Skip to main content

Posts

Showing posts from May 30, 2014

နှစ်လကြာ ရပ်နားထားသည့် လက်ကျန် နိုင်ငံရေး အကျဉ်းသားများ စိစစ်ရေးကော်မတီ အစည်းအဝေ...

နှစ်လကြာ ရပ်နားထားသည့် လက်ကျန် နိုင်ငံရေး အကျဉ်းသားများ စိစစ်ရေးကော်မတီ အစည်းအဝေး ဇွန်လတွင် ပြန်စမည် ရန်ကုန်၊ မေ ၃၀ နှစ်လကျော်ကြာ ရပ်နားထားသော လက်ကျန်နိုင်ငံရေး အကျဉ်းသားများ စိစစ်ရေးကော်မတီ အစည်းအဝေးကို လက်ကျန် နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးနိုင်ရေးအတွက် ဇွန်လ ၁ ရက်နေ့တွင် ပြန်လည် ပြုလုပ်မည် ဖြစ်ကြောင်း အဆိုပါ ကော်မတီဝင် ဦးရဲအောင်က The Voice သို့ ပြောကြားသည်။ နိုင်ငံရေး အကျဉ်းသားများ လွတ်ငြိမ်းချမ်းသာခွင့် ရရှိရေးအတွက် လက်ကျန်နိုင်ငံရေး အကျဉ်းသား စိစစ်ရေး ကော်မတီ အစည်းအဝေးကို မတ်လ ပထမပတ်အတွင်း နောက်ဆုံးအကြိမ် ပြုလုပ် ခဲ့သော်လည်း နှစ်လကျော်ကြာ ရပ်နားထားခဲ့ပြီးနောက် ပြန်လည် ပြုလုပ်ခြင်း ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။ “ကော်မတီဝင်တွေကို အစည်းအဝေးတက်ဖို့ မေလ ၂၉ ရက်နေ့မှာ အကြောင်းကြားလာပါတယ်” ဟု ၎င်းကဆိုသည်။ အဆိုပါ အစည်းအဝေးကို မြန်မာ ငြိမ်းချမ်းရေးစင်တာ (Myanmar Peace Center) တွင် ပြုလုပ်မည်ဖြစ်ပြီး အကျဉ်းထောင်များအတွင်း ရာဇဝတ်မှုနှင့် ကျန်ရှိနေသော နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေးနှင့် နိုင်ငံရေး အကျဉ်းသား အဓိပ္ပာယ် ဖွင့်ဆိုချက်များကို တင်ပြ ဆွေးနွေးမည် ဖြစ်ကြောင်း လက်ကျန် နိုင်ငံရေး အကျဉ်

နေထီးဆောင်းခြင်း ------------ ထူးခြားတာကတော့ Halo တွေကို နေ(သို့မဟုတ်) လတွေကို ဗ...

နေထီးဆောင်းခြင်း ------------ ထူးခြားတာကတော့ Halo တွေကို နေ(သို့မဟုတ်) လတွေကို ဗဟိုပြုပြီး ၀န်းရံနေတဲ့ စက်ဝိုင်းများအဖြစ် တွေ့ကြရသလို လူ၊ သစ်ပင်၊ အဆောက်အအုံ၊ ဘုရားကျောင်းစတာတွေကိုလည်း ဗဟိုပြုပြီး ၀န်းရံနေတဲ့ စက်ဝိုင်းများအဖြစ်လည်း တွေ့ရတတ်ခြင်းပဲ ဖြစ်ပါတယ်။ အဲဒီ အခါမှာ လူတွေရဲ့ ဘာသာရေးယုံကြည်မှုများ လွန်ကဲမှုများ ကြောင့် သဘာဝလွန်ဖြစ်စဉ်များ (Super Natural Phen-omena) အဖြစ် ပြောဆိုလာတတ်ကြပါတယ်။ ပြည်မြို့မှာ ဒီကနေ့ တွေ့ခဲ့ ကြရတဲ့ နေထီးဆောင်းဖြစ်စဉ်က တော့မုတ်သုံကာလကြီးမှာ မြန်မာနိုင်ငံအလယ်ပိုင်းမှာ လေအေးတွေ ရေခဲအမှုန်တွေ တိုးဝင်လာရောက်ဖြစ်ပေါ်နေတာကို သိလာရတော့ မြောက်ဘက်က လေလေးတွေ အားကောင်းနေတာကို ပြသနေပြီး တောင်ဘက်က မုတ်သုံလေကတော့ မတိုးနိုင်ဘဲ အား လျော့နေတာကိုလည်း ပြသနေပါတယ်။ သတင်းအပြည့်အစုံ... http://ift.tt/1lZQ5Cs နေထီးဆောင်းခြင်း www.7daydaily.com ဒီကနေ့ ပြည်မြို့ဘက်မှာ နေထီး ဆောင်းတာကို တွေ့ကြရတော့ လူတွေအမျိုးမျိုးပြောနေကြတယ် လို့ သတင်းမီဒီယာဌာနကြီးတစ် ခုက အသိတစ်ယောက်က ဖုန်း ဆက်ပြောလာပါတယ်။ နောက်ပြီးတော့လည်း မေး လာသေးတယ်။ အဲဒါကို လူတွေ က နိုင်ငံရေး၊ တိုင်းရေး၊ ပြည်ရေး နဲ့ပတ်သက်ပြီး နိမိတ

ရေဆိုးများ စနစ်တကျ စွန့်ပစ်ခြင်း မရှိသည့် မုန့်တီ လုပ်ငန်းရှင်များကို စည်ပင်ဥပဒေ...

