Skip to main content

Posts

Showing posts from December 9, 2014

စမတ်ဖုန်းဖြင့် တက္ကစီငှားသည့်လုပ်ငန်း တရားမ၀င်ဟု ထိုင်းကြေညာ

ဓာတ်ပုံ – ရိုက်တာ ထိုင်းနိုင်ငံမှာ အူဘား application နဲ့ စမတ်ဖုန်း တွေကနေ တက္ကစီငှားတဲ့ လုပ်ငန်းကို တရားမ၀င်ဘူးလို့ ဒီဇင်ဘာ ၉ ရက်နေ့က ထိုင်းကုန်းလမ်း ပို့ဆောင်ရေး ၀န်ကြီးဌာနက ကြေညာပါတယ်။ အဲ့ဒီ အူဘား app နဲ့ တက္ကစီငှားတဲ့ လုပ်ငန်းကို အိန္ဒိယနိုင်ငံမှာ ပိတ်ပင်ခဲ့တဲ့ တရက်မှာပဲ ထိုင်းနိုင်ငံကလည်း ပိတ်ပင်လိုက်တာပါ။ အူဘား app ကိုသုံးပြီး တက္ကစီငှားစီးခဲ့တဲ့ အိန္ဒိယ စာရင်းကိုင်အမျိုးသမီးတဦးတဦး နယူးဒေလီမြို့မှာ ဒီဇင်ဘာ ၅ ရက်နေ့ညက တက္ကစီယာဉ်မောင်းရဲ့ အဓမ္မပြုကျင့်ခံခဲ့ရတာပါ။ ထိုင်းနိုင်ငံ ကုန်းလမ်းသယ်ယူပို့ဆောင်ရေးဝန်ကြီး ညွှန်ကြားရေးမှူးချုပ်က အူဘား app ကို သုံးပြီး တရားဝင်မှတ်ပုံတင်တဲ့ယာဉ်ရော၊ မတင်တဲ့ယာဉ်တွေပါ အငှားယာဉ်လုပ်ငန်းကို လုပ်နေကြတယ်။ အငှားယာဉ်အဖြစ် မှတ်ပုံမတင်ထားတဲ့ ကိုယ်ပိုင်ယာဉ်တွေနဲ့ စီးပွားလုပ်ရင် တရားဥပဒေချိုးဖောက်တာဖြစ်လို့ ပိတ်ပင်ရမယ်လို့ ပြောဆိုပါတယ်။ ထိုင်းနိုင်ငံရဲ့ အူဘား၊ GrabTaxi နဲ့ EasyTaxi ကုမ္ပဏီက တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးအပြီး ထိုင်းကုန်းလမ်းပို့ဆောင်ရေး၊ ညွှန်ကြားရေးမှူးချုပ်က အခုလို ထုတ်ဖော်ပြောဆိုတာလည်း ဖြစ်ပါတယ်။ အငှားယာဉ်မေ

ရည်းစားစာပေးသည်ကို လက်မခံသော ကျောင်းသူအား ရှစ်တန်းကျောင်းသားက ဓားဖြင့်ထိုး

ရည်းစားစာပေးသည်ကို လက်မခံ သောကြောင့် ရှစ်တန်း ကျောင်းသားက ကျောင်းသူကို ဓားဖြင့် ထိုးသည့် အမှု တစ်ခု ဒီဇင်ဘာ (၈) ရက်နေ့က လှိုင်သာယာ မြို့နယ်၊ (၁၇) ရပ်ကွက်၊ အမှတ်(၃) အခြေခံ ပညာ အထက်တန်းကျောင်းတွင် ဖြစ်ပွား ခဲ့ကြောင်း လှိုင်သာယာမြို့မ ရဲစခန်းမှ သိရသည်။ ကလေးကို ရဲစခန်းကို ခေါ်ထား ပါတယ်။ ဖြစ်စဉ် ကတော့ မနေ့က (၁၂) နာရီ (၁၅) မိနစ်လောက်မှာ ကျောင်းတက်ရင်း ကနေ ကျောင်းခန်း ထဲမှာ ၀င်ပြီး တော့မှ ဓားနဲ့ ၀င်ထိုးခဲ့တာ ဟု လှိုင်သာယာ မြို့မ ရဲစခန်းမှ တာဝန်ကျ ရဲဝန်ထမ်း တစ်ဦးက ပြောသည်။ အဆိုပါ ကျောင်းသားမှာ ဓားဖြင့် အထိုးခံရသော ကျောင်းသူကို ဒီဇင်ဘာလ (၅) ရက်နေ့က စာလိုက်ပေးရာ ကျောင်းသူက လက်မခံဘဲ ပါးရိုက် ခဲ့သည်ကို မကျေနပ် သောကြောင့် ယခု ကဲ့သို့ ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး အရိုးအသွား ကိုးလက်မ ရှိသော ဓားမြှောင်ဖြင့် ကျောင်းသူ၏ ရင်ဘတ်၊ ၀မ်းဗိုက်နှင့် နောက်ကျောတို့ကို လေးချက် ထိုးခဲ့ခြင်း ဖြစ်ကြောင်း ၎င်းက ပြောသည်။ ဓားဖြင့် အထိုးခံရသော ကျောင်းသူမှာ အင်းစိန် ဆေးရုံတွင် အတွင်းလူနာအဖြစ် ဆေးကုသမှု ခံယူနေ ရပြီး ဓားဖြင့် ထိုးသော ကျောင်းသားကို ပုဒ်မ (၃၂၆) ဖြင့် အမှုဖွင့် ထားကြောင်း လှိုင်သာယာ မြို့မ ရဲစခန်းမှ သိရသည်။ Messenger New

