှ မှန်းဆနိုင်မှာမဟုတ်ပါဘူး။ သူတို့ကိုကြည့်ရတာတော့ အဆင်ပြေနေတဲ့ပုံပဲ”ဟု ပဲလ်ထရိုတို့၏ ညစာစားပွဲကို မြင်တွေ့ခဲ့သည့် မျက်မြင် သက်သေတစ်ဦးက The Sun on Sunday သတင်းစာကို ပြောကြားထားသည်။ ညစာစားပွဲတွင် ပ

" သမီးကလေးလည်း ပါသွားပြန်ပြီ " သမီးကလေးကျေးရွာအပါအဝင် ရွာသုံးရွာမှ ရွာသား ၂ဝဝေ...

" သမီးကလေးလည်း ပါသွားပြန်ပြီ " သမီးကလေးကျေးရွာအပါအဝင် ရွာသုံးရွာမှ ရွာသား ၂ဝဝ ကျော်သည် DKBA ၏အစီအစဉ်ဖြင့် ဧပြီ ၂ ရက်တွင်ကရင်ပြည်နယ်သို့ ပြောင်းရွှေ့မည်ဖြစ် သည်။ သမီးကလေးကျေးရွာ၊ အင်းပတီကျေးရွာ၊ ဒေါ်ကာလီကျေးရွာများမှ ရွာသူရွာသား ၂ဝ၁ ဦးအား DKBA မှ ဗျူဟာမှူး ဗိုလ်မှူးစောဆန်းအောင် ကိုယ်တိုင် ရွာသို့လာခေါ်မည်ဖြစ်ကြောင်း DKBA ၏မန္တလေးစီးပွားရေး ဆက်ဆံ ရေးမှူး ဗိုလ်မှူးစောဝင်းဇော်က ပြောသည်။ ကရင်ပြည်နယ်သို့လိုက်ပါမည့် ရွာသားများအား ဆုံဆည်းမြိုင်နှင့် မြဝ တီမြို့နယ် စပ်အကြားတွင် နေထိုင်ခွင့်ပေးမည်ဖြစ်ပြီး ပေ ၄ဝx၆ဝ မြေ ကွက်များ အပိုင်ချထားပေးမည်ဟု သိရသည်။ လက်ရှိတွင် သမီးကလေးကျေးရွာမှ ရွာသားများအပါအဝင် ဒေါ်ကာ လီကျေးရွာမှ ဦးဇင်းနှစ်ပါးနှင့် အင်းပတီးရွာမှ ဦးဇင်းတစ်ပါးတို့ပါ ကရင်ပြည်နယ်သို့ လိုက်ပါမည်ဖြစ်ကာ ပဲခူးတိုင်းအတွင်းရှိ အောင် သိဒ္ဓိကျောင်းထိုင် ဆရာတော်ဦးအဂ္ဂကိုယ်တိုင် ကရင်ပြည်နယ်သို့ လိုက်ပါကြီးကြပ်ပေးသွားမည်ဟု သိရသည်။ ဧပြီ ၁ ရက်နေ့ ညနေ ၆ နာရီခန့်မှစတင်ကာ DKBA မှစီစဉ်ပေးထားသည့် ဆယ့်နှစ်ဘီးကား လေးစီးပေါ်သို့ပြောင်းရွှေ့ရန် ပစ္စည်းများတင် ဆောင်နေကြ သည်။ အဆိုပါ ကားများမှာဧပြီ ၂ ရက် နံနက် ၄ န

ရတနာမြစည်းခုံဘုရားပွဲတော်ရန်ပုံငွေ အနုပညာရှင်များ ဖျော်ဖြေမည် မေနှင်းကြည် ရန်က...

ရတနာမြစည်းခုံဘုရားပွဲတော်ရန်ပုံငွေ အနုပညာရှင်များ ဖျော်ဖြေမည် မေနှင်းကြည် ရန်ကုန်၊ ဧပြီ ၁ ရတနာမြစည်းခုံစေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်တွင် မန္တလာထိပ်ခေါင်ဇာတ်အဖွဲ့နှင့်အတူ နာမည် ကြီးအနုပညာရှင်များက ဘုရားပွဲရန်ပုံငွေအဖြစ် မတ်လ ၃၁ ရက်မှ ဧပြီ ၂ ရက်အထိ ဖျော်ဖြေ တင်ဆက်ကြ မည်ဖြစ်သည်။ “ဒီနှစ်တပေါင်းလပြည့်နေ့မှာ ဘုရားကြီးထီးတင်ပွဲကို ပြုလုပ်ခဲ့တယ်။ ဘုရားထီးတင်ပွဲ အောင်မြင်တဲ့အထိမ်း အမှတ်အဖြစ် ရုပ်ရှင်အနုပညာရှင်တွေရဲ့ ဖျော်ဖြေမှုကို ထည့်သွင်းခြင်းဖြစ်တယ်”ဟု ကျောင်းထိုင် ဆရာတော် ဦးတေဇနက မဇ္ဈိမသို့ပြောသည်။ အဆိုပါဘုရားပွဲသည် ပထမဆုံးအကြိမ်ကျင်းပခြင်းဖြစ်ပြီး နောင်နှစ်များ တွင်လည်း ကျင်းပသွားမည်ဖြစ်သည်။ ယင်းဖျော်ဖြေပွဲကို မန္တလေးတိုင်းဒေသကြီး တံတားဦးမြို့နယ်၊ အမှတ်(၃) နယ်မြေ တံတော်ရာရပ်ရှိ ရှေးနှစ် ပေါင်း ၇၀၀ ခန့်က တည်ထားကိုးကွယ်ခဲ့သည့် ရတနာမြစည်းခုံ စေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော် ဖြစ်သည်။ အဆိုပါရုပ်ရှင်ဂီတဖျော်ဖြေပွဲမှ ရရှိလာသည့်အလှူငွေများကို ဘုရားကြီးပြုပြင်ရန် အသုံးပြုသွားမည်ဖြစ်ကာ လက်မှတ်များကို ကျပ် ၂,၅၀၀ ဖြင့် ၀ယ်ယူနိုင်သည်။ ဖျော်ဖြေပွဲတွင် ဟဲလေး၊ ဇင်မင်းခန့်၊ ဖြိုးကျော်ကျော်မြတ်၊ သားည

Galaxy S5 မျက်နှာပြင်ကို စမတ်ဖုန်းများတွင် အကောင်းဆုံးအဖြစ် သတ်မှတ် CNET ကယ်လီ...

Galaxy S5 မျက်နှာပြင်ကို စမတ်ဖုန်းများတွင် အကောင်းဆုံးအဖြစ် သတ်မှတ် CNET ကယ်လီဖိုးနီးယား၊ ဧပြီ ၁ Samsung ၏ နောက်ဆုံးထွက် အထင်ကရ ဖုန်းတစ်လုံးဖြစ်သည့် Galaxy S5 ၏ မျက်နှာပြင်ကို ကမ္ဘာ့ အကောင်းဆုံးမိုဘိုင်းမျက်နှာပြင်ဖြစ်ကြောင်း လေ့လာဆန်းစစ်ရေးအဖွဲ့တစ်ခုဖြစ်သည့် Display Mate က ပြောကြားသည်။ Galaxy S5 မှာ ၎င်း၏ ထိပ်တန်းမျက်နှာပင် အရည်အသွေးကြောင့် မှတ်တိုင်အများအပြား စိုက်ထူထားနိုင် ခဲ့ကြောင်း Display Mate ဥက္ကဋ္ဌ Raymond Sonerira က ပြောသည်။ ၎င်းကGalaxy S5 မျက်နှာပြင်မှာ Brightness ကောင်းမွန်ခြင်း၊ အရောင်တိတိကျကျ ဖော်ပြပေးနိုင်ခြင်း၊ pixel ထုတ်ပေးမှု ကောင်းမွန်ခြင်း နှင့် ရှုထောင့်ကောင်းမွန်ခြင်းတို့ကြောင့် ယခုလို အကောင်းဆုံးမျက်နှာပြင်အဖြစ် သတ်မှတ်ခဲ့ရခြင်းဖြစ်ဟု လည်း ပြောကြားခဲ့သည်။ ထို့နောက် Galaxy S5 ရှိ Cinema Mode တွင် အရောင်ခွဲခြားမှု တိကျမှုရှိခြင်းက အခြားဖုန်းများထက် သာလွန်ကြောင်းနှင့် Cinema Mode က အလွန်ထူးခြားကြောင်းကို Sonerira က ညွှန်းဆိုခဲ့သည်။ “S5 ပေါ်က ပုံရိပ်တွေက အရမ်းလှပပြီး ကြွတက်နေတယ်”ဟု ၎င်းက ပြောသည်။ Galaxy S5 ၏ မျက်နှာပြင်အား ယခုလို ချီးကျူးမှုများနှင့် သတ်မှတ်မှုများ ထွက်ပေါ်လာသည့်အတွက် အ

စမတ်ဖုန်းအလွန်အကျွံအသုံးပြုခြင်းသည် မျက်စိကို ထိခိုက်စေနိုင်ကြောင်း မျက်မှန်ကျွမ...

