Skip to main content

နိုင်ငံတကာစိန်ခေါ်ပွဲ ခြောက်ပွဲနိုင် တစ်ပွဲရှုံးဖြင့် မြန်မာ့လက်ဝှေ့အစွမ်းပြ



ရန်ကုန် နိုဝင်ဘာ ၂

မြန်မာ့ရိုးရာ လက်ဝှေ့ အားကစားကို ကမ္ဘာ့နိုင်ငံ အသီးသီးက သိရှိ လက်ခံ လာစေရန် ရည်ရွယ်၍ နိုင်ငံတကာ လက်ဝှေ့အကျော်အမော်များကို ဖိတ်ခေါ် ယှဉ်ပြိုင်ခဲ့သော နိုင်ငံတကာ မြန်မာ့ရိုးရာ လက်ဝှေ့စိန်ခေါ်ပွဲကို ယနေ့မွန်းလွဲ ၂ နာရီတွင် ရန်ကုန်မြို့ သိမ်ဖြူ အားကစားခန်းမ၌ ကျင်းပရာ နိုင်ငံတကာ စိန်ခေါ်ပွဲ ပွဲစဉ်ခုနစ်ပွဲ အနက် မြန်မာတို့ ခြောက်ပွဲတွင် အနိုင်ရ ခဲ့သည်။


ငွေကျပ်ငါးသောင်းမှ တစ်သောင်းခန့်အထိ ရုံဝင်လက်မှတ်ခ ပေးရသည့် အဆိုပါပွဲသည် ပွဲစတင်ချိန်တွင် ရုံပြည့်သည်အထိ ပရိသတ်များ ဝင်ရောက်လာခဲ့ရာ လာရောက် ကြည့်ရှုသူ လက်ဝှေ့အားကစားချစ် ပရိသတ် ၂ဝဝဝ ကျော် ရှိခဲ့သည်။


ပထမဦးစွာ သုံးချီ စိန်ခေါ်ပွဲများကို ကျင်းပရာ အဖြူရောင်သွေး သစ်ကလပ်မှ ရှိုင်းထက်အောင်နှင့် မန္တလေးကလပ်မှ စိန်လုံးချော၊ ဒို့ရိုးရာ ကလပ်မှ စောထူးအောင်နှင့်ရွှေဒေါန ကလပ်မှ ဒေါင်းဖြူလေးတို့မှာ လက်ရည်တူဖြင့်ပွဲချီပြည့် ပူးတွဲသရေ ကျခဲ့သည်။


အဖြူရောင်သွေးသစ်ကလပ်မှ စောဖြိုးဝေနှင့် ရွှေဒေါနကလပ်မှ နာဂစ်လေးတို့ သုံးချီစိန်ခေါ်ပွဲတွင်မူဒုတိယအချီ နှစ်မိနစ် သုံးစက္ကန့် အရောက် စောဖြိုးဝေ၏ခေါင်းတိုက်ချက်ကြောင့် နာဂစ်လေးရှုံးနိမ့်ခဲ့ရပြီး ဝါဆိုကလပ်မှ သားနဂါးမှာမူ ရွှေဒေါနကလပ်မှ သားသားဖိုးခွားကို လက်ရည်အသာဖြင့် ပထမအချီ ၁ မိနစ် ၁၁ စက္ကန့်တွင် အလဲထိုး အနိုင်ရရှိခဲ့သည်။


ဆက်လက်၍ နိုင်ငံတကာ ငါးချီ စိန်ခေါ်ပွဲကို ယှဉ်ပြိုင်ကြရာ ၅၇ ကီလိုတန်းတွင် မိဂသီကလပ်မှ မိုးဟိန်းက ဖိလစ်ပိုင် လက်ဝှေ့ကစားသမားဂျိုနယ်ကို ဒုတိယချီအရောက်တွင် ဂျိုနယ်၏ကန်ချက်ကို ပြန်လည်ခုခံကာကွယ်ရင်း ညာဒူးရိုက်ချက်ဖြင့် အနိုင်ဆုရယူနိုင်ခဲ့သည်။


