Skip to main content

Posts

Showing posts from January 17, 2015

သက်ရှည်ကျန်းမာစေဖို့ရာ အဆိပ်သင့်အစာတွေရှောင်ကြဉ်ပါ

(၁) ပလတ်စတစ်နှင့် ဖော့ဘူး ပလတ်စတစ် (ကြွပ်ကြွပ်အိတ်)တွေ ထဲမှာပါတဲ့ ဆိုက်ဇာနဲ့ စတိုင်ရင်းဓာတ် များဟာ ဓာတုပစ္စည်းတွေဖြစ်တာ ကြောင့် အပူဓာတ်နဲ့ဖြစ်စေ၊ ဆီပါတဲ့ အစားအသောက်တွေနဲ့ဖြစ်စေ ထိတွေ့  မိတဲ့အခါ ၎င်းဓာတုပစ္စည်းတွေဟာ အစားအသောက်တွေထဲကို ဓာတ်ပြု ပျော်ဝင်သွားပါတော့တယ်။ ဒန်ပေါက် နဲ့ စားသောက်ဆိုင်တွေမှာ သုံးနေတဲ့ ဖော့ဘူးတွေကလည်း စတိုင်ရင်းဓာတ် ပါတဲ့ 2B ပလတ်စတစ်အုပ်စုဝင်တွေပဲ ဖြစ်ပါတယ်။ ထို့နည်းတူ ကလေးနို့ဘူး တွေပြုလုပ်တဲ့ PVC ပလတ်စတစ်နဲ့ ပလတ်စတစ်ရေပိုက်တွေမှာ မိုနိုမာ (ခေါ်)အင်မတန် အဆိပ်ပြင်းတဲ့ ဓာတ် တစ်မျိုးပါဝင်နေပါတယ်။ ဒါကြောင့် ကင်ဆာရောဂါဖြစ်စေတဲ့ ပလတ်စတစ် နှင့် ဖော့ဘူးများကို ကျန်းမာရေးအသိ စိတ်ဖြင့် ရှောင်ရှားသင့်ပါတယ်။ ဒါ့ပြင် မယ်လမင်း (ဖိုက်ဘာ)ပစ္စည်းများဟာ အပူနဲ့ ထိတွေ့တဲ့အခါမှာ ဓာတ်ပြု၍ ကျောက်ကပ်ပျက်စီးခြင်းနှင့် ကင်ဆာ ရောဂါများကို ဖြစ်ပွားစေပါတယ်။ (၂) အချိုမှုန့်နှင့် ကြက်သားမှုန့် အချိုမှုန့်ထဲမှာပါရှိတဲ့ ဓာတုပစ္စည်းများ ဟာ ဦးနှောက်နဲ့ အာရုံကြောတွေကို ထိခိုက်စေတာကြောင့် လေဖြတ်၊ လေ ငန်းရောဂါ၊ လေးဖက်နာရောဂါ၊ နှလုံး ရောဂါ၊ ကျောက်ကပ်ချို့ယွင်းပျက်စီးစေ သော ရောဂါများ၊ အရိုးပွ၊ အရိုးပါး၊ အရိုးကြ