စမတ်ဖုန်းအလွန်အကျွံအသုံးပြုခြင်းသည် မျက်စိကို ထိခိုက်စေနိုင်ကြောင်း မျက်မှန်ကျွမ်းကျင်သူများပြော BBC ၀ါရှင်တန်၊ ဧပြီ ၁ စမတ်ဖုန်း အလွန်အကျွံအသုံးပြုသူများသည် မျက်စိထိခိုက်မှု အန္တရာယ်များ ဖြစ်ပေါ်နိုင်ကြောင်း မျက်မှန် ကျွမ်းကျင်သူများက ပြောကြားသည်။ ကွန်ပျူတာများ၊ Tablets, Flat Screen တီဗွီများကဲ့သို့သော အခြားပစ္စည်းကိရိယာများနှင့် စမတ်ဖုန်းများကို အလွန်အကျွံသုံးခြင်းသည် ကာလရှည် မျက်စိပျက်စီးမှုများကို ဖြစ်ပေါ်စေနိုင်ကြောင်း မျက်မှန်ကျွမ်းကျင်သူ များက သတိပေးပြောကြားသည်။ တစ်နေ့လျှင် စမတ်ဖုန်းများကို ၃၂ ကြိမ်ခန့် အသုံးပြုသော အသက် ၂၅ နှစ် အရွယ် ပြည်သူ ၂,၀၀၀ ခန့်ကို ဆန်းစစ်လေ့လာမှု ပြုရာမှအဆိုပါ သတိပေးချက်ထွက်ပေါ်ခဲ့ခြင်း ဖြစ်သည်။ အပြာရောင် ခရမ်းလွန်အလင်းရောင်သည် မျက်စိကို အဆိပ်အတောက် အန္တရာယ်များ ဖြစ်ပေါ်နိုင်ဖွယ်ရှိ ကြောင်း မျက်မှန်ကျွမ်းကျင်သူ အန်ဒီဟက်ပ်ဝေါ့က ပြောကြားသည်။ “စမတ်ဖုန်းများကို အလွန်အကျွံ အသုံးပြုပါက မျက်လုံးများကို ပျက်စီးနိုင်ဖွယ်ရှိပါတယ်။ အသုံးပြုသူများ အနေဖြင့် စမတ်ဖုန်းကိုကြည့်နေစဉ် ဖုန်းမှ အပြာရောင် ခရမ်းလွန်အလင်းရောင်များ ထွက်ပေါ်လာပါ တယ်”ဟု ဘန်ဒီဟက်ပ်ဝေါ့က ပြောကြားသည်။ ကောင်းသော

ဆိုင်ကယ်စီးနင်းလာသူကို ဝိုင်းဝန်းရိုက်နှက်ပြီး ငွေကျပ် သိန်း ၄၀ လုယူထွက်ပြေး ကု...

ဆိုင်ကယ်စီးနင်းလာသူကို ဝိုင်းဝန်းရိုက်နှက်ပြီး ငွေကျပ် သိန်း ၄၀ လုယူထွက်ပြေး ကိုတိုးကြီး ဆိုင်ကယ်စီးလာသူတစ်ဦး၏ မျက်နှာကို လက်နှိပ်ဓာတ်မီးဖြင့်ထိုးကာ လူသုံးဦးက ၀ိုင်းဝန်းရိုက်နှက်ပြီး ဆိုင် ကယ်သမားထံမှ ငွေကျပ် သိန်း ၄၀ ကို လုယူထွက်ပြေးသွားသည့် အမှုတစ်ခု မတ်လ ၃၁ ရက် ညဦးပိုင်း က စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တွင် ဖြစ်ပွားခဲ့သည်ဟု အဆိုပါမြို့နယ်၊ မလယ် နယ်မြေရဲစခန်း ရဲတပ် ဖွဲ့ဝင်တစ်ဦးက ပြောသည်။ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာ၊ ကျားဘိုကျွန်းတောတိုက်အနီး၌ ပဇီကြီးကျေးရွာနေ မောင်မျိုး အသက် (၂၃)နှစ်ဆိုသူသည် မတ်လ ၃၀ ရက် ည ၇ နာရီခွဲက ဆိုင်ကယ်စီးလာစဉ် အမည်မသိ လူသုံးဦးက ဆိုင်ကယ်စီးလာသူ၏ မျက်နှာကို လက်နှိပ်ဓာတ်မီးဖြင့်ထိုးကာ တားဆီးရိုက်နှက်ပြီး ငွေများကို လုယက်ခံရခြင်းဖြစ်ကြောင်း မလယ်ရဲစခန်း၏ မှတ်တမ်းတွင် ဖော်ပြထားသည်။ ရိုက်နှက်ခံရသူသည် စဉ့်ကူမြို့နယ်၊ ငါးတွင်းကြီးကျေးရွာမှ ကျားဘိုကျွန်းတော တိုက်တွင် နေထိုင်သူ ဦးခိုင်စိုးနှင့် ဦးမောင်အေးဆိုသူတို့ထံ အကြွေးပေးရန်သွားစဉ် ထိုတောတိုက်သို့ ဖြတ်သန်းရောက်ခဲ့ခြင်း ဖြစ်သည်။ ရိုက်နှက်လုယက်ခံရသူကိုမောင်မျိုးဆိုသူသည် နေအိမ်မှယူလာသည့် ငွေက

အင်ဒိုနီးရှားရွေးကောက်ပွဲ အကြိုကာလတွင် သေနတ်သမားများ ပစ်ခတ်မှုကြောင့် သုံးဦးသေဆံ...

