Skip to main content

မိုဘိုင်းလ်ဖုန်းဖြင့် သုံးနိုင်သည့် ကုတ်နံပါတ်သုံး ဘဏ်စနစ် စမ်းသပ်ပြီးဖြစ်ဟုဆို...



မိုဘိုင်းလ်ဖုန်းဖြင့် သုံးနိုင်သည့် ကုတ်နံပါတ်သုံး ဘဏ်စနစ် စမ်းသပ်ပြီးဖြစ်ဟုဆို



ရန်ကုန်၊ ဧပြီ ၂



သမဝါယမဘဏ်က အကောင်အထည် ဖော်ထားသော Easi မိုဘိုင်းလ်ဘဏ် စနစ်တွင် USSD (ကုတ်နံပါတ်သုံး ဘဏ်စနစ်) ဖြင့် ငွေလွှဲပြောင်းခြင်းများ၊ ငွေလက်ကျန် စစ်ဆေးနိုင်ခြင်းများ ပြုလုပ်နိုင်ရန် စမ်းသပ်ဆောင်ရွက်မှု ပြီးစီးပြီ ဖြစ်ကြောင်း အဆိုပါဘဏ်၏ နည်းပညာဆိုင်ရာ အရာရှိတစ်ဦးက ပြောကြားသည်။



မိုဘိုင်းလ်ဘဏ်စနစ်တွင် ဖုန်းစာတိုပို့ခြင်း၊ USSD ကုတ်စနစ်ဖြင့် ငွေလွှဲခြင်းများ ပါဝင်ပြီး ယင်းစနစ်ဖြင့် ငွေလွှဲပြောင်းနိုင်ရန် စမ်းသပ်ခြင်းအဆင့် (UAT− User Acceptance Test) ပြီးစီးပြီ ဖြစ်၍ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် လက်မှတ်ရေးထိုးရန်သာ ကျန်ရှိတော့ကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။



ပြည်တွင်းတွင် မိုဘိုင်းလ်ဘဏ်စနစ် အောင်မြင်နိုင်ရန် ဆက်သွယ်ရေးလိုင်းများ ကောင်းမွန်ရန် လိုအပ်ကြောင်း ဘဏ်လုပ်ငန်းရှင်များက ပြောဆိုသည်။



ဘဏ်ဝန်ဆောင်မှုများနှင့် အလှမ်းဝေးသော ကျေးလက်နေလူထုများ အသုံးပြုနိုင်ရန် ပြည်တွင်းဘဏ်များကို မိုဘိုင်းလ်ဘဏ်စနစ် လုပ်ကိုင်ခွင့် ပေးလျက်ရှိကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးစိုးမင်းက မတ်လ ၁၉ ရက်နေ့က ကျင်းပသော ပြည်ထောင်စုလွှတ်တော်တွင် ပြောကြားထားသည်။



သမဝါယမဘဏ်သည် လက်ရှိတွင် မိုဘိုင်းလ်ဘဏ်စနစ်တွင် ပါဝင်သော ဝန်ဆောင်မှုများ ဖြစ်သည့် ဘဏ်စာရင်း အချင်းချင်း ဖုန်းဖြင့် ငွေလွှဲပြောင်းခြင်း၊ MPU ကတ်စာရင်းနှင့် ငွေစုဘဏ် စာရင်းကို ချိတ်ဆက် အသုံးပြုခြင်း၊ ဖုန်းဖြင့် ဘဏ်စာရင်း လက်ကျန် စစ်ဆေးခြင်းများကို လုပ်ကိုင်လျက် ရှိပြီး သုံးစွဲသူ လေးထောင်ကျော် ရှိကြောင်း အဆိုပါဘဏ် အိုင်တီဌာန ဒုတိယအထွေထွေ မန်နေဂျာ ဦးဇေယျာအောင်က ဆိုသည်။



မိုဘိုင်းလ်ဘဏ်စနစ်ကို သမဝါယမဘဏ်လီမိတက်နှင့် မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်းပိုင် အင်းဝဘဏ်တို့က လုပ်ကိုင်လျက်ရှိသည်။

from The Voice Weekly's Facebook Wall http://ift.tt/1hD4C8G

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...