Skip to main content

Warts ကြွက်နို့







(၁) ဆရာကူညီပြီး ပြောပြပေးပါ။ ကြွက်နို့ကို ဘယ်လိုပျောက်ကင်းအောင်လုပ်လို့ ရပါသလဲ။

(၂) ကျွန်တော် ရန်ကုန်ကပါ။ အသက် ၂၇ ရှိပါပြီ။ ကျွန်တော် ခြေဖမိုးမှာ ကြွက်နို့တွေပေါက်နေပါတယ်ဆရာ။ ပေါက်တာတော့ ၅ နှစ်လောက် ရှိပါပြီ။ အစတုန်းက ခြေသန်းကြွယ်မှာ ၁လုံးပေါက်တာပါ။ တဖြည်းဖြည်းနဲ့ပွားလာတာ အခုခြေဖမိုးမှာ ၁ဝ လုံးလောက်ဖြစ်လာပါပြီ။ ကြွက်နို့ကပ် ပလာစတာတွေကပ်တာတော့ မပျောက်ပါဘူးဆရာ။ အဲဒါ ဘယ်လိုလုပ်ရမည်ကို သိလိုပါသည်ဆရာ။

ကြွက်နို့ဆိုတာ Human papilloma virus (HPV) ခေါ်တဲ့ (ဗိုင်းရပ်စ်) ကြောင့် ဖြစ်ရတာပါ။ ဒီပိုးကလဲ အမျိုးပေါင်း ၁ဝဝ ကျော် ၂ဝဝ ရှိတယ်။ တစ်ကိုယ်လုံးမှာ ကြွက်နို့ပေါက်တတ်ပါတယ်။ ကူးတတ်ပါတယ်။ အထူးသဖြင့် လိင်လမ်းကြောင်း (ပါးစပ်၊ မွေးလမ်းကြောင်း၊ စအို) တွေမှာ ဖြစ်တဲ့ ကြွက်နို့က ပိုပြီးကူးတတ်တယ်။ ဒါကြောင့် အကာအကွယ်မဲ့ အတူနေတာကို ရှောင်ပါ။ တချို့မှာ အပြင်ကနေ မသိနိုင်တဲ့ ကြွက်နို့ရှိနေတတ်ပြီး သူများကို ကူးစက်နိုင်ပါတယ်။


တချို့ကြွက်နို့များက အလိုလိုပျောက်သွားနိုင်ပါတယ်။ ဒါပေမဲ့ ပျောက်မှာဘဲဆိုပြီး စောင့်မနေဘဲ ကုဖို့တိုက်တွန်းပါတယ်။ ကုသနည်းကလဲ ကြွက်နို့ပေါက်တဲ့နေရာ မတူရင် မတူပြန်ပါ။ ဆေးမြီးတိုနည်းတွေကို အားမပေးလိုပါ။ အလွယ်ဝယ်ရတဲ့ ဆေးတွေဆိုတာ အာမခံချက် မရှိပါ။ အသားတွေကို စားပစ်မယ့် အက်စစ်ဓာတ် အဆများလွန်းတာတွေ ဖြစ်တတ်ပါတယ်။ အထူးသဖြင့် မျက်နှာနဲ့ လိင်လမ်းကြောင်းမှာ ပေါက်တာမျိုးဆိုရင် ပိုဆိုးသွားပါလိမ့်မယ်။


အရေပြားအထူကုဆရာဝန်တွေက အကောင်ဆုံးကုသပေးနိုင်ပါတယ်။ မြင်တာနဲ့ ရောဂါကိုသိတယ်။ လိုအပ်ရင် Biopsy အသားစဖြတ်ပြီး စစ်ဆေးမယ်။ ကြွက်နို့တွေက ဆေးမကုဘဲလဲ ပျောက်နိုင်တာရှိတယ်။ အထူးသဖြင့် ကလေးတွေမှာ ဖြစ်ရင်။ လိင်လမ်းကြောင်းမှာမဟုတ်ရင် ဘာမှ စိုးရိမ်စရာမလိုပါ။


