Skip to main content

Posts

Showing posts from March 22, 2014

အခြေခံဥပဒေ ပြင်ဆင်ရေး မိုးကုတ်မြို့မှာ ဒေါ်အောင်ဆန်းစုကြည် ဟောပြော

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ မတ်လ ၂၂ ရက်နေ့က မိုးကုတ်မြို့မှာကျင်းပတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ဟောပြောပွဲကို တက်ရောက်စဉ် Photo : RFA/ Kyaw Zaw Win ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ မှာ နိုင်ငံနဲ့ပြည်သူကို အကျိုးပြုတဲ့ အပိုင်းတွေ ပါသလို အကျိုးမပြုတဲ့ အပိုင်း တွေကို ပြုပြင်ပြောင်းလဲဖို့ လိုအပ်ကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်က from Myanmar CNN http://ift.tt/1oNFxKl

ဆိုင်ကယ်တိမ်းမှောက်၍ ၂ ဦးသေ

၂၀၁၄ ခုနှစ်၊ မတ်လ ၁၉ ရက်နေ့ ည ၆ နာရီခွဲအချိန် ရန်ကုန်-မန္တလေးအမြန်လမ်း၊ မိုင်တိုင်အမှတ်(၂၂၆/၆-၇)ကြား၌ ဆိုင်ကယ်တိမ်းမှောက်မှုဖြစ်ပွားကြောင်းသတင်းအရ ပန်းတင်အမြန်လမ်း ရဲစခန်းမှတပ်ဖွဲ့ဝင်များ သွားရောက် စစ်ဆေးခဲ့သည်။ စစ်ဆေးချက်အရ နေပြည်တော်မှမန္တလေးသို့ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ ဘုရားတောင်ကျေးရွာနေ ၀င်းဇော်(၃၈)နှစ်မောင်းနှင်ပြီး တစ်ရွာတည်းနေ အောင်ဝင်း(၄၈)နှစ်လိုက်ပါလာသည့် Followmeြ from Myanmar CNN http://ift.tt/1jhDlf9

တောမီးလောင်ရာမှ ထွက်ပေါ်လာသည့် မီးခိုးများကြောင့် ကျိုင်းတုံ လေယာဉ် မဆင်းနိုင်

မိုင်းတုံ၊ မတ် ၂၂ ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့နယ်တွင် မတ်၂၀ရက်က တောမီးလောင်ရာမှ ထွက်ပေါ်လာသည့် မီးခိုးနှင့် ပြာများကြောင့် ရာသီဥတု မှုန်မှိုင်းနေသဖြင့် ကျိုင်းတုံလေဆိပ်သို့ ဆင်းသက်မည့် လေယာဉ်များမှာ တာချီလိတ်သို့ ကွင်းပြောင်းဆင်းရကြောင်း ကျိုင်းတုံ ပြည်တွင်း လေယာဉ်လက်မှတ် အရောင်းဌာနမှ မန်နေဂျာ ဒေါ်နန်းဟွမ်ခမ်းက ပြောကြားသည်။ “မတ်၂၀ ရက် မနေ့က လေယာဉ်ကွင်း တစ်ခုလုံး မီးခိုးတွေ from Myanmar CNN http://ift.tt/1jhDkaT

မလေးရှားနိုင်ငံ မြန်မာသံရုံးမှ မြန်မာအလုပ်သမားများအား အသိပေး

မလေးရှားနိုင်ငံ မြန်မာသံရုံးမှ မလေးရှားကုမ္ပဏီတစ်ခုနှင့် စပ်လျဉ်း၍ မြန်မာအလုပ်သမားများအား အသိပေး ကြေညာထားကြောင်း မလေးရှားရောက် မြန်မာများ၏ ဆက်သွယ်ပြောချက်အရ သိရသည်။ အဆိုပါ မလေးရှားနိုင်ငံ မြန်မာသံရုံးမှ မြန်မာအလုပ်သမားများအား အသိပေးကြေညာထားချက်အရ မလေးရှားနိုင်ငံ၌ လာရောက်အလုပ် လုပ်ကိုင်နေထိုင်လျက်ရှိကြသည့် မြန်မာနိုင်ငံသား တရားမဝင် အလုပ် သမားများအား တရားဝင်ဖြစ်စေရန် ဆောင်ရွက်ပေးမည့် from Myanmar CNN http://ift.tt/1jhDjUg

မြိတ်မြို့၌ မြန်မာငွေ ကျပ် (၅၀၀၀)တန် ငွေစက္ကူ အတုများ သိမ်းဆည်းရမိ

စားသောက်ဆိုင်(စင်တင်တေးဂီတ) ဆိုင်တွင် သီချင်းသီဆိုသူ အမျိုးသမီးငယ်အား အကြွေးဆပ်ပြီး မုန့်ဖိုးပေးရာ ထိုငွေများမှာ ကျပ် (၅၀၀၀)တန် ငွေစက္ကူ အတုများ ဖြစ်သည့် အတွက် ငွေစက္ကူ အတုများအား လက်ဝယ် ထားရှိ သုံးစွဲသူအား ဖမ်းဆီး တရားစွဲဆိုမှု မြိတ်မြို့၌ ဖြစ်ပွားခဲ့သည်။ ဖြစ်စဉ်မှာ ၂၀၁၄ ခုနှစ် မတ်လ (၂၀) ရက်နေ့ ည (၇)နာရီ ခွဲ အချိန်တွင် မြိတ်ခရိုင် အထူး မှုခင်း နှိမ်နှင်းရေး အဖွဲ့မှ ရဲအုပ် ချိုလွင်နှင့် အဖွဲ့သည် from Myanmar CNN http://ift.tt/1jhDjDS

