Skip to main content

Posts

Showing posts from January 23, 2015

Black Spots on Tongue လျှာအမဲစက်

ဆရာရှင့် အမျိုးသားရဲ့ အကောင့်ကနေဝင်သုံးတာပါရှင့်။ သမီးအသက်က ၂၈ နှစ်ထဲမှာပါရှင့်။ သားသားမွေးပြီးစမှာ လျှာထိပ်မှာ အမဲစက်လေးတွေပေါ်လာပါတယ်ရှင့်။ သမီးကလဲ အမှုမဲ့အမှတ်မဲ့ပဲနေလာတာခု ၄ နှစ်ကျော်ပါပြီရှင့်။ ကင်ဆာဖြစ်မှာစိုးရိမ်လို့ပါရှင့်။ ဆေးသောက်ရင်ပျောက်နိုင်လားသိချင်ပါတယ်ရှင့် ပုံပါရိုက်တင်လိုက်ပါတယ်ရှင့်။ ကျေးဇူးတင် လေးစားလျက်ပါရှင့်။ • လျှာမှာအမဲစက်ပါတာ ရုတ်ရက်မှာ စိုးရိမ်စရာဖြစ်တယ်။ ဒါပေမဲ့ မစိုးရိမ်ပါနဲ့။ • ဘာလို့ဖြစ်သလဲ မတူကြပါ။ အမြင်အရလဲကွဲပြားတယ်။ အရောင် အနုအရင့်လဲမတူပါ။ • နေမကောင်းလို့လဲဖြစ်နိုင်တယ်။ • Birthmark မွေးရာပါအမှတ်ဖြစ်နိုင်တယ်။ • Oral piercing အလှအပအတွက် ကွင်းတပ်တာကနေလဲဖြစ်လာနိုင်တယ်။ • Exposure to chemicals ဓါတုဆေးနဲ့ထိတွေ့မိလို့လဲဖြစ်နိုင်တယ်။ ဥပမာ ဝါးစားလို့ရတဲ့ Pepto-Bismol tablets ဆေးပြား။ • Hairy tongue လျှာမွှေးပေါက်တာ။ • ဆေး-ဆေးလိပ်၊ အရက်၊ အင်တီဘိုင်အောတစ်ဆေးတွေကနေလဲဖြစ်လာနိုင်တယ်။ အဲလိုသုံးစွဲသူမှာ ဖန်းဂတ်စ် ခေါ် မှိုပိုးဝင်လာကနေဖြစ်မယ်။ လျှာတခုလုံး မဲလာတတ်တယ်။ • Oral cancer ခံတွင်းကင်ဆာကို စစ်ဆေးရမယ်။ ရှားတယ်။ တခြားခံစားရမှာတွေနဲ့ တွဲနေမယ်။ ဥပမာ အစာမြိုရခက်တာ။ • ခ

