Skip to main content

ရေဆိုးများ စနစ်တကျ စွန့်ပစ်ခြင်း မရှိသည့် မုန့်တီ လုပ်ငန်းရှင်များကို စည်ပင်ဥပဒေ...



ရေဆိုးများ စနစ်တကျ စွန့်ပစ်ခြင်း မရှိသည့် မုန့်တီ လုပ်ငန်းရှင်များကို စည်ပင်ဥပဒေဖြင့် အရေးယူမည်



မော်လမြိုင်၊ မေ ၃၀



မွန်ပြည်နယ် သထုံမြို့ ဘင်လိုင်ရပ်ကွက် မုန့်တီလုပ်ငန်း စက်ရုံများမှ စွန့်ပစ်သော ရေဆိုး၊ ရေညစ်များကြောင့် အနံ့ဆိုးများ ထွက်ပေါ်ပြီး ပတ်ဝန်းကျင် ရပ်ကွက်အတွင်းရှိ ဒေသခံများ၏ ကျန်းမာရေးကို ထိခိုက်မှုများ ရှိနိုင်၍ ဒေသခံ ပြည်သူများနှင့် စက်ရုံ လုပ်ငန်းရှင်များအကြား ညှိနှိုင်းပေးသော်လည်း လိုက်နာမှု မရှိသည့် လုပ်ငန်းရှင်များကို စည်ပင်သာယာရေး ဥပဒေဖြင့် အရေးယူမည် ဖြစ်ကြောင်း သထုံမြို့နယ် စည်ပင်သာယာရေး အထောက်အကူပြု ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာသန်းမျိုးက ပြောကြားသည်။



မုန့်တီလုပ်ငန်း တည်ရှိရာ ဘင်လိုင် ရပ်ကွက်တွင် နေထိုင်သူများက မုန့်တီလုပ်ငန်းမှ ထွက်ရှိသည့် အနံ့ဆိုးများနှင့် ရေဆိုး၊ ရေညစ်များဒဏ်ကို ဆိုးရွားစွာ ခံစားနေရကြောင်းနှင့် ယင်းရေဆိုး၊ ရေညစ်များ သိုလှောင်ထားရာ ရေပုပ်ကန်များသည် စနစ်ကျမှု မရှိခြင်းကြောင့် ကျေးရွာရေတွင်းများ အတွင်းသို့ စိမ့်ဝင်ပြီး၊ ရေတွင်းများ ပျက်စီးရကြောင်း ဒေသခံများက သထုံမြို့နယ် စည်ပင်သာယာရေး အထောက်အကူပြု ကော်မတီထံ တိုင်ကြားခဲ့သည်ဟု ၎င်းက ပြောဆိုသည်။



အနံ့ထွက်နည်းသည့် မုန့်တုံးများဖြင့် မုန့်တီဖတ်များ ပြုလုပ်ပါက စားသုံးသူများ လက်မခံခြင်း၊ အရသာကွာခြင်း၊ ကြာရှည် အထားမခံခြင်းကြောင့် မုန့်နှစ်စိမ်သည့် စနစ်ဖြင့် ပြုလုပ်နေရခြင်း ဖြစ်ကြောင်းနှင့် မြို့ပြင်ထွက်၍ လုပ်ငန်း လည်ပတ်ရန်မှာလည်း ငွေကြေး အခက်အခဲ ရှိကြောင်း မုန်တီလုပ်ငန်းရှင် ကိုဇော်က ပြောကြားသည်။