ဓာတ်ခွဲ စမ်းသပ် စစ်ဆေးမှု နည်းပညာ နှီးနှော ဖလှယ်မည်

ရန်ကုန်၊ မတ် ၂၂စင်ကာပူနိုင်ငံ အမျိုးသားတက္ကသိုလ် (NUS) မှ ပါမောက္ခများ အပါအဝင် အခြားပြည်ပ အဖွဲ့အစည်းများမှ သိပ္ပံပညာရှင်နှင့် ဓာတ်ခွဲခန်း ကျွမ်းကျင် ပညာရှင်များ ဟောပြော ဆွေးနွေးမည့် ဓာတ်ခွဲခန်း စမ်းသပ် စစ်ဆေးမှု ဆိုင်ရာ နည်းပညာ နှီးနှောဖလှယ်ပွဲကို မတ်လ ၂၄ ရက်နှင့် ၂၅ ရက်နေ့တို့တွင် ရန်ကုန်မြို့ မင်းရဲကျော်စွာလမ်းရှိ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) ခန်းမ၌ နံနက် ၈ နာရီခွဲမှ ညနေ ၆ နာရီအထိ နှစ်ရက်တိုင် ကျင်းပမည် ဖြစ်သည်။ from Voice http://ift.tt/Q3cdDH

တရုတ်နိုင်ငံ ဟာဗား ရေခဲတောင် တက်ရောက်ရန် တက္ကသိုလ်ခြေလျင် တောင်တက်အဖွဲ့ ထွက်ခွာ

ရန်ကုန်၊ မတ် ၂၂မြန်မာနိုင်ငံ၏ အမြင့်ဆုံး တောင်ထွတ်ဖြစ်သော ခါကာဘိုရာဇီ တောင်ထိပ်သို့ မတက်ရောက်မီ လေ့ကျင့် တက်ရောက်သည့် ခရီးစဉ်အဖြစ် တက္ကသိုလ်ခြေလျင်နှင့် တောင်တက်အသင်း သဘာဝခေါ်သံ ဖောင်ဒေးရှင်းမှ လက်ရွေးစင် တောင်တက် အဖွဲ့ဝင် ခြောက်ဦးသည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ယူနန်ပြည်နယ်ရှိ ပင်လယ်ရေ မျက်နှာပြင်အထက် ၁၈,၀၀၀ နီးပါး မြင့်မားသော ဟာဗား ရေခဲတောင်ထိပ်သို့ တက်ရောက်ရန် ရန်ကုန်မြို့မှ လေကြောင်း ခရီးဖြင့် မတ်လ ၂၂ ရက်နေ့ နေ့လယ်က ထွက်ခွာသွားကြသည်။ from Voice http://ift.tt/Q3cdDD

လေးမျက်နှာနှင့် အင်္ဂပူမြို့တို့တွင် အမျိုးဘာသာ သာသနာ ထိန်းသိမ်း စောင့်ရှောက်ရေးအဖွဲ့ စတင်ဖွဲ့စည်း

ဟင်္သာတ၊ မတ် ၂၂ဧရာဝတီတိုင်းဒေသကြီး လေးမျက်နှာနှင့် အင်္ဂပူမြို့တို့တွင် အမျိုးဘာသာ သာသနာ ထိန်းသိမ်း စောင့်ရှောက်ရေး အဖွဲ့များကို မတ်လ ၂၁ ရက်က လေးမျက်နှာ မြို့နယ် ကုန်းကြီးအုပ်စု သရက်တော ကျောင်းတိုက်၌ ဆရာတော်ကြီးများ၏ သြဝါဒကို ခံယူကာ သံဃာတော်များ၊ လူပုဂ္ဂိုလ်များ စုပေါင်း ဖွဲ့စည်းခဲ့ကြောင်း အစည်းအဝေး တက်ရောက်သူ ဒေသခံများက ပြောကြားသည်။ from Voice http://ift.tt/Q3cc2N

မုတ္တမ ပင်လယ်ကွေ့သို့ ဆောင်းခိုငှက် တစ်သိန်းကျော် ရောက်ရှိ

မော်လမြိုင်၊ မတ် ၂၂ကမ္ဘာပေါ်တွင် အကောင်ရေ ၅၀၀ အောက်သာ ကျန်တော့သည့် ရှားပါးရေညှောင့် နှုတ်ဝိုင်း (ဒီလုံး) ငှက်များ အပါအဝင် ပင်လယ်ပျော်ငှက် တစ်သိန်းကျော်တို့ မွန်ပြည်နယ် ပေါင်မြို့နယ် မုတ္တမ ပင်လယ်ကွေ့ ဖြစ်သည့် အလှပ်ကျေးရွာနှင့် ခင်တန်းကျေးရွာတို့သို့ လာရောက် ဆောင်းခိုကြသည်ဟု ပေါင်မြို့နယ် ခင်တန်းကျေးရွာက ငှက်ထိန်းသိမ်းရေး ခေါင်းဆောင် ဦးနိုင်အေကိုက ပြောကြားသည်။ from Voice http://ift.tt/Q3cbMh

ဓာတ်ခွဲ စမ်းသပ် စစ်ဆေးမှု နည်းပညာ နှီးနှော ဖလှယ်မည် ရန်ကုန်၊ မတ် ၂၂ စင်ကာပူနိုင...