မလေးရှားက မြန်မာလူသတ်မှုများ ဖော်ထုတ်နိုင်တော့မည်

မလေးရှားနိုင်ငံ၊ ပီနန်မြို့မှာ နောက်ဆုံး ဖြစ်ပွားခဲ့တဲ့ မြန်မာတစ်ဦး အသတ်ခံရတဲ့ အမှုဟာ မကြာခင်က ဖမ်းဆီးမိ ခဲ့တဲ့ ၁၇ ဦးပါဂိုဏ်းနဲ့ ပတ်သက်နေတယ်လို့ ယုံကြည်ရကြောင်း မလေးရှား ရဲတပ်ဖွဲ့ က ပြောပါတယ်။ ပြီးခဲ့တဲ့ တနင်္လာနေ့က ပီနန်မြို့၊ မက်ထရိုပိုလီတန် ပန်းခြံထဲက ဘုရားကျောင်း တစ်ကျောင်း အနီးမှာ အသတ်ခံ ထားရတဲ့ မြန်မာနိုင်ငံသားလို့ ယူဆရသူ အသက်၃ဝ ဝန်းကျင်အမျိုးသား တစ်ဦးရဲ့အလောင်းကို တွေ့ရှိခဲ့ရပါတယ်။ စုံစမ်းစစ်ဆေးချက်တွေအရ အဲ့ဒီလူသတ်မှုဟာလည်း အရင်တွေ့ရှိခဲ့ရတဲ့ အမှု ၁၈ မှုလိုပဲ လက်စားချေ သတ်ဖြတ်တဲ့အမှုဖြစ်တယ်လို့ယုံကြည်ရကြောင်း၊ ဆက်လက် စုံစမ်းသွားမှာဖြစ်ကြောင်း ပီနန်ရဲချုပ်က သတင်းထောက်တွေကိုပြောပါတယ်။ ပီနန်မြို့မှာ ပြီးခဲ့တဲ့ ဧပြီလကစပြီး ဖြစ်ပွားခဲ့တဲ့ မြန်မာနိုင်ငံသားတွေ အသတ်ခံရမှု ၁၈ မှုထဲက လူသတ်မှု ၁၃ ခုကို ကျူးလွန်ခဲ့ကြတယ်လို့ယူဆရတဲ့ မြန်မာနိုင်ငံသား ၁၇ ဦးကို မလေးရှားရဲ့ ပြီးခဲ့တဲ့သီတင်းပတ်က ဖမ်းဆီးမိခဲ့ပါတယ်။ အဲ့ဒီထဲမှာ ဒီလူသတ်မှုတွေကို ကြိုးကိုင်စီစဉ်သူလို့ ယူဆရသူတစ်ဦးပါဝင်တယ်လို့လည်း ယူဆထားပါတယ်။ စုံစမ်းတွေ့ရှိချက်တွေအရ အဲ့ဒီလူသတ်မှုတွေဟာ မြန်မာနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ ဘာသာရေး၊ လူမျိုးရေး ပ

