Skip to main content

Posts

Showing posts from October 22, 2014

ISIS စစ်သွေးကြွ များ၏ စစ်လေယာဉ်များ အနက် နှစ်စင်းကို ဆီးရီးယားတပ်များ ပစ်ချနိုင်ခဲ့

ဒမတ်စကတ် ၊ ၂၃-၁၀-၂၀၁၄ ဆီးရီးယား အစိုးရတပ် များသည် နိုင်ငံ မြောက်ပိုင်းတွင် ပျံသန်းလျက် ရှိသည့် ISIS စစ်သွေးကြွ များ၏ စစ်လေယာဉ်များ အနက် နှစ်စင်းကို ပစ်ချ နိုင်ခဲ့ကြောင်း SANA သတင်း အေဂျင်စီက အောက်တိုဘာ ၂၂ ရက်တွင် ဖော်ပြခဲ့သည်။ အဆိုပါ ISIS စစ်သွေးကြွ များသည် အလက်ပို နှင့် ရာကာပြည်နယ် အတွင်းရှိ အစိုးရစစ်ဘက် လေတပ် စခန်းများကို ဝင်ရောက် စီးနင်း တိုက်ခိုက် ပြီးနောက် MiG-21 နှင့် MiG-23 ဟု ယူဆရသည့် တိုက်လေယာဉ် သုံးစင်းကို သိမ်းဆည်း ခဲ့ခြင်း ဖြစ်ကြောင်း ဆီးရီးယား ပြန်ကြားရေး ဝန်ကြီး အွန်မန်အယ်လ်ဇိုဘီ က ပြောကြား ခဲ့သည်။ ISIS စစ်သွေးကြွ များသည် အဆိုပါ တိုက်လေယာဉ် များကို ပျံသန်းနိုင်ရန် အတွက် အီရတ် ခေါင်းဆောင်ဟောင်း ဆက်ဒမ်ဟူစိန် ၏ လေယာဉ်မှူး များက လေ့ကျင့် သင်ကြား ပေးလျက် ရှိသည်ဟု ဗြိတိန်နိုင်ငံ အခြေစိုက် ဆီးရီးယား လူ့အခွင့်အရေး ဆိုင်ရာ လေ့လာ စောင့်ကြည့်ရေး အဖွဲ့ကြီး က ပြောကြား ခဲ့သည်။ အဆိုပါ ISIS စစ်သွေးကြွ များ မောင်းနှင် ခဲ့သည့် လေယာဉ်များ သည် မြေပြင်သို့ ဆင်းသက်ရန် ကြိုးပမ်းနေစဉ် ဆီးရီးယား တိုက်လေယာဉ် များက ပစ်ချဖျက်ဆီး ခဲ့ခြင်း ဖြစ်ကြောင်း ယင်းသို့ တိုက်ခိုက်မှု ကြောင့် ISIS စစ်သွေးကြွ များ

အမေရိကန်တပ်များကို တိုက်ခိုက်ရန် ကြံစည်ခဲ့သည့် စစ်သွေးကြွမျးကို ဆော်ဒီ ပြစ်ဒဏ်ချမှတ်

ရီယက်ဒ် ၊ ၂၃-၁၀-၂၀၁၄ ကာတာ နှင့် ကူဝိတ်နိုင်ငံ အတွင်းရှိ အမေရိကန် တပ်များကို အကြမ်းဖက် တိုက်ခိုက်ရန် ကြံစည်ခဲ့သည့် စစ်သွေးကြွ အဖွဲ့မှ အဖွဲ့ဝင် ၁၃ ဦးကို ဆော်ဒီအာရေဗျ နိုင်ငံအတွင်း ရှိ တရားရုံး တစ်ခုက အောက်တိုဘာ ၂၁ ရက်တွင် ထောင်ဒဏ် ၁၈ လမှ ၃ဝ နှစ်အထိ ပြစ်ဒဏ် ချမှတ် ခဲ့ကြောင်း သိရသည်။ အယ်လ်ကိုင်ဒါ အဖွဲ့နှင့် ဆက်စပ် နေသည့် အဆိုပါ စစ်သွေးကြွ များသည် ကာတာနိုင်ငံရှိ အမေရိကန် တပ်များကို လက်ပစ်ဗုံး၊ ဒုံးကျည် နှင့် အခြား လက်နက်များဖြင့် တိုက်ခိုက်ရန် အကြမ်းဖက် အဖွဲ့တစ်ဖွဲ့ကို ဖွဲ့စည်း ခဲ့ကြောင်း တရားရုံးက ထုတ်ပြန် ခဲ့သည်။ အဆိုပါ အဖွဲ့တွင် အာဖဂန် တစ်ဦး၊ ကာတာ နိုင်ငံသားတစ်ဦး နှင့် ဆော်ဒီ နိုင်ငံသား ၁၁ ဦး ပါဝင်ကြောင်း သိရသည်။ ထို့ပြင် ၄င်းတို့သည် ကူဝိတ် နိုင်ငံအတွင်းရှိ အမေရိကန်တပ် များကို တိုက်ခိုက်ရန် စီစဉ်ခဲ့ပြီး အကြမ်းဖက် သမားအချို့ကို အီရတ်နိုင်ငံ အတွင်းသို့ စေလွှတ်၍ အကြမ်းဖက် တိုက်ခိုက်မှု သင်တန်းများကို တက်ရောက် သင်ကြား စေခဲ့ကြောင်း ဆော်ဒီ အာဏာပိုင် များက ပြောကြား ခဲ့သည်။ သို့ရာတွင် အဆိုပါ အကြမ်းဖက် သမားတို့ကို မည်သည့် နေရာတွင် ဖမ်းဆီး ရမိခဲ့ကြောင်း ကို အတိအကျ ဖော်ပြခဲ့ခြင်း မရှိဘဲ ဆော်ဒီ တရ