ဓာတ်ခွဲ စမ်းသပ် စစ်ဆေးမှု နည်းပညာ နှီးနှော ဖလှယ်မည် ရန်ကုန်၊ မတ် ၂၂ စင်ကာပူနိုင်ငံ အမျိုးသားတက္ကသိုလ် (NUS) မှ ပါမောက္ခများ အပါအဝင် အခြားပြည်ပ အဖွဲ့အစည်းများမှ သိပ္ပံပညာရှင်နှင့် ဓာတ်ခွဲခန်း ကျွမ်းကျင် ပညာရှင်များ ဟောပြော ဆွေးနွေးမည့် ဓာတ်ခွဲခန်း စမ်းသပ် စစ်ဆေးမှု ဆိုင်ရာ နည်းပညာ နှီးနှောဖလှယ်ပွဲကို မတ်လ ၂၄ ရက်နှင့် ၂၅ ရက်နေ့တို့တွင် ရန်ကုန်မြို့ မင်းရဲကျော်စွာလမ်းရှိ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) ခန်းမ၌ နံနက် ၈ နာရီခွဲမှ ညနေ ၆ နာရီအထိ နှစ်ရက်တိုင် ကျင်းပမည် ဖြစ်သည်။ မြန်မာနိုင်ငံ၌ ပထမဦးဆုံးအကြိမ် စီစဉ် ကျင်းပသည့် အဆိုပါ နည်းပညာ နှီးနှောဖလှယ်ပွဲသို့ စင်ကာပူနိုင်ငံ အမျိုးသားတက္ကသိုလ်၊ Waters Corparat-ion Parkin Elmer၊ Coax-Hitachi၊ Merck Millipore အဖွဲ့အစည်းများမှ သိပ္ပံပညာရှင်များ ကိုယ်တိုင် ဟောပြောပို့ချ ဆွေးနွေးမည် ဖြစ်ပြီး မြန်မာနိုင်ငံရှိ ဓာတ်ခွဲခန်း စမ်းသပ် စစ်ဆေးမှု နည်းပညာကို စိတ်ပါဝင်စားသူ ဆရာဝန်များ၊ သိပ္ပံပညာရှင်များ၊ ဓာတ်ခွဲခန်း ပညာရှင်များ၊ တက္ကသိုလ်ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ၊ သုတေသီများ အခမဲ့ တက်ရော

တရုတ်နိုင်ငံ ဟာဗား ရေခဲတောင် တက်ရောက်ရန် တက္ကသိုလ်ခြေလျင် တောင်တက်အဖွဲ့ ထွက်ခွာ...

တရုတ်နိုင်ငံ ဟာဗား ရေခဲတောင် တက်ရောက်ရန် တက္ကသိုလ်ခြေလျင် တောင်တက်အဖွဲ့ ထွက်ခွာ ရန်ကုန်၊ မတ် ၂၂ မြန်မာနိုင်ငံ၏ အမြင့်ဆုံး တောင်ထွတ်ဖြစ်သော ခါကာဘိုရာဇီ တောင်ထိပ်သို့ မတက်ရောက်မီ လေ့ကျင့် တက်ရောက်သည့် ခရီးစဉ်အဖြစ် တက္ကသိုလ်ခြေလျင်နှင့် တောင်တက်အသင်း သဘာဝခေါ်သံ ဖောင်ဒေးရှင်းမှ လက်ရွေးစင် တောင်တက် အဖွဲ့ဝင် ခြောက်ဦးသည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ယူနန်ပြည်နယ်ရှိ ပင်လယ်ရေ မျက်နှာပြင်အထက် ၁၈,၀၀၀ နီးပါး မြင့်မားသော ဟာဗား ရေခဲတောင်ထိပ်သို့ တက်ရောက်ရန် ရန်ကုန်မြို့မှ လေကြောင်း ခရီးဖြင့် မတ်လ ၂၂ ရက်နေ့ နေ့လယ်က ထွက်ခွာသွားကြသည်။ မြန်မာနိုင်ငံရှိ ခါကာဘိုရာဇီ တောင်ကဲ့သို့ ဟိမဝန္တာတောင်တန်းနှင့် တစ်ဆက် တစ်စပ်တည်း တည်ရှိသော အဆိုပါ ဟာဗားတောင်ထိပ် (၁၇,၇၀၃ ပေ) သို့ မတ်လ ၃၀ ရက်နေ့တွင် တက်ရောက်ကြရန် လျာထားပြီး ဧပြီလ ၅ ရက်နေ့တွင် မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိ ကြမည် ဖြစ်ကြောင်း အသင်း ဥက္ကဋ္ဌ ရန်ကုန်တက္ကသိုလ် မြန်မာစာဌာန အငြိမ်းစား တွဲဖက်ပါမောက္ခ ဦးမျိုးသန့်က ပြောကြားသည်။ “ဟာဗား ရေခဲတောင်နဲ့ မြန်မာနိုင်ငံက ခါကာဘိုရာဇီ ရေခဲတောင် တို့က ရေမြေ ရာသီဥတုနဲ့ ပထဝီဝင် အနေအထားက အစ တော်တော်ကလေး တူညီပြီး ပေ ၂၀၀၀ လောက်ပဲ နိမ့်ပ

မုတ္တမ ပင်လယ်ကွေ့သို့ ဆောင်းခိုငှက် တစ်သိန်းကျော် ရောက်ရှိ မော်လမြိုင်၊ မတ် ၂၂...

