Skip to main content

Posts

Showing posts from December 6, 2014

အအေးမိ၊ တုပ်ကွေး၊ နှာစေး၊ ချောင်းဆိုးခြင်း အတွက် နည်းလမ်း (၁၉)သွယ်

အအေးမိတုပ်ကွေးရောဂါဟာ ကမ္ဘာ ပေါ်မှာပျံ့နှံ့ကူးစက်မှုအမြန်ဆုံးနဲ့အဖြစ် များဆုံးသောရောဂါတစ်မျိုးပါ။လူတစ်ဦး ဟာ မိုးရာသီ(သို့မဟုတ်)ဆောင်းရာသီ မှာ ပျမ်းမျှအနည်းဆုံးတစ်နှစ်လျှင် တစ်ကြိမ်ဖြစ်တတ်ပါတယ်။ အအေးမိ တုပ်ကွေးဖြစ်နေသူတစ်ယောက်ဟာ တစ်ရှူးခံ၍ နှာချေချောင်းဆိုးသင့်သလို အသုံးပြုထားတဲ့တစ်ရှူးကို အမှိုက်ပုံး ထဲကိုစနစ်တကျစွန့်ပစ်သင့်ပါတယ်။ လက် ကိုင်ပဝါနဲ့အုပ်ပြီး နှာချေချောင်းဆိုးတဲ့ အခါ ဗိုင်းရပ်စ်ပိုးက အဲဒီလက်ကိုင်ပုဝါ ထဲမှာ ၂နာရီ၊ ၃ နာရီလောက်ကြာမှ သေသွားပါတယ်။ တကယ်လို့ လူအများ ကြားမှာ နှာချေချောင်းဆိုးတဲ့အခါ တုပ်ကွေးဗိုင်းရပ်စ်ပိုးတွေက တစ်ပေ၊နှစ်ပေ လောက်အထိပျံ့နှံ့သွားပြီး ပတ်ဝန်းကျင်မှ ကိုယ်ခံအားနည်းသူဆီကို ဗိုင်းရပ်စ်ပိုးတွေ အလွယ်တကူကူးစက်သွားနိုင်ပါတယ်။ ဗိုင်းရပ်စ်ပိုးကူးစက်ခံရပါက အအေးမိ၊ နှာစေး၊ နှာရည်ကျ၊ နှာခေါင်းပိတ်၊ ချောင်းဆိုး (ချောင်းခြောက်လည်း ဖြစ်နိုင် သလို သလိပ်ပါခြင်းလည်းဖြစ်နိုင်)၊ လည်ချောင်းနာ၊ ကိုယ်လက်ကိုက်ခဲတာ တွေ ခံစားရပါတယ်။ တစ်ခါတစ်ရံမှာ အဖျားဝင်လာပြီး သလိပ်တွေပျစ်လာခြင်း၊ ချွဲသလိပ်တွေ ဝါလာခြင်းဖြစ်နိုင်ပါတယ်။ အဆိုပါအခြေအနေမျိုးရောက်မယ်ဆိုရင် ပိုးသတ်ဆေးသောက်မှ ရောဂါပျောက် န

