Skip to main content

Posts

Showing posts from May 24, 2014

ဆေးလိပ်ဆန့်ကျင်ရေး ဟောပြော ဆွေးနွေးမည် ရန်ကုန်၊ မေ ၂၄ ဆေးလိပ် ဆန့်ကျင်ကြသူများ...

ဆေးလိပ်ဆန့်ကျင်ရေး ဟောပြော ဆွေးနွေးမည် ရန်ကုန်၊ မေ ၂၄ ဆေးလိပ် ဆန့်ကျင်ကြသူများနှင့် တက္ကသိုလ်ခြေလျင်နှင့် တောင်တက်အသင်း သဘာဝခေါ်သံ ဖောင်ဒေးရှင်းတို့ ပူးပေါင်းစီစဉ်သည့် ကမ္ဘာ့ဆေးလိပ် မသောက်ရေးနေ့ အထိမ်းအမှတ်လှုပ်ရှားမှု ဟောပြောပွဲကို မေလ ၃၁ ရက် စနေနေ့ (ကမ္ဘာ့ဆေးလိပ် မသောက်ရေးနေ့) မွန်းလွဲ ၂ နာရီတွင် ရန်ကုန်မြို့ လမ်းမတော်မြို့နယ် မင်းရဲကျော်စွာလမ်းရှိ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) ခန်းမ၌ ကျင်းပ ပြုလုပ်မည် ဖြစ်သည်။ အဆိုပါ အခမ်းအနားတွင် အမျိုးသားစာပေဆု တစ်သက်တာ စာပေဆုရှင် စာရေးဆရာကြီး သိပံ္ပမှူးတင်နှင့် ပြည်သူ့ကျန်းမာရေး တက္ကသိုလ်ပါမောက္ခချုပ် ပါမောက္ခ ဒေါက်တာနေစိုးမောင်တို့က နှစ် ၅၀ ကျော် ဆေးလိပ်ဆန့်ကျင်ရေး အတွေ့အကြုံနှင့် ဆေးလိပ် ဘယ်လိုဖြတ်ကြမလဲ ခေါင်းစဉ်တို့ဖြင့် ဟောပြော ဆွေးနွေးကြမည် ဖြစ်ပြီး စိတ်ပါဝင်စားသူ မည်သူမဆို အခမဲ့ တက်ရောက်နိုင်ကြကြောင်း စီစဉ်သူများထံမှ သိရှိရသည်။ ၂၀၁၄ ခုနှစ် မေလ ၃၁ ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ဆေးလိပ် မသောက်ရေးနေ့ ဆောင်ပုဒ်မှာ Raise Taxes No Tobacco (ဆေးလိပ်သုံးစွဲမှု လျှော့ချဖို့ အခွန်တိုးမြှင့် ကောက်ခံစို

မြန်မာနိုင်ငံ ဓမ္မတက္ကသိုလ် (MIT) စာကြည့်တိုက် မြှင့်တင်ရေး အမေရိကန်အစိုးရ ကူညီမည်...

မြန်မာနိုင်ငံ ဓမ္မတက္ကသိုလ် (MIT) စာကြည့်တိုက် မြှင့်တင်ရေး အမေရိကန်အစိုးရ ကူညီမည် ရန်ကုန်၊ မေ ၂၄ ရန်ကုန်မြို့ရှိ ခရစ်ယာန်ဘာသာရေး သင်တန်းကျောင်း ဖြစ်သော မြန်မာနိုင်ငံ ဓမ္မတက္ကသိုလ် (MIT) အတွက် မြန်မာနိုင်ငံရှိ အမေရိကန်သံရုံးက စာကြည့်တိုက် မြှင့်တင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် မေလ ၂၃ ရက်နေ့တွင် နားလည်မှု စာချွန်လွှာ ရေးထိုးခဲ့ကြောင်း အဆိုပါ တက္ကသိုလ် အသိုင်းအဝိုင်းက သိရသည်။ အဆိုပါ အစီအစဉ်အတွက် MIT ကျောင်းအုပ်ကြီးနှင့် အမေရိကန်သံရုံး တာဝန်ရှိသူတို့က သဘောတူလက်မှတ် ရေးထိုးခဲ့ပြီး ကနဦးအနေနှင့် ဘာသာရပ်ဆိုင်ရာ စာအုပ်ပေါင်း ၆၀၀ နီးပါးကို MIT ကျောင်းအတွက် ထောက်ပံ့ခဲ့ကြောင်း အမေရိကန်သံရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ နားလည်မှု စာချွန်လွှာ ရေးထိုးသည့်အတွက် နှစ်ဦးနှစ်ဖက် ရေရှည် လက်တွဲသွားရန် အလားအလာ ပိုကောင်းကြောင်းကို အမေရိကန်သံရုံးမှ ပြည်သူ့ရေးရာဌာန အရာရှိ Mr.Satrajit Sarder က ပြောဆိုသည်။ အမေရိကန်အစိုးရနှင့် MIT တက္ကသိုလ်တို့ကြား သဘောတူညီမှုတွင် စာအုပ်စာတမ်းများ ထောက်ပံ့ခြင်းနှင့် အင်တာနက် ဆက်သွယ်ရေးတို့အတွက် ကူညီပံ့ပိုးရေးတို့ ပါဝင်ကြောင်း အမေရိကန်သံရုံးက သိရသည်။ ၂၀၁၃ ခုနှစ်က အမေရိကန်တက္ကသိုလ် ကိုးခ

ဝက်လက်၊ ကန့်ဘလူ၊ မော်လိုက်နှင့် ဟင်္သာတတို့တွင် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး...