မုတ္တမ ပင်လယ်ကွေ့သို့ ဆောင်းခိုငှက် တစ်သိန်းကျော် ရောက်ရှိ မော်လမြိုင်၊ မတ် ၂၂ ကမ္ဘာပေါ်တွင် အကောင်ရေ ၅၀၀ အောက်သာ ကျန်တော့သည့် ရှားပါးရေညှောင့် နှုတ်ဝိုင်း (ဒီလုံး) ငှက်များ အပါအဝင် ပင်လယ်ပျော်ငှက် တစ်သိန်းကျော်တို့ မွန်ပြည်နယ် ပေါင်မြို့နယ် မုတ္တမ ပင်လယ်ကွေ့ ဖြစ်သည့် အလှပ်ကျေးရွာနှင့် ခင်တန်းကျေးရွာတို့သို့ လာရောက် ဆောင်းခိုကြသည်ဟု ပေါင်မြို့နယ် ခင်တန်းကျေးရွာက ငှက်ထိန်းသိမ်းရေး ခေါင်းဆောင် ဦးနိုင်အေကိုက ပြောကြားသည်။ ဒီလုံး ငှက်များသည် မိုးရာသီအချိန်တွင် ရုရှားနိုင်ငံ အရှေ့မြောက် ဘက်ချူတိုတာတွင် သားပေါက်ပြီး ဆောင်းရာသီတွင် မြန်မာနိုင်ငံ ကမ်းရိုးတန်း ဒေသများတွင် လာရောက် ဆောင်းခိုကြကြောင်း၊ ဒီလုံးငှက် ၅၀ ရာခိုင်နှုန်းကျော်သည် မုတ္တမ ပင်လယ်ကွေ့တွင် လာရောက် ဆောင်းခိုကြသည်ဟု Bio-diversity and Nature Conservation Association (Banca) အဖွဲ့က သုတေသန ပြုထားသည်။ ကမ္ဘာပေါ်တွင် မျိုးသုဉ်းလုနီးပါး ဖြစ်နေသည့် ငှက်မျိုးစိတ်ပေါင်း ၁၁၃ မျိုးအနက် ၅၁ မျိုးသည် မြန်မာနိုင်ငံတွင် ရှိပြီး ဒီလုံးငှက်သည် မျိုးသုဉ်းရန် အစိုးရိမ်ရဆုံး အဆင့်ရှိသည့် ငှက်မျိုးစိတ် ဖြစ်ခြင်းကြောင့် ယင်းငှက်ကို ဖမ်းဆီးပါက ထောင်ဒဏ် ခုနစ်နှစ်ထ

လျှပ်စစ်မီတာခတိုးမြှင့်မှုနှင့် ပြည်သူ့အသံ

လျှပ်စစ်မီတာခတိုးမြှင့်မှုနှင့် ပြည်သူ့အသံ လျှပ်စစ်မီတာခတိုးမြှင့်မှုနှင့် ပြည်သူ့အသံ လျှပ်စစ်မီတာခတိုးမြှင့်မှုနှင့် ပြည်သူ့အသံ from Eleven Media Group's Facebook Wall http://ift.tt/1ldHWPs

အ ခြေခံဥ ပ ဒေ ပြင် ဆင် ရန်ပြင် ဦးလွင် မှာ ဆန္ဒ ထုတ် ဖော် မှု ယ နေ မတ်၂၃ရက့် မနက်...

အ ခြေခံဥ ပ ဒေ ပြင် ဆင် ရန်ပြင် ဦးလွင် မှာ ဆန္ဒ ထုတ် ဖော် မှု ယ နေ မတ်၂၃ရက့် မနက် ၉ နာရီ ၄၅ွှမိနစ် ခန့် က ပြုလုပ် ကြောင်းသတင်းထောက်မှတိုက်ရိုက်သတင်းပေးပို့သည်။ခက်ဆစ် from Popular Myanmar News Journal's Facebook Wall http://ift.tt/1ldHUaj

နော်ဝေ ဝန်ကြီးချုပ်ဟောင်းနှင့် ဖင်လန် သမ္မတဟောင်း မြန်မာသို့လာမည်

ရန်ကုန်၊ မတ် ၂၂နိုင်ငံတကာ ခေါင်းဆောင်ဟောင်းများဖြင့် ဖွဲ့စည်းထားသော ကမ္ဘာ့ရပ်မိရပ်ဖ အဖွဲ့ (The Elders) အဖွဲ့ဝင် နော်ဝေ ဝန်ကြီးချုပ်ဟောင်းနှင့် ဖင်လန် သမ္မတဟောင်းတို့ မြန်မာသို့ မတ်လ ၂၄ ရက်နေ့တွင် လာရောက်မည် ဖြစ်ကြောင်း အဆိုပါ အဖွဲ့က ထုတ်ပြန်သည်။ from Voice http://ift.tt/Q37gL9

