Skip to main content

Posts

Showing posts from May 28, 2014

နိုင်ငံတကာသတင်းတိုများ ထိုင်းသတင်းထောက်နှစ်ဦးကိုသတိပေး ထိုင်းနိုင်ငံဒေသခံ သတင...

နိုင်ငံတကာသတင်းတိုများ ထိုင်းသတင်းထောက်နှစ်ဦးကိုသတိပေး ထိုင်းနိုင်ငံဒေသခံ သတင်းထောက် နှစ်ဦးက အာဏာသိမ်း စစ်ခေါင်းဆောင်အား “မလျော်ကန်သော မေး ခွန်း” များ မေးမြန်းခဲ့သောကြောင့် ထိုင်းစစ်တပ်မှ ဆင့်ခေါ်ခဲ့သည်ဟု မေလ ၂၈ ရက် က အေအက်ဖ်ပီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။ အကြမ်းဖက်အဖွဲ့များအားဖိအားပေးသွားမည် အိန္ဒိယ၀န်ကြီးချုပ်သစ်မိုဒီက အကြမ်းဖက်အဖွဲ့များအား ဖိအားပေးသွားမည်ကြောင်းကို ပါကစ္စတန် ၀န်ကြီး ချုပ်နှင့် ကုန်သွယ်ရေးဆွေးနွေးမှုများ ပြုလုပ်ခဲ့စဉ်အတွင်း ပြောကြားခဲ့သည်ဟု မေလ ၂၈ ရက်က ဘီဘီစီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။ ညမထွက်ရအမိန့်အတွက်အချိန်လျှော့ချ ထိုင်းနိုင်ငံအမျိုးသား ငြိမ်းချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကောင်စီ(NCPO) က ညမထွက်ရ အမိန့် အတွက် အချိန်အတိုင်းအတာကို လက်ရှိ ခုနစ်နာရီ သတ်မှတ်ထားရာမှ လေးနာရီသို့ လျော့ချပေးခဲ့သည်ဟု မေလ ၂၈ ရက်က ဘီဘီစီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။ အသစ်ထုတ်ပြန်လိုက်သော ညမထွက် ရအမိန့်သည် ညသန်းခေါင်မှ နံနက် လေးနာရီ ထိသာ ဖြစ်သည်။ သြစတြေးလျနိုင်ငံ လေထု အရည်အသွေး ကျဆင်းလာနေ သြစတြေးလျနိုင်ငံ လေထု အရည်အသွေးသည် လွန်ခဲ့သော ဆယ်စုနှစ်က စတင်ပြီး တဖြည်းဖြည်း လျော့ ကျလာခဲ့ကာ နိုင်ငံ

အသင်းပိုင်ရှင် ဂလေဇာ ကွယ်လွန်သွားသော်လည်း မန်ယူအတွက်တစ်စုံတစ်ရာ ထိခိုက်မှုမရှိနို...

အသင်းပိုင်ရှင် ဂလေဇာ ကွယ်လွန်သွားသော်လည်း မန်ယူအတွက်တစ်စုံတစ်ရာ ထိခိုက်မှုမရှိနိုင် ....................................... အသက် ၈၆ နှစ်အရွယ်တွင် အသင်းပိုင်ရှင် ဂလေဇာကွယ်လွန်သွားခဲ့သော်လည်း မန်ယူအသင်း ၏အနာဂါတ် ထိခိုက်မှုမရှိနိုင်ဟု အင်္ဂလန်နေ့စဉ်ထုတ် independent သတင်းစာက ဖော်ပြသည်.............. Mizzima Sport News အားကစားသတင်းမှန်သမျှ.....ဒီမှာ ရနေပြီ....။ from Mizzima - News in Burmese's Facebook Wall http://ift.tt/1oMqqRI

ရာဇ၀င်ထဲမှာ မြန်မာအသင်း ကို ထားရစ်ခဲ့ (ဆောင်းပါး) .................................

ရာဇ၀င်ထဲမှာ မြန်မာအသင်း ကို ထားရစ်ခဲ့ (ဆောင်းပါး) .............................................................. "ဘူတာ ကို ဘယ်အချိန်ဆိုက်ရောက်လာမယ် မှန်း မသိ နိုင်တဲ့ မြန်မာ့မီးရထားလိုဘဲ ဘယ်အချိန်မှာအောင်မြင်မှု ရမယ်မှန်း မသိနိုင်တဲ့ မြန်မာ့ဘောလုံး အောင်မြင်မှု ကို ပရိသတ်တွေ အ နေနဲ့ စိတ်ရှည်လက်ရှည်စောင့်ရုံမှ တစ်ပါး အခြားမရှိတော့ပါကြောင်း..." Mizzima Sport News အားကစားသတင်းမှန်သမျှ.....ဒီမှာ ရနေပြီ....။ from Mizzima - News in Burmese's Facebook Wall http://ift.tt/1oMqqRs

ချင်းတွင်းမြစ် အထက်ပိုင်းတွင် သစ်တန်ချိန် ၉၀၀ ကျော်ဖမ်းဆီးရမိ ဇာဏီထွဏ်း ပိုင်ရ...

ချင်းတွင်းမြစ် အထက်ပိုင်းတွင် သစ်တန်ချိန် ၉၀၀ ကျော်ဖမ်းဆီးရမိ ဇာဏီထွဏ်း ပိုင်ရှင်မဲ့ တရားမ၀င်သစ်တန်ချိန် ၉၂၀ ကျော်ကို ချင်းတွင်းမြစ်အထက်ပိုင်း ကလေးနှင့် တမူးခရိုင်များတွင် ဧပြီ ၃၀ မှ မေ ၂၅ ရက် အတွင်း ဖမ်းဆီးရရှိခဲ့သည်ဟု စစ်ကိုင်းတိုင်း ဒုတိယရဲမှူးကြီး မင်းဇော်ဦးက မဇ္ဈိမကို ပြောသည်။ ဖမ်းဆီးရရှိသည့် သစ်အများစုမှာ တမလန်း၊ ကျွန်းနှင့် ပျဉ်းကတိုး အများဆုံးဖြစ်ပြီး သစ်ဖြတ်လွှစက် လေး လုံးတို့ဖြစ်သည်ဟု ဆိုသည်။ “တရားမ၀င် သစ်ခုတ်တာ တွေရှိတယ် ဆိုတဲ့ သတင်းအရ စစ်ကိုင်းတိုင်း ၀န်ကြီးချုပ်အဖွဲ့ ညွှန်ကြားချက် အရ အထူးအဖွဲ့ ဖွဲ့ပြီး ဆင်းဖမ်းတာ။ ၀င်ဖမ်းတဲ့အချိန်မှာ လူတွေမရှိတော့ဘူး။ သစ်တွေ ပုံထားတာ၊ ဖြတ် ထားတာပဲ တွေ့တော့တယ်” ဟု ရဲမှူးကြီးက ဆိုသည်။ အဆိုပါ တရားမ၀င်သစ်များကို နယ်စပ်ရေးရာဝန်ကြီး၊ စစ်ကိုင်းတိုင်း ဒု-ရဲမှူးကြီး၊ သစ်တောဝန်ထမ်း၊ အပါ အ၀င် ရဲအင်အား ၆၀ ကျော်တို့က ကလေးဝ၊ မော်လိုက်၊ ကလေးမြို့အစပ်၊ တမူးမြို့များတွင် သွားရောက် ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။ ဖမ်းဆီးရရှိမှု အများဆုံးနေရာများမှာ မော်လိုက်မြို့နယ် အနောက်ဘက် ကင်းတိုက်ရွာ အနောက်ခြမ်းဒေ သ၊ တမူးမြို့နယ် ခမ်းပက်အကျော် မင်းသမီးတောင်တန်း မြောက်ဖျားမှဖြစ်သ

ကမ္ဘာ့မြို့ကြီး ခြောက်မြို့မှာ စတင်မိတ်ဆက်လိုက်တဲ့ LG G 3 စမတ်ဖုန်း စ, ချိုကို...