အမေရိကန်က အလိုအရှိဆုံး အကြမ်းဖက်ခေါင်းဆောင် အသေဖမ်းမိ

ပါကစ္စတန်အတွင်းမှာ အသေဖမ်းမိတဲ့ အယ်လ်ကိုင်းဒါးခေါင်းဆောင် Adnan Shukrijumah. ၂၀၀၉ ခုနှစ်က နယူးယောက် မြေအောက် ရထားလမ်း စနစ်ကို တိုက်ခိုက်ဖို့ ကြံစည်ခဲ့မှုနဲ့ အမေရိကန် အလိုရှိနေတဲ့ al-Qaida ထိပ်ပိုင်း ခေါင်းဆောင် တဦးကို ပါကစ္စတန် တပ်ဖွဲ့ဝင်တွေက အသေ ဖမ်းဆီး မိခဲ့တဲ့အကြောင်း ပါကစ္စတန်စစ်တပ်က ပြောဆို လိုက်ပါတယ်။ အာဖဂန်နဲ့နယ်စပ် ၀ါဇီရစ်စတန်တောင်ပိုင်း ရှင် ၀ါ ဆခ့် ဒေသက အဒ်နန် ရှုကရီဂျူမား (Adnan Shukrijumah) ရဲ့ခြံဝင်းကို စနေနေ့မနက် အစောပိုင်းက ၀င်ရောက်စီးနင်းပြီး သတ်ဖြတ်ခဲ့တာဖြစ်တယ်လို့ ပါကစ္စတန်စစ်တပ်က ပြောဆိုခဲ့တာပါ။ သူနဲ့အတူ နောက်ထပ် အပေါင်းအပါ ၂ ဦးလည်း စီးနင်းမှုအတွင်း သေဆုံးခဲ့သလို၊ ၅ ဦးလည်း ဖမ်းဆီးမိခဲ့တယ်လို့ ပါကစ္စတန်စစ်တပ် တာဝန်ရှိသူတွေက ပြောပါတယ်။ ဇွန်လတုန်းက စစ်သွေးကြွအခြေစိုက်စခန်းတွေကို တိုက်ခိုက်တဲ့ စစ်ဆင်ရေးတွေကို တိမ်းရှောင်ရင်း Shukrijumah (ရှုကရီဂျူမား) ဟာ မြောက်ပိုင်း ၀ါဇီရစ္စတန် လူမျိုးစုဒေသကနေ တောင်ပိုင်း ၀ါဇီရစ္စတန်ဒေသကို မကြာသေးခင်ကပဲ ထွက်ပြေးခဲ့တာဖြစ်ပါတယ်။ အမေရိကန် ထောက်လှမ်းရေးဗျူရို FBI ကတော့ ဆော်ဒီနိုင်ငံဖွား Shukrijumah (ရှုကရီဂျူမား) ဟာ အမေရိကန်က အလိုအရှိဆုံး အကြမ်းဖက

ယီမင်မှာ ဓါတ်ပုံဆရာ နဲ့ ကျောင်းဆရာ အသတ်ခံရမှု

ယီမင်ပြည်သူတွေ ဒုက္ခကို ကယ်လိုသူ အသတ်ခံရ ယီမင်နိုင်ငံ မှာ အယ်လ်ကိုင်ဒါ တွေ သတ်ပစ်လိုက်တဲ့ ဗြိတိသျှ နိုင်ငံဘွား၊ အမေရိကန် နိုင်ငံသား ခံယူထားတဲ့ ဓါတ်ပုံသတင်းထောက် Luke Somers ဟာ မနှစ် က ပြန်ပေးဆွဲခံရတာပါ။ အခုတော့ အမေရိကန် ဘက် က ကယ်ဖို့ ကြိုးစားတဲ့ ကြားက အသတ်ခံလိုက်ရတဲ့ အကြောင်း ကို ဘီဘီစီ သတင်းထောက် ဖရင့်ဂါဒနာ က သတင်းပေးပို့လိုက်ပါတယ်။ တကယ်တော့ Luke Somers ဟာ စစ်ဒဏ်ကြောင့် အရပ်သားတွေ ခံစားနေရတဲ့ ဒုက္ခ ကို သူ့ဓါတ်ပုံ ပညာ နဲ့ မီးမောင်းထိုးပြလိုတဲ့ ဆန္ဒသာရှိတဲ့ အကြောင်း၊ နိုင်ငံရေး နဲ့ ပတ်သက်လိုစိတ် မရှိသလို၊ ယီမင် အစိုးရ ထဲက အရေးပါတဲ့ ပုဂ္ဂိုလ် တွေ နဲ့ ထဲထဲဝင်ဝင် ရှိလိုသူ မဟုတ်တဲ့ အကြောင်း တွေ ကို သူ့မိတ်ဆွေ အမေရိကန်သူ က ဘီဘီစီ ကို ပြောပြပါတယ်။ သူဟာ ယီမင်နိုင်ငံသားတွေ အပေါ် မှာ အင်မတန် ကို ကြင်နာပြီး သူတို့ ခံစားနေရတဲ့ ဒုက္ခတွေ ကို စာနာ တတ်သူ တယောက် ဖြစ်ကြောင်း စကားပြောလည်း ချိုသာနူးညံ့ပြီး ဒေါသလည်း မထွက်တတ်သူ ပါ လို့ ပြောပြတာပါ။ အမေရိကန် ဒုတိယ သမ္မတ ဂျိုးဘိုင်ဒင် ကလည်း ဓါတ်ပုံဆရာLuke Somers နဲ့ တောင်အာဖရိက က ကျောင်းဆရာ Pierre Korkie ကို အယ်လ်ကိုင်ဒါတွေ လက်ကနေ အမေရိကန် က ကယ်တင် ဖို့ ကြိုးပမ်းခ

