Skip to main content

Posts

Showing posts from May 26, 2014

ပဋိပက္ခ ဖြေရှင်းရေး အဖွဲ့ဝင်များ ကေအိုင်အိုဘက်က ရွေးချယ်ပြီးစီး ယုဝေ| အင်္ဂါနေ့၊ေ...

ပဋိပက္ခ ဖြေရှင်းရေး အဖွဲ့ဝင်များ ကေအိုင်အိုဘက်က ရွေးချယ်ပြီးစီး ယုဝေ| အင်္ဂါနေ့၊ မေလ ၂၇ ရက် ၂၀၁၄ ခုနှစ် အစိုးရနှင့် ကေအိုင်အိုတို့ နှစ်ဖက်သဘောတူဖွဲ့စည်းမည့် ပဋိပက္ခညှိနှိုင်းဖြေရှင်းရေးအဖွဲ့တွင် ကေအိုင်အိုဘက်မှ ပါဝင်မည့်အဖွဲ့ဝင် ငါးဦးကို ရွေးချယ်ပြီးဖြစ်သည်ဟု ကချင်ငြိမ်းချမ်းရေး အကျိုးတော် ဆောင်အဖွဲ့မှ ဦးလမိုင်ဂွမ်ဂျာက ပြောသည်။ အစိုးရနှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ KIO တို့ ပဋိပက္ခညှိနှိုင်းဖြေရှင်းရေးအဖွဲ့ ဖွဲ့ရန် မေလ ၁၃ ရက် ဆွေးနွေးပွဲအပြီးတွင် သဘောတူခဲ့သည်။ ယင်းအဖွဲ့ကို နှစ်ဖက် ကိုယ်စားလှယ် ငါးဦးစီဖြင့် မေလ ၂၁ ရက်တွင် တရားဝင်ဖွဲ့စည်းပြီး အခြေခံမှုငါးချက်နှင့် စည်းကမ်း ၁၈ ချက်ကို ရေးဆွဲမည်ဖြစ်သည်။ “တရားဝင်ဖွဲ့စည်းမယ့်နေ့ကို ပထမ ၂၁ ရက်လို့ ပြောထားပေမယ့် အကြောင်း အမျိုးမျိုးကြောင့် ပျက်သွား ပါတယ်။ အခု လကုန်နဲ့ နောက်လဆန်းပိုင်းလောက်ကို နှစ်ဖက်တွေ့ဆုံပြီး တရားဝင်ဖွဲ့စည်းဖြစ်မှာပါ။ ကေအိုင်အိုဘက်က လူရွေး ပြီးသွားပါပြီ” ဟု ဦးလမိုင်ဂွမ်ဂျာက ပြောသည်။ ကေအိုင်အိုဘက်မှ ပဋိပက္ခညှိနှိုင်းဖြေရှင်းရေးအဖွဲ့ဝင်အဖြစ် ရွေးချယ်ထားသူများမှာ ကေအိုင် အိုဗဟိုဌာန ချုပ်မှ ဗိုလ်မှူးကြီးဇော်သောင်၊ ဗိုလ်မှူးကြီးခွန်နောင်

မြန်မာရဲဝန်ထမ်းများအပေါ် ဥရောပသမဂ္ဂထားရှိသည့် မျှော်လင့်ချက် လက်တွေ့အကောင်အထည်မပေါ်...

မြန်မာရဲဝန်ထမ်းများအပေါ် ဥရောပသမဂ္ဂထားရှိသည့် မျှော်လင့်ချက် လက်တွေ့အကောင်အထည်မပေါ်သေး ဖြိုးဝေလင်း၊ ကျော်စိုးမိုး| အင်္ဂါနေ့၊ မေလ ၂၇ ရက် ၂၀၁၄ ခုနှစ် မြန်မာနိုင်ငံအတွင်းရှိ ရဲဝန်ထမ်းများသည် ပြည်သူ၊ မီဒီယာများနှင့် ထိတွေ့ ဆက်ဆံရာတွင် အဆင်ပြေစေရန် EU က သင်တန်းများပေး၍ ရဲဝန်ထမ်းများနှင့် မီဒီယာများသတင်းကိစ္စ ထိတွေ့မှုများ ပိုမိုရရှိလာမည်ဟု မျှော်လင့်ထားသော်လည်း လက်တွေ့တွင် မီဒီယာများနှင့်ထိတွေ့မှုမှာ အားနည်းနေသေးသည်ကို တွေ့ရသည်။ ရန်ကုန်တိုင်းအတွင်းရှိ မင်္ဂလာတောင်ညွန့်စခန်းမှ ရဲဝန်ထမ်းများနှင့် စမ်းချောင်းမြို့နယ်ရဲစခန်းမှရဲဝန်ထမ်း များကို “ပြည်သူဗဟိုပြုရဲလုပ်ငန်းစဉ်” ခေါင်းစဉ်ဖြင့် EU က လာရောက် သင်တန်းပို့ချနေပြီး ရဲဝန်ထမ်းများ သည် ပြည်သူ၊ မီဒီယာများနှင့် ထိတွေ့ဆက်ဆံမှုများစေရန် ရည်ရွယ်၍ အထက်ပါသင်တန်းကိုလာ ရောက်ပို့ချခြင်းဖြစ်သည်ဟု ယင်းသင်တန်းကိုလာရောက်ပို့ချသည့် EU အဖွဲ့ခေါင်းဆောင် Mr. David Hamilton ကပြောသည်။ “မီဒီယာတွေကို သတင်းထုတ်ပြန်တဲ့နေရာမှာလည်း သတင်းထိမ်ချန်မှုတွေ များလာတာကို တွေ့ရတယ်။ အခုEU ကအဖွဲ့တွေလာတော့မှ တစ်နေ့တာဖြစ်တဲ့မှုခင်းဖိုင်ကြီးကိုထုတ်ပြီး မီဒီယာတွေကို နေ့စဉ် အဲဒီပုံစံ အတိုင်း သတင်

နေပြည်တော်အမြန်လမ်း ပြည်ပကုမ္ပဏီများဖြင့် အဆင့်မြှင့်မည် လပြည့်ဝန်း| အင်္ဂါနေ့၊ မေ...

နေပြည်တော်အမြန်လမ်း ပြည်ပကုမ္ပဏီများဖြင့် အဆင့်မြှင့်မည် လပြည့်ဝန်း| အင်္ဂါနေ့၊ မေလ ၂၇ ရက် ၂၀၁၄ ခုနှစ် လမ်းဖွင့်လှစ်ခဲ့သည့် ၂၀၀၉ ခုနှစ် မတ်လမှ ယနေ့အထိ လူပေါင်း ၃၆၀ကျော် သေဆုံးခဲ့သော ရန်ကုန်-မန္တလေး အမြန်လမ်းမှ ရန်ကုန်-နေပြည်တော်လမ်းပိုင်းကို အဆင့်မြှင့်ရန် ပြည်ပကုမ္ပဏီများကို တင်ဒါခေါ်ယူသွားမည်ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်း၊ အမြန်လမ်းအင်ဂျင်နီယာမှူးကြီး ဦးကြည်ဇော်မြင့်က မဇ္ဈိမကို ပြောသည်။ “လမ်းအသုံးပြုသူတွေ ယုံကြည်လာအောင် အမြန်လမ်းကို နိုင်ငံတကာအဆင့်မီ အဆင့်မြှင့်တင်သွားမယ်။ အခုလောလောဆယ်တော့ လေ့လာမှုတွေလုပ်နေတယ်။ အဆင့်တစ်ခုပြီးတိုင်းအားလုံးကို ချပြသွားမှာပါ ” ဟု ၎င်းက ပြောသည်။ မေလ ၁၃ရက်က ပြည်ထဲရေးဝန်ကြီးဌာနနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနအပါအ၀င် အစိုးရ၀န်ကြီးဌာန များ စုံညီစွာတက်ရောက်သော ရန်ကုန်-နေပြည်တော် အမြန်လမ်းမတော်တဆမှု လျော့နည်းရေး စီမံချက် အရ အမြန်လမ်း အဆင့်မြှင့်တင်ရေး အစည်းအဝေးအရ ဆုံးဖြတ်ခြင်းဖြစ်သည်။ ထိုအစည်းအဝေးအရ ရန်ကုန်-နေပြည်တော် အမြန်လမ်းဧရိယာကို တိုးချဲ့ရန်၊ မိုင် ၂၀၀ ရှည်လျားသော ရန်ကုန်-နေပြည်တော်အမြန်လမ်းမကြီးကို နိုင်ငံတကာအဆင့်မီ ခြောက်လမ်းသွား သို့မဟုတ် ရှစ

မိုင် ၉၀ သာရှိသည့် လှိုင်သာယာ-ဟင်္သာတ ရထားလမ်း ရာနှုန်းပြည့် ကြံ့ခိုင်မှုမရှိဟုဆိုေ...