ခိုးဝင် မြန်မာအလုပ်သမားကား တိမ်းမှောက် ၁ ဦးသေ၊ ၃၀ ဒဏ်ရာရ

ဓာတ်ပုံ – thairath.co.th ထိုင်းနိုင်ငံတောင်ပိုင်း ချွန်းဖွန်းခရိုင်ထဲမှာ တရားမ၀င် ၀င်ရောက်လာတဲ့ မြန်မာ အလုပ်သမားတွေကို သယ်ဆောင်လာတဲ့ ကား ၃ စီးထဲက ၁ စီး တိမ်းမှောက်ခဲ့တဲ့အတွက် လူ ၁ ဦး သေဆုံးပြီး အယောက် ၃၀ ဒဏ်ရာရသွားတယ်လို့ ထိုင်းရတ်သတင်းမှာ ဖော်ပြ သွားပါတယ်။ ဒီဇင်ဘာ ၁၀ ရက် မနက် ၂ နာရီအချိန် သတင်းပေးပို့ချက်အရ ထာ့ချဲ့မြို့နယ် ရဲစခန်းတာဝန်ရှိသူတွေက ကယ်ဆယ်ရေးယာဉ်တွေနဲ့ သွားရောက်စစ်ဆေးရာ ထာ့ချဲ့မြို့နယ် ဘန့်နမ့်ယဉ် ကျေးရွာအုပ်စု ဖစ်ကဆဲမ်လမ်းကွေ့တခုမှာ ယာဉ်မတော်တဆထိခိုက်မှုကြောင့် သေဆုံး ဒဏ်ရာရသူတွေကို တွေ့ရှိခဲ့တယ်လို့ တာဝန်ရှိရဲဝန်ထမ်းတွေက သတင်းထောက်တွေကို ပြောပါတယ်။ ဖြစ်ပွားပုံမှာ အခင်းဖြစ်တဲ့ မနက်က တရားမ၀င်အလုပ်သမားတွေ တင်ဆောင်လာတဲ့ ကား ၃ စီးဟာ ဖစ်ကဆဲမ်လမ်းမကြီးပေါ်ကနေ ထာ့ချဲ့မြို့ကို ဦးတည်လာနေပြီး လမ်းခုလပ်မှာ ထိုင်းစစ်တပ်စစ်ဆေးရေးကားနဲ့ တိုးမိလို့ ယာဉ်မောင်းသူက ထိတ်လန့်ပြီး မော်တော်ကားကို အရှိန်မြှင့် မောင်းပြေးရာကနေ အကွေ့တခုမှာ တိမ်းမှောက်သွားတယ်လို့ ဆိုပါတယ်။ နောက်ကလိုက်လာတဲ့ယာဉ်ကို ရှေ့က ပိတ်ထားလိုက်သလိုဖြစ်ပြီး တတိယကားကတော့ ထွက်ပြေးလွတ်မြောက်သွားတယ်လို့ တာဝန်ရှိ ရဲဝန်ထမ်းက ပြောပ

မြန်မာနှစ်ဦး နောက်အမှုချိန်း နှစ်လစောနေကြောင်း ထိုင်းသတင်းစာဖော်ပြ

ထိုင်းနိုင်ငံ ခိုထောင်းကျွန်း လူသတ်မှုနဲ့ တရားစွဲဆိုခံနေရသူ မြန်မာရွှေ့ပြောင်း အလုပ်သမား လူငယ်နှစ်ဦးရဲ့ အမှုကို စစ်ဆေးနေတဲ့ ကော့စမွီခရိုင် တရားရုံးက နောက်တစ်ကြိမ် ရုံးချိန်းအဖြစ် ဒီဇင်ဘာ ၂၆ ရက်နေ့ကို ချိန်းဆိုလိုက်တာဟာ ရှေ့ကိုနှစ်လစောပြီး သတ်မှတ်လိုက်တာဖြစ်ကြောင်း ထိုင်းနိုင်ငံထုတ် နေးရှင်းသတင်းစာက ဖော်ပြပါတယ်။ မူလသတ်မှတ်ထားတဲ့ ရုံးချိန်းက ၂ဝ၁၅ ခုနှစ်ဖေဖော်ဝါရီလ ၂၅ ရက်နေ့ဖြစ်တယ်လို့ ဆိုပါတယ်။ ပထမရုံးချိန်းမှာ မြန်မာလူငယ်နှစ်ဦးအပေါ် စွဲဆိုထားတဲ့ လူသတ်မှု၊ မုဒိမ်းမှု အပါအဝင် စွဲချက် ၆ ခုနဲ့ ပတ်သက်ပြီး မေးမြန်းတဲ့အခါ၊ လူငယ် နှစ်ဦးက ပြစ်မှုအားလုံးမကျူးလွန်ခဲ့ကြောင်း ထွက်ဆိုခဲ့ကြပါတယ်။အဲ့ဒီလို ထွက်ဆိုအပြီး၊ နောက်တစ်ကြိမ် ရုံးချိန်းအဖြစ် ဒီဇင်ဘာ ၂၆ ရက်နေ့ကို တရားရုံးက သတ်မှတ်လိုက်တာဖြစ်ကြောင်း နေးရှင်းသတင်းစာက ဖော်ပြပါတယ်။ လူငယ်နှစ်ဦးအတွက် လိုက်ပါဆောင်ရွက်ပေးနေတဲ့ ထိုင်းရှေ့များအဖွဲ့ခေါင်းဆောင်က နဂိုကမှ သူတို့အတွက် သက်သေလိုက်ထွက်ဆိုပေးဖို့ စိုးရိမ်ကြောက်လန့်သူတွေ များပြားနေရတဲ့အထဲ၊ နောက်တစ်ကြိမ် သတ်မှတ်လိုက်တဲ့ ရုံးချိန်းက သိပ်ပြီးနီးကပ်လွန်းနေတဲ့အတွက် လိုအပ်တဲ့ သက်သေတွေ ခေါ်ယူစုဆောင်းဖို့ အချ

အကြမ်းဖက် စစ်သွေးကြွများနှင့် ပူးပေါင်းခဲ့သည့် သြစတြေးလျ နိုင်ငံသား ၂၀ ဦး တိုက်ခိုက်မှုများ အတွင်းသေဆုံး