ဝက်လက်၊ ကန့်ဘလူ၊ မော်လိုက်နှင့် ဟင်္သာတတို့တွင် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ဆန္ဒဖော်ထုတ်မည် ရန်ကုန်၊ မေ ၂၄ တပ်မတော်အစိုးရ လက်ထက်က ရေးဆွဲခဲ့သည့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် အတွင်းရှိ ကန့်ဘလူမြို့နယ်နှင့် ဝက်လက်မြို့နယ်၊ ချင်းတွင်း အထက်ပိုင်းဒေသ မော်လိုက်မြို့နှင့် ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့တို့၌ မေလ ၂၅ ရက်နေ့တွင် ဆန္ဒထုတ်ဖော်ပွဲများ ကျင်းပမည် ဖြစ်ကြောင်း ယင်းမြို့နယ်များရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အဖွဲ့ဝင်များက ပြောကြားသည်။ စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် အတွင်းရှိ ကန့်ဘလူမြို့နယ်နှင့် ဝက်လက်မြို့နယ်တို့၌ မေလ ၂၅ ရက်နှင့် ၂၆ ရက်နေ့တို့တွင် NLD အဖွဲ့ဝင်များက ဦးဆောင်၍ လူအင်အား ၅၀၀၀ ကျော်ဖြင့် ဆန္ဒထုတ်ဖော်မည် ဖြစ်ရာ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး အပါအဝင် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ဆန္ဒဖော်ထုတ်ခြင်း ဖြစ်သည်ဟု ယင်းမြို့နယ် NLD အဖွဲ့ဝင်များက ပြောဆိုသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး၊ ပုဒ်မ ၄၃၆ ချက်ချင်းပြင်၊ လေးပွင့်ဆိုင် ဆွေးနွေးရေး၊ အမျိုးသားပြန်လည်ရင်ကြားစေ့ရေး၊ နိုင်ငံသား အခွင့်အရေး တန်းတူရေး ဟ

ယခုနှစ် အသုံးလုံး လှုပ်ရှားမှု စာတတ်မြောက်သူ လေးသောင်းကျော်ရှိ ရန်ကုန်၊ မေ ၂၄ ပည...

ယခုနှစ် အသုံးလုံး လှုပ်ရှားမှု စာတတ်မြောက်သူ လေးသောင်းကျော်ရှိ ရန်ကုန်၊ မေ ၂၄ ပညာရေး ဝန်ကြီးဌာန ထောက်ပံ့မှုနှင့် နိုင်ငံတစ်ဝန်း မြို့နယ်ပေါင်း ၂၉ ခုတွင် အသုံးလုံး (အခြေခံစာတတ်မြောက်ရေး လှုပ်ရှားမှု) ကို ၂၀၁၄ ခုနှစ် ဧပြီလနှင့် မေလတွင် ပြုလုပ်ခဲ့ရာ စာတတ်မြောက်သူ ၄၆,၄၇၉ ဦးထိ ရှိခဲ့ကြောင်း မြန်မာနိုင်ငံ ပညာရေးသုတေသနအဖွဲ့ ဦးစီးဌာန ကျောင်းပြင်ပ ပညာရေးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးခင်မောင်ထွေးက The Voice သို့ ပြောကြားသည်။ အဆင့်မြင့် ပညာတက္ကသိုလ် ၃၀ ခုမှ ကျောင်းသား၊ ကျောင်းသူ ၄,၂၆၁ ဦးက ဒေသခံ လုပ်အားပေး ဆရာများနှင့် ပူးပေါင်း၍ အခြေခံစာတတ်မြောက်ရေး လုပ်ငန်းများတွင် ပါဝင်ကူညီခဲ့ကြောင်း၊ ယင်းအခြေခံ စာရေးစာဖတ် သင်တန်းတွင် အသက် ၁၅ နှစ်မှ ၄၅ နှစ်ကြား ရှိသူများ ပိုများလာပြီး အသက် ၆၀ ကျော်သူများလည်း ပါဝင်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။ “အသက် ၁၅ နှစ်အထက်ကို ဦးတည် သင်ပေးပေမယ့် ၁၅ နှစ်အောက် ကလေးတွေ ကျောင်းမှာ မသင်ခဲ့ရလို့ သင်ချင်တယ်ဆို သင်ပေးတယ်” ဟု ဦးခင်မောင်ထွေးက ပြောဆိုသည်။ အသုံးလုံး လှုပ်ရှားမှု ပြုလုပ်ခဲ့သော စီမံချက်မြို့နယ်များတွင် စဉ်ဆက်မပြတ် ပညာရေးဌာနများ တိုးချဲ့သွားရန် စီစဉ်ထားပြီး စာကြည့်တိုက်မ

ရန်ကုန်မြို့တော်တွင် ယာဉ်တိုက်မှုကြောင့် တစ်ရက် နှစ်ဦးနှုန်း သေဆုံး ရန်ကုန်၊ မေ...