ရေဆိုးများ စနစ်တကျ စွန့်ပစ်ခြင်း မရှိသည့် မုန့်တီ လုပ်ငန်းရှင်များကို စည်ပင်ဥပဒေဖြင့် အရေးယူမည် မော်လမြိုင်၊ မေ ၃၀ မွန်ပြည်နယ် သထုံမြို့ ဘင်လိုင်ရပ်ကွက် မုန့်တီလုပ်ငန်း စက်ရုံများမှ စွန့်ပစ်သော ရေဆိုး၊ ရေညစ်များကြောင့် အနံ့ဆိုးများ ထွက်ပေါ်ပြီး ပတ်ဝန်းကျင် ရပ်ကွက်အတွင်းရှိ ဒေသခံများ၏ ကျန်းမာရေးကို ထိခိုက်မှုများ ရှိနိုင်၍ ဒေသခံ ပြည်သူများနှင့် စက်ရုံ လုပ်ငန်းရှင်များအကြား ညှိနှိုင်းပေးသော်လည်း လိုက်နာမှု မရှိသည့် လုပ်ငန်းရှင်များကို စည်ပင်သာယာရေး ဥပဒေဖြင့် အရေးယူမည် ဖြစ်ကြောင်း သထုံမြို့နယ် စည်ပင်သာယာရေး အထောက်အကူပြု ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာသန်းမျိုးက ပြောကြားသည်။ မုန့်တီလုပ်ငန်း တည်ရှိရာ ဘင်လိုင် ရပ်ကွက်တွင် နေထိုင်သူများက မုန့်တီလုပ်ငန်းမှ ထွက်ရှိသည့် အနံ့ဆိုးများနှင့် ရေဆိုး၊ ရေညစ်များဒဏ်ကို ဆိုးရွားစွာ ခံစားနေရကြောင်းနှင့် ယင်းရေဆိုး၊ ရေညစ်များ သိုလှောင်ထားရာ ရေပုပ်ကန်များသည် စနစ်ကျမှု မရှိခြင်းကြောင့် ကျေးရွာရေတွင်းများ အတွင်းသို့ စိမ့်ဝင်ပြီး၊ ရေတွင်းများ ပျက်စီးရကြောင်း ဒေသခံများက သထုံမြို့နယ် စည်ပင်သာယာရေး အထောက်အကူပြု ကော်မတီထံ တိုင်ကြားခဲ့သည်ဟု ၎င်းက ပြောဆိုသည်။ အနံ့ထွက်နည်းသည့် မုန့်တုံ

ရခိုင်တွင် အကူညီပေးရေးအဖွဲ့များ ကိုကွပ်ကဲရန် အစိုးရတာဝန်ပေးအဖွဲ့၏ အစည်းဝေးတွင် U...

ရခိုင်တွင် အကူညီပေးရေးအဖွဲ့များ ကိုကွပ်ကဲရန် အစိုးရတာဝန်ပေးအဖွဲ့၏ အစည်းဝေးတွင် US အခြေစိုက် စည်းရုံးရေးအဖွဲ့ ပိုဒတ်စတာဂရု၏ အရာရှိများတက်။ (မဇ္ဈိမ) from Mizzima - News in Burmese's Facebook Wall http://ift.tt/1jE0D8S

မျိုးစောင့်ဥပဒေအရေး အာရှပစိဖိတ်အမျိုးသမီးအခွင့်ရေးဆိုင်ရာဖိုရမ်တွင် မြန်မာအမျိုး...

မျိုးစောင့်ဥပဒေအရေး အာရှပစိဖိတ်အမျိုးသမီးအခွင့်ရေးဆိုင်ရာဖိုရမ်တွင် မြန်မာအမျိုးသမီးများ ဆွေးနွေးမည်။ (မဇ္ဈိမ) from Mizzima - News in Burmese's Facebook Wall http://ift.tt/1nClbqr

ပုသိမ်တွင် နိုင်ငံရေးပွဲများရိုက်ကူးသည့် ၈၈မျိုးဆက် ရပ်ကျေးအဖွဲ့ဝင်ကို လိုင်စင်မ...

ပုသိမ်တွင် နိုင်ငံရေးပွဲများရိုက်ကူးသည့် ၈၈မျိုးဆက် ရပ်ကျေးအဖွဲ့ဝင်ကို လိုင်စင်မဆောင်ဟုဆိုကာ မေ ၃၀ရက်ညနေက ဖမ်းလိုက်ပါတယ်။ (မဇ္ဈိမ) from Mizzima - News in Burmese's Facebook Wall http://ift.tt/1nCldyF

မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာ မြန်မာစစ်တပ်က ပစ်လိုက်လို့ ဘင်္ဂလားစစ်သားတစ်ဦး သေဆုံ...

မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာ မြန်မာစစ်တပ်က ပစ်လိုက်လို့ ဘင်္ဂလားစစ်သားတစ်ဦး သေဆုံးခဲ့တယ်ဆိုတဲ့ သတင်းကြောင့် အပိုဆောင်းတပ်ဖွဲ့တွေကို စုစည်းပြင်ဆင်ထားဖို့ ဘင်္ဂလားလွှတ်တော်က ဖိအားပေးနေပါပြီ။ (မဇ္ဈိမ) from Mizzima - News in Burmese's Facebook Wall http://ift.tt/1jE0Clc

ကချင်-တရုတ်နယ်စပ် ပန်ဝါဒေသကို ဗဟိုပြုပြီးရစ်ချက်တာစတေး ၅ဒသမ၉အဆင့်ရှိ ငလျင် မေ၃၀ရ...

ကချင်-တရုတ်နယ်စပ် ပန်ဝါဒေသကို ဗဟိုပြုပြီးရစ်ချက်တာစတေး ၅ဒသမ၉အဆင့်ရှိ ငလျင် မေ၃၀ရက် နံနက် ၈နာရီခန့်က လှုပ်ခတ်သွားပြီး ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် အပျက်အစီးအသေအပျောက်မရှိဟု ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံးက ပြောသည်။ from Mizzima - News in Burmese's Facebook Wall http://ift.tt/1jE0zWI

ချန်ပီယံလိဂ် ၀င်ခွင့်မရခဲ့သောကြောင့် မန်ယူအသင်းသည် ယင်းတို့၏ ကာလရှည်ပြစ်မှတ်ဖြစ်...

ချန်ပီယံလိဂ် ၀င်ခွင့်မရခဲ့သောကြောင့် မန်ယူအသင်းသည် ယင်းတို့၏ ကာလရှည်ပြစ်မှတ်ဖြစ်သည့် ပီအက်စ်ဂျီ တိုက်စစ်မှူး ကာဗာနီ၏ ငြင်းပယ်ခြင်းကို ခံခဲ့ရသည်။ မဇ္ဈိမ from Mizzima - News in Burmese's Facebook Wall http://ift.tt/1nCldi9

မန်စီးတီး အသင်းသည် အသင်းနှင့် ဆက်ဆံရေး ယိုယွင်းလာသည့် ယာယာတိုရေးနေရာတွင် အစားထို...