သြစတြေးလျ အစိုးရ ရှေ့နေချုပ် ဂျော့ဘရန်းဒစ်စ် ကန်ဘာရာ ၊ ၁၀-၁၂-၂၀၁၄ ဆီးရီးယားနှင့် အီရတ်နိုင်ငံ အတွင်းရှိ အကြမ်းဖက် စစ်သွေးကြွ များနှင့် ပူးပေါင်းခဲ့သည့် သြစတြေးလျ နိုင်ငံသားဦးရေ ၂ဝ သည် တိုက်ခိုက်မှုများ အတွင်း သေဆုံးသွား ခဲ့ကြောင်း သြစတြေးလျ အစိုးရက ယမန်နေ့တွင် ပြောကြား ခဲ့သည်။ အဆိုပါ သြစတြေးလျ နိုင်ငံသား များသည် ISIS စစ်သွေးကြွ များ အပါအဝင် အခြား လက်နက်ကိုင် အကြမ်းဖက် အဖွဲ့များတွင် ပါဝင် တိုက်ခိုက် ခဲ့ကြပြီး အစိုးရတပ် များနှင့် ဖြစ်ပွားသည့် တိုက်ပွဲများ အတွင်း သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း၊ ယင်းသို့ သေဆုံးသူ ဦးရေသည် မကြာသေးမီ သီတင်းပတ်များ အတွင်း မြင့်တက် လာခဲ့ကြောင်း သြစတြေးလျ အစိုးရ ရှေ့နေချုပ် ဂျော့ဘရန်းဒစ်စ် (ပုံ) က ပြောကြားခဲ့သည်။ ဆီးရီးယားနှင့် အီရတ်နိုင်ငံ အတွင်းရှိ အကြမ်းဖက် အဖွဲ့သို့ ဝင်ရောက်ခဲ့သည့် သြစတြေးလျ နိုင်ငံသား ဦးရေမှာ ၉ဝ ကျော်ခန့်ရှိကြောင်း၊ အဆိုပါ စစ်သွေးကြွ များသည် အနောက်နိုင်ငံ များမှ ပြည်သူများကို ၄င်းတို့ အဖွဲ့များ အတွင်းသို့ ဝင်ရောက်လာရန် သွေးဆောင်ဖြား ယောင်းလျက် ရှိကြောင်း သိရသည်။ ထို့ကြောင့် ယခုအခါ သြစတြေးလျ နိုင်ငံသားများ အနေဖြင့် ဆီးရီးယားနိုင်ငံ အတွင်းရှိ

အယ်လ်ကေဒါများ ပြန်ပေးဆွဲခံခဲ့ရသည့် ကမ္ဘာ့နောက်ဆုံးဓားစာခံ ပြန်လွတ်

ပြန်ပေးဆွဲခံခဲ့ရသည့် ပြင်သစ်လူမျိုး ဆာဂီ လာဇာရေ ဗစ်ခ် ၂၀၁၁ ခုနှစ်က အယ်လ်ကေဒါတွေရဲ့ မြောက်အာဖရိက စစ်တပ်က ပြန်ပေးဆွဲတာ ခံရပြီး မလွတ်မြောက် သေးတဲ့ ကမ္ဘာ့နောက်ဆုံး ဓားစာခံဟာ ခုတော့ ပြန်လွတ်လာပြီလို့ ပြင်သစ်သမ္မတ ဖရန့်ဆွာ ဟောလန်ဒီက ပြီးခဲ့တဲ့ ဒီဇင်ဘာ ၉ ရက်နေ့က ပြောဆိုလိုက်ပါတယ်။ နိုဝင်ဘာလက SITE စောင့်ကြည့်ရေး ဝန်ဆောင်မှု အဖွဲ့ဆီက ရတဲ့ ဆာဂီ လာဇာရေ ဗစ်ခ်ရဲ့ ရုပ်သံတွေကတော့ သူလွတ်မြောက်ရေးအတွက် ပြင်သစ်သမ္မတကို အသနားခံနေပုံနဲ့ ကျန်းမာရေး မကောင်းတာကို ညည်းညူ နေပုံတွေကို ပြသထားပါတယ်။ လာဇာရေဗစ်ကို ဆာဟာရဒေသမှာ လှုပ်ရှားနေတဲ့ အယ်လ်ကေဒါဂိုဏ်းခွဲ အာချင်မ်အုပ်စုက မာလီနိုင်ငံမြောက်ပိုင်းကနေ ပြန်ပေးဆွဲခဲ့အပြီး ၃ နှစ်နီးပါး ကြာအောင် ထိန်းသိမ်းထားခဲ့တာပါ။ ပြင်သစ်သမ္မတကတော့ လာဇာရေဗစ်ဟာ နိုင်ဂျာနိုင်ငံမြို့တော် နီယာမေကို ဦးတည်နေပြီး အဲဒီကနေ ပါရီကို ပြန်လာမယ်လို့ ပြောခဲ့ပါတယ်။ By ဒီဗွီဘီ http://ift.tt/1qsx1oI from သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin http://ift.tt/1qsRyJS

