Skip to main content

Posts

Showing posts from November 2, 2014

မသန်စွမ်းသူတို့ ခရီးရှည်ထွက်ဖို့ပြင်

ဒီဇင်ဘာ ၃ ရက်နေ့မှာ ကျရောက်မယ့် နိုင်ငံတကာ မသန်စွမ်းသူများနေ့ အကြိုလှုပ်ရှားမှုတွေအနေနဲ့ ရန်ကုန်ုကနေ မန္တလေးထိ မိုင် ၄၀ဝ ကျော်ကို ဘီးတပ်ကုလားထိုင်တွေနဲ့ သွားကြမှာ ဖြစ်သလို မြန်မာနိုင်ငံမှာပထမဆုံးအနေနဲ့ အာဆီယံဒေသအဆင့် မသန်စွမ်းသူများ အနုပညာပွဲတော်လုပ်ဖို့ ပြင်ဆင်နေကြပါတယ်။ မြန်မာ့ လူမှုအသိုင်းအဝိုင်းထဲမှာ မသန်စွမ်းသူတွေအပေါ်ထားတဲ့ ကွဲပြားနေတဲ့အမြင်တွေကို ပြောင်းလဲပစ်ဖို့ မသန်ပေမယ့် စွမ်းသေးတယ်ဆိုတာကိုသက်သေပြဖို့ မသန်စွမ်းသူများရှေ့ဆောင်အဖွဲ့နဲ့ ရွှေမင်းသား ဖေါင်ဒေးရှင်းတို့က ကဏ္ဍဍ၂ခုခွဲပြီး လှုပ်ရှားမှုတွေလုပ်ကြမှာ ဖြစ်ပါတယ်။ ရွှေမင်းသား ဖေါင်ဒေးရှင်းနဲ့ ခဝဲခြံမျက်မမြင်ကျောင်းတို့ ပူးပေါင်းထားတဲ့အဖွဲ့က ဘီးတပ်ကုလားထိုင် ၁၀စီး စက်ဘီး ၁စီးနဲ့ မန္တလေးကို ဒီဇင်ဘာ ၃ရက်နေ့ အရောက် ခရီးထွက်ကြမှာပါ။ တပတ်အကြာ လယ်ဝေးအရောက်မှာ အထက်မြန်မာပြည် ကိုယ်စားပြုတဲ့ မသန်စွမ်းသူများအဖွဲ့က ဘီးတပ် ကုလားထိုင် ၁၂စီး စက်ဘီး ၁စီးနဲ့ ပေါင်းပြီး မန္တလေးကို ဒီဇင်ဘာ ၃ ရက်နေ့မှာ ကျရောက်မယ့် နိုင်ငံတကာ မသန်စွမ်းသူများနေ့ အခမ်းအနား အမှီ အရောက်သွားရောက်ဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။ မသန်စွမ်းသူတွေရဲ့ စိတ်ဓါတ်ကြံ့ခိုင်မှုနဲ့ ကိုယ်ကိုကိုယ်ယံ

