Skip to main content

Posts

Showing posts from June 3, 2014

ပြင်းထန်သည့်လေ့ကျင့်ခန်းအစီအစဉ်ကြောင့် အင်္ဂလန်ကစားသမားများ ကိုယ်အလေးချိန်လျော့ကျ...

ပြင်းထန်သည့်လေ့ကျင့်ခန်းအစီအစဉ်ကြောင့် အင်္ဂလန်ကစားသမားများ ကိုယ်အလေးချိန်လျော့ကျ ............................................... "ကျွန်တော်တို့ အတော်လေး အလုပ်များခဲ့တယ်။ စိန့်ဂျော့ခ်ျပါ့ခ်မှာ ပြီးခဲ့တဲ့တစ်ပတ်က ကျွန်တော်တို့ လေ့ကျင့်ခန်း နှစ်ခုလုပ်ခဲ့ရတယ်။ မနက်ပိုင်းမှာ လေ့ကျင့်ခန်းဆင်း၊ နေ့လယ်ကျတော့ အစားစားပြီး အိပ်၊ ညပိုင်းကျတော့ စက်ဘီစီးလေ့ကျင့်ခန်းနဲ့ အပူခန်းတွေထဲဝင်တာတွေလုပ်ရတယ်..." (သတင်းအပြည့်အစုံကို ဒီနေရာမှာ ၀င်ရောက်ဖတ်ရှုနိုင်ပါပြီ) Mizzima Sport News အားကစားသတင်းမှန်သမျှ.....ဒီမှာ ရနေပြီ....။ from Mizzima - News in Burmese's Facebook Wall http://ift.tt/1ncpc1B

ကမ္ဘောဇအသင်း၏ အိမ်ကွင်းအဖြစ် အောင်ဆန်းကွင်းအား သတ်မှတ် .............................

ကမ္ဘောဇအသင်း၏ အိမ်ကွင်းအဖြစ် အောင်ဆန်းကွင်းအား သတ်မှတ် ............................................. “ကျွန်တော်တို့ ကမ္ဘောဇအသင်းရဲ့ အိမ်ကွင်းအဖြစ် အောင်ဆန်းကွင်းကို သတ်မှတ်ပေးထားပါတယ်။ဒါပေမယ့် မကွေးနဲ့ပွဲစဉ်မှာတော့ ကမ္ဘောဇအသင်းရဲ့ အိမ်ကွင်းက YTC ဖြစ်လာပါလိမ့်မယ်။ ဒါကလည်း အရင် KBZ ကွင်းမှာ ကစားမယ့်ရမယ့်ရက်မှာ အောင်ဆန်းကွင်းက မအားပဲ YTC ကွင်းပဲအားလို့ပါ။” (သတင်းအပြည့်အစုံကို ဒီနေရာမှာ ၀င်ရောက်ဖတ်ရှုနိုင်ပါပြီ) Mizzima Sport News အားကစားသတင်းမှန်သမျှ.....ဒီမှာ ရနေပြီ....။ from Mizzima - News in Burmese's Facebook Wall http://ift.tt/1ncp95Y

မင်းသမီး ဒီမိမိုး၏ သမီးစကောက်ဝဲလစ် နယူးယောက်ခ်မြို့ လမ်းများပေါ်တွင် အပေါ်ပိုင်း အ...

မင်းသမီး ဒီမိမိုး၏ သမီးစကောက်ဝဲလစ် နယူးယောက်ခ်မြို့ လမ်းများပေါ်တွင် အပေါ်ပိုင်း အဝတ်ဗလာနှင့်ဆန္ဒပြခဲ့ တစ်ချိန်က အာရှပရိတ်သတ်များ အလယ်တွင် ရေပန်းစားခဲ့သော မင်းသမီးဒီမိမိုး၏ သမီးဖြစ်သူ စကောက်ဝဲလစ်သည် နယူးယောက်ခ်မြို့ လမ်းများပေါ်တွင် အပေါ်ပိုင်း အဝတ်ဗလာဖြင့် လမ်းလျှောက် သွားနေပုံများကို ဇွန်၃ရက်က အွန်လိုင်းပေါ်တွင် တွေ့ရသောအခါ ၎င်း၏တွစ်တာ အသိုင်းအဝန်းမှ မိတ်ဆွေများ အံ့သြတုန်လှုပ် သွားခဲ့သည်ဟု မေးလ်အွန်လိုင်းတွင် ရေးသားထားသည်။ အသက်၂၂နှစ်သာ ရှိသေးသည့် စကောက်ဝဲလစ် အမျိုးသမီး အဝတ်ဗလာပုံများ တင်ခြင်းကို ကန့်ကွက်သည့် Instagram ၏မူဝါဒကို သဘောမတူကြောင်း အလေးအနက် ဖော်ပြသည့် အနေဖြင့် ထိုသို့ပြုလုပ် ဆန္ဒပြခဲ့ခြင်း ဖြစ်သည်ဟု ရှင်းလင်းပြောဆိုခဲ့သည်။ “ဒီလို ရူးရူးမိုက်မိုက် လုပ်ရပ်မျိုး တစ်ခုခုလုပ်ဖို့ ပြီးခဲ့တဲ့ သီတင်းပတ် အစောပိုင်းတည်းက ဆုံးဖြတ်ခဲ့တာပါ။ သူတို့ပြောတဲ့ “instance of abuse” ဆိုတာနဲ့ပတ်သက်ပြီး ကျွန်မရဲ့အကောင့်ကို Instagramက မကြာသေးခင်ကမှ ဖျက်ပစ်လိုက်ကြတယ်။ အဲ့ဒီအကောင့်မှာ ကျွန်မရဲ့ကိုယ်အပေါ်ပိုင်း အင်္ကျီအပါးလေး တစ်ထည်တည်း ဝတ်ထားတဲ့ပုံနဲ့ ကျွန်မသူငယ်ချင်း နှစ်ယောက်ရဲ့ အပေါ်ပိုင်း ဂျာကင်အကျီ တစ်ထည်တည

" နာမည်ကျော် Taken မင်းသားကြီး ဂျပန်ခေတ် ချွေးတပ်အကြောင်း မြန်မာနိုင်ငံတွင် ရု...

" နာမည်ကျော် Taken မင်းသားကြီး ဂျပန်ခေတ် ချွေးတပ်အကြောင်း မြန်မာနိုင်ငံတွင် ရုပ်ရှင်ရိုက်ရန် ညှိနှိုင်းနေ " နာမည်ကျော် Taken ရုပ်ရှင်မင်းသားကြီး Liam Neeson က မြန်မာနိုင်ငံတွင် ဖြစ်ပျက်ခဲ့သော ဂျပန်ခေတ်ချွေးတပ်အကြောင်း ဇာတ်ကားရိုက်ကူးရန် ညှိနှိုင်းနေကြောင်း ဇာဂနာထံမှ သိရသည်။ ''ကျွန်တော် ၂ဝ၁၂ ခုနှစ်တုန်းက အမေရိကန်သွားရောက်ခဲ့စဉ်က Liam Neeson နဲ့တွေ့ဆုံခဲ့ပြီး အမှတ်တရ ဓာတ်ပုံရိုက်ဖူးခဲ့တယ်။ အခု သူ့အဖွဲ့တွေ မြန်မာနိုင်ငံလာတဲ့ အချိန်မှာဓာတ်ပုံပေါ်မှာ စာရေးပြီး ဇာဂနာကို တွေ့အောင်ရှာဖို့ ပြောလိုက်တယ်။ သူတို့ လာတွေ့တဲ့ အချိန်မှာ သံဖြူဇရပ်မှာ ဖြစ်ပေါ် ခဲ့တဲ့ ဂျပန်ခေတ်ချွေးတပ်အကြောင်း ရိုက်ကူးချင်တယ်။ အဲဒီအတွက် Location လာကြည့်တာလို့ ပြောတယ်။ အခုလောလော ဆယ် နေပြည်တော်မှာရှိတဲ့ ပြန်ကြားရေးဝန်ကြီးဌာနက တာဝန်ရှိသူတွေနဲ့ သွားတွေ့ပြီး ညှိနှိုင်းနေတယ်။ သူတို့ဘက်က အကူအညီတောင်းလို့ ကူညီပေးဖြစ်တာပါ'' လို့ ဇာဂနာ က ရှင်းပြသည်။ မင်းသား Liam Neeson သည် အင်္ဂလိပ်စကားပြောဇာတ်ကား Taken နှင့် Non -Stop ဇာတ်ကား များတွင် ပါဝင်သရုပ်ဆောင်ခဲ့သည့် မင်းသားကြီးဖြစ်သည်။ from Popular Myanmar News Journal

ပြည်တွင်းစစ် ဖြစ်ပွားနေသော ဆီးရီးယား၌ သမ္မတရွေးကောက်ပွဲကျင်းပ ဒမတ်စကတ်၊ ဇွန်၃ြ...

