ဓာတ်ခွဲ စမ်းသပ် စစ်ဆေးမှု နည်းပညာ နှီးနှော ဖလှယ်မည်
ရန်ကုန်၊ မတ် ၂၂
စင်ကာပူနိုင်ငံ အမျိုးသားတက္ကသိုလ် (NUS) မှ ပါမောက္ခများ အပါအဝင် အခြားပြည်ပ အဖွဲ့အစည်းများမှ သိပ္ပံပညာရှင်နှင့် ဓာတ်ခွဲခန်း ကျွမ်းကျင် ပညာရှင်များ ဟောပြော ဆွေးနွေးမည့် ဓာတ်ခွဲခန်း စမ်းသပ် စစ်ဆေးမှု ဆိုင်ရာ နည်းပညာ နှီးနှောဖလှယ်ပွဲကို မတ်လ ၂၄ ရက်နှင့် ၂၅ ရက်နေ့တို့တွင် ရန်ကုန်မြို့ မင်းရဲကျော်စွာလမ်းရှိ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) ခန်းမ၌ နံနက် ၈ နာရီခွဲမှ ညနေ ၆ နာရီအထိ နှစ်ရက်တိုင် ကျင်းပမည် ဖြစ်သည်။
မြန်မာနိုင်ငံ၌ ပထမဦးဆုံးအကြိမ် စီစဉ် ကျင်းပသည့် အဆိုပါ နည်းပညာ နှီးနှောဖလှယ်ပွဲသို့ စင်ကာပူနိုင်ငံ အမျိုးသားတက္ကသိုလ်၊ Waters Corparat-ion Parkin Elmer၊ Coax-Hitachi၊ Merck Millipore အဖွဲ့အစည်းများမှ သိပ္ပံပညာရှင်များ ကိုယ်တိုင် ဟောပြောပို့ချ ဆွေးနွေးမည် ဖြစ်ပြီး မြန်မာနိုင်ငံရှိ ဓာတ်ခွဲခန်း စမ်းသပ် စစ်ဆေးမှု နည်းပညာကို စိတ်ပါဝင်စားသူ ဆရာဝန်များ၊ သိပ္ပံပညာရှင်များ၊ ဓာတ်ခွဲခန်း ပညာရှင်များ၊ တက္ကသိုလ်ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ၊ သုတေသီများ အခမဲ့ တက်ရောက်နိုင်ကြကြောင်း စီစဉ်သူ PERFECT Myanmar Molecular lmaging and Therapy Center စုံစမ်း သိရှိရသည်။
ယင်းနည်းပညာ နှီးနှော ဖလှယ်ပွဲကို တက်လမ်း ဆောက်လုပ်ရေး ကုမ္ပဏီလီမိတက်က ပညာဒါနအဖြစ် ပံ့ပိုး ကူညီထားခြင်း ဖြစ်သည်။
from The Voice Weekly's Facebook Wall http://ift.tt/1iPPfdi
Comments
Post a Comment