Skip to main content

ဒေါနတောင်ခြေတွင် KNU ခေါင်းဆောင်များ ခေါင်းချင်းဆိုင်



အောက်တိုဘာ - ၂၃ - ၂၀၁၄

ကရင်အမျိုးသား အစည်းအရုံး KNU ၏ အရေးပေါ် ဗဟိုကော်မတီ အစည်းအဝေးကို ယနေ့မှ စတင်ကာ ဒေါနတောင်ခြေတွင် စတင်ကျင်းပနေပြီး ဗဟိုကော်မတီဝင် ၄၉ ဦး ရှိသည့်အနက် အားလုံးနီးပါး တက်ရောက်ခဲ့ကြသည်။


အစည်းအဝေးတွင် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC တွင် ဆက်လက်၍ အဖွဲ့ဝင်ဖြစ်ရေး မဖြစ်ရေးနှင့် ယခုလ ၁၃ ရက်နေ့က ဖွဲ့စည်းလိုက်သည့် ကော်သူးလေ တပ်မတော်ဆိုင်ရာ ကိစ္စများ အပါအ၀င် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဆိုင်ရာများကို ဆွေးနွေးရန်ပါရှိသည်ဟု ဗဟိုကော်မတီဝင်တဦးကပြောသည်။


အမေရိကန်နိုင်ငံမှ စောရှားဝေါ်က " လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး စည်းလုံးညီညွတ်မှုကို ထိခိုက်နိုင်တဲ့ အတွက် တာဝန်ရှိသူတွေ အမျိုးသား အကျိုးကို ရှေးရှုပြီး သဘောထားတွေ ကြီးပေးကြဘို့ တိုက်တွန်းချင်ပါတယ်"ဟုဆိုသည်။


ဘားအံခရိုင်ရှိ လေးဝါးတပ်စခန်းတွင် ယနေ့မှစတင်သည့် အရေးပေါ် ဗဟိုကော်မတီ အစည်းအဝေးကို၂၅ ရက်နေ့အထိ ကျင်းပမည် ဖြစ်သော်လည်း လိုအပ်ပါက ရက်ထပ်တိုးကာ ဆက်လက် ဆွေးနွေးကြမည်ဖြစ်သည်။


ယခုပြု လုပ်နေသည့် အစည်းအဝေးကို နိုင်ငံတကာရှိ ကရင်အမျိုးသားများက စောင့်ကြည့် လေ့လာလျှက်ရှိပြီး အမျိုးသားထု တရပ်လုံးအတွက် ကောင်းမွန်သော ရလဒ်ကိုသာ ရရှိစေလိုသည်ဟု သဘောထားပေးကြသည်။


ကရင်ပြည်နယ်အခြေစိုက် ကရင်နိုင်ငံရေး ပါတီတခု၏ ခေါင်းဆောင်တဦးက" ကျနော်တို့ ကရင်အမျိုးသားအများစုက KNU ကိုဘဲ စံအဖြစ်ထားရှိတာပါ သူတို့တလွဲတချော် လုပ်ကြမယ်ဆိုရင်တော့ သက်ရောက်မှုကကြီးတယ်ဆိုတော့ အကောင်းဆုံး အခြေရရှိဘို့ဘဲ မျှော်လင့်ပါတယ်"ဟု ပြောဆိုသည်။


သတင်းနှင့်ဓာတ်ပုံ - ကရင်အမျိုးသား (မီဒီယာ)

http://ift.tt/1wrrVdU


ပုံစာ - ပုံတွင်ပါရှိသည့် ခေါင်းဆောင်များ အပါအ၀င် ဗဟိုကော်မတီဝင် အားလုံးနီးပါး တက်ရောက်ခဲ့ကြသည်။






from သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin http://ift.tt/1ow27vd

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...