အဖျားရောဂါနဲ့ ဓာတ်စာ

ကိုယ်အပူချိန် ၃၇ ဒီဂရီ စင်တီဂရိတ် သို့မဟုတ် ၉၈ ဒသမ ၆ ဒီဂရီ ဖာရင်ဟိုက်ထက် ပိုရင် အဖျားတက်ခြင်းလို့ သတ်မှတ်ပါတယ်။ အဖျားတက်ခြင်းဟာ နေထိုင် မကောင်းခြင်းရဲ့ လက္ခဏာ ဖြစ်ပြီး ခန္ဓာကိုယ်မှာ ရောဂါပိုး တစ်ခုခု ဝင်နေရင် အဲဒီ ရောဂါပိုးက သွေးဖြူဥထဲက ဖျားစေတဲ့ ပစ္စည်းတချို့ ထွက်လာအောင် လှုံ့ဆော် စေတယ်။ သာမန် အအေးမိလို့ ဖျားရင် နှစ်ရက်ကနေ လေးရက်ပဲ ကြာပေမဲ့ ရေကျောက် ပေါက်ရင်တော့ ၁ဝ ရက်ကနေ ရက် ၂ဝ လောက် ကြာတတ်တယ်။ ဖျားနာချိန် ဖျားနာချိန်မှာ အနားယူဖို့ လိုပါတယ်။ ယပ်ခတ်ခြင်း၊ ရေဖတ်တိုက်ခြင်း၊ ပါးလွှာတဲ့ ချည်သား အိပ်ရာခင်းမှာ အိပ်စက်ခြင်း၊ လေအေးစက် တပ်ထားတဲ့ အခန်းထဲ ဝင်ရောက် နေထိုင်ခြင်းတို့ ပြုလုပ် နိုင်ပါတယ်။ အဖျားဆေးများ တစ်နှစ်အောက် ကလေးတွေကို အက်စပရင် မတိုက်ရပါဘူး။ ပါရာစီတမောကို တိုက်နိုင်ပါတယ်။ အိုင်ဗျူ ဟိုဗင်က ကလေးအတွက် သင့်လျော်တယ်။ အဖျားတက်ရတဲ့ အကြောင်းအရင်းကို ရှာဖို့ လိုပါတယ်။ စားသင့်တဲ့ အစားအစာ တုပ်ကွေးနဲ့ အအေးမိခြင်းဟာ ဗိုင်းရပ်စ်ကြောင့် ဖြစ်တာပါ။ ဒါကြောင့် အစားအသောက် ပျက်တယ်။ တစ်ခုပြီး တစ်ခု စားချင်စိတ် ရှိလာမယ် ဆိုရင် အဖျား သက်သာလာလို့ ပါပဲ။ အစားအစာမှာ သစ်သီး၊ ဟင်းသီးဟင်း ရွက်နဲ့ ဖျော်ရည်က အကော

Peptic Ulcer Diagnosis လေနာရောဂါကို ဆေးစစ်ခြင်း

အစာအိမ်-လေနာဆိုရင် ဘယ်လိုမျိုး စစ်ဆေးချက်တွေပြုလုပ်ရင် သိနိုင်သလဲကိုပါ။ ဒါမှမဟုတ် ရောဂါက မှန်းဆရတဲ့ အရာမျိုးလား။ စစ်ဆေးရင် အကောင်းဆုံးက ဘယ်လိုစစ်ရမလဲ ဆိုတာတွေကိုပါ ရှင်းပြပေးပါဦး။ ပဌမ ဆရာဝန်က ရောဂါ-ရာဇဝင်ကို သေသေခြာခြာ မေးမယ်။ ဖြစ်နိုင်တဲ့ အလာအလာရှိသူ ဟုတ်-မဟုတ်၊ ဖြစ်တာ ဘယ်လောက် ကြာနေပြီလဲ၊ ဘယ်လောက် နာသလဲ၊ ကိုယ်အလေးချိန် လျှော့သလား၊ ဘာဆေးတွေ သောက်နေခဲ့သလဲ၊ NSAIDs ခေါ် အကိုက်-အနာ-အဖျားပျောက် ဆေးတွေက ဖြစ်စေနိုင်တယ်။ အရက်-ဆေးလိပ်၊ မိသားစုထဲ အဲလို ဖြစ်သူ ရှိသလား၊ အန်သလား၊ ဘယ်အချိန်မှာ နာတာလဲ။ လူပင်ပန်း-စိတ်ပင်ပန်းလား။ အစာကို အချိန်မှန် စားသလား။ နောက် စမ်းသပ်မှု လုပ်မယ်။ ဗိုက်၊ ရင်ပတ်၊ လိုအပ်ရင် စအို (သွေးယိုသူ)၊ နာတာရှည် လေနာသမားတချို့က အန်တတ်တယ်။ အစာ အောက်ဆင်းတာ နှေးလို့ အစာအိမ်ထဲမှာ စားတဲ့အစာတွေ တော်တော်နဲ့ အောက်မဆင်းဘူး။ အဲလို လူတွေရဲ့ ဗိုက်ကို လှုတ်ကြည့်ရင် ရေထည့်တဲ့ သားရေအိမ်ကို လှုတ်ကြည့်သလို အသံမျိုး ကြားတယ်။ ရောဂါကို သေခြာဘို့ စစ်နည်း ၁-၂ ခု ထပ်လိုတယ်။ (၁) Upper gastrointestinal (GI) series လည်းခေါ်သလို Barium meal x-ray ရိုက်တာ လုပ်ရတယ်။ ဆေးမျိုခိုင်းပြီး ဓါတ်မှန်တွေ တချပ်ပြီး တချပ်