ဆေးစွမ်းအလွန်ထက်သော ကမ်းဇော်ဆီ

ကမ်းဇော်ဆီဟာ အလွန်ဆေးစွမ်းထက်သော အဖိုးတန် သဘာဝဆေးတစ်မျိုး ဖြစ်ပါတယ်။ ကမ်းဇော်ပင်ကို ကြမ်းပိုးအနံ့နှင့်ဆင်သောကြောင့် သစ်ကြမ်းပိုးပင် ဟူ၍၄င်း၊ တောင်မင်းဂွတ် ဟူ၍၄င်း ခေါ်ဝေါ်ကြပါတယ်။ အင်္ဂလိပ်လို Mahua Tree လို့ခေါ်ပါတယ်။ ကမ်းဇော်ပင်၏ ပင်စည်ကို ဘုရားဆင်းထုတော် ထုလုပ်သည့်နေရာမှာ အသုံးများကြတယ်။ အိန္ဒိယမှာတော့ ဘာသာရေးပွဲတွေမှာ ကမ်းဇော်သီးကို လေထဲမြှောက်၍ ပူဇော်ပသလေ့ရှိကြပါတယ်။ ကမ်းဇော်ပင်ဟာ အရှေ့တောင်အာရှနိုင်ငံဒေသမှာ အများဆုံး ပေါက်ကြပါတယ်။ မြန်မာ၊ ထိုင်း၊ မလေးရှား၊ အိန္ဒိယ၊ နီပေါလ်နှင့် ဘင်္ဂလာဒေ့ရှ်တို့မှာ ပိုမိုပေါက်ရောက်နေကြပါတယ်။ မြန်မာနိုင်ငံမှာတော့ တနင်္သာရီတိုင်း၊ မြိတ်ခရိုင်နှင့် ထားဝယ်တို့မှာ သဘာဝအလျှောက် ပေါက်ရောက်ကြပါတယ်။ ကုန်းကမ်းဇော်နှင့်ရေကမ်းဇော်ဆိုပြီး ၂ မျိုးရှိပါတယ်။ အရောင်နှင့် အသီးပုံစံ အနည်းငယ် ကွာနိုင်ပေမယ့် အကျိုးအာနိသင်ခြင်း အတူတူဖြစ်ပါတယ်။ ဆေးအဖြစ် အသုံးဝင်ပုံများ (၁) အစာအိမ်ကင်ဆာ၊ သားအိမ်ကင်ဆာ၊ ရင်သားကင်ဆာနှင့် မီးယပ်ရောဂါများအတွက် ကမ်းဇော်ဆီစစ်စစ်ကို ထမင်းပူပူနှင့် နယ်စားပါ။ ဆေးအဖြစ် လက်ဖက်ရည်ဇွန်းနှင့် မနက်၊ ည သောက်သုံးလျှင် ရောဂါပျောက်ကင်းပါသည်။ (၂) ထိခိုက်၊ ရှနာ၊ ပွန်

ပါရာစီတမောဆေးနှင့် တွဲမသောက်သင့်သောအရာများ

တလောက အင်တာနက်ပေါ်မှာ ပြန်နှံ့နေပြီး လူပြောများနေတဲ့ သတင်းတစ်ပုဒ်က စင်္ကာပူရောက် မြန်မာအချို့ ပါရာစီတမောဆေးသောက်ပြီး ရင်ပူလာလို့ဆိုပြီး ရေခဲသေတ္တာထဲက ကိုကာကိုလာ အေးအေးလေးကို မော့သောက်လိုက်ရာမှ ပါးစပ်မှာ အမြုပ်တစီစီထွက်လာပြီး ဆေးရုံအပို့ ကားပေါ်မှာတင် အသက်ဆုံးရှုံးသွားခဲ့ရတယ်ဆိုတဲ့ သတင်းတစ်ပုဒ်ပါ။ အဲဒီသတင်းနှင့်ပတ်သက်ပြီး ပြောဆိုဝေဖန်နေကြတာလည်း လူပေါင်းများစွာက ထင်မြင်ချက်မျိုးစုံပါပဲ။ ဆရာဝန်တွေကအစ ကလေးငယ်တွေအဆုံး မတူညီတဲ့ ထင်မြင်ချက်တွေ အသီးသီးပေးကြပါတယ်။ တစ်ချို့က ဆေးကြောင့်၊ တစ်ချို့က ကိုကာကိုလာကြောင့်၊ လူကြောင့်၊ ရာသီဥတုကြောင့်၊ မတည့်သည့်အစားအစာကြောင့် စသဖြင့် စုံနေအောင် ပြောဆိုထားကြပါတယ်။ ဘယ်အရာကြောင့်ဆိုတာ အတိအကျ မသိရပေမယ့် လူတစ်ယောက်ရဲ့ အသက်ကတော့ ဆုံးရှုံးသွားခဲ့ရတာ အမှန်ပါ။ ကိုယ်တွေ့ ဖြစ်ရပ်ကို လူအများ လိုက်နာရှောင်ရှားနိုင်အောင် ပြန်လည်မျှဝေပေးတဲ့သူကိုလည်း ကျေးဇူးတင်ပါတယ်။ မြန်မာပြည်ထဲမှာလည်း ပါရာစီတမောလ်နဲ့ ကိုကာကိုလာ အတူတွဲသောက်မိလို့ ဆေးခန်းရောက်ကြတာ မနည်းဘူးလို့ ဆရာဝန်တစ်ယောက်မှ ကိုယ်တွေ့ဖြစ်ရပ်တွေကို ဖွင့်ဟထားပါတယ်။ ဒါ့ကြောင့် ပါရာစီတမောနဲ့ တွဲသောက်ရန်မသင့်သော အစားအသောက်အချိ