နိုင်ငံတကာစိန်ခေါ်ပွဲ ခြောက်ပွဲနိုင် တစ်ပွဲရှုံးဖြင့် မြန်မာ့လက်ဝှေ့အစွမ်းပြ

ရန်ကုန် နိုဝင်ဘာ ၂ မြန်မာ့ရိုးရာ လက်ဝှေ့ အားကစားကို ကမ္ဘာ့နိုင်ငံ အသီးသီးက သိရှိ လက်ခံ လာစေရန် ရည်ရွယ်၍ နိုင်ငံတကာ လက်ဝှေ့အကျော်အမော်များကို ဖိတ်ခေါ် ယှဉ်ပြိုင်ခဲ့သော နိုင်ငံတကာ မြန်မာ့ရိုးရာ လက်ဝှေ့စိန်ခေါ်ပွဲကို ယနေ့မွန်းလွဲ ၂ နာရီတွင် ရန်ကုန်မြို့ သိမ်ဖြူ အားကစားခန်းမ၌ ကျင်းပရာ နိုင်ငံတကာ စိန်ခေါ်ပွဲ ပွဲစဉ်ခုနစ်ပွဲ အနက် မြန်မာတို့ ခြောက်ပွဲတွင် အနိုင်ရ ခဲ့သည်။ ငွေကျပ်ငါးသောင်းမှ တစ်သောင်းခန့်အထိ ရုံဝင်လက်မှတ်ခ ပေးရသည့် အဆိုပါပွဲသည် ပွဲစတင်ချိန်တွင် ရုံပြည့်သည်အထိ ပရိသတ်များ ဝင်ရောက်လာခဲ့ရာ လာရောက် ကြည့်ရှုသူ လက်ဝှေ့အားကစားချစ် ပရိသတ် ၂ဝဝဝ ကျော် ရှိခဲ့သည်။ ပထမဦးစွာ သုံးချီ စိန်ခေါ်ပွဲများကို ကျင်းပရာ အဖြူရောင်သွေး သစ်ကလပ်မှ ရှိုင်းထက်အောင်နှင့် မန္တလေးကလပ်မှ စိန်လုံးချော၊ ဒို့ရိုးရာ ကလပ်မှ စောထူးအောင်နှင့်ရွှေဒေါန ကလပ်မှ ဒေါင်းဖြူလေးတို့မှာ လက်ရည်တူဖြင့်ပွဲချီပြည့် ပူးတွဲသရေ ကျခဲ့သည်။ အဖြူရောင်သွေးသစ်ကလပ်မှ စောဖြိုးဝေနှင့် ရွှေဒေါနကလပ်မှ နာဂစ်လေးတို့ သုံးချီစိန်ခေါ်ပွဲတွင်မူဒုတိယအချီ နှစ်မိနစ် သုံးစက္ကန့် အရောက် စောဖြိုးဝေ၏ခေါင်းတိုက်ချက်ကြောင့် နာဂစ်လေးရှုံးနိမ့်ခဲ့ရပြီး ဝါဆိုကလပ်မှ သားနဂါးမှာမ

အလုပ်ရှင် အလုပ်သမား ဥပဒေမှာ ထောင်ဒဏ်ပါ ထည့်သွင်းစေလို

အလုပ်သမားတွေနဲ့ အလုပ်ရှင်တွေ အကြား လုပ်ငန်းခွင် ပဋိပက္ခတွေကို ဖြေရှင်းပေးတဲ့ အလုပ်ရှင် အလုပ်သမား အငြင်းပွားမှု ဖြေရှင်းရေး ဥပဒေမှာ ငွေဒဏ်တင်မကပဲ ထောင်ဒဏ်တွေပါ ထည့်သွင်း ပြင်ဆင် ပေးဖို့ ရန်ကုန်တိုင်း ဒေသကြီးက အလုပ်သမား သမဂ္ဂအဖွဲ့ဝင် ၂ဝဝ ကျော်လောက် တာမွေမြိ့နယ် ကျိုက္ကဆံ အားကစားကွင်းမှာ ဒီနေ့ ဆန္ဒပြ တောင်းဆို ခဲ့ကြပါတယ်။ ဆန္ဒပြပွဲမှာ ပါဝင်တဲ့ မြန်မာနိုင်ငံ အလုပ်သမား သမဂ္ဂအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ကိုအောင်သူက အခုပြဌာန်းထားတဲ့ ဥပဒေဟာ အလုပ်သမားတွေ အတွက် မမျှတတဲ့ ဥပဒေဖြစ်နေ တာကြောင့် ထောင်ဒဏ်ပါ ထည့်သွင်း ပြဌာန်းပေးဖို့ တောင်းဆိုတာလို့ ပြောပါတယ်။ "အဓိက ဒီအငြင်းပွါးမှုပြဿနာကို ပြန်လည်ပြင်ဆင်တဲ့ဥပဒေမှာ ထောင်ဒဏ်မပါလာဘူး၊ ငွေဒဏ်ပဲထပ်တိုးလိုက်တယ်၊ အရင် ၁ သိန်းဆိုတဲ့နေရာမျိုးမှာ ငွေဒဏ် ၅ သိန်းဆိုပြီးတိုးလိုက်တယ်၊ မမျှတတဲ့ဥပဒေလို့ ကျနော်တို့မြင်တယ်လေ၊ အလုပ်သမားတွေဘက်က အရမ်းအခက်အခဲဖြစ်လာမယ်၊ အလုပ်ရှင်ကတော့ ပိုက်ဆံပေးပြီးတော့ သမဂ္ဂတွေကိုဖြိုမယ်၊ အလုပ်သမားတွေကို အနိုင်ကျင့်မယ်၊ ဒီတော့ ဒီအထဲကိုထောင်ဒဏ်ပါမှကို ကျနော်တို့ အဆင်ပြေမဲ့အနေအထားပါ" ဆန္ဒပြသူတွေဟာ ပြည်ထောင်စုလွှတ်တော်အနေနဲ့ အလုပ်သမာ