လေးပငဆားကွင်း လုပ်သားရှားပါးမှုဖြစ်နေ

မွန်ပြည်နယ်တွင် ဆားလုပ်ငန်း အများဆုံး လုပ်ကိုင်သော သံဖြူဇရပ်မြို့နယ်၊ ပငကျေးရွာရှိ နေလှန်း ဆားကွင်း လုပ်ငန်းများ ယခုနှစ်ပွင့်လင်း ရာသီ လုပ်ငန်းစချိန်၌ လုပ်သား ရှားပါးမှု ပြဿနာနှင့် ကြုံတွေ့ နေရကြောင်း ဆားလုပ်ငန်း ရှင်များက လွတ်လပ်သော မွန်သတင်း အေဂျင်စီ IMNA သို့ ပြောသည်။ ဆားလုပ်ငန်းရှင် ဒေါ်နှင်းညွန့်က “ အလုပ်သမား ရှာလို့မရသလောက် ဖြစ်နေတယ်၊ ဒေသခံ အလုပ်သမားတွေ အနေနဲ့ အလုပ်ပိုပြီး အဆင်ပြေတဲ့ ထိုင်းနိုင်ငံထဲဝင်ပြီး အလုပ်သွားလုပ်ကြတယ်၊ ဒါကြောင့်ရပ်ဝေးကအလုပ်သမားတွေ သွားခေါ်ရတယ်၊ ဒေသခံ အလုပ်သမားတွေ မရှိတော့ဘူး” ဟု ဆိုသည်။ ရပ်ဝေးအလုပ်သမားအများစုမှာ ပဲခူးတိုင်း၊ ဧရာဝတီတိုင်းတို့မှဖြစ်ကြပြီး မွန်ပြည်နယ်အတွင်း ရာဘာခြံနှင့် ဆားလုပ်ငန်းလုပ်ကိုင်ရန် မိသားစုအလိုက် ပြောင်းရွှေ့နေထိုင်မှုများရှိလာသည်ကို တွေ့ရသည်။ သို့ရာတွင် လုပ်ငန်းရှင်များအနေဖြင့် ဆားဈေးနှုန်းများ ကျဆင်းနေသောကြောင့် လုပ်အားခမြှင့်တင်ပေးရန် မဖြစ်နိုင်ကြောင်း၊ လုပ်အားခနည်းပါးမှုကြောင့်လည်း လုပ်သားများရှာမရဖြစ်ကာ ဆားကွင်းအချို့ကို အလုပ်ပိတ်ထားရသည်ဟု သိရသည် ။ ပငဆားကုန်သည် ဦးခင်မောင်ထွန်းက “ ဆားလုပ်သားတွေကို ဦးဆောင်တဲ့ ဖိုသူကြီးတစ်ယာက်အတွက် တစ်

ဖုံးဖိဖြေရှင်းလိုက်သည့် နေပြည်တော်မြို့မဈေးမှ တုတ်ဆွဲ၊ ဓါးဆွဲ ရန်ပွဲ (ရုပ်/သံ)