ပြည်တွင်းစစ် ဖြစ်ပွားနေသော ဆီးရီးယား၌ သမ္မတရွေးကောက်ပွဲကျင်းပ ဒမတ်စကတ်၊ ဇွန်၃ ပြည်တွင်းစစ် ဖြစ်ပွားနေသော ဆီးရီးယားနိုင်ငံ၌ သမ္မတရွေးကောက်ပွဲကို အင်္ဂါနေ့တွင် စတင်ကျင်းပလိုက်ပြီး လက်ရှိသမ္မတ ဘာရှားအယ်အာဆတ်ပင် မဲအများစု အသာဖြင့် အနိုင်ရရှိနိုင်ကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။ သမ္မတအာဆတ် အုပ်ချုပ်မှုအောက်တွင်ရှိသည့် ဆီးရီးယား နယ်မြေများရှိ မဲရုံများကို နံနက် ၇ နာရီအချိန်တွင် စတင်ဖွင့်လှစ်ခဲ့သည်။ ရွေးကောက်ပွဲတွင် သမ္မတအာဆတ်ကို ယှဉ်ပြိုင်မည့် ပြိုင်ဘက်နှစ်ဦးမှာ လူသိများခြင်း မရှိသူနှစ်ဦး ဖြစ်ပြီး ဆီးရီးယားပါလီမန်က ၎င်းတို့ကို အတည်ပြု ထောက်ခံပေးခဲ့သည်။ လူပေါင်း ၁၆၀,၀၀၀ ကျော်သေဆုံးပြီး ဒေသခံသန်းနှင့်ချီ နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရသည့် ဆီးရီးယား ပြည်တွင်းစစ် သုံးနှစ်တာကာလတွင် သမ္မတရွေးကောက်ပွဲ ကျင်းပခြင်း ဖြစ်သည်။ အဆိုပါ ရွေးကောက်ပွဲတွင် လက်ရှိသမ္မတ အာဆတ်ပင် အနိုင်ရရှိပြီး ခုနှစ်သက်တမ်းရှိသည့် သမ္မတရာထူးကို တတိယအကြိမ် ဆက်လက်ထမ်းဆောင်မည်ဟု မျှော်လင့်ရကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။ သို့သော်လည်း သမ္မတရွေးကောက်ပွဲမှာ အတုအယောင်သာ ဖြစ်သည်ဟု ဆီးရီးယား အတိုက်အခံများက ဝေဖန်ထားပြီး ရွေးကောက်ပွဲတွင် ပါဝင်ြ

Miss Universe Myanmar 2014 ဆန်ကာတင်ရွေးပွဲ ကျင်းပ ---------------- Miss Universe...

Miss Universe Myanmar 2014 ဆန်ကာတင်ရွေးပွဲ ကျင်းပ ---------------- Miss Universe Myanmar 2014 ဆန်ကာတင် ၂၀ ရွေးချယ်သည့် အခမ်းအနားကို ဇွန် ၄ ရက်နံနက်က မြန်မာလေညှင်းကုမ္ပဏီ ရုံးခန်း၌ ပြုလုပ်ခဲ့သည်။ သတင်းအပြည့်အစုံ... http://ift.tt/1rKowFH Miss Universe Myanmar 2014 ဆန်ကာတင်ရွေးပွဲ ကျင်းပ 7daydaily.com Miss Universe Myanmar 2014 ဆန်ကာတင် ၂၀ ရွေးချယ်သည့် အခမ်းအနားကို ဇွန် ၄ ရက်နံနက်က မြန်မာလေညှင်းကုမ္ပဏီ ရုံးခန်း၌ ပြုလုပ်ခဲ့သည်။ from 7Day News Journal's Facebook Wall http://ift.tt/1rKowFL
Issue 731: June 2 - 8, 2014. www.scribd.com Full PDF of this week's paper available online now. from The Myanmar Times's Facebook Wall http://ift.tt/1iSLMbh

မိုဘိုင်းလ်ဖုန်း ဆင်းမ်ကတ်များ စက်တင်ဘာ စရောင်းမည်ဟု တယ်လီနောအတည်ပြု ရန်ကုန်၊ ဇ...

မိုဘိုင်းလ်ဖုန်း ဆင်းမ်ကတ်များ စက်တင်ဘာ စရောင်းမည်ဟု တယ်လီနောအတည်ပြု ရန်ကုန်၊ ဇွန် ၃ မြန်မာနိုင်ငံတွင် ဆက်သွယ်ရေး အော်ပရေတာလုပ်ငန်း လုပ်ကိုင်ရန် ပြင်ဆင်နေသည့် တယ်လီနောက ဆင်းမ်ကတ်များကို စက်တင်ဘာလမှ စတင်ရောင်းချမည် ဖြစ်ကြောင်း ဇွန်လ ၂ ရက်နေ့က ရန်ကုန်မြို့တော် တယ်လီနော ရုံးချုပ်တွင် ပြုလုပ်သည့် Net Monday အခမ်းအနား၌ တယ်လီနောမြန်မာ အမှုဆောင် အရာရှိချုပ် Mr. Petter Furberg က ပြောကြားသည်။ “ခေါ်ဆိုခကို တွက်ချက်နေဆဲ ဖြစ်တဲ့အတွက် ထပ်ပြီး ထုတ်ပြန်ပေးပါမယ်” ဟု ၎င်းကဆိုသည်။ ဆင်းမ်ကတ်များကို ၁၅၀၀ ကျပ်ဖြင့် ရောင်းချမည်ဖြစ်ပြီး အသက်အရွယ် မကန့်သတ်ဘဲ မှတ်ပုံတင်ရှိသူတိုင်း ဝယ်ယူနိုင်မည် ဖြစ်ကြောင်း တယ်လီနောမြန်မာထံမှ သိရသည်။ “စက်တင်ဘာဆိုရင် အော်ရီဒူးထက် နည်းနည်းနောက်ကျမှာပေါ့” ဟု မြောက်ဥက္ကလာပမြို့နယ်ရှိ Hearts မိုဘိုင်းလ်ဖုန်းဆိုင်မှ ဒေါ်ဇာခြည်က ပြောဆိုသည်။ ပြိုင်ဘက်ကုမ္ပဏီ တစ်ခုဖြစ်သည့် အော်ရီဒူးကမူ သြဂုတ်လဆန်းတွင် ဆင်းမ်ကတ်များ စတင်ရောင်းချမည် ဖြစ်ကြောင်း ကြေညာထားသည်။ from The Voice Weekly's Facebook Wall http://ift.tt/1rKmJ3s

After School အဖွဲ့မှရိန်နာနှင့် ဆန်အီးတို့ပေါင်း၍ စုံတွဲသီချင်းခွေထုတ်မည် After...