ရန်ကုန်မြို့တော်တွင် ယာဉ်တိုက်မှုကြောင့် တစ်ရက် နှစ်ဦးနှုန်း သေဆုံး ရန်ကုန်၊ မေ ၂၄ မြန်မာနိုင်ငံတွင် လူဦးရေ အထူထပ်ဆုံးနှင့် မော်တော်ယာဉ်စီးရေ အများဆုံး ရှိသော ရန်ကုန်မြို့တော်တွင် ယာဉ်မတော်တဆမှုကြောင့် တစ်ရက်လျှင် နှစ်ဦး သေဆုံးနေပြီး ဆယ်ဦးကျော် ထိခိုက်ဒဏ်ရာ ရရှိလျက် ရှိကြောင်း အမှတ် (၂) ယာဉ်ထိန်းရဲတပ်ဖွဲ့မှူး ရုံးထံမှ စုံစမ်းသိရှိရသည်။ ရန်ကုန်တိုင်းဒေသကြီးအတွင်း ၂၀၁၄ ခုနှစ် ဇန်နဝါရီလမှ မေလ ၂၂ ရက်နေ့ထိ ယာဉ်မတော်တဆမှု ၁၂၄၈ မှု ဖြစ်ပွားခဲ့ရာတွင် ၂၄၈ ဦး သေဆုံးခဲ့ပြီး ၁၈၈၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း အဆိုပါ ရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲမှူးကြီးလင်းထွဋ်က ပြောကြားသည်။ “ယာဉ်မတော်တဆ ဖြစ်ပွားမှုနှုန်း နေ့စဉ် မြင့်တက်နေတာကြောင့် ယာဉ်ကြော ရှုပ်ထွေးတဲ့ မီးပွိုင့်နဲ့ လမ်းဆုံတွေမှာ ယာဉ်ထိန်းတပ်ဖွဲ့တွေ ချထားပြီး စည်းကမ်းပျက် ယာဉ်တွေကို နေ့စဉ် ဖမ်းဆီးနေပေမယ့် စည်းကမ်းပျက် ယာဉ်မောင်းတချို့ကြောင့် ယာဉ်တိုက်မှုတွေ နေ့စဉ် ဖြစ်နေရတာ။ ယာဉ်တိုက်မှု လျော့နည်းသွားအောင် စည်းကမ်းထိန်းသိမ်းရေး အဖွဲ့နဲ့ ဖမ်းဆီးရေး အဖွဲ့တွေ ဖွဲ့စည်းပြီး ထိရောက်စွာ အရေးယူနိုင်ဖို့ စီစဉ်နေပါတယ်” ဟု အဆိုပါ ယာဉ်ထိန်းရဲတပ်ဖွဲ့မှူး ရုံးမှ ရဲအရ

မဟာဗန္ဓုလပန်းခြံနှင့် မြို့တော်ခန်းမအနီး ပတ်ဝန်းကျင်ဆိုင်ရာ လူငယ်အဖွဲ့ သန့်ရှင်းေ...

မဟာဗန္ဓုလပန်းခြံနှင့် မြို့တော်ခန်းမအနီး ပတ်ဝန်းကျင်ဆိုင်ရာ လူငယ်အဖွဲ့ သန့်ရှင်းရေးလုပ် ရန်ကုန်၊ မေ ၂၄ အမေရိကန်စင်တာ ပတ်ဝန်းကျင်ဆိုင်ရာ လူငယ်များအဖွဲ့ American Center Myanmar iNature Environmental Club မှ လူငယ် ၄၀ ကျော်သည် မေလ ၂၄ ရက်နေ့ နံနက် ၈ နာရီမှ ၁၀ နာရီအထိ မဟာဗန္ဓုလပန်းခြံနှင့် မြို့တော်ခန်းမ အနီးတွင် လည်းကောင်း၊ ဗန္ဓုလလမ်းမှ ဗိုလ်အောင်ကျော် လမ်းတစ်လျှောက်တွင် လည်းကောင်း သန့်ရှင်းရေး ပြုလုပ်ခဲ့ကြောင်း ယင်းအဖွဲ့ တာဝန်ခံ ဦးရှိုင်းဝင်းလတ်က ပြောကြားသည်။ ယင်းသို့ သန့်ရှင်းရေး လုပ်ဆောင်နိုင်ရန် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက ခွင့်ပြုပေးခဲ့ပြီး စည်ပင်သာယာရေး ဝန်ထမ်းများက လမ်းရှင်းပေး၍ စောင့်ကြည့် ကူညီပေးခဲ့သည်ဟု ၎င်းက ပြောဆိုသည်။ “မြို့တော်သန့်ရှင်းရေးနဲ့ ပတ်သက်ပြီး လူငယ်တွေကိုယ်တိုင် ဆောင်ရွက်နေတယ် ဆိုတာ ပြည်သူတွေကို အသိပေးလိုတဲ့ သဘောပါ” ဟု သန့်ရှင်းရေး လုပ်ဆောင်ရခြင်း၏ ရည်ရွယ်ချက်ကို ဦးရှိုင်းဝင်းလတ်က ရှင်းပြသည်။ ယင်းကိစ္စနှင့် ပတ်သက်၍ မြို့တော်စည်ပင်သာယာရေး ကော်မတီသို့ သွားရောက် မေးမြန်းခဲ့ရာ မှတ်ချက်ပေးလိုခြင်း မရှိဟုသာ တာဝန်ကျအရာထမ်းက ပြန်လည် ဖြေဆိုခဲ့သည်။ အမေရိကန်စင်တာ ပတ်ဝန်းကျ

လုပ်အားခ တိုးမြှင့်ပေးရန်မှအပ Asia Rose အထည်ချုပ်လုပ်သား ၄၀၀ ကျော် ဆန္ဒပြတောင်းဆိ...