မန်စီးတီး အသင်းသည် အသင်းနှင့် ဆက်ဆံရေး ယိုယွင်းလာသည့် ယာယာတိုရေးနေရာတွင် အစားထိုးရန် ဘာစီလိုနာမှ ဖာဘရီဂတ်စ်ကို စိတ်ဝင်စားနေသည်။ မဇ္ဈိမ from Mizzima - News in Burmese's Facebook Wall http://ift.tt/1jE0xhw

ကလောမြို့နယ် ဘော်ဆိုင်းသတ္တုတွင်း ကုမ္ပဏီတစ်ခုမှ တရုတ်နိုင်ငံသား ဝန်ထမ်း၁၃ဦးကို ဗ...

ကလောမြို့နယ် ဘော်ဆိုင်းသတ္တုတွင်း ကုမ္ပဏီတစ်ခုမှ တရုတ်နိုင်ငံသား ဝန်ထမ်း၁၃ဦးကို ဗီဇာဖောက်ဖျက်မှုဖြင့် တစ်ဦး ကျပ်နှစ်သိန်းစီ ဒဏ်ဆောင်ရန် အမိန့်ချ။ (မဇ္ဈိမ) from Mizzima - News in Burmese's Facebook Wall http://ift.tt/1nClaTv

အာဆင်နယ်မန်နေဂျာ အာဆင်ဝင်းဂါးသည် ပေါင် ၂၄သန်း တန်ဖိုးရှိသည့် ၃နှစ်စာချုပ်တစ်ရပ်...

အာဆင်နယ်မန်နေဂျာ အာဆင်ဝင်းဂါးသည် ပေါင် ၂၄သန်း တန်ဖိုးရှိသည့် ၃နှစ်စာချုပ်တစ်ရပ် ချုပ်ဆိုလိုက်ရာ အာဆင်နယ် အသင်းတွင် ၂၀၁၇ထိ ရှိနေမည်ဖြစ်သည်။ မဇ္ဈိမ from Mizzima - News in Burmese's Facebook Wall http://ift.tt/1jE0tyn

အောက်တိုဘာလတွင် ခင်လှိုင်နှင့် ဒိန်းဒေါင် ဦးစီးသည့် ဟာသ လူရွှင်တော် အငြိမ့် ဖျော...

အောက်တိုဘာလတွင် ခင်လှိုင်နှင့် ဒိန်းဒေါင် ဦးစီးသည့် ဟာသ လူရွှင်တော် အငြိမ့် ဖျော်ဖြေပွဲ ကို ရန်ကုန်မြို့ မျှော်စင်ကျွန်း၌ ပြုလုပ်မည်။ မဇ္ဈိမ from Mizzima - News in Burmese's Facebook Wall http://ift.tt/1nCld1u

သရုပ်ဆောင် ခင်လှိုင် ဒါရိုက်တာအဖြစ် ရိုက်ကူးမည့် Return Of #Tattoo ဗီဒီယိုဇာတ်က...

သရုပ်ဆောင် ခင်လှိုင် ဒါရိုက်တာအဖြစ် ရိုက်ကူးမည့် Return Of #Tattoo ဗီဒီယိုဇာတ်ကားကို သားဖြစ်သူ အပါအဝင် ပြင်ပက တက်တူး ထိုးထားသူများနှင့် တစ်လကြာ ရိုက်ကူးမည်။ မဇ္ဈိမ from Mizzima - News in Burmese's Facebook Wall http://ift.tt/1jE0ouq

တောင်ကိုရီးယားကူးတို့သင်္ဘောနစ်မြုပ်မှု ရေအောက်ရှာဖွေရေးတွင် ရေငုပ်သမားတစ်ဦးထပ်မံေ...

တောင်ကိုရီးယားကူးတို့သင်္ဘောနစ်မြုပ်မှု ရေအောက်ရှာဖွေရေးတွင် ရေငုပ်သမားတစ်ဦးထပ်မံသေဆုံး --------- ဆိုးလ်- ပြီးခဲ့သည့် ဧပြီတွင် နစ်မြုပ်ခဲ့ပြီး လူပေါင်း ၄၇၆ ဦးသေဆုံးခဲ့သည့် တောင်ကိုရီးယားကူးတို့သင်္ဘောနစ်မြုပ်မှုတွင် ကျန်ရစ်သည့်အလောင်းများကို ရှာဖွေ ရေးလုပ်နေစဉ်အတွင်း ရေငုပ်သမားတစ်ဦးထပ်မံသေဆုံးခဲ့သည်။ သတင်းအပြည့်အစုံ... http://ift.tt/1iEYcDu တောင်ကိုရီးယားကူးတို့သင်္ဘောနစ်မြုပ်မှု ရေအောက်ရှာဖွေရေးတွင် ရေငုပ်သမားတစ်ဦးထပ်မံသေ� www.7daydaily.com ဆိုးလ်- ပြီးခဲ့သည့် ဧပြီတွင် နစ်မြုပ်ခဲ့ပြီး လူပေါင်း ၄၇၆ ဦးသေဆုံးခဲ့သည့် တောင်ကိုရီးယားကူးတို့သင်္ဘောနစ်မြုပ်မှုတွင် ကျန်ရစ်သည့်အလောင်းများကို ရှာဖွေ ရေးလုပ်နေစဉ်အတွင်း ရေငုပ်သမားတစ်ဦးထပ်မံသေဆုံးခဲ့သည်။ from 7Day News Journal's Facebook Wall http://ift.tt/1kayrQH

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင်ကျင်းပသည့် ဘုန်းတော်ကြီးသင်ပညာရေးဆရာတော်မ...