After School အဖွဲ့မှရိန်နာနှင့် ဆန်အီးတို့ပေါင်း၍ စုံတွဲသီချင်းခွေထုတ်မည် After School အဖွဲ့ဝင်ရိန်နာသည် SBS ရုပ်သံအဆိုတော် ဆန်အီးနှင့် ပူးပေါင်း၍ စုံတွဲသီချင်းခွေ တစ်ခွေ ထုတ်မည်ဟု အဆိုပါ အဖွဲ့ကပြောကြားခဲ့သည်။ “ ရိန်နာနဲ့ ဆန်အီးတို့ တွဲပြီးစုံတွဲ အချစ်သီချင်းခွေ တစ်ခွေ လုပ်ထားတာ ဒီလထဲမှာပဲ ထွက်တော့မှာပါ” ဟု ဇွန်၂ရက်တွင် Pledis Entertainment ကလည်း ကြေညာထားသည်။ တရားဝင် သတင်းထုတ်ပြန်ချက် တစ်ရပ်အရ ၎င်းတို့နှစ်ဦးသည် ပုဂ္ဂိုလ်ရေးအရ တစ်ဦးနှင့်တစ်ဦး ရင်းနှီးကျွမ်းဝင်သူ များဖြစ်ခြင်းကြောင့် အဆိုပါ စုံတွဲသီချင်းခွေအတွက် အလုပ်အတူ တွဲလုပ်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ ၎င်းတို့ နှစ်ဦးသည် ဂီတအစီအစဉ် အမျိုးမျိုးဖြင့် ယင်းသီချင်းခွေအား အရောင်းမြှင့် တင်သွားမည်ဟု လည်း ပြောကြား ထားသည်။ ဆန်အီးသည် ယခင်က SBS ရုပ်သံမှ ထုတ်လွှင့် တင်ဆက်သည့် “You’re Surrounded” ဒရာမာ ဇာတ်ကားကြီးအတွက် “What’s Wrong WithMe” အမည်ရှိ တေးသီချင်းကို သီဆိုပေး ခဲ့သူဖြစ်သည်။ ရိန်နာသည် After School အဖွဲ့နှင့်အတူ “Catullena” တေးအယ်လ်ဘမ် အရောင်းမြှင့်တင်ရေး အတွက်လည်း တက်ကြွစွာ လှုပ်ရှားဆောင်ရွက် လျက်ရှိသည်။ from Mizzima - News in Burmese's

မင်းသား တွမ်ခရု၏ “EDGD OF TOMORROW”ဇာတ်ကား ဇွန်၆ရက်တွင် ထွက်မည်။ ကမ္ဘာတစ်ဝန်း ပရ...

မင်းသား တွမ်ခရု၏ “EDGD OF TOMORROW”ဇာတ်ကား ဇွန်၆ရက်တွင် ထွက်မည်။ ကမ္ဘာတစ်ဝန်း ပရိတ်သတ် အားပေးမှုကို အပြည့်အဝရနေတဲ့ မင်းသားတွမ်ခရုရဲ့ ဇာတ်ကားသစ် တစ်ကားဖြစ်တဲ့ “EDGD OF TOMORROW”ဇာတ်ကားကို ဇွန်၆ရက်မှာ ကြည့်ရှုခွင့် ရတော့မှာပါ။ ဂျပန်စာရေးဆရာ ဟီရိုရှီဆာကူရာဇာကာ ရေးသားထားတဲ့ ဝထ္တုကို သင့်လျော်အောင် ပြင်ဆင်ရိုက်ကူး ထားတဲ့ သဲထိပ်ရင်ဖို စစ်ကားတစ်ကားဖြစ်ပါတယ်။ ဒီစာအုပ်ကို အင်္ဂလိပ်ဘာသာပြန်နဲ့လည်း VIZမီဒီယာက ထုတ်ဝေခဲ့ ပြီးပါပြီ။ ဒီဇာတ်ကားမှာ မင်းသားတွမ်ခရုက ပြင်းထန်တဲ့ တိုက်ပွဲတွေကို ဆက်တိုက် ဆင်နွှဲနေတဲ့ ဒုဗိုလ်မှူးကြီး ဘီလ်ကေ့ဂ်ျအဖြစ် ပါဝင်သရုပ်ဆောင် ထားပါတယ်။ ကေ့ဂ်ျဟာ အသေခံတိုက်ပွဲတွေ မရပ်မနား ဆင်နွှဲခဲ့ပေမယ့် တိုက်ပွဲတစ်ပွဲ ပြီးတိုင်းမှာ ရန်သူတွေနဲ့ စေ့စပ် ညှိနှိုင်းနိုင်တဲ့သူ ဖြစ်လာပါတယ်။ ၎င်းက အထူးတပ်ဖွဲ့ ခေါင်းဆောင် ရီတာဗရာတက်စ်ကီ နဲ့အတူ တွဲပြီးစစ်ပွဲတွေကို အောင်နိုင်ခဲ့တဲ့ အကြောင်း ရိုက်ကူးထားတဲ့ သိပ္ပံစိတ်ကူးယဉ် အက်ရှင်ကား တစ်ကားဖြစ်ပါတယ်။ စစ်သူရဲကောင်း ရီတာဗရာတက်စ်ကီအဖြစ် မင်းသားအီမလီအလန့်က အားဖြည့် သရုပ်ဆောင်ပေး ထားပြီး ဒါရိုက်တာဒေါ့လီမန် စီစဉ်ရိုက်ကူးထားတဲ့ ဇာတ်ကားပါ။ အတိုက်အခိုက်ကို စိတ်ဝင်စားသ

ကျောက်ဖြူ အထူးစီးပွားရေးဇုန်နေရာတွင် မီးတောင်ရှိ၍ နေရာရွှေ့မည် ရန်ကုန်၊ ဇွန် ၃...

ကျောက်ဖြူ အထူးစီးပွားရေးဇုန်နေရာတွင် မီးတောင်ရှိ၍ နေရာရွှေ့မည် ရန်ကုန်၊ ဇွန် ၃ မြန်မာနိုင်ငံ အနောက်ဘက် ကမ်းရိုးတန်းတွင် ပထမဆုံး အထူးစီးပွားရေးဇုန် အကောင်အထည် ဖော်မည့် ကျောက်ဖြူ အထူးစီးပွားရေးဇုန် မြေနေရာနှင့် ၂ မီတာ အကွာတွင် ရွှံ့မီးတောင် တည်ရှိသဖြင့် နေရာပြောင်းရွှေ့ရမည် ဖြစ်ကြောင်း အဆိုပါ အထူးစီးပွားရေးဇုန် တင်ဒါရွေးချယ်ရေးနှင့် စိစစ်ရေး ကော်မတီ တွဲဖက်အတွင်းရေးမှူး ဦးအောင်ကျော်သန်းက ပြောကြားသည်။ ယင်းအထူးစီးပွားရေးဇုန်ကို သစ်တောရွာနှင့် စီမော်ကျေးရွာ အနီးတွင် တည်ဆောက်ရန် စီစဉ်ထားသော်လည်း ရွှံ့မီးတောင် ရှိနေသဖြင့် မလုပ်သင့်ဟု စင်ကာပူနိုင်ငံ အခြေစိုက် အကြံပေး ကုမ္ပဏီအုပ်စု CPG (Creative Professional Groups) က အကြံပြုလာသဖြင့် ယင်းသို့ လုပ်ဆောင်ရခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။ ကျေးရွာများ၊ သာသနိက အဆောက်အအုံများ၊ ရေမြေပတ်ဝန်းကျင် ထိခိုက်မည့် နေရာများနင့် သုသာန်နေရာများ စသည်တို့ကို ရှောင်ကာ နေရာသစ် ရှာဖွေနေကြောင်း တင်ဒါရွေးချယ်ရေးနှင့် စီစစ်ရေး ကော်မတီထံမှ သိရှိရသည်။ “ရွှံ့မီးတောင်က အန္တရာယ်မရှိဘူးလို့ သတ်မှတ်ထားတာ။ အခုလေ့လာမှုတွေအရ အန္တရာယ် ရှိလာနိုင်တဲ့အတွက် နေရာပြောင်းဖို့လုပ်တာ” ဟု ဦးအောင်ကျော်သန်
Yangon swag www.mmtimes.com Meet Shwe Zan Myo Hein (aka SZ), hip hop artist and owner of downtown streetwear stalwart RUN YGN. from The Myanmar Times's Facebook Wall http://ift.tt/1iSBmIC

ရေအောက်မှထူးဆန်းသောအသံ MH 370 ပျက်ကျသံလေလား ---------- ပါ့သ်- ပျောက်ဆုံးနေသောမလေ...