မိုင် ၉၀ သာရှိသည့် လှိုင်သာယာ-ဟင်္သာတ ရထားလမ်း ရာနှုန်းပြည့် ကြံ့ခိုင်မှုမရှိဟုဆို ကျော်စွာဝင်း| အင်္ဂါနေ့၊ မေလ ၂၇ ရက် ၂၀၁၄ ခုနှစ် ငါးနှစ်ကျော်အချိန်ယူဖောက်လုပ်ခဲ့ပြီး လွန်ခဲ့သော သုံးရက်က စတင်ပြေးဆွဲနေသည့် ရန်ကုန်(လှိုင်သာယာ) - ဟင်္သာတ ရထားလမ်းကြံ့ခိုင်မှု ရာနှုန်းပြည့်မရှိသေးဟု တာဝန်ယူဖောက်လုပ်ခဲ့သည့် အမည်မဖော်လိုသူ ရန်ကုန်-ပုသိမ် ရထားလမ်း ဖောက်လုပ်ရေးစီမံကိန်း တာဝန်ရှိသူတစ်ဦးနှင့် ခရီးသွားများက မေ ၂၆ ရက် တွင် မဇ္ဈိမကို ပြောသည်။ “ဒီလမ်းကို လောလောဆယ်ရအောင်တည်ထားတာ။ ဒါပေမဲ့ မိုးတွင်းမှာ ရေအရမ်းများလာရင် သဘာ ၀ဘေးအန္တရာယ်က မမြင်ရဘူးလေ။ အဲ့ဒီအခါကျရင် ဘယ်လိုဖြစ်လာမလဲတော့ မပြောနိုင်သေးပါဘူး” ဟု အဆိုပါတာဝန်ရှိသူက ပြောသည်။ အဆိုပါရထားလမ်းသည် ဧရာဝတီမြစ် အရှေ့ဘက်ခြမ်း ရန်ကုန် (လှိုင်သာယာ)နှင့် အနောက်ဘက်ခြမ်း ညောင်တုန်း-စက္ကော-ဇလွန်-ဟင်္သာတ စသည့်မြို့များကို ဆက်သွယ်ဖောက်လုပ်ထားခြင်းဖြစ်သည်။ ရေနက်ကွင်းများ၊ ငါးကန်များကို သဲ၊ မြေ၊ ထုံးကျောက်တို့ဖြင့် မြေဖို့၍ လမ်း ခင်းထားခြင်းဖြစ်သည်ဟု အဆိုပါတာဝန်ရှိ သူက ပြောသည်။ “ဘေးကနေပြီး မျောတွေရိုက်၊ ကျောက်တွေထည့်တာ ဘောင်အရှည် တွေနဲ့ကာရတဲ့အပိုင်းတွေလည်း ရှိတယ်” ဟု ၎င်းက ဆိုသည်။ ရန

ထိုင်းကုန်စည်များဈေးတက်

ထိုင်းနိုင်ငံ၌ စစ်တပ် အာဏာသိမ်း ထားသောကြောင့် နယ်စပ်ဂိတ်များသို့ ကုန်အ၀င် နည်းကာ ထိုင်းကုန်စည်များဈေး တက်နေကြောင်း သတင်းရရှိ သည်။ ‘‘ဈေးတွေတက်နေတာ သုံး ရက်လောက်ရှိပြီ။ ထိုင်းစစ်တပ် အာဏာ သိမ်းလိုက်တော့ ဈေး ကွက်တွေ ရပ်ထားရတယ်။ ဒီ တော့ဟိုဘက်က ကုန်မပို့သလို ဒီဘက်ကလည်း အ၀င်လက်မခံဘူး။ အရင်ကဆို ကားရာချီပြီး ၀င်တာ။ မနေ့ကဆို ပစ္စည်းတွေတောင် မ၀င်ဘူး။ လှောင်ထားတာကိုပဲ ချရောင်းနေရတယ်’’ဟု မော်လ မြိုင်ဈေးကြီး ကုန်စည်ဒိုင်မှ ဦး ထွန်းကပြောသည်။ ထိုင်းနိုင်ငံတွင် မေလ ၂၄ ရက်၌ ထိုင်းစစ်တပ်က အာဏာ သိမ်းယူခဲ့ပြီးနောက် နယ်စပ် ကုန် သွယ်ရေးလုပ်ငန်းအများစုရပ်နား သွားပြီး နယ်စပ်လမ်းကြောင်း အချို့မှ ကုန်အ၀င်မရှိသလောက်နည်းပါးခဲ့သည်။ ထိုသို့ကုန်အ၀င်နည်းလာမှု ကြောင့် ဈေးကွက်အတွင်း၌ ကုန် ပစ္စည်းပြတ်လပ်ကာ ဈေးနှုန်းမြင့် တက်မှုများ ဖြစ်ပေါ်လာခဲ့သည်။ ‘‘ယိုးဒယားမှာ ဆန္ဒပြနေကြ တော့ အ၀င်အထွက်သိပ်မရှိဘူး။ စပ်ကူးမပ်ကူးကာလဆိုတော့ ဈေးတွေက တအားတက်လာတယ်။ ဈေးတင်ရောင်းပြန်တော့ ၀ယ်သူမရှိဘူး။ ရောင်းအားကျလာတယ်။ ဒီလိုသာ ဈေးဆက်တက်နေမယ်ဆိုရင် ၀ယ်စားသူတွေဆန္ဒပြကြမယ့် အခြေအနေမှာရှိတယ်’’ဟု မွန်ပြည်နယ် ကျိုက်မရောမြို့နယ်၊ ရွှေဝါချောင်ကျေးရွာ

ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးမှ နေ့စဉ် ဖြစ်ပွားလျက် ရှိသော မှုခင်းဖြစ်...

ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးမှ နေ့စဉ် ဖြစ်ပွားလျက် ရှိသော မှုခင်းဖြစ်စဉ်များနှင့် ပတ်သက်၍ သတင်းမီဒီယာများကို သတင်း ထိမ်ချန်မှုများ အပေါ် ဆက်လက် မဖြစ်ပွားစေရန် ဥရောပသမဂ္ဂ (EU) က သတင်းထောက်များကို ကူညီပေးသွားမည် ဖြစ်ကြောင်း ဥရောပသမဂ္ဂ (EU) မှ ပြည်သူ့ဗဟိုပြု ရဲလုပ်ငန်းစဉ် သင်တန်းတာဝန်ခံ Mr. David Hamiltonက ပြောကြားသည်။ ရဲတပ်ဖွဲ့၏ သတင်းထိမ်ချန်မှုများ ဆက်လက် မဖြစ်ပွားစေရန် ဥရောပသမဂ္ဂ ကူညီမည် - သစ်ထူးလွင်... www.thithtoolwin.com မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။ from Myanmar News Now's Facebook Wall http://ift.tt/1jWrId9

ခရစ်ယာန် ရောမကျောင်းတော် ဘာသာဝင်တို့ ရဲ့ ပုပ်ရဟန်းမင်းကြီး ဖရန်ဆစ် ဟာ၊ သူ့ရဲ့ ၃...

ခရစ်ယာန် ရောမကျောင်းတော် ဘာသာဝင်တို့ ရဲ့ ပုပ်ရဟန်းမင်းကြီး ဖရန်ဆစ် ဟာ၊ သူ့ရဲ့ ၃ ရက်တာ အရှေ့ အလယ်ပိုင်း ခရီးစဉ် ပြီးဆုံးခဲ့အပြီး၊ အပြန် လေယာဉ်ပေါ် မှာ ရှိနေစဉ်မှာ ပဲ၊ ရောမ ကျောင်းတော် သာသနာ အတွင်း၊ ကလေးသူငယ် တွေ အပေါ် မတော်မတရား ကျူးလွန်မှုမျိုး ကို ၊ လုံးဝ သည်းခံ မှာ မဟုတ်ဘူး လို့ ပြောဆို လိုက်ပါတယ်။ အကျူးလွန် ခံခဲ့ရတဲ့ ကလေးသူငယ်တွေ နဲ့ ဗာတီကန် နန်းတော် မှာ နောက်လထဲ တွေ့ဖို့ စီစဉ်ထားတယ် လို့လည်း ကြေညာ ခဲ့ပါတယ်။ ကလေးတွေအပေါ် ကျူးလွန်မှု သည်းမခံ - သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin www.thithtoolwin.com မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။ from Myanmar News Now's Facebook Wall http://ift.tt/1imGJiO

သျှမ်းပြည်တပ်မတော် SSA အား ဆက်သွယ်သတင်းပေးသူ၊ စာနပ်ရိက္ခာများ စုဆောင်းပေးသူဟု ဆို...