လုပ်အားခ တိုးမြှင့်ပေးရန်မှအပ Asia Rose အထည်ချုပ်လုပ်သား ၄၀၀ ကျော် ဆန္ဒပြတောင်းဆိုမှု ပြေလည်မှုရ ရန်ကုန်၊ မေ ၂၄ ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာ စက်မှုဇုန်အမှတ် ၂ ရှိ Asia Rose အထည်ချုပ်လုပ်သား ၄၀၀ ကျော် ဆန္ဒပြ တောင်းဆိုနေသော အချက် ၁၃ ချက်တွင် လုပ်အားခ တိုးမြှင့်ပေးရန်မှအပ အခြားအချက်များ ပြေလည်မှု ရရှိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ရခိုင်တိုင်းရင်းသားဝန်ကြီး ဦးဇော်အေးမောင်က The Voice သို့ ပြောကြားသည်။ တောင်းဆိုသော အချက် ၁၃ ချက်အနက် တစ်နေ့လုပ်ခ တိုးမြှင့်ပေးရန်မှ လွဲ၍ ကျန်အချက်များကို အလုပ်ရှင်က မေလ ၂၄ ရက်နေ့တွင် သဘောတူညီ ပေးခဲ့ကြောင်း ဝင်ရောက် ညှိနှိုင်းပေးခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ရခိုင်တိုင်းရင်းသားဝန်ကြီး ဦးဇော်အေးမောင်က The Voice သို့ ပြောကြားသည်။ အလုပ်ရှင်နှင့် ညှိနှိုင်းခြင်းကို အဆိုပါ စက်ရုံတွင် ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းစေရန် အလုပ်ရှင်က ဆောင်ရွက်ပေးရန်၊ စက်ရုံအတွင်း မန်နေဂျာ ပြောင်းလဲပါက လုပ်သားများကို အသိပေးရန်နှင့် လုပ်ငန်းခွင် စည်းကမ်းများကို မပြောင်းလဲရန် စသည့် အချက် ၁၂ ချက်ကို သဘောတူညီခဲ့ခြင်း ဖြစ်ပြီး တစ်နေ့ လုပ်ခ ၄၀

ရခိုင်ရှိရှေးဟောင်းမြို့များကိုဖြတ်ဖောက်လုပ်သည့်ရထားလမ်းကိုေ

from Eleven Daily News http://ift.tt/1p6ogyz

ထိုင်းနိုင်ငံတွင်စစ်တပ်ကအာဏာသိမ်းမှုကိုဆန့်ကျင်သောဆန္ဒပြမှုမျာြး

from Eleven Daily News http://ift.tt/1oun05R

ရန်ကုန်(လှိုင်သာယာ)-ဟင်္သာတရထားလမ်းပိုင်း စတင်ဖွင့်လှစ်ပြေးဆွဲ

from Eleven Daily News http://ift.tt/1p6og1v

ချင်းပြည်နယ်၊ ဟားခါး-ကလေးလမ်း၌လူစီးသီးသန့်ကား ချောက်

from Eleven Daily News http://ift.tt/1p6ofKV

လက်ပံတောင်းတောင်ဒေသခံများမှ ဦးပိုင်နှင့် ၀မ်ပေါင်ကုမ္ပဏီကို

from Eleven Daily News http://ift.tt/1p6oeqh

ပြည်သူလိုလားချက်၊လက်ခံနိုင်မှုမပါဘဲကျောက်ဖြူ-ကူမင်းရထားလမ်း

from Eleven Daily News http://ift.tt/1oumXqP

မိုဘိုင်းလ်ဖုန်းမှတစ်ဆင့် e-Book ဖတ်ရှုနိုင်သည့် Application ဇွန်လကုန်တွင် ထွက်မည...

မိုဘိုင်းလ်ဖုန်းမှတစ်ဆင့် e-Book ဖတ်ရှုနိုင်သည့် Application ဇွန်လကုန်တွင် ထွက်မည် ရန်ကုန်၊ မေ ၂၄ မိုဘိုင်းလ်ဖုန်းနှင့် တက်ဘလက်များတွင် လပေးစနစ်ဖြင့် e-Book စာအုပ်များ ငှားရမ်းဖတ်ရှုနိုင်သည့် Wun Zinn Application (ဝန်ဇင်း) ကို လာမည့် ဇွန်လကုန်တွင် အခမဲ့ စတင် ဖြန့်ချိသွားမည် ဖြစ်ကြောင်း အဆိုပါ Application ကို ဖန်တီးနေသည့် Bagan Innovation Technology ကုမ္ပဏီမှ Marketing Manager ဦးဝင်းထွဋ်ဟန်က The Voice သို့ ပြောကြားသည်။ မိုဘိုင်းလ်ဖုန်း ဘေလ်မှတစ်ဆင့် ငွေပေးချေ၍ အသုံးပြုနိုင်သည့် အဆိုပါ Application တွင် အရောင်းနှင့် အငှားဟူ၍ နှစ်မျိုး ပါဝင်မည် ဖြစ်ပြီး လက်ရှိတွင် အရောင်းဝန်ဆောင်မှုကို Beta Version အနေဖြင့် အသုံးပြုနိုင်နေပြီ ဖြစ်ပြီး အငှား ဝန်ဆောင်မှု အပါအဝင် Final Version ကိုမူ လာမည့် ဇွန်လကုန်တွင် အပြီးသတ်သွားမည်ဟု ၎င်းကဆိုသည်။ “အငှားနဲ့ ပက်သက်ပြီးတော့ အစီအစဉ် ဆွဲနေတုန်း ဖြစ်တဲ့အတွက် အသေးစိတ်ကိုတော့ ပြောလို့ မရသေးပါဘူး။ e-book ဝယ်ဖတ်လို့ရတဲ့ Wun Zinn ကို Google Playstore မှာ အခမဲ့ Download လုပ်နိုင်ပါတယ်။ အငှား Application ထွက်လာရင်တော့ လက်ရှိ Application ကို update လုပ်ရမှာပါ” ဟု ဦးဝင်းထွဋ်

အမြန်လမ်းတွင် ထိခိုက်ဒဏ်ရာ ရရှိသူများ အရေးပေါ်ကုသရန် တိုက်နယ်ဆေးရုံ ဆောက်လုပ်မည်...