အင်ဒိုနီးရှားရွေးကောက်ပွဲ အကြိုကာလတွင် သေနတ်သမားများ ပစ်ခတ်မှုကြောင့် သုံးဦးသေဆုံး အေအက်ဖ်ပီ ဘန်ဒါအာချေး၊ ဧပြီ ၁ အင်ဒိုနီးရှားနိုင်ငံ၊ အာချေးပြည်နယ်တွင် သေနတ်သမားများက ဆိုင်ကယ်တစ်စီးပေါ်မှနေ၍ ပစ်ခတ်သွား သဖြင့် ကလေး ငယ်တစ်ဦးအပါအ၀င် လူသုံးဦး သေဆုံးသွားခဲ့ကြောင်း အင်ဒိုနီးရှား ရဲတပ်ဖွဲ့က အင်္ဂါနေ့ တွင် သတင်းထုတ်ပြန်ခဲ့သည်ဟု ဧပြီ ၁ ရက်က အေအက်ဖ်ပီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။ အင်ဒိုနီးရှားနိုင်ငံတွင် လာမည့်သီတင်းပတ်အတွင်း၌ ရွေးကောက်ပွဲကျင်းပရန် ရှိရာ ထိုရွေးကောက်ပွဲ မတိုင်မီတွင် နိုင်ငံအနောက်ပိုင်းရှိ အာချေးပြည်နယ်၌ အကြမ်းဖက်မှုများဖြစ်ပွားလျက် ရှိနေသည်။ အာချေးပါတီမှ ရွေးကောက်ပွဲဝင် ကိုယ်စားလှယ်လောင်းများ၏ပုံများဖြင့် တန်ဆာဆင်ထားသော ဗင်ကား တစ်စီးအား မော်တော်ဆိုင်ကယ်တစ်စီးပေါ်မှ သေနတ်သမားနှစ်ဦးက တနင်္လာနေ့နှောင်းပိုင်းက ပစ်ခတ် ခဲ့ရာ သုံးဦးသေဆုံးသွားခဲ့ခြင်း ဖြစ်သည်။ အာချေးပါတီမှာ ဒေသတွင်းနိုင်ငံရေးတွင် လွှမ်းမိုးထားသောပါတီ ဖြစ်သည်။ သေနတ်သမားများမှာ မည်သူမည်ဝါ ဖြစ်ကြကြောင်း မသိရှိရသေးသော်လည်း ဧပြီလ ၉ ရက် ရွေး ကောက်ပွဲမတိုင်မီ နိုင်ငံရေးနှင့်နွယ်သော တိုက်ခိုက်မှုများ မကြာခဏ ဖြစ်ပွားလျက်ရှိသည်ဟု ရဲ

အိန္ဒိယနှင့်ဆက်ဆံရေး တင်းမာလာပြီးနောက် သံအမတ်ကြီးရာထူးမှနုတ်ထွက် အေအက်ဖ်ပီ ၀ါရှ...

အိန္ဒိယနှင့်ဆက်ဆံရေး တင်းမာလာပြီးနောက် သံအမတ်ကြီးရာထူးမှနုတ်ထွက် အေအက်ဖ်ပီ ၀ါရှင်တန်၊ ဧပြီ ၁ နယူးယောက်မြို့တွင် အိန္ဒိယသံတမန်တစ်ဦးကို ဖမ်းဆီးခဲ့သည့်ဖြစ်ရပ် နောက်ဆက်တွဲအဖြစ် ပုံမှန်အားဖြင့် ရင်းနှီးကျွမ်းဝင်သော ဆက်ဆံမှုရှိခဲ့ကြသည့် အမေရိကန်နှင့် အိန္ဒိယနှစ်နိုင်ငံအကြား အကြီးအကျယ် သဘောထားကွဲလွဲမှုများ ဖြစ်ပေါ်ခဲ့ပြီးနောက် အိန္ဒိယနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးသည် ရာထူးမှ နုတ်ထွက်သွားခဲ့သည်ဟု ဧပြီ ၁ ရက်က အေအက်ဖ်ပီ သတင်းတွင် ဖော်ပြထားသည်။ ယခင်က အမေရိကန်နိုင်ငံမှ ပြည်ဝင်ခွင့်ဗီဇာ ပိတ်ပင်ခြင်းခံထားခံခဲ့ရသူ နာရင်ဒရာမိုဒီအမည်ရှိ ဟိန္ဒူ အမျိုးသားရေးဝါဒီ အတိုက်အခံခေါင်းဆောင် အနိုင်ရလိမ့်မည်ဟု ခန့်မှန်းထားကြသည့် အိန္ဒိယနိုင်ငံ အ ထွေထွေ ရွေးကောက်ပွဲကြီးမတိုင်မီရက်အနည်းငယ်အလိုတွင် ၀ါရင့်သံအမတ်ကြီး နင်စီပါဝဲလ်က ရာထူး မှနုတ်ထွက်ကြောင်း ကြေညာခဲ့ခြင်းဖြစ်သည်။ ပါဝဲလ်သည် ၎င်းနုတ်ထွက်ရသည့်အကြောင်းရင်းနှင့် ပတ် သက်ပြီး အသေးစိတ် မပြောကြားခဲ့သော်လည်း နုတ်ထွက်ရန် သူမ၏ ဆုံးဖြတ်ချက်ကိုအချိန်ယူပြီး အစီ အစဉ်ချမှတ်ခဲ့သည်ဟု အကျဉ်းချုပ် ကြေညာချက်တွင် ဖော်ပြထားသည်။ သူမသည် မေလကုန်တွင် ရာထူးမှ အနားယူမည်ဖြစ်ပြီး အမေရိကန် ပြည်ထော

အန္တာတိတ်တွင် ဂျပန် ဝေလငါးဖမ်းနေသည်ကိုရပ်တန့်ရန် အမိန့်ချမှတ် ဘီဘီစီ တိုကျို၊ ဧ...

အန္တာတိတ်တွင် ဂျပန် ဝေလငါးဖမ်းနေသည်ကိုရပ်တန့်ရန် အမိန့်ချမှတ် ဘီဘီစီ တိုကျို၊ ဧပြီ ၁ ကုလသမဂ္ဂ နိုင်ငံတကာ တရားရုံးက အန္တာတိတ်ဒေသတွင် ဂျပန်နိုင်ငံက ဝေလငါးဖမ်းနေသည့် အစီအစဉ် များကို ရပ်တန့်ရန် အမိန့်ချမှတ်ခဲ့သည်ဟု ဧပြီ ၁ ရက်က ဘီဘီစီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။ ဂျပန် အစိုးရ ကြေညာထားသကဲ့သို့ သိပ္ပံစမ်းသပ်မှုများအတွက် မဟုတ်ကြောင်း၊ ၂၀၁၀ ပြည့်နှစ် မေလက သြစတြေးလျနိုင်ငံက တိုင်တန်းသတင်းပို့ချက်ကို ကုလသမဂ္ဂအဖွဲ့ကြီးက သဘောတူထောက်ခံသဖြင့် ယင်း ကဲ့သို့ အမိန့်ထုတ်ရခြင်း ဖြစ်သည်။ ဂျပန်၏အစီအစဉ်မှာ ဟန်ဆောင်စီးပွားရေးလုပ်ငန်းတစ်ခု ဖြစ်ကြောင်း သြစတြေးလျအစိုးရက စောဒကတက်ခဲ့သည်။ တရားရုံးဆုံးဖြတ်ချက်ကို လိုက်နာမည်ဖြစ်ကြောင်း ဂျပန် အစိုးရက ပြောကြားခဲ့ပြီး အဆိုပါ ဆုံးဖြတ်ချက်ကြောင့် စိတ်ပျက်မိကြောင်းလည်း ထည့်သွင်း ပြောကြားခဲ့ သည်။ နိုင်ငံတကာ တရားရုံး ဆုံးဖြတ်ချက်သည် မလိုက်နာသူများအား အပြစ်ပေးပိုင်ခွင့်ရှိသည့် ဆုံးဖြတ်ချက် ဖြစ် သည်။ သြစတြေးလျ၏ တရားစွဲဆိုသည့် လုပ်ရပ်မှာ ယင်းတို့၏ ယဉ်ကျေးမှု အစဉ်အလာများကို ဂျပန် နိုင်ငံအပေါ် အတင်းအဓမ္မသွတ်သွင်းခြင်းဖြစ်ကြောင်း ဂျပန်က စွပ်စွဲခဲ့သည်။ စီရင်ချက်ကို ဖတ်ကြားခဲ့သည့် တရားသူကြီး

မြောက်ကိုရီးယားအား လက်တုံ့ပြန်ခြင်းကို တောင်ကိုရီးယား ကာကွယ်ပြောဆို အေအက်ဖ်ပီ...