ကမ္ဘာ့မြို့ကြီး ခြောက်မြို့မှာ စတင်မိတ်ဆက်လိုက်တဲ့ LG G 3 စမတ်ဖုန်း စ, ချိုကို ရန်ကုန်၊ မေ ၂၇ LG Electronics ကုမ္ပဏီက နောက်ဆုံး ထုတ်လုပ်ထားသည့် LG G3 စမတ်ဖုန်းသစ်ကို ကမ္ဘာ့မြို့ကြီး ခြောက်မြို့တွင် မေ ၂၇၊ ၂၈ အတွင်း စတင်မိတ်ဆက် ရောင်းချမည်ဟု ကုမ္ပဏီက မေ ၂၆ ရက်တွင် သတင်းထုတ်ပြန်လိုက်သည်။ LG G3 ကို လန်ဒန်၊ နယူးယောက်၊ ဆန်ဖရန်စစ်္စကို၊ ဆိုးလ်၊ စင်ကာပူနှင့် အစ္စတန်ဘူလ် စသည့် ကမ္ဘာ့ မြို့ကြီး ခြောက်မြို့ တွင် မေလနောက်ဆုံးပတ်အတွင်း မိတ်ဆက်ပြသရောင်းချမည် ဖြစ်ပြီး LG G3 တွင် အရည်အသွေးမြင့်မားသည့် နည်းပညာများ၊ ကင်မရာအရည်အသွေး မြင့်မားမှုနှင့် ဆန်းသစ်သည့် ဒီဇိုင်းများကိုပါ တွေ့မြင်ရနိုင်မည် ဖြစ်သည်။ LG ၏နောက်ဆုံးပေါ် G3 စမတ်ဖုန်းကို ဇွန်နှင့် ဇူလိုင်လများအတွင်း မြန်မာနိုင်ငံ မိုဘိုင်းဈေးကွက်သို့ ရောက်ရှိလာရန် မျှော်မှန်းထားသည်ဟုလည်း LG ကုမ္ပဏီ၏ တာဝန်ရှိသူတစ်ဦးက မဇ္ဈိမကို ပြောသည်။ G3 ၏ အသွင်အပြင် ဒီဇိုင်း ၅ ဒသမ ၅ လက်မရှိသည့် စကရင်မျက်နှာပြင်အရွယ်အစားက မျက်နှာပြင် ကျယ်ကြိုက်နှစ်သက်သူများ အတွက် သင့်လျော်သည့် အရွယ်အစား ဖြစ်လာနိုင်သည်။ Pixel သိပ်သည်းဆ 538 ppi (Pixel Per Inch) ရှိသည့် Quad HD Display ဖြစ်ပြီး HD

အွန်လိုင်းအိမ်ခြံမြေ ဈေးကွက်တွင် ၀ယ်ယူခြင်းက ငှားရမ်းခြင်းထက် သုံးဆပိုများနေေ...

အွန်လိုင်းအိမ်ခြံမြေ ဈေးကွက်တွင် ၀ယ်ယူခြင်းက ငှားရမ်းခြင်းထက် သုံးဆပိုများနေ မောင်မန်း အွန်လိုင်းမှတစ်ဆင့် အိမ်ခြံမြေအရောင်းအ၀ယ်နှင့် ငှားရမ်းခြင်းများတွင် ၀ယ်ယူသည့် အရေအတွက်သည် ၇၅ ရာခိုင်နှုန်း အထိရှိပြီး ငှားရမ်းခြင်းထက် သုံးဆ ပိုမိုများပြားနေသည်ဟု အွန်လိုင်းအိမ်ခြံမြေဈေးကွက် ၀န်ဆောင်မှုပေးနေသည့် House.com.mm က မေလ ၂၈ ရက်တွင် ထုတ်ပြန်လိုက်သည့် ၎င်းတို့၏ စစ်တမ်းတွင် ဖော်ပြထားသည်။ ဘဏ်စနစ်နှင့် အခြားရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများ အားနည်းမှုကြောင့် အိမ်ခြံမြေဈေးကွက်တွင် ရင်းနှီးမြှုပ်နှံမှု ပိုလာခြင်းဖြစ်သည်ဟု House.com.mm ၏ Country Manager ဖြစ်သူ Michiel Bakker က စစ်တမ်းတွင် ပြောဆိုထားသည်။ Michiel Bakker က “သိပ်အဆင်မပြေတဲ့ ဘဏ်စနစ်နဲ့ တခြားရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းတွေ၊ အားနည်းနေမှုတွေက မြန်မာနိုင်ငံ အိမ်ခြံမြေဈေးကွက်မှာ ပိုမို ရင်းနှီးမြှုပ်နှံလာမှုကို ဖြစ်စေပါတယ်”ဟု ဆိုသည်။ မြန်မာနိုင်ငံ ရန်ကုန်မြို့ရှိ အဆောက်အအုံများကို ပြန်လည်ပြုပြင်ခြင်း၊ စီမံကိန်းအသစ်များချမှတ်၍ လူနေအိမ်နှင့် စီးပွားရေးဆိုင်ရာ အဆောက်အအုံများ တည်ဆောက်ခြင်းတို့ကြောင့် ရန်ကုန်မြို့သည် ယခင်ကထက် ပိုမိုတိုးတက်လာနေပြ

လူမည်းတို့အသံကို ကိုယ်စားပြုသည့် အမေရိကန်ကဗျာဆရာ၊ စာရေးဆရာမကြီး မာယာအိန်ဂျလိုကွယ...

လူမည်းတို့အသံကို ကိုယ်စားပြုသည့် အမေရိကန်ကဗျာဆရာ၊ စာရေးဆရာမကြီး မာယာအိန်ဂျလိုကွယ်လွန် ---------- ဝါရှင်တန်- လူမည်းအခွင့်အရေး၊ ပြည်သူ့အခွင့်အရေးတို့နှင့်ပတ်သက်၍ ကဗျာနှင့် စာပေများဖွဲ့ဆိုရေးသားခဲ့ပြီး အမေရိကန်ပြည်ထောင် စုနှင့် ကမ္ဘာတွင် မျိုးဆက်ပေါင်းများစွာကို လွှမ်းမိုးနိုင်စွမ်းရှိခဲ့သည့် လူမည်းကဗျာဆရာမကြီး မာယာအိန်ဂျလိုသည် အသက် (၈၆)နှစ်အရွယ်တွင် သူမနေထိုင်ရာ မြောက်ကာရိုလိုင်းနား? ဝင်စတန်ဆလမ်းရှိ နေအိမ်တွင် ဗုဒ္ဓဟူးနေ့လယ်ပိုင်းက ကွယ် လွန်ခဲ့သည်။ သတင်းအပြည့်အစုံ.... http://ift.tt/1iulCLA လူမည်းတို့အသံကို ကိုယ်စားပြုသည့် အမေရိကန်ကဗျာဆရာ၊ စာရေးဆရာမကြီး မာယာအိန်ဂျလိုကွယ်လ� 7daydaily.com ဝါရှင်တန်- လူမည်းအခွင့်အရေး၊ ပြည်သူ့အခွင့်အရေးတို့နှင့်ပတ်သက်၍ ကဗျာနှင့် စာပေများဖွဲ့ဆိုရေးသားခဲ့ပြီး အမေရိကန်ပြည်ထောင် စုနှင့် ကမ္ဘာတွင် မျိုးဆက်ပေါင်းများစွာကို လွှမ်းမိုးနိုင်စွမ်းရှိခဲ့သည့် လူမည်းကဗျာဆရာမကြီး မာယာအိန်ဂျလိုသည် အသက် (၈၆)နှစ်အရွယ်တွင် သူမနေထိုင်ရာ မြောက်ကာရိုလိုင်းနား? ဝင်စတန်ဆလမ်းရှ… from 7Day News Journal's Facebook Wall http://ift.tt/1wpvFuN

တရုတ် ရွက်ဖျင်ထီးများအရောင်းသွက် လမ်းဘေးဈေးဆိုင်များတွင်အများဆုံးအသုံးပြုသည့်...

တရုတ် ရွက်ဖျင်ထီးများအရောင်းသွက် လမ်းဘေးဈေးဆိုင်များတွင်အများဆုံးအသုံးပြုသည့် တရုတ်နိုင်ငံထုတ် ရွက်ဖျင်ထီးများ အရောင်းသွက် လျက်ရှိပြီး ထီးအမျိုးအစားအပေါ်မူတည်၍ ဈေးနှုန်းကျပ်၃၅,၀၀၀ မှ ကျပ် ၇၀,၀၀၀ အထိ ရှိသည်ဟု ယုဇနပလာရှိ ထီးအရောင်းဆိုင်များက မေလ ၂၈ ရက်တွင် ပြောသည်။ from Mizzima - News in Burmese's Facebook Wall http://ift.tt/1pmejgt

အဖျော်ယမကာပြိုင်ပွဲကျင်းပမည် မြန်မာနိုင်ငံတွင် အိမ်ရှင်အဖြစ် ပထမဆုံးအကြိမ် ကျင်...

အဖျော်ယမကာပြိုင်ပွဲကျင်းပမည် မြန်မာနိုင်ငံတွင် အိမ်ရှင်အဖြစ် ပထမဆုံးအကြိမ် ကျင်းပပြုလုပ်မည့် အဖျော်ယမကာပြိုင်ပွဲ Myanmar Bartenders’ Competition ၂၀၁၄ ပြိုင်ပွဲကြီးကို ရန်ကုန်မြို့ အင်းယားလိတ် ဟိုတယ်ဝင်းအတွင်းရှိ DJ Bar တွင် ဇွန်လ ၃ ရက်နှင့် ၄ ရက်နေ့များတွင် ကျင်းပပြုလုပ်မည် ဖြစ်သည်။ from Mizzima - News in Burmese's Facebook Wall http://ift.tt/RDWeMi

နိုင်ငံခြားဘဏ်များ လုပ်ကိုင်ခွင့် ယခုနှစ်အတွင်း ချထားပေးဖွယ်ရှိ ယခုနှစ် နှောင်း...