နေပြည်တော်မြို့မဈေးက ဈေးသည်များ ဈေးဗန်း လုခင်းရာမှ လူအုပ်စု ၂စုအကြား အငြင်းပွားမှုတခု ဖြစ်ပွားခဲ့ရာမှ အပြန်အလှန် ရိုက်နှက်ပွဲတခု ဖြစ်ပွားခဲ့ကြသည်။ မြို့မဈေး၊ ဈေးရုံပတ်လည်၌ ပျံကျဈေးသည် အရေအတွက်(ဈေးဗန်း) ၁၀၀၀ နီးပါခန့်ရှိပြီး နေရာအပြိုင်အဆိုင်လုရာမှ အငြင်းပွား ရန်ဖြစ်မှုများ နေ့စဉ်နှင့်အမျှ ရှိပါသည်။ စက်တင်ဘာ ၃၀ရက်နေ့ နေ့လယ်ပိုင်းက ယင်းကဲ့သို့ ဈေးဗန်း အပြိုင်အဆိုင်ခင်းရာမှ မြို့မဈေးအဖွဲ့နှင့် ရွှေကြာပင်အဖွဲ့တို့ အချင်းများရန်ဖြစ်ခဲ့ကြသည်။ ၀ိုင်းရိုတ်သည့်အဖွဲ့က အရိုက်ခံရသည့်အဖွဲ့အား လျော်ကြေးငွေပေး၍ ဖုံးဖုံးဖိဖိဖြင့် ပြေလည်သွားသည်ဟု ကြားသိရသည်။ News Watch(စောင့်ကြည့်သတင်းဂျာနယ်) http://ift.tt/1pl2P7H from သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin http://ift.tt/10qmI9w

ဒေါနတောင်ခြေတွင် KNU ခေါင်းဆောင်များ ခေါင်းချင်းဆိုင်

အောက်တိုဘာ - ၂၃ - ၂၀၁၄ ကရင်အမျိုးသား အစည်းအရုံး KNU ၏ အရေးပေါ် ဗဟိုကော်မတီ အစည်းအဝေးကို ယနေ့မှ စတင်ကာ ဒေါနတောင်ခြေတွင် စတင်ကျင်းပနေပြီး ဗဟိုကော်မတီဝင် ၄၉ ဦး ရှိသည့်အနက် အားလုံးနီးပါး တက်ရောက်ခဲ့ကြသည်။ အစည်းအဝေးတွင် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC တွင် ဆက်လက်၍ အဖွဲ့ဝင်ဖြစ်ရေး မဖြစ်ရေးနှင့် ယခုလ ၁၃ ရက်နေ့က ဖွဲ့စည်းလိုက်သည့် ကော်သူးလေ တပ်မတော်ဆိုင်ရာ ကိစ္စများ အပါအ၀င် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဆိုင်ရာများကို ဆွေးနွေးရန်ပါရှိသည်ဟု ဗဟိုကော်မတီဝင်တဦးကပြောသည်။ အမေရိကန်နိုင်ငံမှ စောရှားဝေါ်က " လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး စည်းလုံးညီညွတ်မှုကို ထိခိုက်နိုင်တဲ့ အတွက် တာဝန်ရှိသူတွေ အမျိုးသား အကျိုးကို ရှေးရှုပြီး သဘောထားတွေ ကြီးပေးကြဘို့ တိုက်တွန်းချင်ပါတယ်"ဟုဆိုသည်။ ဘားအံခရိုင်ရှိ လေးဝါးတပ်စခန်းတွင် ယနေ့မှစတင်သည့် အရေးပေါ် ဗဟိုကော်မတီ အစည်းအဝေးကို၂၅ ရက်နေ့အထိ ကျင်းပမည် ဖြစ်သော်လည်း လိုအပ်ပါက ရက်ထပ်တိုးကာ ဆက်လက် ဆွေးနွေးကြမည်ဖြစ်သည်။ ယခုပြု လုပ်နေသည့် အစည်းအဝေးကို နိုင်ငံတကာရှိ ကရင်အမျိုးသားများက စောင့်ကြည့် လေ့လာလျှက်ရှိပြီး အမျိုးသားထု တရပ်လုံးအတွက်ေ