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင်ကျင်းပသည့် ဘုန်းတော်ကြီးသင်ပညာရေးဆရာတော်များတွေ့ဆုံပွဲ ၌ ဘက စာသင်ကျောင်းများရေရှည်တည်တံ့စေရေး ဆွေးနွေး ဟိုပုံး-မေ၃၁ ပထမဆုံးအကြိမ်ဘုန်းတော်ကြီးသင်ပညာရေး ဆရာတော်များတွေ့ဆုံပွဲ တွင် ဘက စာသင်ကျောင်းများရေရှည်တည်တံ့စေရန်ဆွေးနွေးဖလှယ် ခဲ့ကြောင်းသိရသည်။ အဆိုပါတွေ့ဆုံပွဲကိုရှမ်းပြည်နယ်တောင်ပိုင်းပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့ရှိနောင်တောင်း ပရဟိတတပ်ဦးကျောင်းတွင်မေ၂၉ရက်မှ ယနေ့မေ ၃၁ ရက်နေ့အထိသုံးရက်တိုင်တိုင်ကျင်းပသည်။ တွေ့ဆုံပွဲဖွင့်ပွဲနေ့တွင်နိင်ငံတော်သံဃမဟာနာယကဆရာတော်များ၊သာသနာရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး၊ပအိုင်ဝ်းအမျိုးသားခေါင်းဆောင်ဦးအောင်ခမ်းထီဖိတ်ကြားထားသောမြန်မာနိင်ငံတဝှန်းမှဘုန်းတော်ကြီးပညာသင်ဆရာတော်သံဃာတော်၊သီလရှင်ဆရာလေးအပါးတစ်ထောင်ကျော်တို့တက်ရောက်တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ မြန်မာတနိင်ငံလုံးတွင် ဘက စာသင်ကျောင်းစုစုပေါင်း၁၅၉၇ကျောင်း ရှိပြီးကျောင်းသား၂၆၉၂၀၀ကျော်ရှိကျောင်းသာသနာရေးဝန်ကြီးဌာနပြည်ထောင် စုဝန်ကြီးက အထက်ပါအခမ်းအနားတွင်ပြောသည်။ TN from Popular Myanmar News Journal's Facebook Wall http://ift.tt/1rrYUxe

မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း ဧည့်လမ်းညွှန်များစုပေါင်း၍ အခြေခံဥပဒေပြင်ဆင်ရေးအတ...

မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း ဧည့်လမ်းညွှန်များစုပေါင်း၍ အခြေခံဥပဒေပြင်ဆင်ရေးအတွက် တရားဝင် ဆန္ဒပြ ရန်ကုန် ၊ မေ ၃၁ မြန်မာနိုင်ငံ ဧည့်လမ်းညွှန်အသင်း၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး ၊ ဆန္ဒထုတ်ဖော်ပွဲကို ယနေ့ နံနက် ၉ နာရီက ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံရှေ့ တွင် ကျင်းပ ပြုလုပ်ခဲ့သည်။ ဓာတ်ပုံ - အောင်နိုင်စိုး (ကစ္ဆပ) from Popular Myanmar News Journal's Facebook Wall http://ift.tt/1hl8XQC

တာမွေ ဗလီထိပ်အနီး ၁၀ တန်းကျောင်းသား ရွှေထည်နှင့် လက်ကိုင်ဖုန်း လုယက်ခံရ ရန်ကုန်၊...

တာမွေ ဗလီထိပ်အနီး ၁၀ တန်းကျောင်းသား ရွှေထည်နှင့် လက်ကိုင်ဖုန်း လုယက်ခံရ ရန်ကုန်၊ မေ ၃၀ ရန်ကုန်မြို့တော်၏ လူစည်ကားရာ နေရာတစ်ခု ဖြစ်သော တာမွေမြို့နယ် ကျိုက္ကဆံလမ်း တာမွေ ဗလီထိပ်အနီးတွင် မေလ တတိယအပတ်က အသက် ၁၆ နှစ်အရွယ် ၁၀ တန်း ကျောင်းသားတစ်ဦးကို ခြိမ်းခြောက်ကာ ရွှေထည်၊ လက်ကိုင်ဖုန်းနှင့် ငွေများ လုယက်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးထံမှ စုံစမ်းသိရှိရသည်။ အဆိုပါ လုယက်ခံရမှုနှင့် ပတ်သက်ပြီး ၎င်း၏ မိခင်က မေလ ၂၉ ရက်နေ့တွင် တာမွေမြို့မ ရဲစခန်းတွင် အမှုဖွင့်လိုက်ကြောင်း ရဲတပ်ဖွဲ့မှူး ရုံးထံမှ သိရသည်။ သာကေတမြို့နယ် ၁၀/တောင် ရပ်ကွက် ဓမ္မာရုံလမ်းတွင် နေထိုင်သူ အသက် ၁၆ နှစ်အရွယ် ၁၀ တန်းကျောင်းသားမှာ မေလ ၁၈ ရက်နေ့ နံနက် ၁၀ နာရီခွဲခန့်က တာမွေမြို့နယ် သီတာလမ်းရှိ အင်္ဂလိပ်စာ သင်တန်းမှအပြန် တာမွေ ဗလီထိပ်သို့ လမ်းလျှောက်လာစဉ် ABC စတိုးဆိုင်အနီး အသက် ၂၀ ကျော် လူငယ်သုံးဦးက မေးစရာရှိ၍ လိုက်ခဲ့ဟု ဆိုကာ ခေါ်ဆောင်ခဲ့ကြောင်း လုယက်ခံရသူ ၁၀ တန်း ကျောင်းသားက ရှင်းပြသည်။ ထို့နောက် စတိုးဆိုင်တိုက် အောက်ထပ်တွင် ယင်းအဖွဲ့ထဲမှ လူငယ်နှစ်ဦးက စောင့်ဆိုင်းနေပြီး ပထမထပ် လှေကားပေါ်တွင် ကျန်တစ်ဦး ဖြစ်သော အသက်၂၀ ကျော

မြန်မာ့ ပြုပြင်ပြောင်းလဲရေး နောက်ကြောင်းပြန်မလှည့်ကသေနတ်တချက်မဖောက်ရဘဲ လုပ်ဖော်က...

မြန်မာ့ ပြုပြင်ပြောင်းလဲရေး နောက်ကြောင်းပြန်မလှည့်ကသေနတ်တချက်မဖောက်ရဘဲ လုပ်ဖော်ကိုင်ဖက်သစ်ရလိုက်ခြင်းဟု အိုဘားမားပြော (မဇ္ဈိမ) from Mizzima - News in Burmese's Facebook Wall http://ift.tt/1wDOnPt

ထိုင်းရောက်မြန်မာများ ဗီဇာဝင်ရာတွင် ဗီဇာကြေးနှစ်ဆပိုပေးနေရ၍မြန်မာအလုပ်သမားရေးဝန်...