နိုင်ငံခြားဘဏ်များ လုပ်ကိုင်ခွင့် ယခုနှစ်အတွင်း ချထားပေးဖွယ်ရှိ ယခုနှစ် နှောင်းပိုင်းကာလတွင် နိုင်ငံခြားဘဏ်အချို့ မြန်မာနိုင်ငံအတွင်း လုပ်ငန်းဆောင်ရွက်ခွင့် ရနိုင်ဖွယ် ရှိသည်ဟု ဘဏ်လုပ်ငန်းနှင့် နီးစပ်သည့် အစိုးရအရာရှိများကပြောကြောင်း ရိုက်တာသတင်းဌာန၏ ဖော် ပြချက်ကို ကိုးကားပြီး TODAY ONLINE သတင်းတွင် မေလ ၂ရ ရက်က ရေးသားဖော်ပြသည်။ from Mizzima - News in Burmese's Facebook Wall http://ift.tt/1pmeiZZ

ချင်းပြည်နယ်ဖွံ့ဖြိုးရေး ကျပ်သန်းပေါင်း ၈,၂၀၀ ကျော်ရရှိ မို့မို့ကြည်| ကြာသပတေးေ...

ချင်းပြည်နယ်ဖွံ့ဖြိုးရေး ကျပ်သန်းပေါင်း ၈,၂၀၀ ကျော်ရရှိ မို့မို့ကြည်| ကြာသပတေးနေ့၊ မေလ ၂၉ ရက် ၂၀၁၄ ခုနှစ် ချင်းပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရန် ရန်ပုံငွေကျပ်သန်းပေါင်း ၈,၂၅၂ ဒသမ ၀၁၇ သန်း ရရှိခဲ့ကြောင်းနှင့် ယင်းပမာဏမှာ ၂၀၁၃-၁၄ဘဏ္ဍာရေးနှစ်က ရရှိခဲ့သည့် ကျပ်သန်းပေါင်း ၄,၄၈၈ ဒသမ ၈၆ သန်းထက် နှစ်ဆနီးပါး ပိုမိုရရှိခဲ့ခြင်းဖြစ်သည်ဟု ချင်းပြည်နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဌေးဝင်းက မေလ ၂၈ ရက်တွင် မဇ်္ဈိမကို ပြောသည်။ “ကျွန်တော်တို့ ချင်းပြည်နယ်ဟာဆိုရင် မြန်မာပြည်ထဲက အဆင်းရဲဆုံးပြည်နယ်တစ်ခုပါ။ ဆင်းရဲမွဲတေမှုက ၇၃ ဒသမ ၃ ရာခိုင်နှုန်း အထိရှိပါတယ်။ ဒေသဖွံ့ဖြိုးဖို့က တော်တ်ာလေးလိုနေပါသေးတယ်။ ဒေသဖွံ့ဖြိုး ရေးအတွက် ငွေကိုပိုပြီးချပေးသင့်ပါတယ်”ဟု ၎င်းကပြောသည်။ ချင်းပြည်နယ်ဒေသဖွံ့ဖြိုးရေးအတွက်ရရှိသောထောက်ပံ့ငွေများကို ကတ္တ၃ရာလမ်းခင်းခြင်းအတွက် ကျပ် သန်းပေါင်း ၈၇၁ ဒသမ ၈၃ သန်း၊ ကျောက်ခင်းလမ်း ၂၄ မိုင်အတွက် ကျပ်သန်းပေါင်း ၁,၄၄၄ ဒသမ ၈ သန်း၊ မြေသားလမ်း ၂၆၈ မိုင်ဖောက်လုပ်ရေး အတွက် ၃,၃၃၆ ဒသမ ၄၈၇ သန်း၊ သစ်သားတံတား ပေ ၈၄၀ အတွက် ကျပ် ၄၁၈ သန်း၊ ရေကန်တူးဖော်ရေးလုပ်ငန်းများအတွ

လွတ်ငြိမ်းချမ်းသာခွင့် ထပ်ပေးရန်ရှိ၊ မရှိ အရေးကြီးအဆိုတင်မည် ------------ နေပြည်...

လွတ်ငြိမ်းချမ်းသာခွင့် ထပ်ပေးရန်ရှိ၊ မရှိ အရေးကြီးအဆိုတင်မည် ------------ နေပြည်တော်- ယနေ့ကျင်းပသည့် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် သင်္ဃန်းကျွန်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ ထောက်ခံချက်နှင့်အညီ အထွေထွေလွတ် ငြိမ်းချမ်းသာခွင့် ဆက်လက်ထုတ်ပြန်ပေးရန် နိုင်ငံတော်သမ္မတအား တိုက်တွန်းကြောင်း အဆိုကိုအရေးကြီးအဆိုအဖြစ် တင်သွင်းသွားမည်ဖြစ် ကြောင်း သတင်းရရှိသည်။ သတင်းအပြည့်အစုံ... http://ift.tt/1tpuZ4m လွတ်ငြိမ်းချမ်းသာခွင့် ထပ်ပေးရန်ရှိ၊ မရှိ အရေးကြီးအဆိုတင်မည် 7daydaily.com နေပြည်တော်- ယနေ့ကျင်းပသည့် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် သင်္ဃန်းကျွန်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ ထောက်ခံချက်နှင့်အညီ အထွေထွေလွတ် ငြိမ်းချမ်းသာခွင့် ဆက်လက်ထုတ်ပြန်ပေးရန် နိုင်ငံတော်သမ္မတအား တိုက်တွန်းကြောင်း အဆိုကိုအရေးကြီးအဆိုအဖြစ်… from 7Day News Journal's Facebook Wall http://ift.tt/1tpuW8P

လူငယ်ရေးရာဝန်ကြီးဌာနတစ်ခု ဖွဲ့စည်းရန် စီစဉ်နေ ------ ရန်ကုန်- လူငယ်ရေးရာကဏ္ဍများ တ...

လူငယ်ရေးရာဝန်ကြီးဌာနတစ်ခု ဖွဲ့စည်းရန် စီစဉ်နေ ------ ရန်ကုန်- လူငယ်ရေးရာကဏ္ဍများ တိုးမြှင့်ဆောင်ရွက်ပေးနိုင်ရန် လူငယ်ရေးရာဝန်ကြီးဌာနတစ်ခုကို အစိုးရအဖွဲ့ကဖွဲ့စည်းရန်ဆောင်ရွက်နေကြောင်း နိုင်ငံတော်သမ္မတရုံးမှ ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက ယနေ့ပြောကြားလိုက်သည်။ သတင်းအပြည့်အစုံ... http://ift.tt/1tpuYNY လူငယ်ရေးရာဝန်ကြီးဌာနတစ်ခု ဖွဲ့စည်းရန် စီစဉ်နေ 7daydaily.com ရန်ကုန်- လူငယ်ရေးရာကဏ္ဍများ တိုးမြှင့်ဆောင်ရွက်ပေးနိုင်ရန် လူငယ်ရေးရာဝန်ကြီးဌာနတစ်ခုကို အစိုးရအဖွဲ့ကဖွဲ့စည်းရန်ဆောင်ရွက်နေကြောင်း နိုင်ငံတော်သမ္မတရုံးမှ ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက ယနေ့ပြောကြားလိုက်သည်။ from 7Day News Journal's Facebook Wall http://ift.tt/1tpuW8C

ဇနီးဖြစ်သူ အသတ်ခံရချိန်တွင် ရဲက မတားဘဲ ရပ်ကြည့်နေခဲ့ကြောင်း ဆွေမျိုးများ၏ သတ်ဖြတ...

