Skip to main content

ခွင့်ပြုချက် မရရှိဘဲ လှိုင်သာယာတွင် ဟောပြောပွဲ ပြုလုပ်ခဲ့သည်ဟု ဆိုကာ ဒေါ်စုစုနွေးက...



ခွင့်ပြုချက် မရရှိဘဲ လှိုင်သာယာတွင် ဟောပြောပွဲ ပြုလုပ်ခဲ့သည်ဟု ဆိုကာ ဒေါ်စုစုနွေးကို ပုဒ်မ ၁၈ ဖြင့် အရေးယူ



ရန်ကုန်၊ မေ ၂၈



လှိုင်သာယာမြို့နယ် အမှတ် (၆) ရပ်ကွက် သစ္စာလမ်းပေါ်တွင် မေလ ၁၁ ရက်နေ့က ခွင့်ပြုချက်မရှိဘဲ လူစုလူဝေးဖြင့် ဒီမိုကရေစီအရေးနှင့် လူအခွင့်အရေးဆိုင်ရာများ ဟောပြောပွဲ ပြုလုပ်ခဲ့သည်ဟု ဆိုကာ မြန်မာနိုင်ငံ တောင်သူလယ်သမားသမဂ္ဂ အဖွဲ့အစည်း ကော်မတီ တာဝန်ခံ ဒေါ်စုစုနွေးကို မေလ ၂၇ ရက်နေ့က လှိုင်သာယာမြို့မ ရဲစခန်းက ပုဒ်မ ၁၈ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ရုံးမှ သိရှိရသည်။



ဒေါ်စုစုနွေးက ငြိမ်းချမ်းစွာ စုဝေးခွင့်ကို တရားဝင် တင်ပြတောင်းခံခြင်း မပြုဘဲ အများပြည်သူဆိုင်ရာ လမ်းပေါ်တွင် လူ့အခွင့်အရေးဆိုင်ရာ ဟောပြောဆွေးနွေးပွဲ စာတမ်း ရေးထိုးထားသည့် ဗီနိုင်းစကို နောက်ခံထားပြီး စင်မြင့်မှ ဒီမိုကရေစီအရေးနှင့် လူအခွင့်အရေးဆိုင်ရာများကို အသံချဲ့စက်ဖြင့် လူအင်အား ၆၀ ခန့်ကို ဦးဆောင် ဟောပြောခဲ့ကြောင်း၊ ယင်းကြောင့် ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေ ပုဒ်မ ၁၈ ဖြင့် အမှုဖွင့်ခဲ့ခြင်း ဖြစ်ကြောင်း လှိုင်သာယာမြို့မ ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။



“ရပ်ကွက်က မြေကွက်တွေ နေရာဦးပြီး ကိုယ်ကျိုးစီးပွားအတွက် ရောင်းစားနေသူတွေနဲ့ အိမ်သာတွေကို အခြားသူ အိမ်ရှေ့မှာ ဆောက်လုပ်နေသူတွေ ရှိတာကြောင့် လာဟောပြောပေးဖို့ ဖိတ်ခေါ်လို့ သွားခဲ့တာ။ မဏ္ဍပ်ဆောက်ခွင့် မပြုတာကြောင့် လမ်းပေါ်မှာ ဟောပြောခဲ့ပြီး ကျွန်မ ပြောခဲ့တာက နိုင်ငံရေးအကြောင်း မဟုတ်ဘူး၊ မြေကွက်တွေ နေရာဦး မရောင်းချဖို့ရယ်၊ ငါးအိမ်တစ်တွဲ ယင်လုံအိမ်သာ ဆောက်လုပ်ဖို့နဲ့ ဝမ်းရောဂါ သတိထားဖို့ ဟောပြောခဲ့တာ။ ဒါကို သတင်းလာယူတဲ့ သက်ဆိုင်ရာအဖွဲ့တွေ ရှိတယ်” ဟု ဒေါ်စုစုနွေးက ရှင်းပြသည်။



အဆိုပါ ဟောပြောပွဲ ပြုလုပ်ခဲ့သော ရပ်ကွက်မှာ ၂၀၁၂ ခုနှစ် ဇွန်လခန့်က ကျူးကျော်နေထိုင်မှုဖြင့် သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့များက ရပ်ကွက်တွင်း နေထိုင်သူများအနက် ၂၈ ဦးကို ဖမ်းဆီးခဲ့ပြီး လှိုင်သာယာမြို့နယ် တရားရုံးတွင် တရားစွဲဆိုခဲ့ကြောင်း၊ ယင်းတရားစွဲဆိုမှုကို တောင်သူလယ်သမားသမဂ္ဂ အဖွဲ့မှ ရှေ့နေအကျိုးဆောင်များက ကူညီ ဆောင်ရွက်ပေးခဲ့ပြီး ၂၀၁၃ ခုနှစ် စက်တင်ဘာလပိုင်းတွင် တရားရုံးမှ ရပ်ကွက်ပုံစံ အတည်ဖြစ်နေသောကြောင့် ဆက်လက် နေထိုင်ခွင့် ပြုခဲ့ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။