Dermatologist အရေပြားအထူကုဆရာဝန်တွေက အကောင်ဆုံးကုသပေးနိုင်ပါတယ်။ မြင်တာနဲ့ ရောဂါကိုသိတယ်။ လိုအပ်ရင် Biopsy အသယးစဖြတ်ပြီး စစ်ဆေးမယ်။ ကြွက်နို့တွေက ဆေးမကုဘဲလဲ ပျောက်နိုင်တာရှိတယ်။ အထူးသဖြင့် ကလေးတွေမှာဖြစ်ရင်။ လိင်လမ်းကြောင်းမှာ မဟုတ်ရင် ဘာမှ စိုးရိမ်စရာမလိုပါ။


1. Cantharidin ဆေးလိမ်းပေးနည်း။ အပူဖူးလေးထွက်မယ်။ တပါတ်နေရင် သေသွားတဲ့ကြွက်နို့ကို ခြစ်ထုတ်ပြစ်မယ်။ ဒီဆေးလိမ်းကာစ ဘယ်လိုမှ မခံစားရပေမယ့် ၃-၄ နာရီ ကြာလာရင် နာလာပါမယ်။ ဆေးလိမ်း ပြီးရင် တစ်ရက်တိုင်တိုင် ပတ်တီးစည်းပေးထားတာ ပိုကောင်းပါတယ်။ Cantharidin နဲ့ ရောထားတဲ့ ဆေးမျိုး ဆိုရင် ၂ နာရီကြာရင် ပတ်တီး ဖြည်ပေးရပါမယ်။

2. Liquid nitrogen ဆိုတာ ကြွက်နို့ကို အေးခဲသွားစေတဲ့ ဆေးကုနည်း Cryotherapy ဖြစ်ပါတယ်။ ၂ ကြိမ်ကနေ ၄ ကြိမ် ရက်ခြားပြီး လုပ်ပေးရပါတယ်။ ၁ ပါတ်ကနေ ၃ ပါတ်ပဲ ကြာမှာပါ။

3. Electrosurgery and curettage လျှပ်စစ်နည်း။ ခြေထောက်မှာဖြစ်တာကို သုံးလေ့ရှိတယ်။ ပြီးတဲ့နောက် ခြစ်ပြစ်ပေးမယ်။

4. Excision ခွဲစိတ်ဓါးနဲ့ ခွဲထုတ်နည်း။

5. Laser လေဆာနည်းနဲ့ Chemical peels ဓါတုအခွံခွါနည်းတွေကို ခက်ခဲတဲ့ကြွက်နို့တွေအတွက် သုံးနိုင်တယ်။

6. Salicylic acid အပြင်းစား + Tretinoin + Glycolic acid တွေသုံးတယ်။ ခြေ-လက်တွေမှာ ပေါက်တာမျိုးကို လိမ်းပေးရင်ရပါတယ်။ နေ့တိုင်း ရက်ကြာကြာ လိမ်းရပါမယ်။ ရေချိုးပြီးနောက် အရေပြားက ခပ်စိုစိုလေး ရှိနေတုံး ဆေးလိမ်းတာ ပိုထိရောက်ပါတယ်။ နောက်ထပ် ရေတစ်ခါ မချိုးခင် ကျောက်တုံးကြမ်းလေးနဲ့ ပွတ်တိုက်ပြီး သေနေတဲ့ အရေပြားလွှာကို ရှင်းထုတ် ပစ်ရပါဦးမယ်။