အန္တရာယ်ရှိသော နှုတ်ခမ်းနီတံဆိပ်များ

ဒီပုံကို နိုင်ငံတကာ ကျန်းမာရေးသတင်းစာမျက်နှာများနှင့် ပြည်တွင်းကျန်းမာရေး စာမျက်နှာတွေပေါ်မှာ မကြာခဏ မြင်တွေ့ဖူးကြမှာပါ။ ဒီသတင်းကိုလည်း မကြာခဏ မေးမြန်းလာကြသည့်အတွက် မသိသေးသူများ သူရှိလိုက်နာနိုင်ရန် ကျန်းမာရေးသတင်းများမှ မျှဝေပေးလိုက်ပါတယ်။ လက်ရှိတွင် လူအများသုံးစွဲနေကြသည့် နှုတ်ခမ်းနီများမှ အချို့အမှတ်တံဆိပ်များဟာ ခဲဓါတ်ပါဝင်မှု များပြားနေပြီး ကင်ဆာကို ဖြစ်စေနိုင်တဲ့တဲ့အန္တရာယ်ရှိကြောင်း အမေရိကန်မှ ဆေးဝါးကျွမ်းကျင်သူ ဇီဝအနုစိပ်ပညာရှင် Dr. Elizabeth Ayoub ဆိုသူက သတိပေးပြောကြားထားပါတယ်။ ခဲသတ္တုဓါတ်ပါဝင်မှုလန်ကဲနေသော နှုတ်ခမ်းနီအမှတ်တံဆိပ်(၉)မျိုးကို ဖော်ပြပေးလိုက်ပါတယ်။ ၁။ CLINIQUE ၂။ ESTÉE LAUDER ၃။ SHISEIDO ၄။ RED EARTH (Lip Gloss) ၅။ CHANEL (Lip Conditioner) ၆။ MARK AMERICA ၇။ MOTIVES ၈။ LIPSTICK ၉။ AVON နှုတ်ခမ်းနီကုမ္ပဏီတစ်ခုဖြစ်တဲ့ 'Red Earth' ဟာ သူ့ထဲမှာ ခဲပါဝင်နေမှုကြောင့် R $ 67.00 မှ R $ 9.90 ထိ ဈေးကျ ဆင်းသွားခဲ့ပါတယ်။ အကြောင်းကတော့ ကင်ဆာအန္တရာယ်ကို ဖြစ်စေနိုင်လို့ပါပဲ။ အခြားအမှတ်တံဆိပ်များကိုလည်း စိတ်မချဘူးဆိုရင် ဒီလို စမ်းသပ်ပြီးမှ ၀ယ်နိုင်ပါတယ်။ ၁။ နှုတ်ခမ်းနီကို မသုံးစွ

