ISIS အကြမ်းဖက်အဖွဲ့ သို့ ပူးပေါင်းခဲ့သည့် ကနေဒါနိုင်ငံသား က အမိနိုင်ငံအတွင်း အကြမ်းဖက် တိုက်ခိုက်မှုများ ပြုလုပ်ရန် တိုက်တွန်း
ကနေဒါနိုင်ငံသား အဘူအန်ဝါ အယ်လ်ကာနာဒီ အမည်ခံ ဂျွန်မက်ကွိုင်းယား |
ဘေရွတ် ၊ ၁၀-၁၂-၂၀၁၄
ISIS အကြမ်းဖက် အဖွဲ့သို့ မကြာသေးမီက ပူးပေါင်းခဲ့သည့် ကနေဒါ နိုင်ငံသား အကြမ်းဖက်သမား တစ်ဦးသည် ၄င်း၏ အမိနိုင်ငံ အတွင်းရှိ ပြည်သူများကို နိုင်ငံအတွင်း အကြမ်းဖက် မှုများကို လုပ်ဆောင်ရန် တိုက်တွန်း ခဲ့ကြောင်း သိရသည်။
ဂျွန်မက်ကွိုင်းယား (ပုံ) အမည်ရှိ အဆိုပါ စစ်သွေးကြွ သည် ၂ဝ၁၃ ခုနှစ်တွင် စစ်သွေးကြွ အဖွဲ့ အတွင်းသို့ ဝင်ရောက်ခဲ့ခြင်း ဖြစ်ပြီး ကနေဒါနိုင်ငံ အတွင်း အကြမ်းဖက် တိုက်ခိုက်မှုများကို လုပ်ဆောင်ကြရန် ဒီဇင်ဘာ ၇ ရက်က ထုတ်ဖော်ပြသ ခဲ့သည့် ၆ မိနစ်ကြာ ဗီဒီယိုပြကွက် အတွင်း တောင်းဆိုခဲ့ခြင်း ဖြစ်သည်။
ကနေဒါနိုင်ငံ သည် အမေရိကန် ဦးဆောင်သည့် ညွန့်ပေါင်းအဖွဲ့တွင် ပါဝင်၍ အီရတ်နှင့် ဆီးရီးယား နိုင်ငံအတွင်းရှိ စစ်သွေးကြွ များ၏ ပစ်မှတ်များ အပေါ် လေကြောင်းမှ တိုက်ခိုက် ရာတွင်ပူးပေါင်း ပါဝင်ခဲ့ခြင်း ကြောင့် လက်တုံ့ပြန်သည့် အနေဖြင့် ယင်းနိုင်ငံ အတွင်း၌ တိုက်ခိုက်မှု များကို လုပ်ဆောင်ရန် အစွန်းရောက် များကို တိုက်တွန်း နှိုးဆော်ခဲ့သည်။
အသက် ၂၃ နှစ်ရှိ အဘူအန်ဝါ အယ်လ်ကာနာဒီ အမည်ခံ ဂျွန်မက်ကွိုင်းယား သည် ကနေဒါနိုင်ငံ တွင်း၌ အောက်တိုဘာလ အတွင်းက ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုများကို နမူနာယူ၍ အကြမ်းဖက် တိုက်ခိုက်မှု များကို လုပ်ဆောင်ကြရန် နိုင်ငံအတွင်းရှိ ဘာသာရေး အစွန်းရောက် များကို တောင်းဆိုခဲ့သည်။
အဆိုပါ ဗီဒီယိုပြကွက်နှင့် စပ်လျဉ်း၍ ကနေဒါ အစိုးရက တစ်စုံတစ်ရာ ထုတ်ပြန် ထားခြင်း မရှိသောလည်း အီဂျစ်နိုင်ငံ ၊ ကိုင်ရိုမြို့ရှိ သံရုံးကိုမူ လုံခြုံရေး အခြေအနေ အရ ဒီဇင်ဘာ ၈ ရက်က ပိတ်ထားလိုက်ပြီ ဖြစ်ကြောင်း သိရသည်။
#PyiChitThar
http://ift.tt/1351YVS
from သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin http://ift.tt/1351YVU
Comments
Post a Comment