ရေအောက်မှထူးဆန်းသောအသံ MH 370 ပျက်ကျသံလေလား ---------- ပါ့သ်- ပျောက်ဆုံးနေသောမလေးရှားလေယာဉ် MH 370 ၏ နောက်ဆုံးအချိန်များနှင့် ဆက်စပ်နေဖွယ်ရှိသည်ဟုဆိုသော ရေအောက်မှ အသံတစ်ခု၏မှတ်တမ်းကို သြစတြေးလျသုတေသီများက ဗုဒ္ဓဟူးနေ့တွင် ထုတ်ပြန်လိုက်သည်။ သတင်းအပြည့်အစုံ.... http://ift.tt/1nNh9vF ရေအောက်မှထူးဆန်းသောအသံ MH 370 ပျက်ကျသံလေလား 7daydaily.com ပါ့သ်- ပျောက်ဆုံးနေသောမလေးရှားလေယာဉ် MH 370 ၏ နောက်ဆုံးအချိန်များနှင့် ဆက်စပ်နေဖွယ်ရှိသည်ဟုဆိုသော ရေအောက်မှ အသံတစ်ခု၏မှတ်တမ်းကို သြစတြေးလျသုတေသီများက ဗုဒ္ဓဟူးနေ့တွင် ထုတ်ပြန်လိုက်သည်။ from 7Day News Journal's Facebook Wall http://ift.tt/S6KXnU

မဲဆောက်တွင် မြန်မာ ၁၆၃ ဦး ဖမ်းဆီးခံရ ရန်ကုန်၊ ဇွန် ၃ ထိုင်းနိုင်ငံတွင် မဲဆောက...

မဲဆောက်တွင် မြန်မာ ၁၆၃ ဦး ဖမ်းဆီးခံရ ရန်ကုန်၊ ဇွန် ၃ ထိုင်းနိုင်ငံတွင် မဲဆောက်မြို့တွင် ဇွန်လ ၃ ရက်နေ့ နံနက်ပိုင်းက တရားမဝင် နေထိုင်သူ မြန်မာ ၁၆၃ ဦးကို ပထမဆုံးအကြိမ် ဝင်ရောက် ဖမ်းဆီးခံခဲ့ရကြောင်း မဲဆောက်အခြေစိုက် မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှု ကော်မတီမှ အဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။ မဲဆောက်မြို့နယ်ရှိ မြန်မာ ရွှေ့ပြောင်း အလုပ်သမား အများစု နေထိုင်သော ဘန်ဆောင်ခွဲ ရပ်ကွက်အတွင်းသို့ ယင်းနေ့ နံနက်ပိုင်းက ထိုင်းနိုင်ငံ အထူးစစ်ဆင်ရေး တပ်ဖွဲ့ဝင်များနှင့်အတူ လူဝင်မှုကြီးကြပ်ရေး၊ မြို့နယ်အုပ်ချုပ်ရေး အဖွဲ့များနှင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့တို့မှ ဝင်ရောက် စစ်ဆေးရှာဖွေခဲ့ရာ တရားဝင် အထောက်အထားမရှိဘဲ ခိုးဝင်နေထိုင်နေသည့် မြန်မာနိုင်ငံသား အမျိုးသား ၄၉ ဦး၊ အမျိုးသမီး ၅၉ ဦးနှင့် ကလေး ၅၅ ဦး၊ စုစုပေါင်း ၁၆၃ ဦးတို့ကို ဖမ်းမိခဲ့ခြင်း ဖြစ်ကြောင်း ၎င်းကဆက်လက် ပြောကြားသည်။ “လက်ရှိ ထိုင်းစစ်တပ်က နယ်စပ်ဒေသတွေကနေ လက်နက်တွေ ဝင်လာမှာ စိုးရိမ်ပြီး အထူးစစ်ဆင်ရေး အဖွဲ့တွေနဲ့ နေရာအနှံ စစ်ဆေးနေတာ။ မဲဆောက်မှာ အလုပ်လုပ်နေတဲ့ မြန်မာ ရွှေ့ပြောင်းလုပ်သား ငါးသိန်းနီးပါးက တရားဝင် အထောက်အထား မရှိတာ များတယ်။ မဲဆောက်မှာ ထိ

တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်စာရင်း ဇွန်လ ၇ ရက်နေ့ ထုတ်ပြန်မည် ရန်ကုန်၊ ဇွန် ၃...

တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်စာရင်း ဇွန်လ ၇ ရက်နေ့ ထုတ်ပြန်မည် ရန်ကုန်၊ ဇွန် ၃ ၂၀၁၃-၂၀၁၄ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်စာရင်းကို ၂၀၁၄ ခုနှစ် ဇွန်လ ၇ ရက်နေ့တွင် ထုတ်ပြန်မည် ဖြစ်ကြောင်း အမှတ် (၃) အခြေခံပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းဇော်က The Voice သို့ ပြောကြားသည်။ တက္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်စာရင်း ထွက်ရှိမည့်ရက်ကို အများပြည်သူ သိရှိစေရန်အတွက် အဆင့်မြင့်ပညာ ဦးစီးဌာနကလည်း တရားဝင် ထုတ်ပြန်မှုများ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ၎င်းကဖြည့်စွက် ပြောကြားသည်။ မြန်မာတစ်နိုင်ငံလုံးတွင် စာစစ်ဌာနပေါင်း ၁၂၀၀ ကျော်ရှိပြီး အဆိုပါ စာစစ်ဌာနများကို အောင်စာရင်းအတွက် စာများပေးပို့ထားကြောင်း၊ စာစစ်ဌာနများထံ စာများရောက်ရှိကြောင်း အကြောင်းပြန်ပြီးမှသာ စာမေးပွဲ အောင်စာရင်း ထုတ်ပြန်မည် ဖြစ်ကြောင်း မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးညွှန့်က ပြောကြားသည်။ “ညီမလေးတွေတော့ ဆယ်တန်း ဖြေထားတယ်။ သူတို့ကတော့ ထွက်ချင်တဲ့ အချိန်ထွက်၊ ထွက်ရင် အဖြေသိရမှာပဲလို့ ပြောကြတယ်။ ကျွန်တော်ကတော့ သူတို့ကိုယ်စား ရင်တုန်တယ်” ဟု ပုဇွန်တောင် မြို့နယ်နေ အသက် ၂၀ ကျော်အရွယ် အမျိုးသားတစ်ဦးက ပြောကြား

" ရန်ကုန်တွင် မုဒိမ်းမှု အများဆုံးဖြစ်ပွား " မြန်မာနိုင်ငံရှိ ဒေသများအနက် ရန်ကုန...