ရုရှားလေကြောင်းကျူးကျော်မှု Estonia ကန့်ကွက်

ရုရှား ထောက်လှမ်းရေး လေယာဉ်တစီးဟာ Estonia နိုင်ငံ နယ်နမိတ်အတွင်းကို ခွင့်ပြုချက်မရှိဘဲ ၀င်ရောက်လာတဲ့ ဖြစ်ရပ်နဲ့ ပတ်သက်ပြီး Estonia အစိုးရက ရုရှားနိုင်ငံ သံအမတ်ကြီးကို ဆင့်ခေါ်ပြီး ကန့်ကွက်လိုက်ပါတယ်။ ဘော်လ်ကန် ဒေသတွင်းမှာရှိတဲ့ နိုင်ငံအနေနဲ့ အခုလို ကျူးကျော်လာတဲ့ လုပ်ရပ်အပေါ် အလေးနက်ကိစ္စတရပ်အဖြစ် သဘောထားကြောင်းနဲ့ ဒီကိစ္စနဲ့ပတ်သက်ပြီး သံအမတ်ကြီးအနေနဲ့ ဖြေရှင်းချက်ပေးဖို့ တောင်းဆို ကြောင်း ပြောကြားခဲ့တယ်လို့ Estonia နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရအမျိုးသမီးက ပြောပါတယ်။ ရုရှားရဲ့ Ilyushin-20 အမျိုးအစား ထောက်လှမ်းရေးလေယာဉ်ဟာ သူ့နိုင်ငံရဲ့ လေပိုင်နက်အတွင်း အင်္ဂါနေ့ နေ့ခင်းပိုင်းက ဘာကြောင့် ၀င်ရောက်လာရသလဲ ဆိုတဲ့အချက်ကို Estonia နိုင်ငံက သိလိုနေတဲ့အကြောင်း ပြောခွင့်ရအမျိုးသမီးက ပြောပါတယ်။ ရုရှားထောက်လှမ်းရေး လေယာဉ်ဟာ Estonia လေပိုင်နက်အတွင်းမှာ တမိနစ်ခန့် ၀င်ရောက်လာခဲ့ကြောင်း NATO အဖွဲ့ကပြောပါတယ်။ အမည်မသိ လေယာဉ်တစီးကို ရေဒါထဲမှာ တွေ့ရှိခဲ့ပြီးတဲ့နောက် ဘော်လ်ကန် ဒေသတွင်းမှာရှိတဲ့ လေတပ်အခြေစိုက် စခန်းတခုမှာရှိတဲ့ ပေါ်တူဂီနဲ့ ဒိန်းမတ်နိုင်ငံတွေက F-16 တိုက်လေယာဉ်တွေ ချက်ခြင်း ပျံတက်ပြီး လိုက်ခြဲ့

IS အဖွဲ့ရဲ့ လုပ်ရပ်ဆိုးကို မွတ်စလင်အကျဉ်းသားတွေ ခံစားနေရ

အကျဉ်းသား အခွင့်အရေး အတွက် ​လှုပ်ရှားပေးတဲ့ ​Justice ​Action ​အဖွဲ့ရဲ့ ​အဆိုအရ ​သြစတြေးလျနိုင်ငံ ​နယူးဆောက်သ်ဝေးလ် ​ပြည်နယ်အတွင်းက ​အကျဉ်းထောင်တွေမှာ ​မွတ်စလင် ​အကျဉ်းသားတွေ အပေါ် ​ခွဲခြားမှုတွေ ​လုပ်နေတဲ့ အတွက် ​ပြဿနာကြီး ​ဖြစ်လာနိုင်တယ်လို့ ​သတိပေး ထားပါတယ်။ IS ​အစ္စလာမ်မစ် ​စစ်သွေးကြွ ​အဖွဲ့ရဲ့ ​လုပ်ရပ်တွေကို ​ထောင်တွင်းက ​မွတ်စလင်တွေ ​ပေးဆပ်နေရသလို ​ဖြစ်နေတယ်လို့ ​Justice ​Action ​အဖွဲ့က ​Brett ​Collins ​က ​ပြောပါတယ်။ ပြီးခဲ့တဲ့ ​လတွေအတွင်းကစပြီး ​Goulburn ​အကျဉ်းထောင်သာမက ​တခြား ​အကျဉ်းထောင်တွေမှာလည်း ​အကျဉ်းသားအခွင့်အရေး ​ချိုးဖောက်ခံရမှုတွေ ​ရှိနေပြီး ​ဘာသာရေးခံယူချက်အပေါ် ​စော်ကားခံရတာမျိုးပါ ​ကြားလာနေရတယ်လို့ ​သူက ​ပြောပါတယ်။ အကျဉ်းထောင်အတွင်းမှာ ​ရုန်းရင်းဆန်ခမှုတွေ ​မဖြစ်အောင် ​ရဲတွေအနေနဲ့ ​သေချာစောင့်ကြည့်နေတယ်လို့လည်း ​အကျဉ်းထောင်အရာရှိက ​ပြောပါတယ်။ အရင်လတုန်းက ​မွတ်စလင်ဘာသာဝင် ​အကျဉ်းသားတွေက ​ဘာသာရေးပွဲတော်အနေနဲ့ ​BBQ ​အသားကင်တွေ ​ပြုလုပ်ဖို့ ​စီစဉ်ထားပေမယ့် ​အဲဒီ ​အစီအစဉ် ​ဖျက်သိမ်းခံရပြီးနောက် ​မွတ်စလင် ​အကျဉ်းသားတွေက ​မကျေမနပ် ​ဖြစ်ကြရာကနေ ​ပဋိပက္ခတွေ ​ဖြစ်ပြီး ​မွတ်စလင် ​အကျ