ဇနီးဖြစ်သူ အသတ်ခံရချိန်တွင် ရဲက မတားဘဲ ရပ်ကြည့်နေခဲ့ကြောင်း ဆွေမျိုးများ၏ သတ်ဖြတ်ခြင်းခံရသူပါကစ္စတန်အမျိုးသမီး၏ ခင်ပွန်းထုတ်ဖော် ----------- လာဟိုး-ပါကစ္စတန်နိုင်ငံ လာဟိုးမြို့ တရားရုံးအပြင်ဘက်တွင် မိဘဆွေမျိုးများ၏ ကျောက်တုံးဖြင့် ပစ်ပေါက်သတ်ဖြတ်ခြင်းကို ခံခဲ့ရသော အမျိုးသမီး၏ ခင်ပွန်းက ရဲတပ်ဖွဲ့ဝင်များသည် ၎င်း၏ဇနီးဖြစ်သူ အသတ်ခံနေရချိန်တွင် ရပ်ကြည့်နေခဲ့ကြပြီး မည်သို့မျှ တားမြစ်ခြင်းမရှိကြောင်း ထုတ်ဖော်ပြောကြားလိုက်သည်။ သတင်းအပြည့်အစုံ... http://ift.tt/1tpuSWB ဇနီးဖြစ်သူ အသတ်ခံရချိန်တွင် ရဲက မတားဘဲ ရပ်ကြည့်နေခဲ့ကြောင်း ဆွေမျိုးများ၏... 7daydaily.com လာဟိုး-ပါကစ္စတန်နိုင်ငံ လာဟိုးမြို့ တရားရုံးအပြင်ဘက်တွင် မိဘဆွေမျိုးများ၏ ကျောက်တုံးဖြင့် ပစ်ပေါက်သတ်ဖြတ်ခြင်းကို ခံခဲ့ရသော အမျိုးသမီး၏ ခင်ပွန်းက ရဲတပ်ဖွဲ့ဝင်များသည် ၎င်း၏ဇနီးဖြစ်သူ အသတ်ခံနေရချိန်တွင် ရပ်ကြည့်နေခဲ့ကြပြီး မည်သို့မျှ တားမြစ်ခြင်းမရှိကြောင်း ထုတ်ဖော်ပြောကြားလိုက်သည်။ from 7Day News Journal's Facebook Wall http://ift.tt/1wps6F3

" နီပေါနိုင်ငံ အမျိုးသားနေ့ အခမ်းအနား အင်းလျားလိတ်ဟိုတယ်တွင် ကျင်းပ " ရန်ကုန်...

" နီပေါနိုင်ငံ အမျိုးသားနေ့ အခမ်းအနား အင်းလျားလိတ်ဟိုတယ်တွင် ကျင်းပ " ရန်ကုန် မေ ၂၉ နီပေါနိုင်ငံအမျိုးသားနေ့အခမ်းအနားကို မြန်မာနိုင်ငံဆိုင်ရာ နီပေါနိုင်ငံသံရုံးမှ ၂၀၁၄ ခုနှစ် မေလ ၂၈ ရက်နေ့တွင် အင်းလျားလိတ်ဟိုတယ်တွင် ကျင်းပရာ မြန်မာနိုင်ငံဆိုင်ရာ နီပေါသံအမတ်ကြီး HE Mr. Paras Ghimire က နှုတ်ဆက်အဖွင့်မိန့်ခွန်းပြောကြားသည်။ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်ဦးမြင့်ဆွေ၊ဇနီးတို့နှင့် အတူ မြန်မာအစိုးရပိုင်းမှ အဆင့်မြင့်အရာရှိကြီးများ တက်ရောက်ခဲ့သည်။ ထို့အပြင် မြန်မာနိုင်ငံမှ နိုင်ငံရေးပါတီများ၊ အရပ်ဘက်လူ့အဖွဲ့အစည်းများ၊ မီဒီယာများ၊ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး ဒဲရစ်မစ်ချယ်နှင့် နိုင်ငံခြားသံတမန်များလည်း တက်ရောက်ခဲ့ကြသည်။ နီပေါနိုင်ငံသည် ကုန်းတွင်းပိတ်နိုင်ငံတစ်ခုဖြစ်သော်လည်း ဧ၀ရက်တောင် တက်ခရီးသွား လုပ်ငန်းနှင့် မြတ်ဗုဒ္ဓဖွားတော်မူရာ Lumbini အင်ကြင်းတော ဘုရားဖူးခရီးသွားလုပ်ငန်းတို့ဖြင့် ထင်ရှားသော နိုင်ငံတစ်နိုင်ငံလည်း ဖြစ်သည်။ PN from Popular Myanmar News Journal's Facebook Wall http://ift.tt/1lSE3e4

" မြန်မာတစ်နိုင်ငံလုံးတွင် အသက်အာမခံထားသူ တစ်ရာခိုင်နှုန်းကျော်သာရှိ" ပြည်တွင်း...

" မြန်မာတစ်နိုင်ငံလုံးတွင် အသက်အာမခံထားသူ တစ်ရာခိုင်နှုန်းကျော်သာရှိ" ပြည်တွင်း၌ အသက်အာမခံထားရှိမှုနှုန်းမှာ မြန်မာ့လူဦးရေ၏ ၁ ဒသမ ၂ ရာခိုင်နှုန်းခန့်သာ ရှိကြောင်း မြန်မာ့အာမခံလုပ်ငန်းမှ သိရသည်။ အဆိုပါ အနေအထား မှာ မြန် မာနိုင်ငံအနေ နှင့်ဆိုပါက အာမခံထားရှိမှုနှုန်းထား နည်း ပါးနေ သေး သည်ဟု ဆိုနိုင်ကြောင်း မြန်မာ့အာမခံလုပ်ငန်းညွှန်ကြားရေးမှူးချုပ် ဦးအေးမင်းသိန်းက ပေါ်ပြူ လာနယူးစ်သို့ ဖြေကြားသည်။ မြန်မာ့အာမခံလုပ်ငန်း၏ အသက်အာမခံ အမျိုးအစား များဖြစ်သည့် ပြည် သူပြည်သား အသက်အာမခံ ပြည်သူ့ ဝန်ထမ်းအသက်အာမခံ၊ တပ်မတော် ဝန်ထမ်းအသက်အာမခံ၊ သင်္ဘော သား အသက်အာ မခံ၊ မြွေအန္တရာယ် အသက် အာမခံ၊ စုပေါင်း အသက်အာမခံ၊ အားကစား သမား ကိုယ်အင်္ဂါ ထိခိုက်မှု အာမခံနှင့် တရားဝင် ပြည်ပအလုပ်သမား အသက်အာမခံများတွင် လက်ရှိ အာမခံထားရှိသူ ဦးရေ ၈ သိန်းခန့်ရှိ ကြောင်း သိရသည်။ မြန်မာ့အာမခံလုပ်ငန်းအနေနှင့် ၂ဝ၁၃ ခုနှစ်တွင် ပုဂ္ဂလိက အာမခံကုမ္ပဏီများ ဖွင့်လှစ်ခွင့်ပြုခဲ့ပြီး အသက်အာမခံများအပါအဝင် မီးအာမခံ၊ အလုံးစုံမော်တော် ယာဉ် အာမခံ၊ ငွေသား လုံခြုံမှု အာမခံစနစ်များ လုပ်ကိုင်ခွင့်ပြုခဲ့သည်။ သို့သော်လည်း ပုဂ္ဂလိက အာမခံ ကုမ္ပဏီများ၌ပင် အသက်အာ

ဖြုတ်ချခံရသည့် ထိုင်းပညာရေးဝန်ကြီးဟောင်းကို စစ်တပ်က အာမခံပေးရန် ငြင်းပယ် -------...

ဖြုတ်ချခံရသည့် ထိုင်းပညာရေးဝန်ကြီးဟောင်းကို စစ်တပ်က အာမခံပေးရန် ငြင်းပယ် --------- ဘန်ကောက်- စစ်အာဏာသိမ်းပြီးနောက် ဖြုတ်ချခံခဲ့ရသော ထိုင်းအစိုးရ ပညာရေးဝန်ကြီးချတ်တူရွန် ချိုင်ဆန်းသည်ကို အာဏာသိမ်းစစ်တပ်က ဗုဒ္ဓဟူးနေ့ညပိုင်းတွင် ၎င်းအား အာမခံဖြင့် ပြန်လွှတ်ပေးရန် ငြင်းပယ်ခံခဲ့သည်။ သတင်းအပြည့်အစုံ... http://ift.tt/1oMf2VK ဖြုတ်ချခံရသည့် ထိုင်းပညာရေးဝန်ကြီးဟောင်းကို စစ်တပ်က အာမခံပေးရန် ငြင်းပယ် 7daydaily.com ဘန်ကောက်- စစ်အာဏာသိမ်းပြီးနောက် ဖြုတ်ချခံခဲ့ရသော ထိုင်းအစိုးရ ပညာရေးဝန်ကြီးချတ်တူရွန် ချိုင်ဆန်းသည်ကို အာဏာသိမ်းစစ်တပ်က ဗုဒ္ဓဟူးနေ့ညပိုင်းတွင် ၎င်းအား အာမခံဖြင့် ပြန်လွှတ်ပေးရန် ငြင်းပယ်ခံခဲ့သည်။ from 7Day News Journal's Facebook Wall http://ift.tt/1hfuERZ

This Week

This Week from The Myanmar Times's Facebook Wall http://ift.tt/1lSzkcf

ဓာတ်ငွေ့ အရောင်းဆိုင်ရှိ ထရန်စဖော်မာအိုး ပေါက်ကွဲရာမှ ယာဉ်သုံးစီး ပျက်စီး၊ တစ်ဦ...