Fatty Liver Disease (FLD) အသည်းအဆီဖုံးခြင်း

• ဆရာရှင့် သမီးညာဘက်နံရိုးအောက်ဝမ်းဗိုက်ကနာပါတယ်။ ဖြစ်တာ ၄နှစ်လောက်ရှိပါပြီ နာလိုက် ပျောက်လိုက် ဖြစ်တတ်ပါတယ်။ ၂ဝ၁၄ မှာ နာတာစိပ်လာသလို ညာဘက်စောင်းအိပ်လည်း နာပါတယ်။ ဆေးခန်းပြကြည့်တော့ အသည်းအဆီဖုံးတယ်လို့ ပြောပါတယ်။ သောက်ဆေးကတော့ URSA-S ဆေးကို တနေ့ ၁ လုံး သောက်ဖို့ ပြောပါတယ်။ ဆေးစွဲသောက်ဖို့လိုပါသလားဆရာ။ အသည်းကင်ဆာ ဖြစ်မှာလည်းကြောက်ပါတယ်ဆရာ။ လိုအပ်သည်များကို ပြည့်စုံစွာ ဖြေကြားပေးစေချင်ပါတယ်။ • ကျွန်တော်အသက်က ၂၅ နှစ်ပါဆရာ။ ကျွန်တော်ကို အသည်း ဆီဖုံးချင်နေတယ်လို့ ပြောပါတယ်ဆရာ၊ • ကျွန်တော်ဘယ်လို့ ကုသနိုင်ပါသလဲဆရာ၊ အသည်းဆီမဖုံးအောင် ဘယ်လို နေထိုင်၊ ပြုမှူ၊ စားသောက်၊ လေ့ကျင့်ရပါသလဲဆရာ။ • အခု ကျနော်အသက် (၆၉) နှစ်ပါဆရာ။ အစားအသောက်မပျက်ပါ။ Ultrasound ရိုက်တော့ အသည်း အဆီဖုံးတယ်လို့ ပြောပါတယ်ဆရာ။ သောက်ဆေးလေးများညွှန်ပေးပါဆရာ။ အသည်းနဲ့ အရက် ဆက်နေတာလူတိုင်းသိကြပါတယ်။ ခက်တာကသိပေမဲ့ မဆင်ခြင်နိုင်ကြဘူး။ အရက်ဖြတ်စာ ရေးမှာ မဟုတ်ပါ။ အရက်မသောက်ဘဲလဲ အသည်းမှာရောဂါဖြစ်နိုင်တာ ရေးပါရစေ။ FLD အသည်းအဆီဖုံးရောဂါသည် အရေအတွက်ဟာ လူအားလုံးပေါင်းရဲ့ ၁ဝ-၂၄% ရှိတယ်။ အဝလွန်သူတွေထဲမှာ ၇၅% က ဒီလို ဖြစ်နေမယ်။ အရက်မသောက်သူတွေ

သင့်ကျန်းမာရေး (ဦးနှောက်နဲ့ မှတ်ဉာဏ်)

နေပြည်တော် ဒီဇင်ဘာ ၉ မနက်စာ မစားခြင်းဟာ ဦးနှောက် ညံ့ဖျင်းစေတဲ့ အချက်တစ်ခု ဖြစ်တယ်။ မနက်စာ မရှိရင် သွေးကြောထဲမှာ သကြားဓာတ် နိမ့်ကျပြီး ဦးနှောက်အတွက် လုံလောက်တဲ့ အာဟာရ မရှိဘဲ ဦးနှောက်ရဲ့ စွမ်းရည်ကို ကျဆင်း စေပါတယ်။ လိုတာထက် ပိုစားသောက် ပြန်ရင်လည်း ဦးနှောက်ထဲကို သွားတဲ့ သွေးလွှတ်ကြောတွေ တင်းမာစေတဲ့ အတွက် ဦးနှောက်ရဲ့ မှတ်မိနိုင်စွမ်း၊ အသုံးပြု နိုင်စွမ်းနဲ့ သိမ်းဆည်းနိုင်စွမ်း တွေကို ကျစေပြန်ပါတယ်။ ဆေးလိပ်သောက်ခြင်းဟာ နီကိုတင်းဓာတ်က စိတ်ကို စွဲလမ်းစေသလို ဦးနှောက်ကို ကျုံ့စေပြီး အယ်ဇိုင်းမားရော ဂါခေါ် လူ့မှတ်ဉာဏ်နဲ့ စဉ်းစား ဆင်ခြင် နိုင်စွမ်းတွေကို ကျဆင်း စေပါတယ်။ အချိုဓာတ် လွန်ကဲစွာ စားသုံးရင် ခန္ဓာကိုယ်အတွက် အသုံးပြုတဲ့ ပရိုတိန်းနဲ့ အစာရေ စုပ်ယူနေမှုကို အဟန့်အတား ဖြစ်စေပြီး အာဟာရ ချို့တဲ့ကာ ဦးနှောက် ဖွံ့ဖြိုးမှုကို အနှောင့်အယှက် ဖြစ်စေပါတယ်။ လေထု ညစ်ညမ်းခြင်းဟာ သွေးကြောက တစ်ဆင့် ဦးနှောက်ထဲကို အောက်ဆီဂျင် ရောက်ရှိမှု လျော့နည်းစေလို့ ညစ်ညမ်းတဲ့ လေရှူမိလေလေ ဦးနှောက်ရဲ့ စွမ်းဆောင်ရည် ကျဆင်းလေလေ ဖြစ်တတ်ပါတယ်။ အိပ်ချိန်မှာခေါင်းကို ဖုံးအုပ်ထားရင် ရှူထုတ်လိုက်တဲ့ ကာဗွန်ဒိုင်အောက် ဆိုက် စုစည်းမှု လျော

