အငှားယာဉ်မောင်း လိုင်စင် (“င” လိုင်စင်) ကိုင်ဆောင်သော ယာဉ်မောင်းများကို ကြပ်ကြပ်မတ်မတ် ဆောင်ရွက် နိုင်ရန်အတွက် သက်ဆိုင်ရာ ၀န်ကြီးဌာန များနှင့် ညှိနှိုင်းမှုများ ပြုလုပ်လျက် ရှိကြောင်း သတင်း ရရှိသည်။
ယင်းကဲ့သို့ ညှိနှိုင်းရာ၌ “င လိုင်စင် ကိုင်ဆောင်ထားသော ယာဉ်မောင်းများကို အရည်အချင်း ဆိုင်ရာ ပြန်လည် စစ်ဆေးမှုများ၊ လိုအပ်ပါက ပညာပေးသင်တန်း ပို့ချမှုများ၊ လူတွေ့မေးမြန်း စစ်ဆေးမှုများ အစ ရှိသည့် ကို ဆောင်ရွက်နိုင်ရန် အတွက် ရထားပို့ဆောင်ရေး ၀န်ကြီး ဌာနနှင့် ယာဉ်ထိန်း ရဲတပ်ဖွဲ့ တို့ ညှိနှိုင်းနေကြခြင်း ဖြစ်ကြောင်း ကုန်လမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူး အဆင့် တာဝန်ရှိသူ တစ်ဦးက ပြောသည်။ သေချာတာ ကတော့ အရင်ကထက် တင်းတင်းကျပ်ကျပ် လုပ်သွားဖို့ ရှိတယ်၊ နောက်ပြီး အရင်လို ကိုယ်စားလှယ်သက်တမ်း တိုးခွင့် မပြုဖို့ အတွက်ပါ ညှိနှိုင်းနေတယ် ဟု ၎င်း ကပြောသည်။
အငှား ယာဉ်မောင်းလိုင်စင် ကိုင်ဆောင်သူများကို တင်းကျပ်ရန် ညှိနှိုင်းနေ - သစ်ထူးလွင် (နေ့
www.thithtoolwin.com
မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။
from Myanmar News Now's Facebook Wall http://ift.tt/1ptlpgk
Comments
Post a Comment