ဓာတ်ငွေ့ အရောင်းဆိုင်ရှိ ထရန်စဖော်မာအိုး ပေါက်ကွဲရာမှ ယာဉ်သုံးစီး ပျက်စီး၊ တစ်ဦး ဒဏ်ရာရ ရန်ကုန်၊ မေ ၂၈ မင်္ဂလာဒုံမြို့နယ် ပျဉ်းမပင် ကျေးရွာအုပ်စု ရှမ်းစုကျေးရွာ၊ ရန်ကုန်-ပြည် လမ်းဘေးရှိ လှော်ကား သဘာဝဓာတ်ငွေ့ အရောင်းဆိုင်တွင် မေလ ၂၇ ရက် ညနေ ၅ နာရီ မိနစ် ၃၀ ခန့်က ထရန်စဖော်မာအိုး ပေါက်ကွဲမှုကြောင့် ခရီးသည်တင် ယာဉ်တစ်စီးနှင့် ကိုယ်ပိုင်ယာဉ် နှစ်စီး၏ လေကာမှန်နှင့် ဘေးမှန်များ ကွဲထွက်ပျက်စီးခဲ့ပြီး အသက် ၄၀ အရွယ် အမျိုးသမီးတစ်ဦး ဒဏ်ရာများ ရရှိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရှိရသည်။ အဆိုပါ သဘာဝဓာတ်ငွေ့ အရောင်းဆိုင် ဝင်ပေါက်တွင် တပ်ဆင်ထားသော မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း ဌာနပိုင် ထရန်စဖော်မာ CT ကွိုင်အိုး ရှော့ခ်ဖြစ်ရာမှ မီးပွားစင်ကာ အနီးရှိ မြက်ခြောက်များသို့ မီးကူးစက် လောင်ကျွမ်းခဲ့ကြောင်း၊ ယင်းမှတစ်ဆင့် ထရန်စဖော်မာ ပေါက်ကွဲခဲ့ခြင်း ဖြစ်ပြီး၊ ယင်းပေါက်ကွဲမှုကြောင့် ထရန်စဖော်အိုးရှိ ကြွေသီးများ လွင့်စင်ရာမှ မော်တော်ယာဉ်နှင့် ခရီးသည် အမျိုးသမီးကို ထိမှန်ခဲ့ကြောင်း မင်္ဂလာဒုံမြို့နယ် ထောက်ကြန့်နယ်မြေ ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။ “ထရန်စဖော်မာအိုး မီးလောင်နေတယ်

ကမ္ဘာ့ဖလားမှာ အင်္ဂလန်ရှိမယ့်နေရာ….. .................................................

ကမ္ဘာ့ဖလားမှာ အင်္ဂလန်ရှိမယ့်နေရာ….. ............................................................. အောင်ငြိမ်းသွေး အင်္ဂလန်အသင်းဟာ ရီယိုဒီဂျနေးရိုးမြို့မှာ အခြေစိုက်နေထိုင် လေ့ကျင့်သွားမှာ ဖြစ်ပါတယ်။ ဘရာဇီးနိုင်ငံရဲ့ ဒုတိယ အကြီးဆုံးမြို့တော်ဖြစ်တဲ့ ရီယိုဒီဂျနေးရိုးက ကြယ်ငါးပွင့်အဆင့်ရှိတဲ့ Royal Tulip ဟိုတယ်မှာ အင်္ဂလန်အသင်းကို တွေ့မြင်ရမှာပါ။ အင်္ဂလန်အသင်းက ဒီဟိုတယ်မှာ အထပ်နှစ်ထပ်ကို ကြိုတင်မှာယူထားပါတယ်။ နည်းပြအဖွဲ့၊ အုပ်ချုပ်သူအဖွဲ့နဲ့ အင်္ဂလန်အသင်းသားတွေအားလုံးတွက် အခန်းပေါင်း ၆၄ ခန်း ငှားရမ်းထားတာဖြစ်ပါတယ်။ အခန်းတိုင်းက အိပ်ယာ၊ သစ်သားကြမ်းခင်း၊ လေအေးပေးစက်နဲ့ ပရိဘောဂ ပစ္စည်းတွေ အကုန်လုံးကို.........................။ Mizzima Sport News အားကစားသတင်းမှန်သမျှ.....ဒီမှာ ရနေပြီ....။ from Mizzima - News in Burmese's Facebook Wall http://ift.tt/1oMdBGN

ဆုကြေးငွေ သိန်း ၁၃၀ ကျော်အထိ သုံးခဲ့တဲ့ တက္ကသိုလ်များ ချန်ပီယံလိဂ် ……………………………………...

ဆုကြေးငွေ သိန်း ၁၃၀ ကျော်အထိ သုံးခဲ့တဲ့ တက္ကသိုလ်များ ချန်ပီယံလိဂ် …………………………………………………………………………….. ၁။ ပထမဆု - ဒဂုံတက္ကသိုလ် ၊ ရရှိသည့်ဆုကြေးငွေပေါင်း - ၅,၇၈၀,၀၀၀ ကျပ် ၂။ ဒုတိယဆု - နည်းပညာတက္ကသိုလ်(သန်လျင်) ၊ ရရှိသည့်ဆုကြေးငွေပေါင်း - ၂,၇၅၀,၀၀၀ ကျပ် ၃။ တတိယဆု - ဟင်္သာတတက္ကသိုလ် ၊ ရရှိသည့်ဆုကြေးငွေပေါင်း - ၁,၄၈၀,၀၀၀ ကျပ် ၄။ စတုတ္ထဆု - နည်းပညာတက္ကသိုလ်(မကွေး) ၊ ရရှိသည့်ဆုကြေးငွေပေါင်း - ၉၈၀,၀၀၀ ကျပ် နှင့် အခြား အသေးစိတ်အချက်အလက်များအကြောင်း.....။ Mizzima Sport News အားကစားသတင်းမှန်သမျှ.....ဒီမှာ ရနေပြီ....။ from Mizzima - News in Burmese's Facebook Wall http://ift.tt/1ow4LiR

ငြိမ်းချမ်းရေးတံဆိပ် တပ်ဆင်ထားသော မော်တော်ယာဉ်များ လိုင်စင်မဲ့ယာဉ်အဖြစ် အများဆုံ...

ငြိမ်းချမ်းရေးတံဆိပ် တပ်ဆင်ထားသော မော်တော်ယာဉ်များ လိုင်စင်မဲ့ယာဉ်အဖြစ် အများဆုံး ဖမ်းမိ ရန်ကုန်၊ မေ ၂၈ ရန်ကုန်တိုင်းဒေသကြီးအတွင်း လိုင်စင်မဲ့ မော်တော်ယာဉ် ဖမ်းဆီးရမိမှု အစီးရေ ၁၃၀ ကျော်တွင် ငြိမ်းချမ်းရေးတံဆိပ် တပ်ဆင်ထားသော လိုင်စင်မဲ့ မော်တော်ယာဉ် အများဆုံး ဖမ်းဆီးရမိကြောင်း အမှတ် (၂) ယာဉ်ထိန်းတပ်ဖွဲ့မှူး ရုံးထံမှ စုံစမ်းသိရှိရသည်။ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီမှ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များထံသို့ ငြိမ်းချမ်းရေး ကားပါမစ်များ ပေးအပ်ခဲ့ပြီးနောက် ရန်ကုန်မြို့တော်အတွင်း ငြိမ်းချမ်းရေးတံဆိပ် တပ်ဆင်ထားသော လိုင်စင်မဲ့ယာဉ် တင်သွင်းမှုများ ရှိလာကြောင်း၊ ယင်းကြောင့် ယာဉ်ထိန်းရဲတပ်ဖွဲ့မှ မသင်္ကာသော ယာဉ်များကို ၂၀၁၃ ခုနှစ် နှစ်ဆန်းပိုင်းမှ စတင်ဖမ်းဆီး စစ်ဆေးခဲ့ရာ မေလ ၂၂ ရက်နေ့အထိ ယာဉ်အစီးရေ ၁၃၄ စီး ဖမ်းဆီးရမိခဲ့ကြောင်းနှင့် ယင်းတို့အနက် သုံးပုံနှစ်ပုံခန့်သည် ငြိမ်းချမ်းရေးတံဆိပ် တပ်ဆင်ထားသည့် ယာဉ်များဖြစ်ကြောင်း အမှတ် (၂) ယာဉ်ထိန်းတပ်ဖွဲ့မှူး ရုံးမှ သိရှိရသည်။ “ငြိမ်းချမ်းရေးတံဆိပ် တပ်ထားတဲ့ ယာဉ်တွေကို စစ်ဆေးတဲ့အခါ သူတို့က ဝန်ကြီးဦးအောင်မင်းရဲ့ ငြိမ်းချမ်းရေးကား ပါမစ

၄၃၆ ပြင်ရေး ဘာဆက်ဖြစ်လာနိုင်သလဲ စည်သူအောင်မြင့် ဒေါ်အောင်ဆန်းစုကြည်၊ အင်န်အယ်လ်...