၂၀၁၅ ရွေးကောက်ပွဲ NLD ဝင်မဝင်

ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာ ဆွေးနွေးခန်းအစီအစဉ်မှာ ၂၀၁၅ အထွေထွေရွေးကောက်ပွဲကို နောက်နှစ် နိုဝင်ဘာလမှာ ကျင်းပမယ်လို့ ရွေးကောက်ပွဲကော်မရှင်က ကြေညာလိုက်ပါတယ်။ ဒီကြေညာချက်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကြိုဆိုတယ်လို့ သိရပါတယ်။ လက်ရှိဖွဲ့စည်းပုံ မပြင်ဆင်ဘဲ ရွေးကောက်ပွဲ ကျင်းပလာမယ်ဆိုရင်ကော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က လက်ခံမလား။ ဝင်ရောက်ယှဉ်ပြိုင်လားဆိုတာကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တရားဝင်ပြောခွင့်ရပုဂ္ဂိုလ်၊ ဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင် ဦးဝင်းမြင့် နဲ့ ဦးကျော်ဇံသာတို့ ဆွေးနွေးသုံးသပ်ထားပါတယ်။ ဦးကျော်ဇံသာ ။ ။ ရွေးကောက်ပွဲကော်မရှင်ကနေ ၂၀၁၅ ရွေးကောက်ပွဲကို နိုဝင်ဘာလအတွင်းမှာ ကျင်းပဖြစ်မယ်ဆိုတဲ့ ကြေညာချက် ထွက်လာပါတယ်။ အဲဒီ ကြေညာချက်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့  သဘောထား။ ကြိုဆိုတယ်လို့ ပြောထားတာကို ကျနော်တို့ ကြားပြီးပါပြီ။ အဲဒီကိစ္စကို ဦးဝင်းမြင့် ဆက်ပြောတာ ကြားချင်ပါတယ်။ ဦးဝင်းမြင့် ။ ။ ကြိုဆိုတာလို့ ပြောထားတာ ကျနော် မသိဘူး။ ဘယ်သူ ပြောထားပါသလဲ။ ဦးကျော်ဇံသာ ။ ။ ဦးထွန်းထွန်းဟိန် အသံနဲ့ … ဦးဝင်းမြင့် ။ ။ ကျနော်က ဥပဒေအတိုင်းပြောမယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ရွေးကောက်ပွဲက (

အိုင်အက်စ်တို့ကို တိုက်ခိုက်ရာတွင် တစ်နေ့ကာကွယ်ရေး အသုံးစရိတ် ကန်ဒေါ်လာ ၇ ဒသမ ၆ သန်းကုန်ကျကြောင်း ပင်တဂွန်ပြောကြား

ဝါရှင်တန် အောက်တိုဘာ ၂၂ အိုင်အက်စ်စစ်သွေးကြွ အုပ်စုများ ကို တိုက်ခိုက်ရာတွင် ကာကွယ်ရေး အသုံးစရိတ် တစ်နေ့လျှင် ပျမ်းမျှ အမေရိကန်ဒေါ်လာ ၇ ဒသမ ၆ သန်း ကုန်ကျကြောင်း အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာနက ပြော ကြားသည်။ အမေရိကန်အစိုးရသည် စစ်ရေး ပြင်ဆင်မှု၊ အိုင်အက်စ်စစ်သွေးကြွများကို လေကြောင်းဖြင့် တိုက်ခိုက် မှု စသည်တို့တွင် ရက်သတ္တ ၁ဝ ပတ်အတွင်း အမေရိကန်ဒေါ်လာ ၄၂၄ သန်း ကုန်ကျခဲ့ကြောင်း ပင်တဂွန်၏ ဟြေရေးဆိုခွင့်ရှိသူ ဒုတိယရေတပ်ဗိုလ်ချုပ်ကြီး အဒမ်ဂျွန် ကာဘီက အင်္ဂါနေ့တွင် သတင်း ထောက်များကို ဟြေကြားခဲ့သည်။ ဆီးရီးယားအစိုးရကို မငြိမ် မသက်ပြုလုပ်ရန်အတွက် ၂ဝ၁၂ ခုနှစ်က ဂျော်ဒန်နိုင်ငံတွင် စီအိုင် အေများက ပထမဆုံး လေ့ကျင့်ပေး ခဲ့သော အိုင်အက်စ်စစ်သွေးကြွများ သည် ဆီးရီးယားနိုင်ငံမြောက်ပိုင်း နယ်မြေများကို ထိန်းချုပ်ထားခဲ့ ကြသည်။ အိုင်အက်စ်စစ်သွေးကြွများသည် ဇွန်လတွင် ၄င်း၏ တိုက် ခိုက်ရေးသမားများကို အီရတ်သို့ စေလွှတ်ခဲ့သည်။ ၄င်း အိုင်အက်စ်များ က နိုင်ငံနှစ်ခု၏ နယ်စပ်ဒေသ တစ်ခွင်ကို လျင်မြန်စွာ သိမ်းပိုက်ခဲ့ ကြသည်။ ပင်တဂွန်၏အဆိုအရ သြဂုတ် လလယ်လောက်ကတည်းက အမေ ရိကန်စစ်လေယာဉ်များသည် အီရတ် ရှိ အိုင်အက်စ်စစ်သွေြး<ွကများကို အြ

