Skip to main content

Posts

Showing posts from January 3, 2015

အားနည်းပြီး မူးမေ့ချင် ဖြစ်နေသလား

ဆယ်ကျော်သက် အရွယ်တွေမှာ အဖြစ်များတဲ့ အားနည်းပြီး မူးမေ့တဲ့ ဝေဒနာ အကြောင်း ဖော်ပြ ပေးလိုက် ပါတယ်။ အားနည်းပြီး မူးမေ့ခြင်း ဖြစ်ရသော အကြောင်းရင်း ဒါက စိတ်နဲ့ ခန္ဓာမှာ ဖိစီးမှုဒဏ်ရှိ တာကြောင့် ဖြစ်ရတာပါ။ လူတစ်ယောက်ရဲ့ နှလုံး၊ သွေးလှည့် ပတ်မှု၊ သွေးဖိအား နဲ့ အသက်ရှူတဲ့ ပုံစံ စတာတွေနဲ့လည်း ဆက်စပ်မှု ရှိသလို စိတ်ဖိစီးမှု၊ စိုးရိမ် သောက များတာ၊ စိတ်ပင်ပန်းတာစတဲ့ စိတ်ပိုင်းဆိုင်ရာ အခြေအနေ တွေနဲ့လည်း ဆက်စပ် နေပါတယ်။ အားနည်းပြီး မူးမေ့သော ဝေဒနာဖြစ်ပေါ်စေရန် လှုံ့ဆော်သည့် အချက်များ -စိတ်ဖိစီးမှု ဖြစ်စေသော အခြေအနေ၊ စိတ်လှုပ်ရှားမှုနဲ့ နာကျင်မှု တွေဟာ အားနည်းပြီး မူးမေ့တဲ့ ဝေဒနာကို ဖြစ်စေ နိုင်ပါတယ်။ -အပူရှိန် များလွန်းတဲ့ အခန်းနဲ့ လူထူ ထပ်လွန်းတဲ့ အခန်းထဲမှာ နေရတဲ့ အခါ၊ သွေးစစ်ဆေးဖို့ ဆရာဝန် အခန်းကို သွားတဲ့အခါတွေမှာ အားနည်းပြီး မူးမေ့တဲ့ ဝေဒ နာ ဖြစ်ပေါ် တတ်ပါတယ်။ -အားနည်းပြီး မူးမေ့တာက ရုတ်တရက် မမျှော်လင့်ဘဲ ဖြစ်ပေါ် တတ်ပါတယ်။ အဲဒီအခါ ဖျော့တော့တာ၊ ချွေးပြန်တာ နဲ့ ဖျားတာတို့ ဖြစ်တတ် ပါတယ်။ အိပ်နေရာ ကနေ ရုတ်တရက် မတ်တပ် ထရပ်တဲ့ အခါနဲ့ ထိုင်လိုက်တဲ့ အခါတွေမှာ မူးမေ့ သွားတတ် ပါတယ်။ အားနည်းပြီး မူးမေ့နေသူကိုတွေ့ရင

