Skip to main content

PR စနစ် ကျင့်သုံးရေးအဆို ဆွေးနွေးရန် အငြင်းအခုံများအကြား အမျိုးသားလွှတ်တော် စတင်လ...



PR စနစ် ကျင့်သုံးရေးအဆို ဆွေးနွေးရန် အငြင်းအခုံများအကြား အမျိုးသားလွှတ်တော် စတင်လက်ခံ



နေပြည်တော်၊ ဇွန် ၃



လာမည့်ပါတီစုံ ရွေးကောက်ပွဲများတွင် အမျိုးသား လွှတ်တော်အတွက် ကိုယ်စားလှယ် ရွေးချယ်ရာ၌ အချိုးကျ ကိုယ်စားပြု (PR) စနစ်ကျင့်သုံးရန် အမျိုးသားလွှတ်တော်၌ အဆိုတင်သွင်းရာ ကန့်ကွက် ထောက်ခံအုပ်စုများ အပြင်းအထန် ဆွေးနွေး အငြင်းပွားပြီးနောက် အမျိုးသားလွှတ်တော်က ဆွေးနွေးရန် သဘောတူလိုက်သည်။



လာမည့်ပါတီစုံ မည်သည့် ရွေးကောက်ပွဲ များတွင်မဆို အမျိုးသား လွှတ်တော်အတွက် ကိုယ်စားလှယ်များ ရွေးချယ်ရာ၌ အချိုးကျ ကိုယ်စားပြုစနစ်ကို ကျင့်သုံးရန် လွှတ်တော်က အဆုံးအဖြတ် ပေးပါရန်နှင့် ဥပဒေပြင်ဆင်ရေး လုပ်ငန်းများကို လိုအပ်သလို ဆက်လက်ဆောင်ရွက် ပေးပါရန် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အား တိုက်တွန်းကြောင်း အဆိုကို ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် (၁) မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည်က ဇွန်လ ၃ ရက် အမျိုးသားလွှတ်တော် အစည်းအဝေးတွင် တင်သွင်းခဲ့ပြီး လက်ခံဆွေးနွေးရန် သင့် မသင့် အဆုံးအဖြတ် ရယူရာ၌ တပ်မတော်သားများ အပါအဝင် ကိုယ်စားလှယ် အများစုက ထောက်ခံလိုက်ခြင်း ဖြစ်သည်။



ယင်းအဆိုကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီဝင် လွှတ်တော် ကိုယ်စားလှယ်များနှင့် တိုင်းရင်းသားပါတီဝင် ကိုယ်စားလှယ်အချို့ ကန့်ကွက်ခဲ့သော်လည်း ကိုယ်စားလှယ် အများစုက ထောက်ခံသည့်အတွက် လက်ခံဆွေးနွေးမည် ဖြစ်ကြောင်း အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ကြေညာသည်။



PR စနစ်ကို ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ တပ်မတော်သား ကိုယ်စားလှယ်များ၊ အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီနှင့် အခြားပါတီငယ် အချို့က ထောက်ခံထားပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD)၊ တိုင်းရင်းသားပါတီ အများစုက ကန့်ကွက်လျက် ရှိသည်။



ယင်းကြောင့် အမျိုးသား လွှတ်တော်အတွင်း ငြင်းခုန်ဖွယ်ရာ အကောင်းဆုံး ကိစ္စရပ်တစ်ခု ဖြစ်လာမည် ဖြစ်ကြောင်း လွှတ်တော် ကိုယ်စားလှယ်များက သုံးသပ်သည်။



ရွေးကောက်ပွဲများ ဆယ်စုနှစ် ငါးခုကျော် အဆက်ပြတ်ခဲ့သော နိုင်ငံတွင် ရွေးကောက်ပွဲစနစ်များ ရောထွေးမှုကြောင့် စစ်မှန်သော ကိုယ်စားပြုစနစ် မရရှိခဲ့ပါက ခိုင်မာတောင့်တင်း အားကောင်းသော အစိုးရတစ်ရပ် ပေါ်ပေါက်ရန် ခက်ခဲသွားမည် ဖြစ်ပြီး ရွေးကောက်ပွဲတွင် ရှုံးနိမ့်မည်စိုး၍ မရင့်ကျက်သေးသော လူ့အဖွဲ့အစည်းအတွင်း ရှုပ်ထွေးသော စနစ်တစ်ခုကို အသုံးပြုကာ အနိုင်ရရေး ကြိုးပမ်းပါက လူထုက နိုင်ငံရေးကို ကြောက်ရွံ့သွားနိုင်ကြောင်း PR စနစ် လက်ခံဆွေးနွေးရေး အဆိုကို ကန့်ကွက်ဆန္ဒမဲ ပေးခဲ့သူ တစ်ဦးဖြစ်သူ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ ဥက္ကဋ္ဌ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအေးမောင်က ရှင်းပြသည်။