မက်ဆီကို ပျောက်ဆုံးကျောင်းသား တစ်ဦးရဲ့ DNA တွေ့ရှိခဲ့

ကျောင်းသားတွေ ပျောက်ဆုံးနေမှု ကနေ မက်ဆီကို ဒေသခံရဲတွေဟာ မူးယစ် ဂိုဏ်းတွေ နဲ့ အဆက်အသွယ် ရှိနေတယ် ဆိုတဲ့ စွပ်ဆွဲ မှုတွေ ထွက်ပေါ် လာခဲ့ပါတယ်။ မက်ဆီကိုနိုင်ငံ ဂယ်ရဲရိုး ပြည်နယ် ကိုကူလာ မြို့က အမှိုက်ပုံမှာ တွေရှိ ခဲ့ရတဲ့ မီးကျွမ်းလောင် ထားတဲ့ လူ့ အရိုး အစိတ်အပိုင်း ကနေ DNA စမ်းစစ် ချက်အရ သေဆုံးသူ ဘယ်သူ ဘယ်ဝါ ဆိုတာ ဖော်ထုတ် လိုက်နိုင်ပါတယ်။ Alexander Mora ဆိုသူ ရဲ့ DNA နဲ့ ကိုက်ညီမှု ရှိတယ် လို့ မက်ဆီကို အာဏာပိုင် တွေက ဆိုပါတယ်။ Alexander Mora ဟာ ပျောက်ဆုံး နေခဲ့တဲ့ ကျောင်းသား ၄၃ ဦးထဲက တစ်ဦး ဖြစ်ပါတယ်။ အဲဒီ့ ကျောင်းသား ၄၃ဦးဟာ ဒေသခံ ရဲတွေရဲ့ ဖမ်းဆီးမှု ခံရပြီးနောက် ပျောက်ဆုံး နေခဲ့တာမှာ၊ ရဲတွေက အဲဒီ့ ကျောင်းသားတွေ ကို မူးယစ်ဂိုဏ်း လက်ထဲ အပ်ခဲ့တယ် ဆိုပြီး သတင်းတွေ ထွက်ပေါ် နေခဲ့တာပါ။ အစောပိုင်း တုန်းက ဖမ်းဆီး ထားခဲ့တဲ့ မူးယစ်ဂိုဏ်းဝင် တွေရဲ့ ထွက်ဆိုချက် အရ ကျောင်းသားတွေ ကို မူးယစ်ဂိုင်းဝင် လူဆိုးတွေက မီးရှို့ သတ်ခဲ့တယ် လို့ ဆိုခဲ့ပေမယ့် အတည် ပြုလို့ မရ ဖြစ်နေ တာကနေ၊ အခုလို ပထမဆုံး DNA ကိုက်ညီမှု စတင် တွေ့ရှိ လာတာ ဖြစ်ပါတယ်။ ဘီဘီစီ (မြန်မာပိုင်း) http://ift.tt/1CTvIVq from သစ်ထူးလွင် (နေ့စဉ်သတ

အီဘိုလာရောဂါနဲ့ ဆီယာလီယွန်း ဆရာဝန် ၂ ဦး ထပ်မံသေဆုံး

အီဘိုလာရောဂါ အဖြစ်အများဆုံးနိုင်ငံများပြ အညွှန်းကိန်း အကြီးအကျယ်ပျံ့နှံ့နေတဲ့ အီဘိုလာ ရောဂါဆိုးကို တိုက်ဖျက်ဖို့ ကြိုးပမ်း နေချိန်မှာပဲ နောက်ထပ် ဆီယာ လီယွန်း နိုင်ငံသား ဆရာဝန် ၂ ဦး အီဘိုလာ ရောဂါကြောင့် သေဆုံး သွားခဲ့ကြောင်း ကျန်းမာရေး တာဝန်ရှိသူတွေက စနေနေ့မှာ ပြောဆို ခဲ့ပါတယ်။ အီဘိုလာ ရောဂါကြောင့် ဆီယာလီယွန်းက ဆရာဝန်တွေ သေဆုံးရတာ ဒါနဲ့ဆို ၉ ယောက်အထိ ရှိသွားပြီ ဖြစ်ပါတယ်။ အီဘိုလာ ရောဂါလက္ခဏာ ရှိ နေသူတွေ၊ သေဆုံးသူတွေရဲ့ ခန္ဓာကိုယ်က ထွက်လာတဲ့ အရည်တွေကနေ ဗိုင်းရပ်ပိုး ကူးစက်နေတာပါ။ ရောဂါရှိသူနဲ့ အနီးကပ် ထိတွေ့ ဆက်ဆံမှသာ ကူးစက်နိုင်တဲ့အတွက်လည်း ဝေဒနာသည်တွေနဲ့ ဆက်ဆံနေကြရတဲ့ ကျန်းမာရေး လုပ်သားတွေဟာ အန္တရာယ် အရှိဆုံးအခြေအနေနဲ့ ရင်ဆိုင်နေကြရပြီး၊ ရောဂါ ကူးစက်ခံရသူ ကျန်းမာရေး ၀န်ထမ်းတွေလည်း ရာနဲ့ချီ ရှိခဲ့ပါတယ်။ ဆီယာလီယွန်းနိုင်ငံ မြို့တော်မှာရှိတဲ့ ကွန်းနော့ဆေးရုံကြီးမှာ တာဝန်ထမ်းဆောင်နေတဲ့ ဒေါက်တာ သောမတ် ရော်ဂျာစ် ဟာ သောကြာနေ့က သေဆုံးခဲ့တာဖြစ်ပြီး၊ ဒေါက်တာ ဒေါ်ဒါ ခိုရိုမာ ကလည်း သူနဲ့တရက်တည်းပဲ သေဆုံးခဲ့တာလို့ ကျန်းမာရေးတာဝန်ရှိသူတွေက ပြောဆိုခဲ့ပါတယ်။ ဆီယာလီယွန်းနိုင်ငံမှာ ရောဂါကူးစက်ခံရသူ ဆရာဝန်