ထိုင်းရောက်မြန်မာများ ဗီဇာဝင်ရာတွင် ဗီဇာကြေးနှစ်ဆပိုပေးနေရ၍မြန်မာအလုပ်သမားရေးဝန်ကြီးဌာနက မေ၃၀ရက်၌ ထိုင်းတွင်ဆွေးနွေးမည်။ (မဇ္ဈိမ) from Mizzima - News in Burmese's Facebook Wall http://ift.tt/1mBqbqa

ရှမ်းမြောက်၊ ကွတ်ခိုင်မြို့တွင် စစ်သား၏ အဓမ္မပြုခြင်းကို ခံရသည့်၁၄နှစ်အရွယ် အမျို...

ရှမ်းမြောက်၊ ကွတ်ခိုင်မြို့တွင် စစ်သား၏ အဓမ္မပြုခြင်းကို ခံရသည့်၁၄နှစ်အရွယ် အမျိုးသမီး၏ မိဘများကို မေ၂၇ရက်က ဗျူဟာမှူးကိုယ်တိုင် လာရောက်တောင်းပန် (မဇ္ဈိမ) from Mizzima - News in Burmese's Facebook Wall http://ift.tt/1mBqb9M

ဖုန်းအော်ပရေတာ ကုမ္ပဏီများကို ကြီးကြပ်ရန် ဝန်ကြီးဌာနနှင့်ပူးပေါင်းလုပ်မည့် ပြည်တွ...

ဖုန်းအော်ပရေတာ ကုမ္ပဏီများကို ကြီးကြပ်ရန် ဝန်ကြီးဌာနနှင့်ပူးပေါင်းလုပ်မည့် ပြည်တွင်း၊ပြည်ပ အကြံပေးအဖွဲ့နှစ်ခုကို ခေါ်ယူမည်(မဇ္ဈိမ) from Mizzima - News in Burmese's Facebook Wall http://ift.tt/1wDOn2b

It's a long way အမည်ရှိ ပန်းချီဆရာများရဲ့ စုပေါင်း ပန်းချီပြပွဲကို မေ၃ဝရက်နေ့ ည၇...

It's a long way အမည်ရှိ ပန်းချီဆရာများရဲ့ စုပေါင်း ပန်းချီပြပွဲကို မေ၃ဝရက်နေ့ ည၇နာရီမှ ၉နာရီထိ TS1 အနုပညာ ပြခန်းတွင် ကျင်းပ ပြုလုပ်မည်။ မဇ္ဈိမ from Mizzima - News in Burmese's Facebook Wall http://ift.tt/1mBqb9A

မြဝတီလူငယ်အသင်းနှင့် လူရွှင်တော်အသင်းတို့ ဇွန်လ ၂၇ရက်တွင် မြဝတီမြို့ မြို့မကွင်းတ...

မြဝတီလူငယ်အသင်းနှင့် လူရွှင်တော်အသင်းတို့ ဇွန်လ ၂၇ရက်တွင် မြဝတီမြို့ မြို့မကွင်းတွင် ချစ်ကြည်ရေး ဘော်လုံးကန်ပွဲကျင်းပမည်။ မဇ္ဈိမ from Mizzima - News in Burmese's Facebook Wall http://ift.tt/1wDOmLx

လီဗာပူး အသင်းသည် ဆောက်သမ်တန်၏ အင်္ဂလန် တိုက်စစ်မှူး လမ်းဘတ်ကိုပေါင်၎သန်းဖြင့် ခေါ်ယ...

လီဗာပူး အသင်းသည် ဆောက်သမ်တန်၏ အင်္ဂလန် တိုက်စစ်မှူး လမ်းဘတ်ကိုပေါင်၎သန်းဖြင့် ခေါ်ယူရန် သဘောတူညီမှု ရရှိခဲ့ပြီ ဖြစ်သည်။မဇ္ဈိမ from Mizzima - News in Burmese's Facebook Wall http://ift.tt/1wDOlqQ

ပေါ်တူဂီ အသင်းခေါင်းဆောင် စီရော်နယ်ဒိုသည် ပေါင်ဒဏ်ရာကြောင့်ကမ္ဘာ့ဖလားအတွက် ပြင်ဆင်...

ပေါ်တူဂီ အသင်းခေါင်းဆောင် စီရော်နယ်ဒိုသည် ပေါင်ဒဏ်ရာကြောင့်ကမ္ဘာ့ဖလားအတွက် ပြင်ဆင်နေသည့် ပေါ်တူဂီ အသင်းနှင့် ပူးတွဲလေ့ကျင့်နိုင်ခြင်း မရှိသေးပေ။ မဇ္ဈိမ from Mizzima - News in Burmese's Facebook Wall http://ift.tt/1mBq9yp

ပြည်သူက ရွေးကောက်တင်မြှောက်ထားခြင်း မရှိသည့် လွှတ်တော်ထဲရှိ တပ်မတော်သားကိုယ်စားလှ...

ပြည်သူက ရွေးကောက်တင်မြှောက်ထားခြင်း မရှိသည့် လွှတ်တော်ထဲရှိ တပ်မတော်သားကိုယ်စားလှယ် ၂၅ရာခိုင်နှုန်းကို ရည်ရွယ်၍ လွှတ်တော်အထက်တွင် တပ်မတော်ရှိနေ၍ ပုဒ်မ ၄၃၆ကို ပြင်လိုခြင်းဖြစ်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော။ from Mizzima - News in Burmese's Facebook Wall http://ift.tt/1wDOlag

နယ်ခြားစောင့်အရာရှိ ပျောက်ဆုံးမှု စုံစမ်းပေးရန် ဘင်္ဂလားဒေ့ရှ် အစိုးရ မြန်မာသံအမတ်က...