တီးတိန်မြို့နယ်တွင် ဂျစ်ကားတိမ်းမှောက်၍ တစ်ဦးသေဆုံး ရှစ်ဦးဒဏ်ရာရ

တီးတိန် အောက်တိုဘာ ၂၂ ချင်းပြည်နယ် တီးတိန်မြို့နယ် လမ်ဇန်ကျေးရွာတွင် ကလေးမြို့မှ မောင်းနှင်လာသော ရွှေနယ်စပ် ယာဉ်လိုင်းမှ ခရီးသည် ၁၁ ဦး တင်ဆောင်လာသော ဟိုင်မွာလ် ဂျစ်ကားတစ်စီးသည် ကားဘရိတ် ပေါက်၍ တိမ်းမှောက်ခဲ့ပြီး ကလေးမြို့ တာဟန်း ရပ်ကွက်နေ မရိုစီလာလ် ရင်းမောအီ (၁၉နှစ်) သေဆုံးကာ ခရီးသည်ရှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ အဆိုပါ ဟိုင်မွာလ်ဂျစ်ကားသည် အောက်တိုဘာ ၁၆ ရက် နံနက်ပိုင်းက ကလေးမြို့မှ ထွက်ခွာလာရာ တီးတိန် မြို့မှ သုံးမိုင်အကွာ ရိဒ်လမ်းကြောင်း ဟိုင်မွာလ် -တီအိုချောင်းသို့အသွား လမ်းပေါ်ရှိ လမ်ဇန်ကျေးရွာအနီး အကွေ့အဆင်းတွင် ဘရိတ်ပေါက် ကာ တိမ်းမှောက်ခဲ့ခြင်းဖြစ်သည်။ ဒဏ်ရာရရှိသူများကို တီးတိန်မြို့ ပြည်သူ့ဆေးရုံသို့ ဇိုမီးလူငယ်လူမှု ကူညီရေးအသင်းကားဖြင့် ပို့ဆောင် ပေးခဲ့သည်။ ယာဉ်မောင်းမှာ ထွက် ပြေးတိမ်းရှောင်သွားသဖြင့် တီးတိန် မြို့မရဲစခန်းက အမှုဖွင့်အရေးယူထား ကြောင်း သိရသည်။ နေစု(ချင်းရိုးမ) Myanmaalinn http://ift.tt/1nAnMka from သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin http://ift.tt/1tcIucA

စလင်းမြို့နယ် ခင်ပလူးကျေးရွာမှ လိင်အင်္ဂါနှစ်မျိုးနဲ့ ကလေး

မကွေးတိုင်း ဒေသကြီး စလင်းမြို့နယ် ခင်ပလူးကျေးရွာနေ လက်လုပ် လက်စားဖြစ်သော ကိုဝင်းသူ- မတုတ်တို့မှ ပြီးခဲ့သောနှစ်က ဖိုအင်္ဂါနှင့် မအင်္ဂါ နှစ်မျိုးပါသော ကလေးမွေးခဲ့သည်။ ယခု အဆိုပါ ကလေးအား မည်ကဲ့သို့ ကုသရမည်ကို မသိရှိ၊ ကုသရာတွင်လည်း ငွေကြေး မတတ်နိင်သဖြင့် ယနေတိုင် ဒုက္ခရောက် နေကြောင်း စလင်းမြို့နယ် NLD အဖွဲ့ချုပ်ထံမှ သိရသည်။ စလင်းမြို့နယ် NLDအဖွဲ့ချုပ်မှ ဦးအေးကိုက စလင်းနဲ့ ခင်ပလူးကျေးရွာဟာ လမ်းပန်းဆက်သွယ်ရေး အလွန်ခက်ခဲတယ်၊ ဒီလိုတောထဲမှာ ဒီလိုကလေးရှိတာ ကလေးအတွက် ကံဆိုးတာပေါ့ မိဘတွေကလည်း ဆင်းရဲ၊ တစ်နေ့လုပ်တစ်နေ့ စားတွေလေ၊ ဒီကလေးကို ဘယ်လိုဆေးကုနိင်မှာလဲ၊ ကလေးက တဖြည်းဖြည်းကြီးလာမှာ၊ ကြာရင်အန္တာရာယ်ရှိလာနိင်တယ်၊ ဒါကြောင့် မီဒီယာတွေနဲ တွေ့ပြီး အကူအညီတောင်းတာပါဟု ပြောသည်။ ၎င်းမှဆက်လက်၍ မီဒီယာတွေက ဂျာနယ်တွေ၊ အင်တာနက်တွေမှာ သတင်းရေးရင် ဖတ်မိတဲ့ အလှုရှင်တွေ၊ စေတနာရှင်တွေ၊ ပါရဂူတွေ၊ NGOတွေသိပြီး ကူညီခဲ့ရင် ဒီကလေးရဲ့ကံပေါ့ ကူညီကြ၊ ကုနိင်ကြမယ်၊ စိတ်ဝင်စား တယ်ဆိုရင် ဒီဖုန်းတွေကို ဆက်သွယ်နိင်ပါတယ်။ ဦးစိုးရှင်(စလင်း) ၀၉၄၀၁၅၇၅၀၂၂ ဦးနိင်လင်း(စလင်း) ၀၉၄၀၁၅၅၄၁၄၆ ထွန်းတောက်(မင်းဘူး) ၀၉၃၃၄၁၁၆၃၄ တင်ရွှေ (မင်းဘူုး) BY T