အူမကြီးကင်ဆာ ဖြစ်မဖြစ် စောစောစီးစီး သိစေဖို့  ရည်ရွယ်လျက်

အူမကြီး ဗိုက်ထဲမှာ ရှိတဲ့ အစာအိမ် နဲ့ အူလမ်းကြောင်း ကိုကြည့်မယ်ဆိုရင် အပေါ်ပိုင်းနဲ့  အောက်ပိုင်း ( Upper GastroIntestinal Tract & Lower GastroIntestinal Tract ) ဆို ပြီး အပိုင်းကြီး ၂ ပိုင်း ခွဲခြားထားပါတယ် ။ အူမကြီး( Colon) နဲ့  စအို( Rectum) တို့ ဟာ Lower GI ထဲမှာ ပါ ပါတယ် ။ Ascending , Transverse , Descending ,Sigmoid colon ဆို ပြီး အူမကြီးရဲ့  နေရာ ပုံသဏ္ဍန် ကိုလိုက်ပြီး အမည် နာမ တွေ ထပ် ခွဲခြား ထားပါသေးတယ် ။ အူလမ်းကြောင်းရဲ့ တာဝန်များမှာ - • အစာအိမ်ထဲတွငှ် ချေဖျက်ပေးလိုက်သည့် အစားအစာများမှ ခန္ဓာကိုယ် အတွက် လိုအပ်သည့် အဟာရ များကို သွေးကြောများအတွင်းသို့ ရောက်အောင် စုပ်ယူ ပြီး ပို့  ဆောင်ပေးခြင်း • မလိုအပ်ပဲ ကျန်နေသော စုပ်ယူခြင်း မပြုလုပ်နိုင်သည့် အစာဟောင်းများအား မစင် ၊ အညစ် အကြေးအဖြစ် စအို မှ တဆင့် စွန့် ထုတ် ပေးခြင်း တို့ ဖြစ်ပါသည်။ အူမကြီးကင်ဆာတွင် တွေ့ ရှိရသည့် ရောဂါလက္ခဏာများ • အစပိုင်းတွင် သိသာထင်ရှားမှု မရှိ သောကြောင့် ရောဂါ ကို စောလျှင်စွာ ဖေါ်ထုတ်နိုင်ရန် ခက်ခဲပါသည်။ • အောက်ပါ လက္ခဏာများ ရှိနေပြီဆိုလျှင် အမြန်ဆုံး စစ်ဆေးရန့် လိုအပ်ပါသည်။ 1. ဝမ်းသွားနေကျ အလေ့အထ ပြောင်းလဲ

ကုပ် ကျီးပေါင်း တက်ခြင်း ( Cervical Spondylosis )

မွေးကင်းစ ကလေး တစ်ယောက်မှာ အရိုးပေါင်း ၂၇ဝ လောက် ရှိပါတယ်။ အသက်အရွယ် တဖြည်းဖြည်း ရလာတော့ အရိုးတွေ တစ်ခုနဲ့ တစ်ခု ပေါင်းစပ်လာပြီး နောက်ဆုံးမှာ ၂ဝ၆ ရိုး လောက်ပဲ ကျန်တော့ တယ်။ ဒီထဲမှာမှ လူ့ခန္ဓာကိုယ် တစ်ခုလုံးကို ထောက်ပံ့ ထားတဲ့ အဓိက အရိုးကတော့ ကျောရိုး ဆစ် မကြီး ( Spinal Column ) ဖြစ်ပါတယ်။ ကျောရိုးဆစ် ဆိုတာ အရိုးဆစ် ပေါင်း ၃၃ ခုနဲ့ တွယ်ဆက် ထားပြီး ကုပ်ကနေ မြီးညောင်းရိုးထိ ၂၈ လက်မ လောက် ရှည်တယ်။ ခန္ဓာကိုယ် လှုပ်ရှား မှုအတွက် အရေးကြီးတဲ့ အရိုးဖြစ် သလို ဒုက္ခ အပေးနိုင်ဆုံး အရိုးလဲ ဖြစ်တယ်။ ခန္ဓာဗေဒကို လေ့လာ ကြည့်ရင် အရိုးတွေဟာ အုတ်ခဲတွေ စီထားသလို တစ်ခုနဲ့ တစ်ခု ထပ်နေတယ်။ ကြားထဲမှာ အင်္ဂတေလိုမျိုး ကြားခံ Intervertebral Disc ဆိုတာက ခံပေးထား ရတယ်။ ကူရှင် သဘော ဖိအားကို အလိုက်သင့် ထိန်းပေးဖို့ ဖြစ်ပါတယ်။ အရိုးတွေကို တည်ငြိမ် နေအောင်၊ မြဲမြံနေအောင် တွယ်ဆက် ပေးရတာက အရွတ်တွေ ဖြစ်ပါတယ်။ အဆစ်ကတော့ လှုပ်ရှား နိုင်အောင် ပြုလုပ်ပေး သလို လှုပ်ရှားမှု ကိုလဲ ကန့်သတ် ပေးတယ်။ ကြွက်သား တွေကတော့ အရိုးအဆစ် တွေရဲ့ လှုပ်ရှားမှုကို ဖြစ်စေပါတယ်။ ကျောရိုးဆစ် တွေရဲ့ အလယ်မှာ Spinal Cord ခေါ်တဲ့ အာရုံ ကြောမကြီး တစ်ချောင်းက ဖြတ်သွ