နယ်ခြားစောင့်အရာရှိ ပျောက်ဆုံးမှု စုံစမ်းပေးရန် ဘင်္ဂလားဒေ့ရှ် အစိုးရ မြန်မာသံအမတ်ကို ဆင့်ခေါ် ရန်ကုန်၊ မေ ၃၀ ဘင်္ဂလားဒေ့ရှ်- မြန်မာ နှစ်နိုင်ငံ နယ်စပ်တွင် အပြန်အလှန် ပစ်ခတ်မှုကြောင့် ပျောက်ဆုံးသွားခဲ့သည့် ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်မှ အရာရှိတစ်ဦး ကိစ္စကို စုံစမ်းစစ်ဆေးပေးရန် ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ဝန်ကြီးဌာနက မြန်မာသံအမတ်ကို မေလ ၂၈ ရက်နေ့က ခေါ်ယူ ပြောဆိုခဲ့ကြောင်း မြန်မာနိုင်ငံ၊ နိုင်ငံခြားရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ မေလ ၂၈ ရက်နေ့ နံနက်ပိုင်းက အဝါရောင် ပြောက်ကျားဝတ်စုံ ဝတ်ဆင်ထားသည့် လက်နက်ကိုင် နှစ်ဦးသည် မိုင်တိုင်အမှတ် ၅၂ အနီးသို့ ချဉ်းကပ်လာစဉ် မြန်မာလုံခြုံရေး ကင်းပုန်းတပ်ဖွဲ့နှင့် ထိပ်တိုက်တွေ့ဆုံရာ အပြန်အလှန် ဖြစ်ပွားခဲ့ပြီး လက်နက်ကိုင်တစ်ဦး ကျဆုံးခဲ့ကြောင်း နယ်ခြားစောင့် ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။ အဆိုပါ ကျဆုံးသွားသူမှာ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် (BGB) မှ အရာရှိတစ်ဦးဖြစ်သူ Mizanur Rahman ဆိုသူ ဖြစ်သည်ဟု ဘင်္ဂလားဒေ့ရှ် အစိုးရက ပြောဆိုကြောင်း၊ ယင်းသို့ တိုက်ခိုက်ခံရမှုကြောင့် နှစ်နိုင်ငံ နယ်စပ်တွင် တင်းမာနေကြောင်း ဘင်္ဂလားဒေ့ရှ် မီဒီယာများတွင် ဖော်ပြထားသည်။ ယင်းကိ

ဒါရိုက်တာနေသူရိန်ကမေ၂၉မှစတင်၍"အသံတွေရဲ့နောက်" ဝိဥာဉ်ဇာတ်လမ်းကိုကိုရီးယားဆန်ဆန်ရိ...

ဒါရိုက်တာနေသူရိန်ကမေ၂၉မှစတင်၍"အသံတွေရဲ့နောက်" ဝိဥာဉ်ဇာတ်လမ်းကိုကိုရီးယားဆန်ဆန်ရိုက်ကူးလျက်ရှိပြီး ကောင်းပြည့်နှင့်ချစ်သုဝေတို့ပါဝင်သရုပ်ဆောင်လျက်ရှိသည်။ မဇ္ဈိမ from Mizzima - News in Burmese's Facebook Wall http://ift.tt/1tYR8sw

ဇေယျာရွှေမြေ အသင်းသည် မြန်မာနေရှင်နယ်လိဂ် လက်ကျန် ရာသီဝက်အတွက် နိုင်ဂျီးရီးယားနွယ...

ဇေယျာရွှေမြေ အသင်းသည် မြန်မာနေရှင်နယ်လိဂ် လက်ကျန် ရာသီဝက်အတွက် နိုင်ဂျီးရီးယားနွယ်ဖွား စင်ကာပူ လက်ရွေးစင် တိုက်စစ်မှူး ဒစ်ဆင်ကိုခေါ်ယူစမ်းသပ် နေသည်။ မဇ္ဈိမ from Mizzima - News in Burmese's Facebook Wall http://ift.tt/1nNqfGd

ယူရေနီယမ်အကအဖွဲ့နှင့်ထူးဖောင်ဒေးရှင်းတို့ပူးပေါင်းကာ အကပညာရပ်ဆုပေးပွဲကို မေ၃ဝရက်...

ယူရေနီယမ်အကအဖွဲ့နှင့်ထူးဖောင်ဒေးရှင်းတို့ပူးပေါင်းကာ အကပညာရပ်ဆုပေးပွဲကို မေ၃ဝရက်နေ့က ကန်တော်ကြီးပဲလေ့စ်ဟိုတယ်၌ ပြုလုပ်ခဲ့သည်။ မဇ္ဈိမ from Mizzima - News in Burmese's Facebook Wall http://ift.tt/1nNqfG2

ဒါရိုက်တာနေသူရိန်ကမေ၂၉မှစတင်၍"အသံတွေရဲ့နောက်" ဝိဥာဉ်ဇာတ်လမ်းကိုကိုရီးယားဆန်ဆန်ရိ...

ဒါရိုက်တာနေသူရိန်ကမေ၂၉မှစတင်၍"အသံတွေရဲ့နောက်" ဝိဥာဉ်ဇာတ်လမ်းကိုကိုရီးယားဆန်ဆန်ရိုက်ကူးလျက်ရှိပြီး ကောင်းပြည့်နှင့်ချစ်သုဝေတို့ပါဝင်သရုပ်ဆောင်လျက်ရှိသည်။ မဇ္ဈိမ from Mizzima - News in Burmese's Facebook Wall http://ift.tt/1tYR6Rl

လွှတ်တော်အထက်တွင် တပ်မတော်ရှိနေ၍ ပုဒ်မ ၄၃၆ကို ပြင်လိုခြင်းဖြစ်ဟုဒေါ်အောင်ဆန်းစုကြည...

လွှတ်တော်အထက်တွင် တပ်မတော်ရှိနေ၍ ပုဒ်မ ၄၃၆ကို ပြင်လိုခြင်းဖြစ်ဟုဒေါ်အောင်ဆန်းစုကြည်က လွှတ်တော်တွင် မီဒီယာများကိုပြော။ မဇ္ဈိမ from Mizzima - News in Burmese's Facebook Wall http://ift.tt/1tYR6B1

စည်းကမ်းမဲ့ ယာဉ်များကို ယာဉ်ထိန်း Facebook စာမျက်နှာတွင် တရားဝင် တိုင်ကြားနိုင်...