(ဂရင်ဂျီနာ) ဖြစ်ပွားပါက ကုသနည်းနှင့် ကာကွယ်နည်းများ

ဂရင်ဂျီနာဟာ လိပ်ခေါင်းတစ်မျိုးဖြစ်ပြီး ကာလရှည်ကြာစွာ ဖြစ်တတ်တဲ့ ရောဂါတစ်မျိုး ဖြစ်ပါတယ်။ ဂရင်ဂျီအနာ ပေါက်ဟာ နီရဲတဲ့ သွေးလိုအရည်ကျတတ်တယ်။ ဆီးသွားတဲ့ အကြောနဲ့ယှဉ်တွဲနေလို့ ဆီးကျန်၊ ဆီးကျဉ်၊ဆီးပူခြင်းတို့ဖြစ်တတ်ပါတယ်။ စအိုပတ်လည်မှာ အဖုအပိမ့်များထွက်လာခြင်း၊ ယားယံခြင်း၊ ရောင်ခြင်း၊ နာကျင်ခြင်း၊ ကိုက်ခဲခြင်း၊ အနာနဲ့ အနာပေါက်လေးများ ထွက်ပေါ်လာရင် ဂရင်ဂျီနာ ဖြစ်လာ ပါတယ်။ ဂရင်ဂျီနာဖြစ်ခဲ့ရင် စအိုနှုတ်ခမ်း ဘေးပတ်လည်၊ ပေါင်၊ တင်ပါး၊ ဆီးခုံဝန်းကျင်မှာ ယားယံခြင်း၊ ရောင်ခြင်း၊ ဝမ်းချုပ်ခြင်း၊ ဆီးချုပ်ခြင်း၊ ဆီးနည်းခြင်းတွေ ဖြစ်တတ်တယ်။ လိင်အင်္ဂါဝန်းကျင် တစ်ဝိုက်မှ တင်ပါးအထိ ဖြစ်တတ်တယ်။ ဝမ်းချုပ်ခြင်း၊ အညောင်းထိုင်လွန်းခြင်း၊ အညှော်နံ့ခံရခြင်း၊ ရေချိုးမမှန်ခြင်း၊ တစ်ကိုယ်ရေ ကျန်းမာရေး မလိုက်စားသူတွေဟာ ဆီးခုံအစပ်မှာ အဖုငယ်များ ထွက်ပေါ်ကာ သွေးရည်ကြည်လို ကျနေတတ်သလို တချို့ကာလရှည်စွာ ပြည်ပုပ်များ ကျနေတတ်ပါတယ်။ ဂရင်ဂျီနာ၊ မြစ်ခြောက်နာက မြစ်စိုနာနဲ့ တွဲပြီး သားနံရေအနည်းငယ် သာကျကာ ချွေးပေါက်ပိတ်ဆို့ပြီး ကျစ်လျစ်မာကျောတဲ့ အမျှင်များနဲ့ ဖွဲ့စည်း ထားတတ်ပါတယ်။ အချိန်ကြာလာတာနဲ့အမျှ တစ်ဆင့်ပြီးတစ်ဆင့် အသားထဲ ထိုးဖေ

မြန်မာ့ဆေးဖက်ဝင် လေးညှင်းပင်

Item Name --------- Clove (လေးညှင်း) Category ------------ Raw Material Botany Term ------- Eugenia carryophyllata Thunb Species Family ----- Myrtaceae ပူအိုက်စွတ်စို၍ အမြဲတစေ မိုးအနည်းငယ် ရွာသွန်းသော အရပ်ဒေသ တွင် စိုက်ပျိုး ဖြစ်ထွန်းသည်။ မိုးများ၍ ပူအိုက် စွတ်စိုသော ဂျာဗား၊ ဘိုနီယို ကျွန်းများ၌သာ သဘာဝ အလျောက် ပေါက်ရောက် တွေ့ရှိ နိုင်သည်။- စိုက်ပျိုးပင် ဖြစ်သည်။အစေ့ မှ စတင် ပျိုးယူရ၏။ ၅ ပတ် ၆ ပတ် ကြာမှ အညှောင့် ထွက်၍ အထူး ဂရုစိုက် ရန်လိုသည်။ ပျိုးဘောင် ပြင်ရာ၌ မြေဆွေးနှင့် နုန်းမြေ များများဖြင့် ပြုလုပ်ရ၏။ ပျိုးဘောင် အကျယ် ၃ ပေ၊ အမြင့် ၉ လက်မ၊ အရှည် ၁ ပေ ထား၍ ဘောင်ဖော်ပြီး ဘောင်ပေါ် တွင် အရိပ် ပြုလုပ်ပေး ရ၏။ မျိုးစေ့ တစ်စေ့ နှင့် တစ်စေ့ ၄ လက်မ ခြား၍ စိုက်ပြီး ရေရွှဲရွှဲ လောင်းပေးရသည်။ ပျိုးထောင်ပြီး ၈ လ မှ ၁၂ လ ခန့် ကြာမှ ခြင်းတောင်း၊ ၀ါးကျည်တောက်၊ပလတ်စတစ် အိတ်တို့တွင် ပျိုးမြေပါ တစ်ပါတည်း အမြစ်ဥ ကို မထိခိုက် စေဘဲ တူးဖော်၍ ရွှေ့စိုက်ရသည်။ တစ်နှစ်အကြာ (ပျိုးပင် ၂ နှစ်သား အရွယ် ) တွင် စိုက်ခင်း၌ ရွှေ့စိုက် နိုင်သည်။စိုက်ခင်းတွင် အချင်း ၂ ပေ၊ အနက် ၂ ပေရှိ စိုက်ကျင်း များ တစ်ကျင်း နှင့် တစ်က