ဝမ်ပေါင် ကုမ္ပဏီတွင် ဒေါ်လာ နှစ်ရာ့လေးဆယ် ရမှသာ လက်ပံတောင်း ဒေသခံများ အလုပ်ဝင်မည်

ကျိုင်းတုံ၊ မတ် ၂၂လက်ပံတောင်းတောင် ကြေးနီစီမံကိန်းတွင် ဝင်ရောက် လုပ်ကိုင်ရန်အတွက် ဝမ်ပေါင်ကုမ္ပဏီက စာတွေ့လက်တွေ့ သင်တန်းပေးလျက် ရှိသည့် ကျေးရွာ ၂၆ ရွာမှ ဒေသခံ ဘွဲ့ရလုပ်သားများက အခြေခံလစာ တစ်လလျှင် အမေရိကန်ဒေါ်လာ နှစ်ရာ့လေးဆယ် ရမှသာ လုပ်ကိုင်မည် ဖြစ်ကြောင်း ဘွဲ့ရ လုပ်သားများက ပြောကြားသည်။ from Voice http://ift.tt/Q37j9J

ဘင်္ဂလားဒေ့ရှ် သတင်းဌာန ဖော်ပြချက် မြန်မာအချုပ်အခြာကို ထိပါးခြင်းဟုဆို

ရန်ကုန်၊ မတ် ၂၂ရခိုင်ပြည်နယ် စစ်တွေနှင့် မောင်တော ဒေသများကို လူထုဆန္ဒ ခံယူပွဲများ ကျင်းပပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ နယ်နိမိတ်အတွင်း ထည့်သွင်းရန် ယင်းနိုင်ငံအခြေစိုက် Dhaka Tribune သတင်းဌာနတွင် ရေးသား ဖော်ပြမှုမှာ မြန်မာနိုင်ငံ၏ အချုပ်အခြာ အာဏာကို ထိပါးလာခြင်း ဖြစ်ကြောင်း ရခိုင် တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးဇော်အေးမောင်က ပြောကြားသည်။ from Voice http://ift.tt/Q37guH

တေးသံရှင် ၂၃ ဦး သင်္ကြန်ပြဇာတ် ဒီဗီဒီ ထွက်ရှိမည် ရန်ကုန်၊ မတ် ၂၂ မြန်မာ့ရိုးရာ...

တေးသံရှင် ၂၃ ဦး သင်္ကြန်ပြဇာတ် ဒီဗီဒီ ထွက်ရှိမည် ရန်ကုန်၊ မတ် ၂၂ မြန်မာ့ရိုးရာ မဟာသင်္ကြန် ပွဲတော်တွင် မြူးကြွသည့် ဂီတသံစဉ်များနှင့် အတူ ပျော်ရွှင်စွာ ကခုန် ပျော်ပါးလိုသူများ အတွက် တေးသံရှင် ၂၃ ဦး ပါဝင် သီဆိုထားသည့် သင်္ကြန်ပြဇာတ် ဒီဗီဒီကို မတ်လ ၂၁ ရက်နေ့မှ စတင်ပြီး Bo Bo Music Production မှ စတင် ဖြန့်ချိ ခဲ့ကြောင်း ယင်းစီးရီးကို စီစဉ်သည့် တေးသံရှင် မေသူဟံက The Voice သို့ ပြောကြားသည်။ “သင်္ကြန်ပွဲတော် အမှတ်တရ စီးရီးလေး တစ်ခု လုပ်ရအောင်လို့ သူငယ်ချင်းတွေနဲ့ တိုင်ပင်ကြတော့ အားလုံးကလည်း တက်တက်ကြွကြွနဲ့ ပါဝင် ပေးထားကြတယ်။ ဒီစီးရီးထဲမှာ သီချင်းအားလုံးပေါင်း ၂၁ ပုဒ် ပါဝင်ပါတယ်။ သီချင်း အမျိုးအစားတွေကတော့ Pop၊ Rock၊ Altar အကုန်ပါတဲ့အတွက် ကြိုက်နှစ်သက်ရာ နားဆင်လို့ ရပါတယ်။ သီချင်းတွေက အဟောင်းတွေ မပါဘူး။ အားလုံး အသစ်တွေချည်းပါပဲ” ဟု ယင်းဒီဗီဒီနှင့် ပတ်သက်ပြီး ၎င်းက ထပ်လောင်း ပြောကြားသည်။ သင်္ကြန်ပြဇာတ် ဒီဗီဒီကို ဒါရိုက်တာ ဂျွန်နသန်က ရိုက်ကူးပြီး တေးသံရှင် ကောင်းဆက်၊ အနဂ္ဂ၊ ဟဲလေး၊ ရိန်မိုး၊ အောင်ဖြိုး၊ ဖြိုးပြည့်စုံ၊ လေးနက်၊ ဟန်မင်း၊ IBAN၊ ဈာန်၊ BK၊ တွတ်ကီ၊ မီးမီးခဲ၊ သံသာဝင်း၊ ခင်ဘုဏ်း၊ ရှင်ဖုန်း၊ သီရိစံ၊ လ

လေးမျက်နှာနှင့် အင်္ဂပူမြို့တို့တွင် အမျိုးဘာသာ သာသနာ ထိန်းသိမ်း စောင့်ရှောက်ရေးအဖ...