7. Bleomycin ဆေးထိုးနည်း။ ကင်ဆာကိုကုတဲ့ဆေးဖြစ်တယ်။ ဘေးထွက်-ဆိုးကျိုးတော့ရှိမယ်။ ဥပမာ ခြေသည်း လက်သည်း ပျက်စီးနိုင်တယ်။

8. Immunotherapy ခုခံအားဆေးနည်း။ Diphencyprone (DCP) ဆေးသုံးတယ်။ Interferon (အင်တာဖရွန်) ထိုးဆေးလဲသုံးတယ်။


အလားအလာ

ကြွက်နို့ဖြစ်စေတဲ့ ဗိုင်းရပ်စ်ကတော့ မသေပါ။ ပြန်ဖြစ်နိုင်တယ်။ တနေရာမှာ အသစ်ပေါ်မယ်။ ကြွက်နို့ကို တစ်နည်းနဲ့ မရရင် နောက်တစ်နည်းသုံးပြီး ကုရတတ်ပါတယ်။ အပြီးတိုင် ပျောက်သွားတာရှိသလို ပြန်လဲ ဖြစ်တတ်ပါတယ်။ လိင်လမ်းကြောင်းကြွက်နို့က ပိုပြီး ပြန်ဖြစ်တတ်ပါတယ်။ သပ်သပ်ရေးထားပါတယ်။


Warts ကြွက်နို့ http://ift.tt/1D59i2X

Genital warts လိင်လမ်းကြွက်နို့ http://ift.tt/1D59hvF

Genital warts in women အမျိုးသမီး လိင်လမ်းကြွက်နို့ http://ift.tt/1D59ijb


ဒေါက်တာတင့်ဆွေ

http://ift.tt/1nTBedj





from သစ်ထူးလွင် (ကျန်းမာရေး) - Thit Htoo Lwin http://ift.tt/1w10nI5

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...

ဖုန်းပြော သူများ သတိထား၊ ကြာရှည်စွာ ဖုန်းပြောလျှင် နားကို ဒုက္ခ ပေးရာရောက်

ခေတ်မီ တိုးတက် လာသည့် အလျောက် ဆန်းပြားသော လျှပ်စစ် ပစ္စည်း များနှင့် လူ့အသုံး အဆောင် ပစ္စည်း များမှာ လည်း တစ်ခု ထက် တစ်ခု ပိုမို ကောင်းမွန် လာသည့် အတွက် လူအများ မှာလည်း အသစ် အဆန်း ဘက်ကို ဦးစားပေး ရွေးချယ် လာကြသည်။ ယခုခေတ်မြို့နေ လူငယ် အများစုဖုန်းကိုင် လာနိုင်ပြီး ဆွေ မျိုး သားချင်း၊ ချစ်သူ သမီးရည်းစား များ နှင့် ဖုန်းပြော သည့်အခါ ပုံမှန် အသံ dv (decivel) ထက်ပိုသော အသံကို ကြားလျှင်ဖြစ်စေ၊ နေ့စဉ် ရက်ဆက် အချိန်ကြာမြင့်စွာ ဖုန်းပြော လျှင်ဖြစ် စေ နားကို မထိခိုက် နိုင်သော်လည်း ပုံမှန် အသံထက် ကျယ်သော စကား ပြောသံ နှင့် အချိန်ကြာသော အခါ နား ထိခိုက် နိုင်ကြောင်း နား၊နှာခေါင်း၊ လည်ချောင်း ဆေးရုံမှ အထူးကု ဆရာ ၀န် ဒေါက်တာ ၀င်းထိုက် ကြည်က ပြောကြားသည်။ ဖုန်းကို တစ်နေ့တည်း ဆက် တိုက် ခြောက်နာရီ နှင့် အထက်ပြော ပြီး ဖုန်းပြောသံမှာ လည်း သတ်မှတ် ထား သော dv (decivel) အသံထက် ကျယ်ရင် နားအူ၍ ထုံတတ် ကြောင်း၊ ပုံမှန် နားထောင် နိုင်စွမ်း ရှိသော အသံ နှင့် ပြောလျှင် နားကို မထိခိုက် နိုင် သော်လည်း ကြာရှည် လာချိန်တွင် နားလေး သွားနိုင် ကြောင်း၊ ထို့ကြောင့် ကြာရှည်စွာ ဖုန်းပြော တတ်သည့်လူ ငယ်များ၊ ဖုန်းပြော လျှင် အော်...