“ဒီဆွေးနွေးပွဲက အင်မတန် ပွဲကြီး ပွဲကောင်း ဖြစ်လာလိမ့်မယ်” ဟု လက်ရှိစနစ်အရပင် တရားမျှတသော ရွေးကောက်ပွဲ ဖြစ်ရန် ခက်ခဲနေဆဲ ဖြစ်ကြောင်း သုံးသပ်သည့် ၎င်းက မှတ်ချက်ပြုသည်။



မြန်မာနိုင်ငံ သမိုင်းတွင် ကျင့်သုံးခဲ့သော ရွေးကောက်ပွဲ စနစ်များမှာ နိုင်သူအကုန်ယူ စနစ်ဖြစ်သည့်အတွက် ရွေးကောက်ပွဲ ရလဒ်များမှာ ကျေနပ်ဖွယ်ရာမရှိဘဲ ရရှိသည့်ဆန္ဒမဲနှင့် အချိုးမညီသော အမတ်ဦးရေ အများအပြား လွှတ်တော်တွင်း ရောက်ရှိသွားပြီး ပါတီ တစ်ခုတည်းကသာ ကြီးစိုးလေ့ ရှိကြောင်း ဒေါ်ခင်ဝိုင်းကြည်က ပြောကြားသည်။



၁၉၅၆ ခုနှစ်ရွေးကောက်ပွဲ၌ ဖဆပလ အဖွဲ့ချုပ်က ရမဲ ၁၈ သိန်းကျော်နှင့် ပမညတက ရမဲ ၁၁ သိန်းကျော် အသီးသီး ရှိသော်လည်း ကိုယ်စားလှယ် အရေအတွက်၌ ဖဆပလ က ၁၄၈ နေရာ ရရှိပြီး ပမညတ က ၄၈ နေရာသာ ရရှိကြောင်း၊ ထို့အတူ ၁၉၉၀ ရွေးကောက်ပွဲ၌ NLD ပါတီနှင့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ (တစည) တို့ ယှဉ်ပြိုင်ရာတွင် NLD က မဲအရေအတွက် ၇၉ သိန်းကျော်ရရှိပြီး အမတ်နေရာ ၃၉၂ ဦး ရရှိကြောင်း၊ တစညပါတီက မဲအရေအတွက် ၃၃ သိန်းကျော်ရရှိပြီး အမတ် နေရာ ၁၀ ဦးသာ ရရှိကြောင်း၊ အဆိုပါ တစ်ဖက်သတ် ရလဒ်များသည် ပါတီစုံ ဒီမိုကရေစီကို ပံ့ပိုးပေးနိုင်မှု မရှိကြောင်း ၎င်းက ဥပမာပေး ရှင်းလင်းပြောကြားသည်။



“ကမ္ဘာမှာ ဒီမိုကရေစီနိုင်ငံပေါင်း ၁၆၇ နိုင်ငံမှာ PR စနစ်ကျင့်သုံးနေတဲ့ နိုင်ငံ ၉၀ နီးပါးရှိတယ်” ဟု ဒေါ်ခင်ဝိုင်းကြည်က ဆိုသည်။



ကမ္ဘာပေါ်တွင် အကြီးဆုံး ဒီမိုကရေစီ နိုင်ငံဖြစ်သည့် အိန္ဒိယနှင့် ဒီမိုကရေစီစံ မြင့်မားသည့် အမေရိကန် ပြည်ထောင်စုနှင့် ဗြိတိန်နိုင်ငံတို့တွင် PR စနစ်မကျင့်သုံးဘဲ လွှတ်တော်သက်တမ်းမှာ ငါးနှစ်သာ ဖြစ်သည့်အတွက် ပါတီကြီးတစ်ခုက အမြဲတမ်း ကြီးစိုးနေမည် ဆိုခြင်းမှာ မဟုတ်မှန်ကြောင်း PR စနစ်ကို ကန့်ကွက်ခဲ့သော NLD ပါတီဝင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာမြတ်ဉာဏစိုးက ပြောကြားသည်။