ဖန်လုံအိမ် ဓာတ်ငွေ့ မလျှော့ချလျှင် လူတွေအတွက် အန္တရာယ်ကြီး

ကမ္ဘာ ပေါ်မှာ အခု ရာစုနှစ် ကုန်လောက်မှာ ဖန်လုံအိမ် ဓာတ်ငွေ့ ထုတ်လုပ်နေ မှုတွေ၊ သိသိ သာသာ မလျှော့ ချ နိုင်ဘူးဆို ရင် ဂေဟ စနစ် ဆိုးဝါး လာပြီး၊ လူတွေဟာ ပြန်ပြင်လို့ မရတဲ့ ပျက်ဆီး မှုတွေနဲ့ ရင်ဆိုင်ရ လိမ့်မယ်လို့ ကုလသမဂ္ဂ က ရာသီဥတု ပြောင်းလဲမှု ဆိုင်ရာ ကျွမ်းကျင် သူတွေက အစီရင် ခံစာ ထုတ်ပြန် လိုက် ပါတယ်။ စာမျက်နှာ ၄၀ ပါတဲ့ ဒီ အစီရင် ခံစာမှာ ကမ္ဘာကြီး ပူနွေးလာ မှုဟာ ရှင်းရှင်း လင်းလင်းကို သိသာ လာနေပြီး၊ ဒါတွေဟာ အဓိက အားဖြင့် လူတွေကြောင့် ဖြစ်ရ တာလို့ ဖေါ်ပြထား ပါတယ်။ အန္တရာယ် ရှိလှတဲ့ ရာသီဥတု ပူနွေးမှုကို ရှောင်ရှား နိုင်ဖို့ ဆိုရင် အခု ရာစုနှစ် အလယ်လောက် ကျရင် လျှပ်စစ် ဓာတ်အား ထုတ်လုပ် ရာမှာ ကာဗွန် လုံးဝ နီးပါး မထွက်အောင် လုပ်ဖို့ လိုအပ် တယ်လို့ ဆိုပါတယ်။ ကိုပေဟေဂင်မှာ ပြုလုပ်တဲ့ ဒီ အစည်း အဝေးမှာ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း ကိုယ်တိုင် တက်ရောက် ခဲ့ပြီး သူကလည်း၊ ကမ္ဘာကြီး ပူနွေး လာမှုဟာ လူကြောင့် ဖြစ်နေ ရတယ် ဆိုတာ ပိုပြီး ရှင်းလင်း လာနေ တယ်လို့ ပြောကြား သွားပါတယ်။ ဒီအတွက် အန္တရာယ်တွေ မကျ ရောက်အောင် အလျင် အမြန် စိတ်ရော ကိုယ်ပါ အရေးယူ ဆောင်ရွက် ကြဖို့ လိုနေပြီလို့ ပြောကြားသွား ခဲ့ပါတယ်။ ဘီဘီ

နိုဝင်ဘာလ (၃)ရက်နေ့ ထုတ် ကြေးမုံ နေ့ စဉ် သတင်းစာ

နိုဝင်ဘာလ (၃)ရက်နေ့ ထုတ် ကြေးမုံ နေ့ စဉ် သတင်းစာ နိုဝင်ဘာလ (၃)ရက်နေ့ ထုတ် ကြေးမုံ နေ့ စဉ် သတင်းစာ သတင်းစာ ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။ from သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin http://ift.tt/1s5rQpY