မြန်မာ့ဆေးဖက်ဝင် စမုန်စပါးပင်

Item Name ------- Fennel (စမုန်စပါး) Category ---------- Raw Material Botany Term ------ Foeniculum vulgare Gaertn Species Family --- Umbelliferae တောင်ပေါ်ဒေသ အမြင့်ပေ ၆၀၀၀ ထိပေါက်ရောက်နိုင်သည်။အပူပိုင်း ဒေသတွင် သာမက အအေးပိုင်းဒေသတွင်ပါ ပေါက်ရောက်သည်။ အအေးပိုင်းဒေသတွင်နှစ်ရှည်ခံပင်ဖြစ်သည်။ စိုက်ပျိုးပင် အဖြစ် ပေါက်ရောက်သည်။ စမုန်စပါးပင်များကို တစ်ပင်နှင့် တစ်ပင် ၁ပေကွာ လေးကွက်ကျား စိုက်ပျိုးရသည်။ စိုက်ပျိုးမှုလွယ်ကူရန် ထွန်သွားကို ၁ ပေ ခြား၍ လေးကွက် ကျား ကြောင်း ဆွဲပြီး ၎င်းတို့ ဆုံသော နေရာများတွင် မျိုးစေ့ ၄ စေ့ခန့် ထည့်လျက် ကြမ်းတုံးဖြင့် မြေညှိပေးရသည်။ စိုက်ပျိုးထားသော စမုန်စပါးပင်များအား ပေါင်းပင်များ မဖုံးလွှမ်းနိုင်စေရန် အချိန်မီ ကြားပေါင်းထွန်လိုက်ခြင်း ၊ ပင်ခြေတွင် ပေါင်းရှင်း ပေးခြင်း ၊ မြေဆွပေးခြင်းများ ပြုလုပ်ပေးရပါသည်။ တပို့တွဲလအတွင်း ရိတ်သိမ်း၍ ပင်ခြေမှ တံစဉ်ဖြင့် ရိတ်ယူပြီး တလင်းတွင် စုပုံ၍ အခြောက်လှန်းရသည်။ အသီးခြွေရာတွင် နွားဖြင့် ခြွေပါက မျိုးစေ့ များ ကွဲကြေနိုင်သဖြင့် စုပုံကာ တုတ်ဖြင့် ရိုက်ပြီး ခြွေယူရ၏ ။ ရရှိသော စမုန်စပါးမျိုးစေ့များကို အခြောက်ထားရသည်။ အပင် အပင်ငယ်မျို

နှာခေါင်းသွေးလျှံခြင်း ပြဿနာအဖြေရှာ

နှာခေါင်းသွေးယိုခြင်းကို “နှာခေါင်းသွေးလျှံတယ်”လို့ ပြောလေ့ရှိကြပြီး၊ နှာယောင်(nostrils) တလျောက်မှ သွေးတွေစီးကျလာ တာပါ။ ယေဘုယျအားဖြင့် ကလေးသူငယ်များ၊ ဆယ်ကျော် သက် များနှင့် သက်ကြီးပိုင်းတွေမှာ နှာခေါင်းသွေးလျှံတတ်ကြပြီး၊ သက်လတ်ပိုင်းမှာတော့ မေ တ်ာတဆ ထိခိုက်ဒဏ်ရာရချိန်မှလွဲ၍ ထိုရောဂါပြဿနာမျိုး ဖြစ်ခဲပါတယ်။ တချို့ သူတွေမှာ ဆိုးဆိုး ရွားရွားသွေးများဟာ နှာခေါင်းအတွင်းမျက်ရည်လမ်းကြောင်းမှတဆင့် မျက်စိထဲကနေ သွေးစိမ့် ထွက်လာတတ်ပါတယ်။ နှာခေါင်း သွေးလျှံခြင်းကြောင့် သေဆုံးမှုရာခိုင်နှုန်း ရှားပါသော်လည်း၊ ထိုရှားပါးလူဦးရေစာရင်းမှာ မိမိမပါဖို့ လိုပါတယ်။ ပေါ့ပေါ့ဆဆ သဘောမထားသင့်ပါဘူး။ နှာေ ခါင်းသွေးလျှံရသည့်အကြောင်းများမှာ အောက်ပါအတိုင်းဖြစ်ပါတယ်။ (ရာသီဥတု ပယောဂ) အထူးသဖြင့် ရာသီဥတုပြင်းထန်သော အေးမြလွန်းတဲ့ဆောင်းရာ သီ(သို့  မဟုတ်)ပူလွန်းတဲ့နွေရာသီတွေမှာ အဖြစ်များပါတယ်။ တခါတရံမှာတော့ အပြင်ဖက်အေးတဲ့ေ နရာ ကနေ ပူနွေြးေ ခာက်သွေ့တဲ့ အိမ်အတွင်းဖက် ပတ်ဝန်းကျင်ကိုဝင် လာတဲ့အခါ အအေး အပူ ရုတ်ချည်းပြောင်းလဲမှုကြောင့် နှာခေါင်းသွေးလျှံခြင်း ဖြစ်ပွားလာရပါတယ် ။ (နှာခေါင်းအတွင်းသို့ လက်နှိုက်ကလိခြင်း) ကလေးသူငယ်များ