စည်းကမ်းမဲ့ ပြိုင်ကားများနှင့် ပါဝါအိပ်ဇောတပ်ကား (၁၇)စီး ထပ်မံ ဖမ်းဆီး

စည်းကမ်းမဲ့ ပြိုင်ကားများနှင့် ပါဝါအိပ်ဇောတပ် မော်တော်ယာဉ်များ ဖမ်းဆီးရေး စီမံချက်အရ ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှ ထပ်မံ ဖမ်းဆီး အရေးယူ ရန်ကုန်၊ ဒီဇင်ဘာ ၇ ရန်ကုန်မြို့ အတွင်းတွင် ပြိုင်ကားများနှင့် ပါဝါအိပ်ဇောတပ် မော်တော်ယာဉ်များ စည်းကမ်း မဲ့စွာ မောင်းနှင် မှုကြောင့် အသံများ ဆူညံစေပြီး အများပြည်သူ၏ စိတ်နှလုံးကို ထိခိုက်စေသည့် အပြင် တရား ဥပဒေ စိုးမိုးရေးကို ထိခိုက်လာ သဖြင့် ထိရောက်စွာ အရေးယူနိုင်ရန် စီမံချက် ချမှတ်၍ ဆောင်ရွက်ခဲ့ရာ ၅.၁၂.၂၀၁၄ ရက်နေ့ညက စည်းကမ်းမဲ့ ပြိုင်ကားနှင့် ပါဝါအိပ်ဇောတပ် မော်တော်ယာဉ် (၁၇)စီးအား ဖမ်းဆီး ရမိခဲ့ပါသည်။ စီမံချက်အား အရှိန်အဟုန်မြှင့် ဆောင်ရွက်ရန် တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရဲမှူးကြီး ၀င်းနိုင်မှ အနီးကပ် ကွပ်ကဲ ၍ ဒုတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ၀င်းဗိုလ်အား ဦးဆောင်စေပြီး အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူး၊ အနောက်ပိုင်း ခရိုင်ရဲတပ်ဖွဲ့မှူးနှင့် ယာဉ်ထိန်းရဲ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် ထပ်မံ ဖမ်းဆီး အရေးယူ ခဲ့ပါသည်။ အဆိုပါ ပူးပေါင်းအဖွဲ့သည် ဒုတိယရက်ဖြစ်သည့် ၆.၁၂.၂၀၁၄ ရက်နေ့ ၂၁၀၀ အချိန်မှ ၇.၁၂.၂၀၁၄ ရက်နေ့ ၀၁၃၀ အချိန်ထိ ရန်ကုန်မြို့အတွ