မြောက်ကိုရီးယားအား လက်တုံ့ပြန်ခြင်းကို တောင်ကိုရီးယား ကာကွယ်ပြောဆို အေအက်ဖ်ပီ ဆိုးလ်၊ ဧပြီ ၁ အငြင်းပွားနေသော တောင်-မြောက်ကိုရီးယားရေပိုင်နက် နယ်နိမိတ်အနီးတွင် အမြောက်ဖြင့် အပြန် အလှန်ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ပြီးနောက် တောင်ကိုရီးယားက ယင်းတုံ့ပြန်မှုနှင့် ပတ်သက်ပြီး အခိုင်အမာ ကာကွယ်ပြောဆိုခဲ့သည်ဟု ဧပြီ ၁ ရက်က အေအက်ဖ်ပီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။ မြောက်ကိုရီးယားမှ မတ်လ ၃၁ တွင် အမြောက်ဖြင့် အကြိမ် ၅၀၀ ကို သုံးနာရီကြာပစ်လွှတ်ခဲ့ပြီး ထိုထဲမှ အမြောက်ဆန် ၁၀၀ ခန့်မှာ တောင်ကိုရီးယား ရေပိုင်နက်ထဲသို့ ကျရောက်ခဲ့သည်။ ယင်းဖြစ်ရပ်ဖြစ်ပြီးနောက် တောင်ကိုရီးယားမှ ချက်ချင်းပြန်လည်တုံ့ပြန်သောအားဖြင့် အမြောက်ဖြင့် အကြိမ် ၃၀၀ ခန့် ပြန်လည်ပစ်ခတ်ခဲ့သည်။ နှစ်ဖက်စလုံးမှ အမြောက်များ အပြန်အလှန်ပစ်ခတ်ခဲ့သော် လည်း ပင်လယ်ထဲသို့သာ ကျရောက်ခဲ့ပြီး မြေပြင် (သို့) စစ်ဘက်ဆိုင်ရာပစ်္စည်း များသို့ ထိခိုက်မှုမရှိခဲ့ချေ။ “ကျွန်တော်တို့အနေနဲ့ ပြန်လည်တုံ့ ပြန်တာက အခြေအနေပေါ်မူတည်ပြီး လုံလောက်မှုရှိတယ်လို့ ယုံ ကြည်တယ်” ဟု တောင်ကိုရီးယား ၀န်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ကင်မင်းဝိုက သတင်းထောက် များကို ပြောကြားခဲ့သည်။ “ကျွန်တော်တို့

ထိုင်းသေနတ်သမားများ ပစ်ခတ်မှုကြောင့် ဆန္ဒပြသူသေဆုံး အေအက်ဖ်ပီ ဘန်ကောက်၊ ဧပြီ ၁...

ထိုင်းသေနတ်သမားများ ပစ်ခတ်မှုကြောင့် ဆန္ဒပြသူသေဆုံး အေအက်ဖ်ပီ ဘန်ကောက်၊ ဧပြီ ၁ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် အင်္ဂါနေ့က အစိုးရဆန့်ကျင်ရေး ချီတက်ဆန္ဒပြနေသူများအား မည်သူမည် ၀ါမှန်း မသိရသော သေနတ်သမားများက ပစ်ခတ်ခဲ့ရာ အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူတစ်ဦး သေဆုံးသွား ခဲ့ကာ လေးဦး ဒဏ်ရာရရှိသွားခဲ့သည်ဟု ဧပြီ ၁ ရက်က အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။ ယခုဖြစ်ရပ်မှာ လွန်ခဲ့သောရက်သတ္တပတ်များအတွင်းတွင် ထိုင်းနိုင်ငံရေး ပဋိပက္ခကြောင့် ပထမဆုံးသေဆုံး မှုလည်းဖြစ်သည်။ ထိုင်းနိုင်ငံတွင် ပြီးခဲ့သည့်နှစ် နိုဝင်ဘာလက စတင်ခဲ့သော ဆန္ဒပြပွဲများအတွင်းတွင် သေဆုံးသူ စုစုပေါင်း ၂၄ ဦးရှိသွားပြီဖြစ်ကာ လူပေါင်းများစွာ ဒဏ်ရာရရှိခဲ့သည်။ ထိုင်းဝန်ကြီးချုပ်ယင်လပ်အား ရာထူးအာဏာမှ ဖြုတ်ချနိုင်ရေးအတွက် ဆန္ဒပြကြခြင်း ဖြစ်သည်။ from Mizzima - News in Burmese's Facebook Wall http://ift.tt/PhrFeT

ယူကရိန်းနယ်စပ်မှ ရုရှတပ်များရုပ်သိမ်း အေအက်ဖ်ပီ ဘာလင်၊ ဧပြီ ၁ ရုရှယူကရိန်း နယ...

ယူကရိန်းနယ်စပ်မှ ရုရှတပ်များရုပ်သိမ်း အေအက်ဖ်ပီ ဘာလင်၊ ဧပြီ ၁ ရုရှယူကရိန်း နယ်စပ်ဒေသတစ်ခုမှ ရုရှတပ်များ တစ်စိတ်တစ်ဒေသ ရုပ်သိမ်း ရန် ရုရှသမ္မတ ဗလာဒီမာ ပူတင်က အမိန့်ပေးခဲ့ကြောင်း ဗလာဒီမာပူတင်က ဂျာမန်ဝန်ကြီးချုပ် အန်ဂျယ်လာမာကယ်လ်အား အကြောင်းကြားခဲ့သည်ဟု ဂျာမနီဝန်ကြီးချုပ် ရုံးက ဆိုသည်ဟု ဧပြီ ၁ ရက်က အေအက်ဖ်ပီသတင်းတွင် ဖော်ပြထားသည်။ ထို့ပြင် ခေါင်းဆောင်နှစ်ဦးသည် ယူကရိန်းနှင့် ထရန်စ်ဒ်နစ္စတာဒေသရှိ အခြေအနေများ တည်ငြိမ်လာစေ ရန်အတွက် နောက်ထပ်ဖြစ်နိုင်ခြေခြေလှမ်းများလှမ်းရန်လည်း ဆွေးနွေးခဲ့ကြသည်ဟု ဂျာမနီ အဓိပတိ အန်ဂျယ်လာမာကယ်လ်၏ ပြောရေးဆိုခွင့်ရှိသူ စတက်ဖန်ဆိုင်းဘာ့ထ်က ကြေညာချက်တစ်စောင်ထဲတွင် ဆိုထားသည်။ ထရန်စ်ဒ်နစ္စတာဒေသမှာ မော်လ်ဒိုဗာ နိုင်ငံမှခွဲထွက်ထားသော ဒေသဖြစ်ပြီး၊ ရုရှဘာသာစကားပြောဆို သူ အများအပြား ရှိသောဒေသ ဖြစ်သည်။“ခေါင်းဆောင်နှစ်ဦးသည် မကြာခဏဆက်သွယ်ရန် သဘော တူခဲ့ကြသည်” ဟုလည်း ကြေညာချက်ထဲတွင် ပါရှိသည်။ ယူကရိန်းနယ်စပ်မှ ရုရှတပ်ရင်းတစ်ရင်းကို ရုပ် သိမ်းခဲ့ကြောင်း ရုရှကာကွယ်ရေးဝန်ကြီးဌာနက တနင်္လာနေ့က ထုတ်ပြန်ခဲ့သော်လည်း တင်းမာမှုများကို လျှော့ချရန်အတွက် ရုရှတပ်များ နောက်ထပ် ရုပ်သိမ်းရန်ရှိမရှိ ရ

ကမ္ဘာ့သတင်းတိုများ တရုတ်ထိပ်တန်းစစ်အရာရှိတစ်ဦးကို အရေးယူ တရုတ် ထိပ်တန်းစစ်တပ်အ...