အမြန်လမ်းတွင် ထိခိုက်ဒဏ်ရာ ရရှိသူများ အရေးပေါ်ကုသရန် တိုက်နယ်ဆေးရုံ ဆောက်လုပ်မည် ရန်ကုန်၊ မေ ၂၄ ယာဉ်မတော်တဆမှုများ မကြာခဏ ဖြစ်ပွားနေသော ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတွင် ထိခိုက်ဒဏ်ရာ ရရှိသူများ အရေးပေါ် ကုသနိုင်မည့် ၁၆ ခုတင်ဆံ့ တိုက်နယ်ဆေးရုံ တစ်ခုကို မိုင်တိုင် ၈၄ အနီး (ကျောက်တံခါး) တွင် ဆောက်လုပ်မည် ဖြစ်ကြောင်း ကျန်းမာရေး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမင်းသန်းညွှန့်က The Voice သို့ ပြောကြားသည်။ ယင်းတိုက်နယ်ဆေးရုံကို ကျန်းမာရေး ဝန်ကြီးဌာနက တာဝန်ယူ တည်ဆောက်ခြင်း ဖြစ်ရာ ၂၀၁၅ ခုနှစ်အတွင်း အပြီးတည်ဆောက်နိုင်ရန် ခန့်မှန်းထားသည်ဟု ၎င်းက ပြောဆိုသည်။ “ဒီဆေးရုံမှာ အရေးပေါ် ထိခိုက်ဒဏ်ရာ ရရှိသူတွေကို ထိထိရောက်ရောက် ဖြေရှင်းနိုင်အောင် ခွဲစိတ်ခန်းသုံးပစ္စည်း ကိရိယာတွေကိုလည်း ပြည့်ပြည့်စုံစုံ ထားမယ်” ဟု ဒေါက်တာမင်းသန်းညွန့်က ရှင်းပြသည်။ ၃၆၆ မိုင်ကျော် ရှည်လျားသည့် ရန်ကုန်-မန္တလေး အမြန်လမ်းတွင် အရေးပေါ် ကြက်ခြေနီစခန်းများကို ဖြူး ၁၁၅ မိုင်၊ နေပြည်တော် ၂၀၄ မိုင်နှင့် မိတ္ထီလာ ၂၈၄ မိုင် အနီးတို့တွင် ရှိခဲ့ရာမှ ယခု တည်ဆောက်မည့် တိုက်နယ်ဆေးရုံမှာ ပထမဆုံး တိုက်နယ်ဆေးရုံ ဖြစ်သည်။ (အိမိုမို) from The Voice We

ရန်ကုန်မြို့တော်၏ ရေကြီးရေလျှံမှုကို ဖြေရှင်းရန် နည်းပညာအကူအညီ လိုအပ်ဟုဆို ရန်ကု...

ရန်ကုန်မြို့တော်၏ ရေကြီးရေလျှံမှုကို ဖြေရှင်းရန် နည်းပညာအကူအညီ လိုအပ်ဟုဆို ရန်ကုန်၊ မေ ၂၂ မိုးသည်းထန်စွာ ရွာသွန်းချိန်တွင် ရန်ကုန်မြို့တော်၌ ကြုံတွေ့နေရမြဲဖြစ်သော ရေကြီးရေလျှံမှု ပြဿနာကို ဖြေရှင်းနိုင်ရန် နည်းပညာ အကူအညီ လိုအပ်လျက် ရှိကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အင်ဂျင်နီယာဌာန (လမ်းနှင့်တံတား) မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ ဖွံဖြိုးပြီး နိုင်ငံများတွင် မိုးရာသီ၌ ရေကြီးရေလျှံမှု မဖြစ်စေရန် မြေအောက် ရေလှောင်ကန်များ ပြုလုပ်ကာ ရေစုပ်စက်များဖြင့် သက်မှတ်ထားသော နေရာများကို စုပ်ထုတ်ကာ ကာကွယ်လျက် ရှိကြောင်း၊ ရန်ကုန်မြို့ရှိ မြေအောက်တွင် တူးဖော်၍ကန်များ ပြုလုပ်မည်ဆိုပါက လက်ရှိ အသုံးပြုနေသည့် လမ်းများကို ဖျက်ကာ ပြုလုပ်ရမည် ဖြစ်သည့်အတွက် ကုန်ကျစရိတ် များပြားနိုင်ကြောင်း၊ ယင်းအတွက်ကြောင့် ရေကြီးရေလျှံမှု မဖြစ်စေရန် အခြားသော နည်းပညာတစ်ခု လိုအပ်လျက် ရှိကြောင်း ၎င်းက ထပ်မံရှင်းပြသည်။ “ဒီရေတက်တဲ့အချိန်နဲ့ မိုးတအားရွာပြီး ရေပါတဲ့ အချိန်မျိုးဆိုရင် ရေကလျှံမှာပဲ။ အရင်တုန်းက လမ်းဘေးမှာ ရေစိမ့်နိုင်တဲ့ မြေရှိတယ်။ ခုတော့ အဆောက်အဦတွေ ဆောက်ကြတော့ ကွန်ကရစ်တွေ ဖြစ်လာကြတယ်။ ရေရှည်စီမံကိန်းအတွက် မိ

[ Cartoon of the Day ]

[ Cartoon of the Day ] from The Voice Weekly's Facebook Wall http://ift.tt/1jGMFr0

#emg_cartoons

#emg_cartoons from Eleven Media Group's Facebook Wall http://ift.tt/1pltFiq

#emg_cartoons

#emg_cartoons from Eleven Media Group's Facebook Wall http://ift.tt/TFn4Wg

#emg_cartoons

#emg_cartoons from Eleven Media Group's Facebook Wall http://ift.tt/1pltF1W

#emg_cartoons

#emg_cartoons from Eleven Media Group's Facebook Wall http://ift.tt/1pltF1S

#emg_cartoons

#emg_cartoons from Eleven Media Group's Facebook Wall http://ift.tt/TFn48O

#emg_cartoons

#emg_cartoons from Eleven Media Group's Facebook Wall http://ift.tt/TFn3lj

အင်ဒိုနီးရှားနှင့် ဖိလစ်ပိုင် ရေကြောင်းသဘောတူညီချက်ချုပ်ဆို မနီလာ၊ မေ ၂၃ အင်ဒိ...