လိုင်ဇာမှာ ဗိုလ်လောင်းတွေသေဆုံးမှု အမှုမှန်ပေါ်ဖို့ ကုလကိုတောင်းဆို

လိုင်ဇာ တိုင်းရင်းသား လက်နက်ကိုင် ဗိုလ်လောင်း သင်တန်းသားတွေ ကျဆုံးမှု အမှုမှန်ပေါ်ရေး ကုလသမဂ္ဂရုံးချုပ်ရှေ့ တောင်းဆို နေကြစဉ်။ (ဒီဇင်ဘာ ၆၊ ၂၀၁၄) ကချင်ပြည်နယ်နယ်စပ် လိုင်ဇာမှာရှိတဲ့ KIA ကချင်လွတ်မြောက်ရေး တပ်ရဲ့ ဗိုလ်လောင်း စစ် သင်တန်းကျောင်းကို နိုဝင်ဘာလ (၁၉) ရက်နေ့က မြန်မာ စစ်တပ်ရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးသွားတဲ့ တိုင်းရင်းသား ဗိုလ်လောင်းတွေနဲ့ ပတ်သက်ပြီး အမှုမှန် ပေါ်ပေါက်စေဖို့ နယူးယောက်မြို့ ကုလသမဂ္ဂ ဌာနချုပ် ရုံးရှေ့မှာ စနေနေ့က အမေရိကန် ပြည်ထောင်စုရောက် တိုင်းရင်းသားတွေ တညီတညွတ်တည်း တောင်း ဆိုခဲ့ကြပါတယ်။ ဆက်သွယ် မေးမြန်းထားတဲ့ မအင်ကြင်းနိုင်က တင်ပြပေးထားပါတယ်။ ……… ဆန္ဒပြကြွေးကြော်သံများ…… နယူးယောက်မြို့မှာ ရာသီဥတုဆိုးရွားနေတဲ့ကြားက ကုလသမဂ္ဂဌာနချုပ်ရှေ့ တိုင်းရင်းသားအဖွဲ့အစည်းပေါင်းစုံ စုဝေးပြီး ဆန္ဒပြနေကြတာပါ။ KIO ကချင်လွတ်မြောက်ရေးအဖွဲ့ ဌာနချုပ်ရှိရာ လိုင်ဇာက ဗိုလ်လောင်းစစ်သင်တန်းကျောင်းကို မြန်မာစစ်တပ်ကပစ်လိုက်တဲ့ လက်နက်ကြီးကျည် ထိမှန် ပေါက်ကွဲမှုကြောင့် တိုင်းရင်းသားဗိုလ်လောင်း (၂၃) ဦးသေဆုံးသွားတဲ့ အမှတ်တရအထိမ်းအမှတ်အနေနဲ့ အမှုမှန်ပေါ်ပေါက်ရေး တောင်းဆိုနေကြတာ ဖြစ်တယ်လို့ အမေရိကန်ပြည်ထောင်

သံတော်ဆင့်က သတင်းထောက် နောက်တစ်ဦး တရားစွဲခံရပြန်ပြီ

မီဒီယာ ဥပဒေ ပုဒ်မ ၂၅ (ခ) သုံးပြီး သတင်းသမားတွေ ကို တရားစွဲဆို။ ဒေသခံ ရဲတပ်ဖွဲ့ ရဲ့ လာဘ်ပေး လာဘ်ယူမှု အကြောင်းကို ရေးသားတဲ့ သံတော်ဆင့် ဂျာနယ်ရဲ့ သတင်းထောက် ကို လက်ပံတန်း မြို့နယ် ရဲတပ်ဖွဲ့ က တရားစွဲဆို လိုက်တယ် ဆိုပြီး သံတော်ဆင့် ဂျာနယ်က တာဝန်ရှိသူ တစ်ဦး ဖြစ်တဲ့ ကိုအံ့ခေါင်မင်း က ဘီဘီစီ ကို ပြောပါတယ်။ လူပုဂ္ဂိုလ် ဒါမှမဟုတ် အဖွဲ့အစည်း တစ်ခုရဲ့ ဂုဏ်သိက္ခာ ကို တမင် ထိခိုက်အောင် ရေးသားမှု ဆိုပြီး မီဒီယာ ဥပဒေ ပုဒ်မ ၂၅ (ခ) နဲ့ စွဲဆို လိုက်တာပါ။ သံတော်ဆင့် ဂျာနယ် ရဲ့ အယ်ဒီတာ အစ ဖြန့်ဝေသူ အထိ စုစုပေါင်း ၁၁ ယောက်လည်း သမ္မတကို အကြည်အညို ပျက်အောင် ရေးသားခဲ့လို့ ဆိုပြီး အဲ့ဒီ့ မီဒီယာ ဥပဒေ ပုဒ်မ ၂၅ (ခ) နဲ့ပဲ တရား ဆိုင်နေရဆဲ အချိန်မှာ၊ အခုလို သံတော်ဆင့် ဂျာနယ်ရဲ့ သတင်းသမား နောက်ထပ် တစ်ဦး ထပ်မံ တရားစွဲ ခံလိုက်ရတာ ဖြစ်ပါတယ်။ ထုံးတမ်းစဉ်လာ အရ သတင်းစာ ဂျာနယ်တွေပါ ရေးသားမှုတွေ အရ တာဝန်ခံ အယ်ဒီတာ နဲ့ ထုတ်ဝေသူကိုသာ တရားစွဲကြလေ့ ရှိပေမယ့်၊ အခု အသွင်ပြောင်း အစိုးရသစ် လက်ထက်မှာ အတည် ပြုထားတဲ့ မီဒီယာ ဥပဒေ အရတော့ ရေးသားသူ ဖြန့်ဝေသူတွေက အစ တရားစွဲခံနေရတဲ့ အခြေအနေမျိုး ဖြစ်တယ် လို့ မြန်မာ သံတော်ဆင့် ဂျာနယ်ရဲ့ ရှေ့နြေ