၆၂ ကီလိုတန်းတွင် ၂ဝ၁၃ ခုနှစ် ဒဂုံရွှေအောင်လံဆုရှင် ရဲမြတ်အောင်နှင့် ဖိလစ်ပိုင်လက်ဝှေ့ကစားသမား ဘီယွန်ဒီတို့ယှဉ်ပြိုင်ကြရာ ဒုတိယ အချီ ၂၄ စက္ကန့်အရောက် ရဲမြတ် အောင်၏အနာခံ အနီးကပ်ခေါင်း တိုက်ချက်ဖြင့် ဘီယွန်ဒီကို အလဲထိုး အနိုင်ရရှိသွားသည်။


၆၅ ကီလိုတန်းတွင် ထော့မဲ့ပါကလပ်အသင်း အားကစားသမား စောအယ်လေးမှာ မွန်ဂိုလီးယားနိုင်ငံသား World Champion- ship ကြေးတံဆိပ်ဆုရှင် ဘတ်ဘာယာနှင့် အင်အားချင်းမမျှဘဲ ယှဉ်ပြိုင်ကစားရာ စောအယ်လေးမှာ သက်လုံကောင်းသော်လည်း ကမ္ဘာ့ ကြေးတံဆိပ်ဆုရှင်၏ အလဲထိုးပူးကပ် တိုက်ခိုက်မှုများအပေါ် ကြာရှည်စွာ မရှောင်တိမ်းနိုင်တော့ခြင်း၊ ကြေး ဆုရှင်၏ဝိုက်လက်သီးများကို ပြန်လည်ခုခံရန် ဖြောင့်လက်သီး ဝင်ရောက်မှု အားနည်းခြင်း၊ ခြေထောက်ကန်အား လက်သီးတွဲလုံး အသုံးပြုမှုတို့ကို ထိရောက်စွာ မယှဉ် ပြိုင်နိုင်ခြင်းနှင့် နိုင်ငံတကာအတွေ့ အကြုံနည်းပါးခြင်းတို့ကြောင့် စတုတ္ထ အချီ၏ ၂၉ စက္ကန့်တွင် တစ်ချက်ချင်း ကန်ချက်အားပျော့လာကာ ဘတ်ဘာယာ၏လက်သီးတွဲလုံးနှင့် ဘယ် ခြေပတ်ကန်မှုတွင် အရှုံးပေးခဲ့ရသည်။


၆၃ ကီလိုတန်းတွင်မှု အပူးအသတ်နှင့် အတိုက်အခိုက်တို့တွင် အသည်းမာမာ ဇွဲပါပါဖြင့် ကစားရင်း နာမည်ကျော်ကြားလာသူ ရွှေသောင်ရင်းကလပ်မှ ကျားပေါက်က မွန်ဂိုလီးယားနိုင်ငံသား ၂ဝ၁၃ World Champion- ship ကြေးတံဆိပ်ဆုရှင် ဂန်တိုတော့စ်ကို ပွဲကြည့်ပရိသတ်များ၏ ကြိုတင်ခန့်မှန်းချက်အတိုင်း နှစ်ချီ အပြီးနှင့် ခေါင်းနှင့်ဒူး အားပြင်းကန်ချက်များဖြင့် အလဲထိုး အနိုင်ရရှိခဲ့ပြီး ပရိသတ်အားပေးမှု ရရှိခဲ့သည်။


၆၅ ကီလိုတန်းတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်ရွှေတံဆိပ်ဆုနှင့် ဒဂုံအောင်လံငွေတံဆိပ်ဆုရှင် သပြေညိုနှင့် ထိုင်းနိုင်ငံ ၂ဝ၁၃ လက်ဝှေ့ ချန်ပီယံ နာရွန်ချိုင်တို့ ယှဉ်ပြိုင် ထိုးသတ်ရာ ပရိသတ်အကြိုက်တွေ့ ကာ အထူးအားပေးခဲ့သည်။ ပွဲစချိန် တွင် သပြေညို၏ လက်သီးချက်များကြောင့် ထိုင်းကစားသမား အထိနာခဲ့သော်လည်း ချန်ပီယံပီသစွာ ခြေထိုးဝိုက်တုံ့ပြန်မှုကို သပြေညိုက ဘယ်လက်ဖြင့် ကာကွယ်ခဲ့ပြီး ညာဝိုက်လက်သီးပြင်းပြင်း ပစ်သွင်းခဲ့ရာ ပထမအချီပွဲစပြီး ၂၈ စက္ကန့် အရောက် ထိုင်းကစားသမား အနားတောင်းယူခဲ့ရသည်။ ပြန်စသည့် ပထမအချီ တစ်မိနစ်နှင့် ၅၄ စက္ကန့်တွင် သပြေညို၏ အပူးအချုပ် ပင့်လက်သီး ထပ်ဆင့်ထိုးချက်များကြောင့် နာရွန်ချိုင်ကို အလဲထိုးအနိုင် ရရှိသွားသည်။