ကမ္ဘာ့သတင်းတိုများ တရုတ်ထိပ်တန်းစစ်အရာရှိတစ်ဦးကို အရေးယူ တရုတ် ထိပ်တန်းစစ်တပ်အရာရှိ တစ်ဦးဖြစ်သူ ဂူကျန်ဆန်းအား အကျင့်ပျက်ခြစားမှုဖြင့် အရေးယူခဲ့ ကြောင်း ဧပြီ ၁ ရက်က ရိုက်တာ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။ ယင်းဖြစ်ရပ်မှာ ၂၀၀၆ ခုနှစ် တွင် အလွဲသုံးစား ပြုလုပ်မှုများကြောင့် အရေးယူခံခဲ့ရသည့် ဒုတိယရေတပ်ဗိုလ်ချုပ်ကြီးအား ထောင် ဒဏ်တစ်သက်တစ်ကျွန်း ချမှတ်ပြီးနောက်ပိုင်း နိုင်ငံ၏အဆင့်မြင့် စစ်တပ်အရာ ရှိတစ်ဦးကို အရေးယူမှု ဖြစ်သည်။ မာမီဝက်ဝံရုပ်ကြွင်းတစ်ခုတွေ့ရှိ ရှေးဟောင်းသုတေသီများမှ အီဂျစ်ရှိ သင်္ချိုင်းဂူတစ်ခုအတွင်း သက်တမ်းအရင့်ဆုံးအဖြစ် သတ်မှတ်နိုင်သည့် နှစ်ပေါင်း ၃၀၀၀ သက်တမ်းရှိ မာမီဝက်ဝံရုပ်ကြွင်းတစ်ခုကို တွေ့ရှိခဲ့သည်ဟု ဧပြီ ၁ ရက်က အိပ်ပရက် သတင်းစာ၏ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။ ယင်းကဲ့သို့ တွေ့ရှိခဲ့ခြင်းကြောင့် ရှေးခေတ်အီဂျစ်များအနေဖြင့် ကစားစရာအရုပ်များကို ညဘက်သိမ်းထား ရုံတင်မက ကိုးကွယ်မှုများပင်ရှိနိုင်ကြောင်း ခန့်မှန်းထားကြသည်။ နာဇီသိမ်းယူထားသည့်ပန်းချီကား ပြန်ပေး ဂျာမနီနာဇီများက ၁၉၃၉ ခုနှစ် တွင် ပိုလန်အမျိုးသားပြတိုက်မှ သိမ်းယူထားသော ၁၈ ရာစုပန်းချီကားကို ဂျာမနီတို့က ပြန်လည်ပေးအပ်ခဲ့သည်ဟု ဧပြီ

မွတ်စလင်ညီအစ်ကိုတော်များအဖွဲ့က အကြမ်းဖက် လုပ်ရပ်များပြုလုပ်ရန် စီစဉ်နေဟု ဗြိတိန်...

မွတ်စလင်ညီအစ်ကိုတော်များအဖွဲ့က အကြမ်းဖက် လုပ်ရပ်များပြုလုပ်ရန် စီစဉ်နေဟု ဗြိတိန်ပြော အေအက်ဖ်ပီ လန်ဒန်၊ ဧပြီ ၁ မွတ်စလင် ညီအစ်ကိုတော်များအဖွဲ့သည် ဗြိတိန်တွင် အစွန်းရောက်လှုပ်ရှားမှုများပြုလုပ်ရန် စီစဉ်နေသည်ဟု ယူဆရသ ဖြင့် ထိုအဖွဲ့အပေါ် စုံစမ်းစစ်ဆေးမှုတစ်ရပ် ပြုလုပ်ရန် ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကမ်မရွန်းက အမိန့်ပေးထားကြောင်း ဒေါင်း နင်းလမ်းရှိ ၀န်ကြီးချုပ်ရုံးက သတင်းထုတ် ပြန်ခဲ့သည်ဟု ဧပြီ ၁ ရက်က အေအက်ဖ်ပီ သတင်းတွင် ဖော်ပြထားသည်။ မွတ်စလင်ညီအစ်ကိုတော်များအဖွဲ့၏ ခံယူချက်၊ လှုပ်ရှားမှုများနှင့် ဗြိတိန်တွင် ထိုအဖွဲ့၏ ခြိမ်းခြောက်နိုင်ခြေ အလားအလာများနှင့်ပတ်သက်သော သတင်းအချက်အလက်များကို စုဆောင်းကြရန် ဗြိတိန်ဝန်ကြီးချုပ်က ထောက်လှမ်းရေး အေဂျင်စီများအား အမိန့်ပေးထားသည်။ မွတ်စလင် ညီအစ်ကိုတော်များအဖွဲ့ခေါင်းဆောင်များသည် အီဂျစ်အကျပ်အတည်းကို တုံ့ပြန်ရေးအတွက် ဆုံးဖြတ်ရန် ပြီးခဲ့သည့်နှစ်က လန်ဒန်တွင် တွေ့ဆုံခဲ့ကြကြောင်း သတင်းများထွက်ပေါ်လာခဲ့သဖြင့် ဗြိတိန် အစိုးရက ထိုကဲ့သို့ အမိန့်ပေးရခြင်း ဖြစ်သည်။ အီဂျစ်တွင် မွတ်စလင် ညီအစ်ကိုတော်များအဖွဲ့၏ ခေါင်း ဆောင်တစ်ဦး ဖြစ်သူ မိုဟာမက်မော်စီသမ္မတရာထူးမှ ပြုတ်ကျသွားခဲ့ပြီးေ

အီဘိုလာဗိုင်းရပ်စ် ထိန်းချုပ်ရန် ပိုမိုခက်ခဲလာနေ အေအက်ဖ်ပီ ကိုနာကရီ၊ ဧပြီ ၁ ဂ...

အီဘိုလာဗိုင်းရပ်စ် ထိန်းချုပ်ရန် ပိုမိုခက်ခဲလာနေ အေအက်ဖ်ပီ ကိုနာကရီ၊ ဧပြီ ၁ ဂီနီနိုင်ငံတွင် အီဘိုလာဗိုင်းရပ်စ်ပိုး ကူးစက်ခံရသဖြင့်လူ ၇၈ ဦး သေဆုံးခဲ့ပြီးဖြစ်ကြောင်း ဆေးဝါးအထောက် အပံ့ပေးနေသည့် လုပ်ငန်းအဖွဲ့အစည်းတစ်ခုက ပြောကြားခဲ့သည်ဟု ဧပြီ ၁ ရက်က အေအက်ဖ်ပီသတင်း တစ်ရပ်တွင် ဖော်ပြထားသည်။ ဗိုင်းရပ်စ်မှာ တစ်နိုင်ငံလုံးအနှံ့ ကူးစက်နေပြီးဖြစ်သဖြင့် ထိန်းချုပ်ရန် အလွန်ခက်ခဲကြောင်း နယ်စည်းမထား ဆရာဝန်များအဖွဲ့မှ အရာရှိတစ်ဦးက ပြောကြားခဲ့သည်။ အာဖရိကတိုက် အနောက်ဘက်ခြမ်းရှိ ဂီနီနိုင်ငံ တွင် တစ်နေရာနှင့်တစ်နေရာ ကီလိုမီတာရာနှင့်ချီ ဝေးလံခေါင်ဖျားသော အရပ်များတွင် ယင်းဗိုင်းရပ်စ် ပျံ့နှံ့ မှုကြောင့် ရောဂါတိုက်ဖျက်ရေးအတွက် အခက်အခဲ ကြုံနေရသည်။ အီဘိုလာ ရောဂါပိုးမှာ လူလူချင်း နီးနီးကပ်ကပ် ဆက်ဆံမှုမှကူးဆက်နိုင်ပြီး ကူးစက်ခံရသူ ၂၅ ရာခိုင်နှုန်းမှ ၉၀ ရာခိုင်နှုန်း ထိသေစေနိုင်သော ရောဂါဖြစ်သည်။ ရောဂါပျံ့နှံ့ပုံအရ ဂီနီနိုင်ငံတွင် မကြုံစဖူးကြီးမားသော ကပ်ရောဂါဘေးဆိုးနှင့် ရင်ဆိုင်နေရကြောင်း ဂီနီနိုင်ငံထောက်ပံ့ရေးအဖွဲ့ ညှိနှိုင်းဆောင်ရွက်ရေးမှူး မာရီယာ နိုလူဂလီက ပြောကြားခဲ့သည်။ ရောဂါဖြစ်ပွားနေသည့် နေရာများမှာ သွားလာရေး

ဆိုင်ကယ်စီးပြီး လုယက်မှု ရန်ကုန်တွင် ထပ်မံဖြစ် ဇော်ဇော်ထွေး စက်ဘီးခြင်းအတွင်း ထ...