တမူးမြို့တွင် လက်နက်ခဲယမ်းများ ဖမ်းဆီးရမိ

တမူး ဒီဇင်ဘာ ၆ ဒီဇင်ဘာ ၃ရက် ညနေ ၆နာရီ ခွဲတွင် နယ်မြေခံ တပ်ရင်းနှင့် အဖွဲ့ဝင်များသည် တမူးမြို့ ဈေးတန်း ရပ်ကွက်တွင် နေထိုင်သူ ဦးလျန်ပို (ခ) ခိုင်ခမ်ကျန်(၅၃နှစ်)၏နေအိမ်ကို ဝင်ရောက်ရှာဖွေ စစ်ဆေးခဲ့ရာ AK-47 ၁၁လက်နှင့် ယင်းကျည်အိမ် ၁၁ ခု၊ M-16 ငါးလက်နှင့် ယင်းကျည်အိမ် ငါးခု၊ M-16 တွင် တပ်ဆင်သည့် ညကြည့်ဓာတ်မီးခုနစ် လက်တို့အား သိမ်းဆည်းရမိပြီး ကွင်းဆက် ဖော်ထုတ်ချက်အရ နန်းဖာလုံ ရပ်ကွက်တွင်နေထိုင်သော လျံပီး(ခ) ဘွန်လွန်ထန်(၃၈နှစ်)၏ နေအိမ်ကို ဆက်လက်ရှာဖွေခဲ့ရာ HK-33 တစ်လက်နှင့်ယင်းကျည်ကတ်တစ်ခု၊ ဗုံးပစ်လောင်ချာ (KANSTION MADE USA) တစ်လက်တို့နှင့် အတူလျန်ပို(ခ) ခိုင်ခမ်ကျန် အပါအဝင် နှစ်ဦးတို့အား ဖမ်းဆီးရမိသည်။ ဆက်လက်စစ်ဆေးဖော်ထုတ်ချက်အရ ဈေးတန်း၁၁ ရပ်ကွက် မဒမ်ဆွမ်းကျင်(၃၇နှစ်)၊ တီးတိန်မြို့နယ် ဆွမ်းမန်ကျေးရွာနေ မနူးနိမ်(ခ)နိမ့်ဖုန်ဝုန်(၅၅နှစ်)၊ကလေးမြို့ ပင်လုံရပ်ကွက်နေ မအဲခိုဟောင် (၄၅နှစ်) သုံးဦးတို့ကို ထပ်မံဖမ်းဆီးရမိခဲ့သည်။ တမူးမြို့မရဲစခန်းမှူး ဒု-ရဲမှူး လှထွန်းက ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်ဖော်ထုတ် စုံစမ်းလျက်ရှိကြောင်းသိရသည်။ ဒီဇင်ဘာ ၄ရက် မွန်းလွဲ ၁နာရီ ၄၅ မိနစ်တွင် ဆက်လက်ပြီး က