ပြည်သူ၏ ရွေးချယ်မှု အပေါ်၌သာ မူတည်ပြီး ပါတီတိုင်း နေရာရရန် ဆိုသည်မှာ ဖြတ်သန်းမှု သမိုင်းကြောင်းကို ကြည့်ရန် လိုအပ်ပြီး ယနေ့ပါတီထောင်၍ နောက်နေ့ လွှတ်တော်တွင်း ဝင်လာမည့် ကိစ္စမှာ ဖြစ်သင့် မဖြစ်သင့် ပြည်သူများ စဉ်းစားရန်သာ ဖြစ်ကြောင်း ၎င်းကဆိုသည်။



ယနေ့အဆိုကို ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့် တပ်မတော်သား ကိုယ်စားလှယ် အများစုက ထောက်ခံလိုက်သည်။



ယနေ့အဆိုကို တပ်မတော်သား ကိုယ်စားလှယ်အားလုံးက ကန့်ကွက်သူမရှိ ထောက်ခံခြင်းမှာ PR စနစ်ကို ကောင်းစွာ လေ့လာထားပြီး ကျင့်သုံးသင့်သည်ဟု လက်ခံယူဆ၍ ထောက်ခံခြင်း ဖြစ်ပြီး တပ်မတော်က အမြဲတစေ သုတေသန ပြုလုပ်၍ ရလဒ်များကို လေ့လာ ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်ရီက မှတ်ချက်ပြုသည်။

“တပ်မတော်ကို လျှော့မတွက်နဲ့” ဟု ၎င်းကဆိုသည်။



ရွေးကောက်ပွဲများ၌ PR စနစ်ကျင့် သုံးရေးကိစ္စနှင့် ပတ်သက်၍ ပြည်ထောင်စု လွှတ်တော်က အဆုံးအဖြတ်ပေးရန် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ၂၀၁၃ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့က ကျင်းပသော သတ္တမအကြိမ် ပြည်ထောင်စု လွှတ်တော် ပထမနေ့ အစည်းအဝေး၌ အဆိုတင်ခဲ့သော်လည်း လွှတ်တော်က အဆုံးအဖြတ် မပေးခဲ့ပေ။



၂၀၁၃ ခုနှစ်အတွင်း အဆုံးအဖြတ် မပြုပါက ၂၀၁၅ ရွေးကောက်ပွဲတွင် လက်ရှိ ကျင့်သုံးနေသော နိုင်သူအကုန်ယူ (FPTP) စနစ်ကိုသာ ကျင့်သုံးရမည် ဖြစ်ကြောင်း ရွေးကောက်ပွဲ ကော်မရှင်က ပြောဆိုထားသည်။



သို့သော် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က PR စနစ်အတွက် ပြင်ဆင်ရန် အချိန်မလုံလောက်သဖြင့် ၂၀၁၅ ရွေးကောက်ပွဲများ၌ ကျင့်သုံးရန် မဖြစ်နိုင်ဟု ပြောဆိုချက်မှာ လုံးဝအာမခံ ထားသည်ဟု မဆိုနိုင်ဘဲ ပြောင်းလဲနေသော နိုင်ငံရေး ရေချိန်များအလိုက် PR စနစ်ကို အချိန်နီးကပ်မှ တင်သွင်း အတည်ပြုလာနိုင်ခြေ ရှိသေးကြောင်း အမျိုးသားလွှတ်တော် ကော်မတီဝင် တစ်ဦးလည်း ဖြစ်သူ နိုင်ငံရေး လေ့လာသုံးသပ်သူ တစ်ဦးက မှတ်ချက်ပြုသည်။



တပ်မတော်သားများ အပါအဝင် လွှတ်တော် ကိုယ်စားလှယ် အများစုက ဆွေးနွေးရန် ထောက်ခံခဲ့သော PR စနစ် ကျင့်သုံးရေးအဆိုကို အမျိုးသားလွှတ်တော်၌ ဆွေးနွေးရာတွင် အနိုင်ရချေ အလားအလာ များပြားနေပြီး အကယ်၍ အနိုင်ရခဲ့ပါက ၂၀၁၅ ရွေးကောက်ပွဲတွင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ရွေးချယ်ရာ၌ PR စနစ်ကို ကျိန်းသေ အသုံးပြုလိမ့်မည် ဖြစ်ကြောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ် အချို့ထံမှ စုံစမ်းသိရှိရသည်။

from The Voice Weekly's Facebook Wall http://ift.tt/1kIYvwG

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...