ဟင်းသီးဟင်းရွက်များကို မချက်ခင် သတိထားကြပါ

ဈေးကနေ ဟင်းသီးဟင်းရွက်များကို ၀ယ်လာပြီးလျှင် မချက်ခင်မှာ အန္တရာယ်ကင်းအောင် ရေဇလုံထဲကို ရေမြုပ်အောင်ထည့်ပြီး ဆား (သိုမဟုတ်) ရှာကကာရည် ၂ ဇွန်းခန့်ထည့်ပြီး အနည်းဆုံ ၃ မိနစ်မှ ၅ မိနစ်ခန့် စိမ်ထားပြီးမှ ချက်ပြုတ်စားသောက်သင့်ကြောင်း ကျန်းမာရေးစာမျက်နှာများမှာ သတိပေးထားကြပါတယ်။ အကြောင်းကတော့ ဟင်းသီးဟင်းရွက်များမှာ ကပ်ပါလာတတ်တဲ့ မျှော့၊ ခူ စသည့် အသက်ပြင်းသည့် အကောင်များပါရှိလာပါက ဆားရည်နှင့် ထိတွေ့လျှင် ဟင်းသီးဟင်းရွက်များကို မတွယ်ကပ်နိုင်ပဲ အလိုလို ရေထဲ ပြုတ်ကျပြီး ရေဆေးသည့်အခါ ပါသွားနိုင်အောင် ဆားရည်စိမ်ရခြင်း ဖြစ်တယ်။ အသီးများကိုလည်း တာရှည်ခံအောင်၊ အရောင်လှအောင် ဖြန်းရည်၊ သုတ်ရည်အမျိုးမျိုးဖြင့် သုတ်လိမ်းထားတတ်သောကြောင့် ဆားရည်ဖြင့် စိမ်ထားပြီး အခွံကို ဆေးကျောပြီးမှသာ စားသုံးသင့်ပါတယ်။ ရေမဆေးပဲ အခွံနှင့်အတူ အလုံးလိုက် ကိုက်စားခြင်းမျိုးကို မပြုလုပ်သင့်ပါ။ ဟင်းသီးဟင်းရွက်များကိုလည်း မကျက်တကျက်ကြော်စားခြင်းသည် ကျန်းမာရေးအတွက်အန္တရာယ်များကြောင်း သတိပေးလိုက်ပါတယ်။ သတိလေးကို ဆောင်ထားပြီး အန္တရာယ်ကင်းစွာ စားသုံးနိုင်ကြပါစေ။ ဦးနေဆိုင် (ပူတာအို) ကျန်းမာရေးသတင်းများ from သစ်ထူးလွင် (ကျန်းမာရေး) - T