၄၃၆ ပြင်ရေး ဘာဆက်ဖြစ်လာနိုင်သလဲ စည်သူအောင်မြင့် ဒေါ်အောင်ဆန်းစုကြည်၊ အင်န်အယ်လ်ဒီနဲ့ ၈၈ ပွင့်လင်းအဖွဲ့ ပူးပေါင်း အကောင်အထည်ဖော်နေတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေထဲက ပုဒ်မ ၄၃၆ ပြင်ရေး လှုပ်ရှားမှုအရှိန်ရစပြုနေပါပြီ။ မေလ ၂၇ ရက်ကဆို ၄၃၆ ပြင်ရေး လက်မှတ်ရေးထိုးပွဲမှာ ဒေါ်အောင်ဆန်းစုကြည်၊ ၈၈ မျိုးဆက် ခေါင်းဆောင်တွေနဲ့ တိုင်းသိပြည်သိ အနုပညာရှင်တွေ ပါဝင်လက်မှတ်ထိုးရင်း အစပြုပေးလိုက်ပါတယ်။ တစ်ပြိုင်နက်တည်း တစ်တိုင်းပြည်လုံးမှာရှိတဲ့ အင်န်အယ်လ်ဒီ ရုံးတွေနဲ့ ၈၈ ပွင်းလင်းအဖွဲ့ ရုံးတွေမှာလည်း လက်မှတ်ထိုးနိုင်အောင် ပြင်ဆင် ပေးထားကြပါပြီ။ အခြားတစ်ဖက်မှာတော့ ၄၃၆ မပြင်ရေး ကျိုးတိုးကျဲတဲ ဆန္ဒပြပွဲတချို့ နေပြည်တော်မှာ ပေါ်လာသလို နိုင်ငံရေးပါတီတွေရဲ့ ပြိုင်ပွဲကို ဒိုင်လူကြီးလုပ်ပေးမယ်ဆိုတဲ့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ကလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဟောပြောချက်တွေဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေက ခွင့်ပြုထားတဲ့ဘောင်ကို ကျော်နေတယ်ဆိုပြီး သတိပေးမှုတွေ လုပ်လာနေပါပြီ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၄၃၆ ပြင်ရေးလှုပ်ရှားမှု အောင်မြင်နိုင်ပါ့မလား၊ ဘာအခက်အခဲတွေတွေ့နိုင်မလဲ၊ ဘာတွေဆုံးရှုံးနိုင်မလဲဆိုတာ ဒီကနေ့ ဆွေးနွေးတင်ပြသွားပါ့မယ်။ ပထမ အရေးကြ

ရင်းနှီးမြှုပ်နှံမှုကော်မရှင် ပြင်ဆင်ဖွဲ့စည်း၊ ဥက္ကဋ္ဌအပါအဝင် အဖွဲ့ဝင်များ ပြောင်းလဲ...

ရင်းနှီးမြှုပ်နှံမှုကော်မရှင် ပြင်ဆင်ဖွဲ့စည်း၊ ဥက္ကဋ္ဌအပါအဝင် အဖွဲ့ဝင်များ ပြောင်းလဲ ---------- ပြည်တွင်းရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ခြင်းနှင့် ပတ်သက်ပြီး တိုက်ရိုက်ကိုင်တွယ်ခွင့်ပြုပေးနေသည့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ လက်ရှိဖွဲ့စည်းပုံကို ပြောင်းလဲ၍ နိုင်ငံတော်သမ္မတရုံးက အသစ်ပြန်လည်ဖွဲ့စည်းလိုက်ပြီဖြစ်သည်။ သတင်းအပြည့်အစုံ... http://ift.tt/1iuagXW ရင်းနှီးမြှုပ်နှံမှုကော်မရှင် ပြင်ဆင်ဖွဲ့စည်း၊ ဥက္ကဋ္ဌအပါအဝင် အဖွဲ့ဝင်များ ပြောင်းလဲ 7daydaily.com ပြည်တွင်းရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ခြင်းနှင့် ပတ်သက်ပြီး တိုက်ရိုက်ကိုင်တွယ်ခွင့်ပြုပေးနေသည့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ လက်ရှိဖွဲ့စည်းပုံကို ပြောင်းလဲ၍ နိုင်ငံတော်သမ္မတရုံးက အသစ်ပြန်လည်ဖွဲ့စည်းလိုက်ပြီဖြစ်သည်။ from 7Day News Journal's Facebook Wall http://ift.tt/1iuajmC

မန္တလေးကျောက်ဝိုင်းသို့ တရုတ်ကုန်သည်များလာရောက်မှု လျော့ကျ ----------- ဗီယက်နမ်နို...

မန္တလေးကျောက်ဝိုင်းသို့ တရုတ်ကုန်သည်များလာရောက်မှု လျော့ကျ ----------- ဗီယက်နမ်နိုင်ငံတွင် တရုတ်နိုင်ငံသားများတိုက်ခိုက်ခံရမှုများနှင့် ပတ်သက်နေဟုခန့်မှန်း ----------- တရုတ်နိုင်ငံ ယူနန်ပြည် နယ်နှင့် ဗီယက်နမ်နိုင်ငံတို့တွင် အကြမ်းဖက်တိုက်ခိုက်ခံရမှုများ ဖြစ်ပွားပြီးသည့်နောက် မြန်မာ နိုင်ငံ၏ အကြီးဆုံးကျောက်မျက် ဈေးဖြစ်သော မန္တလေးကျောက် ၀ိုင်းသို့ တရုတ်နိုင်ငံမှ ကျောက် မျက်ကုန်သည်များ လာရောက်မှု ယခုရက်ပိုင်းအတွင်း သိသာစွာ လျော့နည်းသွားကြောင်း သတင်း ရရှိသည်။ သတင်းအပြည့်အစုံ... http://ift.tt/1k2O9NN မန္တလေးကျောက်ဝိုင်းသို့ တရုတ်ကုန်သည်များလာရောက်မှု လျော့ကျ 7daydaily.com တရုတ်နိုင်ငံ ယူနန်ပြည်နယ်နှင့် ဗီယက်နမ်နိုင်ငံတို့တွင် အကြမ်းဖက်တိုက်ခိုက်ခံရမှုများ ဖြစ်ပွားပြီးသည့်နောက် မြန်မာနိုင်ငံ၏ အကြီးဆုံးကျောက်မျက်ဈေးဖြစ်သော မန္တလေးကျောက်ဝိုင်းသို့ တရုတ်နိုင်ငံမှ ကျောက်မျက်ကုန်သည်များ လာရောက်မှု ယခုရက်ပိုင်းအတွင်း သိသာစွာ လျော့နည်းသွားကြောင်း သတင်းရရှိသည်။ from 7Day News Journal's Facebook Wall http://ift.tt/1iuaj6a

ရေကြောင်းလုံခြုံရေး ဘေးအန္တရာယ် ကယ်ဆယ်ရေးများ ပိုမိုပူးပေါင်း လုပ်ဆောင်နိုင်ရန် ဂ...

ရေကြောင်းလုံခြုံရေး ဘေးအန္တရာယ် ကယ်ဆယ်ရေးများ ပိုမိုပူးပေါင်း လုပ်ဆောင်နိုင်ရန် ဂျပန်တပ်မတော် မျှော်လင့် --------- ဂျပန်တပ်မတော်က မြန် မာ့တပ်မတော်နှင့် ရေကြောင်းလုံ ခြုံရေး၊ ဘေးအန္တရာယ်ကယ် ဆယ်ရေးအပါအ၀င် ကာကွယ် ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်လုပ်ဆောင်ရန် မျှော်လင့် ကြောင်း ဂျပန်ကိုယ်ပိုင်ကာကွယ် ရေးတပ်ဖွဲ့၏ စစ်ဦးစီးချုပ် ဗိုလ် ချုပ်ကြီး ရှီဂဲယုအီဝါဆာကီက ပြောကြားလိုက်သည်။ သတင်းအပြည့်အစုံ... http://ift.tt/1iuaiPE ရေကြောင်းလုံခြုံရေး ဘေးအန္တရာယ် ကယ်ဆယ်ရေးများ ပိုမိုပူးပေါင်း လုပ်ဆောင်နိုင်ရန် ဂျပန� 7daydaily.com ဂျပန်တပ်မတော်က မြန် မာ့တပ်မတော်နှင့် ရေကြောင်းလုံ ခြုံရေး၊ ဘေးအန္တရာယ်ကယ် ဆယ်ရေးအပါအ၀င် ကာကွယ် ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်လုပ်ဆောင်ရန် မျှော်လင့် ကြောင်း ဂျပန်ကိုယ်ပိုင်ကာကွယ် ရေးတပ်ဖွဲ့၏ စစ်ဦးစီးချုပ် ဗိုလ် ချုပ်ကြီး ရှီဂဲယုအီဝါဆာကီက ပြောကြားလိုက်သည်။ from 7Day News Journal's Facebook Wall http://ift.tt/1iuaiPI

ခွင့်ပြုချက် မရရှိဘဲ လှိုင်သာယာတွင် ဟောပြောပွဲ ပြုလုပ်ခဲ့သည်ဟု ဆိုကာ ဒေါ်စုစုနွေးက...