သျှမ်းပြည်တပ်မတော် SSA အား ဆက်သွယ်သတင်းပေးသူ၊ စာနပ်ရိက္ခာများ စုဆောင်းပေးသူဟု ဆိုကာ သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင် ကျိုင်းတုံမြို့ ပိန်းတောဝ့် ကျေးရွာအုပ်စု နမ့်လင်းမိုင် (SNLD ရုံးခွဲ ဉက္ကဌ၊ အင်မျိုးနွယ်စု ခေါင်းဆောင်) စိုင်းအိုက်ဂျဲန်( စိုင်းဂျိမ်း) အား မြန်မာ အစိုးတပ်က ပုဒ်မ ၁၇(၁) မတရားအသင်း ဆက်သွယ်မှုဖြင့် တရားရုံးတင်ကာ ကြာသပသေး နေ့က အမှုဖွင့် တရားစွဲဆိုလိုက်ကြောင်း ကျိုင်းတုံ သတင်း ရပ်ကွက် ကပြောသည်။ SNLD ကျိုင်းတုံ ရုံးခွဲ ဉက္ကဌအား ပုဒ်မ ၁၇(၁) ဖြင့် တရားစွဲ ရုံးတင် - သစ်ထူးလွင် (နေ့စဉ်သတင်း) -.. www.thithtoolwin.com မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။ from Myanmar News Now's Facebook Wall http://ift.tt/1imGHrb

လူငယ်စင်တာ ဖွင့်လှစ်ရန်အတွက် ယာယီကော်မတီ ဖွဲ့စည်း ရန်ကုန်၊ မေ ၂၆ မြန်မာနိုင်ငံ...

လူငယ်စင်တာ ဖွင့်လှစ်ရန်အတွက် ယာယီကော်မတီ ဖွဲ့စည်း ရန်ကုန်၊ မေ ၂၆ မြန်မာနိုင်ငံတွင် ပထမဦးဆုံးသော လူငယ်စင်တာ ဖွင့်လှစ်နိုင်ရန်အတွက် အရပ်ဘက် အဖွဲ့အစည်း အသီးသီးမှ လူငယ် ၁၆ ဦးဖြင့် လူငယ်စင်တာ ဖြစ်မြောက်ရေး ယာယီကော်မတီကို မေလ ၂၆ ရက်နေ့က ဖွဲ့စည်းလိုက်ကြောင်း အဆိုပါ လူငယ်စင်တာ ဖြစ်မြောက်ရေး (ယာယီ) ကော်မတီဝင်များက ပြောကြားသည်။ ရန်ကုန်မြို့ အင်းစိန်မြို့နယ်၊ တိရစ္ဆာန်မွေးမြူရေးနှင့် ကုသရေး တက္ကသိုလ် ဝင်းအတွင်း ပြုလုပ်သော လူငယ်စင်တာ ဖြစ်မြောက်ရေး အစည်းအဝေးတွင် လူငယ်အရေး တက်ကြွလှုပ်ရှားသူများ ဖြစ်သည့် ကိုကျော်ကျော်ဘို၊ ကိုမိုဃ်းသွေး၊ ကိုသက်ဆွေဝင်းနှင့် မသီရိမြတ်ထင်တို့ အပါအဝင် အဖွဲ့ဝင် ၁၆ ဦးဖြင့် ယင်းကော်မတီကို ဖွဲ့စည်းခဲ့ခြင်း ဖြစ်ကြောင်း အဆိုပါ ကော်မတီထံမှ သိရသည်။ “ကျွန်တော်တို့ အခုက လူငယ်စင်တာ ဖြစ်မြောက်ရေး အမည်နဲ့ ၁၆ ဦးပါ ယာယီကော်မတီ ဖွဲ့တယ်၊ အဲဒီကော်မတီက လူငယ်စင်တာအတွက် အခြေခံမှုတွေ၊ ဖွဲ့စည်းပုံတွေကို အသေးစိတ် ရေးဆွဲပြီး ဇူလိုင်လ ၄ ရက် (သို့မဟုတ်) ၅ ရက်နေ့မှာ အစည်းအဝေး ပြန်ခေါ်ပြီး ချပြရမယ်” ဟု ယာယီကော်မတီတွင် ပါဝင်သော ကိုသက်ဆွေဝင်းက The Voice သို့ ပြောကြားသည်။ အဆိုပါ ဆွေးနွေးပွဲသို့ စွမ်းအင်ဝ

နိုင်ငံရေးပါတီများ ဌာနချုပ်ရုံးဖွင့်ရန် မြေနှင့် အခွန်လွတ်ကားတင်သွင်းခွင့် ရနိုင...

နိုင်ငံရေးပါတီများ ဌာနချုပ်ရုံးဖွင့်ရန် မြေနှင့် အခွန်လွတ်ကားတင်သွင်းခွင့် ရနိုင်လား ----------- ရန်ကုန်− နိုင်ငံရေးပါတီ ၆၀ ကျော်ပါတီဌာနချုပ်ရုံးများ ဖွင့်လှစ်ရန် မြေနေရာရရှိရေးနှင့် တစ်ပါတီလျှင် မော်တော်ယာဉ်ငါးစီးနှုန်းဖြင့် အခွန်ကင်းလွတ်တင်သွင်း ခွင့်ရရှိရေး နိုင်ငံတော်သမ္မတရုံးသို့ တင်ပြထားကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ သတင်းရရှိသည်။ သတင်းအပြည့်အစုံ... http://ift.tt/1kaNRPa နိုင်ငံရေးပါတီများ ဌာနချုပ်ရုံးဖွင့်ရန် မြေနှင့် အခွန်လွတ်ကားတင်သွင်းခွင့် ရနိုင်လ� www.7daydaily.com ရန်ကုန်− နိုင်ငံရေးပါတီ ၆၀ ကျော်ပါတီဌာနချုပ်ရုံးများ ဖွင့်လှစ်ရန် မြေနေရာရရှိရေးနှင့် တစ်ပါတီလျှင် မော်တော်ယာဉ်ငါးစီးနှုန်းဖြင့် အခွန်ကင်းလွတ်တင်သွင်း ခွင့်ရရှိရေး နိုင်ငံတော်သမ္မတရုံးသို့ တင်ပြထားကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ သတင်းရရှိသည်။ from 7Day News Journal's Facebook Wall http://ift.tt/1nsDTyj

မြန်မာ့ပြုပြင်ပြောင်းလဲရေးကို အကူအညီပေးမည့် ဒေါ်လာသုံးသန်းတန် အမေရိကန်အစီအစဉ် စပြ...

မြန်မာ့ပြုပြင်ပြောင်းလဲရေးကို အကူအညီပေးမည့် ဒေါ်လာသုံးသန်းတန် အမေရိကန်အစီအစဉ် စပြီ မင်းမင်း| အင်္ဂါနေ့၊ မေလ ၂၇ ရက် ၂၀၁၄ ခုနှစ် အမေရိကန်ပြည်ထောင်စု နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီ (USAID)၊ Chevrom/Unocal Myanmar နှင့် Pact တို့ ပူးပေါင်း ကျန်းမာရေးကဏ္ဍအတွက် အမေရိကန်ဒေါ်လာ သုံးသန်းခန့်ကုန်ကျမည့် သုံးနှစ်ကြာ (Sustainable Health and Empowerment-SHINE ) စီမံချက်ကို တရားဝင်စတင်ပြီဟု ယင်းအဖွဲ့အစည်းတို့ က မေ ၂၆ တွင် ထုတ်ပြန်ကြေညာသည်။ “ဒီနိုင်ငံမှာ လက်ရှိဖြစ်ပေါ်နေတဲ့ ပြုပြင်ပြောင်းလဲရေးတွေ ရှေ့ခရီးဆက်နိုင်ဖို့ ပိုမိုထောက်ကူပေးနိုင်မယ်လို့ ယုံကြည်ပါ တယ်” ဟု မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီး ဒဲရစ်ခ်မစ်ချယ်က ပြောသည်။ အမေရိကန် ပြည်ထောင်စုသည် Chevrom ကဲ့သို့ တာဝန်ယူမှုရှိသော ရင်းနှီး မြှုပ်နှံသူများနှင့် ပူးပေါင်း ဆောင်ရွက်ရခြင်းကို ကျေနပ်အားရမိသည်ဟုလည်း ၎င်းက ညွှန်းဆိုခဲ့သည်။ “ဒီနိုင်ငံက ပြည်သူတွေအားလုံးပါဝင်တဲ့ ပွင့်လင်းမြင်သာမှုရှိတဲ့ ထိတွေ့မှုမျိုးကို ဆက်လက်တိုးမြှင့် ဆောင် ရွက်သွားပါမယ်” ဟု အမေရိကန်သံအမတ်က ကတိပြုခဲ့သည်။ ယခုအစီအစဉ်သည် ယင်းအဖွဲ့အစည်း တို့ကြား ၁၀ နှစ်ကျော်ပူးပေါင်းဆောင်ရွက်ခဲ့မှုမှထွက်ပေါ်

ျနေပြည်တော်ကောင်စီ၊ ဇမ္ဗူသီရိမြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင...