ရခိုင်လူငယ် ၃ ဦးကို ဖောက်ခွဲမှုနဲ့ ထောင် ၄ နှစ်စီ ချမှတ်

ရန်ကုန်မြို့က ဗလီတွေကို ဖေါက်ခွဲရေး လုပ်ဖို့ ကြိုးစားတယ်လို့ ရဲတပ်ဖွဲ့က စွပ်စွဲပြီး ရခိုင်လူငယ် ၃ ယောက်ကို ဒီနေ့ ထောင်ဒဏ် ၄ နှစ်စီ ချမှတ်လိုက်ပါတယ်။ ကိုခိုင်နေမင်း၊ ကိုဘိုဘိုထွန်း၊ ကိုသိန်းညွန့် တို့ကို ရန်ကုန်တိုင်း မြောက်ပိုင်းခရိုင် တရားရုံးကနေ စီရင်ချက် ချလိုက်တာလို့  သူတို့အမှုကို လိုက်ပြီး ဆောင်ရွက်ပေးတဲ့ ရှေ့နေ ဦးရောဘတ်စန်းအောင်က RFA ကိုပြောပါတယ်။ "အဲဒီ့ ရခိုင်လူငယ် ၃ ယောက်ကို ရဲမှူးကနေပြီးတော့ ရန်ကုန်မြို့မှာရှိတဲ့ ဗလီတွေကို ဗုံးခွဲဖို့ကြံစည်ပါတယ်၊ နယ်စပ်မှာ သင်တန်းတက်ပါတယ် ဆိုပြီးတော့ ညှင်းပမ်း နှိပ်စက်ပြီးတော့မှ ဒီဟာကို အမှု တည်ဆောက် လာတယ်၊ အမှုတည်ဆောက်လာ ပြီးတော့ ၁၉၀၈ ခုနှစ် ပေါက်ကွဲ စေတတ်သော ဥပဒေပုဒ်မ ၅/၆ နဲ့ တရားစွဲဆိုတယ်၊ စွဲတဲ့အခါမှာ သက်သေခံချက်က မခိုင်လုံပါဘူး၊ သက်သေခံချက်တွေ မခိုင်လုံသော်လည်း တိုင်းဒေသကြီးရဲတပ်ဖွဲ့က စွဲတယ်ဆိုတဲ့အပေါ်မှာ မူတည်ပြီးတော့ နောက်ဆုံးသက်ရောက်မှုကတော့ ထောင်ဒဏ်လေးနှစ် ဒီနေ့ အမိန့်ချလိုက်တာပေါ့" ကိုခိုင်နေမင်းဟာ အရင်က မကြာခဏဆန္ဒပြခဲ့တဲ့အတွက် ပုဒ်မ ၁၈ နဲ့ အရေးယူခံရဖူးပြီး၊ ၂၀၁၃ ခုနှစ် နိုဝင်ဘာလမှာတော့ နယ်စပ်မှာဖေါက်ခွဲရေး သင်တန်းတက်ခဲ့တယ်ဆိုတ

ပျက်စီးလာနေတဲ့ စစ်တွေကမ်းခြေ (ရုပ်/သံ)

ရခိုင်ပြည်နယ် စစ်တွေကမ်းခြေမှာ ဆောက်လုပ်ရေး ကုမ္ပဏီတွေ၊ စီးပွားရေး လုပ်ငန်းရှင်တွေရဲ့ အလွန်အကျွံ သဲတူးတဲ့ လုပ်ငန်းတွေကြောင့် ကမ်းခြေ ပျက်စီးလာ နေတယ်လို့ သိရပါတယ်။ ဒီအကြောင်း RFA သတင်းထောက် ကိုနေမျိုးထွန်းက တင်ပြထားပါတယ်။ RFA Burme ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ from သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin http://ift.tt/1ylXy6J