ခွင့်ပြုချက် မရရှိဘဲ လှိုင်သာယာတွင် ဟောပြောပွဲ ပြုလုပ်ခဲ့သည်ဟု ဆိုကာ ဒေါ်စုစုနွေးကို ပုဒ်မ ၁၈ ဖြင့် အရေးယူ ရန်ကုန်၊ မေ ၂၈ လှိုင်သာယာမြို့နယ် အမှတ် (၆) ရပ်ကွက် သစ္စာလမ်းပေါ်တွင် မေလ ၁၁ ရက်နေ့က ခွင့်ပြုချက်မရှိဘဲ လူစုလူဝေးဖြင့် ဒီမိုကရေစီအရေးနှင့် လူအခွင့်အရေးဆိုင်ရာများ ဟောပြောပွဲ ပြုလုပ်ခဲ့သည်ဟု ဆိုကာ မြန်မာနိုင်ငံ တောင်သူလယ်သမားသမဂ္ဂ အဖွဲ့အစည်း ကော်မတီ တာဝန်ခံ ဒေါ်စုစုနွေးကို မေလ ၂၇ ရက်နေ့က လှိုင်သာယာမြို့မ ရဲစခန်းက ပုဒ်မ ၁၈ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ရုံးမှ သိရှိရသည်။ ဒေါ်စုစုနွေးက ငြိမ်းချမ်းစွာ စုဝေးခွင့်ကို တရားဝင် တင်ပြတောင်းခံခြင်း မပြုဘဲ အများပြည်သူဆိုင်ရာ လမ်းပေါ်တွင် လူ့အခွင့်အရေးဆိုင်ရာ ဟောပြောဆွေးနွေးပွဲ စာတမ်း ရေးထိုးထားသည့် ဗီနိုင်းစကို နောက်ခံထားပြီး စင်မြင့်မှ ဒီမိုကရေစီအရေးနှင့် လူအခွင့်အရေးဆိုင်ရာများကို အသံချဲ့စက်ဖြင့် လူအင်အား ၆၀ ခန့်ကို ဦးဆောင် ဟောပြောခဲ့ကြောင်း၊ ယင်းကြောင့် ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေ ပုဒ်မ ၁၈ ဖြင့် အမှုဖွင့်ခဲ့ခြင်း ဖြစ်ကြောင်း လှိုင်သာယာမြို့မ ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။ “ရပ်က

အစိုးရ၏ လယ်မြေပြဿနာဖြေရှင်းမှု ညံ့ဖျင်းချက်များ ကျင်းပဆဲလွှတ်တော်တွင် ဆွေးနွေးတော့...

အစိုးရ၏ လယ်မြေပြဿနာဖြေရှင်းမှု ညံ့ဖျင်းချက်များ ကျင်းပဆဲလွှတ်တော်တွင် ဆွေးနွေးတော့မည် မင်းမင်း| ကြာသပတေးနေ့၊ မေလ ၂၉ ရက် ၂၀၁၄ ခုနှစ် ဒုတိယသမ္မတဦးဉာဏ်ထွန်း ဦးဆောင်သည့် မြေအသုံးချမှုစီမံခန့်ခွဲရေ ကော်မတီ၏ မြေယာပြဿနာဖြေရှင်းပုံ ညံ့ဖျင်းမှု၊ ကတိမတည်မှုတို့ကို ယခုကျင်းပနေသည့် ဒသမအကြိမ် လွှတ်တော်အစည်းအဝေးတွင် ဆွေးနွေးသွားမည်ဟု လယ်ယာမြေစုံစမ်း ရေးကော်မရှင်မှ မန္တလးတိုင်းတာဝန်ခံဖြစ်သည့် အမရပူရမြို့နယ်မှ ပြည်သူ့လွှတ်တော် အမတ် ဦးသိန်းထွန်းဦးက ပြောသည်။ ယခုကျင်းပနေသည့် လွှတ်တော်အစည်းအဝေးအတွင်း လယ်ယာမြေနှင့်အခြားမြေများသိမ်းဆည်းခံရမှုကြောင့် ပြည်သူများနစ်နာမှုမရှိစေရေးအတွက် စုံစမ်းရေးကော်မရှင်၏ အစီရင်ခံစာ အပိုင်း(၄)ကို တင်ပြမည်ဖြစ်ကာ ယင်းအစီရင်ခံစာအပေါ် ဆွေးနွေးသွားမည်ဟု ၎င်းက ပြောသည်။ ယင်းအပြင် “အစီရင်ခံစာတွေအပေါ်မှာ သက်ဆိုင်ရာအကောင်အထည်ဖော်တဲ့ အဖွဲ့အစည်းတွေက နေပြီးတော့ အရေးယူဆောင်ရွက်မှုရှိ၊ မရှိဆိုတာ သံသယဖြစ်ဖွယ် ရှိတယ်ဆိုတဲ့ ကိစ္စတွေ ဆွေးနွေးဖို့ရှိပါတယ်” ဟုလည်း ဦးသိန်းထွန်းဦးက ပြောသည်။ အကြောင်းအမျိုးမျိုးကြောင့်ပြီးခဲ့သည့် လယ်ယာမြေများကို ယခုနှစ် မိုးသီးနှံစိုက် ပျိုးရာသီ ဇွန်လကုန် မတိုင်မီနှင့် ဆောင်းသီးနှ

ပညာသင်ဆုနှင့် ပညာရေးထောက်ပံ့ကြေး လေးနှစ်အတွက် “ကန်”ဒေါ်လာ သန်း ၁၀၀ သုံးမည် မောင်...

ပညာသင်ဆုနှင့် ပညာရေးထောက်ပံ့ကြေး လေးနှစ်အတွက် “ကန်”ဒေါ်လာ သန်း ၁၀၀ သုံးမည် မောင်သင်တုန်း၊ ၀င်းကိုကိုလတ်| ကြာသပတေးနေ့၊ မေလ ၂၉ ရက် ၂၀၁၄ ခုနှစ် ပညာရေးဝန်ကြီးဌာနက အမေရိကန် ဒေါ်လာသန်း ၁၀၀ ကို လေးနှစ်စီမံကိန်းဖြင့် ပညာသင်ဆုနှင့် ပညာရေးထောက်ပံ့ကြေးပေးသွားမည်ဟု မေ ၂၈ ရက်က ကျင်းပသော ပြည်ထောင်စုလွှတ်တော် ဒသမ ပုံမှန်အစည်းအဝေးတွင် ပညာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာ ဦးဇော်မင်းအောင်က ပြောသည်။ ကမ္ဘာ့ဘဏ်မှ အမေရိကန်ဒေါ်လာ သန်း ၆၀ ကို သုံးနှစ်အတွက် အသုံးပြုရန် ပထမအကြိမ် သတ္တမအစည်းအဝေးတွင် အတည်ပြုပေးခဲ့သည်။ Multi Donor Trust Fund (MDTF) မှ Grant က ဒေါ်လာသန်း ၂၀ နှင့် ၂၀၁၇-၁၈ ပညာသင်နှစ်တွင် ကမ္ဘာ့ဘဏ်က ချေးငွေအမေရိကန်ဒေါ်လာ သန်း ၂၀ ထပ်မံချေးပေးရန် ကမ်းလှမ်းလာခဲ့သည်။ “ကျောင်းထောက်ပံ့ကြေးပမာဏက များတဲ့အတွက် အလွဲသုံးစားမှုများ မလုပ်အောင် ကမ္ဘာဘဏ်ရဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့ သတ်မှတ်ထားတယ်” ဟု ဒုတိယ၀န်ကြီး ဦးဇော်မင်းအောင်က ပြောသည်။ အခြေခံပညာအဆင့်ထောက်ပံ့ကြေးချီးမြှင့်ရန် စမ်းသပ်မှုအဖြစ် မြို့နယ် ၄၀ ၌ ဆောင်ရွက်သွားမည်ဖြစ် သည်။ အဆိုပါ မြို့နယ်များကို ရွေးချယ်ရာတွင် ကမ္ဘာ့ဘဏ်မှ ပညာရှင်များပူပေါင်းပြီး လေ့လာ ဆောင်ရွက် ပြီးဖြ

ပြည်ခိုင်ဖြိုးပါတီက ၀က်ထီးကန်နေရာတွင် ခန်းမ ဆောက်မည်ကို ဒေသခံများ သမ္မတထံ ကန့်ကွက...