ျနေပြည်တော်ကောင်စီ၊ ဇမ္ဗူသီရိမြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က အခြေခံဥပဒေပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက် လက်မှတ်ထိုး ဆန္ဒပြုပွဲတွင် ပြည်သူကို စကားပြောကြားစဉ်။ (ဓာတ်ပုံ- ဟောင်ဆာ၊ရာမည) ၄၃၆ ပြင်ဆင်ရေးအတွက် နေပြည်တော်ကောင်စီအတွင်းရှိ သီရိလေးမြို့နယ်ရှိ NLDရုံးများတွင် ဒေါ်အောင်ဆန်းစုကြည်က လူထုကို စကားလိုက်လံ ပြောကြားခဲ့ပြီး တစ်နိုင်ငံလုံး အတိုင်းအတာအဖြစ် ယနေ့ မေလ ၂၇ရက် နံနက်တွင် တစ်ပြည်နက် ပြုလုပ်ခဲ့သည်။ from Mizzima - News in Burmese's Facebook Wall http://ift.tt/1pcTAvC

ပါတီများ ခေါင်းစဉ်မျိုးစုံဖြင့် မဲဆွယ်စည်းရုံးခွင့်မရှိ ဟိန်းကိုစိုး| အင်္ဂါနေ့၊...

ပါတီများ ခေါင်းစဉ်မျိုးစုံဖြင့် မဲဆွယ်စည်းရုံးခွင့်မရှိ ဟိန်းကိုစိုး| အင်္ဂါနေ့၊ မေလ ၂၇ ရက် ၂၀၁၄ ခုနှစ် နိုင်ငံရေးပါတီများခေါင်းစဉ်မျိုးစုံဖြင့် မဲဆွယ်စည်းရုံးနေသည်ဟု ယူဆပါက မည်သည့် ပါတီကိုမဆို သက်ဆိုင်ရာခွင့်ပြုချက်ပေးသည့် အာဏာပိုင်အဖွဲ့အစည်းများသို့ တိုင်ကြားနိုင်သည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ရွေးကောက်ပွဲဌာန ညွှန်ကြားရေးမှူး ဦးသောင်းလှိုင်က မဇ္ဈိမကို ပြောသည်။ နိုင်ငံရေးပါတီများသည် စည်းရုံးရေးလုပ်ငန်းများကို အချိန်မရွေးဆောင်ရွက်ခွင့်ရှိပြီး ပါတီရုံးများတွင် လုပ် ဆောင်သည့် စည်းရုံးရေးကိုခွင့်ပြုချက်မယူဘဲ ပြုလုပ်နိုင်သော်လည်း ရုံးပြင်ပတွင် လူစုလူဝေဖြင့် ဆောင် ရွက်ပါက တည်ဆဲငြိမ်း၊စု၊စီ ဥပဒေအရသာ ဆောင်ရွက်ရမည် ဟု ဆိုသည်။ “ခွင့်ပြုချက်မှာပါတဲ့အတိုင်း မဟုတ်ဘဲ ကျော်လွန်ပြီး မဲဆွယ်တာပဲ ဖြစ်ဖြစ်၊ ဟောပြောတာပဲဖြစ်ဖြစ် ရှိတယ် ဆိုရင် မကျေနပ်တဲ့သူကတိုင်ရမယ်။ တိုင်မှ သက်ဆိုင်ရာကလည်း အရေးယူမယ်။ ကော်မရှင်ကလည်း အာဏာပိုင်က အကြောင်းကြားတော့မှ ပါတီတွေကို ပြန်သုံးသပ်တာ၊ ပါတီအဖြစ်က ပယ်ဖျက်တာတို့ အရေးယူနိုင်မယ်” ဟု ဦးသောင်းလှိုင်က ပြောသည်။ နိုင်ငံရေးပါတီအများစုသည် ပါတီစည်းရုံးရေးသာမက ရွေးကောက်ပွဲများအတွ

အမြင့်ဆုံး ရှစ်ထပ်ထိဆောက်မည့် အဆောက်အအုံ ဒီဇိုင်းပုံ စစ်ဆေးချိန်များ စည်ပင်က လှေ...

အမြင့်ဆုံး ရှစ်ထပ်ထိဆောက်မည့် အဆောက်အအုံ ဒီဇိုင်းပုံ စစ်ဆေးချိန်များ စည်ပင်က လျှော့ပေးမည် နန်းမြင့်| အင်္ဂါနေ့၊ မေလ ၂၇ ရက် ၂၀၁၄ ခုနှစ် အထပ်မြင့်ဆောက်လုပ်မည့် အဆောက်အအုံများအတွက် ဒီဇိုင်းပုံစစ်ဆေးချိန်များ ဖြေလျှော့သွားမည်ဟု ရန်ကုန်စည်ပင် အဆောက်အအုံဌာန၊ လက်ထောက်ဌာနမှူး ဦးနေ၀င်းက မေ ၂၆ ရက်တွင် မဇ္ဈိမကို ပြောသည်။ အဆိုပါဆောင်ရွက်ချက်များမှာSEC (ဒီဇိုင်းအင်ဂျင်နီယာလက်မှတ်ရ ဒီဇိုင်းရေးဆွဲသူ) တစ်ဦးတည်းက ဒီဇိုင်းများကို တာဝန်ယူမှုကြောင့် ဌာနနှင့် SEC တို့အကြား ဒီဇိုင်းပုံစံလိုအပ်ချက်များအား လုပ်ထုံးလုပ်ငန်း သတ်မှတ်ပုံစံနှုန်းများနှင့် ညီညွတ်သည်အထိ အကြိမ်ကြိမ်စိစစ်နေသော အချိန်ကာလကို ဖြေလျှော့လိုက် ခြင်းဖြစ်သည်။ “ဒီဇိုင်းလိုအပ်ချက်ရှိလို့ ကျွန်တော်တို့က ခိုင်းလိုက်တာ။ ဒီလိုအပ်ချက်ကို ပြန်တင်ဖို့ရာအတွက် အိမ်ရှင်နဲ့ SEC နဲ့ အဆင်ပြေပြီး အပိုင်မွေးထားတဲ့သူမျိုးဆိုရင် ပြဿနာမရှိဘူး။ ဒီတစ်လုံးပြီးသွားရင်နောက်ထပ် ဆက် ဆံစရာမရှိတဲ့အတွက် သူ့ကိုအရေးတယူလုပ်ချင်လုပ်မယ် မလုပ်ချင်မလုပ်ဘူး။ မြေပြင်မှာလဲ တကယ် ဖြစ်နေတာပဲ” ဟု ဦးနေ၀င်းက ဆိုသည်။ SEC ကို စစ်ဆေးသည့်အဖွဲ့က စစ်ဆေးပြီး အပြန်အလှန်စိစစ်ရေးဆွဲ၍ လုပ်ထုံးလုပ်နည်

(မေလ ၂၇ ရက်ထုတ် မဇ္ဈိမနေ့စဉ်သတင်းစာမှ အယ်ဒီတာ့အာဘော်) ပြည်နယ်နှင့်တိုင်းဒေသနှင်...