ဆိုင်ကယ်စီးပြီး လုယက်မှု ရန်ကုန်တွင် ထပ်မံဖြစ် ဇော်ဇော်ထွေး စက်ဘီးခြင်းအတွင်း ထည့်ထားသည့် ပိုက်ဆံအိတ်ကို ဆိုင်ကယ်စီးအမျိုးသား နှစ်ဦးက လုယူထွက်ပြေး သဖြင့် အရေးယူပေးရန်တိုင်ကြားမှုကို ဒဂုံမြို့သစ်မြောက်ပိုင်းရဲစခန်းက အမှုဖွင့်ဆောင်ရွက်နေသည် ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့က ဧပြီ ၁ ရက်တွင် သတင်းထုတ်ပြန်ထားသည်။ မတ်လ ၂၉ ရက်ည ၈ နာရီက ဒဂုံမြို့သစ်မြောက်ပိုင်းနေ ဒေါ်တင်တင်ထွေးသည် မြောက်ဥက္ကလာပမြို့ နယ် (ဃ) ရပ်ကွက်ရှိ မိခင်ဖြစ်သူ နေအိမ်သို့ စက်ဘီးဖြင့်သွားစဉ် လုယက်ခံရခြင်း ဖြစ်သည်။ မြောက်ဥက္ကလာပမြို့နယ် သုနန်္ဒာလမ်းဆုံမီးပွိုင့်အလွန် အရောက်တွင် ဆိုင်ကယ်စီးနင်းလာသူ အမျိုးသား နှစ်ဦးက နောက်မှလိုက်လာပြီးစက်ဘီးရှေ့ခြင်းတွင် ထည့်ထားသည့် စလင်းဘက်အိတ်ကို နှိုက်ယူ ထွက်ပြေးသွားသည်ဟု ဆိုသည်။ စလင်းဘက်အိတ်အတွင်း ထည့်ထားသည့် ငွေကျပ် ငါးသိန်းနှင့်ဆင်းကတ်ပါ လက်ကိုင်ဖုန်းတစ်လုံးတို့ လုယက်ခံရသည့်အတွက် စုံစမ်းဖော်ထုတ်အရေးယူပေးရန် ဒေါ်တင်တင်ထွေးက အမှုဖွင့်တိုင်တန်းခြင်း ဖြစ်သည်။ ယင်းတိုင်တန်းမှုကို ရဲစခန်းက (ပ) ၂၅၀/၂၀၁၄ ဖြင့် အမှုဖွင့်ပြီး ပြစ်မှုပုဒ်မ ၃၇၉ ဖြင့် အရေးယူရန် စုံစမ်း ဖော်ထုတ်လျက်ရှိသည်။ အလားတူ အောင်ဇေယျကြိုးတံတားတွင်လ

ကားပွဲစားကို အလွဲသုံးစားမှုဖြင့် ကားအရောင်းကုမ္ပဏီက အမှုဖွင့် ဇော်ဇော်ထွေး ကားအရေ...

ကားပွဲစားကို အလွဲသုံးစားမှုဖြင့် ကားအရောင်းကုမ္ပဏီက အမှုဖွင့် ဇော်ဇော်ထွေး ကားအရောင်း ကုမ္ပဏီတစ်ခုမှ ပွဲစားဖြစ်သူကို မော်တော်ကားများနှင့် လိုင်စင်လျှောက်ရမည့် ငွေများအလွဲ သုံးစားလုပ်မှုဖြင့် အမှုဖွင့်ထားရာ မင်္ဂလာတောင်ညွန့် ရဲစခန်းက မတ်လ ၃၁ တွင် စစ်ဆေးနေသည်ဟု တိုင်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။ မင်္ဂလာတောင်ညွန့်မြို့နယ် သပြေကုန်းရပ်ကွက်တွင် နေထိုင်သည့် Best Auto ကုမ္ပဏီမှ ဒါရိုက်တာဖြစ်သူ ဒေါ်မာလာက အမှုဖွင့်တိုင်တန်းထားသည်ဟု ဆိုသည်။ ၎င်းကုမ္ပဏီ၏ ကားပွဲစားဖြစ်သူ ဦးကျော်ဆွေ (စိစစ်ဆဲ) ဆိုသူထံသို့ ကျပ် ၁၃၅ သိန်းတန် VANETTE VAN ယာဉ်နှင့် ဇန်န၀ါရီ ၂၅ တွင် တန်ဖိုးကျပ်သိန်း ၁၉၀ တန် HILUX DOUBLE CAB ယာဉ်တို့ကို ရောင်းချရန် အတွက် ယုံကြည်စွာအပ်နှံထားခဲ့သည်ဟု ဆိုသည်။ ဇန်န၀ါရီ ၃ ရက်ကလည်း နီဆန်းမတ်ရှ် ယာဉ်နှင့် တိုရိုတာ ပရိုဘောက်ယာဉ် ငါးစီးအတွက် ကညနတွင် လုပ်ငန်းလိုင်စင်လျှောက်ရန် အမှုတွဲဖိုင်( တစ်ဖိုင်လျှင် ကျပ်သိန်း ၂၀ နှုန်းဖြင့်) စုစုပေါင်းကျပ်သိန်း ၁၂၀ တို့ကိုကိုကျော်ဆွေက ယူဆောင်ထားခဲ့သည်ဟု ရဲထံ ထွက်ဆိုထားသည်။ သို့သော် အဆိုပါ ကားတန်ဖိုးငွေများကို ပြန်လည်ပေးသွင်းခြင်း မရှိဘဲ စုစုပေါင်း တန်ဖိုး ကျပ် ၄၄၅ သိန်းအား အ

လူနာများ နှစ်ဆတိုးလာသော်လည်း --------------------------- ‘‘လူနာ အဖျားအရမ်းတက်နေ...

လူနာများ နှစ်ဆတိုးလာသော်လည်း --------------------------- ‘‘လူနာ အဖျားအရမ်းတက်နေလို့ သွားခေါ်တယ်။ ဒါပေမဲ့ ဆရာဝန်က မြွေကိုက်တဲ့လူနာကို ဦးစားပေးပြီး ကုနေရတယ်။ ဟိုဘက်လူနာကို ကိုယ်ချင်းစာပေမယ့် တစ်ခုခုဖြစ်သွားမလားဆိုပြီးတော့ စိုးရိမ်တယ်’’ဟု အင်းစိန်အထွေထွေရောဂါကုဆေးရုံကြီးတွင် အသည်းရောဂါဖြင့် ဆေးရုံတက်နေရသူ ဦးလေးဖြစ်သူကို လူနာစောင့်အဖြစ် လာရောက်နေသူ ကိုဇော်ကြီးက ယခုရက်ပိုင်းအတွင်း သူကြုံတွေ့ခဲ့ရသည်များကို ပြောပြနေခြင်းဖြစ်သည်။ သတင်းဆောင်းပါးအပြည့်အစုံ..... http://ift.tt/1h0Iear လူနာများ နှစ်ဆတိုးလာသော်လည်း | 7Day News Journal - ၇ ရက် သတင်းဂျာနယ် 7daynewsjournal.com ရဲနောင်၊ ယမင်း၊ ဇွဲဉာဏ် ‘‘လူနာ အဖျားအရမ်းတက်နေလို့ သွားခေါ်တယ်။ ဒါပေမဲ့ ဆရာဝန်က မြွေကိုက်တဲ့လူနာကို ဦးá€... from 7Day News Journal's Facebook Wall http://ift.tt/PgrH6l

ဗိုလ်ကြီးဟောင်း နေမျိုးဇင်နှင့် တောင်သူလယ်သမားအရေး ဆောင်ရွက်သူ ဦးဝင်းချိုတို့ကိ...