" ရန်ကုန်တွင် မုဒိမ်းမှု အများဆုံးဖြစ်ပွား " မြန်မာနိုင်ငံရှိ ဒေသများအနက် ရန်ကုန်တိုင်းဒေသကြီး၌ မုဒိမ်းမှု အများဆုံးဖြစ်ပွားနေကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မြန်မာနိုင်ငံ ရဲတပ်ဖွဲ့စာရင်းများအရ သိရသည်။တစ်နိုင်ငံလုံးတွင် ယခုနှစ် ဇန်နဝါရီမှ ဧပြီထိ မုဒိမ်းမှုစုစုပေါင်း ၂၉ဝ မှုရှိခဲ့ပြီး ရန်ကုန်တိုင်းတစ်ခုတည်းတွင် ၅၇ မှု ဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့မှစာရင်းများအရ သိရသည်။ ထို့ပြင် သက်ငယ်မုဒိမ်းမှုများသည်လည်း ရန်ကုန်တိုင်းအတွင်း ယခုနှစ် ပထမလေးလတွင် ၂၆ မှု ဖြစ်ပွားခဲ့သည်ဟု သိရသည်။ ကျား၊ မတန်းတူ အရေးကိစ္စများဆောင်ရွက်နေသည့် Gender Equality ကွန်ရက်မှ ညှိနှိုင်းရေး မှူး ဒေါ်မေစံပယ်ဖြူကမူ ရန်ကုန်ကဲ့သို့ မြို့ပြလူ့အဖွဲ့အစည်းအတွင်း မုဒိမ်းမှု ပိုမိုဖြစ်ပွားလာခြင်းမှာ တရားဥပဒေစိုးမိုးမှုအားနည်းနေခြင်းကို မြင်သာထင်သာ ရှိစေသည့်အချက်ဖြစ်သည်ဟု ဝေဖန်သည်။ အခြားပြည်နယ်နှင့်တိုင်းများတွင် မုဒိမ်းမှုနည်းပါးနေရခြင်းမှာ တိုင်ကြားမှုမရှိခြင်းကြောင့်သာ အရေအ တွက်နည်းနေရခြင်းဖြစ်နိုင်ကြောင်း မင်္ဂလာတောင်ညွန့်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းက သုံးသပ်သည်။ ထို့ကြောင့် မုဒိမ်းမှုလျှော့ချနိုင်ရေးအတွက် ရဲစခန်းနှ

အကျဉ်းသားလဲလှယ်မှုကိစ္စ အမတ်များကိုအိမ်ဖြူတော်တောင်းပန် ------------- ဝါရှင်တန်- အ...

အကျဉ်းသားလဲလှယ်မှုကိစ္စ အမတ်များကိုအိမ်ဖြူတော်တောင်းပန် ------------- ဝါရှင်တန်- အမေရိကန်စစ်သားတစ်ဦးနှင့် တာလီဘန်တိုက်ခိုက်ရေးသမားငါးဦး လဲလှယ်ခဲ့ခြင်းကိစ္စအငြင်းပွားမှု ကြီးထွားလာစဉ်မှာပင် ယင်းကိစ္စနှင့်ပတ်သက်၍ လွှတ်တော်အမတ်များအား ကြိုတင်အသိမပေး ခဲ့ခြင်းအတွက် အမေရိကန်သမ္မတရုံးအိမ်ဖြူတော်က တောင်းပန်လိုက်သည်။ ယင်းလဲလှယ်ရေးအစီအစဉ်အရ အမေရိကန်စစ်သား ဘိုဝီဘာဒဲလ်ကို အာဖဂန်နစ္စတန်ရှိ အမေရိကန်အထူးတပ်ဖွဲ့များ ထံသို့ စနေနေ့က လွှတ်ပေးခဲ့သည်။ ယင်းကိစ္စအပေါ် ဒီမိုကရက်တစ်နှင့် ရီပက်ဘလေကန်ပါတီနှစ်ဖက်စလုံးမှ အမတ်များကဒေါသပုန်ထစေခဲ့သည်။ ယင်းအတွက် အထက်လွှတ်တော်အမတ်တစ်ရာ တက်ရောက်သောအစည်းအဝေးတွင် လျှို့ဝှက်ထားသောအကြောင်းအရာများကို အစိုးရအရာရှိများက ရှင်းလင်းပြောကြားမည်ဖြစ်သည်။ သတင်းအပြည့်အစုံ.... http://ift.tt/1m9n0og အကျဉ်းသားလဲလှယ်မှုကိစ္စ အမတ်များကိုအိမ်ဖြူတော်တောင်းပန် 7daydaily.com ဝါရှင်တန်- အမေရိကန်စစ်သားတစ်ဦးနှင့် တာလီဘန်တိုက်ခိုက်ရေးသမားငါးဦး လဲလှယ်ခဲ့ခြင်းကိစ္စအငြင်းပွားမှု ကြီးထွားလာစဉ်မှာပင် ယင်းကိစ္စနှင့်ပတ်သက်၍ လွှတ်တော်အမတ်များအား ကြိုတင်အသိမပေး ခဲ့ခြင်းအတွက် အမေရိကန်သမ္မတရုံးအိမ်ဖြူတော်က တောင်းပန်လိုက်သ

မိုးကောင်းဘုရားလမ်းရှိ ဟိန္ဒူဘုရားကျောင်းရှေ့တွင် လူသတ်မှုဖြစ် ရန်ကုန်၊ ဇွန် ၃ ရ...

မိုးကောင်းဘုရားလမ်းရှိ ဟိန္ဒူဘုရားကျောင်းရှေ့တွင် လူသတ်မှုဖြစ် ရန်ကုန်၊ ဇွန် ၃ ရန်ကင်းမြို့နယ် အမှတ် (၁၃) ရပ်ကွက် မိုးကောင်းဘုရားလမ်းရှိ ဇီးကွက် ဟိန္ဒူဘုရားကျောင်းရှေ့တွင် ဇွန်လ ၃ ရက် နံနက် ၁ နာရီခွဲခန့်က အသက် ၃၀ အရွယ်ခန့်ရှိ အမျိုးသားတစ်ဦး ဦးခေါင်းကြေမွ ဒဏ်ရာများဖြင့် အသတ်ခံရကြောင်း ယင်းရပ်ကွက် နေသူများထံမှ စုံစမ်းသိရှိရသည်။ အမှတ် (၁၄) ရပ်ကွက် မိုးကောင်း ဘုရားလမ်းရှိ Blue Galaxy စားသောက်ဆိုင်မှ အကြော်ဆရာ ဦးချစ်သဲမှာ ယင်းညက အဆိုပါလမ်းရှိ အခြားသော စားသောက်ဆိုင် တစ်ဆိုင်မှ စားပွဲထိုးနှင့်အတူ အရက်သောက်ပြီး ဆိုင်သို့အပြန် ဟိန္ဒူဘုရားကျောင်း ရှေ့တွင် ဝါးဆစ်ပိတ်တုတ်ဖြင့် ရိုက်သတ်ခံရခြင်း ဖြစ်ကြောင်း ရန်ကင်းမြို့မ ရဲစခန်းမှ စခန်းမှူး ဒုတိယ ရဲမှူးဇော်ဇော်က ပြောကြားသည်။ “ဘုရားကျောင်းရှေ့မှာ ခေါင်းကြေမွပြီး လူတစ်ယောက် ပက်လက်လန် သေဆုံးနေတယ်လို့ ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့က သတင်းပေးလို့ သွားစစ်ဆေးချိန် သေဆုံးသူရဲ့ အနားမှာ ရိုက်သတ်ခဲ့တဲ့ ဝါးဆစ်ပိတ် တုတ်တစ်ချောင်းကို တွေ့ရှိတယ်။ လူသတ်မှု ကျူးလွန်သူလို့ သံသယ ရှိထားသူက ထွက်ပြေး တိမ်းရှောင်နေလို့ တိုင်း/ခရိုင် အထူးတပ်ဖွဲ့တွေ ပူးပေါင်း စုံစမ်းနေပါတယ်” ဟု ၎င်းက

အစိုးရပေးထားသည့် ကတိကဝတ် ၁၅၀၀ ကျော်တွင် ၈၀၀ ကျော် ဆောင်ရွက်ပေးရန်ကျန် နေပြည်တေ...