ပြည်ခိုင်ဖြိုးပါတီက ၀က်ထီးကန်နေရာတွင် ခန်းမ ဆောက်မည်ကို ဒေသခံများ သမ္မတထံ ကန့်ကွက်စာပို့ ရေခဲ(ပြည်)| ကြာသပတေးနေ့၊ မေလ ၂၉ ရက် ၂၀၁၄ ခုနှစ် ရှေးဟောင်းသမိုင်းဝင်ကန်ကြီးတစ်ခုဖြစ်သည့် ပဲခူးတိုင်း၊ ပြည်မြို့နယ်၊ ၀က်ထီးကန်တိုက်နယ်အုပ်စုရှိ ၀က်ထီးကန် ကန်ကြီးကို မြေဖို့ကာအဆောက် အအုံဆောက်လုပ်ရန် စီစဉ်နေခြင်းကို ကန့်ကွက်ကြောင်း ဒေသခံ ၁၅၀ ကျော် လက်မှတ်ဖြင့် နိုင်ငံတော်သမ္မတထံ မေ လ၂၆ ရက်က တိုင်ကြားလိုက်သည်။ နိုင်ငံတော်ဘတ်ဂျက်ဖြင့် ၂၀၁၄ ခုနှစ်၊ အစောပိုင်းတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက ပြန် လည် ဆယ်ယူခြင်းလုပ်ငန်းများ လုပ်ဆောင်ခဲ့ ပြီး ခန်းမဆောက်လုပ်ရန် ရပ်မိရပ်ဖများနှင့် မေလ ၁၁ ရက် တွင် အစည်းအဝေး ပြုလုပ်ထားသည်ဟု ကန့်ကွက်လက်မှတ်များ လိုက်လံစုဆောင်းသူ ဒေသခံကိုဝင်းလွင် က ပြောသည်။ “အာဏာရပါတီက ခန်းမဆောက်မယ်ဆိုပြီး ပြည်သူလူထုကိုချမပြဘဲ သူ့သဘောနဲ့သူ လုပ်နေတာကို ကန့် ကွက်တယ်။ ခန်းမရဲ့ပိုင်ဆိုင်မှုကလည်း ရှင်းမှာမဟုတ်ဘူး” ဟု ဆိုသည်။ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များက မေလ ၂၀ ရက်နှင့်၂၁ ရက်များတွင် ခန်းမဆောက်လုပ်မှုကို သဘော တူညီ ကြောင်းလက်မှတ်များ တစ်အိမ်တက် ဆင်းကောက်ခံခဲ့သည်ဟုလည်း ဒေသခံများက ပြောသည

ရေလျှံမှုကာကွယ်ရန် ရန်ကုန်ရှိ ရေမြောင်းများ စည်ပင် တိုးချဲ့မည် နန်းမြင့်| ကြာသပေ...

ရေလျှံမှုကာကွယ်ရန် ရန်ကုန်ရှိ ရေမြောင်းများ စည်ပင် တိုးချဲ့မည် နန်းမြင့်| ကြာသပတေးနေ့၊ မေလ ၂၉ ရက် ၂၀၁၄ ခုနှစ် ရေကြီးရေလျှံမှု ကာကွယ်နိုင်ရန် ရန်ကုန်မြို့တွင်း နာမည်တပ်လမ်းများ၏ ရေမြောင်းများအကျယ်ကို တိုးချဲ့သွားမည်ဟု ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီလမ်းတံတားဌာန လက်ထောက်ဌာနမှူး ဦးတင်ထွန်းဦးက ပြောသည်။ ၂၀၁၄-၁၅ ဘဏ္ဍာနှစ်တွင် ဗိုလ်အောင်ကျော်၊ ပန်းဆိုးတန်း၊ သိမ်ဖြူ၊ ဆူးလေ၊ ရွှေဘုံသာနှင့် ရွှေတိဂုံဘုရားလမ်းတို့တွင် ပြုပြင်သွားမည်ဖြစ်သည်။ “မြို့ထဲကရေမြောင်းတွေ အရမ်းကျဉ်းတယ်။ ထပ်ပြီး အကျယ်ချဲ့သွားမယ်။ လာသာမြို့နယ်အပိုင်းမှာ ရေလျှံတယ်။ ကျွန်တော်တို့ကအဲဒီအပိုင်းကို အဓိကထားပြီးကာကွယ်တယ်။ အားလုံးတော့ မဖြေ ရှင်းနိုင်သေးဘူး” ဟု ၎င်းကပြောသည်။ လက်ရှိတွင် အဆိုပါလမ်းများသည် ရေမြောင်းအကျယ်မှာ ကိုးလက်မခန့်သာ ရှိနေပြီးတစ်ပေခွဲကျော်ရှိအောင် ချဲ့သွားမည် ဖြစ်သည်။ ပုံမှန်အားဖြင့် ရေထွက်ပေါက်များ ရေစီးရေလာမကောင်းခြင်း၊ ရေမြောင်း များမှတစ်ဆင့် မြစ်ထဲဆင်းသွားသည့်အခါ မြစ်များမှ ရေထုတ်နုတ်အားနည်းခြင်းတို့ ဖြစ်လျှင် ရေကြီးရေလျှံ ခြင်းများ ဖြစ်နိုင်ပြီး ရေစီးရေလာကောင်းစေရန် အသုံးပြုသည့် ရေမြောင်းပမာဏလုံလောက်ရန် လိုအပ်သည

အမျိုးးသား ဒီမိုကရေစီ အဖွဲ့ချုပ် မြို့နယ်အဆင့် လူငယ်ညီလာခံများ အပြီး ရွေးချယ်ခံရ...

အမျိုးးသား ဒီမိုကရေစီ အဖွဲ့ချုပ် မြို့နယ်အဆင့် လူငယ်ညီလာခံများ အပြီး ရွေးချယ်ခံရသော လူငယ် ကိုယ်စားလှယ်လောင်း ၄,၅၀၀ ကျော်တွင် ပညာတတ် အမျိုးသမီးပါဝင်မှု ထက်ဝက်ခန့်ရှိသည်ဟု အင်န်အယ်လ်ဒီ လူငယ်ညီလာခံ ဖြစ်မြောက်ရေး ကော်မတီဥက္ကဋ္ဌ ဦးမောင်ဦးက မဇ္ဈိမကို ပြောသည်။ “အမျိုးသမီးက ထက်ဝက်နီးပါး ပါဝင်လာတယ်။ အဲဒီထဲမှာ ရှေ့နေတွေလည်း ပါတယ်။ ဒါရိုက်တာလည်းပါ တယ်။ သက်မွေးမှု ပညာရှင်တွေလည်း ပါတယ်” ဟု ပြောသည်။ အင်န်အယ်လ်ဒီ ကိုယ်စားလှယ်များတွင် အမျိုးသမီးထက်ဝက်ပါဝင် - သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Ht www.thithtoolwin.com မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။ from Myanmar News Now's Facebook Wall http://ift.tt/1lStK9Q

မ်ာလမြိုင် နည်းပညာတက္ကသိုလ် ကျောင်းပရိဝုဏ်အတွင်း မူးယစ်ဆေးဝါး ရောင်းဝယ်မှုနှင့် သု...

မ်ာလမြိုင် နည်းပညာတက္ကသိုလ် ကျောင်းပရိဝုဏ်အတွင်း မူးယစ်ဆေးဝါး ရောင်းဝယ်မှုနှင့် သုံးစွဲမှုများ ကျောင်းသားများကြားတွင် ရှိနေကြောင်း ယင်းတက္ကသိုလ် ကျောင်းသားများနှင့် ကျောင်းသားများ သမဂ္ဂဝင်များက ပြောကြားသည်။ မုဒုံမြို့နယ် အောင်မေတ္တာ ဓမ္မရိပ်သာကျောင်းတွင် မေလ ၂၇ ရက်နေ့က ပြုလုပ်သည့် နည်းပညာတက္ကသိုလ် (မော်လမြိုင်) ကျောင်းသားများ တွေ့ဆုံပွဲတွင် ၎င်းတို့က ယင်းသို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။ မော်လမြိုင် နည်းပညာတက္ကသိုလ်အတွင်း မူးယစ်ဆေး ရောင်း၊ ဝယ်နေဟု ကျောင်းသားများဆို - သစ်ထူ� www.thithtoolwin.com မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။ from Myanmar News Now's Facebook Wall http://ift.tt/1lStIin