ဗိုလ်ကြီးဟောင်း နေမျိုးဇင်နှင့် တောင်သူလယ်သမားအရေး ဆောင်ရွက်သူ ဦးဝင်းချိုတို့ကို ထောင်သုံးလချ ရန်ကုန်၊ ဧပြီ ၁ မြန်မာ့လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေး ကွန်ရက်၏ ဥက္ကဋ္ဌ ဗိုလ်ကြီးဟောင်း နေမျိုးဇင်နှင့် တောင်သူလယ်သမားအရေး ဆောင်ရွက်သူ ဦးဝင်းချိုတို့ကို ကျောက်တံတားမြို့နယ် တရားရုံးက ဧပြီလ ၁ ရက်နေ့တွင် ထောင်ဒဏ်သုံးလ ချမှတ်လိုက်ကြောင်း ဦးနေမျိုးဇင်က ပြောကြားသည်။ ဇန်နဝါရီလ ၁၈ ရက်နေ့က ရန်ကုန်မြို့ ဗန္ဓုလပန်းခြံတွင် ခွင့်ပြုချက် မရဘဲ တောင်သူလယ်သမားအရေး ဆန္ဒထုတ်ဖော်မှုများတွင် ပါဝင်ခဲ့သည့်အတွက် ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်း လှည့်လည်ခြင်း ဆိုင်ရာ ဥပဒေပုဒ်မ ၁၈ ဖြင့် တရားစွဲဆို ခံရခြင်း ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။ “ဟုတ်ပါတယ်။ အခုပဲ အချုပ်ကားပေါ် တက်တော့မလို့ပါ” ဟု ဗိုလ်ကြီးဟောင်း နေမျိုးဇင်က The Voice ၏ ဆက်သွယ်မေးမြန်းမှုကို ပြန်လည် ဖြေဆိုသည်။ ငွေဒဏ် သို့မဟုတ် ထောင်ဒဏ် ချမှတ်နိုင်သော အဆိုပါ ပုဒ်မအတွက် ဦးနေမျိုးဇင်နှင့် ဦးဝင်းချိုတို့ကို ထောင်ဒဏ်တစ်မျိုးတည်းသာ ချမှတ်ခဲ့ကြောင်း မြန်မာလူမှုဘဝကွန်ရက် အတွင်းရေးမှူးက ဆိုသည်။ နိုင်ငံတည်ဆောက်ရေး ကဏ္ဍတွင် ပြည်သူလူထု ပူးပေါင်း ပါဝင်ရန် နိုင်ငံတော်သမ္မ

မော်တော်ယာဉ် ‘၁က’ အက္ခရာများ ဧပြီ ၄ စအပ်ခွင့်ပြုမည် ရန်ကုန်၊ ဧပြီ ၁ မော်တော်ယာဥ...

မော်တော်ယာဉ် ‘၁က’ အက္ခရာများ ဧပြီ ၄ စအပ်ခွင့်ပြုမည် ရန်ကုန်၊ ဧပြီ ၁ မော်တော်ယာဉ်အို ယာဉ်ဟောင်း အပ်နှံခွင့်ပြုသည့် စနစ်အရ ဧပြီလအတွင်း သက်တမ်းနှစ် ၂၀ ကျော်လွန်မည့် ‘၁က’ အက္ခရာ မော်တော်ယာဉ်များကို ဧပြီလ ၄ ရက်နေ့မှ စတင်အပ်နှံခွင့်ပြုမည် ဖြစ်ကြောင်း ရထားပို့ဆောင်ရေး ဝန်ကြီးဌာနက ထုတ်ပြန် ကြေညာသည်။ ‘၂က’ အက္ခရာ များကိုလည်း အောက်တိုဘာလ ၆ ရက်နေ့မှစတင်၍ အပ်နှံခွင့်ပြုမည် ဖြစ်ကြောင်း ယင်းကြေညာချက်တွင် ဖော်ပြထားသည်။ ‘အ’ အက္ခရာများကို အောက်တိုဘာလ ၂၉ ရက်နေ့မှ စတင်အပ်နှံခွင့်ပြုခဲ့ခြင်း ဖြစ်ပြီး ခြောက်လခန့် ကြာမြင့်ခဲ့သော်လည်း နံပါတ်အားလုံး ကုန်ဆုံးသည်အထိ လာရောက် အပ်နှံခြင်း မရှိသေးကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနထံမှ သိရသည်။ အဆိုပါ ‘အ’ အက္ခရာများမှာ အပ်နှံရန် အစီးရေ ၈၆၁၈ စီးရှိပြီး မတ်လ ၂၈ ရက်နေ့ထိ လာရောက် အပ်နှံထားသော အစီးရေမှာ ၇၂၄၇ စီးရှိကာ ၁၃၇၁ စီး အပ်နှံရန် ကျန်ရှိကြောင်း ယာဉ်အိုယာဉ်ဟောင်း ဌာန၏ စာရင်းဇယားများအရ သိရသည်။ လတ်တလော မော်တော်ယာဉ် ဈေးကွက်အတွင်း ‘အ’ အက္ခရာ မော်တော်ယာဉ်များ ကုန်ဆုံးလုနီး ဖြစ်ပေါ်နေခြင်းကြောင့် စလစ်ဈေးများ မြင့်တက်လျက် ရှိပြီး စလစ်ဖျက်သိမ်းမည်ဆိုသော သတင်းမျာြးေ

ရွှေအများပိုင် ကုမ္ပဏီက ၂၀၀ ဂရမ်ရွှေပြားသစ်များ ထုတ်မည်

ရန်ကုန်၊ ဧပြီ ၁မြန်မာ့ရွှေ ဖွံ့ဖြိုး တိုးတက်ရေး အများပိုင် ကုမ္ပဏီက အလေးချိန်ပိုများသည့် ၅၀ ဂရမ်၊ ၁၀၀ ဂရမ်၊ ၂၀၀ ဂရမ် ရွှေပြားများ ထုတ်လုပ်သွားမည် ဖြစ်ကြောင်း ယင်းကုမ္ပဏီမှ အုပ်ချူပ်မှု ဒါရိုက်တာ ဦးကျော်ဝင်းက ပြောကြားသည်။ အဆိုပါ ရွှေပြားများ ဈေးကွက်အတွင်း ထုတ်လုပ် ဖြန့်ချိနိုင်ရန် ရွှေပြားထုတ် စက်သစ်များကို ပြည်ပမှ မှာယူထားကြောင်း မြန်မာ့ရွှေ ဖွံ့ဖြိုးတိုးတက်ရေး ကုမ္ပဏီထံမှ သိရသည်။ “၁၀၀ ဂရမ်တို့၊ ၂၀၀ ဂရမ်တို့ လုပ်ဖို့အတွက် ခုချိန်က ကုန်ကြမ်းရှားနေသေးလို့ ကုန်ကြမ်းပေါတဲ့ အချိန်လောက် ကျမှထုတ်ဖို့။ ကြိုတင်ရအောင် ခုကတည်းက ပြည်ပကနေ ရွှေထုတ်လုပ်တဲ့စက်တွေ မှာထားပါတယ်” ဟု ၎င်းကဆိုသည်။ လက်ရှိ ထုတ်လုပ်နေသည့် ၂ ဒသမ ၅ ဂရမ်နှင့် ၅ ဂရမ် ရွှေပြားများအတွက် ကုန်ကြမ်းကို ပြည်တွင်း အခေါက်ရွှေဈေးကွက် အတွင်းမှ ဝယ်ယူ စုဆောင်းပြီး ၉၉ ဒသမ ၉၉ နိုင်ငံတကာ အရည်အသွေး ပြည့်မီသည့် ရွှေပြားပြုလုပ်ကာ ပြန်လည် ရောင်းချနေကြောင်း ၎င်းတို့၏ အဆိုအရ သိရသည်။ ယင်းဂရမ်ပြားများကို တစ်နေ့ အပြား ၄၀၀ ထိ ဈေးကွက်အတွင်း ရောင်းချနေပြီး မေလတွင် ကိုယ်စားလှယ်များ ခန့်အပ်ကာ ဈေးကွက် ထပ်မံတိုးချဲ့သွားမည်ဟု အဆိုပါ အများပိုင်ကုမ္ပဏီက ကြေညာထားသည်။ ပြည်တွင်းေ

လေပြင်းတိုက်ခတ်မှုကြောင့် ကန့်ဘလူမြို့နယ် လူနေအိမ် ၁၁ လုံးပျက်စီး ကိုတိုးကြီး စ...