(မေလ ၂၇ ရက်ထုတ် မဇ္ဈိမနေ့စဉ်သတင်းစာမှ အယ်ဒီတာ့အာဘော်) ပြည်နယ်နှင့်တိုင်းဒေသနှင့် တန်းတူအခွင့်အရေး နေပြည်တော်လိုအုပ်ချုပ်သည့် အစိုးရရုံးစိုက်ရာမြို့တော်တွင် မလိုအပ်သော်လည်း ရှစ်လမ်းသွား ၁၂ လမ်းသွား ကွန်ကရစ်လမ်းမကြီးများ၊ ကြီးမားများပြားလှသည့် ရုံးအဆောက်အအုံများ ဆောက်လုပ်ခဲ့ကြသလို ယနေ့လက်ရှိအချိန်တွင်လည်း ဆောက်လုပ်နေဆဲလည်းဖြစ်သည်။ စီးပွားရေးမြို့တော်ဟုခေါ်ဆိုသည့် ရန်ကုန်မြို့တွင်လည်း ကွန်ကရစ်လမ်း ပလက်ဖောင်းလိုမျိုးကို တစ်နှစ်မပြည့်မီပင် ပြန်ဖျက် ပြန်ပြင်၊ ပုံစံ ပြောင်းနေသည့် လုပ်ဆောင်နေမှုမျိုးလည်း တွေ့မြင်နေရသည်။ နဂိုကတည်းက ရေရှည်အတွက် စိတ်ကူးတွက်ဆကာ အစီအစဉ်ဖြင့် လုပ်သင့်ပါလျက်နှင့် မကြာခဏ ဖျက်လိုက် ပြင်လိုက် လုပ်ဆောင်နေသည်များကို ပြည်သူတစ်ဦး အဖြစ်မြင်ရသည့်အခါ ပြည်နယ်နှင့်တိုင်းအချို့တွင် လျှပ်စစ်မီးမရှိသေးသည့်အဖြစ်၊ ကတ္တရာလမ်း ကောင်းကောင်းမရှိဘဲ ကျောက်ခင်းလမ်းသာသာလမ်းဖြင့် ပြည်နယ်မြို့တော်များသို့ ဆက်သွယ်သွားလာနေရခြင်းက မည်သို့မျှ မျှတသည်ဟု မဆိုနိုင်ပေ။ ဥပမာအားဖြင့် ချင်းပြည်နယ်မြို့တော် ဟားခါးလိုမြို့နှင့် ဆက်သွယ်ထားသည့် လမ်းမကြီးသည် အချို့နေရာတွင် ၁၀ ပေ၊ အချို့နေရာတွင် ၁၂ ပေသ

အမြန်လမ်းတွင် ကားနှစ်စီး တိုက်မှုဖြစ်ပွားပြီး လူ ၁၃ ဦး မီးလောင် သေဆုံးသည့်ဖြစ်စဥ...

အမြန်လမ်းတွင် ကားနှစ်စီး တိုက်မှုဖြစ်ပွားပြီး လူ ၁၃ ဦး မီးလောင် သေဆုံးသည့်ဖြစ်စဉ် တွင် ခရီးသည်များကို ကားတံခါး ပိတ်ထားခဲ့ကာ ထွက်ပြေးတိမ်းရှောင်နေသော တောင်ပြာတန်း ခရီးသည်တင်ယာဉ်လိုင်းမှ ယာဉ် မောင်းကို ဖမ်းဆီးမမိသေးကြောင်း ဖြူးအမြန်လမ်း ရဲတပ်ဖွဲ့ရဲမှူးဝင်းထွဏ်းအောင်ကပြောသည်။ ‘‘ဖမ်းမိဖို့ကြိုးစားနေပါ တယ်။ သာဂရရဲတပ်ဖွဲ့ရော၊ သူ နေထိုင်တဲ့ နွယ်သာကီအပိုင် ရဲတပ်ဖွဲ့ရော ပူးပေါင်းပြီး ဖမ်းမိဖို့ ကြိုးစားနေပါတယ်။ သူ့ယာဉ်လိုင်းကိုလည်း ဆက်သွယ်လာရင်အကြောင်းကြားပြောထားပါတယ်။သူ့မိန်းမဆီကိုလည်း အ၀တ်အစားပစ္စည်းတွေလာယူရင် ဆက်သွယ်ဖို့ပြောထားပါတယ်’’ဟု ရဲမှူးဝင်းထွဏ်းအောင်ကပြောသည်။ ထွက်ပြေးနေသော တောင်ပြာတန်းယာဉ်မောင်းဖမ်းမမိသေး - သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin www.thithtoolwin.com မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။ from Myanmar News Now's Facebook Wall http://ift.tt/1imEJqO

ထိုင်းနိုင်ငံ၌ စစ်တပ် အာဏာသိမ်း ထားသောကြောင့် နယ်စပ်ဂိတ်များသို့ ကုန်အ၀င် နည်းကာ...

ထိုင်းနိုင်ငံ၌ စစ်တပ် အာဏာသိမ်း ထားသောကြောင့် နယ်စပ်ဂိတ်များသို့ ကုန်အ၀င် နည်းကာ ထိုင်းကုန်စည်များဈေး တက်နေကြောင်း သတင်းရရှိ သည်။ ‘‘ဈေးတွေတက်နေတာ သုံး ရက်လောက်ရှိပြီ။ ထိုင်းစစ်တပ် အာဏာ သိမ်းလိုက်တော့ ဈေး ကွက်တွေ ရပ်ထားရတယ်။ ဒီ တော့ဟိုဘက်က ကုန်မပို့သလို ဒီဘက်ကလည်း အ၀င်လက်မခံဘူး။ အရင်ကဆို ကားရာချီပြီး ၀င်တာ။ မနေ့ကဆို ပစ္စည်းတွေတောင် မ၀င်ဘူး။ လှောင်ထားတာကိုပဲ ချရောင်းနေရတယ်’’ဟု မော်လ မြိုင်ဈေးကြီး ကုန်စည်ဒိုင်မှ ဦး ထွန်းကပြောသည်။ ထိုင်းနိုင်ငံတွင် မေလ ၂၄ ရက်၌ ထိုင်းစစ်တပ်က အာဏာ သိမ်းယူခဲ့ပြီးနောက် နယ်စပ် ကုန် သွယ်ရေးလုပ်ငန်းအများစုရပ်နား သွားပြီး နယ်စပ်လမ်းကြောင်း အချို့မှ ကုန်အ၀င်မရှိသလောက်နည်းပါးခဲ့သည်။ ထိုင်းကုန်စည်များဈေးတက် - သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin www.thithtoolwin.com မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။ from Myanmar News Now's Facebook Wall http://ift.tt/1wciwFp

သူငယ်ချင်း ဖြစ်သူမှ အင်္ကျီပေးစရာရှိသည်ဟု ပြောဆိုပြီးခေါ်သွားကာ အလိုမတူ ဘဲ သားမယားအြ...

သူငယ်ချင်း ဖြစ်သူမှ အင်္ကျီပေးစရာရှိသည်ဟု ပြောဆိုပြီးခေါ်သွားကာ အလိုမတူ ဘဲ သားမယားအဖြစ် ပြုကျင့်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်းကို သက်ဆိုင်ရာ ရဲစခန်းမှသိရသည်။ လက်ပံတောင်းတောင် ဒေသခံကျေးရွာ (၂၆) ရွာထဲတွင် တစ်ရွာအပါအ၀င် ဖြစ်သည့် ညောင်ပင်ကြီးကျေးရွာတွင် ယခုလ (၂၂) ရက်နေ့ နေ့လည် (၁၂) နာရီအချိန်တွင် မ.... ........(၁၇) နှစ်သည် ညောင်ပင်ကြီး ဆိပ်ကမ်းသို့ ဈေးဝယ်သွားနေစဉ် လက်ဖက်ရည်ဆိုင်တွင် အလုပ်လုပ် နေသည့် မောင်..............(၂၀) နှစ်သည် အင်္ကျီလက်ဆောင်ပေးစရာ ရှိသည်ဟု ပြောဆိုခေါ်ဆောင်လာခဲ့ပြီး လူသူကင်းမဲ့သည့် သပြေခြံ အရောက် တွင် အတင်း အဓမ္မ၀င်ရောက် လုံးထွေးခဲ့ပြီး မိနစ်(၂၀) ခန့် သားမယား အဖြစ် အလိုမတူဘဲပြုကျင့်ခဲ့ကြောင်း ပထမသတင်းပေးချက် အရ သိရသည်။ အင်္ကျီပေးစရာရှိသည်ဟု ပြောဆိုပြီး အလိုမတူဘဲ သားမယား အဖြစ်ပြုကျင့် - သစ်ထူးလွင် (နေ့စဉ်သတင www.thithtoolwin.com မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။ from Myanmar News Now's Facebook Wall http://ift.tt/1wciwoU

ရန်ကုန်တိုင်း ဒေသကြီး၊ ရွှေပြည်သာ မြို့နယ် တွင် အသက် (၁၄) နှစ် အရွယ်၊ အရွယ် မရော...