သထုံမြို့ပေါ်ရှိ မုန့်တီလုပ်ငန်းများကို သထုံမြို့ပြင်သို့ လုပ်ငန်း ရွှေ့ပြောင်းပေးရန် ၂၀၁၂ ခုနှစ် ဇန်နဝါရီလကပင် ဒေသခံများက တောင်းဆိုခဲ့ကြောင်း၊ ဒေသခံအချင်းချင်း အမုန်းပွားမှုများ မဖြစ်ပွားစေရန် ရပ်ကွက်တွင်း လုပ်ငန်း လည်ပတ်ပါက အနံ့ဆိုးများ မထွက်စေရန်နှင့် ရေဆိုးများကို စနစ်တကျ စွန့်ပစ်ပေးရန် အကြိမ်ကြိမ် ညှိနှိုင်းပေးခဲ့သော်လည်း မုန့်တီ လုပ်ငန်းရှင်များက ယနေ့အချိန်ထိ လိုက်နာမှုများ မရှိခြင်းကြောင့် တရားစွဲဆိုသည့် အဆင့်သို့ ရောက်ရှိလာခြင်း ဖြစ်ကြောင်း သထုံမြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမူဆောင်အရာရှိ ဦးမောင်စိုးက ဖြည့်စွက် ပြောဆိုသည်။



“လုပ်ငန်းအားလုံးမှာ သိုလှောင်ထားတဲ့ ရေဆိုးတွေကို ရေပုပ်စုပ်ကား တစ်စီးနဲ့တော့ မရသေးဘူး။ သန့်ရှင်းသပ်ရပ်မှု၊ ရေပုပ်စုပ်ကန်တွေ သေချာ စနစ်တကျ ဆောက်ဖို့ပေါ့။ စစ်ဆေးထားတာ ရှိတယ်။ အခုချိန်ထိတော့ လိုက်နာမှု မရှိသေးဘူး။ တိုးတက်မှု တစ်ခုကတော့ အချဉ်ရေတွေကို ကားနဲ့စုပ်ပြီး အပြင်ကို ပို့တာပဲရှိတယ်။ စည်းကမ်းချက် ခြောက်ချက်မှာ ဒီတစ်ချက်ပဲ လိုက်နာတာ ဆိုရင်တော့ တရားစွဲမယ့်အဆင့် ရောက်ပါပြီ” ဟု ၎င်းက ဆက်လက်ပြောဆိုသည်။



အဆိုပါ မုန့်တီလုပ်ငန်းများသည် လွန်ခဲ့သည့်နှစ် ၆၀ ဝန်းကျင်ကတည်းက ရပ်ကွက်တွင်း ပြုလုပ်နေခြင်း ဖြစ်ကြောင်းနှင့် ယခင်ကပြုလုပ်သည့် မုန့်တီလုပ်ငန်း များသည် တစ်နိုင်တစ်ပိုင် ပြုလုပ်ကြသော်လည်း ယခုအခါ လုပ်ငန်းကြီးထွား လာခြင်းကြောင့် အနံ့ဆိုး ထွက်မှုသည်လည်း ယခင်ထက် ဆိုးရွားလာကြောင်း ဘင်လိုင်ဒေသခံများက ပြောဆိုကြသည်။



သထုံခရိုင် ကျန်းမာရေး ဦးစီးဌာန၏ စစ်ဆေးချက်များတွင်လည်း ယင်းလုပ်ငန်းမှ ရေဆိုးများသည် ကျန်းမာရေး ထိခိုက်နိုင်ကြောင်း ဖော်ပြထားခြင်းကြောင့် ညွှန်ကြားထားသော သတ်မှတ် စည်းကမ်းချက်များကို လိုက်နာခြင်း မရှိသည့် မုန့်တီလုပ်ငန်းများကို ၂၀၁၄ ခုနှစ် မေလ ၂၂ ရက်နေ့ နောက်ဆုံးထား ပိတ်သိမ်းပေးရန် အသိပေး ကြေညာထားပြီး ဖြစ်ကြောင်းနှင့် ယင်းစည်းကမ်းချက်များကို လိုက်နာခြင်း မရှိပါက စည်ပင်သာယာ ဥပဒေ အန္တရာယ် ရှိသည့်လုပ်ငန်း လုပ်ကိုင်ခြင်း ပုဒ်မ ၈၁ ဖြင့် အရေးယူမည် ဖြစ်ကြောင်း သထုံမြို့နယ် စည်ပင်သာယာရေး အထောက်အကူပြု ကော်မတီက ကြေညာချက် ထုတ်ပြန်ထားသည်။

from The Voice Weekly's Facebook Wall http://ift.tt/1tweseY

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...