ထိုင်းရဲတွေ အစိုးရသက်သေကို ရိုက်နှက်ညှင်းပန်းခဲ့

ထိုင်းလူ့အခွင့်ရေး ကော်မရှင်၊ ထိုင်းရှေ့နေများ ကောင်စီနဲ့ ထိုင်းမီဒီယာတွေဟာ ကော့တောင်ကျွန်းမှာ ဗြိတိသျှ လူမျိုး၂ ဦး ကို သတ်ဖြတ်မှုနဲ့ စွပ်စွဲခံနေရတဲ့ မြန်မာအလုပ်သမား မောင်ဇော်လင်းနဲ့ မောင်ဝင်းဇော်ထွန်းတို့ရဲ့ မိဘတွေ၊ အရင် ထိုင်းအစိုးရ သက်သေ ဖြစ်တဲ့ မောင်မောင် နဲ့ မြန်မာသံရုံးက ဒီအမှုနဲ့ ပတ်သက်ပြီး ဖွဲ့စည်းထားတဲ့ အထူးစုံစမ်းရေး အဖွဲ့ဝင် တွေကို ဘန်ကောက်မြို့၊ မြန်မာသံရုံးမှာ အောက်တိုဘာလ ၂၂ ရက်နေ့က တွေ့ဆုံ မေးမြန်းတာတွေ လုပ်ခဲ့ပါတယ်။ ထိုင်းလူ့အခွင့်ရေးကော်မရှင်က မောင်မောင်ကို ရဲတွေရဲ့ နှိပ်စက်ညှင်းပန်းမှုနဲ့ပတ်သက်ပြီး မေးမြန်းရာမှာ မောင်မောင်က သူကို နောက်ပြန်လက်ထိပ်ခတ်ပြီး၊ ပေါင်ကို တယောက် တဘက်စီက နင်းထားခဲ့သလို ပုခုံးနဲ့ ခေါင်းကိုလည်း တယောက်စီက နင်းထားခဲ့တယ်လို့ ပြောပြခဲ့ကြောင်း တွေ့ဆုံရာမှာ ပါဝင်ခဲ့တဲ့ အထူးစုံစမ်းရေး အဖွဲ့ဝင်တဦးဖြစ်တဲ့ ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအဖွဲ့ MAT ရဲ့ ဒါရိုက်တာ ဦးကျော်သောင်းက ပြန်ပြောပြပါတယ်။ ကန်ကျောက်တာတွေကြောင့် နှုတ်ခမ်းကွဲသွားပြီး ၃ ရက် ချုပ်ထားစဉ် အစားအသောက် အနည်းအကျဉ်းလောက်ပဲ ပေးခဲ့ပြီး နှိပ်စက်ညှင်းပန်းမှုတွေ ခံခဲ့ရတယ်လို့ လည်း ကိုမောင်မောင်က ပြောခဲ

“ရွှေသဇင်” ဆပ်ပြာစက်ရုံ ဆန္ဒပြပွဲ (ရုပ်/သံ)

မန္တလေး ပြည်ကြီးတံခွန်မြို့နယ်၊ စက်မှုဇုန် (၁) ထဲမှာရှိတဲ့ “ရွှေသဇင်” ဆပ်ပြာစက်ရုံက ဝန်ထမ်း တရာနီးပါးဟာ လုပ်ငန်းခွင်မှာ ကျန်းမာရေးစောင့်ရှောက်မှု ရှိဖို့နဲ့၊ လူမှုဖူလုံရေး ခံစားခွင့်တွေပေးဖို့ ဒီကနေ့ စက်ရုံရှေ့မှာ ဆန္ဒပြတောင်းဆိုနေကြပါတယ်။ RFA သတင်းထောက် ကိုကျော်သူက တင်ပြထားပါတယ်။ RFA Burme ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ from သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin http://ift.tt/10oyLEf

“ဆန်နီ” အထည်ချုပ်စက်ရုံ ဆန္ဒပြပွဲ (ရုပ်/သံ)

ရန်ကုန်တိုင်း လှိုင်သာယာ စက်မှုဇုန် (၂) မှာရှိတဲ့ “ဧရာဝတီ ဆန်နီ” အထည်ချုပ်စက်ရုံက အလုပ်သမား ၇ ရာကျော်ဟာ စက်ရုံက လစာထုတ်ပေးတဲ့အခါ ကွာဟနေတာတွေကို ဖြေရှင်းပေးဖို့အတွက် ဆန္ဒပြနေကြပါတယ်။ RFA သတင်းထောက် ကိုကျော်ဇောဝင်းက တင်ပြထားပါတယ်။ RFA Burme ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ from သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin http://ift.tt/10oyJw4

Tech Space ကွန်ပျူတာ၊ သိပ္ပံ နှင့် နည်းပညာဂျာနယ် Vol-3 Issue-29

TechSpace [Vol-3, Issue-29] FB.pdf by Thit Htoo Lwin Tech Space ကွန်ပျူတာ၊ သိပ္ပံ နှင့် နည်းပညာဂျာနယ် Vol-3 Issue-29 from သစ်ထူးလွင် (သတင်းစာ၊ ဂျာနယ်နှင့် ရုပ်သံ) - Myanmar News Now http://ift.tt/1FDTHqI via IFTTT