Genital warts in women အမျိုးသမီး လိင်လမ်းကြွက်နို့

၁။ ဆရာ ကျွန်မသူငယ်ချင်းက အခုကိုယ်ဝန်ရှိနေပါတယ်။ အသက်က ၂၈ ရှိနေပါပြီ။ သူအခု မိန်းမကိုယ်အပေါက် နားလောက်မှာ ကြွက်နို့တွေပေါက်နေတယ်ပြောပါတယ်။ ဆရာဝန်ပြတော့ ဆေးထိုးကုရမယ်၊ ဒါပေမယ့် ကိုယ်ဝန်ပျက်မှာစိုးလို့ ဆေးခိုးကုလို့မရသေးဘူးပြောပါတယ်တဲ့။ သူအခုအရမ်းကြောက်နေပါတယ်။ သူ့မှာရောဂါပိုး ရနေမလားလို့ စိုးရိမ်နေပါတယ်။ သူ့အိမ်ထောင်ဖက်က အရမ်းမိန်းမလိုက်စားပါတယ်။ သူကဘာ့ကြောင့် မိန်းမကိုယ်အဝမှာ ကြွက်နို့ပေါက်ရတာကို သိချင်နေပါတယ်ဆရာ။ ကျွန်မလည်းရှာနေတာပါ။ ဘာ့ကြောင့် ရနိုင်တာကိုမတွေ့လို့ လက်လျော့ပြီး ဆရာ့ကိုမေးရတာပါ။ ၂။ ဆရာခင်ဗျာ အမျိုးသမီးတွေမှာ လိင်အင်္ဂါကြွက်နို့ရောဂါဖြစ် နိုင်ပါသလား။ ဘယ်လိုပုံစံမျိုးနဲ့ ဖြစ်နိုင်ပါသလဲ။ အန္တရာယ်ရှိမရှိနဲ့ ဘယ်လိုပျောက်ကင်းအောင် ကုသရမလဲဆိုတာ ဖြေကြားပေးပါခင်ဗျာ။ ဖြစ်ပါတယ်။ မနည်းလှပါ။ အမျိုးသမီးတွေမှာ လိင်လမ်း-ကြွက်နို့ရှိနေပေမဲ့ ကလေးမရတာမဖြစ်စေပါ။ ကိုယ်ဝန်ကိုလဲ မထိခိုက်ပါ။ ကိုယ်ဝန်ဆောင်နေတုံး ဖြစ်တဲ့ လိင်လမ်းကြွက်နို့အတွက် Imiquimod, Sinecatechins, Podophyllin နဲ့ Podofilox တွေကို မသုံးပါနဲ့။ ခွဲစိတ်တာ လုပ်ချင်လုပ်နိုင်တယ်။ အတွဲတခုမှာ တယောက်မယ် ရောဂါရနေ၊ ပြနေရင် ကျန်တယောက်မှာ

Genital warts လိင်လမ်းကြွက်နို့

မေးသူတွေမနည်းပါ။ မေးခွန်းတွေမထည့်တော့ပါ။ ကြွက်နို့ကိုဖြစ်စေတာက Human papillomavirus (HPV) ဟာ ဗိုင်းရပ်စ်တမျိုးဖြစ်တယ်။ အမျိုးအစားပေါင်း ၂ဝဝ လောက် တွေ့ထားပေမဲ့ တချို့ကသာ ရောဂါရစေတယ်။ အရေပြားမှာ ဖြစ်တဲ့ ကြွက်နို့တွေက HPV-1 နဲ့ HPV-2 ကြောင့် ဖြစ်တယ်။ လိင်လမ်း ကြွက်နို့ကို HPV 6 နဲ့ 11 ဗိုင်းရပ်စ်တွေကြောင့် ဖြစ်ရတာ ၉ဝ% ရှိတယ်။ မျက်စိ၊ နှာခေါင်း၊ ပါးစပ်နဲ့ လည်ချောင်း တွေမှာလဲ ဒီပိုးတွေကနေ ဖြစ်စေနိုင်တယ်။ အမျိုးအစား ၃ဝ-၄ဝ တို့က လိင်ဆက်ဆံလို့ ကူးစက်တယ်။ လိင်အင်္ဂါ-ကြွက်နို့ဟာ လိင်မှတဆင့် ကူးစက်ရောဂါတွေမှာ အများဆုံး ဖြစ်ပြီး၊ အမေရိကားမှာ လူပေါင်း သန်း ၂ဝ ဒါမှမဟုတ် လိင်ဆက်ဆံနိုင်တဲ့ အရွယ်ရှိသူပေါင်းရဲ့ ၁% မှာ ရှိနေတယ်။ Genital Warts လိင်အင်္ဂါကြွက်နို့ကို Condyloma လို့လဲ ခေါ်တယ်။ တချို့မှာ ပိုးရှိနေပေမဲ့ ကြွက်နို့ မပေါ်သေးဘူး။ တချို့ပိုးတွေက မိန်းမနဲ့ ယောက်ျား လိင်အင်္ဂါနားတဝှိုက် (ဗဂျိုင်းနား၊ လိင်တံ၊ စအို) မှာ ကင်ဆာဖြစ်စေတယ်။ သားအိပ်အဝ (ခေါင်း) ကင်ဆာ ဖြစ်စေတဲ့ပိုး နဲ့ လိင်အင်္ဂါကြွက်နို့ ဖြစ်စေတဲ့ပိုးတွေ မတူကြပါ။ ကြွက်နို့ ပေါက်မနေသူဆီကနေလည်း ကူးလာနိုင်တယ်။ လိင်ဆက်ဆံနည်း မျိုးစုံ (ရိုးရိုး နဲ့ စအို၊