ရန်ကုန်တိုင်း ဒေသကြီး၊ ရွှေပြည်သာ မြို့နယ် တွင် အသက် (၁၄) နှစ် အရွယ်၊ အရွယ် မရောက် သေး သော မိန်းကလေး ငယ် တစ်ဦး အား ပထွေး ဖြစ်သူမှ သားမယား ပြုကျင့်မှု ဖြစ် ပွားခဲ့ကြောင်း လှော်ကားနယ် မြေ ရဲစခန်းမှ သိရသည်။ ဖြစ်စဉ်မှာ မတ်လ (၁၉) ရက်နေ့တွင် ရွှေပြည်သာမြို့နယ်၊ ............ကျေးရွာ၊ .........လမ်း၊ အမှတ်... ........နေ ဒေါ်.......... (၄၂) နှစ်သည် ၎င်း ၏ ဒုတိယ ခင်ပွန်း ဖြစ်သူ ဦး...... (၃၆) နှစ် နှင့် သဘော ထားမ တိုက် ဆိုင်၍ သမီးဖြစ်သူ မ..........(၁၄) နှစ်နှင့် အတူ နေအိမ်မှ ဆင်းသွားပြီး၊ ဧပြီလ (၁၈) ရက် နေ့တွင် သမီး ဖြစ်သူ၏ ခန္ဓာကိုယ် အနေအ ထား ပျက် ယွင်းနေသဖြင့် မေးမြန်းရာ အသက် (၁၄) နှစ်အရွယ် မိန်းကလေးအား ပထွေးဖြစ်သူမှ သားမယားပြုကျင့် - သစ်ထူးလွင် (နေ့စဉ်သတင်း www.thithtoolwin.com မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။ from Myanmar News Now's Facebook Wall http://ift.tt/1wcivRT

ပြည်ပကုမ္ပဏီများသို့ ပေးရန်ရှိသည့် ပဲကြွေး ငါးပုံတစ်ပုံ ပေးချေပြီးဟုဆို ရန်ကုန်၊...

ပြည်ပကုမ္ပဏီများသို့ ပေးရန်ရှိသည့် ပဲကြွေး ငါးပုံတစ်ပုံ ပေးချေပြီးဟုဆို ရန်ကုန်၊ မေ ၂၆ ပဲဈေးများ ထိုးကျသည်အထိ ရိုက်ခတ်မှု ပြင်းခဲ့သော မေလ ပထမပတ် အတွင်းက ဖြစ်ပေါ်ခဲ့သည့် ပဲလောက ငွေကြေး အရှုပ်တော်ပုံ ကိစ္စတွင် ပြည်ပကုမ္ပဏီများသို့ ပေးရန်ရှိသည့် အကြွေး၏ ငါးပုံတစ်ပုံကို ပေးဆပ်ပြီး ဖြစ်ကြောင်း မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းလုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌ ဦးစိုင်းဘဉာဏ်က ပြောကြားသည်။ ယင်းပဲလောက ငွေကြေး အရှုပ်တော်ပုံအတွင်း အဓိက ပါဝင် ပတ်သက်နေသည့် မိုးသက်ကုမ္ပဏီသည် ပြည်ပကုမ္ပဏီ ၁၅ ခုကို ပဲတီစိမ်းတန်ချိန် ၁၅,၀၀၀ ပေးဆပ်ရန် ရှိပြီး ယခု မေလ ၂၆ ရက်နေ့အထိ ပဲတန်ချိန် ၃,၀၀၀ ခန့်ကို သင်္ဘောတင်ပို့ခဲ့ပြီး ဖြစ်ကြောင်း ၎င်းကဆိုသည်။ “သင်္ဘောရတဲ့အပေါ် မူတည်ပြီး ဆက်လက် တင်ပို့သွားဖို့ ရှိပါတယ်။ အသင်းအနေနဲ့ကတော့ ဒီကုမ္ပဏီကို ဘယ်လို လုပ်မလဲဆိုတာ မစဉ်းစားရသေးဘူး” ဟု ၎င်းကဆိုသည်။ ပြည်ပသို့ ပြန်လည် ပေးဆပ်ရန် ရှိသည့် ပဲများကို သင်္ဘောတင်ပြီးသည် အချိန်ထိ ညှိနှိုင်းဖျန်ဖြေရေး ကော်မတီက တာဝန်ယူ ဖြေရှင်းပေးမည် ဖြစ်ကြောင်း အဆိုပါ ကော်မတီက မေလ ၁၀ ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။ မိုးသက်ကုမ္ပဏီထံမှ ပဲကြွေးရရန် ရှိသူများကိုမူ မေလ ၁၄ ရက်နေ့မှ

ကျေးရွာ ကျန်းမာရေးနှင့် ဖွံ့ဖြိုးရေး ငွေစုအသင်းများ မြို့နယ်သုံးခုတွင် ထူထောင်မည...

ကျေးရွာ ကျန်းမာရေးနှင့် ဖွံ့ဖြိုးရေး ငွေစုအသင်းများ မြို့နယ်သုံးခုတွင် ထူထောင်မည် ရန်ကုန်၊ မေ ၂၆ မြန်မာနိုင်ငံအလယ်ပိုင်း မြို့နယ် သုံးခုတွင် ကျေးရွာ ကျန်းမာရေးနှင့် ဖွံ့ဖြိုးရေးရန်ပုံငွေ ငွေစုအသင်းများ ထူထောင်ရန် စီမံကိန်းဖြင့် လုပ်ဆောင်မည် ဖြစ်ကြောင်း ကျေးလက်ဒေသ ဖွံ့ဖြိုးရေး အသေးစားချေးငွေများ ထုတ်ချေးသော Pact Myanmar Global Fund အဖွဲ့ထံမှ သိရသည်။ အမေရိကန်ဒေါ်လာ သုံးသန်း သုံးစွဲ၍ မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ်၊ မတ္တရာမြို့နယ်နှင့် ကောလင်းမြို့နယ်တို့တွင် လုပ်ကိုင်မည့် ယင်းစီမံကိန်းကို အမေရိကန်ပြည်ထောင်စု နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီ (USAID)၊ Chevron Unocal Myanmar နှင့် Pact Myanmar Global Fund အဖွဲ့တို့ ပူးပေါင်း ဆောင်ရွက်မည် ဖြစ်ပြီး ယင်းသို့ လုပ်ဆောင်ရန် မေလ ၂၆ ရက်က သဘောတူလက်မှတ် ရေးထိုးခဲ့ကြောင်း ယင်းအဖွဲ့များက ပူးတွဲထုတ်ပြန် ကြေညာသည်။ အဆိုပါ စီမံကိန်းအရ ရန်ပုံငွေ ငွေစုအသင်းများ ထူထောင်ရန် နည်းပညာ ပေးခြင်းများ ပြုလုပ်မည် ဖြစ်ပြီး ငွေစုအသင်းများမှ တစ်ဆင့် ကျေးလက်ဒေသရှိ ကိုယ်ဝန်ဆောင် အမျိုးသမီးများ ကျွမ်းကျင်သော သားဖွားသူနာပြု ဆရာမများနှင့် မွေးဖွားနှုန်း မြင့်တက်စေ

အဆင့်မြင့်ပညာရေးဆိုင်ရာ အထူးအချက် ခုနစ်ချက် ဆွေးနွေး ရန်ကုန်၊ မေ ၂၆ အဆင့်မြင့်...