အစိုးရပေးထားသည့် ကတိကဝတ် ၁၅၀၀ ကျော်တွင် ၈၀၀ ကျော် ဆောင်ရွက်ပေးရန်ကျန် နေပြည်တော်၊ ဇွန် ၃ ပထမအကြိမ် ပြည်သူ့လွှတ်တော် တတိယ ပုံမှန်အစည်းအဝေးမှ အဋ္ဌမပုံမှန် အစည်းအဝေးအထိ လွှတ်တော် ကိုယ်စားလှယ်များ မေးမြန်းထားသော မေးခွန်းများ၊ အဆိုများတွင် အစိုးရက ဆောင်ရွက်ပေးမည်ဟု ကတိပြုထားသည့် ကတိကဝတ် ၁၅၀၀ ကျော်အနက် ၈၀၀ ကျော် ဆောင်ရွက်ပေးရန် ကျန်ရှိနေသေးကြောင်း ပြည်သူ့လွှတ်တော် အစိုးရ၏ အာမခံချက်များ၊ ကတိကဝတ်များနှင့် တာဝန်ခံချက်များ စိစစ်ရေး ကော်မတီဝင်များက ပြောကြားသည်။ အစိုးရ ဆောင်ရွက်ရန် ကျန်ရှိနေသေးသည့် ကတိကဝတ်များကို ဆောင်ရွက် ပေးနိုင်ရန်အတွက် ပြည်သူ့လွှတ်တော် အစိုးရ၏ အာမခံချက်များ၊ ကတိကဝတ်များနှင့် တာဝန်ခံချက်များ စိစစ်ရေး ကော်မတီက အစီရင်ခံစာတစ်ရပ် ရေးသားပြီး ဇွန်လ ၃ ရက်နေ့တွင် ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးသို့ တင်သွင်းခဲ့ကြောင်း အဆိုပါ ကော်မတီထံမှ သိရှိရသည်။ အစိုးရ၏ လုပ်ဆောင်ပေးရမည့် ကတိကဝတ်များတွင် ဆောင်ရွက်ဆဲ ၂၈၅ ခု၊ ယခုနှစ်အတွင်း ဆောင်ရွက်ရမည့် လုပ်ငန်း ၄၉၄ ခုနှင့် ၂၀၁၅- ၂၀၁၆ ဘဏ္ဍာရေးနှစ် နောက်ပိုင်း ဆောင်ရွက်ရမည့် လုပ်ငန်း ၆၈ ခုဖြစ်ကြောင်း ကော်မတီဥက္ကဋ္ဌ ဦးဝင်းစိန်က ဆိုသည်။ အစိုးရအဖွဲ့၏ လုပ်ဆောင်ြ

ယေဘုယျဆန်သော စကားလုံးများဖြင့် စွပ်စွဲမေးမြန်းခြင်း မလုပ်ရန် သူရဦးရွှေမန်း သတိပေ...

ယေဘုယျဆန်သော စကားလုံးများဖြင့် စွပ်စွဲမေးမြန်းခြင်း မလုပ်ရန် သူရဦးရွှေမန်း သတိပေး နေပြည်တော်၊ ဇွန် ၃ လွှတ်တော်အတွင်း မေးခွန်းများ မေးမြန်းရာတွင် ယေဘုယျဆန်သော စကားလုံးများဖြင့် စွပ်စွဲမေးမြန်းခြင်း မပြုလုပ်ရန် လွှတ်တော်အမတ်များ အနေနှင့် သတိပြုရန် လိုအပ်ကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ဇွန်လ ၃ ရက်နေ့တွင် ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးအတွင်း သတိပေး ပြောကြားသည်။ ဇွန်လ ၃ ရက်နေ့တွင် ကျင်းပသည့် ပြည့်သူ့လွှတ်တော် အစည်းအဝေးတွင် ချမ်းမြသာစည် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတင်မောင်က ဘဏ်များမှ ငွေချေးယူခြင်းတွင် လျင်မြန်စွာ ဆောင်ရွက်ပေးနိုင်ရန် ချေးငွေ စာချုပ်စာတမ်းပါ အချက် ၁၆ ချက်ကို ထိုက်သင့်သလောက် ဖြေလျှော့ပေးရန် ကိစ္စမေးမြန်းရာတွင် “ဘဏ်များတွင် ချေးငွေယူပါက ကြားပွဲစားက ဖြတ်စားလျှပ်စား ပြုလုပ်နေသည်” ဟု ပြောဆိုခဲ့ခြင်းကြောင့် ယင်းသို့ သတိပေးခဲ့ခြင်း ဖြစ်ကြောင်း လွှတ်တော် ကိုယ်စားလှယ်များက ပြောကြားသည်။ ယင်းကဲ့သို့ အကြောင်းအရာများသည် တိကျသေချာမှု ရှိပါက အထောက်အထားများနှင့်အတူ သက်ဆိုင်ရာ ဝန်ကြီးဌာန သို့မဟုတ် လွှတ်တော်သို့ တင်ပြနိုင်ကြောင်း သက်ဆိုင်ရာဌာန၏ ဂုဏ်သိက္ခာကို ထိခိုက်မ

ဗီယက်နမ်ဘောလုံးအဖွဲ့ချုပ်၏ ကမ်းလှမ်းမှုကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် လက်ခံ ၊...

ဗီယက်နမ်ဘောလုံးအဖွဲ့ချုပ်၏ ကမ်းလှမ်းမှုကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် လက်ခံ ၊ ဗီယက်နမ်နှင့် မြန်မာတို့ လာမည့် ဇူလိုင် ၂ ရက်တွင် ဗီယက်နမ်နိုင်ငံ၌ ခြေစမ်းကစားမည် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) သည် မြန်မာ့လက်ရွေးစင်အသင်းနှင့် ခြေစမ်းကစားရန်အတွက် ဗီယက်နမ်ဘောလုံးအဖွဲ့ချုပ် (VFF) ၏ ကမ်းလှမ်းမှုကို သဘောတူလက်ခံလိုက်ပြီဖြစ်ကြောင်း သိရသည်။ မြန်မာ့လက်ရွေးစင်အသင်းနှင့် ဗီယက်နမ် လက်ရွေးစင်အသင်းတို့၏ ခြေစမ်းပွဲကို လာမည့် ဇူလိုင် ၂ ရက်တွင် ဗီယက်နမ်နိုင်ငံ၌ ယှဉ်ပြိုင်ကစားမည် ဖြစ်သည်။ VFF သည် ဆူဇူကီးဖလားပြိုင်ပွဲဝင်မည့် ဗီယက်နမ်လက်ရွေးစင်အသင်း ပြိုင်ပွဲအကြိုပြင်ဆင်မှုအဖြစ် ခြေစမ်းပွဲများကစားရန် စီစဉ်ခဲ့ခြင်းဖြစ်ပြီး မြန်မာအသင်းနှင့် ယှဉ်ပြိုင်ကစားရန် ကြိုးပမ်းခဲ့ခြင်းလည်း ဖြစ်သည်။ မြန်မာအသင်းနှင့် ဗီယက်နမ်အသင်းတို့သည် ပြီးခဲ့သည့် ၂ဝ၁၂ ဆူဇူကီးဖလား ဘောလုံးပြိုင်ပွဲ အုပ်စုအဖွင့်ပွဲတွင် တွေ့ဆုံခဲ့ပြီး ကြည်လင်း၏ ပယ်နယ်တီချေပဂိုးဖြင့် တစ်ဂိုးစီ သရေကျခဲ့ကြောင်း သိရသည်။ မြန်မာ့လက်ရွေးစင်အသင်းသည် ခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားရန်အတွက် လာမည့် ဇွန်လ တတိယပတ်တွင် လေ့ကျင့်မှုများ စတင်ပြုလုပ်မည်ဖြစ်ပြီး အသင်းကို