သတိလစ်စေရန် ပြုလုပ်နှိင်သည့် ဆေးဝါးများ

အခု ပြောချင်တဲ့ ဆေးတွေကတော့ မြန်မာ အခေါ်အဝေါ်နဲ့ ဆိုရင် စိတ်ကို ပြောင်းလဲ စေသော ဆေးဝါးများ စာရင်းမှာ ထည့်ရမယ် ထင်ပါတယ်။ အခုပြောမယ့် ဆေးတွေကို တစ်ခါတစ်ရံမှာ လိင်ပိုင်း ဆိုင်ရာ ကျူးလွန်မှု တွေကို အထောက်အကူ ပြုဖို့ အသုံးပြု ကြပါတယ်။ လိင်ပိုင်းဆိုင်ရာ ကျူးလွန်တယ် ဆိုရာတွင် ကာယကံရှင်၏ သဘောဆန္ဒ မပါသော လိင်မှုဆိုင်ရာ အပြုအမူတိုင်းကို ဆိုလိုပါသည်။ ဤနေရာတွင် မလျှော်ရာ ကိုင်တွယ်ခြင်းမှ အစ (အရွယ် ရောက်သူတိုင်း သိကြပြီး ဖြစ်မည့် အမြင်ရိုင်းသော ရှင်းလင်းချက် စာသားများကို ဖျက်ထားပါသည်) ကြံစည်ခြင်းတို့ပါ ပါဝင်ပါသည်...........ယခုပြောမည့် ဆေးဝါးများ၏ အာနိသင်ကြောင့် ဆေးခတ် ခံရသူဟာ ရုပ်ပိုင်းဆိုင်ရာ ခုခံနိုင်မှု မရှိတော့ဘဲ လိင်ဆက်ဆံမှုအား ငြင်းပယ် နိုင်စွမ်း ပျောက်ဆုံးကာ မည်သို့ ဖြစ်ပျက်ခဲ့သည် ဆိုသည်ကိုပင် မှတ်မိနိုင်စွမ်း မရှိတော့ပေ။ ယင်းဆေးဝါး များသည် ယေဘုယျ အားဖြင့် အရောင်မရှိ၊ အနံ့မရှိဘဲ အရသာလည်း မရှိသဖြင့် တစ်ဖက်သား မရိပ်မိစေဘဲ အချိုရည် အတွင်းသို့ ထည့်ခတ် နိုင်ပေသည်။ Date rape drug အမျိုးအစား အနည်းဆုံး သုံးမျိုး ရှိပါသည်။ ယင်းတို့မှာ - GHB (Gamma Hydroxybutyric Acid) Rohypnol (Flunitrazepam) Ketamine (Ke