ပန်းနာ၊ ရင်ကျပ်၊ ချောင်းဆိုးအတွက် ဆေးကောင်းတစ်လက်

အအေးမိ၊ တုပ်ကွေး၊ ကိုယ်ပူ၊ ချောင်းဆိုး၊ ရင်ကျပ် ချွဲသလိပ်ကပ် စတာတွေကို ခံစားနေရသည့် ဝေဒနာရှင်များအတွက် ကိုယ်တိုင်ဖော်စပ်နိုင်ရန် သဘာဝ ဆေးနည်းကောင်းတစ်လက်ကို မျှဝေပေးလိုက်ပါတယ်။ ဆေးဖော်နည်း- (၁) ကြက်သွန်ဖြူ ၅ ဇွန်းခန့်(ထမင်းစားဇွန်း) ရအောင် အနည်းငယ်မျှ ထောင်းပါ။ (၂) ချင်း(ဂျင်း) ကိုလည်း ၅ ဇွန်းခန့် ထောင်းပါ။ (မထောင်းပဲ ဓါးဖြင့် ခပ်သေးသေးဖြစ်အောင် တောက်တောက်စင်းလျှင်လည်း ရပါသည်) (၃) ၄င်း (ဂျင်း၊ ကြက်သွန်ဖြူ) နှစ်မျိုးကို ရေ ၁၅ ဇွန်းခန့်ဖြင့် ထက်ဝက်ခန်းအောင် ကျိုလိုက်ပါ။ (၄) အဖတ်များကို ဖယ်၍ အရည်ကို ခဏမျှ အအေးခံထားပါ။ (၅) ၄င်းဂျင်းပြုတ်ရည်ထဲကို ပျားရည် (သဘာဝပျားရည်စစ်စစ်) ၅ ဇွန်းခန့် ထည့်ပါ။ (၆) Apple Cider Vinegar (ပန်းသီးအရည်) ကိုလည်း ရနိုင်ပါက ၅ ဇွန်းထည့်ပါ။ ( City Mark တို့လိုဆိုင်တွေမှာ ၀ယ်ယူနိုင်ပါတယ်။ မပါရင်လည်း ကိစ္စမရှိပါ) (၇) သံပုရာရည် (သို့မဟုတ်) ရှောက်ရည် ၅ ဇွန်းခန့် ထည့်၍ အ၀ကျယ်သော ပုလင်းထဲကို ထည့်ကာ အဖုံးလုံအောင် ပိတ်ထားပါ။ ဆေးသောက်ရန်- ၄င်းဆေးပုလင်းကို ရေခဲသေတ္တာထဲသော်၎င်း၊ အပြင်မှာသော်၎င်း ထား၍ မနက်၊ နေ့၊ ည တစ်ဇွန်းစီ တစ်နေ့ ၃ ကြိမ် ရေနွေးဖြင့် သောက်သုံးပါ။ နွေမိုးဆောင်း ဘ

သံပရာရည်၏ အကျိုးကျေးဇူးများ

လူတို့၏ ခန္ဓာကိုယ်အတွင်းနှင့် အပြင်ပတို့မှ ဗတ်တီးရီးယားပိုးမွှားများကို သံပရာသီးထဲမှ antibacterial ဓါတ်က သုတ်သင်ပေးနိုင်ပါတယ်။ ကူးစက်မှု ဗိုင်းရပ်များကိုလည်း သံပရာသီးထဲမှာပါဝင်တဲ့ antiviral ဓါတ်က ကာကွယ်ပေးနိုင်ပါတယ်။ ထို့ကြောင့် သံပရာသီးဟာ လူသားတို့၏ ကျန်းမာရေးအာနိသင်များကို ပေးစွမ်းနိုင်သည့် သဘာဝ ဆေးတစ်မျိုးဖြစ်နေပါတယ်။ သံပရာရည်ကို သောက်သုံးခြင်းကြောင့် ရရှိနိုင်သည့် အကျိုးကျေးဇူးများမှာ- ၁။ ခံတွင်းကောင်းစေခြင်း ၂။ အရေပြားသန့်ရှင်းစေခြင်း ၃။ အစာကြေစေခြင်း ၄။ ကိုယ်တွင်း သန့်ရှင်းစေခြင်း ၅။ ကိုယ်ခံအားကောင်းစေခြင်း ၆။ စိတ်ခံစားမှု ကောင်းမွန်စေခြင်း ၇။ ကိုယ်အလေးချိန် လျော့ကျစေခြင်း ၈။ သွေးတိုးကျစေခြင်း ၉။ အဆစ်မြစ်နာ၊ လေးဘက်နာတို့ကို သက်သာစေခြင်း ၁၀။ အထွေထွေရောဂါ (ချွဲ၊ သလိပ်၊ ရင်ကျပ်၊ လည်ချောင်းနာ၊ ခေါင်းကိုက်) တို့ကို သက်သာစေခြင်း စသည့်ရောဂါများကို ကာကွယ်ပေးနိုင်ပါသည်။ စောနွဲ့ နေဆိုင် (ပူတာအို) ဘာသာပြန်သည်။ Ref: Health Benefits Of Drinking Lemon Juice ကျန်းမာရေးသတင်းများ from သစ်ထူးလွင် (ကျန်းမာရေး) - Thit Htoo Lwin http://ift.tt/1CIWECU