“အမှုနိုင်ပြီး နောက်ပိုင်း ရပ်ကွက် အကျိုးကိစ္စတွေကို အုပ်ချုပ်ရေးအဖွဲ့နဲ့ ပူးပေါင်း ဆောင်ရွက်ဖို့ ရပ်ကွက်အကျိုးဆောင် ကော်မတီအဖွဲ့ကို ဖွဲ့ပေးခဲ့ပေမယ့် ဒီအဖွဲ့ထဲက လူတစ်ချို့က အုပ်ချုပ်ရေးပိုင်းနဲ့ ပေါင်းပြီး မြေကွက်တွေ ရောင်းစားနေလို့ ပြဿနာတွေ ဆက်မဖြစ်အောင် ကျွန်မကို လာဆုံးမပေးဖို့ ဖိတ်ခေါ်တာကြောင့် သွားဟောပြောခဲ့တာ” ဟု ဒေါ်စုစုနွေးက ရှင်းပြသည်။



တောင်သူလယ်သမားသမဂ္ဂ အဖွဲ့မှာ နိုင်ငံရေး အဖွဲ့အစည်း မဟုတ်ကြောင်း၊ ယခု အရေးယူခံရသော ပုဒ်မ ၁၈ နှင့် ပတ်သက်၍ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ၈၈ နှင့် NLD ပူးပေါင်း ဆောင်ရွက်နေစဉ် မိမိပါ NLD နှင့် ပူးပေါင်း ဆောင်ရွက်မည်ကို စိုးရိမ်သောကြောင့် အမှုဖွင့် အရေးယူခြင်း ဖြစ်နိုင်ကြောင်း ၎င်းက သုံးသပ် ပြောကြားသည်။

from The Voice Weekly's Facebook Wall http://ift.tt/1mIgeZJ

Comments

Popular posts from this blog

(ဂရင်ဂျီနာ) ဖြစ်ပွားပါက ကုသနည်းနှင့် ကာကွယ်နည်းများ

ဂရင်ဂျီနာဟာ လိပ်ခေါင်းတစ်မျိုးဖြစ်ပြီး ကာလရှည်ကြာစွာ ဖြစ်တတ်တဲ့ ရောဂါတစ်မျိုး ဖြစ်ပါတယ်။ ဂရင်ဂျီအနာ ပေါက်ဟာ နီရဲတဲ့ သွေးလိုအရည်ကျတတ်တယ်။ ဆီးသွားတဲ့ အကြောနဲ့ယှဉ်တွဲနေလို့ ဆီးကျန်၊ ဆီးကျဉ်၊ဆီးပူခြင်းတို့ဖြစ်တတ်ပါတယ်။ စအိုပတ်လည်မှာ အဖုအပိမ့်များထွက်လာခြင်း၊ ယားယံခြင်း၊ ရောင်ခြင်း၊ နာကျင်ခြင်း၊ ကိုက်ခဲခြင်း၊ အနာနဲ့ အနာပေါက်လေးများ ထွက်ပေါ်လာရင် ဂရင်ဂျီနာ ဖြစ်လာ ပါတယ်။ ဂရင်ဂျီနာဖြစ်ခဲ့ရင် စအိုနှုတ်ခမ်း ဘေးပတ်လည်၊ ပေါင်၊ တင်ပါး၊ ဆီးခုံဝန်းကျင်မှာ ယားယံခြင်း၊ ရောင်ခြင်း၊ ဝမ်းချုပ်ခြင်း၊ ဆီးချုပ်ခြင်း၊ ဆီးနည်းခြင်းတွေ ဖြစ်တတ်တယ်။ လိင်အင်္ဂါဝန်းကျင် တစ်ဝိုက်မှ တင်ပါးအထိ ဖြစ်တတ်တယ်။ ဝမ်းချုပ်ခြင်း၊ အညောင်းထိုင်လွန်းခြင်း၊ အညှော်နံ့ခံရခြင်း၊ ရေချိုးမမှန်ခြင်း၊ တစ်ကိုယ်ရေ ကျန်းမာရေး မလိုက်စားသူတွေဟာ ဆီးခုံအစပ်မှာ အဖုငယ်များ ထွက်ပေါ်ကာ သွေးရည်ကြည်လို ကျနေတတ်သလို တချို့ကာလရှည်စွာ ပြည်ပုပ်များ ကျနေတတ်ပါတယ်။ ဂရင်ဂျီနာ၊ မြစ်ခြောက်နာက မြစ်စိုနာနဲ့ တွဲပြီး သားနံရေအနည်းငယ် သာကျကာ ချွေးပေါက်ပိတ်ဆို့ပြီး ကျစ်လျစ်မာကျောတဲ့ အမျှင်များနဲ့ ဖွဲ့စည်း ထားတတ်ပါတယ်။ အချိန်ကြာလာတာနဲ့အမျှ တစ်ဆင့်ပြီးတစ်ဆင့် အသားထဲ ထိုးဖေ

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က

TOP TEN of Miss Universe Myanmar 2014 Finalist

# TOP TEN of Miss Universe Myanmar 2014 Finalist # The 20 finalists of Miss Universe Myanmar 2014 are vying for the crown of Beauty Pageant, which will be held at the National Theater in Yangon on July 26. Here are MC's TOP TEN Selection ,,,, from Myanmar Celebrity: Gossip, News, Video, Photo, Fashion, Entertainment http://ift.tt/1q8GOM3