အလွတ်တန်းသတင်းထောက် ကိုပါကြီး ပုံ မဟုတ်ကြောင်း ဇနီးဖြစ်သူ ငြင်းဆို

အလွတ်တန်းသတင်းထောက် ကိုပါကြီး ပုံ မဟုတ်ကြောင်း ဇနီးဖြစ်သူ ငြင်းဆို from သစ်ထူးလွင် (သတင်းစာ၊ ဂျာနယ်နှင့် ရုပ်သံ) - Myanmar News Now http://ift.tt/1DLrYjX via IFTTT

ကိုပါကြီး အလောင်းကို ပြန်ဖေါ်ခွင့် ပြု

မြန်မာ အစိုးရ စစ်တပ် ဖမ်းဆီး ထားတဲ့ အချိန်မှာ သေဆုံး သွား ခဲ့တဲ့ အလွတ် သတင်းထောက် ကိုပါကြီး ခေါ် ကိုအောင်ကျော်နိုင်ရဲ့ အလောင်းကို အာဏာပိုင် တွေက ပြန်ဖေါ် ခွင့် ပြု တော့မှာ ဖြစ်ပါတယ်။ ရွှေဝါချောင် ကျေးရွာ မှာ မြှုပ်ထားတဲ့ ကိုပါကြီး အလောင်း ကို လာမယ့် နိုဝင်ဘာ ၅ ရက် နေ့မှာ ပြန်ဖေါ်မှာ ဖြစ်တယ်လို့ ဇနီး ဖြစ်သူ မသန္တာကို ကျိုက် မရော ရဲ စခန်း က အကြောင်း ကြားလာ တာ ဖြစ်ပါတယ်။ အခုလို အချိန် ကပ်ပြီး အကြောင်းကြား လာတဲ့ အတွက် အလောင်း ပြန် ဖေါ်ပြီးတဲ့ အခါ ဘယ်လို သေဆုံး တယ်ဆိုတာ လွတ်လပ်စွာ စစ်ဆေး နိုင် ဖို့ ပြင်ဆင်မှု အချိန် အရမ်း နည်းနေ တယ်လို့ မသန္တာ ဘက်က လိုက်ပါ ဆောင်ရွက် ပေးနေတဲ့ ရှေ့နေက ပြောပါတယ်။ ဘီဘီစီ (မြန်မာပိုင်း) http://ift.tt/1qlz0G5 ကိုပါကြီး အလောင်း ကို လာမယ့် နိုဝင်ဘာ ၅ ရက် နေ့မှာ ပြန်ဖေါ်မယ် from သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin http://ift.tt/1qlz0G9

ရွှေဈေး ကျပ် ၆၄၈၅ဝဝအထိကျဆင်း ရွှေထည်ပစ္စည်း ထုတ်ရောင်းသူဦးရေ များလာ

ရန်ကုန် နိုဝင်ဘာ ၁ ရက်ပိုင်းအတွင်း အတက် အကျတည်ငြိမ်မှု မရှိသည့်ပြည်တွင်း ရွှေဈေးနှုန်းများ အောက်တိုဘာ ၃၁ ရက်တွင်အခေါက်ရွှေဈေး တစ်ကျပ် သားလျှင် ကျပ် ၆၄၈၅ဝဝ ဖြင့် ဈေးနှုန်းများ အကျဘက်သို့ ဦး တည်လာခဲ့ကြောင်း ရွှေလုပ်ငန်း ရှင်များထံမှ သိရသည်။ အောက်တိုဘာ ပထမပတ်မှ စတင်၍ ပြည်တွင်းအခေါက်ရွှေ ဈေးမှာ တစ်ကျပ်သားလျှင် ကျပ် ၆၇ဝဝဝဝ ကျော်ဖြင့် ဈေးနှုန်းများ တက်ရိပ်ပြနေရာမှ ဒုတိယပတ် တွင် ဈေးနှုန်းများတစ်ရိပ်ရိပ်ကျ ဆင်းလာခဲ့ပြီး အောက်တိုဘာ ၃ဝ ရက်ကအပိတ်ဈေးကျပ် ၆၆ဝဝဝဝ ကျော်ဖြစ်နေရာမှ ယနေ့အဖွင့်ဈေး တွင် ဈေးနှုန်းကျပ်တစ်သောင်း ကျော်အထိကျဆင်းခဲ့ခြင်းဖြစ်သည်။''ဒေါ်လာကို စောင့်ကြည့်နေရ တယ်။ ဒေါ်လာတက်ရင် ရွှေက ကျနေမှာပါ။ ကမ္ဘာ့ရွှေဈေးလဲကျ နေပြီ။ အခုဈေးတက်တယ်၊ ကျ တယ်လို့တော့ တပ်အပ်ပြောလို့မရ ဘူး။ ဒေါ်လာအခြေအနေကိုပဲ စောင့်ကြည့်မှရမယ်''ဟု ဝါရင့်ရွှေ ကုန်သည်ဦးရွှေကြည်ကပြောသည်။ ရွှေဈေးကွက်အတွင်း ရွှေထည် ပစ္စည်းများကို ထုတ်ရောင်းသည့် သူဦးရေများလျက်ရှိကြောင်း၊ ဈေးနှုန်းများအကျဘက်သို့ဦးတည် လာသည်ဆိုသော်လည်း ဝယ်ယူ စုဆောင်းသူများအနေဖြင့် အဝယ် နည်းပြီး ဈေးနှုန်းကျဆင်းမှုကို ထပ်မံစောင့်ကြည့်လျက်ရှိကြောင်း ဈေးကွက