ငှက်ဖျားရောဂါကြောင့်သေသူ တဝက်လျော့ကျ

ခြင်ထောင်နဲ့ အိပ်တာဟာ ငှက်ဖျားကို ကာကွယ်ရာရောက် ကမ္ဘာကျန်းမာရေး အဖွဲ့ကြီး WHO က ငှက်ဖျားရောဂါ တိုက်ဖျက်ရေးမှာ ကမ္ဘာတဝန်း ကြိုးပမ်း ဆောင်ရွက်မှုတွေ ကြောင့် ငှက်ဖျားနဲ့ သေဆုံးရတဲ့ လူအရေ အတွက် တဝက် ကျဆင်းသွား ခဲ့တာဟာ ကြီးမားတဲ့ အောက်မြင်မှု တခုလို့ ဖေါ်ပြခဲ့ပါတယ်။ အာဖရိကတိုက် ဆာဟာရ သဲကန္တရ တောင်ပိုင်းမှာ ၂၀ဝ၁ ခုကနေ ၂၀၁၃ အတွင်း ၅ နှစ်အောက် ကလေးငယ် ၃ ဒသမ ၉ သန်းအပါအဝင် လူဉီးရေ ၄ ဒသမ ၃ သန်းဟာ သေဘေးက လွတ်ခဲ့ကြတယ်လို့ ဆိုပါတယ်။ တနှစ်ထက်တနှစ် ငှက်ဖျားရောဂါဘေးကနေ လွတ်အောင် ကာကွယ်နိုင်တဲ့ လူတွေ ပိုပိုပြီးများလာနေတယ်လို့ WHOက ပြောပါတယ်။ ငှက်ဖျားဟာ ခြင်ကိုက်လို့ ဖြစ်ရတဲ့ ရောဂါဖြစ်ပါတယ်။ ၂၀ဝ၄ ခုမှာ ခြင်ထောင် အသုံးပြုနိုင်တဲ့ လူ ၃ ရာခိုင်နှုန်းရှိခဲ့ပေမယ့် အခု ၅၀ ရာခိုင်နှုန်း ခြင်ထောင်သုံးလာနိုင်ကြပြီ ဖြစ်ပါတယ်။ ထို့အတူပဲ ငှက်ဖျားပိုးရှိမရှိ ရောဂါရှာဖွေမှုတွေ ပိုလုပ်လာနိုင်ခဲ့သလို ဆေးဝါးတွေလည်း အခုအခါ ပိုရလာနိုင်ကြပြီ ဖြစ်ပါတယ်။ ဒါကြောင့် ငှက်ဖျားရောဂါကို အမြစ်ပြတ်နှိမ်နင်းနိုင်မယ့် နိုင်ငံတွေလည်း တဖြေးဖြေး ပိုများလာနေပြီလို့ ဆိုပါတယ်။ ၂၀၁၃ ခုနှစ်က အဇာဘိုင်ဂျန်နဲ့ သီရိလင်္က࿿ာ ၂ နိုင်ငံမှာ ငှက်ဖျားရောဂါ အသစ်ြ

ISIS အကြမ်းဖက်အဖွဲ့ သို့ ပူးပေါင်းခဲ့သည့် ကနေဒါနိုင်ငံသား က အမိနိုင်ငံအတွင်း အကြမ်းဖက် တိုက်ခိုက်မှုများ ပြုလုပ်ရန် တိုက်တွန်း