လေးမျက်နှာနှင့် အင်္ဂပူမြို့တို့တွင် အမျိုးဘာသာ သာသနာ ထိန်းသိမ်း စောင့်ရှောက်ရေးအဖွဲ့ စတင်ဖွဲ့စည်း ဟင်္သာတ၊ မတ် ၂၂ ဧရာဝတီတိုင်းဒေသကြီး လေးမျက်နှာနှင့် အင်္ဂပူမြို့တို့တွင် အမျိုးဘာသာ သာသနာ ထိန်းသိမ်း စောင့်ရှောက်ရေး အဖွဲ့များကို မတ်လ ၂၁ ရက်က လေးမျက်နှာ မြို့နယ် ကုန်းကြီးအုပ်စု သရက်တော ကျောင်းတိုက်၌ ဆရာတော်ကြီးများ၏ သြဝါဒကို ခံယူကာ သံဃာတော်များ၊ လူပုဂ္ဂိုလ်များ စုပေါင်း ဖွဲ့စည်းခဲ့ကြောင်း အစည်းအဝေး တက်ရောက်သူ ဒေသခံများက ပြောကြားသည်။ ဧရာဝတီတိုင်းဒေသကြီး မြို့နယ်များ အားလုံး၌ အမျိုးဘာသာ သာသနာ ထိန်းသိမ်း စောင့်ရှောက်ရေး အဖွဲ့များ ဖွဲ့စည်းထားသော်လည်း အင်္ဂပူမြို့နယ်၊ လေးမျက်နှာ မြို့နယ်တို့တွင် ဖွဲ့စည်းရန် ကျန်ရှိနေသဖြင့် လေးမျက်နှာ မြို့နယ်မှ ဗဟိုသံဃာ့ဝန်ဆောင် ဆရာတော် ဘဒ္ဒန္တအရှင်ပဏ္ဍိတ၏ သြဝါဒ ခံယူကာ ဆွေးနွေး ညှိနှိုင်းခဲ့ပြီး မြို့နယ် အတွင်းရှိ ဘုန်းတော်ကြီးကျောင်း ၁၉၂ ကျောင်းမှ သံဃာအပါး တစ်ရာကျော်နှင့် ကျေးရွာအုပ်စုပေါင်း ၄၆ အုပ်စုမှ လူဦးရေ တစ်ရာကျော် တက်ရောက်ခဲ့သည်ဟု ဒေသခံများက ဆိုသည်။ မြို့နယ်အဆင့် ပထမဆုံး ဖွဲ့စည်းသော အမျိုးဘာသာ၊ သာသနာ ထိန်းသိမ်း စောင့်ရှောက်ရေး အဖွဲ့အနေနှင့် ဗုဒ္ဓဝါဒနှင့် မဆီလျော်ေ

ဆရာကြီး သခင်ကိုယ်တော်မှိုင်း (၁၃၈) နှစ်ပြည့် မွေးနေ့ မုံရွာတွင် ကျင်းပမည်

မုံရွာ၊ မတ် ၂၂ငြိမ်းချမ်းရေး ဖခင်ကြီးဟု လူသိများခဲ့သည့် ဆရာကြီး သခင်ကိုယ်တော်မှိုင်း၏ မတ်လ၂၃ ရက်နေ့တွင် ကျရောက်မည့် (၁၃၈) နှစ်ပြည့် မွေးနေ့ကို မုံရွာမြို့ ဆုတောင်းပြည့်ဘုရားကြီး အနီးရှိ သာစံ ကျောင်းတိုက်တွင် မတ်လ၂၃ ရက်နေ့ နံနက် ၇နာရီ အချိန်မှ စတင်၍ ပြုလုပ်သွားမည် ဖြစ်ကြောင်း ပွဲဖြစ်မြောက်စေရန် စီစဉ်သည့် ဆရာကြီး သခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေးကွန်ရက် (မုံရွာ၊ ယာယီ) မှ အဖွဲ့ဝင် တစ်ဦးက ဆိုသည်။ from Voice http://ift.tt/1nPqra8

အီးယူ အထူးကုန်သွယ်မှု ကင်းလွတ်ခွင့် အပြည့်အဝ ရယူနိုင်ရန် စည်းမျဉ်း လမ်းညွှန်များ သိရန်လို

ရန်ကုန်၊ မတ် ၂၂ဥရောပသမဂ္ဂ၏ အထူးကုန်သွယ်မှု ကင်းလွတ်ခွင့် (GSP) အခွင့်အရေးကို ပြည့်ဝစွာ အသုံးချနိုင်ရန် အီးယူက သတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်း လမ်းညွှန်ချက်များကို ပြည်တွင်း လုပ်ငန်းရှင်များ လေ့လာ သိရှိထားရန် လိုကြောင်း မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များ အသင်း အတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ်က ပြောကြားသည်။ from Voice http://ift.tt/NF9AGd

တောမီးလောင်ရာမှ ထွက်ပေါ်လာသည့် မီးခိုးများကြောင့် ကျိုင်းတုံ လေယာဉ် မဆင်းနိုင်

မိုင်းတုံ၊ မတ် ၂၂ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့နယ်တွင် မတ်၂၀ရက်က တောမီးလောင်ရာမှ ထွက်ပေါ်လာသည့် မီးခိုးနှင့် ပြာများကြောင့် ရာသီဥတု မှုန်မှိုင်းနေသဖြင့် ကျိုင်းတုံလေဆိပ်သို့ ဆင်းသက်မည့် လေယာဉ်များမှာ တာချီလိတ်သို့ ကွင်းပြောင်းဆင်းရကြောင်း ကျိုင်းတုံ ပြည်တွင်း လေယာဉ်လက်မှတ် အရောင်းဌာနမှ မန်နေဂျာ ဒေါ်နန်းဟွမ်ခမ်းက ပြောကြားသည်။ from Voice http://ift.tt/NF9D4K

