Skip to main content

Posts

Showing posts from November 24, 2014

ချစ်သူ မိန်းကလေး ထံက အဖြေမရ၍ အဝေးသင် ကျောင်းသား တစ်ဦး ကြိုးတံတားပေါ်မှ ခုန်ချ

သမီးရည်းစားစကား ပြောဆိုပြီး အဖြေမရ၍ ပုသိမ်ကြိုးတံတား ပေါ်မှ ခုန်ချခဲ့သော အဝေးသင် တက္ကသိုလ် ကျောင်းသား တစ်ဦးကို အသက် မသေဘဲ ပြန်လည် ကယ်ဆယ်နိုင်ခဲ့ကြောင်း ပုသိမ်မြို့နယ်ရဲတပ်ဖွဲ့မှူး ဦးကျော်စိုးက The Messenger Media သို့ ပြောသည်။ နိုဝင်ဘာလ (၂၂) ရက်နေ့ ညနေ(၇) နာရီခွဲခန့် အချိန်တွင် ပုသိမ် ကြိုးတံတားပေါ်မှ လူတစ်ဦး ခုန်ချခဲ့ပြီး င၀န်မြစ်ထဲသို့ အရောက်တွင် အော်ဟစ် အကူအညီ တောင်းခံမှုကြောင့် အနီးရှိ ယုဇန အအေးခန်း စက်ရုံ ၀န်ထမ်းများက စက်လှေဖြင့် ကယ်ဆယ်ခဲ့ခြင်း ဖြစ်သည်။ သမီးရည်းစား ချိန်းတွေ့တာ ကနေ ကောင်လေးက အဖြေတောင်းတော့ ကောင်မလေးက သူ့မှာရည်းစား ရှိတယ် ဆိုပြီး ပြောတယ်။ ကောင်လေး က အဖြေမရလို့ ဆိုပြီး ကြိုးတံတားပေါ်က ခုန်ချခဲ့တာ ဖြစ်တယ် ဟု ရဲမှူး ဦးကျော်စိုးက ပြောသည်။ ကြိုးတံတားပေါ်မှ င၀န်မြစ် အတွင်းသို့ ခုန်ချသော ကျောင်းသားမှာ အိမ်မဲ မြို့နယ်၊ အုန်းပင်စု ရွာနေ တတိယနှစ် (စီးပွားရေး) အဝေးသင် ကျောင်းသား မောင်စိုင်းဇော်စိုး ဖြစ်ပြီး ၎င်းသည် သူငယ်ချင်း များ ဖြစ်ကြသော မသင်းသင်းကြွယ်၊ မနှင်းအိဆွေ တို့နှင့်အတူ ပုသိမ်ကြိုး တံတားသို့ အလည်အပတ် သွားရောက်ခဲ့ကာ မသင်းသင်းကြွယ်အား ချစ်ကြိုက် ကြောင်း ဖွင့်ပြောခဲ့ခြင်း