အဆင့်မြင့်ပညာရေးဆိုင်ရာ အထူးအချက် ခုနစ်ချက် ဆွေးနွေး ရန်ကုန်၊ မေ ၂၆ အဆင့်မြင့်ပညာရေးဆိုင်ရာ အထူးအချက် ခုနစ်ချက်ကို ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမတွင် မြန်မာနိုင်ငံ ပညာရေး ဝန်ကြီးဌာန၊ ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုဆိုင်ရာအဖွဲ့ (UNESCO)၊ ပွင့်လင်းလူ့အဖွဲ့အစည်း ဖောင်ဒေးရှင်း (Open Society Foundation) တို့ ဦးဆောင်ကာ မေလ ၂၆ ရက်နှင့် ၂၇ ရက် နှစ်ရက်ကြာ ဆွေးနွေးမည် ဖြစ်သည်။ အထူးအချက် ခုနစ်ချက်မှာ ဒေသတွင်း ပညာရေး အရည်အသွေး အာမခံမှုစနစ်နှင့် ကျောင်းများ ပူးပေါင်း ဆက်သွယ်မှုဖြင့် ဆက်စပ် တက်ရောက်နိုင်ခြင်း၊ အဆင့်မြင့်ပညာရေးကဏ္ဍ ဘဏ္ဍာရေးဆိုင်ရာများ၊ အဖွဲ့အစည်း၏ ကိုယ်ပိုင်လုပ်ပိုင်ခွင့်၊ နိုင်ငံတွင်း အရည်အသွေး အာမခံမှု အေဂျင်စီနှင့် စနစ်များ၊ ပုဂ္ဂလိကပိုင် ပညာရေး၊ ပုဂ္ဂလိကပိုင် အဆင့်မြင့်ပညာရေး၊ မြန်မာနိုင်ငံ၏ အဆင့်မြင့် ပညာရေးကဏ္ဍ ဆက်စပ် အကြောင်းအရာများ ဖြစ်သည်။ ယခု ဆွေးနွေးပွဲသည် အနာဂတ်တွင် နိုင်ငံပညာရည် မြင့်မားရေး ဖြစ်ပြီး တစ်မျိုးသားလုံး တိုးတက်စေရန် ဖြစ်ကြောင်း၊ ယခု ဆွေးနွေးမည့် အချက်များသည်လည်း အမျိုးသားပညာရေး ဥပဒေ ပြဋ္ဌာန်းရာတွင် ထည့်သွင်း စဉ်းစားရမည့် အချက်များ ပါဝင်ကြောင်း၊ နောက် လွှတ်တော်အစည်းအဝေး
ရွှေနားကွင်းကိုလုယူရန်အကြံဖြင့် ကလေးငယ်ကိုဆိုင်ကယ်ဖြင့်တင်ဆောင်ခိုးယူ myanmar.mmtimes.com ရွှေပြည်သာမြို့နယ်တွင် ကလေးငယ်ဝတ်ဆင်ထားသည့် ရွှေနားကွင်းကိုလုယူရန်အကြံဖြင့် ကလေးငယ်ကိုဆိုင်ကယ်ဖြင့်တင်ဆောင်ခိုးယူခဲ့မှု မေလ ၂၄ ရက်နေ့ ကဖြစ်ပွားခဲ့သည်။ from The Myanmar Times's Facebook Wall http://ift.tt/1hsyj9H

အစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့ သဖြင့် ကျောင်းသား (၁၂) ဦး မုံရွာ ဆေးရုံကြီးတွင် အတွ...

အစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့ သဖြင့် ကျောင်းသား (၁၂) ဦး မုံရွာ ဆေးရုံကြီးတွင် အတွင်းလူနာ အဖြစ် တက်ရောက် ကုသမှုခံယူနေ ရကြောင်း သိရသည်။ အဆိုပါ ဖြစ်စဉ်မှာ ယင်းမာပင်ခရိုင် ဆားလင်းကြီး မြို့နယ် အတွင်းရှိ ထနောင်းကုန်း ပရဟိတ ကျောင်းတွင် ယမန်နေ့ က ဖြစ်ပွား ခဲ့ခြင်း ဖြစ်သည်။ ဖြစ်စဉ်မှာ ထနောင်းကုန်း ပရဟိတကျောင်းတွင် မေလ (၂၅) ရက်နေ့ နံနက်ပိုင်းတွင် ကြာဇံကြော် ကျွေးမွေးခဲ့ပြီး၊ နေ့လယ်စာ အဖြစ် ၀က်သားဟင်း၊ ပဲကြီးနှပ်၊ မန်းကျည်းရွက် ချဉ်ရည်ဟင်း နှင့် ငါးဟင်း ကျွေးမွေးခဲ့ကာ ညနေစာ ကိုလည်း ၄င်း ဟင်းအကျန် များဖြင့် ကျွေးမွေး ခဲ့ကြောင်း သိရသည်။ မေလ (၂၆) ရက်နေ့ နံနက် (၇) နာရီ အချိန်တွင် ကျောင်းသား (၂၀) ဦးမှာ မူးဝေအော့အန်ပြီး၊ အထက်လန် အောက်လျော ဖြစ်သဖြင့် ထနောင်းကုန်း ပရဟိတကျောင်းမှ နာယက ဆရာတော် ဦးဆောင်ကာ မုံရွာ ဆေးရုံကြီးသို့ ချက်ချင်း ပို့ဆောင်ပေးခဲ့ရကြောင်း ဆေးရုံ မှတ်တမ်းများ အရ သိရသည်။ အစာအဆိပ်သင့်မှု ဖြစ်ပွား၊ ကျောင်းသား (၁၂) ဦး အတွင်းလူနာ အဖြစ် ကုသမှုခံယူနေရ - သစ်ထူးလွင်... www.thithtoolwin.com မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။ from

အငှားယာဉ်မောင်း လိုင်စင် (“င” လိုင်စင်) ကိုင်ဆောင်သော ယာဉ်မောင်းများကို ကြပ်ြ...

အငှားယာဉ်မောင်း လိုင်စင် (“င” လိုင်စင်) ကိုင်ဆောင်သော ယာဉ်မောင်းများကို ကြပ်ကြပ်မတ်မတ် ဆောင်ရွက် နိုင်ရန်အတွက် သက်ဆိုင်ရာ ၀န်ကြီးဌာန များနှင့် ညှိနှိုင်းမှုများ ပြုလုပ်လျက် ရှိကြောင်း သတင်း ရရှိသည်။ ယင်းကဲ့သို့ ညှိနှိုင်းရာ၌ “င လိုင်စင် ကိုင်ဆောင်ထားသော ယာဉ်မောင်းများကို အရည်အချင်း ဆိုင်ရာ ပြန်လည် စစ်ဆေးမှုများ၊ လိုအပ်ပါက ပညာပေးသင်တန်း ပို့ချမှုများ၊ လူတွေ့မေးမြန်း စစ်ဆေးမှုများ အစ ရှိသည့် ကို ဆောင်ရွက်နိုင်ရန် အတွက် ရထားပို့ဆောင်ရေး ၀န်ကြီး ဌာနနှင့် ယာဉ်ထိန်း ရဲတပ်ဖွဲ့ တို့ ညှိနှိုင်းနေကြခြင်း ဖြစ်ကြောင်း ကုန်လမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူး အဆင့် တာဝန်ရှိသူ တစ်ဦးက ပြောသည်။ သေချာတာ ကတော့ အရင်ကထက် တင်းတင်းကျပ်ကျပ် လုပ်သွားဖို့ ရှိတယ်၊ နောက်ပြီး အရင်လို ကိုယ်စားလှယ်သက်တမ်း တိုးခွင့် မပြုဖို့ အတွက်ပါ ညှိနှိုင်းနေတယ် ဟု ၎င်း ကပြောသည်။ အငှား ယာဉ်မောင်းလိုင်စင် ကိုင်ဆောင်သူများကို တင်းကျပ်ရန် ညှိနှိုင်းနေ - သစ်ထူးလွင် (နေ့ www.thithtoolwin.com မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။ from Myanmar News Now's Faceb

ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးမှ နေ့စဉ် ဖြစ်ပွားလျက် ရှိသော မှုခင်းဖြစ်စ...

ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးမှ နေ့စဉ် ဖြစ်ပွားလျက် ရှိသော မှုခင်းဖြစ်စဉ်များနှင့် ပတ်သက်၍ သတင်းမီဒီယာများကို သတင်း ထိမ်ချန်မှုများ အပေါ် ဆက်လက် မဖြစ်ပွားစေရန် ဥရောပသမဂ္ဂ (EU) က သတင်းထောက်များကို ကူညီပေးသွားမည် ဖြစ်ကြောင်း ဥရောပသမဂ္ဂ (EU) မှ ပြည်သူ့ဗဟိုပြု ရဲလုပ်ငန်းစဉ် သင်တန်းတာဝန်ခံ Mr. David Hamiltonက ပြောကြားသည်။ ရဲတပ်ဖွဲ့၏ သတင်းထိမ်ချန်မှုများ ဆက်လက် မဖြစ်ပွားစေရန် ဥရောပသမဂ္ဂ ကူညီမည် - သစ်ထူးလွင်... www.thithtoolwin.com မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။ from Myanmar News Now's Facebook Wall http://ift.tt/TOSVDS