အစိုးရဘဏ္ဍာရေး လုပ်ငန်းစဉ်များ ပွင့်လင်းမြင်သာမှု မရှိဟုဆို

ရန်ကုန်၊ မတ် ၂၂ပြည်ထောင်စု အစိုးရအဖွဲ့နှင့် ဝန်ကြီးဌာန အသီးသီးက ဆောင်ရွက်နေသော ဘဏ္ဍာရေးဆိုင်ရာ လုပ်ငန်းစဉ်များမှာ ပွင့်လင်းမြင်သာမှု မရှိကြောင်း လုပ်ငန်းရှင်များ၊ အရပ်ဘက် အဖွဲ့အစည်းများနှင့် လွှတ်တော် ကိုယ်စားလှယ် အချို့က ဝေဖန် ပြောဆိုလိုက်သည်။ from Voice http://ift.tt/NF9AGa

ရှမ်းပါတီနှစ်ခု ပူးပေါင်းရေး ညှိနှိုင်းမည့်ရက် ဇွန်လဆန်းသို့ ပြောင်းရွှေ့

ရန်ကုန်၊ မတ် ၂၂ရှမ်းနှစ်ပါတီ ပူးပေါင်းရေးအတွက် နှစ်ဖက်ဆွေးနွေး ညှိနှိုင်းရေး အဖွဲ့များ ပထမဆုံးအကြိမ် တွေ့ဆုံညှိနှိုင်းမည့် အချိန်ကို ဇွန်လဆန်းပိုင်းသို့ ရွှေ့ပြောင်းလိုက်ကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် SNLD ပါတီ အတွင်းရေးမှူး ဦးစိုင်းညွန့်လွင်က The Voice သို့ ပြောကြားသည်။ from Voice http://ift.tt/NF9AG4

လျှပ်စစ်မီတာခ တိုးမြှင့်မှု မန္တလေးတွင် လူ ၁၀၀ ခန့် ကန့်ကွက် ဆန္ဒဖော်ထုတ်မည်

မန္တလေး၊ မတ် ၂၂မြန်မာနိုင်ငံတစ်ဝန်း နေထိုင်စားသောက်စရိတ် ကြီးမြင့်မှုကို လူတိုင်းနီးပါး နေ့စဉ် ကြုံတွေ့ ခံစားရလျက် ရှိရာ ၂၀၁၄ ခုနှစ် ဧပြီလမှ စတင်ကာ လျှပ်စစ်မီတာခများ တိုးမြှင့် ကောက်ခံမည့် အစီအစဉ်ကို ကန့်ကွက်သည့် အနေနှင့် မန္တလေးမြို့တွင် မတ်လ နောက်ဆုံးပတ်၌ လူ ၁၀၀ ခန့် ဆန္ဒ ထုတ်ဖော်သွားမည် ဖြစ်ကြောင်း ဒီမိုကရေစီရေး စဉ်ဆက်မပြတ် လှုပ်ရှားမှု အင်အားစု (၂၀၀၇ ကုန်ဈေးနှုန်း ကျဆင်းရေးအဖွဲ့) မှ ဦးသိန်းအောင်မြင့်က ပြောကြားသည်။ from Voice http://ift.tt/1nPqtyN

ကာကွယ်ရေး ပစ္စည်းစက်ရုံ နယ်နိမိတ်တွင် ပုဒ်မ ၁၄၄ ထုတ်ပြန်မည်ကို ဒေသခံများ စိုးရိမ်

ရန်ကုန်၊ မတ် ၂၂မကွေးတိုင်းဒေသကြီး ပေါက်မြို့နယ်ရှိ အမှတ် (၂၄) ကာကွယ်ရေး ပစ္စည်းစက်ရုံ၏ နယ်နိမိတ်တွင် ပုဒ်မ ၁၄၄ ထုတ်ပြန်မည်ဟု ကြားသိရသဖြင့် သွားလာရေးနှင့် အလုပ်အကိုင်များ ထိခိုက်မည်ကို စိုးရိမ်လျက် ရှိကြောင်း ဒေသခံများထံမှ သိရသည်။ from Voice http://ift.tt/1nPqqTC

ဆေးယဉ်ပါး တီဘီ လူနာများအတွက် အမေရိကန်ဒေါ်လာ ၁၉ သန်း 3MDG ထောက်ပံ့မှု ယခုနှစ်စမည်

ရန်ကုန်၊ မတ် ၂၂မြန်မာနိုင်ငံတွင်းရှိ ဆေးယဉ်ပါး တီဘီ လူနာများအတွက် ထောင်စုနှစ် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက် သုံးမျိုး ရန်ပုံငွေ (3MDG) က ၂၀၁၄ ခုနှစ်မှ ၂၀၁၆ ခုနှစ်အတွင်း ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၁၉ သန်း ထောက်ပံ့မည် ဖြစ်ကြောင်း 3MDG ၏ မတ်လ ၂၁ ရက် ထုတ်ပြန်ချက် အရ သိရှိရသည်။ from Voice http://ift.tt/1nPqtyI