အယ်လ်ခိုင်ဒါအဖွဲ့ အကြီးအကဲ တစ်ဦးအား ပါကစ္စတန်အစိုးရ တပ်ဖွဲ့များက သုတ်သင်

အစ္စလာမ္မာဘတ် ဒီဇင်ဘာ ၆ နယူးယောက်နှင့် လန်ဒန်မြို့၌ ခရီးသည်တင် ရထား များ ဗုံးဖောက်ခွဲ တိုက်ခိုက်ရန် စီစဉ်သူ အဖြစ် စွပ်စွဲခြင်း ခံရသူ အယ်လ်ခိုင်ဒါ စစ်သွေးကြွအဖွဲ့၏ အထက်တန်း တာဝန်ရှိသူ တစ်ဦး ပါကစ္စတန်၌ သတ်ဖြတ်ခံ ခဲ့ရကြောင်း ပါကစ္စတန် စစ်ဘက်က ပြောကြားသည်။ အာဖဂန်နစ္စတန် နိုင်ငံ နယ်စပ်အနီး ပါကစ္စတန် အနောက်မြောက်ပိုင်း ဒေသ၌ ပါကစ္စတန်အစိုးရ တပ်ဖွဲ့များ က စီးနင်းတိုက်ခိုက်စဉ် အက်နန်အဲလ်ရှူကရီဂျူမက်အမည်ရှိ စစ်သွေးကြွခေါင်းဆောင် သေဆုံးသွားခြင်း ဖြစ်ကြောင်း ပါကစ္စတန်စစ်ဘက်က ပြောကြားသည်။ စွပ်စွဲပြောကြား သေဆုံးသွားသူ ရှူကရီဂျူမက်မှာ အယ်လ်ခိုင်ဒါ အဖွဲ့၏ ကမ္ဘာလုံးဆိုင်ရာ တိုက်ခိုက်ရေးအဖွဲ့ဝင်အကြီးအကဲ ဖြစ်ကြောင်း အမေရိကန်ပြည်ထောင်စု စုံစမ်းစစ်ဆေး ရေးဗျူရို(အက်ဖ်ဘီအိုင်)က သတ်မှတ်ထားပြီး ကမ္ဘာ့ ကုန်သွယ်ရေးဗဟိုဌာန အမြွှာမျှော်စင်အား တိုက်ခိုက် ခဲ့မှုတွင် ကြိုးကိုင်သူခါးလစ်ရှိတ်ကစ်မိုဟာမက်၏ လက် အောက်တွင် တာဝန်ထမ်းဆောင်သူဖြစ်ကြောင်း စွပ်စွဲ ပြောကြားသည်။ ရှူကရီဂျူမက်သည် ဆော်ဒီအာရေဗျနိုင်ငံတွင် မွေးဖွားခဲ့သူဖြစ်ပြီး အမေရိကန်ပြည်ထောင်စုတွင်လည်း နှစ်အတန်ကြာနေထိုင်ခဲ့သည်။ ၂ဝဝ၉ ခုနှစ်အတွင်းက အမေရိကန်နိုင်ငံ နယူး ယောက်မြိ

အုပ်စုဖွဲ့လုယက်နေသူများအား မှုခင်းနှိမ်နင်းရေး တပ်ဖွဲ့ဝင်များ ဖမ်းဆီးရမိ

ရန်ကုန် ဒီဇင်ဘာ ၆ ရန်ကုန် မြောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံး မှုခင်းနှိမ်နင်းရေး ဌာနစုမှ တပ်ဖွဲ့ဝင်များ၊ လှိုင်သာယာမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် လှိုင်သာယာ မြို့နယ် နဝဒေးအိမ်ရာအပြင်ဘက် ဘုရားလမ်းထိပ်နှင့်အဆင့်မြင့်လမ်းထိပ်တို့တွင် ညပိုင်းအချိန်များ၌ လူမိုက်အုပ်စုကျက်စားနေကြောင်း သတင်းအရ ပူးပေါင်း ဆောင်ရွက်ခဲ့ရာ နိုဝင်ဘာ ၂၈ ရက် ည ၁ဝ နာရီခွဲတွင် လုယက်မှုပြစ်ချက် ဟောင်းရှိသူ မှဲ့လေး(ခ)ခင်မောင်ဝင်း၊ ဝင်းလွင်ဦး၊ မင်းမင်း၊ ကျော်ဇင်လတ်(ခ)ကုလားတို့လေးဦးအား လမ်းလျှောက်လာသည့် အမျိုးသားတစ်ဦးထံမှ လုယက် ယူဆောင်ခဲ့သော ငွေကျပ် ၆၂ဝဝဝ နှင့်ဖုန်းနံပါတ် ဝ၉-၃ဝ၄၅၆ဝ၁၉ ဆင်းကတ်ပါSAMSUNG တံဆိပ် အနီ/အနက်ရောင် လက်ကိုင်ဖုန်းနှင့်အတူ ဖမ်းဆီးရမိ သဖြင့် လှိုင်သာယာမြို့မရဲစခန်းက (ပ)၁၇၈၅/၂ဝ၁၄၊ ပြစ်မှုပုဒ်မ ၃၈၂/၅၄ ဖြင့် အရေးယူထားကြောင်း သိရသည်။ The Mirror Daily http://ift.tt/1n2DVIZ from သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin http://ift.tt/1q9tGe9