ဆက်လက်၍ (၂၇)ကြိမ်မြောက် အရှေ့တောင်အာရှ ဆီးဂိမ်းပြိုင်ပွဲဝင် မွေထိုင်းရွှေတံဆိပ်ဆုရှင်၊ ဒဂုံအောင်လံဆုရှင် တူးတူး(မြန်မာ)နှင့် မွေထိုင်းလက်ဝှေ့ချန်ပီယံဆုရှင် ဘရာဇီးနိုင်ငံမှ မားသီးယပ်စ်ရော်ဘင်တို့ ယှဉ်ပြိုင်ထိုးသတ်ကြရာ ပထမအချီတွင် လက်ရည်တူနေသဖြင့် ပရိသတ် များ အားမလိုအားမရဖြစ်ခဲ့ရသော်လည်း ဒုတိယအချီအရောက် မွေထိုင်း ချန်ပီယံ၏ ညာဖြောင့်လက်သီးက တူးတူး၏ ညာဘက်ချိုစောင်းကို ထိခဲ့ပြီး ပထမအချီ၌ ညာလက် ဒဏ်ရာရရှိကာ ပြီးဆုံးခဲ့သည်။


ဒုတိယအချီတွင် မွေထိုင်းကစား သမားကခြေထောက်နှင့် ဘယ်လက် အားကိုသုံးကာ ကန်ကွက်စိပ်စိပ်ဖြင့် တူးတူးကို တုံ့ပြန်ခဲ့သော်လည်း တတိယအချီ စစချင်းပင် ပင့်လက်သီးများဖြင့် မားသီးယက်စ်ကို အနိုင်ယူခဲ့သည်။


နောက်ဆုံးပွဲစဉ်အဖြစ် (၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ရွှေတံဆိပ်ဆုရှင် မြန်မာပြည်ချန်ပီယံ ထွန်းထွန်းမင်းနှင့် ၂ဝ၁၃ ခုနှစ် ကမ္ဘာ့ဝိတ်တန်းချန်ပီယံ ကနေဒါမှ မက်သရူးတို့ ယှဉ်ပြိုင် ထိုးသတ်ရာ မြန်မာ့လက်ဝှေ့ကို ဟန်ရေးကောင်းစွာ ပြတတ်သောမက်သရူးကို ပရိသတ်များ သြဘာပေး ခဲ့ကြပြီး ပရော်ဖက်ရှင်နယ်ပီသစွာ ကစားသွားခဲ့သော်လည်း ဇွဲသတ္တိနှင့် သက်လုံကောင်းသည့် မြန်မာက အနိုင်ရရှိခဲ့သည်။


''မက်သရူးရဲ့ ပတ်တံတောင်က အလွန်အင်အား ကောင်းပါတယ်။ ထွန်းထွန်းမင်း အတော်ခံလိုက်ရတယ်။ ပထမအချီမှာ ထွန်းထွန်းမင်းကို မက်သရူးက အသာစီးရနေတာဖြစ်ပါ တယ်။ ဒါပေမယ့်လည်း ကျွန်တော် တို့ မြန်မာလက်ဝှေ့သမားတွေရဲ့ အားသာချက်အတိုင်း သက်လုံကောင်း ခဲ့တယ်။ အနာခံလို့ ထိုးချက်တွေကို ခံပြီး မက်သရူးရဲ့ နောက်ပြန်ညာခြေကန်ချက်ပြင်းတွေကို မထိခိုက်အောင် ရှောင်နိုင်ခဲ့တယ်။ ဒုတိယအချီမှာ လည်း ထွန်းထွန်းမင်း အတင့်ရဲ မဝင် နိုင်ဘူး ဖြစ်နေတာတွေ့ရတယ်။ ဒါပေမယ့်လည်း မက်သရူးရဲ့ အားနည်းချက်က အထိမခံနိုင်တာကို သိလာတဲ့အခါ အပူးအသတ်တွေနဲ့ အဖြောင့်လက်သီးနှစ်ဆင့်ထိုးသုံးလို့ ဒုတိယအချီ ၁ မိနစ် ၁၄ စက္ကန့်မှာ မက်သရူးကို အလဲထိုးအနိုင်ယူခဲ့ပါ တယ်'' ဟု T& T လက်ဝှေ့ကလပ်မှ တာဝန်ရှိသူ ကိုဇေယျာက ပြောကြားသည်။