လျှို့ဝှက် ရုပ်ပျိုဆေး

ငယ်ငယ်တုန်းက ကျောင်းပိတ်ရက်တွေဆို သူငယ်ချင်းတွေနဲ့ ချိန်းပြီး ရွာနောက်က စမ်းချောင်းထဲမှာ ငါးသွားမျှားလေ့ရှိတယ်။ လယ်ကွင်းပြင်တွေ ဖြတ်ပြီး သွားရတဲ့အတွက် စမ်းချောင်းနားရောက်တာနဲ့ အရင်ဆုံး လုပ်ရတဲ့ အလုပ်ကတော့ ခြေထောက်မှာ တွဲလောင်း တွဲလောင်း ကပ်တွယ်နေတဲ့ လက်သန်းသာသာလောက်ရှိ မျှော့ကြီးတွေကို ခွါပစ်ရတဲ့အလုပ်ပဲ။ အသဲယားအူယားတတ်တဲ့လူတွေဆို ကြည့်တောင် မကြည့်ရဲကြဘူး။ မိုးတွင်းကာလဆို အဆိုးဆုံး။ from Myanmar CNN http://ift.tt/1nPoytY

နယူးယောက်မြို့မှာ သန်းခေါင်စာရင်းနဲ့ ပတ်သက်ပြီး ရခိုင်တွေကန့်ကွက်ဆန္ဒပြ

(နိရဉ္စရာ- ၂၃ မတ်လ ၂၀၁၄) Arakanese-protest-in-US သန်းခေါင်စာရင်း ကောက်ယူတဲ့အခါ ဘင်္ဂလီ လူမျိုးနေရာမှာ ရိုဟင်ဂျာဆိုတဲ့ နာမည် ထည့်သွင်းမယ့် အစီအစဉ်ကို ဆန့်ကျင် ကန့်ကွက်တဲ့ဆန္ဒပြပွဲ တစ်ခုကို မတ်လ ၂၂ ရက် မနေ့က အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့၊ မြန်မာကောင်စစ်ဝန်ရုံးရှေ့မှာ ရခိုင်လူမျိုး ၃၀ ခန့်က ပြုလုပ်ခဲ့ကြပါတယ်။ ဆန္ဒပြပွဲမှာ ပါဝင်သူတွေဟာ ပိုစတာတွေ၊ ဆိုင်းဘုတ်တွေကို အသီးသီးကိုင်ဆောင်ပြီး “ from Myanmar CNN http://ift.tt/1h99Gh8

ဂိုးသည်းထန်ခဲ့တဲ့ ပရီးမီးယားလိဂ်ရပ်ဝန်း

မော်ရင်ဟိုနဲ့ ရင်ဆိုင်ခဲ့သမျှ (၅)ပွဲရှုံး၊ (၅)ပွဲသရေ ရလဒ်နဲ့ အနိုင်မရခဲ့ဖူးတဲ့ အာစင်ဝင်းဂါးတစ်ယောက် ဒီနေ့ပွဲမှာလည်း (၆)ဂိုးပြတ် အရှုံးနဲ့ ထပ်ရင်ဆိုင်ခဲ့ရပြီး သူ့အတွက် အာဆင်နယ် ပွဲ(၁၀၀၀)ပြည့်ဟာ ၀မ်းနည်းကြေကွဲဖွယ်ရာ မှတ်တမ်းဖြစ်ခဲ့ပါတယ်။ (၇)မိနစ်အတွင်း နှစ်ဂိုးပေးခဲ့ရကတည်းက လီဗာပူးနဲ့ပွဲကလို ဇာတ်သိမ်းမျိုး မဖြစ်ဖို့ ဆုတောင်းခဲ့ရတဲ့ အမ်းမရိတ်စ် ချစ်သူတွေအတွက် စတန်းဖို့ဒ်ဘရစ်ခ်ျဟာ မျှော်လင့်ခြင်း from Myanmar CNN http://ift.tt/1jhpZiL

ကြည်နူးစရာ တောင်းပန်လွှာ

လက်ထပ်ပြီးလည်း သူမက ရည်းစားဖြစ်တုန်းကလိုပဲ သူ့ကိုအနိုင်ယူ၊ စိတ်ကောက်တတ်တုန်း…. တစ်နေ့မှာ မိတ်ဆွေနဲ့ချိန်းထားလို့ နှစ်ယောက်သား အိမ်ကထွက်လာခဲ့ကြတယ်။ အိမ်ကထွက်လာတုန်းက အကောင်းပါ။ လမ်းတစ်ဝက်ရောက်တော့ သူမရဲ့ အကျင့်ဆိုးကဖောက်လာပြီး သူ့ကိုအပြစ်ရှာတော့တယ်။ သူက အေးဆေးပြီး စကားနည်းသူပါ။ ဒါပေမယ့် ဒီတစ်ကြိမ်တော့ သူသည်းမခံနိုင်ခဲ့ဘူး။ သူမကို လမ်းပေါ်မှာထားခဲ့ပြီး အိမ်ကိုသူလှည့်ပြန်လာခဲ့တယ်။ တစ်ခါမှ from Myanmar CNN http://ift.tt/1jhpZ2m