အရိုးကျီး ပေါင်းတက်ခြင်း

အရိုးကျီး ပေါင်းတက်ခြင်းဆိုသည်မှာ အဆစ်နာ ဖြစ်သော်လည်း ၄င်းအဆစ် နားမှ အာရုံ ကြောများ အား ဖိမိပါက ပိုမို နာကျင်စေနိုင်ပါသည်။ အာရုံကြော အမျိုးအစား လိုက်ပြီး၊ ရောဂါ လက္ခဏာများ ဖြစ်ပေါ်လာစေသည်။ ကျောရိုးတွင် အရိုးအများကြီး ထပ်လျက်ရှိသည်။ ကြားနေရာများမှာ အဆစ်ဖြစ်သည်။ လည်ပင်း၊ ရင်ခေါင်း၊ ခါး၊ တင်ပါး၊ အမြီးပိုင်းတို့ အထိဖြစ်သည်။ စုစုပေါင်း (၇ + ၁၂ + ၅ + ၅ + ၄) = ၃၃ ရိုး ရှိပါသည်။ ၄င်းနေရာများမှာ အရိုးကျီးပေါင်းတက်သည့် နေရာများ ဖြစ်သည်။ အရိုးတခု နှင့် တခုကြား နေရာများမှ အာရုံကြောများ ဘယ်ညာသို့ ဖြာထွက်သည်။ အရိုး-အဆစ်များ မကောင်းပါက ၄င်းအာရုံကြောများကို ဖိမိ တတ်သည်။ ၄င်းသို့ ဖိမိသည်နှင့် o လည်ပင်းနာခြင်း o ဂုတ်ပိုးနာခြင်း o ခေါင်းမူး၊ ခေါင်းကိုက်ခြင်း o လည်ပင်း တင်းတောင့်ခြင်း o လက်တလျှောက် အပ်နဲ့ထိုးသကဲ့သို့  ခံစားရခြင်း o လက်ထုံကျင်ခြင်း o လက်ကောင်းစွာ မလှုပ်နိုင်ခြင်း o လက်ဖျားများ ထုံကျင်ခြင်း o နေထိုင်ရ ခက်ခဲခြင်း o လုပ်ကိုင် ရ ခက်ခဲခြင်း o အားယုတ်ခြင်း o အိပ်ပျက်ခြင်း တို့ ဖြစ်ပေါ်သည်။ ၄င်းအထက်ပါ လက္ခဏာများမှာ အရိုးကျီးပေါင်း တက်ခြင်းကြောင့်အပြင် Prolapsed inter-vertebral disks အဆစ်ကြားအရွတ်