အင်ဒိုနီးရှားနှင့် ဖိလစ်ပိုင် ရေကြောင်းသဘောတူညီချက်ချုပ်ဆို မနီလာ၊ မေ ၂၃ အင်ဒိုနီးရှားနှင့် ဖိလစ်ပိုင်နိုင်ငံကြား ရေကြောင်း သဘောတူညီချက် တစ်ရပ်ကို လက်မှတ်ရေးထိုးလိုက်ပြီး ပိုင်ဆိုင်မှု အငြင်းပွားမှုများ ဖြစ်ပွားနေသော ဒေသတွင်း စံပြပုံစံတစ်ခု ဖြစ်သည်ဟု ချီးကျူးပြောကြားလိုက်ကြောင်း CNA သတင်းတွင် ဖော်ပြထားသည်။ ရေကြောင်း သဘောတူညီချက်ကို နှစ်ပေါင်း ၂၀ ကျော်ကြာ ဆွေးနွေးပြီးနောက် သဘောတူညီလိုက်ခြင်းဖြစ်ကာ တောင်တရုတ်ပင်လယ် အငြင်းပွားမှုများကို စေ့စပ်ညှိနှိုင်းသည့် နည်းလမ်းဖြင့် ဖြေရှင်းနိုင်သည်ကို ဖော်ပြပေးလိုက်ခြင်း ဖြစ်သည်ဟု အင်ဒိုနီးရှားသမ္မတ ဆူစီလို ဘန်ဗန်ယူဒိုယိုနိုက ပြောကြားလိုက်သည်။ “ရေကြောင်းအငြင်းပွားမှု အပါအဝင် အငြင်းပွားမှုတွေကို ငြိမ်းချမ်းစွာ ဖြေရှင်းလို့ရတယ်လို့ ဖော်ပြလိုက်ခြင်း ဖြစ်တယ်။ ကျွန်တော်တို့ဒေသတွင်း တည်ငြိမ်မှုနဲ့ ငြိမ်းချမ်းမှုကို ထိခိုက်စေမယ့် စစ်ရေးနည်းလမ်း အသုံးပြုဖို့ မလိုဘူးဆိုတာ ပြလိုက်တာ ဖြစ်တယ်” ဟု ဖိလစ်ပိုင်နိုင်ငံသို့ ရောက်ရှိနေသော အင်ဒိုနီးရှား သမ္မတက ပြောကြားလိုက်သည်။ ရေနံနှင့် သယံဇာတ ကြွယ်ဝသည် ဟုယူဆထားသော တောင်တရုတ် ပင်လယ်တွင်းရှိ နယ်မြေပိုင်ဆိုင်ရေးနှင့် ပတ်သက်ပြီး တ

နင်းပြားဘဝများကြားက ဆိုက်ကား ပရဟိတ ”ဆိုက်ကား အခမဲ့စီး နိုင်ပါတယ်ခင်ဗျာ” ထိုစကာ...

နင်းပြားဘဝများကြားက ဆိုက်ကား ပရဟိတ ”ဆိုက်ကား အခမဲ့စီး နိုင်ပါတယ်ခင်ဗျာ” ထိုစကားကို ရုတ်တရက်ကြားလျှင်ပင် အံ့သြသွားမည်ထင်သည်။ ငါးဆယ်၊ တစ်ရာတန် ဘတ်စ်ကားများကိုပင် အကြွေမပါသည့်အခါ အလကားစီးရခြင်းနှင့် တန်အောင် အပြောအဆိုခံရတတ်သော မြို့ကြီးပြကြီးတွင် ထိုစကားက အံ့သြစရာဖြစ်သွားနိုင်ပါသည်။သို့သော် သေချာအာရုံစိုက်၍ ဆက်နားထောင်မိပါက ရှင်းလင်းသွား မည်ဖြစ်သည်။ ”တရားနာလာသူတွေကို ကုသိုလ်ပြုတာပါ။ အခမဲ့ စီးနိုင်ပါတယ်ခင်ဗျာ” ကဆုန်လပြည့်နေ့ မဟာသန္တိသုခကျောင်းမှ တရားနာပြန်လာကြသူများအား အပေါက်ဝမှ လူတစ်စုကဆီးကြိုကာ ခေါ်နေခြင်းဖြစ်သည်။”ကျွန်တော်ဒီ အသင်းလေးဖြစ်ပေါ် ဖို့ တော်တော်စည်းရုံးရတယ်။ အခု တော်တော်ပီတိဖြစ်ရတယ်”ဟု ဓမ္မဒါန အနှေးယာဉ်အခမဲ့ ပို့ဆောင်ရေးအသင်း စတင်တည်ထောင်ရာတွင် ပါဝင်ခဲ့သူ ဦးဖိုးချစ် က ပြော သည်။၎င်းတို့အသင်းမှ ဆိုက်ကား အစီး ၇ဝ ကျော်ဖြင့် တာမွေ မြို့နယ်အတွင်း ပြုလုပ်သောတရားပွဲများတွင် ဝေယျာဝစ္စကိစ္စများ ပြုလုပ်ပေး သည့်အပြင် တရားနာပြန်သူများအား ဆိုက်ကားများဖြင့် အခမဲ့လိုက်ပါ ပို့ဆောင်ပေးနေသော အနှေးယာဉ်လုပ်သားများဖြင့် ဖွဲ့စည်းထားသည့် ပရဟိတအသင်းဖြစ်သည်။ ယခုနှစ် ဖေဖော်ဝါရီလအတွင်းမှ စတင် ဖွဲ့စည်းခဲ့ကာ အနှေး

ဘင်္ဂလားဒေ့ရှ်မှ ထွက်ပြေးလာသော ရခိုင်ဒုက္ခသည်နှစ်ထောင်ကျော် စားနပ်ရိက္ခာ အရေးတကြီးလိ...