ကနေဒါနိုင်ငံသား အဘူအန်ဝါ အယ်လ်ကာနာဒီ အမည်ခံ ဂျွန်မက်ကွိုင်းယား ဘေရွတ် ၊ ၁၀-၁၂-၂၀၁၄ ISIS အကြမ်းဖက် အဖွဲ့သို့ မကြာသေးမီက ပူးပေါင်းခဲ့သည့် ကနေဒါ နိုင်ငံသား အကြမ်းဖက်သမား တစ်ဦးသည် ၄င်း၏ အမိနိုင်ငံ အတွင်းရှိ ပြည်သူများကို နိုင်ငံအတွင်း အကြမ်းဖက် မှုများကို လုပ်ဆောင်ရန် တိုက်တွန်း ခဲ့ကြောင်း သိရသည်။ ဂျွန်မက်ကွိုင်းယား (ပုံ) အမည်ရှိ အဆိုပါ စစ်သွေးကြွ သည် ၂ဝ၁၃ ခုနှစ်တွင် စစ်သွေးကြွ အဖွဲ့ အတွင်းသို့ ဝင်ရောက်ခဲ့ခြင်း ဖြစ်ပြီး ကနေဒါနိုင်ငံ အတွင်း အကြမ်းဖက် တိုက်ခိုက်မှုများကို လုပ်ဆောင်ကြရန် ဒီဇင်ဘာ ၇ ရက်က ထုတ်ဖော်ပြသ ခဲ့သည့် ၆ မိနစ်ကြာ ဗီဒီယိုပြကွက် အတွင်း တောင်းဆိုခဲ့ခြင်း ဖြစ်သည်။ ကနေဒါနိုင်ငံ သည် အမေရိကန် ဦးဆောင်သည့် ညွန့်ပေါင်းအဖွဲ့တွင် ပါဝင်၍ အီရတ်နှင့် ဆီးရီးယား နိုင်ငံအတွင်းရှိ စစ်သွေးကြွ များ၏ ပစ်မှတ်များ အပေါ် လေကြောင်းမှ တိုက်ခိုက် ရာတွင်ပူးပေါင်း ပါဝင်ခဲ့ခြင်း ကြောင့် လက်တုံ့ပြန်သည့် အနေဖြင့် ယင်းနိုင်ငံ အတွင်း၌ တိုက်ခိုက်မှု များကို လုပ်ဆောင်ရန် အစွန်းရောက် များကို တိုက်တွန်း နှိုးဆော်ခဲ့သည်။ အသက် ၂၃ နှစ်ရှိ အဘူအန်ဝါ အယ်လ်ကာနာဒီ အမည်ခံ ဂျွန်မက်ကွိုင်းယား သည် ကနေဒါနိုင်ငံ တွင်း၌ အောက်

ကော်သူးလေတပ်မတော်(KAF)တံဆိပ် DKBA စတင် အသုံးပြုတော့မည်

ဒီဇင်ဘာ ၉ရက်၊ ၂၀၁၄ခုနှစ်။ ကော်သူးလေတပ်မတော်(Kaw Thoo Lei Armed Forces-KAF) ရင်ဘတ်တံဆိပ်ကို ဒီမိုကရေစီအကျိုးပြု ကရင်အမျိုးသား တပ်မတော်(DKBA)အနေဖြင့် မကြာမီကာလအတွင်း စတင်အသုံးပြုမည်ဟု DKBA စစ်ဦးစီးမှူး ဒုတိယတန်း ဗိုလ်မှူးထွန်းထွန်းက ကေအိုင်စီသို့ ယနေ့ ပြောဆိုလိုက်သည်။ ဗိုလ်မှူးထွန်းထွန်းက “ကျနော်တို့ ရင်ဘတ်တံဆိပ်နှစ်ခုမှ တစ်ခုကို အရင်တုန်းက (DKBA Army)နေရာမှာ (Kaw Thoo Lei Armed forces)ကို အစားထိုးမှာပဲ။ လောလောဆယ် ဘက်တံဆိပ် ဒီဇိုင်းနဲ့ နမူနာ မှာလိုက်တဲ့ဟာလောက်ပဲ ရှိသေးတယ်”ဟု ဆိုသည်။ KAF စတင်ဖွဲ့စည်းခဲ့ချိန်က လုပ်ငန်းစဉ်အရ ယခုကဲ့သို့ ရင်ဘတ်တံဆိပ်ကို တပ်ဆင်အသုံးပြုသွားခြင်းဖြစ်ပြီး KAF ခေါင်းစဉ် အောက်တွင် ရပ်တည်သွားမည်ဖြစ်သော်လည်း နဂိုမူလ DKBA နာမည်မှာ လုံးဝပျောက်ကွယ်သွားခြင်း မဟုတ်ကြောင်းလည်း ဗိုလ်မှူးစောထွန်းထွန်းက ဆက်ပြောသည်။ ကရင်အမျိုးသားလက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့များဖြစ်ကြသည့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၊ ကရင်အမျိုးသားကာကွယ်ရေးတပ်မတော်(KNDO)၊ ဒီမိုကရေစီအကျိုးပြု ကရင်အမျိုးသားတပ်မတော်(DKBA)၊ ကရင်ငြိမ်းချမ်း ရေးကောင်စီ(KNU/KNLA-PC)တို့က KAF အဖြစ် ပြန်လည်ပေါင်းစည်းလိုက်ြေ