စည်းကမ်းမဲ့ ယာဉ်များကို ယာဉ်ထိန်း Facebook စာမျက်နှာတွင် တရားဝင် တိုင်ကြားနိုင် ရန်ကုန်၊ မေ ၃၀ စည်းကမ်းမဲ့ ယာဉ်များကို လူမှုကွန်ရက် မီဒီယာတစ်ခု ဖြစ်သည့် Facebook စာမျက်တွင် တရားဝင် တိုင်ကြားနိုင်မည် ဖြစ်ကြောင်း အမှတ် (၂) ယာဉ်ထိန်းရဲတပ်ဖွဲ့မှူး ရုံးမှ ဒုရဲမှူးကြီးလင်းထွဋ်က ပြောကြားသည်။ တိုင်ကြားနိုင်သည့် အဆိုပါ Facebook စာမျက်ကို “ယာဉ်စည်းကမ်း ထိန်းသိမ်းရေး” ဟု အမည်ပေးထားပြီး လာမည့် ရက်ပိုင်းအတွင်း တိုင်ကြားနိုင်စေရန် စီစဉ်လျက် ရှိကြောင်း၊ Email လိပ်စာမှာ Whitep2014@gmail.com ဖြစ်ကြောင်း၊ အဆိုပါ စာမျက်နှာတွင် ယာဉ်ထိန်းရဲနှင့် ပတ်သက်သည့် ထုတ်ပြန်ချက်များ၊ လုပ်ဆောင်ချက်များကို ဖော်ပြသွားမည် ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။ “ယာဉ်တိုက်မှုဖြစ်တဲ့ နေရာတိုင်း ယာဉ်ထိန်းရဲ မရှိနိုင်တော့ ပြည်သူလူထုကို ပူးပေါင်း ပါဝင်စေချင်တာပါ။ Facebook စာမျက်နှာပေါ်က “စည်းမဲ့ကမ်းမဲ့ မော်တော်ကားများ” စာမျက်နှာမှာ ယာဉ်စည်းကမ်း လမ်းစည်းကမ်း မလိုက်နာတဲ့ ကားတွေကြောင့် ပြည်သူတွေ နစ်နာမှု ရှိနေလို့ တရားဝင် တိုင်ကြားနိုင်အောင် လုပ်လိုက်တာ” ဟု ၎င်းကဆိုသည်။ ပြည်သူများက တိုင်ကြားသည့်အခါ ယာဉ်အမှတ်နှင့် စည်းကမ်း ချိုးဖောက်ပုံကို ပေါ်လွင်

ဘာသာကူးပြောင်းခြင်းဆိုင်ရာ ဥပဒေကြမ်း ဘာသာရေး ပဋိပက္ခများဆီ ဦးတည်သွားနိုင်ဟု HRW...

ဘာသာကူးပြောင်းခြင်းဆိုင်ရာ ဥပဒေကြမ်း ဘာသာရေး ပဋိပက္ခများဆီ ဦးတည်သွားနိုင်ဟု HRW သတိပေး ရန်ကုန်၊ မေ ၃၀ သာသနာရေး ဝန်ကြီးဋ္ဌာနမှ ရေးဆွဲထားသော ဘာသာကူးပြောင်းခြင်းဆိုင်ရာ ဥပဒေမူကြမ်းသည် မြန်မာနိုင်ငံရှိ လူမျိုးစုများအကြား ဘာသာရေး ပဋိပက္ခများ ဖြစ်ပွားစေနိုင်ကြောင်း အမေရိကန်အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ (HRW) က မေလ ၂၉ ရက်နေ့တွင် သတိပေးချက် ထုတ်ပြန်သည်။ မေလ ၂၇ ရက်နေ့ထုတ် နိုင်ငံပိုင် သတင်းစာများမှ တစ်ဆင့် သာသနာရေး ဝန်ကြီးဌာနက ထုတ်ပြန်သည့် ကိုးကွယ်ရာ ဘာသာကူးပြောင်းခြင်းဆိုင်ရာ ဥပဒေမူကြမ်းနှင့် ပတ်သက်ပြီး အဆိုပါ ထုတ်ပြန်ချက်တွင် ယင်းသို့ ဖော်ပြထားခြင်း ဖြစ်သည်။ အဆိုပါ ဥပဒေကြမ်းတွင် ဘာသာရေးသည် နိုင်ငံရေးသဘော သက်ဝင်နေသောကြောင့် အစိုးရသည် ဘာသာရေးကို ဝင်ရောက် စွက်ဖက်နိုင်ကြောင်းနှင့် အမျိုးဘာသာ၊ လူမျိုးစု တင်းမာမှု ဖြစ်စေနိုင်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ထို့ကြောင့် လူနည်းစု ဘာသာဝင်များကို ဖိနှိပ်ပြီး အကြမ်းဖက်ခြင်းကို အားမပေးစေသော ဥပဒေအဖြစ် မြန်မာ့လွှတ်တော်က အဆိုပါ ဥပဒေမူကြမ်းကို လုပ်ဆောင်ပေးရန် လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့က တိုက်တွန်းကြောင်း ရေးသားဖော်ပြထားသည်။ အဆိုပါ ဥပဒေ

မြစ်ကြီးနား အပါအဝင် မြို့ကြီးအချို့တွင် အင်အား ၅ ဒသမ ၉ အဆင့်ရှိ ငလျင်လှုပ် ရန်ကု...