မြန်မာ-ဂျပန်ချစ်ကြည်ရေး ဇာတ်ကားတွင် မြန်မာအမျိုးသမီးတို့၏ ဝတ်စားဆင်ယင်ထုံးစံများ ပြသရဦးမယ့် သရုပ်ဆောင် အိချောပို

ဂျပန်နိုင်ငံမှ နာမည်ကြီးသရုပ် ဆောင် ဆန်နီချီးဘား မင်းသားကြီး နှင့်အတူ ဂျပန်နိုင်ငံမှ အနုပညာ ရှင်များ၊ မြန်မာနိုင်ငံမှ အကယ်ဒမီမို့မို့မြင့်အောင်၊ အိချောပိုနှင့် အနုပညာရှင်များ စွာပါဝင်သော မြန်မာ -ဂျပန် နှစ်နိုင်ငံချစ်ကြည်ရေး အမှတ် တရအဖြစ် ဂျပန်နိုင်ငံဘက် မှ ဇာတ်ကားတစ်ကားရိုက် ကူးသွားမည်ဟု သိရသည်။ အဆိုပါဇာတ်ကားကို ယခု လလယ်လောက်တွင် စတင် ရိုက်ကူးသွားရန်ရှိကြောင်း၊ ထိုဇာတ်ကားတွင်ပါဝင် ဖြစ်သူ သရုပ်ဆောင် အိချော ပိုနှင့်တွေ့ဆုံခိုက်သူ၏ အနုပညာ နှင့်ပတ်သက်သည်များကို မေးမြန်း ဖြစ်ခဲ့သည်။ အိချောအောင်မြင်ကျော်ကြား စူးရှထက်မြက် ရုပ်ရှင်ကားကြီးထဲ မှာပါဝင်ဖြစ်သွားတာက ညီမ ဒီကားကြီးထဲသရုပ် ဆောင်ဖြစ်သွားတာကတော့ ဇာတ် လမ်းလေးကလဲ ကောင်းတယ်။ပြီးတော့ ညီမတို့အနုပညာပျိုးခင်း က ညီအစ်မသုံးယောက်လဲ ဆုံ သွားတော့ ရိုက်ဖြစ်သွားတာပါ။ ဒီကားမှာ အိချောက ဆတ်ဆတ်ထိ မခံတတ်တဲ့ အမျိုးသမီးတစ်ယောက် နေရာက သရုပ်ဆောင်ထားပါ တယ်။ ဇာတ်ကားလေးက ပညာ ပေး၊ ဟာသဇာတ်ကားလေးတစ် ကားဆိုတော့ ပရိသတ်အတွက် ကြည့်ရကျိုးနပ်စေမယ်လို့ထင်ပါ တယ်။ ဒါရိုက်တာဦးညီကလဲ ဒီ ကားနဲ့ လိုက်ဖက်မယ့်သူတွေကို ရှာပြီး သူ့စိတ်ကြိုက်ရိုက်ကူးပုံဖော် ထားတယ်။ သရုပ်ဆောင်တွေက လ