ရဲတပ်ဖွဲ့၏ သတင်းထိမ်ချန်မှုများ ဆက်လက် မဖြစ်ပွားစေရန် ဥရောပသမဂ္ဂ ကူညီမည်

ရန်ကုန်၊ မေ ၂၆ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးမှ နေ့စဉ် ဖြစ်ပွားလျက် ရှိသော မှုခင်းဖြစ်စဉ်များနှင့် ပတ်သက်၍ သတင်းမီဒီယာများကို သတင်း ထိမ်ချန်မှုများ အပေါ် ဆက်လက် မဖြစ်ပွားစေရန် ဥရောပသမဂ္ဂ (EU) က သတင်းထောက်များကို ကူညီပေးသွားမည် ဖြစ်ကြောင်း ဥရောပသမဂ္ဂ (EU) မှ ပြည်သူ့ဗဟိုပြု ရဲလုပ်ငန်းစဉ် သင်တန်းတာဝန်ခံ Mr. David Hamiltonက ပြောကြားသည်။ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးတွင် မေလ ၂၉ ရက် နံနက်ပိုင်းက ပြည်တွင်းရှိ သတင်းမီဒီယာ အချို့နှင့် အဆိုပါ တာဝန်ခံတို့ တွေဆုံရာ ရဲတပ်ဖွဲ့နှင့် မီဒီယာများအကြား ပြောဆို ဆက်ဆံရာတွင် ကြုံတွေ့ရသည့် အခက်အခဲများကို မေးမြန်းခဲ့ကြောင်း၊ အပတ်စဉ်ထုတ် ဂျာနယ်များနှင့် နေ့စဉ် သတင်းစာများတွင် သတင်းထောက်များက မူခင်းသတင်းများ ရေးသားဖော်ပြရာ၌ တိုင်းဒေသကြီး ရဲတပ်ဖွဲ့၏ မူခင်းသတင်းများကို ထိမ်ချန်မှုတို့ကြောင့် အများပြည်သူကို သတင်းအချက်အလက် ဖြန့်ဝေရာတွင် အခက်အခဲများ ရှိကြောင်း သတင်းထောက်များက ပြောကြားသည်။ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ယခုနှစ် မတ်လမှ စတင်ကာ မှုခင်းသတင်းများနှင့် ပတ်သက်၍ တပ်မတော်မှ ကျူးလွန်သည့် အမှုအခင်းများ၊ အစိုးရဌာနဆိုင်ရာများနှင့် ပတ်သက်သည့် အမှုအခင်း

အိန္ဒိယ ဝန်ကြီးချုပ်သစ် အဖြစ် နာရင်ဒရာမိုဒီ ကျမ်းသစ္စာ ကျိန်ဆို ဒေလီ၊ မေ ၂၆ ကမ္ဘာ...

အိန္ဒိယ ဝန်ကြီးချုပ်သစ် အဖြစ် နာရင်ဒရာမိုဒီ ကျမ်းသစ္စာ ကျိန်ဆို ဒေလီ၊ မေ ၂၆ ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီနိုင်ငံ ဖြစ်သော အိန္ဒိယတွင် မကြာသေးခင်က ကျင်းပပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲ၌ တစ်ပြည်လုံးကျွတ် အတိုင်းအတာဖြင့် အနိုင်ရရှိခဲ့သော နာရင်ဒရာမိုဒီသည် အိန္ဒိယ ဝန်ကြီးချုပ်အဖြစ် စတင် တာဝန်ယူနိုင်ရေးအတွက် ကျမ်းသစ္စာကျိန်ဆိုပွဲ အခမ်းအနား ကျင်းပရာ ယင်းအခမ်းအနားသည် အိန္ဒိယသမိုင်းကြောင်း၌ ကြီးကျယ် ခမ်းနားဆုံးသော ကျမ်းသစ္စာ ကျိန်ဆိုပွဲ တစ်ရပ်အဖြစ် သတ်မှတ်ခံရကြောင်း အိန္ဒိယ ပြည်တွင်းမီဒီယာများ၏ ရေးသားဖော်ပြချက်ကို BBC သတင်းဌာနက ရေးသားဖော်ပြသည်။ နာရင်ဒရာမော်ဒီ အိန္ဒိယ ဝန်ကြီးချုပ်အဖြစ် စတင် တာဝန်ယူရန် ကျမ်းသစ္စာ ကျိန်ဆိုပွဲသို့ အိန္ဒိယ၏ ပြိုင်ဘက်ဖြစ်သော ပါကစ္စတန် ဝန်ကြီးချုပ် နာဝတ်ရှရစ်လည်း တက်ရောက်သည်။ ဝန်ကြီးချုပ်သစ် မိုဒီသည် ကျမ်းသစ္စာ ကျိန်ဆိုမှု မပြုလုပ်မီ အိန္ဒိယခေါင်းဆောင်ကြီး မဟတ္တမဂန္ဓီ၏ ဂူဗိမာန်သို့ သွားရောက်ပြီး ဂါရဝပြုသည်။ ဒေလီရှိ သမ္မတအိမ်တော်တွင် ကျင်းပပြုလုပ်သည့် အဆိုပါ ကျမ်းသစ္စာ ကျိန်ဆိုပွဲ အခမ်းအနားသို့ ပါကစ္စတန် ဝန်ကြီးချုပ် တက်ရောက်ခြင်းသည် ၁၉၄၇ ခုနှစ်၊ အိန္ဒိယနှင့် ပါကစ္စတန် နှစ်နိုင်ငံစလုံး လွတ်လပ်ရေး ရ

ကမ္ဘာ့အ၀ဆုံး မက္ကဆီကန် အမျိုးသား ကွယ်လွန် --------- မက္ကဆီကိုစီးတီး- ကမ္ဘာ့ကိုယ်အလေး...

ကမ္ဘာ့အ၀ဆုံး မက္ကဆီကန် အမျိုးသား ကွယ်လွန် --------- မက္ကဆီကိုစီးတီး- ကမ္ဘာ့ကိုယ်အလေးချိန် အများဆုံး လူစာရင်းတွင် ပါဝင်ခဲ့သော မက္ကဆီကန်အမျိုးသား မန်နူယ်အူရီဘီသည် အသက် (၄၈) နှစ်အရွယ် မေလ ၂၆ ရက်၌ ကွယ်လွန်ခဲ့သည်။ သတင်းအပြည့်အစုံ... http://ift.tt/1imzIyH ကမ္ဘာ့အ၀ဆုံး မက္ကဆီကို အမျိုးသား ကွယ်လွန် www.7daydaily.com မက္ကဆီကိုစီးတီး- ကမ္ဘာ့ကိုယ်အလေးချိန် အများဆုံး လူစာရင်းတွင် ပါဝင်ခဲ့သော မက္ကဆီကိုအမျိုးသား မန်နူယ်အူရီဘီသည် အသက် (၄၈) နှစ်အရွယ် မေလ ၂၆ ရက်၌ ကွယ်လွန်ခဲ့သည်။ from 7Day News Journal's Facebook Wall http://ift.tt/1imzIyK
"အနုပညာရှင်များ ၊ပြည်သူများ စုပေါင်း လက်မှတ်ရေးထိုးပြီး ပုဒ်မ ၄၃၆ ပြင်ဆင်ရေးကို ယနေ့ ဆန္ဒဖေါ်ထုတ်" (ရန်ကုန်-မေလ ၂၇) အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နှင့် ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့ အဖွဲ့အစည်း တို့ပူးပေါင်းဆောင်ရွက်လျက်ရှိသော ဖွဲ့စည်းပုံ အခြေခံ ဥပဒေပုဒ်မ၄၃၆ပြင်ဆင်ရေး လူထု ဆန္ဒဖေါ်ထုတ် လက်မှတ်ရေးထိုးရေးအား ယနေ့တွင် မြန်မာနိုင်ငံ တ၀ှန်းလုံး တွင် စတင် ဆောင်ရွက်နေပြီဖြစ်ရာ အဖွဲ့ချုပ် ရုံးချုပ်တည်ရှိရာ ရန်ကုန်မြို့ ဗဟန်းမြို့နယ် အဖွဲ့ချုပ် ရုံးချုပ်တွင်လည်း ယနေ့ နံနက် ၉ နာရီ အချိန်တွင် အဖွဲ့ချုပ် ဗဟို အလုပ် အမှုဆောင် ဦးဥာဏ်ဝင်းနှင့် ၈၈မျိုးဆက် ငြိမ်း/ပွင့်မှ ဦးကိုကိုကြီး တို့က အဖွင့်အမှာ စကားပြောကြားကာ လက်မှတ် ရေးထိုးပွဲ စတင်ဖွင့်လှစ်ခဲ့သည်။ ယင်းလက်မှတ် ရေးထိုးပွဲသို့ အဖွဲ့ချုပ် အဖွဲ့ဝင်များ၊ အနုပညာရှင်များ ၊ပြည်သူများ မိမိ ဆန္ဒနှင့်အညီ စုပေါင်း လက်မှတ်ရေးထိုးပြီး ပုဒ်မ ၄၃၆ ပြင်ဆင်ရေးကို ဆန္ဒဖေါ်ထုတ် ခဲ့ကြကြောင်းသိရသည်။ Photo - National League for Democracy from Popular Myanmar News Journal's Facebook Wall http://ift.tt/Rvd7so