လာမည့်ရာသီတွင် ကျောနံပါတ် ၁၀ နှင့်အတူ တွေ့ရမည့် ဟက်ဇက်

လာမည့်ရာသီတွင် ကျောနံပါတ် ၁၀ နှင့်အတူ တွေ့ရမည့် ဟက်ဇက် Timeline Photos ချယ်လ်ဆီးတောင်ပံကစားသမားဟက်ဇက် လာမည့်ရာသီတွင် ကျောနံပါတ် ၁၀ ကို ၀တ်မည် ................................................... အောင်သုတ ချယ်လ်ဆီးအသင်း၏ ဘယ်လ်ဂျီယံတောင်ပံကစားသမားအီဒင်ဟက်ဇက်သည် လာမည့်ရာသီတွင် ချယ်လ်ဆီးအသင်းအတွက် ကျောနံပါတ် ၁၀ ဂျာစီကို ၀တ်ဆင်ကစားမည်ဖြစ်သည်။ ပီအက်စ်ဂျီအသင်းမှ ခေါ်ယူရန်ပစ်မှတ်ထားခံနေရသည့် ဟက်ဇက်သည် လွန်ခဲ့သည့်နှစ်နှစ်က လိုင်လီအသင်းမှ ချယ်လ်ဆီးသို့ပြောင်းရွှေ့လာ ခဲ့ပြီး ၀တ်ဆင်ကစားခဲ့သည့် ကျောနံပါတ် ၁၇ ဂျာစီအစား လာမည့်ရာသီတွင် လစ်လပ်နေသည့် ကျောနံပါတ် ၁၀ ကိုပြောင်းလဲဝတ်ဆင်ကစား မည်ဖြစ်သည်။ ဟက်ဇက်သည် လိုင်လီမှ ပြောင်းရွှေ့လာကတည်းက ကျောနံပါတ် ၁၀ ကို ၀တ်ဆင်ခွင့်ရရန် မျှော်မှန်းခဲ့သော်လည်း ယင်းအ ချိန်က ကွင်းလယ်လူမာတာ ၀တ်ဆင်ကစားနေသဖြင့် ၀တ်ဆင်ခွင့်မရခဲ့ဘဲ ပြီးခဲ့သည့်ရာသီက မာတာ မန်ယူသို့ပြောင်းရွှေ့သွားခဲ့သည့်အ တွက် ကျောနံပါတ် ၁၀ မှာ လစ်လပ်နေခဲ့ခြင်းဖြစ်သည်။ “ချယ်လ်ဆီးအတွက် ကျောနံပါတ် ၁၀ ကို ၀တ်ဆင်ကစားခွင့်ရတဲ့အတွက် အရမ်းကျေနပ်ပါတယ်။ အဲဒီနံပါတ်က ကျွန်တော့်ရဲ့ အကြိုက်ဆုံးနံပါတ်ဖြစ်ပြီး လက်ရွေးစင်အသင်းမှာလ

နိုင်ဂျီးရီးယားကျေးရွာများကို ဘိုကိုဟာရမ်များဝင်ရောက်တိုက်ခိုက်၍ လူဒါဇင်နှင့်ချီ...

နိုင်ဂျီးရီးယားကျေးရွာများကို ဘိုကိုဟာရမ်များဝင်ရောက်တိုက်ခိုက်၍ လူဒါဇင်နှင့်ချီသေဆုံး ----------- အဘူဂျာ- ဘိုကိုဟာရမ်စစ်သွေးကြွများသည် နိုင်ဂျီးရီးယားနိုင်ငံမြောက်ပိုင်း ဘော်နိုပြည်နယ်ရှိ ကျေးရွာများကို ထပ်မံဝင်ရောက်တိုက်ခိုက်ခဲ့ရာ လူဒါဇင်နှင့်ချီ၍ သေဆုံးခဲ့သည်ဟု ဘီဘီစီသတင်းကဖော်ပြသည်။ သတင်းအပြည့်အစုံ.... http://ift.tt/1oUwKJn နိုင်ဂျီးရီးယားကျေးရွာများကို ဘိုကိုဟာရမ်များဝင်ရောက်တိုက်ခိုက်၍ လူဒါဇင်နှင့်ချီေ� 7daydaily.com အဘူဂျာ- ဘိုကိုဟာရမ်စစ်သွေးကြွများသည် နိုင်ဂျီးရီးယားနိုင်ငံမြောက်ပိုင်း ဘော်နိုပြည်နယ်ရှိ ကျေးရွာများကို ထပ်မံဝင်ရောက်တိုက်ခိုက်ခဲ့ရာ လူဒါဇင်နှင့်ချီ၍ သေဆုံးခဲ့သည်ဟု ဘီဘီစီသတင်းကဖော်ပြသည်။ from 7Day News Journal's Facebook Wall http://ift.tt/1iSgGjP

ရန်ကုန်ပရိသတ်များအနေဖြင့် အသင်းအခြေအနေကို သုံးသပ်တတ်ဖို့လိုအပ်သည်ဟု ဇွဲကပင်နည်ြး...

ရန်ကုန်ပရိသတ်များအနေဖြင့် အသင်းအခြေအနေကို သုံးသပ်တတ်ဖို့လိုအပ်သည်ဟု ဇွဲကပင်နည်းပြ ပြော ........................................... “ဘောလုံးပြိုင်ပွဲမှာ အနိုင်၊အရှုံး၊ သရေဆိုတာရှိပြီးသားပါ။ ရန်ကုန်အသင်းပရိသတ်တွေအနေနဲ့ ပြိုင် ပွဲတိုင်းမှာ သူတို့အသင်းကို နိုင်စေချင်တာ သဘာဝကျပေမယ့် အသင်းရဲ့ လက်ရှိအနေအထားကို သူတို့အနေနဲ့ သိထားသင့်ပါတယ်..." (သတင်းအပြည့်အစုံကို ဒီနေရာမှာ ၀င်ရောက်ဖတ်ရှုနိုင်ပါပြီ) Mizzima Sport News အားကစားသတင်းမှန်သမျှ.....ဒီမှာ ရနေပြီ....။ from Mizzima - News in Burmese's Facebook Wall http://ift.tt/1nbXbHh

PR စနစ် ကျင့်သုံးရေးအဆို ဆွေးနွေးရန် အငြင်းအခုံများအကြား အမျိုးသားလွှတ်တော် စတင်လ...

PR စနစ် ကျင့်သုံးရေးအဆို ဆွေးနွေးရန် အငြင်းအခုံများအကြား အမျိုးသားလွှတ်တော် စတင်လက်ခံ နေပြည်တော်၊ ဇွန် ၃ လာမည့်ပါတီစုံ ရွေးကောက်ပွဲများတွင် အမျိုးသား လွှတ်တော်အတွက် ကိုယ်စားလှယ် ရွေးချယ်ရာ၌ အချိုးကျ ကိုယ်စားပြု (PR) စနစ်ကျင့်သုံးရန် အမျိုးသားလွှတ်တော်၌ အဆိုတင်သွင်းရာ ကန့်ကွက် ထောက်ခံအုပ်စုများ အပြင်းအထန် ဆွေးနွေး အငြင်းပွားပြီးနောက် အမျိုးသားလွှတ်တော်က ဆွေးနွေးရန် သဘောတူလိုက်သည်။ လာမည့်ပါတီစုံ မည်သည့် ရွေးကောက်ပွဲ များတွင်မဆို အမျိုးသား လွှတ်တော်အတွက် ကိုယ်စားလှယ်များ ရွေးချယ်ရာ၌ အချိုးကျ ကိုယ်စားပြုစနစ်ကို ကျင့်သုံးရန် လွှတ်တော်က အဆုံးအဖြတ် ပေးပါရန်နှင့် ဥပဒေပြင်ဆင်ရေး လုပ်ငန်းများကို လိုအပ်သလို ဆက်လက်ဆောင်ရွက် ပေးပါရန် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အား တိုက်တွန်းကြောင်း အဆိုကို ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် (၁) မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည်က ဇွန်လ ၃ ရက် အမျိုးသားလွှတ်တော် အစည်းအဝေးတွင် တင်သွင်းခဲ့ပြီး လက်ခံဆွေးနွေးရန် သင့် မသင့် အဆုံးအဖြတ် ရယူရာ၌ တပ်မတော်သားများ အပါအဝင် ကိုယ်စားလှယ် အများစုက ထောက်ခံလိုက်ခြင်း ဖြစ်သည်။ ယင်းအဆိုကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ

Xtun Kxaing, Yanmyo Naing

Xtun Kxaing, Yanmyo Naing အရှိန်မြင့်လာသော ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်းများ | 7Day News Journal - ၇ ရက် သတင်းဂျာနယ် 7daynewsjournal.com ထွန်းခိုင်၊ ရန်မျိုးနိုင် မျက်စိတစ်ဆုံးပြည့်နေသည့် ကွင်းပြင်ထဲ လူထုကြီးက ဒေါ်အောင်ဆန်းစုကြည်ထံမှ စိတ်အား... from 7Day News Journal's Facebook Wall http://ift.tt/1iS9tjZ

အရှိန်မြင့်လာသော ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်းများ -------------- ယခုလတ်တလောမြင...

အရှိန်မြင့်လာသော ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်းများ -------------- ယခုလတ်တလောမြင့်တက် နေသည့် နိုင်ငံရေးအရှိန်သည် ၁၉၉၀နှစ်ကာလများဆီသို့ ပြန် လည်သတိရစေသည်။ ထိုစဉ်က တပ်မတော်အနေဖြင့် နိုင်ငံရေးနှင့် ကင်းကင်းရှင်းရှင်းနေရန်၊ တိုင်းသူ ပြည်သားများအား ပစ်ခတ်ချုပ် ချယ်မှုများမလုပ်ရန် ပွင့်ပွင့်လင်း လင်းဝေဖန်ခဲ့သည့် ဒေါ်အောင် ဆန်းစုကြည်၏ စကားများသည် လူကြိုက်များလှသည့် မိန့်ခွန်းများ ဖြစ်သော်လည်း ယင်းအပြောအ ဆိုမျိုးကို တပ်ဘက်ကမူ တပ်မ တော်ကို ဖြိုခွဲမည့်လုပ်ရပ်အဖြစ် ရှု မြင်ခဲ့သည်။ သတင်းအပြည့်အစုံ... http://ift.tt/1x4oHMc အရှိန်မြင့်လာသော ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်းများ | 7Day News Journal - ၇ ရက် သတင်းဂျာနယ် 7daynewsjournal.com ထွန်းခိုင်၊ ရန်မျိုးနိုင် မျက်စိတစ်ဆုံးပြည့်နေသည့် ကွင်းပြင်ထဲ လူထုကြီးက ဒေါ်အောင်ဆန်းစုကြည်ထံမှ စိတ်အား... from 7Day News Journal's Facebook Wall http://ift.tt/1iS9vrV

သစ်တင်ယာဉ်များ ကျိုင်းတုံကို ညအချိန်ဖြတ်၍ တရုတ်သို့ တင်ပို့ဟုဆို ကျိုင်းတုံ၊ ဇွ...

သစ်တင်ယာဉ်များ ကျိုင်းတုံကို ညအချိန်ဖြတ်၍ တရုတ်သို့ တင်ပို့ဟုဆို ကျိုင်းတုံ၊ ဇွန် ၃ သံလွင်မြစ်ကို နည်းမျိုးစုံဖြင့် ဖြတ်ကျော်၍ တရားမဝင်သစ်များ သယ်ဆောင်လာသည့် သစ်တင်ယာဉ် များသည် ရှမ်းပြည်နယ် အရှေ့ပိုင်း ကျိုင်းတုံမြို့ကို ညအချိန် ဖြတ်သန်း၍ မိုင်းလားမြို့မှ တစ်ဆင့် တရုတ်နိုင်ငံသို့ တင်ပို့လျက် ရှိကြောင်း ကျိုင်းတုံ ဒေသခံများနှင့် အဆိုပါ သစ်ကုန်သည်ကြီးများနှင့် နီးစပ်သူများထံမှ စုံစမ်းသိရှိရသည်။ သစ်ကုန်သည်များသည် ယခင်က ကျိုင်းတုံ-တာချီလိတ် လမ်းမှတစ်ဆင့် ကျိုင်းတုံမြို့ကို ဖြတ်သန်း သယ်ဆောင် ကြသော်လည်း လက်ရှိတွင် ကျိုင်းတုံ-တောင်ကြီးလမ်းရှိရာ ကျိုင်းတုံမြို့အဝင်၌ မြို့နယ် သစ်တောဦးစီးဌာနက နေ့ညမပြတ် စောင့်ဆိုင်းကာ တရားမဝင် သစ်တင်ယာဉ်များကို ဖမ်းဆီးနေ၍ ကျိုင်းတုံ-မိုင်းဆတ်လမ်းမှ ကျိုင်းတုံမြို့ကို ညအချိန် ဖြတ်သန်း သယ်ဆောင်နေခြင်း ဖြစ်ကြောင်း ယင်းသစ်ကုန်သည်ကြီးများနှင့် နီးစပ်သူ မြို့မိမြို့ဖတစ်ဦးက ပြောကြားသည်။ “အရင်ကဆို ကျိုင်းတုံ-တောင်ကြီး လမ်းကနေ ဝင်လို့ရတော့ လမ်းကြေးက တစ်စီး သိန်း ၃၀ ကျော်ပဲ ကုန်တယ်။ အခု အဲဒီလမ်းမှာ မြို့နယ် သစ်တောဦးစီးမှူး ကိုယ်တိုင် စခန်းထိုင်ပြီး ဖမ်းနေတော့ မိုင်းပျဉ်

စွန့်ပစ်လေ့ရှိသော စားစရာအစိတ်အပိုင်းများ ကျန်းမာရေးအတွက်အကျိုးရှိ ------------...

စွန့်ပစ်လေ့ရှိသော စားစရာအစိတ်အပိုင်းများ ကျန်းမာရေးအတွက်အကျိုးရှိ ------------ ပန်းဂေါ်ဖီစိမ်းအရွက်နှင့် ကြက်သွန်နီအခွံကဲ့သို့ ဟင်းသီးဟင်းရွက်များနှင့် သစ်သီးအစိတ်အပိုင်းများတွင် ကျန်းမာရေးအတွက် အကျိုးရှိစေသောအရာများပါဝင်သည်ကို မသိကြသဖြင့် မကြာခဏစွန့်ပစ်လေ့ရှိကြသည်။ သတင်းအပြည့်အစုံ... http://ift.tt/1n7HaSG စွန့်ပစ်လေ့ရှိသော စားစရာအစိတ်အပိုင်းများ ကျန်းမာရေးအတွက်အကျိုးရှိ 7daydaily.com ပန်းဂေါ်ဖီစိမ်းအရွက်နှင့် ကြက်သွန်နီအခွံကဲ့သို့ ဟင်းသီးဟင်းရွက်များနှင့် သစ်သီးအစိတ်အပိုင်းများတွင် ကျန်းမာရေးအတွက် အကျိုးရှိစေသောအရာများပါဝင်သည်ကို မသိကြသဖြင့် မကြာခဏစွန့်ပစ်လေ့ရှိကြသည်။ ကြက်သွန်နီအခွံ from 7Day News Journal's Facebook Wall http://ift.tt/1kllLGQ