(မြန်မာ့အလင်း)

http://ift.tt/1nAnMka






from သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin http://ift.tt/1zqLwfN

Comments

Popular posts from this blog

(ဂရင်ဂျီနာ) ဖြစ်ပွားပါက ကုသနည်းနှင့် ကာကွယ်နည်းများ

ဂရင်ဂျီနာဟာ လိပ်ခေါင်းတစ်မျိုးဖြစ်ပြီး ကာလရှည်ကြာစွာ ဖြစ်တတ်တဲ့ ရောဂါတစ်မျိုး ဖြစ်ပါတယ်။ ဂရင်ဂျီအနာ ပေါက်ဟာ နီရဲတဲ့ သွေးလိုအရည်ကျတတ်တယ်။ ဆီးသွားတဲ့ အကြောနဲ့ယှဉ်တွဲနေလို့ ဆီးကျန်၊ ဆီးကျဉ်၊ဆီးပူခြင်းတို့ဖြစ်တတ်ပါတယ်။ စအိုပတ်လည်မှာ အဖုအပိမ့်များထွက်လာခြင်း၊ ယားယံခြင်း၊ ရောင်ခြင်း၊ နာကျင်ခြင်း၊ ကိုက်ခဲခြင်း၊ အနာနဲ့ အနာပေါက်လေးများ ထွက်ပေါ်လာရင် ဂရင်ဂျီနာ ဖြစ်လာ ပါတယ်။ ဂရင်ဂျီနာဖြစ်ခဲ့ရင် စအိုနှုတ်ခမ်း ဘေးပတ်လည်၊ ပေါင်၊ တင်ပါး၊ ဆီးခုံဝန်းကျင်မှာ ယားယံခြင်း၊ ရောင်ခြင်း၊ ဝမ်းချုပ်ခြင်း၊ ဆီးချုပ်ခြင်း၊ ဆီးနည်းခြင်းတွေ ဖြစ်တတ်တယ်။ လိင်အင်္ဂါဝန်းကျင် တစ်ဝိုက်မှ တင်ပါးအထိ ဖြစ်တတ်တယ်။ ဝမ်းချုပ်ခြင်း၊ အညောင်းထိုင်လွန်းခြင်း၊ အညှော်နံ့ခံရခြင်း၊ ရေချိုးမမှန်ခြင်း၊ တစ်ကိုယ်ရေ ကျန်းမာရေး မလိုက်စားသူတွေဟာ ဆီးခုံအစပ်မှာ အဖုငယ်များ ထွက်ပေါ်ကာ သွေးရည်ကြည်လို ကျနေတတ်သလို တချို့ကာလရှည်စွာ ပြည်ပုပ်များ ကျနေတတ်ပါတယ်။ ဂရင်ဂျီနာ၊ မြစ်ခြောက်နာက မြစ်စိုနာနဲ့ တွဲပြီး သားနံရေအနည်းငယ် သာကျကာ ချွေးပေါက်ပိတ်ဆို့ပြီး ကျစ်လျစ်မာကျောတဲ့ အမျှင်များနဲ့ ဖွဲ့စည်း ထားတတ်ပါတယ်။ အချိန်ကြာလာတာနဲ့အမျှ တစ်ဆင့်ပြီးတစ်ဆင့် အသားထဲ ထိုးဖေ

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က

TOP TEN of Miss Universe Myanmar 2014 Finalist

# TOP TEN of Miss Universe Myanmar 2014 Finalist # The 20 finalists of Miss Universe Myanmar 2014 are vying for the crown of Beauty Pageant, which will be held at the National Theater in Yangon on July 26. Here are MC's TOP TEN Selection ,,,, from Myanmar Celebrity: Gossip, News, Video, Photo, Fashion, Entertainment http://ift.tt/1q8GOM3