" ရွှေ့ပြောင်းအလုပ်သမားများ လွတ်လပ်စွာဖွဲ့စည်းစုရုံးခွင့်
အာဆီယံနိုင်ငံများ လက်မခံ "
ယခုနှစ်အတွင်း အပြီးရေးဆွဲရန် ရည်မှန်းထားသည့် အာဆီယံအလုပ်
သမားများ ကာကွယ်မြှင့်တင်ရေး ဥပဒေ မူကြမ်းအပေါ် သဘောမတူသည့်
အချက်များစွာရှိနေသဖြင့် အပြီးမသတ်နိုင် သေးကြောင်း သိရသည်။
အာဆီယံရွှေ့ပြောင်းအလုပ်သမားများကို ကာကွယ်စောင့်ရှောက်နိုင်သော အဆိုပါ ဥပဒေမူကြမ်းတွင် ရွှေ့ပြောင်း အလုပ်သမားများ လွတ်လပ်စွာ စည်းဝေးခွင့်၊ အဖွဲ့အစည်းဖွဲ့စည်းခွင့်ကို အာဆီယံနိုင်ငံများက လက်မခံကြသောကြောင့် သဘောတူရန်ခက်ခဲနေခြင်း ဖြစ်ကြောင်း အလုပ်သမားညွှန်ကြားရေး ဦးစီးဌာနညွှန်ချုပ် ဦးမျိုးအောင်က ပြော သည်။
''ရွှေ့ပြောင်းအလုပ်သမားတွေကို လက်ခံတဲ့နိုင်ငံတွေက သူတို့နိုင်ငံရဲ့
ဥပဒေနဲ့ မကိုက်ညီဘူးဆိုတာမျိုးတွေ ပြောကြတယ်'' ဟု ဦးမျိုးအောင်က ပြောသည်။
ရွှေ့ပြောင်းအလုပ်သမားများ၏ အခွင့်အရေးများ ကာ ကွယ်စောင့်
ရှောက်ြ ခင်းနှင့် မြှင့်တင်ခြင်းဆိုင်ရာ အာဆီယံကြေညာစာတမ်း အကောင် အထည်ဖော်ရေး၊ ကော်မတီ အစည်း အဝေးတွင် အဆိုပါ နည်းဥပဒေ ကို ဆွေးနွေးနေပြီး နည်းဥပဒေပြဋ္ဌာန်းပြီးပါ က အာဆီယံနိုင်ငံများ အတွင်း ရွှေ့ ပြောင်းအလုပ်လုပ်ကိုင်သော အလုပ် သမားများသည် တန်းတူအခွင့်အရေး ရပိုင်ခွင့်များ၊ ခံစားခွင့်များ ရရှိနိုင် မည်ဟု
၎င်းက ပြောသည်။
ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံ သားများအဖွဲ့မှ တာဝန်ရှိသူတစ်ဦး က ရွှေ့ပြောင်းအလုပ်သမားများ လွတ်လပ် စွာ စုဝေးခွင့်နှင့် ပတ်သက်၍
''ပြည်ပ မှာ အလုပ်လုပ်နေရတဲ့အတွက် ကိုယ့် နိုင်ငံသားအချင်းချင်း ဖွဲ့စည်းထားတဲ့ အလုပ်သမားအဖွဲ့တွေ တရားဝင်ရှိဖို့ လိုအပ်တယ်။ အဲဒါမှ တစ်ယောက် ယောက် ဖိနှိပ်ခံရရင် ဝိုင်းဝန်းကူညီ ဖြေရှင်းပေးနိုင်မှာပေါ့'' ဟု မှတ်ချက်ပြုသည်။
အာဆီယံ အလုပ်သမားများ ကာကွယ်မြှင့်တင်ရေးဥပဒေမူကြမ်းကို ၂ဝ၁၄ အပြီး ရေးဆွဲရန် သတ်မှတ်ထား သော်လည်း ပြီးစီးရန် များစွာလိုသေး ကြောင်း၊ အဆိုပါ နည်းဥပဒေပါ အချို့ အချက်များကို အချက်အလိုက် ပြောင်း လဲ ပြင်ဆင်ခြင်းမျိုး မဟုတ်ဘဲ စာသား များကိုသာ နိုင်ငံအလိုက် လက် ခံနိုင် အောင် ပြင်ဆင်ခြင်းမျိုး ပြုလုပ်သွားရန် ရှိကြောင်း သိရသည်။
စိုင်းလမင်း
from Popular Myanmar News Journal's Facebook Wall http://ift.tt/1t59iGC
Comments
Post a Comment