ဘင်္ဂလားဒေ့ရှ်မှ ထွက်ပြေးလာသော ရခိုင်ဒုက္ခသည်နှစ်ထောင်ကျော် စားနပ်ရိက္ခာ အရေးတကြီးလိုအပ် ရန်ကုန်၊ မေ ၂၂ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ထွက်ပြေးကာ ရခိုင်ပြည်နယ် မောင်တောဒေသတွင် လာရောက် ခိုလုံနေသည့် ရခိုင်တိုင်းရင်းသား မျိုးနွယ်စုဝင် ဒုက္ခသည် နှစ်ထောင်ကျော်အတွက် စားနပ်ရိက္ခာ အရေးတကြီး လိုအပ်နေကြောင်း ဒုက္ခသည် ကယ်ဆယ်ရေးစခန်းမှ ဆရာတော် ဦးအာစရက မိန့်ကြားသည်။ လက်ရှိတွင် ၎င်းဒုက္ခသည်များအတွက် အမေရိကန် နိုင်ငံရောက် ရခိုင်သာရေး၊ နာရေးအသင်းမှ လှူဒါန်းထားသည့် ငွေကျပ် သိန်းနှစ်ဆယ်ဖြင့် ဒုက္ခသည်များကို စားဝတ်နေရေး ပြဿနာကို ဖြေရှင်းနေရပြီး ဇွန်လမှစတင်ကာ တစ်လလျှင် ဆန်အိတ် ငါးရာဝန်းကျင် လိုအပ်မည် ဖြစ်ကြောင်း ဆရာတော်က ဆက်လက်မိန့်ကြားသည်။ ၂၀၁၃ ခုနှစ်က ဒုက္ခသည် ၁၅၀၀ ကျော်ရှိခဲ့ရာ ယင်းကာလက တစ်လလျှင် ဆန်အိတ် ၃၀၀ ကျော်လိုအပ်ခဲ့ပြီး ယခုဒုက္ခသည် ၂၀၀၀ ကျော်ထိ မြင့်တက်လာသဖြင့် တစ်လလျှင် ဆန်အိန် ၅၀၀ ဝန်းကျင် လိုအပ်လာခြင်း ဖြစ်ကြောင်း ဆရာတော် ဦးအာစရက မိန့်ကြားသည်။ အစိုးရက ဒုက္ခသည်တစ်ဦးလျှင် တစ်လကို ငွေကျပ် တစ်သောင်းခွဲနှင့် ကမ္ဘာ့စားနပ်ရိက္ခာ ကူညီရေးအဖွဲ့ (WFP) က တစ်ဦးလျှင် တစ်လအတွက် ဆန်တပြည်ခွဲနှုန်း ကူညီခဲ့သော်လည်း လုံလောက်မှု မရှိခဲ့ေ

" ရွှေ့ပြောင်းအလုပ်သမားများ လွတ်လပ်စွာဖွဲ့စည်းစုရုံးခွင့် အာဆီယံနိုင်ငံများ လက်မ...

" ရွှေ့ပြောင်းအလုပ်သမားများ လွတ်လပ်စွာဖွဲ့စည်းစုရုံးခွင့် အာဆီယံနိုင်ငံများ လက်မခံ " ယခုနှစ်အတွင်း အပြီးရေးဆွဲရန် ရည်မှန်းထားသည့် အာဆီယံအလုပ် သမားများ ကာကွယ်မြှင့်တင်ရေး ဥပဒေ မူကြမ်းအပေါ် သဘောမတူသည့် အချက်များစွာရှိနေသဖြင့် အပြီးမသတ်နိုင် သေးကြောင်း သိရသည်။ အာဆီယံရွှေ့ပြောင်းအလုပ်သမားများကို ကာကွယ်စောင့်ရှောက်နိုင်သော အဆိုပါ ဥပဒေမူကြမ်းတွင် ရွှေ့ပြောင်း အလုပ်သမားများ လွတ်လပ်စွာ စည်းဝေးခွင့်၊ အဖွဲ့အစည်းဖွဲ့စည်းခွင့်ကို အာဆီယံနိုင်ငံများက လက်မခံကြသောကြောင့် သဘောတူရန်ခက်ခဲနေခြင်း ဖြစ်ကြောင်း အလုပ်သမားညွှန်ကြားရေး ဦးစီးဌာနညွှန်ချုပ် ဦးမျိုးအောင်က ပြော သည်။ ''ရွှေ့ပြောင်းအလုပ်သမားတွေကို လက်ခံတဲ့နိုင်ငံတွေက သူတို့နိုင်ငံရဲ့ ဥပဒေနဲ့ မကိုက်ညီဘူးဆိုတာမျိုးတွေ ပြောကြတယ်'' ဟု ဦးမျိုးအောင်က ပြောသည်။ ရွှေ့ပြောင်းအလုပ်သမားများ၏ အခွင့်အရေးများ ကာ ကွယ်စောင့် ရှောက်ြ ခင်းနှင့် မြှင့်တင်ခြင်းဆိုင်ရာ အာဆီယံကြေညာစာတမ်း အကောင် အထည်ဖော်ရေး၊ ကော်မတီ အစည်း အဝေးတွင် အဆိုပါ နည်းဥပဒေ ကို ဆွေးနွေးနေပြီး နည်းဥပဒေပြဋ္ဌာန်းပြီးပါ က အာဆီယံနိုင်ငံများ အတွင်း ရွှေ့ ပြောင်းအလုပ်လုပ်ကိုင်သော အလုပ် သမားမ

သတ်မှတ်စည်းကမ်းနှင့် မညီသည့် ရန်ကုန်-မန္တလေး အမြန်လမ်းမှ အဝေးပြေးယာဉ်များကို အရေး...