မြစ်ကြီးနား အပါအဝင် မြို့ကြီးအချို့တွင် အင်အား ၅ ဒသမ ၉ အဆင့်ရှိ ငလျင်လှုပ် ရန်ကုန်၊ မေ ၀ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ အပါအဝင် ဗန်းမော်မြို့နှင့် ဝိုင်းမော်မြို့တို့တွင် မေလ ၃၀ ရက်နေ့ နံနက် ၇ နာရီ ၅၁ မိနစ်ခန့်က အင်အား ရစ်ခ်ျစတာစကေး ၅ ဒသမ ၉ အဆင့်ရှိ မြေငလျင် လှုပ်ခတ်သွားကြောင်း နေပြည်တော် အမျိုးသား မြေငလျင် သတင်းထုတ်ပြန်ရေးဌာနက ကြေညာချက် ထုတ်ပြန်သည်။ အဆိုပါ ငလျင်သည် မန္တလေး မြေငလျင်စခန်း၏ အရှေ့မြောက်ဘက် ၂၃၅ မိုင်ခန့်အကွာ မြန်မာ- တရုတ်နယ်စပ်ကို ဗဟိုပြု၍ လှုပ်ခတ်ခဲ့ခြင်း ဖြစ်ပြီး အင်အား အသင့်အတင့် ရှိသော်လည်း ထိခိုက်ပျက်စီး ဆုံးရှုံးမှု မရှိကြောင်း အဆိုပါဌာန တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။ “ဒီမှာတော့ တစ်မိနစ် နီးပါးလောက် ကြာတယ်။ အပျက်အစီးတော့ မရှိပါဘူး။ အဓိကကတော့ ဝါရှောင် အရှေ့ဘက် တရုတ်နယ်စပ်ဘက်ကို လှုပ်သွားတာ” ဟု ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ ဝါရှောင်ကျေးရွာ ဒေသခံတစ်ဦးက ဆိုသည်။ မြန်မာ - တရုတ်နယ်စပ်ဘက်ကို ဗဟိုပြု လှုပ်ခတ်ခဲ့သည့် ငလျင်ကြောင့် တရုတ်နိုင်ငံတွင် ပျက်စီးဆုံးရှုံးမှု အနည်းငယ်ရှိပြီး လူ ၂၉ ဦး ထိခိုက်ဒဏ်ရာရကာ ၃ ဦးမှာ ဒဏ်ရာ ပြင်းထန်ကြောင်း CNA သတင်းဌာနတွင် ဖော်ပြထားသည်။ “ငလျင်လှုပ်တာကိ

အာရှပစိဖိတ်ဒေသတွင်းက သြဇာကြီးမားလာနေတဲ့နိုင်ငံတွေထဲမှာ တနေ့နေ့ တချိန်ချိန်ကျရင်...

အာရှပစိဖိတ်ဒေသတွင်းက သြဇာကြီးမားလာနေတဲ့နိုင်ငံတွေထဲမှာ တနေ့နေ့ တချိန်ချိန်ကျရင် မြန်မာနိုင်ငံလည်း ပါဝင်လာနိုင်ဖို့ မျှော်လင့်တယ်လို့ အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီးက ပြောကြားလိုက်ပါတယ်။ အမေရိကန် အစိုးရရဲ့ အာရှပစိဖိတ်ဒေသ ဆိုင်ရာ မူဝါဒတွေနဲ့ ပတ်သက်ပြီး Baltimore နိုင်ငံခြားရေးကောင်စီမှာ မေလ ၂၉ ရက်နေ့က အခုလို ပြောလိုက်တာပါ။ ဒေသတွင်း သြဇာကြီးနိုင်ငံ တနိုင်ငံ မြန်မာဖြစ်ဖို့ ကန်မျှော်လင့် - သစ်ထူးလွင် (နေ့စဉ်သတင www.thithtoolwin.com မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။ from Myanmar News Now's Facebook Wall http://ift.tt/1jCLyEr

နမ့်ခမ်းမြို့နယ်အတွင်း ဗုံးပေါက်ကွဲမှုတစ်ခု ဖြစ်ပွား ခဲ့ပြီးနောက် တစ်ဦးသေဆုံး၍...

နမ့်ခမ်းမြို့နယ်အတွင်း ဗုံးပေါက်ကွဲမှုတစ်ခု ဖြစ်ပွား ခဲ့ပြီးနောက် တစ်ဦးသေဆုံး၍ တစ်ဦး ဒဏ်ရာ ရရှိ ခဲ့ကြောင်း အရှေ့ မြောက်တိုင်း စစ်ဌာနချုပ်မှ သတင်းရရှိသည်။ နမ့်ခမ်းမြို့နယ် နောင်ခမ် ကျေးရွာနှင့် ကောင်းဝိန်းကျေးရွာ ကြားတွင် အမည်မသိလက်နက် ကိုင်အဖွဲ့က ထောင်ထားသော ဗုံးတစ်လုံး ပေါက်ကွဲခဲ့ရာ မော်တော်ဆိုင်ကယ် စီးနင်းလာသော မူဆယ်မြို့နယ် နမ့်စန်ကျေးရွာမှ ဒေသခံပြည်သူနှစ်ဦး ဒဏ်ရာရရှိခဲ့သည်။ နမ့်ခမ်းတွင် ဗုံးပေါက်ကွဲ၍ တစ်ဦးသေ တစ်ဦးဒဏ်ရာရ - သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin www.thithtoolwin.com မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။ from Myanmar News Now's Facebook Wall http://ift.tt/1jCLxjP

ပြီးခဲ့သည့် မေ ၂၇ ရက်နေ့က မီဇိုရမ်ပြည်နယ်ရှိ Mizoram Police CID (Crime) နှင့် A...

ပြီးခဲ့သည့် မေ ၂၇ ရက်နေ့က မီဇိုရမ်ပြည်နယ်ရှိ Mizoram Police CID (Crime) နှင့် Assam Rifles ပူးပေါင်းပြီး မြန်မာနိုင်ငံသားနှစ်ဦးထံ ရှုပီး ၈ သိန်းကျော်တန်ဖိုးရှိ ပေါက်ကွဲစေနိုင်သည့် ပစ္စည်း ဖမ်းဆီး ခဲ့တယ်လို့ သိရသည်။ ဖမ်းဆီးခဲ့သည့် အမျိုးအစားမှာ ဖေါက်ခွဲရာတွင် အသုံးပြုသည့် Special Ordinary Detonator cap 40000 ကျော်ဖြစ်ပြီး ပစ္စည်းပိုင်ရှင်ဟု ယူဆရသော ချင်းပြည်နယ် ဖလမ်းမြို့နယ်မှ Zabika (49) နှင့် ကလေးမြို့သား Thawnga (37) တို့နှစ်ဦးကိုပါ ဖမ်းဆီးခဲ့ပြီး အမှုဖွင့်ထားကြောင်းနဲ့ စစ်ဆေးမေးမြန်းဖို့ရန် ရဲလက်ထဲမှာ ရှိနေသေးတယ်လို့ ဒေသထုတ် သတင်းစာတွင် ဖော်ပြပါသည်။ မြန်မာနိုင်ငံသား နှစ်ဦးထံမှ ရှုပီး ၈ သိန်းကျော် တန်ဖိုးရှိ ဖောက်ခွဲပစ္စည်း ဖမ်းဆီ - သစ်� www.thithtoolwin.com မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။ from Myanmar News Now's Facebook Wall http://ift.tt/1jCLynZ