Hagupit မုန်တိုင်းကြီး ကျရောက်

ကယ်ဆယ်ရေး စခန်းတွေကို ရွှေ့ပြောင်း ဖိလစ်ပိုင် နိုင်ငံ အရှေ့ပိုင်း ကမ်းရိုးတန်းမှာ Hagupit မုန်တိုင်းကြီး စတင် တိုက်ခတ် နေပြီ ဖြစ်ပါတယ်။ မုန်တိုင်း မလာခင် ဘုရားကျောင်းတွေ၊ စာသင်ကျောင်းတွေနဲ့ လေဘေး ကယ်ဆယ်ရေး စခန်းတွေကို လူ ၅ သိန်းကျော် ရွှေ့ပြောင်း ပေးခဲ့ရ ပါတယ်။ Samar နယ် Dolores မြို့ နားမှာ မုန်တိုင်း ကမ်းရိုးတန်းကို ဖြတ်ကျော် ခဲ့လို့ မိုးသက် လေပြင်းတွေ တိုက်ခတ်ပြီး သစ်ပင်တွေ ပြိုလဲလို့ လျှပ်စစ်မီးတွေ ပြတ်တောက် နေပြီ ဖြစ်ပါတယ်။ လုယက်မှု တွေ မဖြစ်အောင်နဲ့ လမ်းတွေ ရှင်းဖို့ စစ်သားတွေ သောင်းနဲ့ချီ ပြီး ချထား ပါတယ်။ မနှစ်က ဟိုင်ယန် မုန်တိုင်း ကြောင့် ဖိလစ်ပိုင် နိုင်ငံမှာ လူ ၇ ထောင် ကျော် သေဆုံး ခဲ့ရပါတယ် ။ ဘီဘီစီ (မြန်မာပိုင်း) http://ift.tt/1q9tFXC from သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin http://ift.tt/1q9tD24

မုန်တိုင်းအကြို ဖိလစ်ပိုင် ၅ သိန်း ဘေးကင်းရာရွှေ့ 

ဖိလစ်ပိုင်အလယ်ပိုင်းကို ဝင်ရောက်နေတဲ့ Hagupit Typhoon အားပြင်းမုန်တိုင်း ဖိလစ်ပိုင်နိုင်ငံ အရှေ့ပိုင်းဖက်ကနေ အင်အားပြင်း Typhoon မုန်တိုင်းကြီး စတင်ဝင်ရောက် နေတာနဲ့ အတူ မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းတိုက်နေတဲ့ အတွက် ဓာတ်တိုင်တွေ ကျိုးကျ၊ သစ်ပင်တွေ လဲကျခဲ့ပါတယ်။ Leyte ပြည်နယ်နဲ့ အနားက Samar ကျွန်းပေါ်ကမှာလည်း မီးပျက်နေပါတယ်။ ကမ်းရိုးတမ်းဒေသနဲ့ မြေပြိုကျမှုဖြစ်နိုင်တဲ့နေရာတွေကနေ လူပေါင်း ၅ သိန်းလောက် ဘေးကင်းရာမှာ ပြောင်းရွှေ့ ထားရပါတယ်။ လေပြင်းတိုက်နှုန်း တနာရီ မိုင် ၁၂၀ ကျော်လောက်နဲ့ Hagupit Typhoon မုန်တိုင်းဝင်လာမယ်လို့ မိုးလေဝသ ခန့်မှန်းသူတွေက ကြိုတင်ခန့်မှန်းထားကြပါတယ်။ Tacloban မြို့အပါအဝင် ပြီးခဲ့တဲ့နှစ်က Haiyan မုန်တိုင်းဒဏ်အကြီးအကျယ်ခံထားရတဲ့ နေရာတွေလည်း အခုမုန်တိုင်းဒဏ် ထပ်ခံရနိုင်တယ်လို့ သတိပေးထားပါတယ်။ နိုင်ငံမှာရှိတဲ့ ပြည်နယ်ပေါင်း ထက်ဝက်လောက် Hagupit မုန်တိုင်းဒဏ် ခံရနိုင်တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ သောကြာနေ့က Pacific သမုဒ္ဒရာကို ဖြတ်လာစဉ်မုန်တိုင်းအား နည်းနည်းလျော့သွားခဲ့တဲ့အတွက် Super Typhoon အဆင့်အောက်ကိုတော့ ရောက်သွားပါတယ်။ ဒါပေမဲ့ ဒီနှစ်အတွင်း ဖိလစ်ပိုင်ကိုတိုက