လေပြင်းတိုက်ခတ်မှုကြောင့် ကန့်ဘလူမြို့နယ် လူနေအိမ် ၁၁ လုံးပျက်စီး ကိုတိုးကြီး စစ်ကိုင်း(မဇ္ဈိမ)။ ။ ဧပြီလ ၁ ရက် ညနေ ၆ နာရီခွဲခန့်က လေပြင်းတိုက်ခိုက်မှုဖြစ်ခဲ့သည့် စစ်ကိုင်းတိုင်း ၊ ရွှေဘိုခရိုင်၊ ကန့်ဘလူမြို့နယ်၊ ပင်းတဲကျေးရွာတွင် လူနေအိမ် ၁၁ လုံးပျက်စီးဆုံးရှုံးခဲ့သည်ဟု မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးရုံးရှိ ရုံးဝန်ထမ်းတစ်ဦးက ပြောသည်။ နာရီဝက်ကျော်ကြာ တိုက်ခတ်သွားသည့် လေပြင်းကြောင့် ဦးလှကျော်၊ ကိုကျော်သက်နိုင်၊ ဦးဆန်းလင်း၊ ဦးမင်းဇော်၊ ဦးစိန်လင်း၊ ဦးမောင်တင့်၊ ဦးဝင်း၊ ဦးထူး၊ ဦးစံတင်၊ ဒေါ်တင်ငွေနှင့် ဒေါ်အေးရွှေ၊ တို့၏ နေအိမ်များပျက်စီးသွားသည်ဟု ပင်းတဲကျေးရွာ အုပ်ချူပ်ရေးမှူးရုံး၏ မှတ်တမ်းများတွင် ဖော်ပြထားသည်။ လူနှင့် တိရစ္ဆာန်များအသေအပျောက်မရှိခဲ့သော်လည်း ပင်းတဲနယ်မြေရဲကင်းစခန်းရှိနေအိမ်တန်းလျားသွပ်မိုး များ အများအပြား ပျက်စီးဆုံးရှုံးခဲ့သည်ဟုဆိုသည်။ from Mizzima - News in Burmese's Facebook Wall http://ift.tt/1pICoMe

မော်လမြိုင်ခရိုင်တွင် တပ်မတော်က သိမ်းယူခဲ့သော လယ်မြေဧက၂၀၀၀ ကျော် စွန့်လွှတ်မည်

မော်လမြိုင် ဧပြီ ၁တပ်မတော် အစိုးရလက်ထက်၌ မော်လမြိုင်ခရိုင် ခြောက်မြို့နယ်အတွင်း တပ်ရင်းပေါင်း ၃၂ ခုက သိမ်းဆည်းခဲ့သော လယ်မြေများအနက် ဆက်လက် လုပ်ကိုင်ခြင်း မရှိတော့သည့် လယ်မြေ ၂၃၈၀ ဒသမ ၈၅ ဧကကို မူရင်း လယ်ပိုင်ရှင်များထံ ပြန်လည် ပေးအပ်ရန် စာရင်း ရောက်ရှိပြီ ဖြစ်ကြောင်း မော်လမြိုင်ခရိုင် အုပ်ချုပ်ရေးမှူး ဦးအောင်ချိုင်က ပြောကြားသည်။ တပ်မတော်က အသုံးမပြုသည့် လယ်မြေများကို မူရင်းလယ်ပိုင်ရှင်များထံ ပြန်လည် ပေးအပ်ရန် ၂၀၁၄ ခုနှစ် ဒီဇင်ဘာလကို နောက်ဆုံးထား ဆောင်ရွက်လျက်ရှိရာ မော်လမြိုင်ခရိုင် အနေနှင့်လည်း ၎င်းတို့ စွန့်လွှတ်သည့် လယ်မြေ စာရင်းများကို ရရှိထားပြီး ဖြစ်သောကြောင့် လယ်ပိုင်ရှင်များကို ရှာဖွေပြီး စက်တင်ဘာလအတွင်း အကြောင်းကြားမည်ဟု ၎င်းကဆိုသည်။ မော်လမြိုင်ခရိုင်အတွင်း ပြန်လည် ရရှိသည့် လယ်မြေဒေသများမှာ ချောင်းဆုံမြို့နယ် ကွမ်လျာကျေးရွာနှင့် ဖံဖကျေးရွာရှိ လယ်မြေများ၊ မော်လမြိုင်မြို့နယ်မှ ရွှေမြိုင်သီရိ နယ်မြေနှင့် ကော့လျာရှိ လယ်မြေများ၊ ကျိုက်မရောမြို့နယ်မှ ခရုံဂူဘုရားဘေးရှိ လယ်မြေများ၊ မုဒုံမြို့နယ်မှ ဘဲရမ်းကျေးရွာ၊ ကွေ့ဝမ်းကျေးရွာ၊ ရောင်းဒေါင်း ကျေးရွာနှင့် တက်တဲကျေးရွာရှိ လယ်မြေများ၊ ရေးမြို့နယ်

INGO ဝန်ထမ်းများကို အကာအကွယ်ပေးရန် မြန်မာသမ္မတကို ဘန်ကီမွန်းတောင်းဆို

ရန်ကုန်၊ ဧပြီ ၁မြန်မာနိုင်ငံရှိ INGO ဝန်ထမ်းများ၏ လုံခြုံရေးအတွက် အကာအကွယ် ပေးရန်နှင့် ပိုင်ဆိုင်မှု များကိုလည်း စောင့်ရှောက်ပေးရန် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မြန်မာနိုင်ငံသမ္မတ ဦးသိန်းစိန်ကို မတ်လ ၃၀ ရက်နေ့က တယ်လီဖုန်းဖြင့် ဆက်သွယ်၍ တောင်းဆိုခဲ့ကြောင်း ကုလသမဂ္ဂက သတင်းထုတ်ပြန်ထားသည်။ ရခိုင်ပြည်နယ်တွင် လွန်ခဲ့သည့် ရက်ပိုင်းက ဖြစ်ပွားခဲ့သည့် INGO ရုံး၊ အဆောက်အအုံများ တိုက်ခိုက်ခံရမှုနှင့် ပတ်သက်၍ ပြောဆိုကြစဉ် ယင်းသို့ တောင်းဆိုခဲ့ခြင်း ဖြစ်သည်။ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များကို အကြောင်းပြ၍ ပြစ်ဒဏ် ကျူးလွန်မှုများကို လျစ်လျူမရှုရန် ဘန်ကီမွန်းက ပြောဆိုပြီး တရားဥပဒေ စိုးမိုးမှုကို လိုက်နာသည့် ပြည်သူအားလုံးကို အကာအကွယ် ပေးရန်လည်း တိုက်တွန်းထားသည်။ စစ်တွေတွင် ဖြစ်ပွားခဲ့သည့် INGO များ တိုက်ခိုက်ခံရမှုတွင် အစိုးရ တာဝန်ရှိသူများ၏ ကြိုတင်ကာကွယ် ဆောင်ရွက်မှုများကို ကြိုဆိုကြောင်း ဘန်ကီမွန်းက ပြောဆိုထားသည်။ ရခိုင်ပြည်နယ်တွင် လူသားချင်း စာနာမှုနှင့် လူ့အခွင့်အရေး အခြေအနေများတွင် စိုးရိမ်မှုများ ရှိနေသေးသဖြင့် ယင်းနေရာတွင် ကုလသမဂ္ဂ အပါအဝင် INGO များနှင့် အခိုင်အမာ ရှိနေစေရန် မြန်မာအစို