မြန်မာ့ဆေးဖက်ဝင် ချင်းစိမ်းပင်

Item Name ---------- Ginger (ချင်းစိမ်း) Category ------------- Raw Material Botany Term -------- Zingbiber officinale Rose Species Family ----- Zingiberaceae မြန်မာပြည် နေရာအနှံ့အပြား၌ စိုက်ပျိုး ဖြစ်ထွန်းနိုင်သည်။ စိုက်ပျိုးပင်ဖြစ်သည်။ပွသော မြေမျိုး ၊ အောက်သို့နက်ရှိုင်းစွာ အမြစ်ဆင်းနိုင်သော မြေမျိုးဖြစ်သင့်၏ ။ တန်ခူးလလောက်တွင် စိုက်ခင်းမြေကို ညက်အောင် ထွန်ယက်ပြုပြင်၍ မြေသြဇာထည့် ပြီးနောက် တစ်လခန့် အကြာတွင် နယုန်လဆန်း လောက်တွင် ဒုတိယအကြိမ် ထယ်ရေးဝင်ရသည်။ ရေမ၀ပ်စေရန် ဆောင်ရွက်ပြုပြင်ပေးရမည်။ မြေပြန့်တွင် စိုက်ပျိုးခြင်း ၊ အတက်ကို အဖျားဖူး တစ်ဖူးစီပါအောင် ဖဲ့၍ စိုက်ရသည်။ ၁၈ လက်မမှ ၃၆ လက်မ အကွာတန်းများ၌ တစ်ပင်နှင့် တစ်ပင် ၉ လက်မစီ အကွားထားပြီး အနက် ၂ လက်မခန့် မြှပ်၍ စိုက်ရမည်။ မြေပြုပြင်စဉ် မြေတစ်ဆတွင် ပြာ ပိဿာ ၃၀ နှင့် နှမ်းဖတ်ပိဿာ ရော၍ ထည့်ခဲ့သော် ပိုမို၍ များပြားစွာ ဥတတ်၏ ။ မြေဆွေးကိုမူ စိုက်ပြီးစတွင် တစ်ကြိမ် ၊ အပင် ရှင်သန် ကြီးထွား လာပြီးနောက် အပင်ရင်းတွင် တစ်ကြိမ် ၊ နှစ်ကြိမ်ထည့်သင့်သည်။ တောင်ယာများတွင် စိုက်ပျိုးသည့်အခါ သဘာဝမြေသြဇာ ထက်သန် သည့်အလျောက် တောင်ယာမီးရှို့ပြီး မြေများေ