သတ်မှတ်စည်းကမ်းနှင့် မညီသည့် ရန်ကုန်-မန္တလေး အမြန်လမ်းမှ အဝေးပြေးယာဉ်များကို အရေးယူမှုစတင် မန္တလေး၊ မေ ၂၃ ယာဉ်၊ ယာဉ်မောင်းနှင့် လမ်းကြောင့်ဟုဆိုကာ အငြင်းပွားမှုများ ဖြစ်ပေါ်နေသော ရန်ကုန်-မန္တလေး အဝေးပြေး အမြန်လမ်းတွင် ယာဉ်အန္တရာယ်များ ကင်းဝေးစေရန်နှင့် ကြိုတင် ကာကွယ်နိုင်ရန်အတွက် သတ်မှတ်ထားသော စည်းကမ်းချက်များ ဖောက်ဖျက်ယာဉ်များကို မေလ ၂၄ ရက်နေ့မှ စတင်အရေးယူမည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ပို့ဆောင်ရေး စီမံကိန်းဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ အဝေးပြေး ခရီးသည်တင်ယာဉ်များတွင် မီးဘေးအန္တရာယ် ကာကွယ်နိုင်ရန်အတွက် မီးသတ်ဆေးဘူးများ တပ်ဆင်ထားရန်၊ အရေးပေါ် အခြေအနေများတွင် အသုံးပြုရန် တူ၊ ပုဆိန်များ ဆောင်ထားရန်၊ ယာဉ်မောင်းနှင့် အရန်ယာဉ်မောင်းများတွင် သက်တမ်းရှိ ‘င’ ယာဉ်မောင်းလိုင်စင် ပါရှိရန် စသည့် အချက်များအပါအဝင် စည်းကမ်းချက် ၁၂ ချက်ကို ယာဉ်ရပ်နားစခန်းများရှိ ကားဂိတ်များတွင် အသိပေး အကြောင်းကြားပြီး ဖြစ်ကြောင်း၊ ပြည့်စုံမှုမရှိသည့် ယာဉ်များကို အမြန်လမ်းတွင် မောင်းနှင်ခွင့်မပေးဘဲ တားမြစ် အရေးယူသွားမည် ဖြစ်ကြောင်း အဆိုပါဌာနမှ ထပ်မံသိရသည်။ ယင်းသို့အရေးမယူခင် မေလ ၁၉ ရက်နေ့မှစတင်ကာ ပညာပေးလုပ်ငန်းမျ

မူလတန်းနှင့် အလယ်တန်းပြဋ္ဌာန်းစာအုပ် အခမဲ့ပေးသော်လည်း ရန်ကုန်ဈေးကွက် ဝယ်လိုအားမကျ...

မူလတန်းနှင့် အလယ်တန်းပြဋ္ဌာန်းစာအုပ် အခမဲ့ပေးသော်လည်း ရန်ကုန်ဈေးကွက် ဝယ်လိုအားမကျ ရန်ကုန်၊ မေ ၂၃ ပညာရေးဝန်ကြီးဌာနက မူလတန်းနှင့် အလယ်တန်း ပြဋ္ဌာန်းစာအုပ်များကို ၂၀၁၄-၂၀၁၅ ပညာသင်နှစ်တွင် အခမဲ့ ထောက်ပံ့ကြောင်း ကြေညာ ထားသော်လည်း ဈေးကွက်အတွင်း ပြဋ္ဌာန်းစာအုပ် ဝယ်လိုအား ကျဆင်းမှု မရှိကြောင်း ရန်ကုန်မြို့တော် ဗိုလ်ချုပ်ဈေးရှိ ပြဋ္ဌာန်းစာအုပ် ရောင်းဝယ်ရေးလုပ်ငန်း အသိုင်းအဝိုင်းက စုံစမ်းသိရှိရသည်။ ကျောင်းဖွင့်ရာသီ မတိုင်မီ ကျူရှင်တက်သူများက ပြဋ္ဌာန်းစာအုပ်များ အပိုဆောင်ထားလေ့ ရှိသည့်အတွက် ယခုကဲ့သို့ ရောင်းအားကျဆင်းမှု မရှိကြောင်း အဆိုပါ အသိုင်းအဝိုင်းက ပြောကြားသည်။ “ကျောင်းတွေက အလကားပေးမယ် ဆိုပေမယ့် လာဝယ်တဲ့ လူတွေတော့ ပုံမှန်လာဝယ်ကြတာပဲ။ ရောင်းအားမကျသွားပါဘူး” ဟု ရန်ကုန်မြို့တော် ဗိုလ်ချုပ်အောင်ဆန်းဈေးရှိ ပြဋ္ဌာန်းစာအုပ် ရောင်းချသူ အသက် ၂၅ နှစ်အရွယ် အမျိုးသမီးက ပြောဆိုသည်။ အလားတူ ဗိုလ်ချုပ်ဈေး အနီးတစ်ဝိုက်က ပြဋ္ဌာန်းစာအုပ် ရောင်းချသူ အချို့ကလည်း ယခင်နှစ်များအတိုင်း ဝယ်လိုအား ရှိကြောင်း ပြောကြားသည်။ “သိပ်ပြီးတော့ ရောင်းအား မကျသွားပါဘူး။ ပုံမှန်လေးပဲ ရောင်းနေရတယ်” ဟု ပြဋ္ဌာန်းစာအုပ် ရောင်းချသူတစ်ဦးက The Voic