Warts ကြွက်နို့

(၁) ဆရာကူညီပြီး ပြောပြပေးပါ။ ကြွက်နို့ကို ဘယ်လိုပျောက်ကင်းအောင်လုပ်လို့ ရပါသလဲ။ (၂) ကျွန်တော် ရန်ကုန်ကပါ။ အသက် ၂၇ ရှိပါပြီ။ ကျွန်တော် ခြေဖမိုးမှာ ကြွက်နို့တွေပေါက်နေပါတယ်ဆရာ။ ပေါက်တာတော့ ၅ နှစ်လောက် ရှိပါပြီ။ အစတုန်းက ခြေသန်းကြွယ်မှာ ၁လုံးပေါက်တာပါ။ တဖြည်းဖြည်းနဲ့ပွားလာတာ အခုခြေဖမိုးမှာ ၁ဝ လုံးလောက်ဖြစ်လာပါပြီ။ ကြွက်နို့ကပ် ပလာစတာတွေကပ်တာတော့ မပျောက်ပါဘူးဆရာ။ အဲဒါ ဘယ်လိုလုပ်ရမည်ကို သိလိုပါသည်ဆရာ။ ကြွက်နို့ဆိုတာ Human papilloma virus (HPV) ခေါ်တဲ့ (ဗိုင်းရပ်စ်) ကြောင့် ဖြစ်ရတာပါ။ ဒီပိုးကလဲ အမျိုးပေါင်း ၁ဝဝ ကျော် ၂ဝဝ ရှိတယ်။ တစ်ကိုယ်လုံးမှာ ကြွက်နို့ပေါက်တတ်ပါတယ်။ ကူးတတ်ပါတယ်။ အထူးသဖြင့် လိင်လမ်းကြောင်း (ပါးစပ်၊ မွေးလမ်းကြောင်း၊ စအို) တွေမှာ ဖြစ်တဲ့ ကြွက်နို့က ပိုပြီးကူးတတ်တယ်။ ဒါကြောင့် အကာအကွယ်မဲ့ အတူနေတာကို ရှောင်ပါ။ တချို့မှာ အပြင်ကနေ မသိနိုင်တဲ့ ကြွက်နို့ရှိနေတတ်ပြီး သူများကို ကူးစက်နိုင်ပါတယ်။ တချို့ကြွက်နို့များက အလိုလိုပျောက်သွားနိုင်ပါတယ်။ ဒါပေမဲ့ ပျောက်မှာဘဲဆိုပြီး စောင့်မနေဘဲ ကုဖို့တိုက်တွန်းပါတယ်။ ကုသနည်းကလဲ ကြွက်နို့ပေါက်တဲ့နေရာ မတူရင် မတူပြန်ပါ။ ဆေးမြီးတိုနည်းတွေကို အားမပေ

Tonsillitis အာသီးရောင်ခြင်း

ဆရာရှင့် အာသီးရောင်တာ ဘာအသီးအနှံမှီဝဲရမလဲရှင့်။ ပြီးတော့ အပူဖုတွေလည်း ပါးစပ်နဲ့လျှာမှာ ပေါက်နေပါတယ်။ အဖျားလည်းနည်းနည်းရှိတော့ ဒိန်ချဉ်နဲ့တည့်ပါသလားရှင့်။ တချက်လောက်ဖြေပေးပါဦးနော်။ အသက် မသိရပါ။ အာသီးရောင်တာကို ပိုးသေဆေးမသောက်ရင် နောက်ဆက်တွဲတွေဖြစ်လာနိုင်ပါတယ်။ ဆရာ့ ဘလော့်ခ်မှာရေးထားပါတယ်။ ဟုတ်ကဲ့ဆရာ သမီးရှာပြီးဖတ်လိုက်ပါ့မယ်။ သမီးအသက်က ၂၆ နှစ်ပါဆရာ။ လူတိုင်းမှာ အာသီးရှိတယ်။ ဘယ်-ညာ ၂ ခု။ ကောင်းနေရင် မျက်စိနဲ့မြင်ရဘူး။ ရောင်လာမှသာ ကြီးတာ၊ နီတာ၊ ပြည်တည်တာတွေ မြင်ရ၊ ခံစားရတယ်။ ပါးစပ်ဟခိုင်းရင် နီရဲ-ရောင်နေတဲ့ အာသီး တဖက်ဖြစ်ဖြစ် နှစ်ဖက်လုံးဖြစ်ဖြစ် မြင်ရမယ်။ အစာမျိုရမဲ့လမ်းကို ကျဉ်းရာကနေ ပိတ်လုလုအထိ ကြီးနေနိုင်တယ်။ ရောင်ရင် လည်ချောင်းနာပြီး ဖျားမယ်။ ရက်တိုရောင်ရာကနေ ပြည်တည်နိုင်တယ်။ Strep throat လို့ခေါ်ကြတယ်။ အများစုက ဆေးမလိုဘဲပျောက်တယ်။ ၄ဝ% က ၃ ရက်သာကြာပြီး ၈၅% က တပါတ်သာ ကြာတယ်။ Sore throat လည်ချောင်းနာနဲ့ Tonsillitis အာသီးရောင်တာကို ဖြစ်စေတဲ့ ပိုး (ဗိုင်းရပ်စ် နဲ့ ဗက်တီးရီးယား) တွေထဲက Group A beta-haemolytic Streptococci ဗက်တီးရီးယားဟာ Acute rheumatic fever ရက်တို ရူမက်တစ် အဖျား ရောဂါ န