မြန်မာ့ဆေးဖက်ဝင် မုန်ညင်းဖြူပင်

Item Name -------- Chinese Mustard (မုန်ညင်းဖြူ) Category ----------- Raw Material Botany Term ------- Brassica alba Hook Species Family ---- Cruciferae မြန်မာ နိုင်ငံ အနှံ့အပြား တွင် ဟင်းသီးဟင်းရွက် အဖြစ် စိုက်ပျိုးသည်။ အထူး သဖြင့် အေးမြ သော ရာသီ ဥတု ရှိသည့် တောင်တန်း ဒေသများ တွင် ပိုမို ဖြစ်ထွန်း၏။ စိုက်ပျိုးပင် ဖြစ်သည်။ ၃ ပေ x ၂ ပေ ရှိသော ပျိုးခင်းတွင် မျိုးစေ့ ငါးမူးသား ခန့် ပျိုးပါ။ မျိုးစေ့ ချပြီး ရေဖြည်းဖြည်း နှံ့အောင် ခပ်ရွှဲရွှဲ လောင်း၍ ကောက်ရိုး ဖြင့် ၄ ရက်ခန့် အုပ်ထား ရသည်။ မြေကို ကောင်းစွာ ထွန်ယက် ၍ မြေသြဇာ တစ်ဧက လျှင် လှည်း ၁၀ စီး မှ ၁၅ စီး ခန့် ထည့်ပြီး သမအောင် ပြုပြင်၍ တစ်ပင် ၈ လက်မ တစ်တန်း နှင့် တစ်တန်း ၁၂ လက်မ ခွာ၍ ပြောင်းရွှေ့ စိုက်ပျိုး ရမည်။ ရေကို လိုအပ် သလို လောင်း၍ ပေါင်းမြက်များ ကို ရှင်းလင်း ထားပေး ရမည်။ စိုက်ပြီး ရက်ပေါင်း ၄၅ မှ ၆၀ အကြာတွင် ဆွတ်ခူး နိုင်ပါသည်။ • အပင် ရာသီပင် မျိုး ဖြစ်၍ အမြင့် ၂ ပေခန့် ရှိသည်။ • အရွက် မြေမှ ကပ်၍ ထွက်သည်။ ရွက်ရင်း ပိုင်း မာ၍ ရွက်ပြား ရွက်နား အ၀ိုက်များ ရှိသည်။ ရွက်ရိုး ဖြူသည်။ ရွက်ညှာ ရှည်၍ အသားပွ ပြီး အလယ်တွင် မြောင်းကဲ့သို့ ဖြစ

မြန်မာ့ဆေးဖက်ဝင် ငရုတ်ကောင်းပင်

Item Name ------- Black Pepper (ငရုတ်ကောင်း) Category ---------- Raw Material Botany Term ------ Piper nigrum Linn Species Family ---- Piperaceae မြန်မာ့ကမ်းရိုးတန်း ၊ ကရင်ပြည်နယ်၊ ရခိုင်နှင့် တနင်္သာရီ ကမ်းရိုးတန်းတို့တွင် စိုက်ပျိုးပေါက်ရောက်သည်။ အပူချိန် ၅၀ံ မှ ၁၀၀ံ ဖာရင်ဟိုက်အတွင်းရှိပြီး မိုးရေချိန် ၆၀ လက်မ ရွာသွန်းသော ဒေသများ၌ ဖြစ်ထွန်းသည်။ စိုက်ပျိုးပင်ဖြစ်သည်။ သဲနုန်းမြေ ၊ နုန်းတင်မြေနု၊ ဂ၀ံမြေ၊ မြေနီ၊ သဲဝန်းတောင်စောင်း တောင်ကုန်းတို့တွင် ကောင်းစွာဖြစ်ထွန်းသည်။မြေချဉ်ကို ပို၍ နှစ်ခြိုက်သည်။ မြေတွင်အစိုဓာတ် ကောင်းစွာရှိ၍ ရေအလွန်မ၀ပ်သော မြေမျိုးဖြစ်သင့်သည်။ အပင်ကြီးမျိုးများနှင့်တွဲ၍ စိုက်နိုင်သည်။သီးခြားစိုက်ပါကပင်စည်ကုပ်တွယ်နိုင်ရန်အတွက် ခိုင်မာသော တိုင်များစိုက်ရမည်။ အရိပ်ပင်/တွယ်ပင်များ၏ ခြေရင်း၌ ၁ ၁/၂ ပေ ရှည်သော အညွန့် ၂ ညွန့် ၃ ညွန့်ကို တော်သလင်း၊သီတင်းကျွတ်လလောက်တွင် တိုက်ရိုက်ချ၍ စိုက်နိုင်သည်။ သို့မဟုတ် အညွန့်တိုတို ကို သီးခြားစိုက်ပျိုး၍ အမြင့် ၁ ၁/၂ ပေ ခန့်ရှိသောအခါတွင် စိုက်နိုင်သည်။ တိုင်ထူစိုက်ပါက တစ်တိုင်နှင့် တစ်တိုင် ၅-၇ ပေ အကွာထားသင့်သည်။ ပေါင်းမြက်ကင်းစင်ပြီး